← Chapters

အန်းယွဲ့ အကျပ်ရိုက်ခြင်းနှင့် ရှောင်းယီက အခြေအနေကို ပြောင်းလဲပေးခြင်း

Vol. 6 Ch. 79

အန်းယွဲ့ အကျပ်ရိုက်ခြင်းနှင့် ရှောင်းယီက အခြေအနေကို ပြောင်းလဲပေးခြင်း

Vol. 6 Ch. 79

အန်းယွဲ့သည် အဖြေပြန်မပေးဘဲ လဲလှယ်မှုတောင်းဆိုချက်တစ်ခုကိုသာ ပို့လိုက်သည်။

[မြေဆီလွှာ] (A အဆင့်) ၁၊ [တဲ] ၁၊ [အနွေးထည်] ၁၊ [အုတ်မြစ်ကျောက်] ၂၊... အခမဲ့လဲလှယ်ခြင်း။

“ဒါတွေကို သိမ်းထားလိုက်ပါ။ နောင်တစ်ချိန်မှာ အန်းရန်ကို ရှာတွေ့ဖို့ အခွင့်အရေးရရင် ဒါလေးတွေ သူမကို ပေးလိုက်ပါ။”

အန်းယွဲ့၏ အသံမှာ အားနည်းနေပြီး စောစောက ရှောင်းယီကို အော်ဟစ်ဆူပူလိုက်စဉ်ကပင် သူ၏ အင်အားအားလုံး ကုန်ခမ်းသွားသည့်အတိုင်းပင်။

ထိုပစ္စည်းများကို ကြည့်ပြီး ရှောင်းယီသည် မဆိုင်းမတွဘဲ လဲလှယခမှုကို ချက်ချင်း ငြင်းပယ်လိုက်သည်။

“ကျုပ်ကို ပြောစမ်းပါ။ ခင်ဗျား ဘာဖြစ်နေတာလဲ။ အခုချက်ချင်း။”

ရှောင်းယီ ဟိန်းဟောက်လိုက်၏။ အန်းယွဲ့မှာ အနည်းငယ် ကြောင်အသွားပြီးနောက် ပြုံးကာ ပြန်ဖြေလိုက်သည်။

“မင်း မင်းရဲ့ဦးလေးအတွက် စိတ်ပူနေမှန်း ငါသိပါတယ်။ မင်းကို စတွေ့ကတည်းက မင်းက စိတ်ကောင်း၊ နှလုံးကောင်းရှိသူမှန်း ငါသိတယ်။ အန်းရန်ကို ရှာပါ။ ပြီးရင် ငါ့ရဲ့ မျှော်လင့်ချက်တွေနဲ့အတူ အသက်ဆက်ရှင်သွားပါ။”

“ပါးစပ်ပိတ်ထား။”

ရှောင်းယီ အော်ဟစ်လိုက်၏။

“ခင်ဗျားရဲ့ အခြေအနေကို အခုချက်ချင်း ပြော။ ခင်ဗျားကို ကယ်နိုင်မယ့် နည်းလမ်း ကျုပ်မှာ သေချာပေါက် ရှိတယ်။ အန်းရန်က ခင်ဗျားရဲ့ ပြုစုစောင့်ရှောက်မှုကို လိုအပ်သေးတယ်။ ပြီးတော့ နောက်နောင် မင်္ဂလာဆောင်တဲ့အခါမှာလည်း ခင်ဗျားကို သက်သေအဖြစ် လိုအပ်ဦးမှာ။”

အန်းရန် ဟူသောအမည်ကို ကြားလိုက်ရသောအခါ အန်းယွဲ့၏ မျက်လုံးများထဲတွင် အသက်ရှင်လိုစိတ် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ခဏချင်းမှာပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

“အပိုပဲ။ ငါ့ရဲ့ ခြေထောက်အောက်ပိုင်းကို ငါးမန်းကိုက်သွားပြီး အခု ပိုးဝင်ပြီး ရောင်နေပြီ။ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။”

အန်းယွဲ့သည် ပြည်များထွက်နေသော သူ၏ ခြေထောက်အောက်ပိုင်းကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

အန်းယွဲ့၏ စကားကြောင့် ရှောင်းယီ တုန်လှုပ်သွားခဲ့၏။ အန်းယွဲ့သည် ရေထဲသို့ တကယ်ဆင်းခဲ့ပြီး ငါးမန်းနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်မှာ မယုံနိုင်စရာပင်။

သို့သော် နောက်အခိုက်တွင် ရှောင်းယီက ချက်ချင်းပြောလိုက်သည်။

“ဦးလေးအန်း ကျုပ်စကားကို နားထောင်။ အရှုံးမပေးလိုက်ပါနဲ့။ ဦးလေးကို ကယ်လို့ရသေးတယ်။”

ပြောပြောဆိုဆိုဖြင့် ရှောင်းယီသည် S အဆင့် ရေသန့် ၂ လီတာနီးပါးနှင့် SSS အဆင့် တစ်ရှူးထုပ်ကြီး တစ်ထုပ်ကို အန်းယွဲ့ထံ ပို့ပေးလိုက်သည်။

[ရေသန့်] (S အဆင့်) ၁၉၈၆ မီလီလီတာ၊ [တစ်ရှူး ] (SSS အဆင့်) အခမဲ့လဲလှယ်ခြင်း။

ထိုရေသန့်ကို မြင်သောအခါ အန်းယွဲ့၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူသည်လည်း အများသုံး ချန်နယ်ရှိ စကားပြောခန်းများကို စောင့်ကြည့်လေ့ရှိသူဖြစ်ရာ အဆင့်ပါသော ရေနှင့် အစားအစာများသည် မည်မျှ တန်ဖိုးကြီးကြောင်း သိထားခဲ့သည်။

ရှောင်းယီက ဤမျှများပြားသော S အဆင့် ရေများကို ထုတ်ပေးနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ထို့အပြင် ထို SSS အဆင့်တစ်ရှူးဆိုသည်မှာလည်း...ဤကဲ့သို့ အဆင့်မြင့်ပစ္စည်းမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

“လဲလှယ်မှုကို လက်ခံလိုက်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ကျုပ်စကားကို နားထောင်ပါ။ ရေသန့်ကို သုံးပြီး ဒဏ်ရာကို ဆေးလိုက်။ ပြီးရင် တစ်ရှူးနဲ့ ပတ်ထားလိုက်။ ကျန်တဲ့ရေတွေကို အကုန်သောက်လိုက်။ နားလည်လား။”

“ဒီလို ကောင်းတဲ့ပစ္စည်းတွေကို အလဟဿ မလုပ်ပါနဲ့။ မင်းပဲ သိမ်းထားလိုက်ပါ။”

အန်းယွဲ့က ခေါင်းခါရင်း ပြောလိုက်သည်။

“ကျုပ်စကားကို နားထောင်ပြီး အခုချက်ချင်း လုပ်လိုက်စမ်းပါ။”

ရှောင်းယီက အော်ပြောလိုက်၏။

“ဦးလေးက အသက်ရှင်ဖို့ကို လက်လျှော့ပြီး အန်းရန်နဲ့ ထပ်မတွေ့ချင်တော့ဘူးလား။”

“ငါ...”

အန်းယွဲ့ စကားမဆုံးသေးမီ ရှောင်းယီက ထပ်ပြောလိုက်သည်။

“S အဆင့်ရေသန့်က လူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်တယ်။ ပြီးတော့ SSS အဆင့်တစ်ရှူးမှာ ပိုးသတ်ပေးပြီး အရောင်ကျစေတဲ့ အာနိသင်ရှိတယ်။ ဒီနှစ်ခုပေါင်းလိုက်ရင် ဦးလေးရဲ့ အသက်ရှင်ဖို့ အခွင့်အလမ်းက သိသိသာသာကို တိုးလာလိမ့်မယ်။”

ထိုပစ္စည်းနှစ်ခု၏ အာနိသင်ကို ကြားလိုက်ရသောအခါ အန်းယွဲ့၏ မျက်လုံးများ ပို၍ပင် ပြူးကျယ်သွားခဲ့၏။ အကယ်၍ ဤပစ္စည်းများသာ ထိုကဲ့သို့ အာနိသင်ရှိမည်ဆိုပါက ၎င်းတို့သည် ဤနေရာတွင် နတ်ဘုရားအဆင့်ပစ္စည်းများပင် ဖြစ်ပေလိမ့်မည်။

ဤနေရာတွင် ဆေးရုံလည်းမရှိ၊ ဆေးဝါးလည်းမရှိသည်ဖြစ်ရာ ဤပစ္စည်းများသည် အစစ်အမှန် အသက်ကယ်ပစ္စည်းများပင်။

“မြန်မြန်လုပ် စောစော ကုသလေ ပိုကောင်းလေပဲ။”

ရှောင်းယီက တိုက်တွန်းလိုက်သည်။ အန်းယွဲ့သည် နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ လဲလှယ်မှုကို ချက်ချင်း လက်ခံလိုက်၏။ ထိုပစ္စည်းနှစ်ခုမှာ သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

သူ၏ခြေထောက်မှာ ငါးမန်းကိုက်ခံထားရသဖြင့် အရိုးအက်သွားခြင်းသာဖြစ်ပြီး လုံးဝ ပြတ်ထွက်သွားခြင်း မရှိသေးပေ။ သူသည် သစ်သားချောင်းတစ်ခုကို ပါးစပ်တွင် ကိုက်ကာ အံကြိတ်ပြီး ရေသန့်ကို အသုံးပြု၍ ဒဏ်ရာမှ ပြည်များကို ဆေးကြောလိုက်သည်။

သူသည် အက်နေသော အရိုးအပိုင်းအစကို မူလနေရာသို့ ပြန်တွန်းပို့လိုက်ရာ ဤလုပ်ဆောင်ချက်များကြောင့် သူ၏ ခွန်အားအားလုံး ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့ရသည်။

“ဟူး”

အန်းယွဲ့သည် သူကိုက်ထားသော ကျိုးလုနီးပါးဖြစ်နေသည့် သစ်သားချောင်းကို ထွေးထုတ်လိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်ကာ ဒဏ်ရာကို တစ်ရှူးဖြင့် လုံအောင် ပတ်လိုက်လေသည်။ ကျန်ရှိနေသော S အဆင့်ရေသန့်ကို မြင်သောအခါ အန်းယွဲ့သည် တစ်ကျိုက်တည်းဖြင့် အကုန်သောက်ချလိုက်တော့သည်။

ရေသောက်ပြီးနောက် အန်းယွဲ့သည် တစ်ကိုယ်လုံး ပူနွေးလာသည်ဟု ခံစားလိုက်ရပြီး ယခင်က ရှိခဲ့သော အားနည်းသည့် ဝေဒနာမှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ခြေထောက်မှ ဒဏ်ရာမှာလည်း ယခင်ကလောက် မနာကျင်တော့ပေ။

‘ဒီရေသန့်က ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်ရတာလဲ။’

အန်းယွဲ့ အံ့သြတုန်လှုပ်စွာ တွေးလိုက်မိ၏။

ရှောင်းယီသည် အန်းယွဲ့အတွက် ဝက်သားပြား ကင်ပေးလိုက်ပြီး ကြက်ဥနှစ်လုံး ကြော်ကာ ပို့ပေးလိုက်လေသည်။

[ဝက်သားကင်] ၃၀၀ ဂရမ်၊ [ကြက်ဥကြော်] (A အဆင့်) ၁၂၀ ဂရမ် - အခမဲ့ လဲလှယ်ခြင်း။

ရှောင်းယီ ပို့လိုက်သော လဲလှယ်မှုကို မြင်လိုက်ရပြန်သောအခါ အန်းယွဲ့မှာ နောက်တစ်ကြိမ် မှင်တက်သွားရပြန်သည်။

“မင်း... မင်း ဝက်သားပြားတွေ ဘယ်ကရတာလဲ။ ပြီးတော့ A အဆင့်ကြက်ဥတွေပါ ရှိနေတာလား။”

အန်းယွဲ့၏ အသံမှာ တုန်ယင်နေခဲ့သည်။

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“တောဝက်က ကျုပ်ကျွန်းပေါ်ကပါ။ ကြက်ဥတွေကတော့ ကျုပ်မွေးထားတဲ့ ကြက်တွေကနေ သဘာဝအတိုင်း ဥထားတာပေါ့။ ဖြည်းဖြည်းချင်းစားပါ။ ကျုပ် အကြောင်းစုံ ပြောပြမယ်။”

ထို့နောက် အန်းယွဲ့ အံ့အားသင့်နေစဉ်အတွင်း ရှောင်းယီသည် သူသိထားသမျှ သတင်းအချက်အလက်များကို ရှင်းပြလိုက်တော့သည်။ သို့သော် လက်မှတ်ထိုးဝင်ခြင်းစနစ် အကြောင်းကိုမူ မည်သူ့ကိုမျှ မပြောဘဲ ချန်ထားခဲ့၏။

ကျွန်းများ ဆင့်ကဲပြောင်းလဲလာပုံ၊ ဒေသခံများ၏ သင်္ဘောကြီးများ၊ အဆင့်မြင့် ကိရိယာများနှင့် အစားအသောက်များ။

ရှောင်ယီသည် ထိုအချက်အလက်အားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြပေးခဲ့သည်။

“မင်း... မင်း ဒါတွေကို ဘယ်လိုလုပ် ဒီလောက် အသေးစိတ် သိနေတာလဲ။”

အန်းယွဲ့က ထိတ်လန့်နေဆဲ အမူအရာဖြင့် မေးလိုက်သည်။

“ကျုပ်ဆီမှာ သတင်းအချက်အလက် ရနိုင်တဲ့ တခြားလမ်းကြောင်းတွေ ရှိတယ်။”

ရှောင်းယီက ဝေဝေဝါးဝါးသာ ပြန်ဖြေလိုက်သည်။ အန်းယွဲ့သည်လည်း လူမှုရေးသိတတ်သူဖြစ်သဖြင့် ဆက်မမေးတော့ပေ။

“အခု ဦးလေးကျွန်းရဲ့ ဧရိယာက ဘယ်လောက်ရှိပြီလဲ။”

ရှောင်းယီက မေးလိုက်သည်။

“၄ စတုရန်းမီတာပဲ ရှိသေးတယ်။”

အန်းယွဲ့က ဖြေလိုက်သည်။

“၄ စတုရန်းမီတာပဲ ရှိတယ်ဆိုရင် ဘာလို့ ဟိုအုတ်မြစ်ကျောက် နှစ်ခုကို မသုံးတာလဲ။”

စောစောက အန်းယွဲ့ ပို့လိုက်သော လဲလှယ်မှုတွင် အုတ်မြစ်ကျောက် နှစ်ခုပါသည်ကို ရှောင်းယီ တွေ့ခဲ့၏။

“ဘယ်လိုပဲဖြစ်ဖြစ် ရေက တစ်ပတ်ကို ၁ စတုရန်းမီတာပဲ မြုပ်တာလေ။ ဒါတွေကို အန်းရန်နဲ့ သူမအမေအတွက် သိမ်းထားပေးတာပါ။”

အန်းယွဲ့က ပြန်ဖြေလာခဲ့သည်။

အန်းယွဲ့သည် အန်းရန်တို့သားအမိကို ရှာတွေ့ချိန်တွင် သူတို့ကျွန်း ရေမြုပ်တော့မည်ဆိုပါက အရေးပေါ်သုံးရန် စိတ်ပူနေခြင်း ဖြစ်သည်။

“ဦးလေးပဲ အရင် သုံးလိုက်ပါ။ ကျုပ်ဆီမှာလည်း ရှိပါတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“နေရာ ပိုကျယ်လာရင် လှုပ်ရှားရတာ ပိုပြီး အဆင်ပြေတာပေါ့။”

အန်းယွဲ့က ခေါင်းခါလိုက်၏။ သူသည် သူတစ်ပါးအပေါ် မှီခိုရခြင်းကို မနှစ်သက်ပေ။

ရှောင်းယီ အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဒီလိုလုပ်ရအောင် ဦးလေးအန်း အခု တစ်ခုကို အရင် သုံးလိုက်ပါ။ နောက်ကျလို့ အန်းရန်နဲ့ သူမအမေကို တကယ်ရှာတွေ့ခဲ့ရင် ကျုပ်ဘက်ကလည်း တစ်ခု ပံ့ပိုးပေးပါ့မယ်။ ကျုပ် အမှားဝန်ခံတဲ့ အနေနဲ့ပေါ့။”

အန်းယွဲ့သည် ခဏစဉ်းစားပြီးနောက် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ။”

သူ၏ ရောင်ရမ်းနေသော ဒဏ်ရာမှာ သိသိသာသာ သက်သာလာသည်ကို သူ ခံစားနေရသည်။ ရှောင်းယီ ပေးသော ပစ္စည်းများက သူ့ကို အမှန်တကယ် ကယ်တင်နိုင်သည်မှာ သေချာပေသည်။

ထိုအရာက သူ့ကို ကျေးဇူးတင်လွန်း၍ ငိုချင်စိတ် ပေါက်သွားစေခဲ့သည်။

အသက်ရှင်နိုင်မယ်ဆိုရင် ဘယ်သူက သေချင်ပါ့မလဲ။

ထို့အပြင် အန်းယွဲ့မှာ လက်လွှတ်မခံနိုင်သေးသည့် လူများလည်း ရှိနေသေးသည် မဟုတ်ပါလား။

“ဦးလေးအန်း အဲ့ဒီမှာ သုံးလို့ရတဲ့ ငါးဖမ်းပိုက် မရှိဘူးလား?။”

ရှောင်းယီက မေးလိုက်သည်။

“မရှိဘူး။ အစကတည်းက ရခဲ့တဲ့ စုတ်ပြတ်နေတဲ့ ငါးဖမ်းပိုက်ပဲ ရှိတယ်။ မဟုတ်ရင် ငါ ဘာလို့ ရေထဲ ဆင်းနေပါ့မလဲ။”

အန်းယွဲ့က ခါးသီးသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

ဖြစ်ပျက်ခဲ့သည်မှာ လွန်ခဲ့သော တစ်ရက်ခန့်က သူသည် ထိုစုတ်ပြတ်နေသော ပိုက်ဖြင့် ရိက္ခာသေတ္တာတစ်ခုကို ဖမ်းမိခဲ့သော်လည်း ဆွဲတင်နေစဉ် လမ်းခုလတ်၌ ကျွတ်ထွက်သွားခဲ့သည်။

အောင်မြင်တော့မည့် အနေအထားကို မြင်သောအခါ အန်းယွဲ့သည် လက်မလျှော့ချင်ခဲ့ပေ။ ရိက္ခာသေတ္တာမှာ ကျွန်းနှင့် ၇ မီတာ သို့မဟုတ် ၈ မီတာခန့်သာ ဝေးတော့သဖြင့် သူသည် အံကြိတ်ကာ ရေထဲသို့ ခုန်ဆင်းခဲ့ခြင်း ဖြစ်သည်။

ရိက္ခာသေတ္တာဘေးတွင် ငါးမန်းတစ်ကောင် လိုက်ပါလာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

ပုံမှန်အားဖြင့် ရိက္ခာသေတ္တာတစ်ခု၏ ဘေးတွင် အနည်းဆုံး ရေနေသတ္တဝါ နှစ်ကောင် ရှိတတ်သော်လည်း ဤသေတ္တာမှာ အန်းယွဲ့က မူလနေရာမှ ဆွဲထုတ်လာခဲ့ခြင်း ဖြစ်သဖြင့် ငါးမန်းတစ်ကောင်တည်းသာ ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

ငါးမန်း တစ်ကောင်တည်းသာ ရှိနေခြင်းမှာ ကံကောင်းသည်ဟုပင် ဆိုရပေမည်။ မဟုတ်ပါက ငါးမန်းနှစ်ကောင်၏ ဝိုင်းရံတိုက်ခိုက်မှုမှ အန်းယွဲ့ အသက်ရှင်လျက် လွတ်မြောက်လာရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

အကိုက်ခံရပြီး ဒဏ်ရာရသွားသောအခါ အန်းယွဲ့တွင် ကုသရန် ဘာမျှမရှိသဖြင့် သောက်ရေသန့်ဖြင့်သာ အကြမ်းဖျင်း ဆေးခဲ့ရသည်။

သို့သော် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ရာသီဥတုမှာ အလွန်ပူပြင်းလာခဲ့ပြီး သူ၏လက်ထဲတွင်လည်း ရေ ၂၀၊ ၃၀ မီလီလီတာခန့်သာ ရှိသဖြင့် ဘာမှ အရာမထင်ခဲ့ပေ။

ထို့အပြင် အုံ့မှိုင်းပြီး မိုးရွာသော ရာသီဥတုနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ဒဏ်ရာမှာ လျင်မြန်စွာ ပိုးဝင်ပြီး ပြည်များ ထွက်လာခဲ့ခြင်း ဖြစ်သည်။

All Chapters