အခန်း (၆၀၁-၆၀၃)
Vol. 41 Ch. 601-603
အခန်း ၆၀၁ ။ စောင့်ကြည့်ခြင်းအဖြစ် လူသိများသောအရာ
"အစ်မကြီးကျင်း ခင်ဗျားတို့လို မော်နီတာတွေ အများကြီးရှိတာလား" ကူယွဲ့ မနေနိုင်တော့ဘဲ မေးလိုက်တယ်။
"အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" ရှန်းကျင်းက သူ့ကို လှမ်းကြည့်တယ်။ "အခုထိ ငါကိုယ်တိုင်ကလွဲပြီး မီလဲ့က ငါတွေ့ဖူးတဲ့ တစ်ဦးတည်းသော မော်နီတာပဲ"
ခဏ ရှန်းကျင်းကတော့ ထားပါတော့။
"မီလဲ့က တကယ်ပဲ မော်နီတာလား" သူ့ရဲ့ ပျော့ဖတ်ဖတ် အမူအရာနဲ့ ရှန်းရင်ရဲ့ စောနက ထုထောင်းတာခံရချိန် လုံးဝ အစွမ်းမရှိတာပါ ပေါင်းလိုက်ရင် အဓိပ္ပာယ်မရှိ။ ပြီးတော့ သူ့ကိုယ်ပေါ်က အရှိန်အဝါက သာမန်လက်ထောက်တစ်ယောက်ထက်တောင် ပိုပြီးနည်းသေးတယ်။
"အရူးတွေ နင်တို့ မီလဲ့က အရမ်းအားနည်းတယ်လို့များ တကယ်ပဲထင်နေတာလား" ရှန်းကျင်းက သူတို့ကိုတစ်ချက်ဝေ့ကြည့်ကာ ရှင်းပြတယ်။ "မော်နီတာတွေမှာ သူတို့ရဲ့ အားသန်တဲ့ စွမ်းရည်တွေ မျိုးစုံရှိကြတယ်၊ မီလဲ့က တစ်ကိုယ်ရေတိုက်ခိုက်ရေးမှာ မတော်ပေမဲ့ မျက်နှာပြင်တိုင်းအပေါ် သူ့ရဲ့သက်ဆိုင်မှုက တခြားဘယ်သူ့မဆိုထက် အားကောင်းတယ်"
သူမက လက်ဖက်ရည် ငုံသောက်ပြီးမှ ဆက်မေးတယ်။ "သူက မျက်နှာပြင်ခွင့်ပြုချက် ဒါမှမဟုတ် ဖိတ်ကြားချက်မပါဘဲ နင်တို့မျက်နှာပြင်ဆီ အလွယ်လေး လာလို့ရတာ ဘာကြောင့်ထင်လဲ" သူမက သူတို့ကို ဝေ့ကြည့်တယ်။
"အဲဒါက နင့်မျက်နှာပြင်က ဟိုးအစတည်းက မော်နီတာတွေရဲ့ တည်ရှိမှုကို အသိအမှတ်ပြုခဲ့လို့ပဲ၊ တကယ်လို့ နင်တို့က စီမံထိန်းသိမ်းသူတွေဆိုရင်တောင် မျက်နှာပြင်ရဲ့ ဘောင်အတွင်း ရှိနေသရွေ့ တကယ်လို့ နင်တို့သာ တိုက်ခိုက်ကြရင် သူ့ကိုလုံးဝထိနိုင်မှာမဟုတ်ဘူး"
ဒါကြောင့် သူမက တကူးတက မီလဲ့ကို ပျက်စီးခြင်းနယ်ပယ်ထဲ ခေါ်သွားပြီး ထုထောင်းခဲ့တာလား။ သူတို့က သူမ ကောင်းကင်ဘုံကို ဖျက်ဆီးမိမှာ စိုးရိမ်နေတာကြောင့်လို့ထင်ခဲ့တာ၊ တကယ်တော့ သူ့ကို ပိုပြီးနာနာထုထောင်းလို့ရတာ သေချာအောင်လို့ပေါ့။
"မဟုတ်ဘူး" ဖြစ်ရပ်တစ်ခုက ရုတ်တရက် ကူယွဲ့ စိတ်ထဲပေါ်လာတယ်။ "ရှန်းရင်ကျတော့ရော" သူမက စောနက သူ့ကိုထုထောင်းရင်း ပျော်ရွှင်နေတဲ့အချိန် ရခဲ့တယ်မဟုတ်လား။ စီမံထိန်းသိမ်းသူတွေရဲ့ စွမ်းအားက မျက်နှာပြင်ကိုယ်တိုင်က လာတာဖြစ်လို့ သူတို့တွေက မျက်နှာပြင်အသိအမှတ်ပြုတဲ့ မော်နီတာတွေကို နာကျင်အောင် မလုပ်နိုင်တာပေါ့။ ဒါဆို ရှန်းရင် စောနကတင် ဘယ်လိုလုပ်နိုင်ခဲ့တာလဲ။
ရှန်းကျင်းရဲ့ မျက်လုံးတွေက မှိန်သွားကာ ရှန်းရင်ဆီ လှမ်းကြည့်တယ်။ "ရင်လေး နင်က... ပိုထူးခြားတယ်" သူမက မျက်မှောင်ကြုတ်ကာ ခက်ခဲတဲ့ပြဿနာတစ်ခုက စိတ်ထဲပေါ်လာတယ်။
"နင် ဒီမျက်နှာပြင်ဆီ လာပြီးနောက်ပိုင်းမှာ နင့်ကိုယ်က ပြောင်းလဲမှုတချို့ကြုံတွေ့ခဲ့ရတာမို့ နင်က စီမံထိန်းသိမ်းသူတစ်ယောက်ထက်ပိုတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်"
"ဒါဆို ငါလည်း မော်နီတာလား" ရှန်းရင်က တစ်ဖက်ကို ခေါင်းစောင်းသွားတယ်။
"ငါလည်း အရင်က အဲလိုထင်ခဲ့တာ..." ရှန်းကျင်းက မျက်မှောင်ကြုတ်ကာ တစ်ခုခုကို တွေးမိသွားသလိုမျိုး ဆက်မေးခွန်းထုတ်တယ်။
"ဒီအကြောင်း ခု မပြောကြရအောင်၊ နင်တို့အားလုံး အရင်ရှင်းကြ၊ ဒီတစ်ကြိမ် ဘာတွေ အတိအကျဖြစ်ခဲ့တာလဲ၊ ဘာလို့ မီလဲ့က နင်တို့ကို အရည်အချင်းစစ်စာမေးပွဲဆီ ရုတ်တရက် ပို့ချင်ခဲ့ရတာလဲ၊ နင်တို့တွေ မော်နီတာတွေတည်ရှိမှုကို ဘယ်ကနေသိခဲ့ရတာတုံး"
သုံးယောက်လုံး ခဏတာ တောင့်တင်းသွားကာ အချင်းချင်းကြည့်ပြီးတော့ ကောင်းကင်၊ မြေပြင်နဲ့ ပတ်ဝန်းကျင်ကို ရှုစားကြတော့တယ်။
"မတ်မတ်ထိုင်ပြီး ငါ့အမှန်တိုင်းပြော" ရှန်းကျင်းအသံက အေးစက်သွားတယ်။
သုံးယောက်လုံး တုန်ယင်ကုန်ပြီး မတ်မတ်တောင့်တောင့်ထိုင်ကြတယ်။ သူတို့ဘေးက ကလေးတောင် အလိုလို ကျောမတ်လိုက်မိတယ်။ နောက်တော့ လူတိုင်း အလယ်မှာ မတ်မတ်ထိုင်နေတဲ့ ပြောရေးဆိုခွင့်ရှိသူ ဖေဖေနျိုကို ကြည့်လိုက်ကြတယ်။
-ီး ဘာလို့ ငါပဲလဲ
ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားကာ အသက်ပြင်းပြင်းရှူပြီး ကျည်ဆံကိုက်ကာ ပြောရတော့တယ်။ သူက မဟာတာအိုအဖွဲ့အစည်းနဲ့ ကြုံတွေ့ခဲ့ရမှုကို အသေးစိတ်ရှင်းပြလိုက်တယ်။ ရှန်းရင်ကက သူတို့ဆီ မျက်နှာပြင်လွှဲပြောင်းပြီးပြီဆိုတဲ့အချက်ကိုသာ ဖုံးကွယ်ထားပြီးတော့ပေါ့။ ဘာပဲဖြစ်ဖြစ်ပါ သူတို့တွေ တတ်နိုင်သရွေ့ ဖုံးထားရမယ် ဘယ်လိုပဲဖြစ်ဖြစ် ထုထောင်းခံရမှာဆိုတော့ စောစောထက် နောက်ကျမှခံရတာ အမြဲပိုကောင်းပါတယ်။
"မဟာတာအိုအဖွဲ့အစည်းလား" ရှန်းရင်က မျက်မှောင်ကြုတ်တယ်။ "သူတို့မဟာမိတ်တွေအားလုံးက အမတဝိညာဉ်မျက်နှာပြင်တွေကနေ လာကြတာလား"
"ဟုတ်" ကူယွဲ့သေချာတွေးပြီးမှ ခေါင်းညိတ်လိုက်တယ်။ "အဲလူတွေရဲ့ မျက်နှာပြင်တွေက ကျွန်တော်တို့ အမတဝိညာဉ်မျက်နှာပြင်လိုပါပဲ" အဲဒါကြောင့် သူတို့ အဖွဲ့အစည်းထဲဝင်မပါတဲ့ စီမံထိန်းသိမ်းသူတွေနဲ့ မျက်နှာပြင်တွေအပေါ် မသမာစွာပြုမူရဲခဲ့တာပဲ၊ စွမ်းအင်က ဆင်တာမို့ စုပ်ယူဖို့က ပိုလွယ်ကူခဲ့တယ်လေ"
"တကယ်ပဲ ဒီလိုအဖွဲ့အစည်း ရှိတာပေါ့"
ရှန်းကျင်းရဲ့ မျက်မှောင်ကြုတ်မှုက ပိုပြီးနက်ရှိုင်းလာတယ်။ သူမမှာ စီမံစရာ မျက်နှာပြင်ရှိသေးတာမို့ သတိမထားမိဘူးဆိုတာ အရမ်းကိုသဘာဝကျပေမဲ့ မီလဲ့ကပါဘာလို့ လွတ်သွားခဲ့ရတာလဲ။ ဒါ... ရင်လေးကြောင့်များလား။
တစ်ခုခုကို တွေးမိတော့ သူမက ရှန်းရင်ဘက် လှည့်ကြည့်တယ်။ "မီလဲ့က နင့်ကို ဟင်းလင်းပြင်မြေထဲ ဝင်ခိုင်းခဲ့တာ မဆန်းတော့ဘူး"
"..." ဘာသဘောလဲ။ သုံးယောက်လုံး ကြောင်အမ်းသွားတယ်။
"ပုံမှန်အခြေအနေတွေမှာ မော်နီတာတွေက တစ်ယောက်ကိုတစ်ယောက် တွေ့ခွင့်မရဘူး" သူမက သက်ပြင်းချရင်း မျက်မှောင်ကြုတ်နေတယ်။
"ငါတို့အာရုံခံနိုင်တဲ့ မျက်နှာပြင်တွေက အကန့်အသတ် ရှိတယ်၊ တကယ်လို့ နေရာတစ်ခုမှာ မော်နီတာရှိပြီးသားဆိုရင် တခြားလူက စစ်ဆေးမှုစာမေးပွဲထဲ ပါဝင်ချင်ရင်တောင် ငါတို့က အဲနေရာကို အလိုလို လျစ်လျူရှုလိုက်ကြတယ်၊ ပြောရရင် ဒေသတစ်ခုမှာ မော်နီတာ၂ယောက်ပေါ်လာဖို့က မဖြစ်နိုင်ဘူး"
"ဆိုလိုတာ..." ကူယွဲ့က ခဏတန့်သွားပြီး ချက်ချင်း တစ်စုံတစ်ခုကို နားလည်သွားတယ်။
"မဟာတာအိုအဖွဲ့အစည်းထဲက အဲမျက်နှာပြင်တွေမှာ အရင်တည်းက မော်နီတာတစ်ယောက် ရှိခဲ့တာဖြစ်နိုင်တယ်ပေါ့၊ အဲကြောင့် အစ်မကြီးနဲ့ မီလဲ့က လုံးဝ သူတို့ကို မသိခဲ့တာပေါ့"
"အင်း" ရှန်းကျင်းက ခေါင်းညိတ်တယ်။
"ဒါပေမဲ့ အဲတုန်းက ဘယ်သူမှမရှိခဲ့ဘူးလေ" သူတို့ စီမံထိန်းသိမ်းသူတွေ အများကြီးတွေ့ခဲ့ပေမဲ့ ဘယ်သူကမှ ရှန်းကျင်းလောက် ကြောက်ခမန်းလိလိ မသန်မာဘူး။
ရှန်းကျင်းက စကားမပြောဘဲ ရှန်းရင်ကိုသာ လှည့်ကြည့်တယ်။
"ရှန်းရင်လား" ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ "မီလဲ့လည်း ရှန်းရင်က မော်နီတာလို့ တွေးခဲ့တာလား"
"အင်း" သူမက ခေါင်းညိတ်တယ်။
"အဓိပ္ပာယ်မရှိဘူးလေ" သူက တစ်ခုခု တွေးမိသွားကာ ပိုပြီးတောင် သံသယဖြစ်လာတယ်။
"စီမံထိန်းသိမ်းသူတွေက တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်ကြဘူးလို့ မပြောခဲ့ဘူးလား၊ ရှန်းရင်က တစ်ယောက်ဟုတ်မဟုတ် မပြောနဲ့ဦး၊ အစ်မကြီးနဲ့မီလဲ့ကျတော့ရော"
"ငါ မော်နီတာ ဖြစ်မလာခင် သူ့ကိုတွေ့ခဲ့တာ"
"ဒါဆို ရှန်းရင်..."
"တိတိကျကျပြောရရင် မီလဲ့က ရင်လေးဟာ မော်နီတာဖြစ်လာဖို့ ပြင်ဆင်နေတာလို့ ထင်ခဲ့တယ်"
သူမအသံက ချက်ချင်း ပိုအေးစက်လာတယ်။ "ရင်လေးရဲ့ခွန်အားက တခြားစီမံထိန်းသိမ်းသူတွေနဲ့ ထူးခြားတယ်၊ မီလဲ့က မဟာတာအိုအဖွဲ့အစည်းနဲ့ ပြဿနာကို သိသွားချိန် သူမလည်း မော်နီတာဖြစ်လာနိုင်ခြေရှိတယ်လို့ တွေးခဲ့တယ်ထင်တာပဲ၊ အဲဒါကြောင့် အရည်အချင်းစစ်စာမေးပွဲကို ဖြတ်သန်းစေဖို့ ဟင်းလင်းပြင်မြေထဲဝင်အောင် လှည့်စားခဲ့တာ၊ အောင်မြင်သူတွေပဲ တကယ့်မော်နီတာတွေ ဖြစ်လာတာကိုး၊ အဲတုန်းက... ငါ့လိုမျိုးပေါ့"
သုံးယောက်သား မှင်တက်နေတယ်။ ရှန်းရင်တောင် ငေးငိုင်နေပြီး သူမကိုစိုက်ကြည့်လာရင်း တစ်ခုခုကို ပြန်စဉ်းစားနေသလို အသီးကိုကိုက်ဝါးနေတာတောင် ရပ်သွားလေရဲ့။
"ဒါဆို အရည်အချင်းစစ်စာမေးပွဲက ဘာများလဲ"
စားဖိုမှူးက မေးခွန်းထုတ်လာသူ။
"ဒါက လူတစ်ယောက်ချင်းစီမှာ ကွဲပြားတယ်" ခွက်ကိုကိုင်ထားတဲ့ရှန်းကျင်းလက်က တင်းကြပ်သွားကာ သူမမျက်လုံးတွေက မှိန်ကျသွားပြီးမှ စကားဆက်ပြောတယ်။ "မော်နီတာတိုင်းရဲ့ စမ်းသပ်မှုက ကွဲပြားတယ်၊ ဒါပေမဲ့ အစတည်းက စီမံထိန်းသိမ်းသူဆိုရင်တောင် အောင်မြင်ဖို့က အတော်ခဲယဉ်းတာ၊ ငါ့တုန်းက စမ်းသပ်မှုကလည်း ဟင်းလင်းပြင်မြေမှာပဲ၊ ငါ ပျောက်ဆုံးသွားတဲ့အရာကို ရှာတွေ့ပြီး ပြန်လာချိန် သေမင်းတံခါးဝတောင် ရောက်နေခဲ့ပြီ၊ မီလဲ့ဆိုတဲ့ကောင်က နင့်စမ်းသပ်မှုလည်း အဲမှာရှိလောက်တယ် တွေးပြီး နင့်ကိုအဲနေရာခေါ်သွားတာဖြစ်နိုင်တယ်"
ကူယွဲ့နဲ့ယိချင်း အကြည့်ဖလှယ်မိလိုက်ကြတယ်။ ဟင်းလင်းပြင်မြေက အမှန်ပဲ အင်မတန် စနစ်မကျ ရှုပ်ထွေးနေတာ။ ဒါပေမဲ့ ဒါက တစ်ခုခုကိုရှာဖို့အတွက်ပဲဆို ရှန်းကျင်းခွန်အားနဲ့ သေမင်းတံခါးဝ ရောက်ခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။
"ဘာကိုများ ရှာနေခဲ့တာလဲ" သူက အလိုလိုမေးမိသွားတယ်။
ရှန်းကျင်းက မော့ကြည့်ကာ ပြန်ဖြေမို့လုပ်တုန်း ဘေးက ရှန်းရင်က အရင်ဖြေလေတယ်။ "ငါပဲ"
ဟမ်။
နှစ်ယောက်သား အံ့ဩတုန်လှုပ်သွားပေမဲ့ ရှန်းရင်က ဆက်ပြောတယ်။ "သူရှာနေခဲ့တာက ငါ"
တိတိကျကျပြောရရင် သူမ အသိစိတ်ကို နှိုးတာပေါ့။ သူမက အဲတော့ နိုးလာပြီး အဲမျက်နှာပြင်မှာ မွေးဖွားခဲ့တာပဲ။ "မကြီး... ငါက နင့်စမ်းသပ်မှုလား"
ရှန်းကျင်းက သူမကို အံ့ဩမှုတချို့နဲ့ကြည့်တယ်။
"အဲဒါတွေအားလုံးက နင် မမွေးခင်ဖြစ်ခဲ့တာ၊ ဘယ်လိုသိတာလဲ"
"ခန့်မှန်းကြည့်တာလေ"
"နောက်ဆုံးတော့ နင့်ကိုယ်နင် ဝန်ထုပ်ဝန်ပိုးဆိုတဲ့ အသိစိတ်လေးတစ်ချို့တော့ ရှိပြီပဲ" ရှန်းကျင်းက သူမကို တစ်ချက်ကြည့်ကာ ဆက်ပြောတယ်။ "အစက ငါတို့မျက်နှာပြင်က မကြာခဏ တခြားမျက်နှာပြင်တွေရဲ့ တိုက်ခိုက်မှုကိုခံရတယ်၊ ငါ မော်နီတာဖြစ်လာရတဲ့ အကြောင်းရင်းတွေထဲက တစ်စိတ်တစ်ပိုင်းပေါ့၊ အစကတော့ သာမန်ကျူးကျော်သူတွေ၊ နောက်ကျ ကျူးကျော်တဲ့ စီမံထိန်းသိမ်းသူတွေလည်း ပေါ်လာတယ်၊ ပြီးတော့ မီလဲ့လည်း ဒါကြောင့် ပေါ်လာခဲ့တာပဲ"
"သူက ကျူးကျော်မှုကို ကူညီဖြေရှင်းပေးခဲ့တာလား"
"ဟင့်အင်း" ရှန်းကျင်းမျက်နှာက ပျက်သွားတယ်။ သူမက -ျီးကို စားမိသလိုမျိုး အံကြိတ်ပြောတော့တယ်။ "သူက ကျူးကျော်သူတွေပါ သယ်လာတာ"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဘာတုန်းဟ။ မော်နီတာတွေက ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေဆိုတာ ဘာဖြစ်ကုန်တာတုံး။ မီလဲ့က ဒုက္ခအိုးလား။
○| ̄|_
...
အခန်း ၆၀၂ ။ လက်ထပ်ခွင့်တောင်းရာတွင် ပြောင်းပြန်
"မီလဲ့က အဲတုန်းက အသည်းအသန် ဒဏ်ရာရနေခဲ့တာလေ သူ့ဖင်နောက်ကို အမဲလိုက်နေတဲ့ဟာတွေ တစ်ပုံကြီးပဲ" ရှန်းကျင်းက ဆိုးဝါးတဲ့အတိတ်ကို သတိရသွားပြီး တစ်ယောက်သောသူကို နောက်တစ်ကြိမ် ထုထောင်းဖို့ ပျက်စီးခြင်းနယ်ပယ်ထဲ ပြန်သွားချင်နေတဲ့ပုံ။ "ငါက မော်နီတာဖြစ်ဖို့ အရည်အချင်း ပြည့်မီပြီဆိုတာ နားလည်သွားတဲ့နောက် သူက ကျန်ရစ်နေခဲ့ပြီး သူ့နယ်ပယ်ကို ပြန်ရရှိအောင်လုပ်တဲ့နေရာမှာ ကူညီခိုင်းဖို့ ငါ့ကိုလေ့ကျင့်ပေးချင်ခဲ့တယ်၊ အသုံးဝင်တာ ဘာမှမရှိပေမဲ့ပေါ့"
"..." ပာ စောနကတော့ သန်မာလို့ ချီးကျူးနေသေးတာ၊ ခုကျ ပြန်နှိမ့်ချနေပြန်ပြီလား။
"ဟမ့် ရင်လေးကို လေ့ကျင့်ပေးတဲ့နေရာမှာ သူ ငါ့ကိုကူညီပေးနိုင်တာကြောင့်မဟုတ်ရင် ငါ သူ့ကို ဘယ်လိုလုပ် နေခွင့်ပေးနိုင်မှာလဲ" အဆုံးမှာတော့ သူက ကြီးပြင်းမှုကို သောက်ကျိုးနည်း ဖျက်ဆီးခဲ့တာပဲ။ ဘာ သောက်လေ့ကျင့်ရေးအစီအစဉ်တုန်း၊ ဘာမှအလုပ်မဖြစ်ခဲ့ဘူး
သူမက ရှန်းရင်ကို လှည့်ကြည့်ကာ မျက်လုံးတွေက ချက်ချင်း ဝမ်းနည်းမှုတွေနဲ့ ပြည့်သွားတယ်။ အဲတုန်းက သူမရင်လေးက ချစ်စရာကောင်းချက်။ ဒါပေမဲ့ အခုတော့... ဒါက မီလဲ့အပြစ်ပဲ ဖြစ်ရမယ်၊ သေချာပေါက်ပဲ။
ရှန်းရင် သူမအကြည့်ကြောင့် ကြက်သီးတွေထလာပြီး မသက်မသာ ဘေးကိုရွှေ့ကာ အကျင့်အတိုင်းနီးပါး ထုတ်အော်မိတော့မလို့။ ငါမှားပါတယ်
"ဟူး" သူမက သက်ပြင်းမောကြီးချကာ သူမရဲ့အကြည့်ကို စိတ်ပျက်လက်ပျက် လွှဲလိုက်တယ်။
"ဘယ်လိုပဲဖြစ်ဖြစ် နင်က စမ်းသပ်မှုကို စနက်မပျိုးခဲ့ဘူး၊ ဒါကြောင့် နင်က မော်နီတာလို့ မထင်ဘူး၊ ဒါပေမဲ့ နင့်ခွန်အားက အတော်လေးကို ထူးဆန်းတယ်"
"အစ်မကြီးကျင်း၊ လူတိုင်းရဲ့ စမ်းသပ်မှုက ကွဲပြားတယ်လို့ မပြောခဲ့ဘူးလား" ကူယွဲ့ မနေနိုင်ဘဲ မေးလိုက်တယ်။ "ဖြစ်နိုင်တာ ရှန်းရင်ရဲ့စမ်းသပ်မှုက ဟင်းလင်းပြင်မြေထဲမှာ မဟုတ်ဘူးဆိုရင်ရော၊ တကယ်လို့ သူမ စမ်းသပ်မှုကို အစမပျိုးခဲ့ရင်တောင် ငါတို့ သူမက မဟုတ်ဘူးလို့ မသတ်မှတ်နိုင်ဘူးမလား၊ ပြီးတော့ သူမတည်ရှိမှုက စီမံထိန်းသိမ်းသူထက် ပိုကျော်လွန်တယ်လို့ ပြောခဲ့တယ်မလား"
"မော်နီတာတွေက တကယ်ကို စီမံထိန်းသိမ်းသူတွေကို ကျော်လွန်တယ်၊ ဒါပေမဲ့ သူတို့ခွန်အားတွေကိုလည်း ကန့်သတ်ထားတယ်" ရှန်းကျင်းက တစ်လုံးချင်းစီကို ဖြည်းဖြည်း ရှင်းရှင်း ပြောလာတယ်။ "ငါ အဲတုန်းက သူမအချက်အလက်ကို စစ်ဆေးချိန် ဘယ်သူ့ဟာကိုအခြေခံပြီး နှိုင်းယှဉ်ခဲ့တယ်ထင်လဲ"
သူ့ရဲ့မျက်လုံးတွေက ရုတ်ခြည်းပြူးသွားတယ်။ ဖြစ်နိုင်တာ...။
"သေချာပေါက် ငါပေါ့" ရှန်းကျင်းက ဒါ သဘာဝပဲဆိုသလိုမျိုးပုံစံနဲ့ ပြောတယ်။ "သူက မော်နီတာ မဟုတ်ဘူးလို့ ငါပြောခဲ့တာက သူက အရည်အချင်းမပြည့်မီလို့မဟုတ်ဘဲ သူ့အချက်အလက်ကို မော်နီတာတစ်ယောက်ကတောင် မခန့်မှန်းနိုင်တာမို့ပဲ၊ ဒါကြောင့် သူမက မော်နီတာတစ်ယောက် ဖြစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"
"ဒါဆို... သူမက ဘာလဲ" ကူယွဲ့ မှင်တက်သွားတယ်။
ရှန်းကျင်း ခေါင်းလှည့်ကာ ခဏအတွင်း အကြည့်အားလုံးက အဆာသွတ်မုန့်ကို တကိုက်ကိုက် ဝါးနေပြီဖြစ်တဲ့ တစ်ယောက်သောသူကို ဝိုင်းကြည့်ကြတယ်။
"အဲဒါနဲ့ပတ်သက်ပြီး... ငါလည်းသိချင်နေတာ"
ရှန်းရင် ။ ။ "..."
သူမက ပဲစိမ်းမုန့်တစ်ကိုက်စားနေရုံပါပဲ၊ ဒီလိုကြီး သူမကိုစိုက်ကြည့်ဖို့လိုလို့လား။
သူမတစ်ကိုယ်လုံး ကြက်သီးထမှုသာခံစားရကာ နောက်တော့ သူမဘေးက ဝိညာဉ်စေ့ရဲ့လက်ထဲ ကိတ်မုန့်ကို တိတ်တိတ်လေး ထိုးထည့်ပေးကာ ဘယ်တုန်းကမှ မစားခဲ့သလိုမျိုး ဟန်ဆောင်နေလေရဲ့။
ကလေးက အူတူတူဖြစ်သွားပြီး သူ့လက်ထဲက ကိတ်မုန့်ကို တွေဝေစွာ စိုက်ကြည့်ရင်း နောက်တော့ ချက်ချင်း တောက်ပစွာပြုံးလိုက်တယ်။
"ကောင်းပြီလေ၊ ငါသွားရတော့မယ်" ရှန်းကျင်းက မတ်တတ်ရပ်ကာ ရှန်းရင်ကိုတစ်ချက်ကြည့်ပြီး သူမခေါင်းကိုပုတ်လိုက်တယ်။
"နင် နောက်ပိုင်း နည်းနည်း စဉ်းစားဉာဏ်ရှိပေးလို့ရမလား၊ တစ်ခုခုရှိရင် ငါ့ဆီတန်းလာခဲ့၊ အဲငနွဲ့ကောင် မီလဲ့ကို သွားရှာဖို့လိုလို့လား" သူမက နဂိုတည်းက ထူးဆန်းတဲ့ကလေးဖြစ်နေတာ။ သူမ ဆက်ပြီးလမ်းလွဲနေရင် ဘာဖြစ်မလဲဆိုတာ ညယ်သူသိမလဲ။
"..." သေချာပေါက်ပေါ့၊ ငါ့ကိုသာ အားလုံးအပြစ်တင်
သူမက ဆက်ပြီး နားပူနားဆာတိုက်ပြီးမှ တစ်ဖက်လှည့်ကာ မျက်နှာပြင်တံခါးကိုဖွင့်ဖို့ပြင်တယ်။
"ဂရုစိုက်ပါ အစ်မကြီးကျင်း" ကူယွဲ့ အလိုလို စိတ်အေးကာ သက်ပြင်းချမိသွားပြီး နတ်ဆိုးဘုရင်က နောက်ဆုံးတော့ ထွက်သွားတော့မှာကို ဝမ်းမြောက်နေတယ်။ သူတို့ နောက်ထပ်ကျည်ဆံတစ်တောင့် ရှောင်ခဲ့ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့...။
"အကြီးအကဲ ခဏနေပါဦး" ဒါပေမဲ့ စားဖိုမှူးက ရုတ်တရက် ပြောလာတယ်။
ကူယွဲ့ အသက်ရှူသံက လုံးလုံးတောင် မထုတ်မှုတ်ရသေး သူ့စားစရာနဲ့သူ ချော်လဲလုနီးပါး ဖြစ်သွားတယ်။ "စားဖိုမှူး ဘာလုပ်နေတာလဲ" သူက သူ့သေတွင်းသူတူးနေတာလား နတ်ဆိုးတစ်ကောင်ကို ရှောင်တာထက် ဆင့်ခေါ်ဖို့က ပိုလွယ်တယ်ဆိုတာ သိရဲ့လား။
ဒါပေမဲ့ စားဖိုမှူးက သူ့ကိုလျစ်လျူရှုကာ ရှေ့တစ်လှမ်းလှမ်း လက်သီးဆုပ်ပြီး တည်ကြည်မှုအပြည့်နဲ့ ကျယ်လောင်စွာပြောလေတယ်။ "အကြီးအကဲ... ဟင့်အင်း အစ်မကြီးကျင်း ကျွန်တော်က ဆရာရဲ့တပည့်ယိချင်းပါ၊ ကျွန်တော့်မှာ အများကြီး သိပ်မရှိပေမဲ့ ကျွန်တော်က ဟင်းချက်တဲ့နေရာမှာ ကျွမ်းကျင်တာ ကံကောင်းမှုဖြစ်ပြီး သူမ စားစရာနဲ့ ဝတ်စားဖို့ မလိုတာ သေချာအောင် လုပ်ပေးနိုင်ပါတယ်၊ ကျွန်တော် ဆရာ့ကို အချိန်အတော်ကြာ သဘောကျခဲ့တာပါ၊ လောကကြီးက ပျားပန်းခတ်ပြီး ခမ်းနားပေမဲ့ သူမက နှလုံးသားထဲအမြဲ တစ်ဦးတည်းသောသူပါ၊ ဒီဘဝမှာတော့ ကျွန်တော်က သူမလက်ကို တွဲကာ တူတူအိုမင်းသွားဖို့သာ ဆန္ဒရှိပါတယ်..." သူ စကားပြောရင်း ဒူးထောက်ချကာ ပိုပြီးတောင်ကျယ်လောင်တဲ့အသံနဲ့ တည်ကြည်စွာပြောတယ်။ "ကျွန်တော် ရှန်းရင်ကို ကျွန်တော့်ဇနီးလုပ်ချင်ပါတယ်၊ ကျွန်တော် အစ်မကြီးရဲ့ကောင်းချီးပေးမှုကို တောင်းဆိုပါတယ်"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
သေစမ်း၊ ဒီတစ်ကြိမ် သူမကိုလက်ထပ်ခွင့်တောင်းတာ အကောင်းဆုံးအချိန် ဟုတ်တဲ့ပုံမပေါ်ဘူးနော် သူက အထောင်းခံရဖို့ တောင်းဆိုနေတာလား။ အထောင်းခံချင်နေတာလား။
(╯_╰)
ကူယွဲ့ စားဖိုမှူးနဲ့ တတိယအကြိမ် ပြင်းထန်တဲ့ ဖြိုချမှုကို လက်ခံရရှိတော့မဲ့ ကောင်းကင်ဘုံအတွက် ဖယောင်းတိုင်ကို တိတ်တိတ်လေး ထွန်းလိုက်တော့တယ်
သေချာပေါက် နောက်တစ်စက္ကန့်မှာ ရှန်းကျင်းမျက်နှာက ဖျတ်ခနဲ ပျက်သွားကာ အေးစက်တဲ့ အရှိန်အဝါတစ်ခု သူမကိုယ်ဆီ ဝိုးတဝါး ဝိုင်းလာပြီး ရှေ့ကလူကို ဆွဲမလိုက်တယ်။ "နင် ခုဘာပြောလိုက်တယ်၊ နင်ထပ်ပြောလိုက်စမ်း၊ နင်ဘယ်ခြေထောက် ကျိုးချင်လဲ"
ဟာ့... နင့်ရဲ့ သနားစရာအမူရာနဲ့တင် (စတေးခံမကောင်းဆိုးဝါးတောင် နင့်ထက် ပရိသတ်ပိုရှိသေးတယ်) ငါ့ညီမကို လက်ထပ်ဖို့ အိပ်မက်မက်သေးတယ်လား
ဒါပေမဲ့ စားဖိုမှူးက သူမရဲ့အေးစက်တဲ့ အရှိန်အဝါကို လျစ်လျူရှုပြီး တစ်လုံးချင်းပြောသေးတယ်။
"ကျွန်တော်က ဆရာ့အပေါ် စစ်မှန်ပါတယ်၊ အစ်မကြီးကို ကျွန်တော်တို့ကို ကောင်းချီးပေးဖို့ တောင်းဆိုပါတယ်"
"အရမ်းကောင်းတယ်..." ရှန်းကျင်းက အသက်ပြင်းပြင်းရှူကာ ပျက်စီးခြင်းနယ်မြေဆီ တံခါးဖွင့်လိုက်တယ်။ "ဒါဆို ခြေထောက်သုံးချောင်းလုံး ချိုးကြတာပေါ့" အဲလိုနဲ့ သူမက ပြန်လှည့်ကာ သူ့ကိုဆွဲသွင်းဖို့လုပ်တယ်။
"မကြီး" ရှန်းရင်က သွေးပျက်ကာ သူ့ကိုဆွဲဖို့လုပ်တယ်။
အဲအစား ဘေးက သူတို့နောက်ကနေ လိမ်လိမ်မာမာ လိုက်လာတဲ့ ဝိညာဉ်အစေ့လေးက ရှန်းကျင်းဝတ်ရုံလက်ကို ရုတ်တရက်ဆွဲတယ်။ "မကြီး၊ ကျွန်တော့် ဒုတိယအစ်ကိုကို အနိုင်မကျင့်ပါနဲ့ ကျွန်တော် အဆာသွတ်မုန့်တချို့ ပေးရင်ရော" အဲလိုနဲ့ သူက ရှန်းရင်ဆီက စောနကရလာတဲ့ ကိတ်မုန့်ကို တစ်ဝက်ခွဲကာ တစ်ပိုင်းကမ်းပေးတယ်။ "မေမေက ကျွန်တော့်ကို ဒါပေးခဲ့တာ"
ဘာ။
ရှန်းကျင်းက အူကြောင်ကြောင်ဖြစ်ပြီး အလိုလို ယူလိုက်မိတယ်။
ဒါပေမဲ့ ကလေးက တစ်ဖက်လှည့်ကာ ကူယွဲ့ဆီ ပြန်ပြေးသွားကာ နောက်တော့ တစ်ဝက်ကို ကမ်းပေးလာတယ်။ "ဖေဖေ ကိတ်မုန့်စားပါ၊ မေမေပေးခဲ့တာ"
သူက ပျော်ရွှင်စွာပြုံးပြီး ရှန်းရင်ဘက်ကို လက်ညှိုးထိုးပြတယ်။
ရှန်းကျင်း ။ ။ "..."
ခဏ ကလေးက သူတို့ကို ဘယ်လို ခေါ်လိုက်တယ်။
မေမေ၊ ဖေဖေတဲ့လား။
ရှန်းကျင်းက ကလေးကို တစ်ချက်ကြည့်ပြီး ရှန်းရင်နဲ့ကူယွဲ့ကို ကြည့်လာတယ်။ သူမ ကလေးနဲ့ နှစ်ယောက်ကြားက သိသိသာသာ ပတ်သက်ဆက်နွယ်မှုကို ဝိုးတဝါးမြင်နေရတယ်။
ဒီကလေးက တကယ်ပဲ သူမ... တူလေးဖြစ်နိုင်လား။
(⊙_⊙)
ဒါဆို ယိချင်းလို့ ခေါ်တဲ့ ဒီငနဲက...။
ရင်လေးက အရင်တစ်ခေါက်က ဒါ သူမရည်းစားဆိုပြီး ပြောခဲ့တယ်မဟုတ်လား။
သူမ နောက်လှည့်ကာ ကိုင်ထားတဲ့လူကိုကြည့်ပြီး ည၈နာရီမှာလွှင့်တဲ့ မဖြစ်နိုင်စရာ ဇာတ်ကြောင်းတွေနဲ့ မိသားစုဇာတ်လမ်းမျိုးစုံ သူမစိတ်ထဲ လျှပ်စီးလို မြန်ဆန်စွာဖြတ်ပြေးသွားတယ်။ သူမ ရုတ်တရက် လက်ထဲကလူက ဝတ်ရုံဖြူတွေကနေ အစိမ်းရောင်အလင်းတွေ တောက်ပနေသလို ခံစားလိုက်ရတယ်။ သူမလက်ထဲက အလေးချိန်က ချက်ချင်း ပိုလေးလံလာသလိုပဲ။
သူမ အတော်ကြာ တိတ်ဆိတ်နေသေးတာမြင်တော့ ယိချင်းက ထပ်တောင်းဆိုပြန်တယ်။ "ကျွန်တော် အစ်မကြီးကို တောင်းဆို..."
"မပြောနဲ့တော့" ရှန်းကျင်းက ရုတ်တရက် ကြားဖြတ်ပြောကာ သူမလက်တွေက ပြေလျော့သွားခဲ့တယ်။
"ငါ နင်တို့နှစ်ယောက်ကို ခွင့်ပေးတယ်"
"ကျွန်တော် တကယ်... အယ် အာ" ယိချင်းက အူကြောင်ကြောင်ဖြစ်သွားတယ်။ သူ ခုကြားယောင်နေတာလား။
"ငါနားလည်ပါတယ်၊ နင်က လိမ္မာတဲ့ကလေးပဲ" သူမက ပြောရင်း သူ့ပခုံးကိုပုတ်လိုက်တယ်။
ရုတ်တရက် ဘာမှန်းမသိ လက်ခံမှုရလိုက်တဲ့ ယိချင်း ။ ။ "..."
အဲဒါ ဘာသဘောလဲ။ သူမက သူ့ကို မထုထောင်းတော့ဘူးလား။
သူမက ခေါင်းလှည့်ကာ ရှန်းရင်ကို ရှုပ်ထွေးတဲ့အမူအရာကြည့်တယ်။ "ငါ နင်နဲ့ပြီးရင်ကိစ္စရှင်းမယ်"
ရှန်းရင်ကို စိန်းစိန်းဝါးဝါးကြည့်ပြီး အေးစက်တဲ့အရှိန်အဝါက သူမကိုယ်ထဲကနေ စိမ့်ထွက်နေတယ်။ နောက်တော့ အနောက်မှာ ရောက်နေတဲ့ကူယွဲ့ပေါ်အကြည့်က သစ်ရွက်ကြွေတွေကို တိုက်ခတ်သွားတဲ့ ဆောင်းဦးလေလို ရောက်သွားလေရဲ့။
ကူယွဲ့ တစ်ကိုယ်လုံး အေးစိမ့်သွားကာ ရှန်းကျင်းစကားတွေကိုကြားလိုက်ရတယ်။
"နင်ကတော့..." သူမက ရုတ်တရက် လက်သီးဆုပ်ပြီး နောက်အခိုက်အတန့်မှာတာ့ ကူယွဲ့ သူမဆီ ပျံသန်းသွားရကာ လည်ပင်းက သူမဆုပ်ကိုင်မှုထဲ ကျရောက်သွားခဲ့တယ်။
"ငါ့ပြောစမ်း၊ အကောင်စုတ်၊ နင်ဘယ်လိုသေချင်လဲ"
ကူယွဲ့ ။ ။ "..."
ဟမ်။
ဟင်
သေစမ်း ဒါ ဘာဆိုလိုတာလဲ လူက ဘာလို့ရုတ်တရက်ပြောင်းသွားတာတုံး။ ဒါ ငါနဲ့ဘာဆိုင်လို့လဲ၊ ဟဲလို
(゚Д゚≡゚Д゚)
...
အခန်း ၆၀၃ ။ စိတ်အေးအေးထားပါ အစ်မကြီးကျင်း
"ခဏ ဘာလို့ကျွန်တော်လဲ" သူ ပျက်စီးခြင်းနယ်ပယ်ထဲ ဆွဲသွင်းခံရတော့မို့ရှိသေး ကူယွဲ့ နောက်ဆုံးတော့ တုံ့ပြန်ကာ နောက်ပြန်လှည့်ပြီး ကျယ်လောင်စွာ အော်လိုက်တယ်။ "ရှန်းရင် မြန်မြန် ငါ့လာကယ်ချေ"
ဟမ်။
ရှန်းရင် အူတူတူဖြစ်သွားပြီး သူမအသိစိတ်ရဲ့ ပြစ်တင်ဝေဖန်ရှုတ်ချမှုက သူမကို ခြေတစ်လှမ်း တိုးစေကာ အစ်မကို ဆွဲကိုင်လိုက်စေတယ်။ "မကြီး၊ တကယ်တော့..."
"နင်ပါးစပ်ပိတ်" ရှန်းကျင်းရဲ့ဒေါသက ချက်ချင်း လမ်းကြောင်းပြောင်းသွားတယ်။
"အမ်..." ရှန်းရင်လက်တွေက တုန်ယင်ကုန်ပြီး ချက်ချင်း အသည်းငယ်သွားခဲ့တယ်။ "ကောင်း... ကောင်းပါပြီ" အသိစိတ်ဆိုတာ ဘာလဲ။ ငါမသိပါဘူး
ကူယွဲ့ မျက်လုံးတွေက ရုတ်ခြည်းပြူးကျယ်ကုန်တယ်။ "ရှန်းရင် မင်းဦးလေးကို-ိုး"
"နင်ဘာပြောလိုက်တယ်" ရှန်းရင် မတုံ့ပြန်နိုင်ခင် ရှန်းကျင်းရဲ့အေးစက်တဲ့အသံက ထွက်လာတယ်။
"နင်ဘယ်သူ့ဦးလေးကို လုပ်ချင်နေတာလဲ"
ကူယွဲ့ ချက်ချင်း တောင့်ခဲသွားတယ်၊ ချီး ဒီလူနှစ်ယောက်က ညီအစ်မတွေဆိုတာ မေ့သွားတယ်။
"မဟုတ်ပါဘူး ခေါင်းဆောင်ကျင်း ခင်ဗျားဦးလေးကို ဆိုလိုတာမဟုတ်ပါဘူး၊ သူမဦးလေးကိုပါ... အာဖွီ၊ နှစ်ယောက်လုံး ဦးလေး တူတယ်ဆိုပေမဲ့လည်း ရည်ညွှန်းတဲ့ဦးလေးချင်းတော့ မတူပါဘူး"
ရှန်းကျင်း အမူအရာက ပိုတောင်မည်းမှောင်လာကာ သူမတုံ့ပြန်မှုက စကားနှစ်လုံးသာပါလာတယ်။
"ဟီးဟီး" သူမပတ်လည်က အေးစက်တဲ့ အရှိန်အဝါက ကြွတက်လာပြီး ပျက်စီးခြင်းတံခါးထဲ ခြေတစ်လှမ်း လှမ်းတယ်။ "ငါ နင့်ကို ငါ့ဦးလေးနဲ့ ခုချက်ချင်းတွေ့ခိုင်းရမှာပေါ့"
"..." ကျွန်တော့် ရှင်းပြချက်ကိုနားထောင်ပါဦး။
ဖေဖေနျို အထဲဆွဲခေါ်ခံရတော့မို့ရှိသေး ဝိညာဉ်အစေ့ကလေးက တကယ့်အရေးကြီးအခိုက်အတန့်မှာ ပြေးလာပြီး မျက်လုံးတွေက မျက်ရည်တွေ ပြည့်နေတယ်။ "ဟင့်အင်း မကြီး မကြီးက... အရမ်းလှတာ၊ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်ဖေဖေကို ထိခိုက်အောင် မလုပ်လို့ရမလား"
ရှန်းကျင်း သူ တခြားခြေထောက်တစ်ခုကို မတော့မို့ဆဲဆဲ သူမက ဘေးက ကလေးကို ပြန်လှည့်ကြည့်လိုက်တယ်။ သူမအမူအရာက အကြိမ်ရေတချို့ ပြောင်းလဲသွားကာ မျက်ခုံးတွေက ကြုံ့လိုက် ပြေလျော့လိုက်နဲ့ အကြိမ်အနည်းငယ်ပြောင်းလဲနေလေရဲ့။ ဒါက သူမတူဆိုတာကို ထောက်ထားပြီး ဒေါသကို မျိုသိပ်လိုက်ထားရတယ်။
"အချစ်၊ မင်း ငါ့ကို ခေါ်သင့်တာ အန်တီပဲ၊ မကြီး မဟုတ်ဘူး"
ကလေးက တန့်သွားပြီး သူမလက်ထဲရှိနေဆဲ ကူယွဲ့ကို စိတ်ပူပန်စွာ လှမ်းကြည့်ကာ ချက်ချင်း ခေါ်ဆိုပုံ ပြောင်းလိုက်တယ်။
"ဒါဆို... အန်တီလှလှ၊ ကျွန်တော့်ဖေဖေကို ကျေးဇူးပြုပြီး မရိုက်လို့ရမလား"
"မရတာ" ဟမ့် ဆက်ဆံဖို့ပဲဂရုစိုက်ပြီး တာဝန်ယူဖို့ မစဉ်းစားတဲ့ ဒီလို ကောင်စုတ်တွေကို အသေရိုက်သတ်ရင်တောင် လွန်တယ်လို့ ပြောလို့မရဘူး။
"ဒါဆို... ဒါဆို..." ကလေးက ပိုတောင် စိတ်ပူပန်လာကာ မျက်နှာလေးက ရဲတက်လာတယ်။ ကူယွဲ့ရှေ့ ဝင်ရင်း သူက မျက်ရည်တစမ်းစမ်းပြောကာ လက်ဆန့်တန်းပြီး သူ့ကိုကာပေးထားတယ်။ "ဒါဆို ကျွန်တော့်ကို အနိုင်ကျင့်ပါ၊ ဖေဖေ့ကိုအနိုင်မကျင့်ပါနဲ့ ဟုတ်ပြီလားဟင်"
ရှန်းကျင်း အူလည်လည်ဖြစ်သွားကာ သူမအကြည့်က နူးညံ့သွားတယ်။ ရင်လေးရဲ့ အရိပ်တွေကို ဒီကလေးထဲ ဝိုးတဝါးဖမ်းမိသလိုပဲ။ သူမနှလုံးသားက အကြောင်းရင်းမရှိ တုန်ခါသွားတယ်။
"အံ့ဩစရာကလေးပဲ" သူမက သက်ပြင်းချကာ နောက်တော့ သူမရဲ့ ဓားမြှောင်လိုမျက်ဝန်းတွေက ကူယွဲ့ဆီ အကြည့်ရောက်ပြန်တယ်။
"နင်ကောင်စုတ်၊ နင် ဘယ်လိုလုပ် တာဝန်မယူချင်သေးတာလဲ နင် အကြိမ်တစ်ရာလောက် သေသင့်တယ်"
"ကျွန်တော် မှားသွားပါတယ် ခေါင်းဆောင်ကျင်း" ကူယွဲ့က အလိုလို တောင်းပန်လိုက်မိတယ်။
"ကျွန်တော် မယူတာမလုပ်ခဲ့သင့်... ခဏ တာဝန်ယူတယ်လား၊ ဘာအတွက် တာဝန်ယူရမှာလဲ"
"နင်က မေးရဲသေးတယ်ပေါ့" ရှန်းကျင်းက ကလေးကို လက်ညှိုးထိုးတယ်။ "နင့်ကလေးက ဒီလောက်တောင် ကြီးနေပြီ၊ အရှက်ရှိသေးရဲ့လား"
"ကလေးလား" ကူယွဲ့ နောက်ကျစွာနဲ့ ဝိညာဉ်အစေ့ကလေးကို လှမ်းကြည့်ကာ စောနက ကြောက်လန့်ကာ လွင့်ထွက်သွားတဲ့ အသိစိတ်က နောက်တစ်ကြိမ် ခိုးကြောင်ခိုးဝှက် ထွက်လာကာ ချက်ချင်းအလင်းပွင့်သွားခဲ့တယ်။ "သေစမ်း၊ ခင်ဗျားထင်နေတာ... သူက ရှန်းရင်နဲ့ ကျွန်တော့်ရဲ့ ကလေးလို့ထင်နေတာလား"
"ဘာလို့လဲ၊ နင့်ကလေးကိုတောင် နင်ကအသိအမှတ်မပြုချင်တာလား" ရှန်းကျင်းရဲ့လက်တွေ တင်းမာသွားတယ်။
"နင်က စတေးခံပေးမဲ့ ညီကိုငရူးတောင် တကယ်ပဲ ရလိုက်သေးတယ်၊ ဟမ့် ရင်လေးက နင် ကြေးများလို့ရတဲ့လူလို့များထင်နေလား"
"ဘာတွေစတေးခံအရူးလဲ၊ ဟင့်အင်း ကျွန်တော် အသိအမှတ်မပြုဘူးလို့ ဘယ်သူက ပြောလဲ... -ီး သူက ငါ့ကလေး မဟုတ်ဘူး... မဟုတ်ဘူး" ကူယွဲ့က စကားပြောလေ ပိုဇဝေဇဝါဖြစ်လာကာ ရှန်းကျင်းက ဓားကို စတင်ဖွဲ့စည်းနေပြီဆိုတာမြင်တော့ အော်ပြောလိုက်တယ်။ "ဒီကလေးက ဝိညာဉ်အစေ့ပါ ကျွန်တော်တို့ သူ့ကို ဟင်းလင်းပြင်မြေကနေ ခေါ်လာခဲ့တာပါ"
"ဝိညာဉ်အစေ့လား" ရှန်းကျင်းက တန့်သွားပြီး ကလေးကို တစ်ချက်ကောင်းကောင်းကြည့်လိုက်တယ်။ သူမ တကယ်ပဲ သူ့ပတ်လည်မှာ မူလရင်းမြစ်ချီကို တွေ့ရတယ်။ အရမ်းကို အားနည်းနေရုံပဲ။ သူမက နောက်တော့ ရှန်းရင်ကို မော့ကြည့်ကာ ပိုပြီးတောင် ထိတ်လန့်သွားတဲ့ပုံ။
"နင်တို့နှစ်ယောက်က ဝိညာဉ်အစေ့ကို မွေးခဲ့တယ်လား"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ကူယွဲ့နှုတ်ခမ်းထောင့်က တွန့်သွားတယ်။ ဒါ ဘယ်လိုမျိုး အောချရလောက်တဲ့ နားလည်နိုင်စွမ်းတုံး။ သေစမ်း ညီမချစ်သရဲရေ၊ ရှန်းရင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ အဲလောက်ကြီး စိတ်ကူးယဉ်မှုအပြည့်တွေ မရှိစမ်းပါနဲ့
—————
နောက်ဆုံးမှာတော့ ရှန်းကျင်းက ဖေဖေနျို့ကို ထုထောင်းဖို့ ပျက်စီးမှုနယ်မြေဆီ မသယ်သွားတော့ဘူး။ ဟင်းလင်းပြင်ထဲ ဖြစ်ခဲ့သမျှနဲ့ မီလဲ့က သူတို့ကိုဝိညာဉ်အစေ့ရှာခိုင်းခဲ့တဲ့အချက်အပါအဝင် အားလုံးကို အချိန်မီပြောပြခဲ့တယ်။
"ဒီကလေးက မီလဲ့မျက်နှာပြင်က ဝိညာဉ်အစေ့လို့ ပြောနေတာလား" ရှန်းရင်က ကလေးကို မယုံသင်္ကာ မျက်လုံးတွေမှေးကာ ကြည့်လိုက်တယ်။
"ဟုတ်" ကူယွဲ့က အသည်းအသန် ခေါင်းညိတ်တယ်။ "မီလဲ့က ဟင်းလင်းပြင်မြေဆီ ကျွန်တော်တို့ကို သွားခိုင်းဖို့ သူ့ကိုဆင်ခြေအနေနဲ့သုံးခဲ့တာ"
"မဖြစ်နိုင်တာ" ရှန်းကျင်းက မျက်မှောင်ကြုတ်ကာ ရေရွတ်တယ်။
"အမှန်ပါ ခေါင်းဆောင်ကျင်း" သူက သူမပစ်မှတ်အဖြစ်သတ်မှတ်ခံထားရပြီး သူ့ကိုရိုက်နှက်ဖို့ပဲ စိတ်ပိုင်းဖြတ်ထားတာလား။
ရှန်းကျင်းက သူ့ကို ရွံရှာတဲ့အကြည့်ကြည့်ပြီးမှ ဆက်ပြောတယ်။ "ငါပြောဖို့ဆိုလိုတာက မီလဲ့က မျက်နှာပြင်လက်ထောက်တောင် မဟုတ်ဘူး၊ သူက ငါနဲ့ကွဲပြားတယ်၊ သူက အစတည်းက စီမံထိန်းသိမ်းသူ မဟုတ်ခဲ့ဘူး၊ ဒါကြောင့် သူပိုင်ဆိုင်တဲ့ မျက်နှာပြင်လည်း လုံးဝမရှိဘူး၊ သေချာပေါက် သူ ဝိညာဉ်အစေ့ကို ဖန်တီးဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့"
"ဘာ" ဒီတစ်ကြိမ်တော့ ကူယွဲ့တင်မက ရှန်းရင်နဲ့ စားဖိုမှူးပါ မှင်တက်နေတယ်။
"အဲတုန်းက သူ ရင်လေးကို လေ့ကျင့်တဲ့နေရာမှာ ငါ့ကိုကူညီဖို့ သူက မျက်နှာပြင်နဲ့ စီမံထိန်းသိမ်းသူကို ဆုံးရှုံးထားတဲ့ လက်ထောက်တစ်ယောကလို ဟန်ဆောင်ခဲ့တာပဲ" ရှန်းကျင်းက သက်ပြင်းချကာ ဆက်ပြောတယ်။ "မော်နီတာဆိုတဲ့ သူ့ဖြစ်တည်မှုကြောင့် ဘယ်သူမှ သံသယမဝင်ခဲ့ကြဘူး၊ တကယ်တမ်းကျ သူက ဘယ်မျက်နှာပြင်ကိုမှ တိုက်ရိုက်စီမံနေတာမဟုတ်ဘူး"
"ဒါပေမဲ့... သူက ဘာလို့ ငါတို့ကို ဝိညာဉ်အစေ့ကိုသွားရှာခိုင်းခဲ့တာလဲ" ပြီးတော့ သူက အရင်က ဝိညာဉ်အစေ့ကို အတင်းယူသွားမယ်လုပ်နေလို့ ရှန်းရင်က အဲဒါကြောင့်သာ သံသယဝင်သွားခဲ့တာလေ။
"ကလေးက တခြားမျက်နှာပြင်က ဆုံးရှုံးခဲ့တဲ့ ဝိညာဉ်အစေ့ဖြစ်နိုင်ပါတယ်" ရှန်းကျင်းက ကလေးကိုတစ်ချက် ဝေ့ကြည့်ကာ ဆက်ပြောတော့တယ်။
"ဝိညာဉ်အစေ့တွေက မျက်နှာပြင်ရဲ့မူလအရင်းအမြစ်အပြည့်အစုံကို ဆင့်ခေါ်နိုင်တယ်၊ မော်နီတာတစ်ယောက်အနေနဲ့ မီလဲ့က မျက်နှာပြင်တွေကြား ဘယ်တုန်းကမှ ပဋိပက္ခမဖြစ်စေချင်ခဲ့ဘူး၊ အဲဒါကြောင့် သူ့ကိုယူသွားချင်တာပဲ"
ဝိညာဉ်အစေ့တွေက အဲလောက်တောင် ကြောက်ခမန်းလိလိလား။ ဒါပေမဲ့ ဘာလို့ ဒီလေသံကို အရမ်းရင်းနှီးနေတာပါလိမ့်။
"ဒါဆို သူက ဘယ်မျက်နှာပြင်ရဲ့ ဝိညာဉ်အစေ့လဲ" ကူယွဲ့က မေးတယ်။
"ငါက ဘယ်သိမတုန်းဟ" ရှန်းကျင်းက မျက်ဆံလှန်လိုက်တယ်။ "ဟင်းလင်းပြင်မြေထဲ ဆုံးရှုံးသွားခဲ့တဲ့အရာတွေက သူတို့မူလမျက်နှာပြင်ကိုရှာဖို့က အရမ်းခက်တယ်၊ ဒါပေမဲ့..." တစ်ခုခုက သူမအတွေးထဲပေါ်လာပြီး ကူယွဲ့နဲ့ရှန်းရင်ကို ထူးဆန်းတဲ့အမူအရာနဲ့ တစ်ချက်ဝှေ့ကြည့်တော့ နှစ်ယောက်လုံး ကြက်သီးထသွားတယ်။ သူမမျက်လုံးတွေက မှေးသွားပြီး အပြုံးရိပ်သန်းသွားခဲ့တယ်။
"ထူးဆန်းတာက ဒီကလေးပေါ် နင်တို့နှစ်ယောက်လုံးရဲ့ ပေါင်းစပ်အရှိန်အဝါရှိနေတယ်လား"
အဲဒါကြောင့် စောနက သူမ အထင်လွဲမိခဲ့တာပဲ။
"ဟမ်" နှစ်ယောက်လုံး တစ်ပြိုင်နက် ထိတ်လန့်သွားကာ အကြည့်ချင်းဖလှယ်ပြီး ချက်ချင်း ခြေသုံးလှမ်းပြန်ဆုတ်ရင်း ရွံရှာတဲ့အကြည့်တွေ ပြိုင်တူပေါ်လာကာ တစ်ချိန်တည်းပြောတော့တယ်။
"ကျွန်တော်နဲ့ သူလား"
"ငါနဲ့သူလား"
"ခင်ဗျား နောက်နေတာလား" ကူယွဲ့ ပါးစပ်က တွန့်သွားတယ်။ "ဝိညာဉ်အစေ့တွေက မျက်နှာပြင်ရဲ့ မူလရင်းမြစ်က မွေးလာတာ မဟုတ်လား၊ သူတို့က မျက်နှာပြင်ကလူတွေနဲ့ပဲ ပတ်သက်မှာလေ၊ ခုမှ သူ့ကိုတွေ့တာကို၊ သူနဲ့ ဘာမှမဆိုင်ဘူးလေ"
"အဲဒါကြောင့်... ငါထူးဆန်းနေတာ" ရှန်းကျင်းအကြည့်က မှေးမှိန်သွားတယ်။
"တကယ်လို့ ငါမှတ်မိတာမှန်ရင် နင်တို့မျက်နှာပြင်မှာ ဝိညာဉ်အစေ့ရှိပြီးသားမလား၊ ခိုင်ထျန်း သူ့ကို ခေါ်တာကြားဖူးတယ်၊ ဘာပါလိမ့်၊ အို... မုန့်ပေါ်ဆိုလားပဲ ဒါဆို ဒီဝိညာဉ်အစေ့က ဘယ်ကလာတာလဲ"
ဝိညာဉ်အစေ့နဲ့ ဂျပုလေးက တူညီတဲ့ဖြစ်တည်မှုလား။ ကူယွဲ့ တုံ့လည်းတုံ့လည်းဖြစ်သွားတယ်။ စားဖိုမှူးမျက်နှာပြင်မှာက ဝိညာဉ်အစေ့ရှိပြီးသား၊ ဖြစ်နိုင်တာ ဒီကလေးက... သူ့မျက်နှာပြင်ကလား။
ဒါပေမဲ့ သူ့မျက်နှာပြင်က ဖွင့်ထားတာ သိပ်မကြာသေးဘူးမလား။ ဝိညာဉ်အစေ့ ဒီလောက်မြန်မြန်ရဖို့က ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။
ခဏ သူတို့မျက်နှာပြင်က ပြန်ဖွင့်ထားတာ၊ ဆိုလိုတာ အတိတ်တုန်းက ဝိညာဉ်အစေ့ရှိခဲ့တာ အရမ်းဖြစ်နိုင်ခြေ ရှိတယ်။ အဲအပြင် မျက်နှာပြင်ကို ရှန်းရင်က ပြန်ဖွင့်ခဲ့တာဖြစ်ပြီး သူက စီမံထိန်းသိမ်းသူ။ အဲဒါကြောင့်... ဝိညာဉ်အစေ့က သူတို့ကို မေမေနဲ့ဖေဖေလို့ခေါ်ခဲ့တာပဲ။
သောက်ကျိုးနည်း
သုံးယောက်လုံး တစ်ပြိုင်နက် သဘောပေါက်ကာ မျက်လုံးတွေပြူးကုန်ကြတယ်။
"ကြည့်ရတာ သူဘယ်သူလဲ နင်တို့အားလုံးသိပုံပဲ"
"..." သူတို့ တကယ်သိပေမဲ့ ရှန်းကျင်းလေသံမာထောင်ပြီး ဘာလို့ရုတ်တရက် ခံစားချက် မကောင်းတော့ရတာပါလိမ့်။
"ပြီးတော့လည်း..." ရှန်းကျင်းက ဆက်ပြောရင်းနှုတ်ခမ်းတွေပေါ် အပြုံးရိပ်တစ်ခုပေါ်လာကာ မနီးမဝေးက မျက်နှာပြင်အပင်တွေကို လက်ညှိုးထိုးလိုက်တယ်။ "ငါ စောနကတင် မေးချင်နေတာ၊ ဘာလို့ ဒီမှာ နောက်ထပ် မျက်နှာပြင်သစ်ပင်တစ်ပင် ရှိနေပြီး နှစ်ခုလုံးက ရှန်းရင်နဲ့ ဘာလို့မဆိုင်ရတာတုံး"
"..." ဘုရားရေ သူတို့ဟန်ဆောင်နေတာ သွားပါပြီ
Σ(°△°|||)
"အစ်မကြီးကျင်း၊ ကျွန်တော် ရှင်းပြတာနားထောင်ပါ"
"သေချာပေါက်ပေ့ါ" ရှန်းရင် အားရပါးရပြုံးနေတာများ မျက်ဝန်းတွေက ပါးလွှာတဲ့မျဉ်းကြောင်းလေး ဖြစ်လာတယ်။ "ငါ နင်တို့ ရှင်းပြတာနားထောင်ပါ့မယ်၊ နင်တို့သုံးယောက်လုံး ပျက်စီးခြင်းမြေဆီ ရှင်းပြဖို့ ငါနဲ့လိုက်ခဲ့လို့ရတယ်"
ဘယ်သူမှ ထွက်ပြေးလို့ရမယ် အိပ်မက်မမက်ကြနဲ့။
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
သူတို့ နဂိုကတစ်ယောက်ကို ကယ်ချင်ခဲ့တာ၊ ခုဘယ်လိုလုပ် တခြားနှစ်ယောက်ပါ ဆွဲခေါ်ခံခဲ့ရတာလဲ...။