← Chapters

လင်းဖန်ရဲ့ ဝှက်ဖဲ

Vol. 10 Ch. 92

လင်းဖန်ရဲ့ ဝှက်ဖဲ

Vol. 10 Ch. 92

"စစ်ဘက်က ဒီလောက်သေးငယ်တဲ့ တောင်းဆိုချက်လေးကိုတောင် မလိုက်လျောနိုင်ဘူးလား"

ထိုအချိန်တွင် လင်းဖန်၏ မျက်နှာပေါ်ရှိ အပြုံးများအားလုံး ပျောက်ကွယ်သွားပြီး အေးစက်သော အမူအရာက အစားထိုးဝင်ရောက်လာသည်။ စစ်ဘက်သည် အခွင့်ကောင်းယူချင်သော်လည်း အာဏာရှိသူတို့၏ ဒုတိယမျိုးဆက်များကို မဆန့်ကျင်ချင်သဖြင့် ရှောင်ဖယ်နေသည်ကို သူ ကောင်းကောင်းရိပ်မိသည်။

"ရဲဘော်လင်းဖန်... မင်းကလည်း..."

ဘေးနားရှိ ရှန်ကျန်ပါတီအတွင်းရေးမှူးဝမ်က ဖျန်ဖြေရန် ကြိုးစားသော်လည်း လင်းဖန်က လက်ကာပြကာ စကားဖြတ်လိုက်သည်။

"အတွင်းရေးမှူးဝမ်က ကျွန်တော့်ကို 'လောကကြီးက တရားမျှတပါတယ်၊ အလင်းရောင်ပဲရှိပြီး အမှောင်ထုဆိုတာ လုံးဝမရှိပါဘူး' လို့ ပြောချင်တာလား"

လင်းဖန်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

- "ကျွန်တော့်ကို အကျပ်မကိုင်ကြပါနဲ့ ကျွန်တော်က ငယ်သေးတယ်ဆိုပေမဲ့ မိဘတွေလည်း မရှိတော့ဘူး၊ ဘာမှတွယ်တာစရာ မရှိဘူး အခု ကျွန်တော့်မှာ ပိုက်ဆံတွေ အများကြီးရှိနေပြီဆိုတော့ ကမ္ဘာပတ်ပြီး အေးအေးဆေးဆေး သွားနေလိုက်ရုံပဲရှိတာ"

"ဟူး"

အစည်းအဝေးခန်းမအတွင်းရှိ လူအားလုံး အသက်ရှုရပ်မတတ် တုန်လှုပ်သွားကြသည်။ လင်းဖန်က သူတို့ကို ခြိမ်းခြောက်နေမှန်း သိသော်လည်း မည်သူကမှ ပြန်မချေပနိုင်ကြပေ။ အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်အများဆုံးရှင်၊ ပြည်တွင်းစမတ်ဖုန်းစနစ်ကို တီထွင်သူ၊ ဖုန်းထိန်ရင်းနှီးမြှုပ်နှံမှု၏ ဥက္ကဋ္ဌ - ဤဂုဏ်ပုဒ်များထဲမှ တစ်ခုခုကိုသာ လူသိရှင်ကြား ကြေညာလိုက်ပါက တစ်နိုင်ငံလုံး ဂယက်ထသွားမည်ဖြစ်သည်။

အကယ်၍ နိုင်ငံတော်က သူ့ကို ဆက်ထိန်းထားချင်လျှင်ပင် အတင်းအဓမ္မ တားဆီး၍ မရနိုင်ပေ။ ထိုသို့သာဖြစ်လာပါက လင်းဖန်၏ ပြဿနာမဟုတ်တော့ဘဲ တစ်နိုင်ငံလုံး၊ ကမ္ဘာလုံးဆိုင်ရာ အရှုပ်တော်ပုံကြီး ဖြစ်သွားပေလိမ့်မည်။ ထို့ထက် ပိုအရေးကြီးသည်မှာ လင်းဖန်သာ နိုင်ငံသား ပြောင်းလဲသွားပါက တန်ရွမ် စနစ်နှင့် နီဗားနားဖုန်းတို့၏ ဂုဏ်သိက္ခာမှာ မည်မျှအထိ ထိခိုက်သွားမည်နည်း။ တစ်နိုင်ငံလုံးက နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည့် ပြည်တွင်းဖြစ် ဖုန်းလောက၏ ဖခင်ကြီးက ပြည်ပသို့ ထွက်ခွာသွားသည်ဆိုပါက လူထု၏ တုန်လှုပ်မှုကို မည်သူမျှ မဖြေရှင်းနိုင်ပေ။

စစ်ဦးစီးအရာရှိ ဒုံဖန်းက ရှေ့မှ လူငယ်လေးကို ခါးသီးသော မျက်နှာဖြင့် ကြည့်နေမိသည်။ လင်းဖန်က ဒုံဖန်းကို စိုက်ကြည့်ပြီးနောက် ထောက်ပံ့ရေးဌာနမှ ဗိုလ်ချုပ်ကျန့်ထံသို့ အကြည့်ကို ပြောင်းလိုက်ကာ ထူးဆန်းသော အပြုံးတစ်ခု ပြုံးလိုက်သည်။

- "ခင်ဗျားတို့ ဒီလိုမလုပ်သင့်ဘူး ကျွန်တော့်ကို လာမေးမယ့်အစား ခင်ဗျားတို့ မေးသင့်တဲ့လူတွေကို သွားမေးသင့်တယ်"

"စစ်ဦးစီးအရာရှိ ဒုံဖန်းနဲ့ ဗိုလ်ချုပ်လီတို့ မသိရင်တောင် ဗိုလ်ချုပ်ကျန့်ကတော့ သိသင့်တယ် ဒီနေ့ ဒီလိုအခြေအနေ ဖြစ်လာတာဟာ စစ်ဘက်အထက်ပိုင်းရဲ့ အမိန့်တစ်ခုတည်းကြောင့် မဟုတ်ဘူးဆိုတာကိုပေါ့"

ထိုစကားအဆုံးတွင် အတွင်းရေးမှူးဝမ်၊ အရာရှိဒုံဖန်းနှင့် ဗိုလ်ချုပ်လီတို့၏ အကြည့်များမှာ ဗိုလ်ချုပ်ကျန့်ထံသို့ စုပြုံရောက်ရှိသွားတော့သည်။ နိုင်ငံရေးနှင့် စစ်ရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူများပီပီ လင်းဖန် ဘာကိုဆိုလိုသည်ကို ချက်ချင်း သဘောပေါက်သွားကြသည်။ ဗိုလ်ချုပ်ကျန့်က အစကတည်းက တန်ရွမ်စနစ်၏ Backdoor ကို အတင်းအကျပ် ရှာဖွေနေခဲ့ခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။

လင်းဖန် တစ်ချက် သက်ပြင်းချလိုက်မိသည်။ နောင်လာနောက်သား သူဌေးကြီးများနှင့် အနုပညာရှင်များစွာ အဘယ်ကြောင့် ပြည်ပသို့ ထွက်ခွာကြသည်ကို သူ နားလည်သွားပြီဖြစ်သည်။ ၎င်းမှာ စနစ်ကြောင့်တင်မကဘဲ အာဏာရှိသူအချို့၏ မတရား အနိုင်ကျင့်လိုမှုကြောင့်လည်း ဖြစ်သည်။

လုံထန်လုပ်ငန်းစု၏ တန်ဖိုးမှာ လက်ရှိတွင် ယွမ် ဘီလီယံ ၁၀၀ ကျော်မျှသာ ရှိသေးသော်လည်း အနာဂတ်တွင် ယွမ် ထရီလီယံပေါင်းများစွာအထိ တန်ဖိုးတက်လာမည်မှာ အသေအချာပင်။ မိုဘိုင်းအင်တာနက်ခေတ်တွင် ဤသည်မှာ ရွှေတွင်းကြီးပင် ဖြစ်သည်။ လင်းဖန်အနေဖြင့် ဤအနိုင်ကျင့်မှုများကို လျစ်လျူရှုနိုင်သော်လည်း အစိုးရဌာနအမျိုးမျိုးက နေ့တိုင်း လာရောက် စစ်ဆေးနေပါက စီးပွားရေးလုပ်ရန် မလွယ်ကူတော့ပေ။ မီဒီယာများကပါ ပုံကြီးချဲ့လိုက်လျှင် လုံထန်လုပ်ငန်းစုမှာ သမိုင်းထဲတွင် ပျောက်ကွယ်သွားရပေလိမ့်မည်။

"ဟမ့် ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ"

အတွင်းရေးမှူးဝမ်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

- "ရဲဘော်လင်းဖန် စိတ်မပူပါနဲ့ ငါ ရှန်ကျန်မှာ ရှိနေသရွေ့ အဲဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေ မဖြစ်စေရဘူး"

ရှန်ကျန်အစိုးရက လုံထန်လုပ်ငန်းစုကို ရွှေဥဥပေးမည့် ငှက်ကြီးတစ်ကောင်ကဲ့သို့ တန်ဖိုးထားနေချိန်တွင် တစ်စုံတစ်ယောက်က လာရောက် နှောင့်ယှက်နေခြင်းမှာ သူတို့၏ မျက်နှာကို ဖြတ်ရိုက်သကဲ့သို့ ခံစားနေရသည်။

"အတွင်းရေးမှူးဝမ်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့..."

လင်းဖန်က ခါးသီးစွာ ပြုံးလျက် ခေါင်းယမ်းလိုက်သည်။ တစ်ခါတစ်ရံတွင် အဆက်အသွယ်ရှိရုံနှင့် မလုံလောက်ဘဲ မိမိကိုယ်တိုင်က ပို၍ အင်အားကြီးရန် လိုအပ်သည်။

အမှန်အတိုင်းပြောရလျှင် သူသည် တရုတ်ပြည်တွင် မွေးဖွားကြီးပြင်းလာသူဖြစ်ရာ မလွဲသာလျှင် ပြည်ပသို့ မထွက်ခွာချင်ပေ။

ထို့ကြောင့်လည်း သူသည် စစ်ဘက်၏ အကာအကွယ်ကို ရယူရန် ကြိုးစားနေခြင်းဖြစ်သည်။ စစ်ဘက်မှာ အာဏာပြင်းထန်ပြီး နိုင်ငံရေးလောကနှင့်လည်း တိုက်ရိုက် မပတ်သက်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က လုံထန်ကို ဒုက္ခပေးရန် ကြိုးစားပါက 'နိုင်ငံတော်လုံခြုံရေးကို ထိပါးသူ' ဟု သတ်မှတ်လိုက်ရုံနှင့် လူတိုင်း ကြောက်လန့်သွားကြမည် ဖြစ်သည်။

"တန်ရွမ်ရဲ့ အဓိပ္ပာယ်အပြည့်အစုံက နဂါးပျံစမတ်ဖုန်း လည်ပတ်မှုစနစ်ပါ"

လင်းဖန်က စစ်ဘက်အရာရှိများကို ပြန်ကြည့်ကာ ပြောလိုက်သည်။

- "တစ်နည်းအားဖြင့် ပြောရရင် ဒါဟာ စမတ်ဖုန်းတွေတင်မကဘဲ ကွန်ပျူတာတွေမှာပါ သုံးနိုင်တဲ့ စနစ်တစ်ခုပါ"

"ဘာ"

ဗိုလ်ချုပ်ကျန့်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး လင်းဖန်ကို စူးစိုက်ကြည့်ကာ

- "မင်းပြောတာက ဒီစနစ်ကို ကွန်ပျူတာတွေမှာပါ သုံးလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်လား"

လင်းဖန်က တိုက်ရိုက်မဖြေဘဲ အနက်အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

- "စမတ်ဖုန်းတွေဆိုတာလည်း ကိုယ်ပိုင်ကွန်ပျူတာ တွေနဲ့ အတူတူပါပဲ"

ဤစကားက စစ်ဘက်အရာရှိများ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။ နိုင်ငံထုတ် ကိုယ်ပိုင်ကွန်ပျူတာစနစ်တစ်ခုမှာ စမတ်ဖုန်းစနစ်ထက် များစွာ ပို၍ အရေးပါလှသည်။

ခေတ်ကာလအရ စစ်ဘက်နှင့် အစိုးရပိုင်းတွင် ကွန်ပျူတာများကို အကြီးအကျယ် အသုံးပြုနေရပြီ ဖြစ်သည်။ ကိုယ်ပိုင်ကွန်ပျူတာစနစ်တစ်ခုမှာ နိုင်ငံ၏ အဓိက အသက်သွေးကြော ဖြစ်လာပေလိမ့်မည်။

"မစ္စတာလင်း... ဒီစနစ်က တကယ်ပဲ အဆင်ပြေရဲ့လား"

ဗိုလ်ချုပ်လီပင်လျှင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။ သူသည် ရှေ့တန်းတိုက်ခိုက်ရေးသမား ဖြစ်သော်လည်း အဆင့်မြင့် နည်းပညာပစ္စည်းများနှင့်တော့ မစိမ်းပေ။

"ကျွန်တော် စစ်ဘက်နဲ့ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုကို လိုချင်ပါတယ်"

လင်းဖန်က ဆက်လက်ပြောပြသည်။

- "ခေတ်တွေက ပြောင်းလဲနေပါပြီ စစ်ဘက်မှာ စမတ်ဖုန်းတင်မကဘဲ တခြား အီလက်ထရွန်နစ်ပစ္စည်းတွေလည်း အများကြီး လိုအပ်လာမှာပါကျွန်တော်တို့ လုံထန်ကလည်း ဖုန်းတစ်မျိုးတည်း ထုတ်မှာ မဟုတ်ပါဘူး စစ်ဘက်က လိုအပ်မယ်ဆိုရင် တက်ဘလက်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ဆာဗာပဲဖြစ်ဖြစ် အကုန်လုံးကို အတူတူ ပူးပေါင်းလုပ်ဆောင်သွားနိုင်ပါတယ်"

ယခင်က ကမ်းလှမ်းချက်မှာ မလုံလောက်ခဲ့သဖြင့် လင်းဖန်သည် စစ်ဘက်၏ အကာအကွယ်ကို ရရှိရန်အတွက် ပိုမိုကြီးမားသော နည်းပညာ ကမ်းလှမ်းချက်များကို စစ်ဘက်၏ရှေ့တွင် ချပြလိုက်ပေတော့သည်။

....................................................

All Chapters