သူက ငါနဲ့တွေ့ချင်တာလား ခဏမေ့ထားလိုက်
Vol. 10 Ch. 97
လူငယ်ဘဝတည်းက နာမည်ကျော်ကြားခဲ့သည့် လဲ့ကျွင်းမှာ စီးပွားရေးလောကတွင် လက်ပေါက်ကပ်သူတစ်ဦးအဖြစ် လူသိများသည်။
ကျင်းရှန်မှသည် Rice (Xiaomi) ကုမ္ပဏီအထိ သူဖြတ်သန်းခဲ့သည့် လမ်းတလျှောက်၌ ပြင်းထန်သည့် အားပြိုင်မှုများစွာ ရှိခဲ့ဖူးသည်။
သူ့နာမည်ကို ကြားရုံမျှဖြင့် လူအများက သတိထားနေကြရသော်လည်း၊ ဖန်ထန်းအုပ်စု သာ အားသာချက်တစ်ခုခု မရှိခဲ့ပါက လဲ့ကျွင်းအနေဖြင့် ယခုကဲ့သို့ ကိုယ်တိုင်တံခါးလာခေါက်ရန် စိတ်အားထက်သန်နေလိမ့်မည် မဟုတ်ပေ။
"သူဌေး၊ အခု Rice ကုမ္ပဏီရဲ့ သဘောထားက တော်တော်လေးကို မှန်ကန်နေပါတယ် လဲ့ကျွင်းနဲ့ တွေ့ဆုံချင်ပါသလား"
ကျန်းဖုန်းက ပြုံးလျက် ခပ်အေးအေးပင် မေးလိုက်သည်။
"ဟားဟားဟား"
ထိုစကားကို ကြားသောအခါ အစည်းအဝေးခန်းမရှိ လူအားလုံး တဟားဟား ရယ်မောလိုက်ကြသည်။ လွန်ခဲ့သည့်အကြိမ်က Rice ကုမ္ပဏီသည် ဖန်ထန်းအုပ်စုအပေါ် အသာစီးရရန် ကြိုးပမ်းခဲ့သဖြင့် တစ်အုပ်စုလုံး၏ ရန်လိုမှုကို ခံခဲ့ရသည်။ ထို့နောက်ပိုင်း ဆက်သွယ်မှုများတွင် ဖန်ထန်း၏ အဆင့်မြင့်အရာရှိများသည် နည်းလမ်းအသွယ်သွယ်ဖြင့် ထိုဘီလူးကြီးကို အပြတ်အသတ် သိမ်းသွင်းနိုင်ခဲ့ကြသည်။
"စိတ်ဝင်စားစရာပဲ..."
လင်းဖန်၏ နှုတ်ခမ်းထောင့်တွင် နောက်ပြောင်လိုသည့် အပြုံးတစ်ခု ပေါ်လာသည်။
"ပြီးခဲ့တဲ့အကြိမ်က ဆက်သွယ်မှုတွေ ပြီးသွားပြီလို့ ထင်ထားတာ၊ လဲ့ကျွင်းရဲ့ ဇွဲကတော့ လူတိုင်းထင်ထားတာထက် ပိုနေတာပဲ"
မူလကတည်းက လဲ့ကျွင်း တည်ထောင်ခဲ့သော Rice ကုမ္ပဏီသည် ဖန်ထန်းအုပ်စု၏ အဓိကပြိုင်ဘက် ဖြစ်လာနိုင်သည့် အလားအလာရှိသည်။ ဖန်ထန်းအနေဖြင့် ပြည်တွင်းဈေးကွက်ကို သိမ်းပိုက်လိုပါက Warwick (Huawei) နှင့် Rice တို့သည် မရှိမဖြစ် ကျော်ဖြတ်ရမည့် ပြိုင်ဘက်များဖြစ်သည်။
သို့သော် Warwick က 5G လုပ်ငန်းကို အဓိကထားပြီး ဖုန်းထုတ်လုပ်ခြင်းမှာ လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သော်လည်း၊ Rice ကမူ ဖုန်းလုပ်ငန်းကိုသာ အသက်သွေးကြောအဖြစ် သတ်မှတ်ထားသည်။ ဤအချက်ကပင် ဖန်ထန်းအုပ်စုနှင့် ပြင်းထန်သော ပဋိပက္ခကို ဖြစ်စေခဲ့သည်။
သို့သော် လဲ့ကျွင်းအနေဖြင့် ဤအချက်ကို မသိဘဲ မဟုတ်ပေ။ သူ ဖန်ထန်းနှင့် ဆက်သွယ်နေရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ဖန်ထန်းက ထိန်းချုပ်ထားသော တန်ရွမ်စမတ်ဖုန်းလည်ပတ်မှုစနစ် ကြောင့်ပင် ဖြစ်သည်။
သူတို့ကဲ့သို့ အဆင့်မြင့်ပုဂ္ဂိုလ်များအတွက် လျှို့ဝှက်ချက်ဆိုသည်မှာ လျှို့ဝှက်ချက်မဟုတ်တော့ပေ။ ဖန်ထန်းအုပ်စု၏ နောက်ကွယ်တွင် ဖန်ထန်းရင်းနှီးမြှုပ်နှံမှုရှိနေသည်ကို လေကျွင်း ကောင်းကောင်းသိသည်။ ဥက္ကဋ္ဌ လင်းဖန်အကြောင်းကိုပင် သူ အကုန်စုံစမ်းထားပြီးဖြစ်သည်။
သူ တစ်ခုတည်း မသိသည်မှာ ဤလင်းဖန်နှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် နိုင်ငံတော်အဆင့် အမှတ်အများဆုံးရသူတို့၏ ပတ်သက်မှုပင် ဖြစ်သည်။ သူ ဖန်ထန်း CEO နှင့် ဆက်လက် ဆက်သွယ်နေရသည့် အစစ်အမှန် ရည်ရွယ်ချက်မှာ ကုမ္ပဏီနှစ်ခုအကြား ငြိမ်းချမ်းရေးဆွေးနွေးရန်နှင့် ဖန်ထန်း၏ နောက်ကွယ်က လူသား လင်းဖန်ကို သိကျွမ်းခွင့်ရရန်ပင် ဖြစ်သည်။
"သူဌေး၊ တန်ရွမ်စနစ်ကို ကျွန်တော်တို့ မပေးဘူးဆိုတာ သိရဲ့သားနဲ့ လဲ့ကျွင်းက ဘာလို့ ဒီလောက်အထိ ဇွဲနပဲကြီးနေတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး"
ဟု COO ယွီလဲ့က နားမလည်စွာ မေးသည်။
"ဟိုး... ဟိုး..."
လင်းဖန်က လက်ခုပ်တီးလိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
"ခင်ဗျားက သူ တန်ရွမ်စနစ်ကို တကယ်လိုအပ်နေတယ်လို့ ထင်လို့လား Rice ရဲ့ MIUI ဟာ ကမ္ဘာတစ်ဝှမ်းက အသုံးပြုသူတွေ သဘောကျကြတဲ့ စနစ်ပဲ တစ်နည်းအားဖြင့် ပြောရရင် ငါတို့စနစ်ထက် မနိမ့်ပါဘူး"
"သူတို့ ဖန်ထန်းအုပ်စုနဲ့ ဆက်သွယ်ချင်တဲ့ ပိုအရေးကြီးတဲ့ အကြောင်းရင်းက ဟာ့ဒ်ဝဲရဖို့ပဲ အကယ်၍ နီဗားနားအိတ်ရဲ့ ဟာ့ဒ်ဝဲအဆင့်မျိုးသာ ရှိမယ်ဆိုရင် Rice နဲ့ Apple ကြားမှာ ဘာကွာခြားချက် ရှိတော့မှာလဲ"
"ဪ... ဒီလိုကိုး"
လင်းဖန်၏ ရှင်းပြချက်ကြောင့် လူတိုင်း နားလည်သွားကြသည်။
ဘာပဲဖြစ်ဖြစ် ဖန်ထန်းအုပ်စုသည် ဈေးကွက်သစ်ထဲမှ ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး၊ နီဗားနားဖုန်းသည် Apple ကဲ့သို့ပင် ဟာ့ဒ်ဝဲပိုင်းတွင် အားကောင်းလှသည်။ Rice အနေဖြင့် ဖန်ထန်း၏ ဟာ့ဒ်ဝဲကို အသုံးပြုပြီး သူတို့ဖုန်း၏ အရည်အသွေးကို မြှင့်တင်နိုင်မည်ဆိုပါက အဘယ်ကြောင့် မလုပ်ဘဲ နေမည်နည်း။
"လဲ့ကျွင်းကို ပြောလိုက်ပါ၊ ဆွေးနွေးလို့ ရပါတယ် ဒါပေမဲ့ ဟာ့ဒ်ဝဲ ပူးပေါင်းဆောင်ရွက်ရေးအကြောင်းပဲ ဆွေးနွေးမယ် စနစ်ပိုင်းကိုတော့ လောလောဆယ် ဘေးဖယ်ထားလိုက်ပါ တွေ့ဆုံဖို့ကိစ္စကိုလည်း ခဏမေ့ထားလိုက်ဦး၊ တွေ့ရမယ့်အချိန်ကျမှ တွေ့ကြတာပေါ့"
ဟု လင်းဖန်က ပြုံးလျက် အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
ကျန်းဖန်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
ဖန်ထန်း၏ အကြီးအကဲများအနေဖြင့် Rice ကုမ္ပဏီ၏ အင်အားကို သိကြသော်လည်း၊ သူတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုပါက ပိုမိုကြီးမားသော ဆိုးကျိုးများ သက်ရောက်နိုင်သည်ကိုလည်း နားလည်ထားကြသည်။ ဖန်ထန်းအနေဖြင့် အရာအားလုံးကို လက်ဝါးကြီးအုပ်ထား၍ မရပေ။ ထိုသို့လုပ်ပါက လူတိုင်း၏ မုန်းတီးမှုကို ခံရပေလိမ့်မည်။
အမှန်စင်စစ် ပြည်တွင်းဖြစ် စမတ်ဖုန်းလည်ပတ်မှုစနစ်နှင့် ပြည်တွင်းဖြစ် စမတ်ဖုန်းတို့ ပေါင်းစပ်ပါက အင်အား ၁၅ ရာခိုင်နှုန်းခန့်ကို ထုတ်ဖော်နိုင်သည်။ သို့သော် ဈေးကွက်ဝေစုအားလုံးကို ဖန်ထန်းကသာ သိမ်းပိုက်ထားမည်ဆိုပါက ပြိုင်ဘက်များသာမက အစိုးရပိုင်းကလည်း လက်ခံလိမ့်မည်မဟုတ်ပေ။ ဤအခြေအနေတွင် ပြိုင်ဘက်၏ ကြီးထွားမှုကို ထိန်းချုပ်ပြီး မိမိအတွက် အကျိုးရှိစေမည့် ပြိုင်ဆိုင်မှုဝန်းကျင်တစ်ခုကို ဖန်တီးခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။
"သူဌေး၊ အရင်က Android ဘက်က ကျွန်တော်တို့ တန်ရွမ်စနစ်အပေါ် သတင်းမှားတွေဖြန့်ပြီး အသရေဖျက်ခဲ့ဖူးတယ် သူတို့ကို ပြဿနာတစ်ခုခု ပြန်ပေးသင့်သလား"
ဟု COO ယွီလဲ့က ဝင်မေးသည်။
ထိုစကားကို ကြားသော်လည်း လင်းဖန်က တိုက်ရိုက်မဖြေဘဲ အေးဆေးစွာပင် ပြောလိုက်သည်။
"တစ်ခါတလေမှာ ဖုန်းကုမ္ပဏီတွေရဲ့ လက်နက်က သူတို့ရဲ့ ထုတ်ကုန်တွေပဲ ဖန်ထန်းအတွက်တော့ စနစ်ဆိုတာလည်း လက်နက်တစ်ခုပဲ အရင်ကလိုမျိုးပေါ့..."
"ဟုတ်ကဲ့ ဥက္ကဋ္ဌ၊ ကျွန်တော် နားလည်ပါပြီ"
ယွီလဲ့၏ မျက်လုံးများ တောက်ပသွားသည်။
Android သည် ပွင့်လင်းစနစ် (Open System) ဖြစ်သောကြောင့် လုံခြုံရေးအားနည်းချက်များစွာ ရှိနေသည်။ သေချာရှာကြည့်မည်ဆိုပါက အားနည်းချက်ပေါင်း ရာချီ၍ တွေ့နိုင်ပေသည်။
"ဒါနဲ့ နီဗားနား.."
လင်းဖန်၏ နှုတ်ခမ်းထောင့်လေး အနည်းငယ် တက်သွားပြီး ထူးခြားသော အမူအရာတစ်ခု ပေါ်လာသည်။
"ခင်ဗျား... စစ်တပ်ကို အသုံးချပြီး နီဗားနားကို ကြော်ငြာမလို့တော့ မဟုတ်ပါဘူးနော်"
ဟု ကျန်းဖုန်းက ထိတ်လန့်တကြား ကြည့်ကာ မေးလိုက်သည်။
ဘာ... စစ်တပ်ကို အသုံးချမယ် ဟုတ်လား။
အစည်းအဝေးခန်းမရှိ လူတိုင်း မျက်နှာပျက်သွားကြသည်။ ဤသည်မှာ နောက်ပြောင်ရမည့် ကိစ္စမဟုတ်ပေ။ အမှားအယွင်းတစ်ခုရှိပါက အသက်အန္တရာယ်ပင် ရှိနိုင်သည်။ ရှေးယခင်ကတည်းက စစ်တပ်နှင့် ပတ်သက်သည့်ကိစ္စများတွင် ပါဝင်ပတ်သက်သူများသည် ကောင်းသော အဆုံးသတ် မရှိခဲ့ကြပေ။
"ခင်ဗျားတို့ ဘာကို စိုးရိမ်နေလဲဆိုတာ ငါနားလည်ပါတယ် ဒါပေမဲ့ ဒီကြော်ငြာက နာမည်ကိုပဲ သုံးမှာပါ စစ်တပ်ဘက်ကလည်း ငြင်းမှာမဟုတ်ဘူး ကျန်းဖန်၊ ခင်ဗျားက ဖန်ထန်းအုပ်စုကိုယ်စား ဗိုလ်မှူးကြီး တုန်းဖန်ကို သွားပြီး မေးမြန်းပေးပါ"
"ဒါ... ကောင်းပါပြီ"
ကျန်းဖုန်းသည် ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။
အကယ်၍ မအောင်မြင်ခဲ့ပါကလည်း စစ်တပ်အနေဖြင့် ဖုန်းထုတ်လုပ်ရေးအတွက် ဖန်ထန်း၏ အကူအညီ လိုအပ်နေသေးသဖြင့် သူတို့ကို တစ်ခုခုလုပ်လိမ့်မည် မဟုတ်ပေ။
အကယ်၍သာ အောင်မြင်သွားပါက နီဗားနားအိတ်သည် တစ်ဟုန်ထိုး နာမည်ကြီးသွားပေလိမ့်မည်။ စစ်တပ်ကပင် ဝယ်ယူအသုံးပြုရလောက်အောင် လုံခြုံစိတ်ချရသည့်ဖုန်းကို လူတွေက အဘယ်ကြောင့် လုယက်မဝယ်ဘဲ နေကြမည်နည်း။
"ဥက္ကဋ္ဌနဲ့ လူကြီးမင်းတို့ခင်ဗျာ၊ ဒါက ကောင်းတဲ့လက္ခဏာတော့ မဟုတ်လောက်ဘူး"
ဟု R&D အထွေထွေမန်နေဂျာ ယွီလီက ခါးသက်သက် အပြုံးဖြင့် ပြောလိုက်သည်။
"ဒီရက်ပိုင်း စစ်တပ်က လူတွေဟာ ကြီးကြပ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော်တို့ ထုတ်လုပ်ရေးစခန်းတွေဆီ လာလာနေကြတယ် သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ကြီးကြပ်ဖို့ မဟုတ်ဘဲ ကျွန်တော်တို့နဲ့ ရင်းနှီးအောင်လုပ်ဖို့နဲ့ ဖန်ထန်းအကြောင်းကို စုံစမ်းဖို့ ဖြစ်နေတယ်လို့ ကျွန်တော် ခံစားရတယ်"
ဟင်း
လူတိုင်း သက်ပြင်းချလိုက်ကြသည်။ စစ်တပ်က ဖန်ထန်းအကြောင်းကို စုံစမ်းနေသည်ဆိုပါက သူတို့ ဘာကို ကြံစည်နေကြသနည်း။
သို့သော် လင်းဖန်ကတော့ အံ့သြခြင်းမရှိဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
"အမှန်တော့ ငါက အစကတည်းက စစ်တပ်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုခဲ့တာ စစ်တပ်ကလည်း မငြင်းခဲ့ဘူး အထက်လူကြီးတွေ စဉ်းစားနေတုန်းပဲ ထင်တယ် အခု ရောက်လာတဲ့သူတွေဟာ အထက်က လွှတ်လိုက်တဲ့သူတွေ ဖြစ်မှာပါ"
ထိုစကားကို ကြားမှ လူတိုင်း စိတ်အေးသွားကြပြီး ကျန်းဖုန်း၏ မျက်နှာတွင်လည်း အပြုံးတစ်ခု ပေါ်လာတော့သည်။
အကယ်၍ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုသာ ဖြစ်လာခဲ့ပါက စစ်တပ်၏ အရှိန်အဝါကို ကြော်ငြာအတွက် အသုံးပြုရန် ဖြစ်နိုင်ခြေရှိသည်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်သည် တစ်နေ့ထက်တစ်နေ့ ပိုမိုပွင့်လင်းလာနေပြီဖြစ်ရာ အထူးလျှို့ဝှက်ချက်မှလွဲ၍ ကျန်သည့်ကိစ္စများကို လူထုကို အသိပေး၍ ရနိုင်ပေသည်။
................................................