အထူးစစ်သားများအတွက် လုံခြုံရေးစီမံကိန်း
Vol. 10 Ch. 93
ခေတ္တမျှ စဉ်းစားပြီးနောက် စစ်ဦးစီးအရာရှိ ဒုံဖန်း၊ အရှေ့တောင်စစ်ဒေသမှ ဗိုလ်ချုပ်လီနှင့် ထောက်ပံ့ရေးဌာနမှ ဗိုလ်ချုပ်ကျန့်တို့အားလုံး တစ်ပြိုင်နက် ခေါင်းယမ်းလိုက်ကြသည်။
"မစ္စတာလင်း... ခင်ဗျားရဲ့ အကြံပြုချက်က တကယ့်ကို ဆွဲဆောင်မှုရှိပေမဲ့ ဒါကို သဘောတူဖို့ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့် အာဏာမရှိပါဘူး"
လက်ရှိတွင် စစ်ဘက်သုံး အီလက်ထရွန်နစ် ပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းကို စစ်ဘက်ပိုင် သုတေသနဌာနများကသာ ထုတ်လုပ်နေခြင်း ဖြစ်သည်။ အကယ်၍ လုံထန်နှင့် ပူးပေါင်းလိုက်ပါက ထိုဌာနများ၏ ဝေစုများကို ခွဲဝေပေးရတော့မည် ဖြစ်သည်။ ဤသည်မှာ ဌာနတစ်ခု၊ နှစ်ခုတည်းနှင့် ဆိုင်သောကိစ္စမဟုတ်ဘဲ စစ်ဘက်တစ်ခုလုံးနှင့် သက်ဆိုင်နေသဖြင့် ၎င်းတို့၏ ရာထူးအဆင့်အတန်းဖြင့် ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။
"ကျွန်တော် ထင်တာကတော့ နီဗားနားအိတ်ကို ဝယ်ယူဖို့ကိစ္စကို စစ်ဘက်အထက်ပိုင်း ခေါင်းဆောင်တွေက တညီတညွတ်တည်း အတည်ပြုပြီးသား ဖြစ်ရမယ်"
လင်းဖန်က အနက်အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
ထိုစကားကြောင့် အရာရှိဒုံဖန်းက ခေါင်းယမ်းလိုက်ပြီး မချိပြုံးဖြင့်
- "မစ္စတာလင်း... ခင်ဗျားက တကယ့်ကို ထက်မြက်လွန်းပါတယ်"
ဟု ဆိုသည်။
အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်က စစ်ဘက်၏ နက်ရှိုင်းသော စီမံကိန်းများကို ကြိုတင်ရိပ်မိနေခြင်းမှာ အံ့သြစရာပင်။ ဒုံဖန်း၏ တစ်သက်တာတွင် လင်းဖန်ထက် ပို၍ ထိတ်လန့်စရာကောင်းသောသူကို မတွေ့ဖူးသေးပေ။ အမှန်စင်စစ် စစ်ဘက်အထက်ပိုင်းက နီဗားနားအိတ်ဖုန်းများကို ဝယ်ယူရန် ဆုံးဖြတ်ခြင်းမှာ နောက်ပိုင်းတွင် အခြားဌာနများပါ ပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းခင်းပေးခြင်းသာ ဖြစ်သည်။
"ဟဲဟဲ ကျွန်တော်က အရှိန်အဝါကြီးသူတွေနဲ့ မယှဉ်နိုင်တဲ့ လူငယ်လေးတစ်ယောက်ပါပဲ ဒါကြောင့် ခင်ဗျားတို့ကတစ်ဆင့် စကားပါးပေးဖို့ပဲ တောင်းဆိုနိုင်တာပါ"
လင်းဖန်က ရယ်မောရင်း ပြောလိုက်သည်။
စစ်ဘက်အရာရှိ သုံးဦးစလုံး တစ်ဦးကိုတစ်ဦး ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။ သူတို့အနေဖြင့် ဤအရေးကြီးသော ကိစ္စကို အထက်သို့ သတင်းပို့ရန် ငြင်းဆန်၍ မရနိုင်ပေ။
"ကဲ... အလုပ်ကိစ္စ ပြန်ဆက်ရအောင် ဒီတစ်ခေါက်မှာ နီဗားနားအိတ်အလုံးရေ ၅၀,၀၀၀ ဝယ်ယူချင်ပါတယ် အဆင်ပြေမယ်ဆိုရင် နောက်ပိုင်းမှာ အရေအတွက်က ဒီထက်အများကြီး ပိုလာမှာပါ"
ဟု ဗိုလ်ချုပ်လီက ပွင့်ပွင့်လင်းလင်း ပြောဆိုလာသည်။
"ကောင်းပါပြီ"
လင်းဖန်က ခေါင်းညိမ့်ကာ
- "အလုံးရေ ၅၀,၀၀၀ ဆိုတာ နည်းပေမဲ့ စစ်ဘက်ရဲ့ လိုအပ်ချက်က ထူးခြားတာမို့ တစ်လအတွင်း အားလုံး အရောက်ပို့ပေးပါ့မယ်"
"ပြဿနာမရှိပါဘူး"
ဗိုလ်ချုပ်လီက အခြားနှစ်ဦးကို ကြည့်ပြီးနောက် ချက်ချင်း သဘောတူလိုက်သည်။ ဤဖုန်းများကို အရှေ့တောင်စစ်ဒေသနှင့် လက်နက်ခဲယမ်း ထုတ်လုပ်ရေးဌာနများသို့ ခွဲဝေပေးရမည်ဖြစ်ရာ တစ်လအတွင်း ရရှိလျှင်ပင် လုံလောက်လှပြီ ဖြစ်သည်။
"ဟားဟား တို့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ အောင်မြင်သွားပြီဆိုတော့ ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိပါတယ် ဗိုလ်ချုပ်လီ ဖြေပေးနိုင်မလား ခင်ဗျားက အရှေ့တောင်စစ်ဒေသရဲ့ အထူးတပ်ဖွဲ့ ခေါင်းဆောင် မဟုတ်လား"
ရုတ်တရက် လင်းဖန် မေးလိုက်သော စကားကြောင့် အားလုံး၏ အာရုံမှာ သူ့ထံသို့ ရောက်ရှိသွားသည်။ အတွင်းရေးမှူးဝမ်နှင့် အခြားအရာရှိများက လင်းဖန် ဘာလုပ်ဖို့ ကြံစည်နေသနည်းဟု သိချင်စိတ် ပြင်းပြနေကြသည်။
"မစ္စတာလင်းက တကယ့်ကို အမြင်စူးရှတာပဲ"
ဗိုလ်ချုပ်လီက စိတ်ဝင်တစား ပြန်ကြည့်သည်။ စစ်တပ်ကလာသူ မဟုတ်ဘဲ တစ်ချက်ကြည့်ရုံဖြင့် သူ၏ ရာထူးကို ခန့်မှန်းနိုင်သူမှာ လင်းဖန်က ပထမဆုံးပင်။
"ချီးကျူးတာ ကျေးဇူးတင်ပါတယ်"
လင်းဖန်က နှိမ့်ချစွာ ပြုံးပြီးနောက် ဆက်မေးသည်။
- "စစ်တပ်ကနေ နှစ်တိုင်း အနားယူတဲ့သူတွေ အများကြီးရှိတယ်လို့ ကြားဖူးပါတယ် အထူးတပ်ဖွဲ့ဝင်တွေက သာမန်စစ်သားတွေထက် တာဝန်ထမ်းဆောင်ချိန် ပိုကြာတတ်ပေမဲ့ အိမ်ပြန်နားကြတဲ့သူတွေလည်း အများကြီး ရှိတယ်မလား"
"အမ်"
ဗိုလ်ချုပ်လီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လင်းဖန်ကို စိုက်ကြည့်ကာ -
"မင်း ဘာလုပ်ချင်လို့လဲ"
အထူးတပ်ဖွဲ့ဝင်ဟောင်းများမှာ နိုင်ငံ၏ သူရဲကောင်းများ ဖြစ်ကြသလို တိုက်ခိုက်ရေးစွမ်းရည်လည်း အလွန်မြင့်မားသူများ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူတို့ကို တရားမဝင်ကိစ္စများတွင် အသုံးပြုရန် ကြိုးစားပါက စစ်ဘက်က လုံးဝ ခွင့်လွှတ်မည်မဟုတ်ပေ။
လင်းဖန်က တည်ကြည်စွာ ပြန်ဖြေသည်။
"ဗိုလ်ချုပ်လီ ကျီစယ်နေတာပဲ ကျွန်တော်က သူတို့ကို အလုပ်အကိုင် အခွင့်အလမ်း ပေးချင်ရုံပါ လုံထန်လုပ်ငန်းစုက တိုးတက်လာတာနဲ့အမျှ သုတေသနဌာနတွေက ပိုများလာပြီး အဲဒီနေရာတွေက လျှို့ဝှက်ချက် ထိန်းသိမ်းဖို့ အထူးလိုအပ်ပါတယ် အကယ်၍ နည်းပညာတွေ ပေါက်ကြားသွားရင် နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လာနိုင်တယ်လေ"
"ဒါဆို မစ္စတာလင်းက အဲဒီ အထူးတပ်ဖွဲ့ဝင်ဟောင်းတွေကို ငှားရမ်းချင်တာပေါ့ ဟုတ်လား"
အရာရှိဒုံဖန်းက ပြုံးလျက် မေးသည်။ ဤအကြံပြုချက်ကို သူ စိတ်ဝင်စားသွားသည်။ စစ်တပ်မှ အနားယူသော အထူးတပ်ဖွဲ့ဝင်များမှာ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ပြန်လည် လိုက်လျောညီထွေဖြစ်ရန် ခက်ခဲတတ်ကြသလို စစ်ဘက်အနေဖြင့်လည်း လူတိုင်းအတွက် အလုပ်အကိုင် ရှာပေးရန် မလွယ်ကူပေ။
"ဟုတ်ပါတယ်။ သူတို့ကို ငှားရမ်းပြီး လုံထန်လုပ်ငန်းစုအတွက် သီးသန့် လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ချင်တာပါ"
လင်းဖန်က ဆက်လက်ရှင်းပြသည်။
- "အခြေခံလစာကို တစ်လ ယွမ် ၁၅,၀၀၀ ပေးပါ့မယ် အာမခံနဲ့ တခြား ခံစားခွင့်တွေလည်း အကုန်ပေးမယ် ရာထူးတက်လာရင် လစာက ဒီထက် ပိုများမှာပါ"
"ဒါ့အပြင် ကျွန်တော်က 'လုံထန် အိမ်ရာဖော်ဆောင်ရေး' ကုမ္ပဏီကိုလည်း တည်ထောင်ပြီး ဝန်ထမ်းအိမ်ရာတွေ ဆောက်ပေးမယ် လုံခြုံရေးကုမ္ပဏီမှာ ဆယ်နှစ်စာချုပ်ချုပ်ပြီး တာဝန်ထမ်းဆောင်တဲ့သူတိုင်းကို စတုရန်းမီတာ ၁၂၀ ထက်မနည်းတဲ့ အဆင့်မြင့် အိမ်တစ်လုံး အခမဲ့ နေထိုင်ခွင့် ပေးပါ့မယ်"
လင်းဖန်သည် သူ၏ ဝန်ထမ်းများအပေါ် မည်သည့်အခါမှ စေးနှဲလေ့မရှိပေ။ ကျန့်ခန်းယွမ်ရှိ သန့်ရှင်းရေးဝန်ထမ်းများပင်လျှင် တစ်လ ယွမ် ၁၀,၀၀၀ ကျော်ရရှိကာ စားစရိတ်၊ နေစရိတ် ငြိမ်းဖြစ်ကြသည်။
"ဟူး"
အရာရှိဒုံဖန်းနှင့် အခြားသူများမှာ လင်းဖန်ကို မယုံနိုင်သလို ကြည့်နေမိသည်။ တစ်လ ယွမ် ၁၅,၀၀၀ ဆိုသည်မှာ မြို့ကြီးများရှိ အဆင့်မြင့် ရုံးဝန်ထမ်းများပင် ရခဲသော လစာမျိုး ဖြစ်သည်။ အိမ်ပါ ရဦးမည်ဆိုသော အချက်က ပို၍ပင် မယုံနိုင်စရာ ကောင်းလှသည်။
"လူဘယ်နှစ်ယောက် လိုချင်တာလဲ"
ဗိုလ်ချုပ်လီက လေးနက်စွာ မေးလိုက်သည်။
သူ၏ တပည့်များမှာ နိုင်ငံအတွက် သွေးမြေကျ ပေးဆပ်ခဲ့ကြသူများ ဖြစ်သော်လည်း အနားယူချိန်တွင် အလုပ်အကိုင် မရှိဘဲ လူမှုပတ်ဝန်းကျင်၏ အောက်ခြေသို့ ရောက်သွားတတ်ကြရာ ဗိုလ်ချုပ်လီအနေဖြင့် အမြဲ စိတ်မကောင်း ဖြစ်နေခဲ့ရသည်။ ယခု လုံထိန်လုပ်ငန်းစုက ကမ်းလှမ်းလိုက်သော အခြေအနေမှာ အလွန်ပင် ရက်ရောလှသဖြင့် ဗိုလ်ချုပ်လီအနေဖြင့် ငြင်းပယ်စရာ အကြောင်းမရှိတော့ပေ။
သာမန် စက်ရုံအလုပ်သမားများပင် တစ်လ ယွမ် ၅,၀၀၀ ခန့်သာ ရရှိချိန်တွင် လုံခြုံရေးဝန်ထမ်းအဖြစ် ယွမ် ၁၅,၀၀၀ ရရှိမည်ဆိုသည်မှာ တကယ့်ကို အဖိုးတန်သော အခွင့်အရေးပင် ဖြစ်တော့သည်။
.............................................