← Chapters

မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဒူးလေးကြီးများနှင့် နောက်တစ်ကြိမ်ရေတိုက်စားမှု

Vol. 6 Ch. 77

မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဒူးလေးကြီးများနှင့် နောက်တစ်ကြိမ်ရေတိုက်စားမှု

Vol. 6 Ch. 77

သူ ယခင်က ကင်ထားသော အစားအစာများတွင် ဆီမသုံးခဲ့ရသဖြင့် တစ်ခုခုလိုနေသလို ခံစားခဲ့ရသည်။

ရှောင်းယီသည် ပြင်ဆင်ပြီးသော ဟင်းသီးဟင်းရွက်များ၊ အာလူးများနှင့် အသားပြားများကို ထုတ်ယူကာ အကင်စက်ပေါ် တင်လိုက်စ။

“ရာသီဥတုက ပူတယ်ဆိုပေမယ့် ဒါက ငါ့ရဲ့အစာစားချင်စိတ်ကို မရပ်တန့်နိုင်ဘူး။”

ရှောင်းယီက ပြောလိုက်သည်။

အသားပြားအနည်းငယ်ကင်ပြီးနောက် ရှောင်းယီသည် အခန်းထဲသို့ ချက်ချင်းပြန်ဝင်သွားလိုက်သည်။

“အရမ်းပူလွန်းတယ်။ ဖြည်းဖြည်းချင်းပဲလုပ်ရမယ်။”

ရှောင်းယီက မျှော်လင့်ချက်ကင်းမဲ့စွာ ပြောလိုက်သည်။

ကင်ထားသော အသားတုတ်ထိုးများကို စားရင်းဖြင့် ရှောင်းယီသည် အများသုံးချန်နယ်ပေါ်ရှိ စကားပြောခန်းကို ကြည့်နေလိုက်၏။

“နှစ်ပတ်နီးပါးရှိပြီး။ ဟွေးဟွေး မင်းဘယ်မှာလဲ။ ငါ့ကို ဘာလို့မရှာရတာလဲ။”

“ဒီလိုပူပြင်းတဲ့နေ့မျိုးမှာ ကျွန်းအထိန်းအမှတ်ကျောက်တိုင်ရှေ့မှာပဲ ပုန်းနေမယ်ထင်တယ်။ သူမ ဒီစာကိုမြင်သင့်ပါတယ်။ အာရုံမစိုက်တာပဲဖြစ်ရမယ်။ သည်းခံလိုက်ပါ။”

“ဒီလောက်ပူနေတာ ငါပင်လယ်ထဲခုန်ဆင်းပြီး အဆုံးစီရင်မိတော့မယ်။”

“စိတ်မပူပါနဲ့။ ဒီတစ်ပတ်ကျော်သွားရင် အခြေအနေ‌တွေ ပြောင်းလဲသွားမယ်လို့ ငါယုံကြည်တယ်။”

“ပြောင်းလဲမှာလား။ မင်းက အရမ်းရိုးသားလွန်းတယ်။ ပထမတစ်ပတ်ထဲက စမ်းသပ်မှုတွေက တစ်စထပ်တစ်စ ပိုပိုတိုးလာတာ။ ဒီတစ်ပတ်ကျော်ရင် ပိုပြီးတောင် ခက်ခဲလာဦးမယ်။”

“အဆိုးမြင်စိတ်တွေမထားကြပါနဲ့။ အသက်ရှင်ဖို့အတွက် မျှော်လင့်ချက်ဆိုတာ အမြဲရှိပါတယ်။”

“ဒါပေမယ့် ငါ သေတော့မယ်လေ။”

ရှောင်းယီသည် အများသုံးချန်နယ်ပေါ်က အဆိုးမြင်စိတ်များကို ကြည့်ပြီး သက်ပြင်းချကာ အန်းရန်ကိုရှာဖွေရန် မက်ဆေ့ချ်ပို့ပြီးနောက် အိပ်ရာပေါ်လှဲချလိုက်သည်။

အခြားလူများမှာ အလွန်ပူလွန်း၍ လုံးဝမအိပ်နိုင်ကြပေ။ ရှောင်းယီသည်မူ လေအေးပေးစက်ဖွင့်ထားသော အခန်းထဲတွင် ဖြည်းဖြည်းချင်း အိပ်ပျော်သွားခဲ့သည်။

ရှောင်းယီ နိုးလာသောအခါ အပြင်၌ မှောင်မဲနေခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ။”

ရှောင်းယီ စနစ်ကို အမြန် ကြည့်လိုက်၏။ အချိန်မှာ ညနေ ၃:၂၅ ဖြစ်သည်။

ဘာလို့ ဒီအချိန်ကြီးကို မှောင်မဲနေရတာလဲ။

ရှောင်းယီသည် သံသယဖြင့် အပြင်ထွက်လာခဲ့သည်။ အပြင်၌ မိုးတိမ်များသည် သူ၏ခေါင်းပေါ်သို့ ဖိကျလာတော့မည့်အလား ခံစားလိုက်ရပြီး ရှောင်းယီသည် အလွန်နေရခက်သွားခဲ့သည်။

“မိုးအကြီးအကျယ် ရွာတော့မယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ခရက်”

“ဂျိန်း”

မိုးကြိုးပစ်သံတစ်ခုသည် မိုးတိမ်များကို ဆွဲဖြဲလိုက်သကဲ့သို့ ဟိန်းထွက်သွားပြီး မိုးများ သည်းထန်စွာ ရွာသွန်းလာတော့သည်။

ရှောင်းယီသည် ကျွန်းအထိန်န်းအမှတ်ကျောက်တိုင်သို့ ပြန်လည်လျှောက်သွားစဉ် အများသုံးချန်နယ်တွင် ဝမ်းသာစကားများဖြင့် ပြည့်နေပြီဖြစ်သည်။

“မိုးရွာပြီ။ အရမ်းကောင်းတယ်။ နောက်ဆုံးတော့ ရေအတွက် စိတ်ပူစရာမလိုတော့ဘူး။”

“ဟုတ်တယ်။ အမြန်မီးဖိုငှားလိုက်။ မိုးရေကို ကြိုချက်လိုက်ရင် ရေဆိုတာ အကန့်အသတ်မရှိဘူး။”

“နောက်ဆုံးတော့ နောက်ထပ်မပူတော့ဘူး။ မိုးထဲမှာနေရတာ အရမ်းကောင်းတာပဲ။”

“အအေးမိမှာကို သတိထားကြဦး။”

ရှောင်းယီသည် သူတို့၏ ဝမ်းသာမှုကို ကြည့်ရင်း သီးသန့်ချန်နယ်သို့ ပြောင်းလိုက်သည်။

“အဲဒီမှာ မိုးရွာနေလား။”

ရှောင်းယီက မေးလိုက်သည်။

“ရွာတယ်။ မိုးက အရမ်းပြင်းတယ်။”

ကျန်းယွင်ထျန်းထံမှ အကြောင်းပြန်လာခဲ့သည်။

ဆုဝမ်သည်လည်း တဲထဲတွင် ပုန်းနေပြီး ပြောလိုက်သည်။

“ရွာတယ်။ ငါ့တဲထဲကိုတောင် ရေနည်းနည်းဝင်နေပြီ။”

“ဒီမှာလည်းရွာနေတယ်။ ဒါပေမယ့် သာမန်ပါပဲ။”

ယွမ်နွန်က အကြောင်းပြန်လာခဲ့သည်။

သူတို့သုံးဦး၏ မိုးရွာသွန်းမှုအခြေအနေကို အခြေခံ၍ ရှောင်းယီသည် ယွမ်နွန်သည် သူနှင့် ပိုမိုဝေးကွာနေပြီး အခြားနှစ်ဦးသည်မူ သူနှင့်အတူတူပင်ရှိနေသည်ဟု ခန့်မှန်းမိလိုက်သည်။

“မိုးထဲမှာ အအေးမမိအောင် သတိထားကြပါ။”

ရှောင်းယီက သတိပေးလိုက်ပြီး မနက်က မပြီးဆုံးသေးသော အကင်လုပ်ငန်းကို ဆက်လုပ်ရန် အပြင်ထွက်လာခဲ့လိုက်သည်။

ဤတစ်ကြိမ်တွင် ဟင်းသီးဟင်းရွက်များပေါ်တွင် ဆီသုတ်ထားသောကြောင့် ကင်ထားသော ဟင်းသီးဟင်းရွက်များ၊ အာလူးများနှင့် ဝက်သားပြားများမှာ အနံ့အရသာနှင့် ပြည့်စုံနေခဲ့သည်။ ထိုအကင်များကို ဆုဝမ်နှင့် အခြားသူများထံ ပို့ပေးလိုက်လေသည်။

“ဟေ...ဒီတစ်ခါတော့ ဟင်းနုနွယ်ရွက်ပေါ်မှာ ဆီသုတ်ထားတာပဲ။”

ဆုဝမ်က အံ့အားသင့်စွာပြောလိုက်သည်။

“ဒါပေမယ့် ဒါက ဝက်ဆီမဟုတ်ဘူးမို့လား။”

“ဒါကိုလည်း မင်းသိတာပဲလား။”

ရှောင်းယီက အံ့အားသင့်စွာမေးလိုက်သည်။

“ဒါပေါ့။ ဆီနှစ်မျိုးက အရမ်းကွာတယ်လေ။”

ဆုဝမ်က ပြန်ပြောလာခဲ့သည်။

“ဟုတ်တယ်။ ဒီတစ်ခါ ပဲဆီသုံးထားတာ။ ပဲတွေရိတ်သိမ်းပြီးတဲ့နောက် ဆီနည်းနည်းညှစ်ထားတယ်လေ။”

ရှောင်းယီက ပြောလိုက်သည်။

“အများကြီးမရှိပေမယ့် လုံလောက်ပါတယ်။”

“နင့်ရဲ့ပစ္စည်းတွေက ပိုပြီးပြည့်စုံလာပြီပဲ။”

ဆုဝမ်က ပြုံးရင်းပြောလိုက်သည်။ ရှောင်းယီ ခေါင်းခါလိုက်၏။

“ပစ္စည်းတွေအများကြီး လိုနေသေးတယ်။”

“နင်က တကယ် ရောင့်ရဲတတ်တာပဲနော်။”

ဆုဝမ်က ထိုသို့ပြောလိုက်ပြီး အသားများကို စားသောက်ရန် ပျော်ရွှင်စွာ ထွက်သွားတော့လေသည်။

အပြင်တွင် မိုးများ သည်းထန်နေပြီး မိုးရေများ ဆက်တိုက်ကျဆင်းနေခဲ့သည်။

“ငါ့လယ်ကွင်းတွေ ရေလျှံနေလောက်မလား။”

ရှောင်းယီက မျက်မှောင်ကျုံ့ကာ တွေးမိလိုက်သည်။

“မဖြစ်နိုင်ပါ။ အလိုအလျောက်ဉာဏ်ရည်တု ရေသွင်းစနစ်သည် ရေလျှံမှုကို အချိန်မီ ရှင်းလင်းပေးပါမည်။”

စနစ်က အကြောင်းကြားလာခဲ့သည်။

“အရမ်းမိုက်တာပဲ။”

ရှောင်းယီက လက်မထောင်ပြလိုက်သည်။

မိုးကောင်းကင်သည် မှောင်မည်းနေဆဲဖြစ်ပြီး မိုးရွာသွန်းခြင်းမှာ မည်မျှကြာမည်ကို မသိသောကြောင့် ရှောင်းယီသည် မိုးရေထဲသို့ ဆင်းရန် သူ၏အဝတ်အစားများကို ဝတ်ဆင်လိုက်သည်။

ယနေ့ဖမ်းမိသော ပစ္စည်းသေတ္တာခုနစ်လုံးကို သစ်သားအလုပ်ရုံထဲသို့ ဆွဲသွင်းပြီး အလိုအလျောက်ငါးဖမ်းပိုက်ကို ကျပန်းပစ်ရန် ချိန်ညှိလိုက်သည်။

ပစ္စည်းသေတ္တာတွေကို ဖွင့်မယ်။

“ရရှိသောပစ္စည်းများ- အုတ်မြစ်ကျောက် ၂၊ စောင်အထူ ၁၊...”

“ရရှိသောပစ္စည်းများ- အုတ်မြစ်ကျောက် ၁၊ ဒူးလေးကြီးထုတ်လုပ်မှုပုံစံ ၁၊...”

“ရရှိသောပစ္စည်းများ-...”

ပစ္စည်းသေတ္တာခုနစ်လုံးတွင် အုတ်မြစ်ကျောက်လေးခု၊ ပေါင်မုန့် ၅၀၀ဂရမ်၊ ထုတ်လုပ်မှုပုံစံတစ်ခုနှင့် အအေးဒဏ်ကာကွယ်ရန် စောင်အထူများပါဝင်ပြီး ကျန်သည်များမှာ အခြေခံပစ္စည်းများဖြစ်သည်။

[ဒူးလေးကြီးထုတ်လုပ်မှုပုံစံ]- သစ်သား ၅၀၊ တိရစ္ဆာန်အရွတ် ၄၊ သံ ၁၀။”

“ကံကောင်းလို့ အရင်က တောဝက်ရိုင်းနဲ့ ဝံပုလွေတွေက အရွတ်ခုနစ်ခုပေးခဲ့တယ်။ မဟုတ်ရင် ဒီပစ္စည်းလုပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။”

ရှောင်းယီက ပြောလိုက်သည်။

ထို့နောက် သူသည် ကျွန်းအထိန်းအမှတ်ကျောက်တိုင်သို့ ပြန်သွားပြီး ထိုဒူးလေးကို ချက်ချင်းပြုလုပ်လိုက်သည်။

“ထားရှိမည့်နေရာကို ရွေးချယ်ပါ။”

ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် ဒူးလေးကို တိုက်ခန်းရှေ့ ကမ်းခြေပေါ်တွင် ထားလိုက်သည်။ ၎င်းမှာ ဒူးလေးကြီးဖြစ်သည့်အတွက် အားကောင်းသော လေးကြီးတစ်ခုဖြစ်ရပေမည်။

အနာဂတ်တွင် တစ်စုံတစ်ဦး ဆိုက်ရောက်လာပါက ဤလက်နက်ဖြင့် သူတို့ဆိုက်ရောက်ခြင်းကို တားဆီးနိုင်မည်ဖြစ်သည်။

နေရာချပြီးနောက် ရှောင်းယီသည် ကျွန်းအထိန်းအမှတ်ကျောက်တိုင်သို့ ပြန်သွားကာ လူများစကားပြောနေသည်ကို ဆက်လက်ကြည့်ရှုလိုက်သည်။

“မိုးက ဘာလို့ မတိတ်သေးတာလဲ။”

“ဟုတ်တယ်။ ငါပစ္စည်းသေတ္တာနှစ်လုံးဖမ်းဖို့ အပြင်ထွက်ရဦးမယ်။”

“သွားသွား ငါတောင် တစ်လုံးပဲပြန်ရတယ်။”

“ဒီလောက်မိုးသည်းနေတာကို နေမကောင်းဖြစ်မှာမကြောက်ဘူးလား။”

“ကြောက်တယ်လေ။ ဒါပေမယ့် ငတ်ပြတ်သေတာ ဒါမှမဟုတ် ရေနစ်သေမှာကို ပိုကြောက်တယ်။ ပြန်လာရင် စိုနေတဲ့အဝတ်တွေချွတ်ပြီး မီးနဲ့အခြောက်ခံလိုက်မယ်။”

“ဒါဆို ငါလည်းအပြင်ထွက်ရမယ်။”

“အားလုံး ဒီလိုပဲ တိုက်ပွဲဝင်နေကြတာလား။”

“မကြိုးစားရင် သေရမယ်လေ။ မကြိုးစားဘဲနေလို့ရမလား။”

ထိုအခါ ရှောင်းယီသည်လည်း ဆုဝမ်နှင့် အခြားသုံးဦးထံ မက်ဆေ့ချ်ပို့လိုက်သည်။

“မိုးထဲမှာ ပစ္စည်းသေတ္တာမဖမ်းနဲ့။ နေမကောင်းဖြစ်ရင် အရမ်းဒုက္ခရောက်လိမ့်မယ်။ ပစ္စည်းသေတ္တာတစ်လုံးအတွက်နဲ့ မတန်ဘူး။”

သူတို့သုံးဦးမှ အသီးသီးအကြောင်းပြန်ခဲ့ကြသည်။

အပြင်တွင် မိုးများသည်းထန်စွာ ဆက်လက်ရွာသွန်းနေပြီး ရေများမှာ ရှောင်းယီ၏တိုက်ခန်းနောက်ဘက်ရှိ တောင်တန်းပေါ်မှ ချောင်းငယ်လေးတစ်ခုအဖြစ် စီးဆင်းလာခဲ့သည်။

နောက်ဆုံးတွင် ၎င်းသည် သူတူးထားသော မြောင်းထဲသို့ ရောက်ရှိသွားခဲ့ပြီး ယခုအခါ မြောင်းသည် အစတုန်းကထက် ပိုကျယ်လာသည်ကို တွေ့လိုက်ရသည်။

ရှောင်းယီသည် အပြင်က မိုးသံများကိုနားထောင်ရင်း ဖြည်းဖြည်းချင်း အိပ်ပျော်သွားခဲ့သည်။

ဤတစ်ကြိမ်တွင် သူသည် နောက်တစ်နေ့ ရောက်သည်အထိ အိပ်ပျော်သွားခဲ့၏။

အော် အစ် အစ် အွတ်....။

ရှောင်းယီသည် ကြက်ဖတွန်သံဖြင့် နိုးလာခဲ့သည်။

သူသည် အိပ်ရာမှထလိုက်ပြီး ကျွန်းအထိန်းအမှတ်ကျောက်တိုင်ပေါ်က စကားပြောမှတ်တမ်းများကို ကြည့်ရှုလိုက်ရာ မိုးသည် မနေ့က မနက် ၅နာရီအထိ မတိတ်ဘဲ ရွာနေခဲ့သည်။

တိုက်ခန်းမှထွက်ကြည့်ရာ အလင်းရောင်ထွက်လာနေပြီး အလွန်အမင်း ပူပြင်းနေခြင်းမရှိတော့ပေ။

“နောက်ဆုံးတော့ သာယာတဲ့နေ့လေးတစ်နေ့ကို ရောက်လာခဲ့ပြီပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“ပင်လယ်သည် ကျွန်း၏အုတ်မြစ်ကို တိုက်စားနေပြီး လက်ရှိတိုက်စားမှုမှာ ၃၀% ဖြစ်သည်။”

စနစ်က အကြောင်းကြားလာခဲ့သည်။

“စနေပြီလား။”

ရှောင်းယီက ပြောလိုက်ပြီး လယ်ကွင်းသို့သွားကာ မြက်ပင်များကို အရင်ရိတ်သိမ်းပြီး နွားခြံထဲသို့ ထည့်လိုက်သည်။

ယခင်က တူးထားသော ငါးကန်တွင် ပင်လယ်ငါးများဖြင့် ထပ်မံပြည့်နှက်နေပြီး အလိုအလျောက်ငါးဖမ်းကွန်မှာ မနေ့ညက ကောင်းစွာဖမ်းမိခဲ့ပုံရသည်။

ရှောင်းယီသည် ပင်လယ်ငါးများစွာကို နေခြောက်လှမ်းရန် ပြင်ဆင်လိုက်ပြီး ငါးခြောက်အဖြစ် သိမ်းဆည်းမည်ဖြစ်သည်။

အလိုအလျောက်ငါးဖမ်းပိုက်၏ ပစ်မှတ်ကို ပြန်ညှိပြီး တိုက်ခန်းအနောက်ဘက်သို့ သွားလိုက်သောအခါ မူလက တောင်ကုန်းလေးသည် ယခု မီတာနှစ်ရာမှ သုံးရာအထိ မြင့်မားလာပြီဖြစ်သည်။

All Chapters