← Chapters

လုံထန်က ဘာမို့လို့လဲ

Vol. 10 Ch. 94

လုံထန်က ဘာမို့လို့လဲ

Vol. 10 Ch. 94

"ခင်ဗျားတို့ဆီမှာ ရှိသလောက် ကျွန်တော် အကုန်ယူမယ်"

လင်းဖန်သည် ပုံကြီးချဲ့ပြောနေခြင်းမဟုတ်ပေ။ ယနေ့ခေတ် လုံထန်လုပ်ငန်းစုသည် နည်းပညာကုမ္ပဏီတစ်ခုတင်မကဘဲ ဆော့ဖ်ဝဲလ်ကုမ္ပဏီလည်း ဖြစ်သည်။ ထုတ်လုပ်မှု အတိုင်းအတာ ကြီးမားလာသည်နှင့်အမျှ လုံခြုံရေးဝန်ထမ်း ပိုမိုလိုအပ်လာခြင်းဖြစ်သည်။

၎င်းတွင် ပြည်ပဘဏ်ခွဲများသာမက ငွေကြေးစီးဆင်းမှု၏ အဓိကကျသော 'ဖန်ထန်း ရင်းနှီးမြှုပ်နှံမှု'ဌာနတို့လည်း ပါဝင်သည်။

"လုံထန်အနေနဲ့ လူတိုင်းကို ဒီလိုခံစားခွင့်မျိုး ပေးနိုင်မယ်လို့ အာမခံနိုင်ပါသလား"

အရှေ့တောင်စစ်ဒေသမှ ဗိုလ်ချုပ်လီ မပြောမီ စစ်ဦးစီးအရာရှိ ဒုံဖန်းက လောလောလောလောဖြင့် ဝင်မေးလိုက်သည်။

စနောက်နေခြင်းမဟုတ်ပေ။ အရှေ့တောင်စစ်ဒေသတစ်ခုတည်းမှ တစ်နှစ်လျှင် အထူးတပ်ဖွဲ့ဝင် ရာဂဏန်းခန့်သာ အနားယူသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဒေသအသီးသီးရှိ အထူးစစ်ဆင်ရေးတပ်ဖွဲ့များမှ အနားယူသူမှာ ထောင်နှင့်ချီ၍ ရှိနေသောကြောင့် ဖြစ်သည်။ ဤသည်မှာ တကယ့်ကို အခွင့်အရေးကြီးပင်။

"အရာရှိကြီး ဒုံဖန်း စိတ်ချပါ တစ်လ ယွမ် ၁၅,၀၀၀ ဆိုတာ အခြေခံအနိမ့်ဆုံးလစာပါ နောက်ပိုင်းမှာ လုံခြုံရေးကုမ္ပဏီက ခြောက်လတစ်ကြိမ် လစာတိုးပေးသွားမှာဖြစ်ပြီး အနည်းဆုံး ယွမ် ၁,၀၀၀ တိုးပေးမှာပါ"

ဟု လင်းဖန်က ဆိုသည်။

"ပြီးတော့ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံမယ်လို့လည်း အာမခံပါတယ် ဒါပေမဲ့ လူတစ်ဦးချင်းစီရဲ့ အရည်အချင်းပေါ်မူတည်ပြီး အဖွဲ့ခေါင်းဆောင် တာဝန်ယူရသူတွေကိုတော့ ခံစားခွင့် ပိုပေးပါ့မယ်"

အထူးတပ်ဖွဲ့ဝင်တိုင်းမှာ ထူးချွန်သူများ ဖြစ်ကြသော်လည်း အလုပ်ခွင်တွင် စရိုက်လက္ခဏာမှာ အလွန်အရေးကြီးသည်။ ထို့ကြောင့် အချို့မှာ သာမန်လုံခြုံရေးဝန်ထမ်းအဖြစ်သာ လုပ်ကိုင်နိုင်မည်ဖြစ်ပြီး အချို့မှာမူ အဖွဲ့ခေါင်းဆောင် သို့မဟုတ် တပ်ခွဲမှူးအဆင့်အထိ တာဝန်ယူနိုင်ပေလိမ့်မည်။

"နားလည်ပြီ"

ဗိုလ်ချုပ်လီသည် လက်ရှိ လူမှုပတ်ဝန်းကျင် အခြေအနေကို နားလည်သူဖြစ်ရာ ဤအချက်ကို သဘောတူသည်။

"အကယ်၍ လုံထန်ကို ယုံကြည်ဖို့ ခက်နေသေးရင် အတွင်းရေးမှူးဝမ်ကို မေးကြည့်နိုင်ပါတယ်"

ဟု လင်းဖန်က လက်ကာပြကာ ပြောလိုက်သည်။ အမှန်စင်စစ် ရှန်ကျန့် ပါတီကော်မတီသည် လုံထိန်နှင့် ဖုန်းထိန်ရင်းနှီးမြှုပ်နှံမှုတို့၏ အချက်အလက်များကို အစကတည်းက စေ့စေ့စပ်စပ် သိရှိထားပြီး ဖြစ်သည်။

အတွင်းရေးမှူးဝမ်က ပြုံးလျက်

- "စိတ်ချပါဗျာ ရဲဘော်လင်းဖန်က ငယ်ပေမဲ့ ဝန်ထမ်းတွေအပေါ်မှာတော့ နတ်သားတစ်ပါးလို ကြင်နာတတ်ပါတယ် လုံထန်မှာ အလုပ်လုပ်တဲ့သူတိုင်း စိတ်ကျေနပ်မှု ရှိကြပါတယ်"

ဟု ထောက်ခံပေးသည်။

စစ်ဘက်အရာရှိ သုံးဦးစလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် စစ်ဦးစီးအရာရှိ ဒုံဖန်းက ဆုံးဖြတ်ချက်ချလိုက်သည်။

- "နောက်တစ်လမှာ နီဗားနားအိတ်တွေ အရောက်ပို့တဲ့အခါ အနားယူထားတဲ့ အထူးတပ်ဖွဲ့ဝင် ၃,၀၀၀ ကို လုံထန်လုပ်ငန်းစုဆီ လွှတ်ပေးလိုက်ပါ့မယ်"

"ကျေးဇူးတင်ပါတယ်"

လင်းဖန်က အနည်းငယ် ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

လုံထန်နှင့် ဖန်ထန်းတို့တွင် လုံခြုံရေးအင်အားမှာ အမြဲတမ်း အားနည်းခဲ့သည်။ ကျန့်ခန်းယွမ်တွင် ကိုယ်ရံတော် ၁၂၀ ရှိသော်လည်း ၎င်းမှာ လင်းဖန် တစ်ဦးတည်းအတွက်သာ ဖြစ်သည်။

ယခုမူ အထူးတပ်ဖွဲ့ဝင်ဟောင်း ၃,၀၀၀ ရရှိတော့မည်ဖြစ်ရာ လုံထန်လုပ်ငန်းစုတစ်ခုလုံး၏ လုံခြုံရေးအတွက် ခိုင်မာသော အင်အားစုကြီးတစ်ခု ဖြစ်လာပေတော့မည်။

ထို့နောက် စစ်ဘက်အရာရှိ သုံးဦးသည် လုံထန်ရုံးချုပ်မှ ထွက်ခွာသွားကြသည်။

အတွင်းရေးမှူးဝမ်သာ ကျန်ရှိနေခဲ့ပြီး လင်းဖန်ကို အားပေးစကား ပြောခဲ့သည်။

- "ရဲဘော်လင်းဖန်... မင်းကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေအတွက် ရှန်ကျန်.အစိုးရကိုယ်စား ငါ စိတ်မကောင်းဖြစ်မိတယ် နောင်မှာ ဘာလိုအပ်တာပဲဖြစ်ဖြစ် ငါ့ဆီ တိုက်ရိုက်လာခဲ့ပါ၊ ငါ အစွမ်းကုန် ကူညီပေးပါ့မယ်"

အတွင်းရေးမှူးဝမ်သည် လုံထန်လုပ်ငန်းစု၏ အရေးပါပုံကို ကောင်းကောင်းသိသည်။ အထူးသဖြင့် ၎င်း၏ စနစ်မှာ ကွန်ပျူတာလည်ပတ်မှုစနစ်အဖြစ် ပြောင်းလဲနိုင်သည်ဟု သိလိုက်ရချိန်တွင် လုံထန်၏ အနာဂတ်မှာ မည်မျှ ကြီးမားလာမည်ကို သူ ခန့်မှန်းမိသွားသည်။ ထို့အပြင် ယခုအခါ စစ်ဘက်နှင့်လည်း ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ရာ လုံထိန်ကို ဒုက္ခပေးရန် ကြိုးစားသူများအနေဖြင့် အထူး သတိထားရပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးလောကတွင် လုံထန်ကြောင့် ဂယက်ထနေသည်။ နီဗားနားအိတ်ထွက်ရှိလာသည်မှာ တစ်ပတ်သာရှိသေးသော်လည်း အရောင်းပြခန်းများတွင် ပစ္စည်းပြတ်လပ်သည်အထိ အောင်မြင်နေသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်။ ပေကျင်းရှိ တယ်လီကွန်းရုံးချုပ်။

"လူကြီးမင်းတို့... China Mobile က လုံထန်နဲ့ ပူးပေါင်းပြီး နီဗားနားအိတ်ဖုန်းတွေကို ရရှိခဲ့တာကြောင့် ဈေးကွက်ဝေစု အကြီးအကျယ် တက်လာတာကို ခင်ဗျားတို့ သိမှာပါ"

အစည်းအဝေးခန်းမတွင် ထိပ်ဆုံးမှ ထိုင်နေသော တယ်လီကွန်း အကြီးအကဲ လီကျန်းမောင်က အေးစက်စွာ ပြောလိုက်သည်။

"အောက်ခြေ အရောင်းပြခန်းတွေက မေးခွန်းတွေ အများကြီး တက်လာတယ် တို့တွေက ဘာလို့ လုံထန်နဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ရသေးတာလဲတဲ့ ဒါကို ခင်ဗျားတို့ ဘယ်လို ပြန်ဖြေမလဲ"

အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ မူလက တယ်လီကွန်းသည် ဖုန်းထုတ်လုပ်ရေးလောကကို ထိန်းချုပ်နိုင်သူဟု ယူဆထားသဖြင့် ဝယ်ယူရန် စိတ်မဝင်စားခဲ့ပေ။ သို့သော် ပြိုင်ဘက် China Mobile က လုံထန်နှင့် လက်တွဲကာ အောင်မြင်သွားသောအခါ တယ်လီကွန်းမှာ အထိနာသွားရသည်။

"အရင်ကတည်းက လုံထန်နဲ့ ပူးပေါင်းဖို့ ကျွန်တော် အကြံပြုခဲ့ပါတယ် ဒါပေမဲ့ ဒီကလူတွေက ဂုဏ်မောက်ပြီး မာန်တက်နေကြတာလေ အခုတော့ သူများတွေက အောင်မြင်သွားပြီ"

ဟု တယ်လီကွန်း၏ ဒုတိယအထွေထွေမန်နေဂျာ ကောင်းချင်းက ခါးသီးစွာ ပြောလိုက်သည်။

အမှန်တကယ်တော့ တယ်လီကွန်းသည် China Mobile ထက်ပင် အရင် လုံထန်ကို ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် 'ဆရာကြီး' လုပ်ချင်သော အမူအရာကြောင့် ညှိနှိုင်းမှု ပျက်ပြားခဲ့ရခြင်း ဖြစ်သည်။ ယခု တစ်ပတ်အတွင်းမှာတင် China Mobile ၏ အမြော်အမြင်ရှိမှုကို သက်သေပြလိုက်ရာ တယ်လီကွန်း အရာရှိများမှာ မျက်နှာပျက်နေကြရသည်။

"ဟမ့် ပြည်တွင်းအမှတ်တံဆိပ်လေး တစ်ခုက တို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းရဲတယ်ပေါ့ ကျွန်တော့်အထင်တော့ သူတို့ကို လုံးဝ ပိတ်ပင်လိုက်သင့်တယ်"

ဟု အခြား ဒုတိယအထွေထွေမန်နေဂျာတစ်ဦးက မကျေမနပ် ပြောဆိုလာသည်။

သူကဲ့သို့ အတွေးအခေါ်ရှိသူများမှာ တယ်လီကွန်းတွင် အများအပြား ရှိနေသေးသည်။ သူတို့သည် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများ ဖြစ်သဖြင့် ဖုန်းထုတ်လုပ်သူများကို ကြိုက်သလို ထိန်းချုပ်နိုင်သည်ဟု ယုံကြည်နေကြဆဲ ဖြစ်သည်။

..............................................

All Chapters