← Chapters

အထူးထွက်နှုန်းကောင်းသော နေ့တစ်နေ့နှင့် မုန်တိုင်းမလာမီ လေငြိမ်နေခြင်း

Vol. 6 Ch. 81

အထူးထွက်နှုန်းကောင်းသော နေ့တစ်နေ့နှင့် မုန်တိုင်းမလာမီ လေငြိမ်နေခြင်း

Vol. 6 Ch. 81

ရှောင်းယီက ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။

“တကယ်ပဲ အရမ်းဝေးလွန်းတယ်။ ဒါပေမဲ့ ဦးလေးယွမ်က လာဖို့ ဆုံးဖြတ်ပြီးသွားပြီ။ သူက ဆုဝမ်ဆီကို အရင်ဝင်ပြီး သူမကို ခေါ်လိမ့်မယ်။ ပြီးမှ ဒီကို အတူတူ လာကြလိမ့်မယ်။”

ကျန်းယွင်ထျန်းက သက်ပြင်းချကာ ပြောလိုက်သည်။

“ကောင်းပါပြီ။ ဒါဆိုရင် ခရီးစဉ် ချောမွေ့ပါစေလို့ပဲ ဆုတောင်းရတော့မယ်။ သူတို့ မင်းဆီရောက်ပြီဆိုမှ ငါလာဖို့ကိစ္စကို ထပ်ဆွေးနွေးကြတာပေါ့။”

“မလိုပါဘူး။ ဒီနေ့ ပင်လယ်ရေတိုက်စားမှု ပြီးဆုံးတာနဲ့ အဆင်သင့်ပြင်ထားလိုက်တော့။ ကျွင်းကျွင်းကို ခေါ်ပြီး ငါ့ဆီ တန်းလာခဲ့။”

ရှောင်းယီက ပြောလိုက်သည်။

“ဟမ်...။”

ကျန်းယွင်ထျန်း မျက်မှောင်ကျုံ့သွားခဲ့သည်။

“ငါတစ်ယောက်တည်းဆိုရင်တော့ စွန့်စားလို့ရပေမဲ့ ကျွင်းကျွင်းပါနေရင်တော့ သစ်သားလှေငယ်လေးနဲ့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။”

“ဘယ်သူက သစ်သားလှေငယ်လေးနဲ့ လာခိုင်းလို့လဲ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“အလတ်စား ရွက်လှေနဲ့ ကျွင်းကျွင်းကို ခေါ်လာခဲ့။”

“ဒါပေမဲ့ အဲ့ဒီ ရွက်လှေက...”

ကျန်းယွက်ထျန်း ရုတ်တရက် အခြေအနေကို ရိပ်မိသွားခဲ့၏။

“ချီးဘဲ... မင်းဆီမှာ အလတ်စား ရွက်လှေ နှစ်စင်းရှိနေတာတော့ မဟုတ်ဘူးမလား။”

သူ လွှတ်ခနဲ မေးလိုက်မိသည်။

“မှန်တယ်။ ဆုတော့ မရှိဘူးနော်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“တခြား မေးစရာ ရှိသေးလား။”

“ဘာမှ မရှိတော့ဘူး။ ဒါပေမဲ့... အဲ့ဒီလှေကို မင်းနဲ့ ပိုနီးတဲ့လူဆီ အရင် ပို့ပေးသင့်တာ မဟုတ်ဘူးလား။”

သူသည် ရှောင်းယီ ခုနကတင် ရှာတွေ့ထားသော အန်းယွဲ့ကို ဆိုလိုခြင်းဖြစ်သည်။

“သူက ဒဏ်ရာရထားလို့ အနားယူဖို့ အချိန်လိုသေးတယ်။ မင်းတို့ အရင်လာခဲ့ကြပါ။”

“နားလည်ပြီ။ ငါ အခု အဆင်သင့်ပြင်လိုက်မယ်။”

ကျန်းယွင်ထျန်းက ချက်ချင်း ပြောလိုက်သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သင်္ဘောပေါ်ရွှေ့ဖို့နဲ့ ရှိသမျှ ရိက္ခာအားလုံး သယ်လာဖို့ မမေ့နဲ့ဦး။”

ရှောင်းယီက ထပ်လောင်းမှာကြားလိုက်သည်။

“လက်ခံရရှိပါပြီ။”

ဆုဝမ်တို့အုပ်စုနှင့် စကားပြောပြီးနောက် ရှောင်းယီသည် အန်းယွဲ့ထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။

“ဦးလေးအန်း အရင်ဆုံး အနားယူလိုက်ပါဦး။ ဒဏ်ရာပျောက်သွားပြီဆိုမှ ဦးလေးကို ဒီကို ဘယ်လိုခေါ်မလဲဆိုတာ ကျုပ် စဉ်းစားပေးပါ့မယ်။”

“ကောင်းပြီ။ ဒါပေမဲ့... တခြားလူတွေကိုကော ယုံလို့ရရဲ့လား။”

အန်းယွဲ့က မေးလိုက်သည်။

“ဒီမှာက ဥပဒေဆိုတာ မရှိဘူး။”

“ဦးလေး ဆိုလိုတာကို ကျုပ် နားလည်ပါတယ်။ စိတ်မပူပါနဲ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“မရိုးသားတဲ့ ရည်ရွယ်ချက်ရှိတဲ့သူ ဘယ်သူမဆို ကျုပ်ရဲ့သူငယ်ချင်း ဖြစ်လာမှာ မဟုတ်ဘူး။”

“မင်း သူတို့အားလုံးကို သိလို့လား။”

အန်းယွဲ့က မေးလိုက်၏။

“အခုတော့ အားလုံးက တစ်ယောက်နဲ့တစ်ယောက် သိနေကြပါပြီ။ ပြီးတော့ သူတို့ထဲက တစ်ယောက်ကို ဦးလေးလည်း သိတယ်။”

“ဘယ်သူလဲ။”

အန်းယွဲ့က စပ်စုလိုက်သည်။

“ယွမ်နွန်”

“သိပ္ပံအကယ်ဒမီက ပညာရှင် ယွမ်နွန်လား။”

အန်းယွဲ့ အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်မိ၏။ ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်ပါတယ်။ ကျုပ် အများသုံး ချန်နယ်မှာ ကြက်မွေးမြူရေးအကြောင်း မေးမိရာကနေ သူက ကျုပ်ဆီ PM ပို့လာခဲ့ပြီး သူငယ်ချင်းတွေ ဖြစ်သွားခဲ့တာပါ။”

“ဦးလေးယွမ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။”

အန်းယွဲ့က ဆိုသည်။ ရှားနိုင်ငံသားတိုင်း ယွမ်နွန်၏ ဂုဏ်သတင်းကို သိကြသည် မဟုတ်ပါလား။

“နောက်တစ်ယောက်ကတော့ ကလေးတစ်ယောက်ကို အသည်းစွဲနေအောင်ချစ်တဲ့ ဖခင်တစ်ယောက်ပါ။ သူက အရင်က ကြေးစားစစ်သားဟောင်း တစ်ယောက်ဖြစ်ခဲ့ဖူးတယ်။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ကလေးတစ်ယောက်နဲ့လား။”

အန်းယွဲ့ ပို၍ပင် အံ့သြသွားခဲ့သည်။

ရှောင်းယီက သူနှင့် ကျန်းယွင်ထျန်း မည်သို့တွေ့ဆုံခဲ့ပုံကို ရှင်းပြပြီးနောက် အန်းယွဲ့က ခေါင်းငြိမ့်လိုက်သည်။

“မင်းပြောပုံအရဆိုရင်တော့ ကျန်းယွင်ထျန်းက လူဆိုးတစ်ယောက် မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သူက ကြေးစားစစ်သားဟောင်းဆိုတော့ ပိုပြီး သတိထားရမယ်။ ကြေးစားစစ်သားဆိုတာ ပိုက်ဆံပေးတဲ့သူကို အမိခေါ်တဲ့ လူစားမျိုးတွေပဲ။”

“ဟုတ်ကဲ့ပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“စိတ်မပူပါနဲ့။ ကျုပ် သတိထားပါ့မယ်။ အခု သူတို့ရသမျှ အုတ်မြစ်ကျောက်တွေနဲ့ ရိက္ခာတွေအားလုံးက ကျုပ်ဆီကိုပဲ တိုက်ရိုက်ရောက်နေတာပါ။”

“အို... မင်းရဲ့ကျွန်းကို ပိုပြီးမြန်မြန် တိုးတက်အောင် ကူညီပေးနေကြတာလား။”

အန်းယွဲ့က မေးလိုက်သည်။

“တစ်မျိုးတော့ ဟုတ်ပါတယ်။ ကျုပ်တို့တွေ အတူတူ စုပေါင်းနေထိုင်ဖို့ စီစဉ်ထားတာမို့လို့ အခုလို လုပ်နေတာပါ။”

ရှောင်းယီက ဆိုသည်။

“ကောင်းပြီလေ ဘာပဲလုပ်လုပ် သတိရှိရှိတော့ လုပ်ပါ။”

အန်းယွဲ့က သတိပေးလိုက်သည်။

ဆုဝမ်တို့၏ ခရီးစဉ်ကို စီစဉ်ပြီးနောက် ရှောင်းယီသည် အများသုံး ချန်နယ်သို့ ပြောင်းကြည့်လိုက်သည်။

“ဒီနေ့တော့ အကြီးအကျယ် ရိတ်သိမ်းရတဲ့နေ့ပဲ။ ငါ ရိက္ခာသေတ္တာ နှစ်လုံးတောင် မိထားတယ်။ ပစ္စည်းတွေ အများကြီးပဲ။ အုတ်မြစ်ကျောက် ၃ ခုတောင် ပါသေးတယ်။”

“ဟုတ်တယ်။ ဒီကမ္ဘာကြီးက ငါတို့ကို ညှာတာနေသေးပုံပဲ။”

“သေတ္တာတွေ မျောလာတဲ့ပုံစံကြည့်ရရင် ဒီနေ့ ၃ လုံးလောက်တော့ မိနိုင်တယ်။”

“ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ နောက်ဆုံးတော့ ငါ စားစရာနဲ့ ရေ ရခဲ့ပြီ။”

“ကမ္ဘာကြီးက ဆုလာဘ်တွေ ပေးနေတဲ့ပုံပဲ။ ငါတို့ နှစ်ပတ်တိုင်တိုင် ရှင်သန်နိုင်ခဲ့တာကို အောင်ပွဲခံပေးနေတာများလား။”

ရှောင်းယီက အပြင်သို့ ထွက်လာရင်း တိုးတက်လေး ရေရွတ်လိုက်သည်။

တံခါးဝတွင် သေတ္တာ ၅ လုံး ရောက်နေပြီ ဖြစ်ပြီး ရေဒါထောက်လှမ်းမှုအရ နောက်ထပ် ၄ လုံး ထပ်မံ ဆယ်ယူနိုင်သေးသည်။

စုစုပေါင်း ၉ လုံး...။

ယနေ့သည် ရှောင်းယီအတွက် အမှန်တကယ်ပင် ထွက်နှုန်းကောင်းသော နေ့တစ်နေ့ဖြစ်ပေသည်။

သူသည် နွားနို့ညှစ်ကာ ပင်လယ်ငါးများကို ကင်လိုက်ပြီး လူတိုင်းအတွက် နေ့လယ်စာအဖြစ် ပို့ပေးလိုက်သည်။

“ဝုတ် ဝုတ် ဝုတ်”

ဝမ်ချိုင်၏ ဟောင်သံက တိုက်ခန်း၏ နောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် အန္တရာယ်ရှိ၍ ဟောင်ခြင်းမျိုး မဟုတ်ဘဲ အသစ်အဆန်းတစ်ခုခုကို တွေ့ရှိလိုက်၍ စပ်စုကာ ဟောင်ခြင်းသာ ဖြစ်သည်။

ရှောင်းယီ အနောက်ဘက်သို့ သွားကြည့်လိုက်ရာ ဝမ်ချိုင်သည် တောင်ခြေရှိ စမ်းချောင်းလေးဘေးတွင် ရပ်ကာ ရေထဲသို့ ကြည့်ပြီး ဟောင်နေသည်ကို တွေ့လိုက်ရလေသည်။

သူသည် ငါးကင်တစ်ဖဲ့ကို ခွေးကလေးထံ ပစ်ပေးလိုက်ပြီး ခေါင်းကို ပွတ်ပေးကာ ပြောလိုက်သည်။

“မင်း ဘာတွေ့ထားတာလဲ ကြည့်ရအောင်။”

ထိုစဉ်....

ပလုံ

ငါးတစ်ကောင်မှာ စမ်းချောင်းထဲမှ ခုန်ထွက်လာပြီး ရေထဲသို့ ပြန်ကျသွား၏။ ရှောင်းယီ၏ မျက်နှာမှာ ဝင်းပသွားခဲ့သည်။

“ဒါဆို ရေချိုငါးတွေ စပြီး ပေါက်ဖွားနေပြီပေါ့။ ကောင်းတယ်...တကယ့်ကို ကောင်းတယ်။”

သူသည် ငါးများကို ချက်ချင်း မဖမ်းသေးပေ။ ၎င်းတို့ကို အနားယူစေပြီး ပိုမိုပွားများလာအောင် အချိန်ပေးထားလိုက်၏။

တိုက်ခန်းသို့ ပြန်ရောက်သောအခါ ပန်းသီးပင်မှာ နောက်ဆုံး အသီးသီးပြီးကတည်းက ပန်းထပ်မပွင့်သေးသည်ကို တွေ့လိုက်ရလေသည်။ အကြောင်းရင်းကိုမူ သူ မသိပေ။ သူခူးထားသော ပန်းသီးများမှလည်း အစေ့များ ထပ်မရရှိခဲ့ပေ။

“ဒီကမ္ဘာကြီးက ပန်းသီးပင်တွေ အရမ်းများမသွားအောင် ကန့်သတ်ထားတာ နေလိမ့်မယ်။”

ရှောင်းယီက တိုးတိုးလေး ရေရွတ်လိုက်မိသည်။

ထို့နောက် သူသည် ရင့်မှည့်နေသော ဂျုံများကို ရိတ်သိမ်းလိုက်၏။ အချို့ကို မျိုးစေ့အဖြစ် ပြန်စိုက်ရန် ချန်ထားလိုက်ပြီး ကျန်သည့်အနည်းငယ်ကို နေပူလှန်းကာ အလုပ်ရုံသို့ ယူသွားပြီး ကျောက်ဆုံလေးဖြင့် ဂျုံမှုန့်ကြိတ်လိုက်သည်။

ဤနေရာသို့ မရောက်မီက ရှောင်းယီ၏ ဇာတိမှာ ရှားနိုင်ငံ မြောက်အလယ်ပိုင်း ဖြစ်သဖြင့် သူသည် ဂျုံဖြင့်လုပ်သော အစားအစာများကို ပို၍ကြိုက်နှစ်သက်ပေသည်။

ဂျုံမှုန့်ဖြင့် သူသည် မုန့်စိမ်းနယ်သည်၊ အပြားလေးများ လှိမ့်သည်၊ ခေါက်ဆွဲလုပ်၏။ ဆီဖြင့် ဟင်းသီးဟင်းရွက်များကို ဆီသတ်ကာ ရေထည့်ပြီး ပွက်ပွက်ဆူလာသောအခါ ခေါက်ဆွဲများကို ထည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဝက်သားပြား အချို့ကိုလည်း ကင်လိုက်သည်။ ခေါက်ဆွဲကျက်သောအခါ ဝက်သားပြားကို အပေါ်မှ ထပ်တင်လိုက်သည်။

“ကြည့်ရတာတော့ အတော်လေး ကောင်းသားပဲ။”

ရှောင်းယီသည် သူ၏ လက်ရာကို ကြည့်ကာ ကျေနပ်သွားခဲ့သည်။

ညနေ ၆ နာရီခန့်တွင် သူသည် လူတိုင်းထံသို့ သူကိုယ်တိုင်လုပ်ထားသော ဝက်သားခေါက်ဆွဲကို ပို့ပေးလိုက်တော့သည်။

“[ဝက်သားကင်]၂၀၀ ဂရမ်၊ [ခေါက်ဆွဲ] (A အဆင့်)၅၀၀ ဂရမ်၊ [နွားနို့] (A အဆင့်)၅၀၀ မီလီလီတာ - အခမဲ့လဲလှယ်မည်။”

ခမ်းနားထည်ဝါသော ညစာကို မြင်သောအခါ အန်းယွဲ့မှာ မမေးဘဲ မနေနိုင်တော့ပေ။

“မင်းရဲ့ အစားအသောက်တွေက အမြဲတမ်း ဒီလောက်အထိ ပေါများနေတာလား။”

“အခုနောက်ပိုင်းမှပါ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“အစတုန်းကတော့ ကျုပ်တို့ဆီမှာ ဘာမှမရှိဘူး။”

“အံ့ဩစရာပဲ။”

အန်းယွဲ့က ဆိုသည်။

“အန်းရန်တို့ သားအမိတွေ အခု ဘယ်လိုနေကြမလဲဆိုတာပဲ ငါ တွေးနေမိတယ်။”

“ဦးလေးအန်း စိတ်မပူပါနဲ့။ အန်းရန်နဲ့ အန်တီတို့ ဘေးကင်းမှာပါ။ ကျုပ်တို့ သူတို့ကို ရှာမတွေ့ခင်အထိ သူတို့ ကြံ့ကြံ့ခံထားနိုင်မှာပါ။”

ရှောင်းယီက နှစ်သိမ့်လိုက်၏။ သူကိုယ်တိုင်လည်း သူတို့ကို ဘယ်တော့ ရှာတွေ့မလဲဆိုသည်ကို မသိသော်လည်းပေါ့။

အန်းယွဲ့ ခေါင်းငြိမ့်လိုက်သည်။

ညစာစားပြီးနောက် ရှောင်းယီသည် အပြင်သို့ထွက်ကာ ဆယ်ယူထားသော ရိက္ခာသေတ္တာ ၉ လုံးစလုံးကို ဖွင့်လိုက်သည်။

“ရရှိသော ပစ္စည်းများ- အုတ်မြစ်ကျောက် ၄၊ ကျောက်တုံး ၃၊ ကြေးနီ...”

“ရရှိသော ပစ္စည်းများ- အုတ်မြစ်ကျောက် ၂၊ သစ်သားအိမ်ထုတ်လုပ်မှုပုံစံ ၁၊ ...”

“ရရှိသော ပစ္စည်းများ- အုတ်မြစ်ကျောက် ၃၊ သစ်သား...”

“ရရှိသော ပစ္စည်းများ- အနွေးအောက်ခံအင်္ကျီ ၁၊ ...”

...

သေတ္တာ ၉ လုံးမှ အုတ်မြစ်ကျောက် ၁၅ ခု ရရှိခဲ့၏။

ဒါက တကယ့်ကို ထီပေါက်သလိုပဲ။

အအေးဒဏ်ခံ အဝတ်အစားများ၊ ပေါင်မုန့်၊ ရေ၊ နှင့် သစ်သားအိမ် ထုတ်လုပ်မှုပုံစံတစ်ခုကိုပင် ရရှိခဲ့သည်။

“နောက်အပတ်မှာ ဒီကမ္ဘာကြီးက ဘာတွေ ထပ်လုပ်ဦးမလဲ မသိဘူး။ ဒါက မုန်တိုင်းမလာခင် လေငြိမ်နေတာလား။”

ရှောင်းယီ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

All Chapters