← Chapters

အခန်း (၅၆၇-၅၆၈)

Vol. 43 Ch. 567-568

အခန်း (၅၆၇-၅၆၈)

Vol. 43 Ch. 567-568

အပိုင်း ၅၆၇ - ပူဇော်သက္ကာရ လာဘ်လာဘများ

တိုးညှင်းစွာ ငိုရှိုက်ရင်း ကျန်းဟိုင်ယန်၏ မျက်ရည်များက မိုးရေပမာ စီးကျလာကာ မျက်လုံးများ နီရဲပြီး အလွန်ကြောက်လန့်နေသဖြင့် မလှုပ်ရှားရဲတော့ပေ။ ထိုအချိန်တွင် ခရမ်းရောင် အလင်းတန်းတစ်ခုက အမြင်အာရုံကို လွှမ်းခြုံသွားပြီး ယွမ်ရှောင်၏ ရင်ခွင်ထဲ လဲကျသွားသည်ကို သတိထားမိလိုက်ကာ၊ ထိုနေရာတွင် အတော်ကြာကြာ တောင့်တင်းနေမိသည်။ နောက်ဆုံးတွင် ခေါင်းမော့လိုက်သောအခါ ယွမ်ရှောင်ကို ကြည့်နေသည့် သူမ၏ မျက်ဝန်းများမှာ ဗလာဖြစ်သွားကာ စိတ် ကြည်လင်နေသော်လည်း တစ်စုံတစ်ခု ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ယွမ်ရှောင်အပေါ် သူမ မမုန်းတီးတော့ကြောင်း သိလိုက်ရပြီး မသိစိတ်အရ မည်သည့်နည်းနှင့်မျှ မဆန့်ကျင်ရန် အလိုလိုဖြစ်လာသည်။

" ငါ့စကားကို နားထောင်တာကလွဲရင် မင်းက ဘာထိခိုက်မှုမှ ရှိမှာ မဟုတ်ပါဘူး။ ဘာလို့ ငိုနေတာလဲ"

ယွမ်ရှောင်က အနည်းငယ် ပြုံးလျက် မေးလိုက်သည်။

"နင် ဘာလိုချင်တာလဲ"

ကျန်းဟိုင်ယန်က အသံ တုန်ယင်စွာ မေးလိုက်သည်။

"သိပ်မရှိပါဘူး။ မင်းအဖေဆီက တစ်ခုခု လိုချင်တာပါ။ ဒါက ငါ့အတွက် အပိုအာမခံချက်တစ်ခုပဲ။ အချိန်ကျရင် သူ လက်ခံရုံကလွဲပြီး ရွေးချယ်စရာ ရှိမှာမဟုတ်ဘူး"

ကျန်းဟိုင်ယန်သည် မျက်ရည်များကို သုတ်လိုက်ပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်ပြသည်။

"မင်းညီမကို အထဲခေါ်လိုက်၊ အပြင်မထွက်ခင် ခဏစောင့်ရအောင်"

"ဟုတ်ကဲ့"

ယွမ်ရှောင်က ညွှန်ကြားလိုက်ရာ သူမက ထပ်မံ၍ ခေါင်းညိတ်သည်။

ကျန်းဟယ်ချင်းသည် အပြင်ဘက်တွင်သာ ရှိနေခဲ့ပြီး ကျန်းဟိုင်ယန်ပ ယွမ်ရှောင်ထံမှ လွတ်မြောက်ခွင့် တောင်းရန်အတွက် အစကတည်းက သူမကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ညီအစ်မနှစ်ယောက် ဝင်လာသောအခါ ယွမ်ရှောင်က တစ်ချက်ပင် လှည့်မကြည့်ဘဲ ယခုတင် သင်ယူတတ်မြောက်ခဲ့သော ကျင့်စဉ်နှစ်ခုအပေါ်တွင်သာ အတွေးနက်နေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက ကျန်းဟိုင်ယန်ကို ရုတ်တရက် စကားစလိုက်သည်။

"ငါတို့ အပြင်ရောက်ရင် မင်းညီမကို ဝိညာဉ် ထိန်းချုပ်တာ ငါ ရုပ်သိမ်းလိုက်ပြီဆိုတာ မြို့စားကျန်းကို ပြောပြလိုက်။ အခုကစပြီး သူ့ရှေ့မှာ ပုံမှန်လိုပဲ ပြုမူနေထိုင်ပါ"

နှစ်ယောက်သားက စကားနားထောင်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ကျန်းဟယ်ချင်းသည် ပုံမှန် သွက်လက်ချက်ချာသော အမူအရာသို့ ပြန်လည်ရောက်ရှိသွားသည်။

"ပြီးတော့ နောက်တစ်ခုအနေနဲ့ မင်းတို့ ညီအစ်မတွေဟာ ငါ သိမ်းပိုက်တာ ခံလိုက်ရပြီလို့လည်း အသိပေးထားလိုက်"

ယွမ်ရှောင်သည် ကျန်းမိသားစုနှင့် ပတ်သက်နေပြီဟု ကျန်းထိုက်ပင်းကို ယုံကြည်စေခြင်းဖြင့် ပိုမို ရင်းနှီးလာမည်ဖြစ်ကာ စောင့်ကြည့်တားမြစ်ရန် ခက်ခဲပေလိမ့်မည်။ မည်သို့ပင်ဖြစ်ပါစေ၊ သူက နယ်နိမိတ် သတ်မှတ်ခြင်း နတ်အပ်ကို ရယူရန် ဆုံးဖြတ်ထားသည်။

"သွားကြစို့"

သူက တစ်ဖက်တစ်ချက်တွင် အလှမယ်တစ်ဦးစီကို ဖက်ထားလျက် တံခါးကို ကန်ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့ပြီး တိုက်ပွဲဝင်ရန် စိတ်ဓာတ်များ တက်ကြွနေပုံရသည်။

နွေရာသီ မိုးကြိုးမြို့စား နန်းတော်၏ အလွန်တွင် ချောင်အိမ်တော် တည်ရှိပြီး အင်အားကြီး မိသားစုတစ်ခုဖြစ်ကာ ချောင်ရှန်း နှင့် ချောင်ရူသည် ထောက်တိုင်မဏ္ဍိုင်ကြီးများအဖြစ် ရပ်တည်နေကြသည်။ ချောင် အိမ်တော်၏ သခင်မကြီးမှာ ကူစုဝမ် ဖြစ်၍ ချောင်ကတော် အဖြစ် လေးစားကြပြီး အိမ်တော်ရှိ လူတိုင်း ရိုသေလေးစားကြသည်။

ကူစုဝမ် အိမ် ပြန်ရောက်သောအခါ အဝင်ဝတွင် အစောင့်တစ်ဦးက အသိပေးလာခဲ့သည်။

"သခင်မ၊ သခင်မရဲ့ မိခင်ဘက်က ဆွေမျိုးတစ်ယောက် ခြံဝင်းထဲမှာ စောင့်နေပါတယ်"

"ဘယ်သူလဲ"

"ကူစုထောင်လို့ ထင်ပါတယ်ခင်ဗျာ"

အဆင့်မြင့် ဧည့်သည်များအားလုံးနှင့် ရင်းနှီးကျွမ်းဝင်နေသော အစောင့်များသည် တစ်ဖက်လူကို မှတ်မိနေကြသည်။

"ထောင်အာလား"

သူမက များစွာ မစဉ်းစားဘဲ ဥယျာဉ်ထဲရှိ ကိုယ်ပိုင်အဆောင်သို့ ပြန်လာခဲ့သောအခါ မက်မွန်ပန်း အရောင် ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး ရှိနေသည်။

"အဒေါ်"

ကူစုဝမ်ကို မြင်သည်နှင့် တပြိုင်နက် မိန်းကလေးသည် မတ်တပ်ရပ်ကာ အရိုအသေပေးပြီးနောက် အနောက်ဘက်သို့ ကြည့်လိုက်ပြီး မေးလိုက်သည်။

"ကျွန်မရဲ့ မောင်ဝမ်းကွဲလေးရော အဒေါ်နဲ့အတူ လိုက်မလာဘူးလား"

"လုယောင် ကို ပြောတာလား။ သူက မိုးကြိုးကိုးသွယ် ရင်ပြင် ကို သွားတယ်။ ထောင်အာ၊ မင်းလည်း ရွေးချယ်ပွဲမှာ ပါရမှာ မဟုတ်ဘူးလား။ ဒုတိယအကြိမ်က စနေပြီလေ။ ဒီမှာ လျှောက်သွားနေတယ်ပေါ့"

လုယောင်က ရင်ပြင်တွင် ရှိနေသည်ဟု ကြားသောအခါ မိန်းကလေး၏ အမူအရာမှာ စိတ်ပျက်သွားပုံရ၏။

"နှမြောစရာပဲ။ နာမည်ကြီးနေတဲ့ ဒီ အချောလေးကို မမြင်လိုက်ရဘူး။ မိုးကြိုးဌာန တစ်ခုလုံးက မိန်းကလေးတွေအကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်နေကြတာနော်။ သူက အသက်ရှူမှားလောက်အောင် ချောမောပြီး နှလုံးသားကို လှုပ်ခတ်စေတယ်ဆိုပဲ"

ကူစုဝမ်မှာ အနည်းငယ် မကျေမနပ်ဖြစ်သွားဟန် မျက်မှောင်ကြုတ်လိုက်၏။

"မင်းရဲ့ သူငယ်ချင်းတွေအကြောင်း တော်လိုက်တော့၊ ငါ့ရဲ့ အဖိုးတန် သားလေးအပေါ်ကို မျက်စိမကျနဲ့"

မိန်းကလေးက နောက်ပြောင်လိုက်သည်။

" ဒီလောက် ချောမောပြီး အရည်အချင်းရှိတဲ့ မွေးစားသားကို အဒေါ်က နတ်ဘုရားတံခါးရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေနဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားတာ မဟုတ်လား။ ဘယ်သူသိမှာလဲ၊ သူက တော်ဝင်မိသားစုနဲ့တောင် ပတ်သက်သွားနိုင်တယ်လေ"

" ကလေးမ၊ မင်း ဘာမှမသိပါဘူး။ ရွေးချယ်ပွဲကို သွားတော့"

"အဒေါ့်ရဲ့ အသည်းကျော်လေးကို ကျွန်မ စောင့်ကြည့်ပေးပါ့မယ်။ ဒါနဲ့ သိလား၊ မိုးကြိုး အင်မော်တယ် အစီအရင်က အဲဒီမျက်နှာကို ပြလိုက်တဲ့အချိန်မှာ တော်တော်လေး လန့်သွားတယ်။ တကယ်တော့ တုန်းဖန်ယုံ နဲ့ သူ တိုက်ခိုက်နေတုန်းက အနီးကပ် မြင်ခဲ့တယ်"

"မင်း ဘာပြောချင်တာလဲ"

မိန်းကလေး၏ မျက်နှာက အနည်းငယ် နီမြန်းသွားသည်။

"သူ့ကို ရင်းနှီးနေသလိုပဲ။ အိပ်မက်ထဲမှာ မြင်ဖူးသလိုမျိုး ခံစားရတယ်"

"အဓိပ္ပာယ်မရှိတာဟယ်"

" ကိစ္စမရှိပါဘူး အဒေါ်၊ နောက်နေ့မှပဲ သူ့ကို သွားတွေ့လိုက်တော့မယ်"

ထို့နောက် သူမက တခစ်ခစ် ရယ်မော၍ ထွက်ခွာသွားသော်လည်း ကူစုဝမ်ကို ကျောခိုင်းလိုက်ချိန်တွင် နှုတ်ခမ်းထောင့်များသည် လှပသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲကာ စိတ်ထဲမှ တီးတိုးရေရွတ်နေခဲ့သည်။

"သူ့ကို ဒီလိုပုံစံနဲ့ ထပ်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး။ ငါ့ကို သေမတတ် လန့်သွားစေတယ်"

ထိုအချိန် နွေရာသီ မိုးကြိုးမြို့စား နန်းတော် အတွင်း၌ ဂုဏ်ထူးဆောင် ထိုင်ခုံတွင် ထိုင်နေသော စစ်သူကြီးချောင်သည် ရုတ်တရက် ခေါင်းမော့လာပြီး မျက်လုံးများတွင် လျှပ်စီးများ လက်ခနဲဖြစ်သွားကာ စင်္ကြံလမ်းကို စိုက်ကြည့်လိုက်သည်။

"ချောင်ရူ၊ ဒီကိုလာခဲ့စမ်း"

"ဘာဖြစ်ပြန်ပြီလဲ"

တံခါးဝတွင် ခရမ်းရောင်ဝတ်စုံနှင့် အရပ်ရှည်ရှည် မိန်းမက တံခါးဘောင်ကို မှီရပ်နေပြီး သူ့ကို စိတ်မရှည်သည့် ဟန်ပန်ဖြင့် တစ်ချက်ကြည့်လာသည်။

"မင်း ဘယ်ရောက်နေတာလဲ"

"ငါက အခုလေးတင် အဒေါ်ဖြစ်သွားတာလေ။ တူအသစ်လေးကို ယုယကြင်နာမှုလေးတော့ ပြရမှာပေါ့"

"ပြီးတော့ရော…"

စစ်သူကြီးချောင်က မျက်မှောင်ကြုတ်လိုက်သည်။

"ရမ္မက်မီးတောက်တွေ အတူတူ တောက်ပခဲ့ကြတယ်လေ။ ပြောရရင်တော့ ငယ်ရွယ်ပြီး ချောမောတဲ့ ခန္ဓာကိုယ်ရဲ့ ခွန်အားက တော်တော်လေး ကောင်းတယ်"

ထိုစကားကိုကြားသောအခါ စစ်သူကြီးချောင်က ထိုင်ခုံပေါ်မှ ပြုတ်ကျမတတ် ဖြစ်သွားသည်။

"မင်း တကယ် လုပ်ခဲ့တာလား"

"ငါ သဘောကျတဲ့ ယောက်ျားတွေက ငါ့လက်ထဲကနေ လွတ်ဖူးလို့လား"

စစ်သူကြီးချောင် တိတ်ဆိတ်သွားပြီး သူ၏ အကြည့်များမှာ ရေခဲပမာ အေးစက်သွားသည်။

"ဒီတစ်ကြိမ်တည်းပဲလား"

"နင်က တော်တော် ဂရုစိုက်နေတာပေါ့လေ"

သူမ၏ လေသံမှာလည်း အေးစက်သွားသည်။

" မင်း သူ့ကို တကယ်သဘောကျရင် ဒီလို ကြွားလုံးထုတ်ပြီး အသေခံခိုင်းမှာ မဟုတ်ဘူး”

"ဟွန့်"

သူမက နှာခေါင်းရှုံ့ပြီး ထွက်သွားရန် မျက်နှာလှည့်လိုက်သည်။

"စစ်သူကြီးချုပ်က ခုလေးတင် ငါ့ကို စကား ပါးလိုက်တယ်"

ထိုအကြောင်း ပြောလိုက်သည်နှင့် သူမက စစ်သူကြီးချောင်ကို ပြင်းထန်စွာ စိုက်ကြည့်ရန် နောက်သို့ ပြန်လှည့်လိုက်သည်။

"အဲဒီ အိုမင်းမစွမ်းခွေးအိုကြီးကို နင်ကိုယ်တိုင် သွားအဖော်ပြုပေးလိုက်။ ချောင်ရှန်း၊ ငါ သတိပေးလိုက်မယ်။ တွေးတောင် မတွေးနဲ့။ ငါက နင် အမြတ်အစွန်းတွေ ရဖို့အတွက် လဲလှယ်ရမယ့် ပစ္စည်း မဟုတ်ဘူး"

သူက မတ်တပ်ရပ်လိုက်ပြီး မျက်လုံးတွင် မိုးကြိုးများ တဖျပ်ဖျပ် လက်နေကာ ချဉ်းကပ်လာသည်။

"မင်း အသက်ဘယ်လောက်ရှိပြီလဲ။ ဒီလောက်ရိုးအနေသေးတာလား။ မဟာတာအိုနယ်မြေမှာ အထက်လူကြီးက လက်အောက်ငယ်သားဆီက တစ်ခုခုကို တောင်းဆိုလာရင် မင်းမှာ ငြင်းဆန်ပိုင်ခွင့် မရှိဘူး။ သူ့ရဲ့ စိတ်ဝင်စားမှုက ဒီတစ်သက်မှာ မင်း ရနိုင်တဲ့ အကြီးမားဆုံး ကံကောင်းမှုပဲ။ ငြင်းတယ်ဆိုတာ ကောင်းကင်ရုံးတော် ရဲ့ မပြောဘဲ သိထားရမယ့် စည်းမျဉ်းတွေကို ဖီဆန်တာပဲ။ စိတ်ပျက်စရာ ကံကြမ္မာကို မင်းကိုယ်တိုင် အဆုံးအဖြတ်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ ဒီလောကကြီးက ငြင်းဆန်ဖို့ ရွေးချယ်ခွင့်ကို ဘယ်တော့မှ မပေးထားဘူး"

"ဘေးဖယ်စမ်း"

သူမက အံကြိတ်ကာ နောက်ဆုတ်လိုက်သည်။

စစ်သူကြီးချောင်က သူမ၏ ပခုံးပေါ်သို့ လက်တင်ကာ တိုက်တွန်းလာပြီး လေသံမှာ လေးနက်နေသည်။

"ငါပြောတာကို နားထောင်စမ်းပါ ညီမလေးရယ်။ ဒီလမ်းစဉ်မှာ ငါတို့အထက်က ဖိနှိပ်နေတဲ့သူ အမြဲတမ်း ရှိတယ်။ အရမ်း ခေါင်းမမာနဲ့၊ အဲဒါက မင်းအတွက် သေစေနိုင်တဲ့ အဆိပ်ပဲ။ ဒါက အခွင့်အရေးတစ်ခု ဖြစ်ပြီး ကျိန်စာတစ်ခု မဟုတ်ဘူး။ သူက အနားယူတော့မှာ။ သူ့မိန်းမလည်း ဆုံးသွားပြီ။ သူ့ရဲ့ အမွေအနှစ်တွေက ဘယ်လောက်တောင် ကြီးမားလဲဆိုတာ မင်းသိလား။ အဲဒါတွေ အားလုံးက မင်းအပိုင် ဖြစ်လာနိုင်တယ်"

"ဟုတ်ပါပြီ၊ ပြီးတော့ နင် အဆင့် ၂ ရာထူးတိုးဖို့ကလည်း သေချာသွားမှာပေါ့။ ငါ့ကို အဲဒီ အဘိုးကြီးရဲ့ ခြေရင်းမှာ ဒူးထောက်ခစားစေချင်နေတာမလား"

"အဲဒါက ဘာမှားနေလို့လဲ။ မျိုးဆက်နှစ်ခုစာ ထောက်ခံမှုနဲ့ဆိုရင် ငါပြီးတာနဲ့ မင်းက ကောင်းကင်ရုံးတော်ရဲ့ နောက်ထပ် အဆင့် ၂ နတ်ဘုရား ဖြစ်လာမှာပဲ။ အဲဒီအခါကျရင် မင်းက ကောင်းကင်ရုံးတော် နဲ့ မိုးကြိုးဌာနမှာ အမိန့်ပေး ခြယ်လှယ်နိုင်ပြီလေ"

"ပါးစပ်ပိတ်ထားစမ်း။ နင့်လိုမျိုး အရာတွေကို ငါ မမက်မောဘူး။ အဲဒါတွေက ငါ့ကို ပိုပြီးတောင် ရွံရှာစေတယ်"

စစ်သူကြီးချောင်က သူမကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။

"ချောင်ရူ၊ မင်းက တစ်ခုခုကို အရိပ်အမြွက် ပြနေတာလား"

"အများကြီး မတွေးနဲ့"

သူမက လက်များကို တွန်းဖယ်ပြီး စကားထပ်မပြောတော့ဘဲ အပြင်သို့ ထွက်သွားခဲ့၏။

"မင်းရဲ့ ကျင့်ကြံမှုက ဒီအဆင့်မှာ ဘာလို့ အမြဲတမ်း ရပ်တန့်နေတာလဲဆိုတာ သိလား။ မင်းက ပူဇော်သက္ကာရ လာဘ်လာဘကို လက်ခံဖို့ ငြင်းဆန်နေလို့ပဲ။ သေမျိုးကမ္ဘာတစ်ခုရဲ့ ကိုးကွယ်ယုံကြည်မှု မရှိတဲ့ အင်မော်တယ် တစ်ယောက်ဟာ လေထဲမှာ တည်ဆောက်ထားတဲ့ ရဲတိုက်တစ်ခုလိုပဲ။ အဆင့် ၆ အထက်က အရာရှိ အင်မော်တယ်တိုင်း သေမျိုးကမ္ဘာတစ်ခုဆီသွားပြီး တရားဟောကြရင်း ထာဝရ ပူဇော်ကိုးကွယ်တာကို ခံယူကြတယ်။ မင်းသာ ဆက်ပြီး အချိန်ဆွဲနေမယ်ဆိုရင် အဆင့် ၂ ကို မေ့လိုက်တော့။ မင်းတစ်သက်မှာ အဆင့် ၃ ဖြစ်လာဖို့တောင် ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး"

စစ်သူကြီးချောင်၏ အသံသည် မိုးချုန်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အဆက်မပြတ် ပဲ့တင်ထပ်နေသည်။

"ပူဇော်သက္ကာရတွေ၊ ကိုးကွယ်တာတွေ၊ တော်တော်လေး နားထောင်လို့ကောင်းပါတယ်။ ဒါပေမယ့် ကောင်းကင် တက်လှမ်းခြင်း ရေကန်ကို ငါ ရောက်ဖူးတယ်။ အလောင်းကောင်တွေရဲ့ အပုပ်နံ့က တော်တော်လေး နံဟောင်ပြီး အစစ်အမှန် လောကကြီးကို ပြနေတာပဲ"

ချောင်ရူကမူ နောက်ပြန်လှည့်ကြည့်လာပြီး ရွံရှာစက်ဆုပ်ဟန်ဖြင့် တစ်လုံးချင်း ပြောလိုက်လေသည်။

အပိုင်း ၅၆၈ - ဒုတိယအချီ ပြိုင်ဘက်

ညအချိန် ရောက်လာပြီး မိုးကြိုးဌာန ရွေးချယ်ပွဲ ဒုတိယအချီ စတင်လိုက်ပြီဖြစ်ကာ ပါဝင်သူ တစ်သောင်းအနက် ငါးထောင်သာ ကျန်ရစ်ပြီး ပိုမို ကြမ်းတမ်းလာပေလိမ့်မည်။ ကျန်းညီအစ်မများအပါအဝင် နယ်မြို့များမှ လာရောက်သော စီရင်သူ နှစ်ထောင်အနက် လေးရာသာ ကျန်ရစ်ပြီး အတ္တနတ်ဘုရား နယ်ပယ် အစောပိုင်းအဆင့် ကျန်းဟိုင်ယန်ပင် မကျော်လွှားနိုင်ခဲ့ပေ။ မဟာအစီအရင်၏ အလင်းရောင်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး နေ့ခင်းပမာ လင်းထိန်နေပြီး လူတိုင်း၏ မျက်နှာအထက်တွင် လျှပ်ပန်းလျှပ်နွယ်များ တဖြတ်ဖြတ် ပျံသန်းနေကြ၏။ ဒုတိယအချီ စတင်သောအခါ တိမ်တိုက်များ ပေါင်းစပ်သွားကြပြီး ပို၍ ကြီးမားသော တိုက်ပွဲကွင်းများ ဖြစ်လာကာ အယောက် ၂၅၀၀ သာ ကျော်ဖြတ်နိုင်ပေလိမ့်မည်။

တမန်တော်ချောင်ရူ ထွက်ပေါ်လာပြီး စတင်ကြောင်း ကြေညာလိုက်သောအခါ ငယ်ရွယ်သော ပါရမီရှင်များသည် သူမ၏ ကောက်ကြောင်းအလှများကို တမေ့တမော ငေးကြည့်နေမိသည်။ အဆင့်အတန်း ကွာခြားမှုကြောင့် ဤနတ်သမီးမျိုးက သူတို့နှင့် အလှမ်းကွာဝေးလွန်းသည် မဟုတ်ပါလော။ စတင်သည်နှင့်တပြိုင်နက် မိုးကြိုးအဆင့်သတ်မှတ်ချက်က တွဲဆိုင်းများ သတ်မှတ်ပေးပြီး ယွမ်ရှောင်လည်း ရောက်ရှိနေပြီဖြစ်ကာ သင်ယူထားသော ကျင့်စဥ်နှစ်ခုအကြောင်း ဆင်ခြင်နေခဲ့၏။

"ဒီအဆောင်တွေ ရထားတာလား"

ထိုစဥ် လျူမူ ရောက်ရှိလာပြီး သူ၏ ခါးတွင် ချိတ်ဆွဲထား၍ မီးပုံးပမာ တောက်ပနေသော ခရမ်းရောင် ဓားအဆောင်နှင့် အပြာရောင် ရုန်းအဆောင်ကို ညွှန်ပြလိုက်သည်။

"ဒါတွေအကြောင်း သိလို့လား"

"ချောင်ရှန်းနဲ့ ကူစုဝမ် ပိုင်ဆိုင်ထားတဲ့ ကောင်းကင်ကျယ် အလယ်အဆင့် ကျင့်စဥ်တွေမလား။ ဒါတွေက နာမည်ကြီးတယ်။ ပြောရရင် ငါ့မိသားစုမှာတောင် ဒါမျိုး မရှိဘူး"

သူမက အားကျနေဟန်ဖြင့် ရေရွတ်လိုက်ပြီးမှ အပြစ်ရှိစိတ် ဝင်လာပုံပေါ်သည်။

"ငါက မင်းရဲ့ ဆရာ ဖြစ်ပြီး ကျင့်စဥ်တွေ မပေးနိုင်လို့ စိတ်မဆိုးဘူးမလား။ သူတို့က အခုမှ မွေးစားသားအဖြစ် အသိအမှတ်ပြုတာတောင် တော်တော် မျက်နှာသာပေးနေကြပြီ"

ယွမ်ရှောင်က ခေါင်းယမ်း၍ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီလက်ဆောင်တွေက မျှော်လင့်ချက်တွေ ပါဝင်နေတယ်။ သူတို့က အရင်းအမြစ်နဲ့ ကျင့်စဥ်ပေးတယ်။ သူတို့ ဂုဏ်သိက္ခာအတွက် ကျုပ်က တိုက်ခိုက်ပေးရတယ်။ အရောင်းအဝယ်တစ်ခုပါပဲ"

"မင်း ဒါကို နားလည်တာ ကောင်းပါတယ်။ အသေးအဖွဲ မျက်နှာသာပေးတာကို ကျေးဇူးတင်မနေနဲ့။ သူတို့က ဆိုးတော့ မဆိုးပေမယ့် ထားလိုက်ပါတော့လေ။ မိုးကြိုးဌာနမှာ အရာရှိအကုန် ဒီအတိုင်းချည်းပါပဲ။ အခု လာပြောတာက ငါ ကောင်းကင်ပျံသန်းမြို့တော်ကို ပြန်တော့မလို့"

သူမက တစ်ခုခု ပြောရန် စကားစလိုက်ပြီးမှ လမ်းကြောင်းလွှဲသွားခဲ့၏။

"ဒီလောက်မြန်မြန် ပြန်တော့မလို့လား"

"အဖေက ငါ့ကို အဆင့်ခုနစ် အရာရှိစာမေးပွဲအတွက် စာရင်းသွင်းထားတယ်။ ပြန်သွားပြီး အစွမ်းကုန် ကြိုးစားရမယ်"

သူမက ၎င်းအတွက် ကြိုးစားနေသည် ဖြစ်သော်လည်း ကျန်းထိုက်ပင်းက အတင်းအကြပ် ခေါ်ဆောင်လာခြင်း ဖြစ်သည်။ သို့သော် ယွမ်ရှောင်၏.အဆင့်အတန်း ရုတ်တရက် မြင့်တက်လာသောအခါ သူမကို တားမြစ်ချုပ်ခြယ်ရန် မလုပ်ရဲတော့ပေ။

"ဒါဆိုရင် နောက်မှ ပြန်ဆုံကြတာပေါ့"

ယွမ်ရှောင်က နှုတ်ဆက်လိုက်သောအခါ အချိန်မရွေး ဆက်သွယ်နိုင်ရန် သူမသည် အဆောင်စာရွက်အချို့ ကမ်းပေးလာရင်း သတင်းတစ်ခု ပြောပြလာသည်။

"နေ့လယ်က မဟာအစီအရင် ပစ်ခတ်လိုက်လို့ လူတစ်ယောက် သေသွားတယ်လို့ ကြားတယ်။ သခင်လု ဖြစ်နိုင်တယ်။ မင်းနဲ့ ဘာမှမပတ်သက်ဘူးမလား"

"ဘယ်လိုလုပ် ပတ်သက်မှာလဲ။ ကျုပ်က ဥပဒေတာဝန် ထမ်းဆောင်နေတဲ့ စီရင်သူတစ်ယောက်ပါ။ လူသတ်သမား မဟုတ်ဘူး"

ယွမ်ရှောင်က ခြောက်ကပ်ကပ် ရယ်မော၍ ခေါင်းယမ်းလိုက်သော်လည်း သူမအနေဖြင့် မယုံချေ။

"အခု လုအိမ်တော်မှာ သခင်မလုတစ်ယောက် ကျန်သေးတယ်။ သူက အတော်လေး လက်စားချေတတ်တယ်။ သခင်လု သေသွားတာ နင့်လက်ချက်လို့ သံသယဝင်လာရင် သခင်မယုကို ဒုက္ခပေးမှာ စိုးရိမ်ရတယ်နော်"

ထိုစကားကြောင့် သူ၏ မျက်လုံးများ တင်းမာခက်ထန်လာ၏။

"အမေ့ကို ဘေးကင်းတဲ့နေရာ အမြန်ဆုံး ရွှေ့ပေးပါ။ ကျုပ်ပြန်လာရင် ဒီမိန်းမကို ရှင်းပစ်မယ်"

"လူမသတ်ဘူးလို့ အခုလေးတင် ပြောထားတာ မဟုတ်ဘူးလား"

"အကြောင်းပြချက်ရှိရင် သတ်တတ်တယ်"

"ဟုတ်ပါပြီ။ မင်းက ပါရမီထူးချွန်ပြီး လိမ္မာပါးနပ်တယ်ဆိုတာ သိပေမယ့် ရန်သူတွေကို လျှော့မတွက်စေချင်ဘူး။ အဆင့်အတန်း တစ်ခု ရှိနေပြီဆိုတော့ ဘာလုပ်လုပ် ဂယ်ပေါက် ရှာထား"

သူမက ထွက်သွားရန် ခြေလှမ်းအနည်းငယ် လျှောက်ပြီးမှ နောက်ပြန်ကြည့်ကာ လေးနက်စွာ သတိပေးလာခဲ့သည်။

"ဟုတ်ကဲ့။ ဆရာ့အသံက ကျုပ်အမေလိုပဲ"

သူ၏ မိခင်အရင်းနှင့် ပတ်သက်သော မှတ်ဉာဏ်များက ဆယ်နှစ်အရွယ်တွင် ရပ်တန့်သွားကာ သိမ်မွေ့ကြင်နာ၍ ပြည်သူများအပေါ် ကရုဏာထားသော မိဖုရားခေါင်ကြီး ဖြစ်ကြောင်းသာ မှတ်မိ၏။

"နှုတ်ဆက်ပါတယ် လုယောင်"

ဆရာတပည့်နှစ်ယောက် အကြည့်ချင်းဖလှယ်၍ ဆုံးရှုံးခဲ့ရသူများအကြောင်း တွေးမိသွားဟန်ဖြင့် ဝမ်းနည်းရိပ်သန်းလာသည်။ ထို့နောက် သူမက နှုတ်ဆက်စကားဆို၍ လှည့်ထွက်သွားကာ လျှပ်စီးများအကြား တစ်စတစ်စ ဝေးကွာသွားတော့သည်။

မိုးကြိုးကိုးသွယ် ရင်ပြင်၏ တစ်နေရာတွင် မိန်းမတစ်ယောက်နှင့် ယောကျ်ားတစ်ယောက် လေထဲတွင် ရပ်နေကြပြီး မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက်လာသူများ ဖြစ်ပုံရ၏။

"မိုရော့ယွိ နေ့လယ်က မဟာကောင်းကင်ကျောင်းတော်မှာ တော်တော်လေး လှုပ်ရှားသွားတယ်လို့ ကြားတယ်"

မက်မွန်ပန်းထိုးထားသော ပန်းရောင် ဝတ်ရုံနှင့် မိန်းကလေးက စကားစလိုက်သည်။

"နည်းနည်း မတရားဘူးလို့ ခံစားမိလို့ ဖြစ်မှာပါ"

မိုရော့ယွိက ပခုံးတွန့်ပြလိုက်သည်။

"ရှင်က မဟာစစ်သူကြီးကို မတရားဘူးလို့ ပြောရဲတယ်ပေါ့"

"ဘာလို့ မပြောရဲရမှာလဲ။ တစ်ယောက်ယောက်က မွေးစားသားကြောင့် အကျိုးအမြတ်တွေ ရသွားတယ်လေ။ ငါတို့ကျောင်းတော်က လူငယ်စီရင်သူတွေ ကြိုးစားနေတာ အဓိပ္ပါယ်မရှိတော့သလိုပဲ။ မိုးကြိုးဌာနရဲ့ စံနှုန်းက တင်းကြပ်ပြီး စနစ်ကို ကစားချင်ရင်တောင် အချိန်ကျရင် အားနည်းချက်တွေ ပေါ်လာမှာပဲ"

"အားနည်းချက် ပေါ်လာအောင် ရှင် ဘယ်လိုစီစဥ်ထားလဲ"

သူမက စူးစမ်းလိုစိတ်ဖြင့် မေးခွန်းထုတ်လိုက်၏။

"ကြွက်ကို ရိုက်ရုံပေါ့။ သွေးထွက်တဲ့အထိ ရိုက်ပေးလိုက်ရင် မျက်နှာပြရဲတော့မှာ မဟုတ်ဘူး"

"ဒီကောင့်ကို ကြွက်လို့ ခေါ်တာ မှန်တယ်။ တကယ်ကို မြေတွင်းထဲက ထွက်လာပြီး နိမ့်ကျတဲ့ သတ္တဝါပဲ။ ဒါပေမယ့် မဟာစစ်သူကြီး ကိုယ်တိုင် သူ့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ချင်နေတယ်။ ကောင်းကင်ကျောင်းတော်က စိန်ခေါ်မယ်ဆိုရင် သူ့ကို မျက်နှာသာမပေးရာ ကျသွားမယ်။ သခင်ပိုက တားဖို့ မကြိုးစားဘူးလား"

"မိုးကြိုးဌာနကို အုပ်ချုပ်နေတာ မဟာစစ်သူကြီး တစ်ယောက်တည်း မဟုတ်ဘူး။ သခင်ပိုဆိုတာက မိုးကြိုးဧကရာဇ်ရဲ့ တပည့်ပဲ"

မိန်းကလေးက စကားဆက်မပြောတော့ဘဲ စိတ်ဝင်စားစရာကောင်းလာသော ပြပွဲကြောင့် ကောက်ကျစ်စွာ ပြုံးနေစဥ် မိုးကြိုးအဆင့်သတ်မှတ်ချက် ဆိုင်းဘုတ်သည် အလင်းရောင်များ တောက်ပ၍ နာမည်နှစ်ခု ပြိုင်တူ ထုတ်ပေးလိုက်သည်။

"မိုရော့ယွိ လုယောင် တိမ်အမှတ် ၁၀၃"

ညွှန်ကြားချက် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပြိုင်ပွဲဝင်များက အသက်ရှူချိန် သုံးဆယ်အတွက် တိုက်ပွဲကွင်းသို့ မရောက်လျှင် အရှုံးပေးရပေလိမ့်မည်။

"တိုက်ဆိုင်လှချည်လား"

မိုရော့ယွိက နားကြားမှားသည်ဟု ထင်မိသော်လည်း အသေအချာ စစ်ဆေး၍ အတည်ပြုပြီးသောအခါ ကျေနပ်စွာ ရယ်မောလိုက်သည်။ မဟာကောင်းကင်ကျောင်းတော်မှ လူငယ်စီရင်သူများကလည်း အော်ဟစ်အားပေးနေကြသဖြင့် တိုက်ပွဲပြီးလျှင် ညစာ ဒကာခံမည်ဟု သူက ကတိပေးလိုက်ရာ အားလုံး ပျော်ရွှင်ကုန်သည်။

"မဟာစစ်သူကြီး လုယောင် တိုက်ပွဲဝင်ရတော့မယ်။ ပြိုင်ဘက်က မိုးကြိုးတမန်တော် မိုရဲ့ သားလေးပါ"

ပွဲကြည့်စင်မြင့်အထက်တွင် တိုက်ပွဲစာရင်းကို မြင်သောအခါ ချောင်ရှန်းသည် ငိုက်မျဥ်းနေသော မဟာစစ်သူကြီးထံ အသိပေးလိုက်သည်။

"ရော့ယွိ တကယ့်ပါရမီရှင်လေးပဲ"

"မဟာစစ်သူကြီးက ချီးကျုးလွန်းနေပါပြီ"

လျှပ်စီးသခင်ပိုဟုန် အနားတွင် ထိုင်နေသော စာသင်သားဟန်ပန်ဖြင့် သက်လတ်ပိုင်း ယောက်ျားတစ်ယောက်က ထရပ်လာ၍ အလျင်အမြန် အရိုအသေပေးလိုက်၏။

"သူက အတ္တနတ်ဘုရားနယ်ပယ် အခြေတည်အဆင့် မဟုတ်လား။ သခင်လေးချောင်အတွက်တော့ ခက်ခဲနိုင်တယ်"

မဟာစစ်သူကြီး မှတ်ချက်ပေးလိုက်သောအခါ သူက အလျင်အမြန် ငြင်းဆန်သည်။

"စစ်သူကြီးချောင်ရဲ့ မွေးစားသားက ထူးချွန်လွန်းပါတယ်။ ကျနော့်သားက မယှဥ်နိုင်ပါဘူး"

"ဟန်ဆောင်မနေပါနဲ့။ သိပ်ပြီး နှိမ့်ချလွန်းရင်လည်း မကောင်းဘူး။ ဟုတ်တယ်မလား ချောင်ရှန်း"

"ရွေးချယ်ပွဲမှာ တရားမျှတမှု ရှိပါတယ်။ ရှုံးရှုံး နိုင်နိုင် အစွမ်းကုန် ကြိုးစားရင်ကို လုံလောက်နေပါပြီ"

စစ်သူကြီးချောင်က အလျင်အမြန် စကားထောက်ပေးလိုက်၏။

"မှန်တယ်၊ မှန်တယ်။ တမန်တော်မို ထိုင်ပါ။ လုယောင်ရဲ့ ခါးက ကျောက်စိမ်းအဆောင်နှစ်ခုကို ချောင်ရှန်း မင်း ပေးထားတာလား"

မဟာစစ်သူကြီးက တမန်တော်မိုကို ထိုင်ရန် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် တိမ်အမှတ် ၁၀၃သို့ ကြည့်လိုက်သောအခါ အာမေဍိတ်သံဖြင့် ရေရွတ်လိုက်လေသည်။

All Chapters