လေဆင်နှာမောင်း၊ ကျောက်ဆူး၊ သတ်ဖြတ်ခြင်းဝေလငါးနှင့် မေ့ဆေးသေနတ်
Vol. 6 Ch. 89
“အဲ့ဒါ အရင်က ဝေလငါးပဲလား။”
ရှောင်းယီက မေးမြန်းရင်း ကျောက်ဆူးကို ကျန်းယွင်ထျန်းထံသို့ လဲလှယ်ပေးလိုက်သည်။
“[ကျောက်ဆူး] (SSSအဆင့်) ၁ - အခမဲ့လဲလှယ်ခြင်း။”
“မပြောတတ်ဘူး။ သူက ငါ့လှေကို လာပွတ်တိုက်သွားတာ။”
ယွမ်နွန်က ပြန်ဖြေလာခဲ့သည်။
“ပျက်စီးမှုတော့ သိပ်မများပါဘူး။”
ရှောင်းယီ ခေါင်းငြိမ့်လိုက်ပြီး ယွမ်နွန်၏ အခြေအနေကို ဆက်မမေးတော့ဘဲ ကျန်းယွင်ထျန်းကို လှမ်းမေးလိုက်သည်။
“မင်းဘက်မှာ လေနဲ့လှိုင်းတွေ ဘယ်လိုရှိလဲ။”
“ပိုပိုပြင်းလာတယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်း ရှိနေသော ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။ လှေကိုယ်ထည်သည်လည်း ပြင်းထန်စွာ စတင်ယိမ်းထိုးလာတော့သည်။
လေပြင်းကြောင့် လှေလမ်းကြောင်း လွဲမသွားစေရန် ကျန်းယွင်ထျန်းသည် ရွက်တိုင်အားလုံးကို ကြိုတင်ချထားလိုက်ပြီ ဖြစ်သည်။
ကျန်းယွင်ထျန်းမှာ လက်ရန်းကို ကိုင်ထားရင်း မနည်းရပ်နေရသည်ကို မြင်သောအခါ ရှောင်းယီက ပြောလိုက်၏။
“အဲ့ဒီ ကျောက်ဆူးကို သုံးလိုက်။”
ကျန်းယွင်ထျန်း လဲလှယ်မှုကို လက်ခံလိုက်သည်နှင့် ကျောက်ဆူးမှာ ရွက်လှေပေါ်သို့ ရောက်ရှိလာပြီး အလတ်စားရွက်လှေနှင့် ကိုက်ညီအောင် အလိုအလျောက် ပြောင်းလဲတပ်ဆင်ပြီးသား ဖြစ်သွားခဲ့၏။
အလတ်စားရွက်လှေနှင့် လုံးဝမလိုက်ဖက်သော အဆင့်မြင့် ဉာဏ်ရည်တု display မျက်နှာပြင်တစ်ခု လှေ၏ ထိန်းချုပ်ခန်း၌ ချက်ချင်း ပေါ်လာခဲ့သည်။
ကျန်းယွင်ထျန်းမှာ မျက်နှာပြင်တစ်ခုလုံးကို လေ့လာရန် အချိန်မရချေ။ သူသည် လှေကို အမြန်ဆုံး အခြေချရန်အတွက် ကျောက်ဆူးချရန်ဆိုသည့် ခလုတ်ကို တိုက်ရိုက်နှိပ်လိုက်တော့လေသည်။
လောလောဆယ် လေနှင့်လှိုင်းများ အခြေအနေအရ ပိုပြင်းလာပါက လှေတိမ်းမှောက်သွားမည်မှာ အသေအချာပင်။
မိုးကုတ်စက်ဝိုင်းဆုံးတွင် ကြီးမားသော လေဆင်နှာမောင်းကြီးတစ်ခု အမှန်တကယ်ပင် ဖြစ်ပေါ်နေပြီး ပင်လယ်ရေများကိုပင် ကောင်းကင်ပေါ်သို့ စုပ်တင်နေပြီဖြစ်သည်။
“မြန်မြန်လုပ်စမ်းပါ။”
လေဆင်နှာမောင်းကို ကြည့်ရင်း ကျန်းယွင်ထျန်း စိတ်ထဲမှ အသည်းအသန် ဆုတောင်းနေမိ၏။
ထိုစဉ် သိပ်မကြီးလှသော ကျောက်ဆူးတစ်ခု ရွက်လှေမှ ထွက်ခွာသွားတော့သည်။ ရေထဲမဝင်မီမှာပင် ၎င်းသည် သုံးခု ကွဲထွက်သွားပြီး ပင်လယ်ကြမ်းပြင်ဆီသို့ လမ်းကြောင်းသုံးခုဖြင့် အရှိန်အဟုန်ဖြင့် ဦးတည်သွားခဲ့သည်။
ပင်လယ်ပြင်ပေါ်ရှိ လှေမှာမူ ဆက်လက် ယိမ်းထိုးနေဆဲပင်။ ကျန်းယွင်ထျန်းသည် ကျွင်းကျွင်းအား ဒဏ်ရာမရစေရန် ထိုင်ခုံတွင် မြဲမြံစွာ ချည်နှောင်ထားလိုက်ပြီ ဖြစ်သည်။ ကျန်းယွင်ထျန်း ကိုယ်တိုင်ပင် မနည်းရပ်နေရ၏။
ဤပင်လယ်ပြင်ကြီး မည်မျှနက်သည်ကို မည်သူမျှ မသိသော်လည်း SSS အဆင့် ကျောက်ဆူးကြိုးမှာ အလွန်ပင် ရှည်လျားလှရာ ပင်လယ်ကြမ်းပြင်သို့ မရောက်မချင်း အရှိန်အဟုန်ဖြင့် ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
ပင်လယ်ကြမ်းပြင်နှင့် ထိတွေ့သည်နှင့် ကျောက်ဆူးသည် ထရန်စဖော်မာကဲ့သို့ပင် အောက်ခြေမြေသား အခြေအနေပေါ် မူတည်၍ ပုံစံပြောင်းကာ ပင်လယ်ကြမ်းပြင်ကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်တော့သည်။
ကျန်းယွန်းထျန်းသည် လှေမှာ ဘေးတိုက် ယိမ်းခါနေခြင်း မရှိတော့ဘဲ အပေါ်အောက် အနည်းငယ်သာ လှုပ်ခတ်တော့သည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
ကျောက်ဆူးခလုတ်ကို နှိပ်လိုက်ပြီးနောက် ဆယ်စက္ကန့်မျှသာ ကြာသေးခြင်းဖြစ်သည်။
အခန်းအပြင်ဘက်တွင် လေနှင့်လှိုင်းများမှာ ပြင်းထန်နေဆဲဖြစ်ပြီး လေဆင်နှာမောင်းကြီးမှာ သူ့ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။
“ဒီလောက်တောင် အစွမ်းထက်တာလား။”
ကျန်းယွင်ထျန်း အံ့အားသင့်သွားခဲ့သည်။ အစကတော့ သူသည် ဤကျောက်ဆူးမှာ လှေမမှောက်ရုံ အနည်းငယ် ထိန်းထားနိုင်မည်ဟုသာ ထင်ထားခဲ့ခြင်း ဖြစ်သည်။
ကျောက်ဆူးက လှေကို တစ်နေရာတည်းတွင် ငြိမ်သက်သွားအောင် လုပ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ဖေဖေ လေမတိုက်တော့ဘူးလား ဟင်။”
ကျွင်းကျွင်းက မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် မေးလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းခါပြရင်း ပြန်ဖြေလိုက်သည်။
“ဦးဦးရှောင်းယီရဲ့ ကျောက်ဆူးက အဖေတို့ကို မြဲအောင် လုပ်ပေးလိုက်တာ။ အပြင်မှာ လေနဲ့လှိုင်းတွေက အရမ်းပြင်းနေတုန်းပဲ။”
“ဦးဦးရှောင်းယီက တကယ်တော်တာပဲ။”
ကျွင်းကျွင်းက ဆိုသည်။ ကျန်းယွင်ထျန်း ခေါင်းညိတ်လိုက်ပြီး ကျွင်းကျွင်းကို ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်၏။ လှေကို မြဲမြံအောင် ထိန်းထားနိုင်သော်လည်း လေဆင်နှာမောင်းက ရောက်ရှိလာပြီ ဖြစ်သည်။
“ဂျွတ်... ဂျွတ်...ခရက်...။”
သစ်သားပြား ပျက်စီးသွားသည့် အသံများ ထွက်ပေါ်လာခဲ့၏။ ကျွန်းတက်ဘလက်မှလည်း တစ်ပြိုင်တည်း သတိပေးသံများ မြည်ဟီးလာခဲ့သည်။
“လှေကိုယ်ထည် ပြင်းထန်စွာ ပျက်စီးနေပါသည်။ ကျေးဇူးပြု၍ အချိန်မီ ပြုပြင်ပါ။”
ကျန်းယွင်ထျန်းသည် လေပြင်းများကြားတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မြဲမြံစွာ ကိုင်ထားရင်း လိုအပ်သည့် ပစ္စည်းစာရင်းကို ရှောင်းယီထံသို့ ပို့ပေးလိုက်သည်။
လေဆင်နှာမောင်းသည် အလတ်စားရွက်လှေ၏ အပေါ်ပိုင်းတစ်ဝက်ကို လုံးဝ ဖျက်ဆီးပစ်လိုက်သော်လည်း ရှောင်းယီ ပို့ပေးသော ရိက္ခာများဖြင့် ကျန်းယွင်ထျန်းက ပြုပြင်ရန်သာ ရွေးချယ်လိုက်၏။ ထို့နောက် ၎င်းသည် ချက်ချင်းပင် မူလအတိုင်း ပြန်ဖြစ်သွားတော့သည်။
ပြီးနောက် ထပ်မံ အဖျက်ဆီး ခံရပြန်သည်။
ပြီးနောက် မူလအတိုင်း ပြန်လည် ပြုပြင်လိုက်ပြန်၏။
လေဆင်နှာမောင်း မည်မျှပင် ပြင်းထန်စေကာမူ SSS အဆင့် ကျောက်ဆူးဖြင့် ထိန်းထားသော လှေ၏ အောက်ခြေမှာမူ လေထဲသို့ လွင့်ပါမသွားခဲ့ပေ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာလည်း လေဆင်နှာမောင်းကြောင့် လွင့်ပါမသွားခဲ့ချေ။
ရှောင်ယီသည် သူ့လက်ထဲရှိ ရိက္ခာများ လျင်မြန်စွာ လျော့နည်းသွားသည်ကို ကြည့်ရင်း စိုးရိမ်စိတ်ဝင်လာခဲ့ပြန်သည်။
အကယ်၍ သူ့ရိက္ခာများ မလုံလောက်ပါက ကျန်းယွင်ထျန်းတို့ သားအဖမှာ အန္တရာယ်ရှိသွားပေလိမ့်မည်။
စက္ကန့်နှစ်ဆယ်အတွင်း အလတ်စားရွက်လှေမှာ ငါးကြိမ်တိုင်တိုင် ပျက်စီးသွားပြီး ငါးကြိမ်တိုင်တိုင် ပြန်လည် ပြုပြင်ခဲ့ရ၏။
နောက်ဆုံးတွင် လေဆင်နှာမောင်း ဖြတ်ကျော်သွားခဲ့ချေပြီ။
လေနှင့်လှိုင်းများ ပြင်းထန်နေဆဲ ဖြစ်သော်လည်း လှေကိုယ်ထည်ကိုမူ ထိခိုက်မှု မပေးနိုင်တော့ပေ။
“နောက်ဆုံးတော့ ပြီးသွားပြီ။ ဒီတစ်ခါ ရိက္ခာတွေ တော်တော်ကုန်သွားတယ်။”
ကျန်းယွင်ထျန်းက ရှောင်းယီထံသို့ ကူကယ်ရာမဲ့စွာ သတင်းပို့သည်။
“ဟူး... ရပါတယ်။ ကျော်ဖြတ်နိုင်သရွေ့တော့ ရိက္ခာတွေ ဘယ်လောက်ကုန်ကုန် ကိစ္စမရှိဘူး။”
ရှောင်းယီက သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။
“မင်း ငါတို့ သားအဖရဲ့ အသက်ကို နောက်တစ်ကြိမ် ထပ်ကယ်လိုက်ပြန်ပြီ။”
ကျန်းယွင်ထျန်းက ဆိုသည်။
“ကဲပါ... တော်တော့။ ကျေးဇူးတင်စကားတွေ ပြောမနေနဲ့။ ငါ အဲ့ဒါတွေနဲ့ နားမယဉ်ဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“ငါ ဦးလေးယွမ်ဘက်က အခြေအနေ ဘယ်လိုလဲ သွားမေးလိုက်ဦးမယ်။”
ကျန်းယွင်ထျန်း ခေါင်းငြိမ့်ပြလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
“အဲ့ဒီ ဝေလငါးက ခင်ဗျားနောက်ကို လိုက်နေတုန်းပဲလား။”
ရှောင်းယီက ယွမ်နွန်ကို ရှာပြီး မေးလိုက်သည်။
“လိုက်နေတုန်းပဲ။”
ယွမ်နွန်က ပြန်ဖြေလာခဲ့သည်။
“သူက ခဏခဏ လှေကို လာပြီးပွတ်တိုက်နေတယ်။ အစကတော့ အရှိန်မပြင်းဘူး။ ဒါပေမဲ့ နောက်ဆုံး နှစ်ခါမှာတော့ အရှိန်က တဖြည်းဖြည်း ပြင်းလာတယ်။”
ရှောင်းယီက မျက်မှောင်ကျုံ့ရင်း သုံးသပ်လိုက်သည်။
“ဖြစ်နိုင်တာက အဲ့ဒီ S အဆင့်ရေသန့်ရဲ့ အရသာကို သူ စွဲသွားတာ ဖြစ်လိမ့်မယ်။”
“အင်း... ဒါပေမဲ့ ငါက မင်းဆီရောက်ဖို့ အဝေးကြီး လိုသေးတာ။ S အဆင့် ရေတွေ ဘယ်လောက်ပဲ ရှိရှိ ဒီလိုနှုန်းနဲ့ဆိုရင် မလောက်နိုင်ဘူး။”
ယွမ်နွန်က ပြန်ပြောလိုက်သည်။
“[ရေသန့်] (S အဆင့်) ၅၀ မီလီလီတာ - အခမဲ့လဲလှယ်ခြင်း။”
“အရေးပေါ်အတွက် အရင်သုံးထားလိုက်ပါ။ ကျုပ် နည်းလမ်းတစ်ခုခု စဉ်းစားလိုက်ဦးမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ။”
ယွမ်နွန်က လဲလှယ်မှုကို လက်ခံပြီးနောက် ရေသန့်ကို အဝေးသို့ လွှင့်ပစ်လိုက်ရာ ဝေလငါးမှာ ထိုဘက်သို့ ပြေးသွားတော့လေသည်။
ဤကဲ့သို့ ကြီးမားသော ပင်လယ်သတ္တဝါနှင့် ရင်ဆိုင်ရာ၌ ရှောင်းယီမှာ တကယ်ပင် နည်းလမ်းကောင်း မရှိပေ။
“ဪ... ဟုတ်သားပဲ။ ငါ ဒီနေ့ လက်မှတ်ထိုးမဝင်ရသေးဘူး။”
ရှောင်းယီ ရုတ်တရက် သတိရသွားပြီး ချက်ချင်း ပြောလိုက်သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - မေ့ဆေးသေနတ် (SS အဆင့်)။”
“မေ့ဆေးသေနတ် (SS အဆင့်)- အစွမ်းထက်သော မေ့ဆေးသေနတ်။ မေ့ဆေးအာနိသင် ကြာချိန်မှာ ပစ်မှတ်၏ အရွယ်အစားပေါ် မူတည်၍ ကွဲပြားသည်။ ကျည်ဆန် ၁၀ တောင့် ပါဝင်သည်။”
ထိုဆုလာဘ်ကို မြင်သည်နှင့် ရှောင်းယီသည် တွေဝေမနေဘဲ ယွမ်နွန်ထံ ချက်ချင်း လဲလှယ်ပေးလိုက်၏။
“ဦးလေးယွမ် အဲ့ဒီ ဝေလငါးကို အခုချက်ချင်း မေ့ဆေးနဲ့ပစ်လိုက်။”
ရှောင်းယီက ပြောလိုက်သည်။
ယွမ်နွန်သည် မေ့ဆေးသေနတ်ကို မြင်သောအခါ ကြောင်အသွားခဲ့ပြီး လဲလှယ်မှုကို လက်ခံလိုက်လေသည်။
ထိန်းချုပ်ခန်းထဲတွင် ပေါ်လာသော ပစ္စည်းကို ကြည့်ရင်း ယွမ်နွန် ပဟေဠိ ဖြစ်နေခဲ့သည်။
“ဒါက သေနတ်လား။”
ပေါ်လာသော ပစ္စည်းမှာ စက်ပစ္စည်းတစ်ခုနှင့် ပိုတူနေ၏။ မျက်နှာပြင်တစ်ခုနှင့် အောက်တွင် ဘီးလေးဘီး ပါရှိရာ သေနတ်နှင့် လုံးဝမတူပေ။
သို့သော် ထိုစက်မှာ အသုံးပြုရ အလွန်လွယ်ကူပေသည်။ အနည်းငယ် လေ့လာပြီးနောက် ယွမ်နွန်သည် အသုံးပြုပုံကို သိသွားတော့လေသည်။
ထိုစက်ပေါ်တွင် ပစ်မှတ်ကို သတ်မှတ်နိုင်ပြီး စက်၏ အတွင်းပိုင်း ဆုံးဖြတ်ချက်အရ ပစ်ခတ်ကာ မေ့ဆေးပေးနိုင်ခြင်း ဖြစ်သည်။
ယွမ်နုံသည် တွေဝေမနေဘဲ စက်ကို ကုန်းပတ်ပေါ်သို့ တွန်းထုတ်ကာ မလှမ်းမကမ်းရှိ ဝေလငါးကို ပစ်မှတ်အဖြစ် သတ်မှတ်လိုက်၏။
“ပစ်မှတ် အတည်ပြုပြီးပါပြီ။
သတ်ဖြတ်ခြင်းဝေလငါး - အလွန်ကြီးမားသော အရွယ်အစား။ ၎င်း၏ အရွယ်အစားအရ ၂ နာရီကြာ မေ့သွားစေရန် မေ့ဆေးကျည်တစ်တောင့် ပစ်ရန် လိုအပ်သည်။ မေ့ဆေးကြာချိန်ကို တိုးမြှင့်လိုပါက ကျည်ဆန်အရေအတွက်ကို သတ်မှတ်ပါ။ ကျည်တစ်တောင့် တိုးတိုင်း ကြာချိန်မှာ နှစ်ဆစီ တိုးသွားမည် ဖြစ်သည်။”
ယွမ်နွန်သည် ထိုအချက်အလက်များကို ရှောင်းယီထံသို့ ပို့ပေးလိုက်၏။ ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။
“ကျည်သုံးတောင့် ပစ်လိုက်။”
ကျည်တစ်တောင့်က ၂ နာရီ၊ နှစ်တောင့်က ၄ နာရီ၊ သုံးတောင့်က ၈ နာရီ။
ရှစ်နာရီဆိုလျှင် ယွမ်နွန်သည် ထိုသတ်ဖြတ်ခြင်းဝေလငါးနှင့် ဝေးရာသို့ ထွက်ပြေးရန် လုံလောက်သော အချိန်ရပေလိမ့်မည်။