အခန်း (၅၆၅-၅၆၆)
Vol. 43 Ch. 565-566
အပိုင်း ၅၆၅ - ကစားပွဲ
"မိုးကြိုးတမန်တော် ချောင်၊ ကျုပ် ဘာကူညီပေးရမလဲ"
ယွမ်ရှောင်သည် တည်ငြိမ်စွာဖြင့် အရှေ့မှ အမျိုးသမီးကို ကြည့်လိုက်သည်။ သူမသည် စစ်မင်းသမီးကဲ့သို့ပင် ဆွဲဆောင်အားပြင်းပြင်း အလှတရားကို ပိုင်ဆိုင်ထားသော်လည်း ပိုမိုရင့်ကျက်သော အလှတရားများ ဖြာထွက်နေ၏။ သူမက ကျောက်တံခါးကို ဘုန်းခနဲ မြည်အောင် ပိတ်လိုက်ပြီး ဆွဲဆောင်မှုရှိသော မျက်လုံးများနှင့် နားရွက်အစုံတွင် ရစ်ခွေနေသော မြွေနှစ်ကောင်သည် သူ့ကို ညှို့ငင်နိုင်သော အကြည့်မျိုးဖြင့် နက်ရှိုင်းစွာ စိုက်ကြည့်နေသည်။ ထို့နောက် ရှေ့တိုးလာကာ သွယ်လျသော ခြေတံများဖြင့် ကျက်သရေရှိစွာ လှမ်းလာရင်း အနီးသို့ရောက်လာပြီး မျက်နှာချင်း ထိလုမတတ် အကွာအဝေးအထိ ရောက်လာသောအခါ မြွေနှစ်ကောင် လျှာတစ်လစ်ထုတ်ရာမှ ထွက်ပေါ်လာသော ရနံ့ပြင်းပြင်းက သူ့ကို ကျီစားနေပုံရသည်။ ကြီးမားသော ဖိအားအောက်တွင် သူက နံရံနှင့် ကျောကပ်သွားသည်အထိ တဖြည်းဖြည်း ဆုတ်ခွာပေးခဲ့သည်။
သူမက သူ့ကို နံရံတွင် ကပ်ထားသဖြင့် ခန္ဓာကိုယ်များမှာ ရင်ချင်းအပ်နေစဉ် မျက်စိတစ်ဖက်မှိတ်ပြကာ ရမ္မက်ဆန်သော အကြည့်ဖြင့် တိတ်တိတ်နေရန် အချက်ပြလာသည်။
"မင်းရဲ့လက်ကို ပေး"
ယွမ်ရှောင် မတုံ့ပြန်နိုင်ခင်မှာပင် သူမက လက်ကို လျင်မြန်စွာ ဖမ်းဆုပ်၍ အဝတ်အစားများအောက်သို့ ထည့်သွင်းလိုက်သောအခါ ဖွံ့ထွား လုံးဝန်းကျစ်လစ်နေသော အရာတစ်ခု၏ အိစက်သော အထိအတွေ့ကို ခံစားလိုက်ရပြီး လုံးဝ အငိုက်မိသွားသဖြင့် မျက်လုံးများ ပြူးကျယ်ကာ စိတ်ဗလာကျင်းသွားခဲ့သည်။
"သဘောကျလား"
ချောင်ရူက ပိုးသားကဲ့သို့ နူးညံ့သောအသံဖြင့် မေးလိုက်ပြီး မျက်လုံးများမှာ ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်။
"သဘောကျတာပေါ့။ လုံးဝ သဘောကျတယ်"
လနီက ယွမ်ရှောင်၏ အသံကို တုပကာ ကိုယ်စားဖြေပေးနေစဉ် လက်ကို လျင်မြန်စွာ ရုတ်လိုက်ရသည်။ သူ ထွက်ပြေးရန် ကြိုးစားသော်လည်း သူမ၏ ခန္ဓာကိုယ်မှ ခရမ်းရောင် မိုးကြိုး မြွေတစ်ကောင် ထွက်လာကာ ပတ်ပတ်လည်တွင် ပိုက်ကွန်ပမာ ရစ်ပတ်၍ တားမြစ်လိုက်ပြီး လျှပ်စစ်ဓာတ်ကြောင့် ထိလိုက်မိရုံဖြင့် အရေပြား လောင်ကျွမ်းသွားပေလိမ့်မည်။
"ဒီနေရာမှာ ငါက ဘုရင်မပဲ"
သူမ၏ လက်တစ်ဖက်က ယွမ်ရှောင်၏ လည်ပင်းကို ရစ်သိုင်းကာ ခြေထောက်တစ်ဖက်ဖြင့် ခါးကို ချိတ်လိုက်သောကြောင့် အဝတ်အစားများသာ မရှိလျှင် ခန္ဓာကိုယ်ချင်း ရင်းနှီးသွားပေလိမ့်မည်။
"မိုးကြိုး တမန်တော် ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပါ"
ယွမ်ရှောင်က သတိပေးလိုက်၍ မျက်နှာသာပေးခံရသော အိမ်မွေးတိရစ္ဆာန်တစ်ကောင်ပမမာ ဆက်ဆံခံနေရသဖြင့် ဒေါသထွက်လာ၏။
"ငါ့ကို ဘာလို့ မိုးကြိုးတမန်တော်လို့ ခေါ်တာလဲ။ မင်းရဲ့ အဒေါ် ဖြစ်နေပြီလေ"
"အဲဒါဆို ပိုတောင် မသင့်တော်ဘူး။ ကောင်းကင်ရုံးတော် ရဲ့ ကျင့်ဝတ်တွေကို လိုက်နာသင့်တယ်”
သူမက ခွန်းတုံ့ပြန်ပြီး လက်ချောင်းများမှာ သူ၏ ခန္ဓာကိုယ်အနှံ့ ပွတ်သပ်နေသည်။
"ကျင့်ဝတ်တွေက သောက်ရေးမပါဘူး။ အခုအချိန်မှာတော့ မင်းကို ဝါးစားပစ်ချင်တယ်၊ ချစ်စရာ ယုန်ပေါက်လေး"
ယွမ်ရှောင်သည် ဤမျှ ပွင့်လင်းလွန်းသော မိန်းမမျိုး တစ်ခါမျှ မကြုံဖူးချေ။
" ခင်ဗျား အတင်းအကျပ် လုပ်မယ်ဆိုရင် သစ်တုံးတစ်တုံးကလွဲပြီး ဘာမှ ရမှာမဟုတ်ဘူး။ ဘာသာယာမှုရှိမှာလဲ"
ထိုတုံ့ပြန်မှုကြောင့် သူမ၏ စိတ်အခြေအနေလည်း အေးစက်သွားပြီး လှပသော မျက်နှာမှာ ရေခဲတုံးဖြစ်သွား မြွေနှစ်ကောင်က သူ၏မျက်လုံးများထံ ပေါက်ချကာနီးပင်။
"မိုးကြိုးဌာနက ယောက်ျားတိုင်း ငါနဲ့ ဒီလိုအချိန်လေး ရဖို့ အိပ်မက်မက်ကြတာချည်းပဲ။ ငါက မင်းကို ကိုယ်တိုင် ပေးနေတာတောင် မင်းက စိတ်မဝင်စားဘူးလား။ လုယောင်၊ မင်းက သိပ်ပြီး ယောက်ျားမပီသဘူး ထင်တယ်။ မာနကြီးပြီး အစွမ်းအစ မရှိဘူး"
ယောကျ်ားဖြစ်ကြောင်း သက်သေပြရန် ရိုးရှင်းသော်လည်း ဆွဲဆောင်မှုအောက်တွင် အရှုံးပေးပြီး သူမ၏ ကစားစရာတော့ အဖြစ်မခံနိုင်ချေ။
"ပျင်းစရာကောင်းလိုက်တာ"
သူက ဆက်တိုက် ခုခံနေသဖြင့် သူမ၏ ရမ္မက်ဆန္ဒများ လျင်မြန်စွာ ပျောက်ကွယ်သွားကာ အပေါ်မှ ခွာလိုက်ပြီး ဖရိုဖရဲဖြစ်နေသော ဝတ်ရုံကို သပ်ရပ်အောင် လုပ်ကာ ဆံပင်များကို ခါယမ်းပြီး ထွက်သွားရန် လှည့်လိုက်သည်။
ယွမ်ရှောင်က ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"ဒီနေ့ကို ငါ မှတ်ထားတယ်"
"မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ၊ အားနည်းတဲ့ကောင်"
ချောင်ရူက အထင်သေးစွာ နောက်ပြန်လှည့်ကြည့်ရင်း လှောင်ပြောင်သည်။
"အကြွေးကို အတိုးနဲ့ ပြန်ဆပ်ပေးမှာပေါ့"
လုပ်ရပ်မပါဝင်သော ခြိမ်းခြောက်မှုများက အသုံးမဝင်သဖြင့် သူ တိတ်ဆိတ်သွားသော်လည်း ဤရန်ကြွေးကိုမူ သိမ်းဆည်းထားလိုက်၏။
မိုးကြိုးသံတမန် ချောင်က သူ့ကို နောက်ဆုံးတစ်ချက် ကြည့်လာသည်။
"ကောင်းပြီလေ၊ မင်း လက်စားချေတာကို ငါ စောင့်နေမယ်။ ဒါပေမယ့် ငါ စိတ်ပျက်အောင်တော့ မလုပ်နဲ့နော်။ မိုးကြိုးဌာန ရဲ့ ရွေးချယ်ပွဲကနေ အသက်ရှင်ကျန်ရစ်ခဲ့ရင်ပေါ့။ မင်းကြောင့် မိုးကြိုးသခင် ပိုဟုန်က အပြစ်တင်ခံလိုက်ရတယ်။ အခု သူ့ရဲ့ တပည့်တွေက လာမယ့် အချီတွေမှာ လက်စားချေဖို့ ကြံစည်နေကြတယ်"
"ဘယ်လောက်များလဲ"
ယွမ်ရှောင်က မေးလိုက်သည်။
"မိုးကြိုးဌာနထဲက မဟာကောင်းကင်ကျောင်းတော်ရဲ့ ပါရမီရှင် ၂,၀၀၀ လောက်က ပိုဟုန် ရဲ့ တပည့်တွေချည်းပဲ"
သူမက ပြုံးလျက်သား ပြန်ဖြေသည်။
"ကောင်းတာပေါ့၊ ငါ့ဒေါသတွေကို ဖြေဖျောက်ဖို့ အခွင့်အရေးပဲ"
"မင်းက လွယ်ကူတဲ့လမ်းကို ငြင်းပယ်ပြီး လက်စားချေဖို့ကိုပဲ အတင်းကြိုးစားနေတာလား။ ဦးနှောက်က တကယ်ကို တစ်ခုခု ဖြစ်နေပြီ"
"ခင်ဗျား ကြောက်နေတာလား"
" မင်းကို ငါ စောင့်နေပါ့မယ် ခိ ခိ"
သူမက ရယ်ရယ်မောမောနှင့် လှည့်ထွက်သွားသော်လည်း တံခါးကို တစ်ချက်တည်း ကန်လိုက်ရုံဖြင့် အမှုန့် ဖြစ်သွားစေခဲ့သောကြောင့် ဒေါသတကြီး ဖြစ်နေပုံရ၏။
"အခြေအနေက စိတ်ဝင်စားစရာ ကောင်းလာပြီ"
လနီက ဝမ်းမြောက်စွာ ပြောလိုက်သကဲ့သို့ ကြယ်ပြာမှာ ရယ်မောနေခဲ့သည်။
"ဒီပြဿနာကြောင့် အခု ဘယ်သူမှ နောက်ဆုတ်လို့ မရတော့ဘူး"
ယွမ်ရှောင်ကမူ ခပ်တိုးတိုး ကျိန်ဆဲပြီး ဘဝင်ရူးများကြောင့် ခေါင်းယမ်းကာ ကျင့်ကြံရန် ထိုင်ချလိုက်သည်။
ကောင်းကင်ပျံသန်းခြင်း မြို့တော်ရှိ အမှောင်ခန်းတစ်ခုတွင် လျူချောင်သည် အခန်းတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာကာ တံခါးပေါက်မှ ဝင်လာသော အလင်းရောင်အောက်၌ သံချပ်ကာဝတ်ဆင်ထားပြီး တည်ငြိမ်လေးနက်၍ ထင်ရှားသော ရုပ်ရည်သွင်ပြင်ရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်ကို မြင်နိုင်၏။
"အဖေ"
လျူချောင်က အလျင်စလို ဝင်လာကာ စိတ်လှုပ်ရှားမှုနှင့် အံ့သြမှုတို့ ရောယှက်လျက် ရေရွတ်ကာ တံခါးကို ပိတ်လိုက်သည်။
"သတင်းစကား ခုလေးတင် ရခဲ့တယ်။ မူအာ ပြောတာက လုယောင် ဟာ နွေရာသီ မိုးကြိုးမြို့စား ရဲ့ မွေးစားသား ဖြစ်သွားပြီတဲ့။ တကယ်ကို..."
"ငါ သိပြီးပြီ"
လျူကျိုးယွီ က စကားဖြတ်ပြောလိုက်သည်။
"အဖေ သိပြီးသားလား။ ဒါက အံ့သြစရာပဲ။ သူ ဒီလောက်အထိ အောင်မြင်နိုင်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးမိခဲ့ဘူး။ သူက တကယ်ပဲ ကောင်းကင်ပျံသန်းခြင်း မြို့တော် အတွက် ဂုဏ်ယူစရာ လုပ်ပေးနိုင်ခဲ့တာပဲ"
လျူကျိုးယွီ က တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ မင်းကို လာတွေ့ခိုင်းတဲ့ အကြောင်းရင်းက လုယောင် အကြောင်း ဆွေးနွေးဖို့ မဟုတ်ဘူး"
"ကျေးဇူးပြုပြီး ပြောပါ၊ အဖေ။"
"မင်း အခု အသက် ၆၀ ရှိပြီ မဟုတ်လား"
"ခြောက်ဆယ့်နှစ်နှစ်ပါ"
"အသက် ၆၂ နှစ်နဲ့ ဒီလို ရာထူးတစ်ခုကို ရထားတာက အောင်မြင်မှုတစ်ခုပါပဲ။ ကောင်းကင်ပျံသန်းခြင်း မြို့တော်မှာဆိုရင် ငါ မင်းအရွယ်တုန်းကထက်တောင် ပိုပြီးကောင်းနေသေးတယ်။ ဒါပေမယ့် မိုးကြိုးဌာနမှာတော့ လိုအပ်ချက် ရှိနေသေးတယ်"
"မှန်ပါတယ်။ အဖေ၊ ကျွန်တော် အဆင့်တက်ဖို့ ကြိုးစားနေတာပါ၊ နီးစပ်နေပြီလို့ ယုံကြည်တယ်"
လျူချောင်က မျှော်လင့်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်သော်လည်း လျူကျိုးယွီမှာ သက်ပြင်းချနေသည်။
"မင်း ညီမရဲ့ စိတ်နေသဘောထားက လမ်းစဉ်နဲ့ မသင့်တော်ဘူး။ ငါသာ နောက်တက်မယ့် မြို့စား ဖြစ်လာပြီး အဆင့် ၅ ကို ရာထူးတိုးမယ်ဆိုရင် မင်း အဆင့် ၆ ရောက်ဖို့ အပြည့်အဝ ထောက်ခံပေးမယ်"
"အဖေ၊ ဒါက စောလွန်းနေပြီ မဟုတ်လား။ ဘာဖြစ်ဖြစ် ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်နဲ့ အသက်အရွယ်က လိုအပ်ချက် ရှိနေနိုင်သေးတယ်"
လျူချောင်က လေးနက်စွာ အကြံပြုသည်။
"တခြားလူကို ယာယီ တာဝန်ယူခိုင်းတာက အန္တရာယ်များတယ်။ သူတို့က နေရာအခိုင်အမာ ရသွားပြီး ငါ တစ်ခုခု ဖြစ်သွားခဲ့ရင် မင်းကို ရာထူးပြန်လွှဲပေးပါ့မလား။ မရေမတွက်နိုင်တဲ့ သာဓကတွေ ရှိဖူးတယ်။ တိုက်ရိုက် လွှဲပြောင်းပေးတာက ပိုကောင်းတယ်"
"ဒါပေမယ့် ကျွန်တော် ဘယ်လိုလုပ်ရမှာလဲ။ ကောင်းကင်ရုံးတော် ရဲ့ ရာထူးတွေက မျိုးရိုးလိုက် ပေးတာ မဟုတ်လို့ အများပြည်သူ လေးစားမှုမရှိရင် ပြဿနာတွေ ဖြစ်လာနိုင်ပြီး အဖေ့ကိုတောင် ထိခိုက်စေနိုင်တယ်"
"မင်း အခု မရနိုင်ဘူးဆိုရင် အချိန်တိုအတွင်း ရအောင် လုပ်စမ်း။ မင်းရဲ့ စွမ်းဆောင်ရည်က တခြား အဆင့် ၆ အရာရှိ တွေနဲ့ ညီနေမယ်ဆိုရင် အသက်ငယ်တာက တကယ်တော့ အားသာချက်တစ်ခု ဖြစ်လာနိုင်တယ်"
"ဒါပေမဲ့ ကျွန်တော်က အဲဒီအဆင့်ကို မရောက်သေးဘူးလေ။ အလှမ်းဝေးလွန်းနေတယ်"
လျူချောင်က ကန့်ကွက်သည်။
" အမြန်ဆုံး အဆင့်မီလာအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းတစ်ခုကို ငါ သိပါတယ်"
လျူကျိုးယွီက ရုတ်တရက် အသိပေးလာ၍ လျူချောင် အံ့အားသင့်သွား၏။
" ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ဒါကို လျှို့ဝှက်ထားရမယ်။ ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမှ မပြောပြနဲ့"
"ဟုတ်ကဲ့။ ကျေးဇူးပြုပြီး ပြောပါ"
လျူချောင်က လေးနက်စွာ ခေါင်းညိတ်ပြသည်။
"အဆင့် ၆ ကောင်းကင်အရာရှိ တစ်ယောက် ဖြစ်လာဖို့ဆိုရင် မင်းလည်း ဒီကစားပွဲမှာ ပါရလိမ့်မယ်"
"ဘယ်လို ကစားပွဲမျိုးလဲ"
သူက စိတ်အားထက်သန်စွာ မေးလိုက်သော်လည်း တိုက်ရိုက်အဖြေ မရဘဲ ညွှန်ကြားချက်သာ ကြားလိုက်ရလေသည်။
"ပစ္စည်းတွေ သိမ်းထားလိုက်။ ညကျရင် ဒီကစားပွဲက ဘာလဲဆိုတာကို ကိုယ်တိုင် မြင်ရအောင် သေမျိုးကမ္ဘာ တစ်ခုဆီ မင်းကို ငါ ခေါ်သွားမယ်"
အပိုင်း ၅၆၆ - မိုးကြိုးဓားသိုင်း နှလုံးကြေကွဲသံစဉ်
" အင်မော်တယ် ကျောက်စိမ်း ငါးသောင်း"
၎င်းက နည်းပါးသော ပမာဏ မဟုတ်ပေ။ ဆန်ဂျူမြို့ သတ္တုတွင်းမှ အင်မော်တယ် ကျောက်စိမ်းများမှာ မပြုပြင်ရသေးသော သတ္တုရိုင်းများသာ ဖြစ်သော်လည်း လနီ၏ စွမ်းဆောင်ရည်ကောင်းမွန်သော အစာအိမ်ကြောင့် ပြဿနာတစ်ခုတော့ မဟုတ်ခဲ့ပေ။ သို့သော် ထိုသတ္တုတွင်းကို တူးဖော်လျှင်တောင်မှ အင်မော်တယ် ကျောက်စိမ်း ၅,၀၀၀ ထွက်နိုင် မထွက်နိုင်ဆိုသည်မှာ မသေချာချေ။ ကျောက်တန်မင် နှင့် ချန်ယုတို့ နှစ်ဦးပေါင်း ပိုင်ဆိုင်မှုများပင် အင်မော်တယ် ကျောက်စိမ်း ၇,၀၀၀ ခန့်သာ ရှိသည်။ ဤပမာဏသည် ယွမ်ရှောင် အား အဆင့်နှစ်ဆင့် ချိုးဖျက်ရန် လုံလောက်၏။
"ရှေ့ဆက်ဖို့ သုံးရောင်ခြယ်ဆေးလုံး အများကြီး ထပ်လိုသေးတယ်။ မူလဓာတ်လုံးတွေ အဖြစ် ပြောင်းလဲဖို့လည်း ဖယ်ထားရဦးမယ်"
မည်သို့ပင်ဆိုစေကာမူ ဤအင်မော်တယ် ကျောက်စိမ်းများသည် ယွမ်ရှောင်၏ လက်ငင်း ပြဿနာများကို ဖြေလျှော့ပေးရန် လုံလောက်ပေသည်။ သားရဲလေးသည် ၎င်းတို့ကို သုံးရောင်ခြယ် ဆေးလုံး အဖြစ်လည်းကောင်း၊ မူလဓာတ်လုံးများအဖြစ်လည်းကောင်း ပြောင်းလဲကာ ထုတ်လုပ်ပေးခဲ့သည်။ ညအချိန် ရောက်ရှိလာလျှင် ရွေးချယ်ပွဲ ဒုတိယအချီ စတင်တော့မည် ဖြစ်ရာ သူက အခွင့်အရေးကို ဆုပ်ကိုင်ပြီး မူလဓာတ်လုံးများကို ဝိညာဉ်ဖြင့် စုပ်ယူလိုက်ကာ ဆေးလုံးများကို နေကိုးစင်း ဒန်တန်အတွင်း ဝါးမျိုစေကာ ရှေးဟောင်း ဟင်းလင်းပြင် ကျင့်စဉ် ကို အသုံးပြု၍ ချီစက်ဝန်း၏ စွမ်းအားကို မြှင့်တင်ခဲ့၏။
"ငါ အဆင့်နှစ်ဆင့် တက်ပြီး အနှစ်သာရ နယ်ပယ် ပြည့်စုံခြင်း အဆင့် ကို ရောက်သွားပြီ"
ယွမ်ရှောင်က မှတ်ချက်ချလိုက်ပြီး ဆင့်ခေါ်လိုက်သော မူလဝိညာဉ်သည် ပိုမို အားကောင်းလာပေလိမ့်မည်။ သူ့အတွက် တစ်ကြိမ်တည်းနှင့် အဆင့်ငယ်နှစ်ဆင့် တက်လှမ်းခြင်းမှာ ပုံမှန်သာဖြစ်ပြီး နှေးကွေးသည်ဟုပင် ယူဆနိုင်၍ ကံကောင်းစွာဖြင့် သားရဲလေးက အင်မော်တယ် ကျောက်စိမ်း ၅၀,၀၀၀ ကို အပြည့်အဝ မချေဖျက်ရသေးသဖြင့် တာအိုနှလုံးသား အမီလိုက်နိုင်သမျှ အတ္တနတ်ဘုရား နယ်ပယ်သို့ တက်ရန် ပြဿနာ ရှိမည်မဟုတ်ချေ။
"ပတ်ဝန်းကျင်မှာ အစွမ်းထက်ပုဂ္ဂိုလ်တွေ ရှိနေတဲ့အတွက် တုန်ဖန်ယုံ ရဲ့ ဖန်ဆင်းရှင် မျိုးစေ့ကို ငါ မယူနိုင်ခဲ့တာ နှမြောစရာပဲ။ အခု ငါ အလိုအပ်ဆုံးက ဝိညာဉ် ဂုဏ်သတ္တိပါတဲ့မျိုးစေ့ပဲ။ အခုထိ အဲဒီ စစ်ဧကရာဇ် လုဖန် ကလွဲရင် တခြား ဝိညာဉ်မျိုးစေ့ ပိုင်ရှင် ဘယ်သူနဲ့မှ ငါ မဆုံဖူးသေးဘူး"
မိုးကြိုးဌာနသည် ဖန်ဆင်းရှင် မျိုးစေ့များ ပြည့်နှက်နေသော ရတနာသိုက်ကြီး တစ်ခု ဖြစ်ကာ အရင်းအမြစ် ထောက်ပံ့ပေးမည့် မွေးစားမိခင် တစ်ယောက် ရရှိလာခြင်းကလည်း ကျေနပ်ဖွယ်ကောင်း၍ သတ်ဖြတ်လုယက်နေရသည်ထက် များစွာ ပို၍ထိရောက်သည် မဟုတ်ပါလော။ ဥပဒေများနှင့် စည်းမျဉ်းများအောက်တွင် လူသတ်ပြီးနောက် အပြစ်များကို ရှောင်လွှဲရန် အားကောင်းသော နောက်ခံ ရှာဖွေနိုင်မှသာ အာဏာကို အမှန်တကယ် ချုပ်ကိုင်နိုင်ပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကောင်းကင်ရုံးတော်သည် အဆင့်အတန်းကို အခြေခံသော လူ့အဖွဲ့အစည်း တစ်ခုဖြစ်ကာ သူထင်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။
သေမျိုးများသည် အင်မော်တယ် များနှင့်ပတ်သက်၍ စိတ်ကူးယဉ်ဆန်သော အချက်များကို တွေးထားသော်လည်း လူ့သဘာဝအရ ကျင့်ကြံခြင်း မြင့်မားလေလေ အရင်းအမြစ်များအတွက် စစ်တလင်း တစ်ခုဖြစ်လေလေပင်။ အင်မော်တယ်များက ပိုမို ကြမ်းတမ်းရက်စက်သော တိုက်ခိုက်ရေးသမားများ ဖြစ်ကာ သေမျိုးတစ်ယောက်၏ လမ်းစဉ်နှင့်ပတ်သက်သမျှ ထင်ယောင်ထင်မှားအချက်များကို ယွမ်ရှောင် စွန့်လွှတ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
အင်မော်တယ် ကျောက်စိမ်း ၅၀,၀၀၀ အပြင် ယွမ်ရှောင်သည် ကူစုဝမ် ပေးထားသော သိုလှောင်အိတ်မှ အခြား အရာနှစ်ခုကို ထုတ်ယူလိုက်ကာ ခရမ်းရောင် ဓားအသွင် အဆောင်တစ်ခုနှင့် အပြာရောင် အဆောင်တစ်ခု ဖြစ်ကြပြီး လျှပ်စစ်ဓာတ်များ ပြည့်နှက်နေ၍ သေမျိုးများအတွက် အသက်အန္တရာယ် ရှိရုံသာမက ယင်နှင့် ယန် နယ်ပယ် ကျင့်ကြံသူများပင် ထိတွေ့မိပါက ပြာဖြစ်သွားပေလိမ့်မည်။
"လုံလောက်တဲ့ အင်အားမရှိရင် လမ်းစဉ်ကိုတောင် ကျင့်ကြံလို့ မရဘူး။ ချောင်အိမ်တော် ရဲ့ မိုးကြိုးဓား ကျင့်စဉ်ကို အပြင်လူဆီ ပေးတယ်ပေါ့။ တော်တော်လေး ရင်းနှီးမြုပ်နှံထားတာပဲ"
သူက အပြုံးဖြင့် ခေါင်းယမ်းပြီး ဓားအဆောင်ကို ဆုပ်ကိုင်လိုက်၏။
လျူမူပင်လျှင် လျူ မိသားစု၏ကျင့်စဉ်များကို မပေးဝံ့သောကြောင့် မဟာတာအိုနယ်မြေသည် မည်မျှ လျှို့ဝှက်ကြောင်း သိနိုင်သည်။
သူ၏ စိတ်ကို ငြိမ်သက်စေပြီး မူလဝိညာဉ်ကို ခရမ်းရောင် ဓားအတွင်းသို့ ဝင်ရောက်စေလိုက်သောအခါ ခရမ်းရောင် မိုးကြိုးကမ္ဘာတစ်ခု မြင်လိုက်ရပြီး အဆုံးမရှိသော မိုးကြိုးများသည် ဓားများအဖြစ် ပျံသန်းနေကြ၏။
"ကောင်းကင်သို့ တက်လှမ်းခြင်း"
ထိုစကားသံက ဝိညာဉ်အတွင်း ပဲ့တင်ထပ်သွားကာ ဓားကျင့်စဉ်၏ အနှစ်သာရကို တစ်ချက်ကြည့်ရုံဖြင့် နားလည်သွားသည်။ ၎င်းက လုအိမ်တော်ရှိ ကျင့်စဉ်များထက် အဆပေါင်းများစွာ ပို၍ ရှုပ်ထွေးပြီး အားကောင်းကာ စစ်သူကြီးချောင် ၏ ဘိုးဘေးများမှ ဆင်းသက်လာသော အမွေအနှစ်ပင်။
" ဒေါသကို အခြေခံထားတဲ့ ဓားကျင့်စဉ် က ငါ့ရဲ့ လက်ရှိ စိတ်အခြေအနေနဲ့ ကိုက်ညီတယ်"
ယွမ်ရှောင် သည် ဒေါသထွက်လွယ်သူ ဖြစ်ကာ လောဘ၊ ဒေါသ၊ မောဟ တို့နှင့် ပြည့်နှက်နေသော လူသားတစ်ဦးပင် မဟုတ်ပါလော။
ထို့ကြောင့် ကျောက်တန်မင် နှင့် ချန်ယုက သူ့ကို ရန်စသောအခါ ချက်ချင်းပင် လက်စားချေခဲ့ခြင်း ဖြစ်သည်။ သို့သော် သေမျိုးကမ္ဘာများနှင့် လုအန်းကဲ့သို့သော လူကောင်းများသည် သူ၏ စိတ်နှလုံးတွင် အရေးကြီးသော နေရာတစ်ခုကို ရယူထားဆဲဖြစ်သည်။
"မိုးကြိုးရဲ့ ဒေါသနဲ့အတူ ဓားကို သယ်ဆောင်ပြီး ကောင်းကင်အထိ တက်မယ်"
သူက တီးတိုးရေရွတ်ပြီး မူလဝိညာဉ်သည် ဓားပုံစံ အဆောင်မှ ပြန်လည် ထွက်ခွာလာကာ အပြာရောင် အဆောင်ပုံစံထဲသို့ ထပ်မံဝင်ရောက်သွား၏။
"နှလုံးကွဲကြေ သံစဉ်"
ဤတာအိုဂါထာ၏ အမည်က နူးညံ့သိမ်မွေ့သော်လည်း ၎င်းသည် မိုးကြိုးနှင့် သည်းထန်စွာရွာသွန်းသော မိုး၏ စွမ်းအားတို့ ပေါင်းစပ်ထားခြင်း ဖြစ်ကာ မိုးကြိုးမုန်တိုင်းတစ်ခု ကျဆင်းလာသကဲ့သို့ ပြင်းထန်သော ဒေါသဖြင့် တစ်ကမ္ဘာလုံးကို နစ်မြုပ်သွားစေနိုင်သည်။
"မဆိုးဘူး"
ယွမ်ရှောင်က မှတ်ချက်ချကာ မရေမတွက်နိုင်သော လျှပ်စီးမုန်တိုင်းများ မျက်လုံးများတွင် ဖြစ်ပျက်နေသကဲ့သို့နေသကဲ့သို့ ထင်ရသည်။
"အလယ်အလတ် ကောင်းကင်ကျယ် အဆင့်"
ကောင်းကင်ရုံးတော်တွင် ဓားဝိညာဉ်များ၊ အသက်တံဆိပ်များနှင့် လက်နက်များ အားလုံးကို ကိုးကောင်းကင် အဆင့်များဟု ခေါ်သော အများသဘောတူ သတ်မှတ်ချက်အောက်တွင် ရှိကြသည်။ သူက ရွေးချယ်ပွဲမတိုင်ခင် နောက်ဆုံးမိနစ်မှ ကြိုးစားသော်လည်း မြင့်မားသော အရည်အချင်းကြောင့် ချက်ချင်းဆိုသလို ကျွမ်းကျင်သွားကာ ထိုအချိန်တွင် ကျန်းဟိုင်ယန်က တံခါးလာခေါက်၏။
"လုယောင်၊ အချိန်ကျပြီ"
တံခါးကို ဖွင့်လိုက်သောအခါ အပြင်ဘက်တွင် သူမက စိတ်ဆင်းရဲဟန်ဖြင့် ရှိနေပြီး ယွမ်ရှောင်အပေါ် အကြည့်များတွင် အကြောက်တရား ရောယှက်နေသော လေးစားမှု အဖြစ် ပြောင်းလဲလာခဲ့သည်။ သူက တစ်ချက်ကြည့်ပြီး ရုတ်တရက် လက်ကိုဆွဲကာ တံခါးအတွင်းသို့ ဆွဲခေါ်လိုက်သဖြင့် သူမ၏ နှလုံးခုန်သံမြန်လာပြီး ပါးပြင်များ နီမြန်းလာ၏။
"နင် ဘာလုပ်ချင်တယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် အချိန်မရှိတော့ဘူး"
"မင်းက ဘာထင်နေတာလဲ"
"တောင်းပန်ပါတယ်။ အရင်က နင့်ကို အထင်သေးခဲ့မိတယ်။ အခု ဒီလောက် မြန်မြန်ဆန်ဆန် အဆင့်မြင့်သွားပြီဆိုတော့ သေချာပေါက် လက်စားချေချင်မှာပဲ"
"ငါက ဘယ်လို လက်စားချေမှာလဲ"
"နင်နဲ့ အဖေက လမ်းကြောင်းတူတူပဲ။ ငါတို့ညီအစ်မတွေ မဆန့်ကျင်ရဲပါဘူး။ ဒီခန္ဓာကိုယ်ကလွဲပြီး နင့်အနေနဲ့ ဘာများ လိုချင်မှာလဲ"
ယွမ်ရှောင် က ခေါင်းယမ်းပြလိုက်သည်။
"ကျန်းဟိုင်ယန်၊ မင်းက ဘာလို့ ငါ့ကို သာမန် လူတစ်ယောက်လို မြင်နေတာလဲ"
"ယောက်ျားနဲ့ မိန်းမတွေကြား ပြဿနာက ဒီဆက်ဆံရေးပါပဲ။ ဒါက အင်မော်တယ်တွေ အမြဲတမ်း သွားနေကျ အတိုင်း ဖြစ်မှာပါ"
"ငါက မင်းကို လုံးဝ စိတ်မဝင်စားတာရော မဖြစ်နိုင်ဘူးလား"
ကျန်းဟိုင်ယန် ၏ မျက်လုံးများ အရောင်မှိန်သွားပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။
" နားလည်ပါပြီ။ ဒီလိုဆိုရင် ကျန်းမိသားစုက နင့်အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်တော့လို့ ညီမလေးကို စောစော လွှတ်ပေးနိုင်မလား"
"ဒီကိုလာခဲ့။ ငါ မင်းကို ပြောပြမယ်"
ယွမ်ရှောင်က ရုတ်တရက် အမိန့်ပေးလိုက်သောအခါ သူမသည် တစ်ပေအကွာအထိ ခြေလှမ်းတိုးလိုက်သာသည်နှင့် တပြိုင်နက် လက်ကို ရုတ်တရက် ဆန့်ထုတ်ကာ ဓားဝိညာဉ်ဖြင့် လည်ချောင်းကို ထောက်ထားလိုက်၏။
"နင်..."
သူမ၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ခန္ဓာကိုယ် အနည်းငယ် တုန်ယင်လာကာ မျက်လုံးများတွင် မျက်ရည်များ ရစ်ဲဝလာသည်။ ယွမ်ရှောင်သည် သူမ၏ လည်ပင်းကို ဆုပ်ကိုင်ကာ တံခါးတွင် ကပ်ထားလိုက်ပြီး ဓားဝိညာဉ်ကို နှလုံးသားထံ ရွှေ့လိုက်ရင်း နဖူးမှ အက်ကြောင်းတစ်ခု ပွင့်လာ၍ ဒေါင်လိုက် ခရမ်းရောင် မျက်လုံးတစ်လုံးဖြင့် စိုက်ကြည့်နေ၏။
"ငါ့မျက်လုံးကို ကြည့်ပြီး အညံ့ခံလိုက်စမ်း။ မလှုပ်နဲ့၊ ခုခံဖို့ မကြိုးစားနဲ့။ မဟုတ်ရင် ဒီည မင်းအဖေက ဝမ်းနည်းပူဆွေးရလိမ့်မယ်"
"ဟင့်အင်း၊ ဟင့်အင်း၊ ဒီလိုမလုပ်ပါနဲ့"
သူမက ပြင်းထန်စွာ တုန်ယင်လာပြီး မျက်ရည်များ ကျလာကာ ညီမဖြစ်သူအတွက် လာရောက် တောင်းပန်ခြင်းသာဖြစ်၍ ကိုယ်တိုင် ပြဿနာထဲ ဝင်ရန် မဟုတ်ပေ။
"ကျန်းဟိုင်ယန်၊ မင်းကို အခွင့်အရေး ထပ်ပေးမှာမဟုတ်ဘူး။ အသက်ရှင်ချင်ရင် လိမ္မာဖို့ လိုတယ်"
ယွမ်ရှောင်က အေးစက်စွာ ပြောလိုက်လေသည်။