← Chapters

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း ၆၁၉ ။ ပုန်းကွယ်နေသောဂိုဏ်း

လုလင်းက သူမလက်ထဲက သားရဲကို လှည့်ကြည့်တယ်။ ထောင်လွှားနေခဲ့တဲ့ သားရဲက ခုတော့ သူ့ကိုယ်ကို လှိုင်းတွေလို လူးလွန့်နေလေရဲ့။ ကြည့်ရတာဒါက... တုန်ယင်နေသလိုပဲ။

(⊙_⊙)

"ရှန်းရင်" ကူယွဲ့က လေထဲက လှမ်းခေါ်တယ်။ "ဘာစောင့်နေတာလဲ၊ ပစ်လိုက်တော့လေ" ဒါက သူတို့မျက်နှာပြင်မဟုတ်ဘူး။ တံခါးက အကြာကြီး ပွင့်နေမှာ မဟုတ်ဘူးလေ။

"အိုး" ရှန်းရင်က တုံ့ပြန်တယ်။ ကျိုးပဲ့သံတစ်ခုထွက်လာကာ လက်ကောက်ဝက်တစ်ချက် လှည့်မှုနဲ့အတူ သားရဲရဲ့ချိုကို နှစ်ပိုင်းချိုးလိုက်တော့တယ်။

အု~~

ကျန့်လီက ချက်ချင်း နာကျင်မှုကြောင့် အော်လိုက်မိတယ်။ နာကျင်မှုကနေ လွတ်မြောက်အောင် အကောင်းဆုံး ကြိုးစားရင်း မထိန်းချုပ်နိုင်အောင် လူးလွန့်နေလေရဲ့။ သူ့လှုပ်ရှားမှုတွေက ခု ပိုပြီး သွက်လက်လာတယ်။ သူက ကျိုးပဲ့နေတဲ့ချိုနား စုဝေးလာတဲ့ အရည်စီးကြောင်းနှစ်ကြောင်းအဖြစ် ပြောင်းလဲသွားတယ်။

နာလိုက်တာ၊ နာလိုက်တာ... သူ လူးလွန့်တာ မရပ်နိုင်တော့ဘူး။ နာကျင်မှုကြောင့် သေတော့မယ်

ရှန်းရင်က ချိုတစ်ဝက်ကို ကောက်ယူကာ လေထဲက အဖြူရောင်အလင်းဆီ မြှောက်ပြီး လှမ်းပစ်ပေးလိုက်တယ်။

ကျန့်လီက တုန်ယင်နေတယ်။ အလိုလို သူက သူ့ချိုနောက်ကို ပြေးလိုက်လေရဲ့။

ချို၊ ချို... ငါ့ချို...။

(ಥ_ಥ)

သူတို့သိလိုက်ရတဲ့ နောက်တစ်ခုကတော့ ချိုရော ကျန့်လီပါ အဖြူရောင်အလင်းကနေတစ်ဆင့် ပျောက်ကွယ်သွားခဲ့တယ်။ ကူယွဲ့ သူ့လက်တွေနဲ့ စည်းချိပ်တစ်ခုကိုဖန်တီးပြီး အဖြူရောင်အလင်းကို ပျောက်စေလိုက်တယ်။ အရာအားလုံးက အမည်းရောင်အဖြစ် ပြောင်းသွားခဲ့တယ်။

နှစ်ယောက်လုံး အဲတော့မှ ပြန်ပျံသန်းလာတယ်။

"ကျန့်လီက ဒီနေရာမှာ တကယ်ပေါ်လာတာပဲ" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သဘာဝကျကျပြောရရင် စီမံထိန်းသ်မ်းသူတွေရှိနေရင် မျက်နှာပြင်တွေကြားက အက်ကွဲကြောင်းတွေထဲမှာသာ နေတဲ့ ကျန့်လီလို အရာတွေက မျက်နှာပြင်တွေကို မကျူးကျော်နိုင်သင့်ဘူး။ သူတို့မျက်နှာပြင်ထဲ စီမံထိန်းသိမ်းသူတွေ မရှိသေးဘဲ မိစ္ဆာနတ်ဘုရား တာဝန်ယူနေချိန်မှာတောင် ဒီလိုအရာတွေ မရှိခဲ့ဘူး။ "ချောက်ခွင်းက ဒီလောက်တောင် အားနည်းနေပြီလား"

အဲဒါက ကျန့်လီပေါ်လာမှုရဲ့ တစ်ခုတည်းသော ရှင်းပြချက်ပဲ။

"ဒါက သူ့ကြောင့်ဖြစ်တယ်မထင်ဘူး" ယိချင်းက တုံ့ပြန်တယ်။ သူက ရှန်းရင်လက်ကို ငုံ့ကြည့်ပြီး အဖြူရောင်အဝတ်စတစ်ခု ထုတ်ဖို့ လှည့်လိုက်တယ်။ သူက သူမလက်ကို အကျင့်အတိုင်း လှမ်းဆွဲကာ သန့်ရှင်းပေးတော့တယ်။ သူက သူမလက်ပေါ် အမည်းစက်တစ်စက်တောင် မကျန်တော့တဲ့အထိ သန့်ရှင်းလေတယ်။ နောက်တော့ သူက ဖုန်ဖယ်ရှားတဲ့ဂါထာတစ်ခု ဖန်တီးပြီး ဆက်ပြောတယ်။

"ကျန့်လီလို မျက်နှာပြင်ကိုကျူးကျော်လာတဲ့ သက်ရှိတွေက အဲလောက် မသန်မာဘူး၊ ချောက်ခွင်းက မျက်နှာပြင်က ထွက်သွားနိုင်ပြီး တခြားတစ်နေရာကနေ အကူအညီတောင်းနိုင်ခဲ့တယ်၊ သူ ဒီအရာတွေကို မတိုက်ခိုက်နိုင်တော့တဲ့အထိ အဲလောက်အားနည်းမယ်လို့ မထင်ခဲ့ဘူး"

"ဒါဆို တစ်ယောက်ယောက်က ဒါတွေကိုဝင်ခွင့်ပြုခဲ့တာလား" ကူယွဲ့ အလိုလို ရေရွတ်လိုက်မိတယ်။ သူ တုံ့ဆိုင်းသွားကာ စားဖိုမှူးနဲ့ အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ နှစ်ယောက်လုံးက တစ်ချိန်တည်းမှာပဲ တူညီတဲ့လူတစ်ယောက်ကို တွေးမိသွားကြတယ်။

ချောက်ခွင်းကို ဒဏ်ရာရစေခဲ့တဲ့ ကျူးကျော်သူ

သူက ကျန့်လီကို ဒီမျက်နှာပြင်ဆီ ဝင်ခွင့်ပြုပေးခဲ့တာဖြစ်နိုင်လား။ ဒါပေမဲ့... ဘာလို့လဲ။ ကျန့်လီက ‌ဒီလို ဆရာလေးပဲ။ သုံးလောကထဲက သာမန်သက်ရှိတွေအတွက် တကယ်ပဲ ခြိမ်းခြောက်မှုတစ်ခု။ ဒါပေမဲ့ စီမံထိန်းသိမ်းသူတွေအတွက်တော့ ဒါက ဘာမှမဟုတ်ဘူး။ အာကာသမုန်တိုင်း ဒါမှမဟုတ် မျက်နှာပြင်ထဲက အက်ကွဲကြောင်းတွေလောက် ရင်ဆိုင်ဖို့ကို ခက်ခဲတယ်ဆိုတာ အဝေးကြီး။

"အကြီးအကဲ... သုံးယောက်" လုလင်းက သုံးယောက်ကို စပ်စပ်စုစု ကြည့်ကာ သူတို့ကို တာအိုရောင်းရင်းလို့ မခေါ်ရဲတော့ဘူး။ သူမ ကူယွဲ့ကိုကြည့်တဲ့အကြည့်ကတောင် ကွဲပြားကုန်တယ်။ သူမကြည့်ရတာ အများကြီး ပိုလေးစားလာတဲ့ပုံ။ သူမ သူတို့ဘာပြောနေလဲ နားမလည်ပေမဲ့ သူမ အောင်မြင်နိုင်တဲ့အရာ မဟုတ်ဘူးလို့ ခံစားနေရတယ်။ ဒါကြောင့် သူမက လက်သီးတွေကိုဆုပ်ကာ ဂါရ၀ပြုတယ်။

"ဘာလို့လဲ၊ နာနေတာလား" ကူယွဲ့က မျက်မှောင်ကြုတ်ကာ သူမကိုမျက်နှာချင်းဆိုင်တယ်။

"ဟင့်… ဟင့်အင်း" လုလင်းက ခေါင်းကိုယမ်းပြီး အရှေ့ကိုအသည်းအသန် လက်ညှိုးထိုးတယ်။ "စော... စောနက သားရဲရှိခဲ့တဲ့နေရာမှာ တစ်ခုခုရှိနေတဲ့ပုံပါ"

ကူယဲ့ တန့်သွားပြီး လုလင်း လက်ညှိုးထိုးပြတဲ့ဘက်လှည့်လိုက်တယ်။ စောနက လူသူကင်းမဲ့တဲ့နေရာက ရုတ်တရက် တုန်လှုပ်သွားတယ်။ လူတစ်ယောက်ယောက်က စင်မြင့်ပေါ်က ကန့်လန့်ကာတွေကို ပြန်လိပ်တင်လိုက်သလိုပဲ။ နန်းတော်ကြီးတစ်ခုက ပေါ်လာတယ်။ သူက ဂိုဏ်းတစ်ခုရဲ့ အိမ်အခြေစိုက်စခန်းနဲ့ ဆင်တယ်။

"ဒါ... ဒါက အထွတ်အမြတ်ဆေးဂိုဏ်းပဲ" တစ်ယောက်ယောက်က ရေရွတ်တယ်။ သူတို့ ချက်ချင်း ရှေ့ဘက်ဆီ လှုပ်ရှားလိုက်ပေမဲ့ ကူယွဲ့၊ ယိချင်းနဲ့ ရှန်းရင်တို့ တုပ်တုပ်တောင်မလှုပ်သေးတာမြင်တော့ သူတို့စိတ်ပြောင်းကုန်တယ်။ အဲအစား သူတို့က ဒီတိုင်းကြည့်နေကာ လမ်းညွှန်မှုတွေကို စောင့်နေကြတယ်။

ဂိုဏ်းက ကျန့်လီကြောင့် နောက်နယ်ပယ်တစ်ခုပဲ ပုန်းလျှိုးနေခဲ့ပုံပဲ။ အခု ကျန့်လီကို နှင်ထုတ်လိုက်ပြီဆိုတော့ ဂိုဏ်းက သူ့ဘာသာပေါ်လာတယ်။

ဒီဂိုဏ်းသားတွေက အခွင့်အရေးတွေကို ရှာဖို့ ဒီရောက်လာခဲ့ကြတာ။ သေချာပေါက် အထွတ်အမြတ်ဆေးဂိုဏ်းက လူတိုင်း ရှာနေတဲ့အရာပေါ့။ ဒါကြောင့် သူက သူတို့ဝင်မှာကို မတားတော့ဘူး။ အဲအစား သူ့ကောင်းကင်စိတ်အာရုံကို အသက်သွင်းပြီး တခြားအန္တရာယ်တွေ ခိုအောင်းမနေတာ သေချာအောင်လုပ်ပြီးတဲ့နောက်မှာ သူတို့ကို ရှေ့ဆက်သွားခွင့်ပြုလိုက်တယ်။

လူတိုင်း ချက်ချင်း ရွှင်လန်းသွားကြတယ်။ သူတို့က ရိုရိုသေသေ ဦးညွှတ်ပြီးတဲ့နောက်မှာ နန်းတော်ဆီ ဝင်သွားကြတယ်။ ဘယ်သူကမှ ကူယွဲ့နဲ့ ယိချင်းကို အနိုင်ယူစရာ ပိုင်ဆိုင်မှုအဖြစ် မဆက်ဆံကြတော့ဘူး။ အဲဒီအစား သူတို့အားလုံးက သူတို့ကို လေးစားရပြီးခန့်ညားတဲ့ အကြီးအကဲတွေအဖြစ် သဘောထားကြတော့တယ်။

ဒါပေမဲ့ စားဖိုမှူးက နန်းတော်ကို စစ်ဆေးပြီး ရုတ်တရက် ရေရွတ်တယ်။ "ဖေဖေနျို၊ ဒီနန်းတော်က..."

"သိပ်ကိုပြီးပြည့်စုံနေတယ်" ကူယွဲ့ စကားကို အ‌ဆုံးသတ်လိုက်တယ်။ သူက ပိုပြီးတောင် မျက်မှောင်ကြုတ်မိသွားတယ်။ တောင်တံခါးကို မော့ကြည့်ကာ သူက အမှတ်အသားကို ဖတ်တယ်။

"အထွတ်အမြတ်ဆေးဂိုဏ်း"

လုလင်း သူတို့ကို ပြောခဲ့တဲ့ပုံအရဆိုရင် ဒီတောင်ကြားက ဒီမှာရှိနေတာ အတော်ကိုကြာပြီ။ ဒါပေမဲ့ ဒီအထွတ်အမြတ်ဆေးဂိုဏ်းက သူ့အပြင်ပိုင်းပုံစံကိုတော့ အတော်လေး ပြီးပြည့်စုံစွာ ထိန်းသိမ်းနိုင်ခဲ့တဲ့ပုံပဲ။ ဘာသဘာဝဘေး ဖျက်ဆီးတာကို မခံထားရတဲ့ပုံ။

"ဟိုဟိုဒီဒီကြည့်ကြရအောင်" ကူယွဲ့က ရုတ်တရက် ပြောလာတယ်။ သုံးယောက်သား ဓားတွေပေါ်တက်ကာ နန်းတော်ပတ်လည်မှာ ပျံသန်းရင်းသဲလွန်စတွေကို ရှာနေတယ်။ သက်ရှိအရှိန်အဝါမရှိတဲ့ အချက်ကလွဲရင် သူတို့ ထူးခြားတဲ့အရာတစ်ခုမှ ရှာမတွေ့။

အရုဏ်ဦးဆေးတောင့်ဂိုဏ်းက ကျင့်ကြံသူတွေကတော့ မတူညီတဲ့ရလဒ်တွေရခဲ့ကြတယ်။ သူတို့အားလုံးက လက်ထဲ ပစ္စည်းတွေ အများကြီးကို ပွေ့ပိုက်ရင်း ပြန်ရောက်လာကြတယ်။ နန်းတော်ကို အတော်လေး ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတာပဲ။ သေချာပေါက် သူတို့ ရှာတွေ့ခဲ့တဲ့အရာတွေအားလုံးက အလုပ်လုပ်ကြပြီး သိုလှောင်ခန်းထဲမှာ စနစ်တကျ သိမ်းဆည်းထားခံရတယ်။

"အကြီးအကဲ၊ ကျွန်မတို့ အထွတ်အမြတ်ဆေးဂိုဏ်းရဲ့ အမွေအနှစ်ကို သူတို့သိုလှောင်ခန်းထဲ တွေ့ခဲ့တယ်" အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ကူယွဲ့နဲ့ယိချင်းဆီ သိုလှောင်အိတ်တစ်အိတ် သယ်လာရင်းပြောတယ်။ သူမက သူတို့ကို တင်ပြအစီအရင်ခံနေတဲ့အတိုင်းပဲ။ သူမအတွက် သူမတောင် သိမ်းထားချင်ပုံမပေါ်။ အမျိုးသမီးကျင့်ကြံသူနောက်တစ်ယောက်ကလည်း အဲနည်းတူပဲ။

ကူယွဲ့ သူတို့ကို အူကြောင်ကြောင် စိုက်ကြည့်လိုက်တယ်။ ဒီလူတွေက ရိုးသားလွန်းတယ်။ သူ ခေါင်းယမ်းပြလိုက်တယ်။ "မင်းတို့ရှာတွေ့တာပဲ၊ ဒါမင်းတို့ဟာတွေ၊ ငါတို့က မလိုအပ်ဘူး"

"အာ..." အမျိုးသမီးကျင့်ကြံသူတစ်ယောက်ရဲ့ အမူအရာက အခက်တွေ့နေပုံ။ "ဒါပေမဲ့ ကျွန်မတို့ အထွတ်အမြတ်ဆေးဂိုဏ်းကို အကြီးအကဲတို့ကျေးဇူးကြောင့်သာ ရှာတွေ့ခဲ့တာလေ"

အထဲကပစ္စည်းတွေက သူတို့ဟာတွေပေါ့။ သူတို့သုံးယောက်ကြောင့်သာ မဟုတ်ရင် အမျိုးသမီးကျင့်ကြံသူတွေ အဲထူးဆန်းတဲ့ မိစ္ဆာသားရဲရဲ့စားတာကို ခံပြီးရလောက်ပြီ။

တခြားအမျိုးသမီးကျင့်ကြံသူတွေက ဗလုံးဗထွေး သဘောတူတယ်။ သူတို့က သုံးယောက်ကို ပစ္စည်းတွေလက်ခံအောင် နားချဖို့ဆက်ကြိုးစားပေမဲ့ သူတို့မှာ ရည်ရွယ်ချက် မရှိတာမြင်တော့ တစ်ဖက်ကို လှည့်ကာ အဝေးကိုထွက်သွားကြတယ်။

နောက်တစ်ကြိမ် ကူယွဲ့ နန်းတော်အလွတ်ကို လေ့လာပေမဲ့ ထူးခြားတာမတွေ့ရသေးတော့ သူ့အမူအရာ ပျက်သွားတယ်။ "ထူးဆန်းတယ် ဘာလို့ ကျန့်လီက ဒီနေရာကို ဝှက်ထားခဲ့တာလဲ" ထူးခြားတာ ဘာမှမရှိပဲ။

"ဝင်ပေါက်ကို တစ်ချက်သွားကြည့်မလား" ရှန်းရင်က ရုတ်တရက် အကြံပေးတယ်။

ဝင်ပေါက်လား။ ဘယ်ဝင်ပေါက်လဲ။

ကူယွဲ့ သူမကို အူကြောင်ကြောင် ပြန်စိုက်ကြည့်ရင်း ရုတ်တရက် သူတို့ ပထမ‌ဆုံး သတိထားမိချိန် ကျန့်လီက တံ‌ခါးပေါက်တစ်ခုအဖြစ် ပြုမူနေခဲ့တာမှန်း အမှတ်ရသွားခဲ့တယ်။ ဒါက တောင်တံခါးနဲ့ဆက်စပ်နေတာ ဖြစ်နိုင်လား။ သုံးယောက်က တောင်တံခါးဆီ ဦးတည်ခဲ့ကြတယ်။ တိုက်ဆိုင်စွာပဲ အရုဏ်ဦးဆေးတောင့်ဂိုဏ်းရဲ့ ကျင့်ကြံသူတွေထဲကတစ်ယောက်က တံခါးပေါက်ကို ဖြတ်သန်းတော့မလို့။

သူမက ဖြတ်လိုက်တော့ တောင်တံခါးက ရေခဲလွှာတစ်ခုဖွဲ့စည်းသွားတယ်။ တစ်ခုလုံးတုန်ခါလာပြီး ယင်ချီလိုအရာက တံခါးကနေ ပစ်ထွက််လာကာ ပတ်ဝန်းကျင်လေထုထဲပြည့်သွားပြီး သူတို့နားက အပူချိန်ကို ကျဆင်းသွားစေခဲ့တယ်။

"ဟိုလီရှစ်" ကူယွဲ့ အော်လိုက်တယ်။

စားဖိုမှူးက သူ့ထက် တစ်လှမ်းမြန်သွားတယ်။ သူက ဓားကိုဆင့်ခေါ်ကာ ကျင့်ကြံသူအမျိုးသမီးကို တံခါးကနေ ဖျတ်ခနဲ လွှတ်ပေးလိုက်တယ်။ သူမက အရှိန်ကြောင့် နောက်ပြန်လွင့်သွားပြီး တံခါးနဲ့ အဝေးကြီးမှာ ကျသွားလေရဲ့။

အဲဒါ... မြေအောက်ကမ္ဘာက တစ္ဆေချီပဲ

(⊙_⊙)

…

အခန်း ၆၂၀ ။

ဖောက်ထွင်းမြင်နိုင်ပြီး ချိတ်ဆက်နေတဲ့ဘုံတစ်ခုက တောင်တံခါးကတစ်ဆင့် ပေါ်လာတဲ့ပုံပဲ။ ကြီးမားတဲ့ တစ္ဆေချီပမာဏက ဘုံထဲကနေ လျှံကျလာကာ ဂိုဏ်းဆီ စိမ့်ဝင်လာတယ်။ ရုတ်တရက် အပူချိန်က လျော့ကျလာတော့တယ်။ သူတို့တွေ ဘုံထဲကနေ နားကွဲမတတ် တစ္ဆေလိုအော်ဟစ်သံတွေ ထွက်လာတာကို ကြားလိုက်ရတယ်။ မြေအောက်ဘုံက တစ္ဆေချီက သာမန်တစ္ဆေချီနဲ့ ကွဲတယ်။ ဘယ်ဝိညာဉ်ကိုမဆို ချေမွနိုင်တဲ့ အရှိန်အဝါပါဝင်တဲ့ ဖုတ်ကောင်တွေပဲရှိနေတဲ့ နေရာတစ်ခုပဲ။

အလိုလိုပဲ မသေမျိုးကိုယ် မရှိတဲ့ ကျင့်ကြံသူတွေက ဖိအားဒဏ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ချက်ချင်းနီးပါး ရှန်းရင်၊ ကူယွဲ့နဲ့ ယိချင်းကလွဲ ကျန်တဲ့ကျင့်ကြံသူတွေအားလုံး စတင် ယိမ်းယိုင်ကုန်တော့တယ်။ သူတို့မျက်နှာတွေက အရောင်မျိုးစုံ ယုတ်လျော့ကုန်တယ်။ ရွှေအမြုတေကျင့်ကြံသူတချို့ဆို သူတို့ဝိညာဉ်တွေက ကိုယ်ခန္ဓာတွေထဲကနေ ထွက်လာသလိုမျိုးပဲ။

ကူယွဲ့ အမူအရာက မည်းမှောင်သွားတယ်။ သူ ချက်ချင်း ပျံသန်းလာပြီး လက်ကိုမြှောက်ပြီး တောင်တံခါးကို ချိပ်ပိတ်ဖို့ အင်းကွက်တစ်ခု ဖန်တီးလိုက်တယ်။ နားကွဲမတတ် အော်သံတွေက နောက်ဆုံးတော့ ရပ်တန့်သွားလေရဲ့။ သူတို့ရဲ့ မျက်လုံးတွေက ကြည်လင်လာပေမဲ့ ဝိညာဉ်တွေကတော့ သိသိသာသာ မတည်မငြိမ်ဖြစ်နေဆဲ။ နတ်ဝိညာဉ်ကျင့်ကြံသူတွေကတော့ သေချာထိန်းနိုင်သေးပေမဲ့ ရွှေအမြုတေကျင့်ကြံသူတွေကတော့ သွေးအန်ကုန်လေရဲ့။

"အ... အကြီးအကဲ" လုလင်း အတင်းအကြမ် သူ့မူလဝိညာဉ်ကို တည်ငြိမ်အောင်လုပ်နေရတယ်။ သူမက သုံးယောက်ကို ဇဝေဇဝါမော့ကြည့်တယ်။ တခြားကျင့်ကြံသူတွေကလည်း ထပ်တူထပ်မျှ ဦးနှောက်ခြောက်နေရှာတယ်။ "ခုလေးတင် ဘာဖြစ်သွားတာလဲ"

ကူယွဲ့က ငုံ့ကြည့်ကာ တစ်အုပ်စုလုံးကို စစ်ဆေးတယ်။ "ဒါက မင်းတို့ရင်ဆိုင်နိုင်တာ မဟုတ်ဘူး၊ ဒီကနေ ချက်ချင်း ထွက်ကြတော့" သူက လက်တစ်ဖက်မြှောက်ကာ နောက်စည်းချိပ်တစ်ခု ဖန်တီးပြီး ကျင့်ကြံသူတွေရဲ့ကိုယ်တွေပေါ်က ကျောက်စိမ်းတံဆိပ်ပြားအားလုံးကို မြင့်တက်စေလိုက်တယ်။ သူက လက်သီးကိုဆုပ်တော့ ချက်ချင်း ကျောက်စိမ်းပြားတွေက အမှုန့်တွေဖြစ်ကုန်လေရဲ့။ ယိုယွင်းလစ်လပ်တောင်ကြားအပြင်မှာခင်းထားတဲ့ မဟာအင်းကွက်က အသက်ဝင်သွားခဲ့တယ်။

"အကြီး” လုလင်းက ခေါ်လိုက်ပေမဲ့ သူမပါးစပ်က စကားတစ်ခွန်းလုံး အဆုံးမသတ်နိုင်လိုက်ဘူး။ အရုဏ်ဦးဆေးတောင့်ဂိုဏ်းက ကျင့်ကြံသူတွေအားလုံး တစ်ပြိုင်နက် ပို့ခံလိုက်ရတယ်ယ တစ်ယောက်မှ မကျန်ရစ်။

ယိချင်းက ရှန်းရင်ကို သေချာဖက်ထားပြီး ကူယွဲ့ဆီ ပျံသန်းလာခဲ့တယ်။ သူက တစ္ဆေချီ ထုတ်လွှတ်နေဆဲ တောင်တံခါးကိုကြည့်ကာ မျက်မှောင်ကြုတ်မိတယ်။ "ဒါက... ဘုံတံခါးပဲ"

"အင်း" ကူယွဲ့ ခေါင်းညိတ်တယ်။ သေချာပေါက် သူလည်း ပြဿနာကို သတိထားမိတာပေါ့။ "ဒါက မြေအောက်ဘုံဆီ ဦးတည်နေတဲ့ ဘုံတံခါးဖြစ်လောက်တယ်" ပြီးတော့ကြည့်ရတာ ရှိနေတာ အတော်ကြာပြီဖြစ်တဲ့ပုံ။

"သေမျိုးကမ္ဘာက ဖုတ်ကောင်တွေကို ဆွဲဆောင်နိုင်တဲ့ စွမ်းဆောင်ရည်ရှိကြတယ်၊ ဘာလို့ တစ်ယောက်ယောက်က ဒီကို မြေအောက်ဘုံဆီ တံခါးဖွင့်ချင်နေတာလဲ" ဒါ လူတစ်ယောက်က ဒီတံခါးကို မသေမျိုးဘုံနဲ့ ကောင်းကင်ဘုံမှာထားထားတာထက်တောင် ပိုထူးဆန်းတယ်။ ဒါပေမဲ့ ဒါက သေမျိုးဘုံ။ သေမျိုးဘုံထဲက သက်ရှိတွေဟာ မြေအောက်ဘုံထဲက တစ္ဆေချီကို တောင့်ခံနိုင်မှာမဟုတ်ဘူး။ ပြီးတော့ လူတွေသေပြီးရင် သူတို့တွေက အဲနေရာကို သွားရမှာပဲလေ။ မြေအောက်ဘုံတံခါးကို ဒီမှာ လာဖွင့်ထားတာ ဘာအကျိုးရှိလဲ။ ပြီးတော့ ကျန့်လီကိုပါ သုံးပြီး တမင်သက်သက် ဖွက်ထားခဲ့တယ်လား။

"ကြည့်ရတာ အဖြေကို မြေအောက်ဘုံထဲဝင်မှပဲသိရမယ်ထင်တယ်" ကူယွဲ့က တောင်တံခါးကို လက်ညှိုးထိုးပြတယ်။

ယိချင်းက တုံ့ဆိုင်းမနေ။ သူက လက်ကိုမြှောက်ကာ သူတို့သုံးယောက်ပတ်လည်မှာ အကာအကွယ်အင်းကွက် ပြင်ပြီး တံခါးကနေတစ်ဆင့် ဖြတ်သန်းခဲ့တယ်။ သူတို့သိလိုက်ရတဲ့ နောက်တစ်ခုကတော့ တခြားနေရာတစ်ခုဆီ ရောက်နေတာပဲ။ အမှောင်ထုက သူတို့ပတ်လည်မှာ နက်ရှိုင်းလာတဲ့ပုံ။ သူတို့ ခံစားမိနိုင်သလိုပဲ။ အေးစက်ကာ ထက်ရှပြီး တစ်ခုခုက သူတို့ကို ဝင်စီးနေသလို ခံစားနေရတယ်။

ခဏ ဒါက ပုံရိပ်ယောင် မဟုတ်ဘူး။ သူတို့ဘေးက ဖြတ်သန်းနေတဲ့ အရာတွေရှိပြီး သူတို့ကိုယ်ထဲ ဝင်ဖို့ကြိုးစားနေကြတယ်။

"စားဖိုမှူး" ကူယွဲ့ အံ့ဩတကြီး ရေရွတ်လိုက်တယ်။ နှစ်ယောက်လုံး ဓားတွေပေါ်တက်ကာ ပျံထွက်ခဲ့တယ်။ ဒါပေမဲ့ အဲခံစားချက်က သူတို့နောက် ဆက်လိုက်လာတယ်။ အမှောင်ထုက ပုံသဏ္ဌာန်မဲ့ပြီး အကန့်အသတ်မဲ့တယ်။ သူတို့ ဘယ်သွားသွား အဲခံစားချက်ကို ခါထုတ်မရနိုင်တဲ့ပုံ။ ပြီးတော့ သူတို့ကိုယ်ထဲက နတ်ဘုရားစွမ်းအားက တိုက်ခိုက်ခံနေရသလိုပဲ။ ကြက်သီးထမှုက အရိုးထဲထိ စိမ့်ဝင်လာတယ်။

"အပေါ်ကိုတက်ကြရအောင်" ရှန်းရင်က ရုတ်တရက် ပြောတယ်။

ကူယွဲ့ရော ယိချင်းပါ တစ်စက္ကန့်တက်သွားကာ သူမညွှန်ရာဘက် လိုက်လာတယ်။ သူတို့ အပေါ်ကိုပျံတက်ခဲ့တယ်။ သူတို့ အပေါ်ကိုမြင့်လာလေ အမှောင်ထုက ပိုလျော့နည်းလာတယ်။ ကောင်းကင်က အစိမ်းရောင်သန်းနေပြီး အပူချိန်က နည်းနည်းမြင့်တက်လာခဲ့တယ်။

သူတို့ ငုံ့ကြည့်ပြီး သူတို့အောက်မှာ အေးစက်ပြီး ကပ်ကမ္ဘာကြီးလောက် ဆန့်ရှည်တဲ့ နယ်မြေကြီးတစ်ခုကို မြင်လိုက်ရတယ်။ အောက်က အရာအားလုံးက သူတို့မြင်ရသလောက်ဝေးဝေးထိ မည်းနက်နေတယ်။ ပြီးတော့ သူတို့ ထွက်လာတဲ့နေရာက အဲအမှောင်ထုရဲ့အလယ်ပဲ။

ဒီနက်ရှိုင်းတဲ့အမှောင်ထုက မြေအောက်ကမ္ဘာတစ်ခုလုံးကို ‌ဖုံးကွယ်ထားပုံပဲ။ တစ်နည်းနည်းနဲ့ ကမ္ဘာငယ်လေးမျိုးစုံဆီ ဆန့်ထွက်နေသလိုခံစားရတယ်။ ကြည့်ရတာ...။

"မျက်နှာပြင်ရင်းမြစ်" ကူယွဲ့ ရေရွတ်မိသွားကာ နောက်ဆုံးတော့ ဒီအမှောင်ထုက ဘာလဲ နားလည်သွားခဲ့တယ်။ သူ တစ်ခဏ စဉ်းစားလိုက်တယ်။ ဒါ မမှန်ဘူး။ "ဘာလို့ အမည်းရောင် ဖြစ်နေတာလဲ" သူတို့ အရင်က မျက်နှာပြင်သစ်ပင်ကို မြင်ဖူးခဲ့တယ်လေ။ ကြီးမားတဲ့ အစိမ်းရောင်သစ်ပင်တစ်ပင်ပဲ။ ရင်းမြစ်ရဲ့အရောင်က မျက်နှာပြင်သစ်ပင်နဲ့တူသင့်တယ်လေ။ စားဖိုမှူးရဲ့ ရွှေရောင်လို ဒါမှမဟုတ် သူ့ခရမ်းရောင်လိုပေါ့။ ဒီမျက်နှာပြင်မူလရင်းမြစ်က အစိမ်းရောင်ဖြစ်သင့်တယ်။

မဟုတ်မှလွဲ...။

"တစ်ယောက်‌ယောက်က မူလရင်းမြစ်ကို ပြောင်းခဲ့တာပဲ" ယိချင်းက သူ့အတွေးကို အဆုံးသတ်ပေးတယ်။

ကူယွဲ့ ရင်ထိတ်သွားတယ်။ သူ အမှောင်ထုဝါးမျိုတာခံခဲ့ရတဲ့ မျက်နှာပြင်သစ်ပင်၊ စောနက ဘုံတံခါးနဲ့ "အမှောင်ညဉ့်ယံ" ဆိုတာကို ရုတ်တရက် သတိရသွားတယ်။ နောက်ဆုံးတော့ ဘာတွေဖြစ်နေလဲ သူနားလည်သွားခဲ့တယ်။ ကျူးကျော်သူက မြေအောက်ဘုံထဲက မျက်နှာပြင်ရဲ့မူလရင်းမြစ်ကို ပြောင်းလဲလိုက်ပြီး ဘုံတံခါးကတစ်ဆင့် ကမ္ဘာငယ်လေးတစ်ခုချင်းစီ မူလရင်းမြစ်ကို ဖြတ်သန်းစေခဲ့တာပဲ။ ကျူးကျော်သူက မျက်နှာပြင်တစ်ခုလုံးကို တစ်လှမ်းချင်းစီ ဝါးမျိုဖို့ ကြိုးစားနေတာပဲ။ သူက ပြိုလဲသွားအောင် လုပ်နေတာ။

ချောက်ခွင်းက ဒီလောက်အားနည်းနေတာ မထူးဆန်းတော့ဘူး။ ဒါက မျက်နှာပြင်ကို အဆိပ်ခတ်ပြီး ကျူး‌ကျော်တာနဲ့တူတယ်။ သူက မူလရင်းမြစ်ကနေ စတင်ပြီး ပြောင်းလဲမှုကို သေသေချာချာနဲ့ မသိမသာ ဖြစ်စေခဲ့တာပဲ။

ပြဿနာအများဆုံးက ရင်းမြစ်က ဒီလောက်တောင် စွန်းထင်းနေပြီးပြီ။ ပြန်ကောင်းမွန်အောင် လုပ်လို့ရပါ့မလား ကူယွဲ့ သိတောင်မသိ။

"နင်တို့က ချောက်ခွင်း ‌ခေါ်ခဲ့တဲ့ အကူအညီတွေလား" ရုတ်တရက် အေးစက်စက် အမျိုးသမီးတစ်ယောက်အသံက သူတို့နောက်ကနေ ပြောလာတယ်။

ကူယွဲ့ ကြောင်သွားတယ်။ နောက်တော့ သူ ခြေလှမ်းအနည်းငယ်ဆုတ်ကာ သူတို့နဲ့ သူမကြား အကွာအဝေးတချို့ ဖန်တီးလိုက်တယ်။ အဲတော့မှ သူတို့နောက်ကနေ မိန်းမတစ်ယောက် တစ်ချိန်လုံး လိုက်နေတာကို သိခဲ့ရတာပဲ။ သူမကိုယ်ပတ်လည်မှာ အရင်းအမြစ်ရဲ့ အမည်းရောင် အရှိန်အဝါရှိနေတယ်။ တစ်ချိန်တည်းမှာပဲ သူမက ရေခဲတမျှ အေးစက်တဲ့ ယင်အရှိန်အဝါ ထုတ်လွှင့်နေတယ်။ ပိုပြီး အရေးကြီးတာက သူမက စီမံထိန်းသိမ်းသူ အငွေ့အသက်ကို သယ်ဆောင်နေတာပဲ။ သူတို့လောက်သာ မထူတာ။

"မင်းက ဒီမျက်နှာပြင်ကို ကျူးကျော်သူလား" ကူယွဲ့က မေးတယ်။ သူ့ရင်ထိတ်သွားကာ သူမကို ခပ်ပေါ့ပေါ့ မမှတ်ယူရဲတော့ဘဲ သူ့ဓားကို ဆင့်ခေါ်လိုက်တယ်။

"ကျူးကျော်သူလား" အမျိုးသမီးက ရယ်တယ်။ သူမအကြည့်က မုန်းတီးမှုတွေနဲ့။ "ချောက်ခွင်းက နင်တို့ကို အဲလိုပြောတာလား၊ ဟမ့် ငါ့အတွက်တော့ နင်တို့ကမှ တကယ့်ကျူးကျော်သူတွေပဲ"

သူမကလက်ကိုမြှောက်ကာ ငြိမ်သက်နေတဲ့ စီးကြောင်းတွေကို ခက်ထန်လာစေတယ်။ ချက်ချင်း မျက်နှာပြင်ရင်းမြစ်ရဲ့ စီးကြောင်းတွေက သူတို့ကိုတိုက်ခိုက်မလိုမျိုး ပြေးဝင်လာကြတော့တယ်။ သူတို့ကိုတိုက်ခိုက်ဖို့ ပုံသဏ္ဌာန်မဲ့ လက်မောင်းသိန်းချီ လှမ်းနေသလိုပဲ။

ကူယွဲ့ သူ့ကောင်းကင်စိတ်အာရုံကို အသက်သွင်းကာ ဘက်မျိုးစုံကလာတဲ့ တိုက်ခိုက်မှုတွေကို ရှောင်နေရတယ်။ သူကဓားကို ဝှေ့ယမ်းကာ တန်ပြန်တိုက်ခိုက်ဖို့လုပ်ချိန် သူ့ကိုယ်ထဲက နတ်ဘုရားစွမ်းအင်က အမျိုးအမည်မသိတဲ့အရှိန်တစ်ခုရဲ့ ဖိနှိပ်မှုကိုခံလိုက်ရတယ်။ ရုတ်တရက် သူ ထပ်အသက်မသွင်းနိုင်တော့ဘူး။ ဟင့်အင်း သူ့နတ်ဘုရားစွမ်းအင်တင် မကဘူး။ သူ့ကိုယ်ထဲက စီမံထိန်းသိမ်းသူစွမ်းအားတွေပါ ချိပ်ပိတ်ခံထားခဲ့ရတယ်။

သူတို့ကိုယ်ထဲကို စောနက ဝင်ဖို့ကြိုးစားခဲ့တဲ့အရာပဲ။ ရုတ်တရက် သူ စောနက သူတို့နောက်ကနေ လိုက်လာပြီး သူတို့ကိုယ်ထဲ ဝင်ဖို့ကြိုးစားခဲ့တဲ့အရာက အောက်ဘက်က အရင်းအမြစ်ပဲ။ ဒါက သူတို့စွမ်းအားတွေကို ခု ဖိနှိပ်နေတယ်။

"ကျူးကျော်သူတွေအားလုံး သေသင့်တယ်" အမျိုးသမီးအသံက ပိုတောင်အေးစက်လာတယ်။ ကြောက်ခမန်းလိလိ အရှိန်အဝါက သူမကိုယ်ကနေ ပေါက်ကွဲထွက်ပြီး သူတို့အောက်က စီးကြောင်းတွေကို ပိုပြီးတောင် ခက်ထန်လာစေခဲ့တယ်။ လှိုင်းကြီးတွေ ‌ဖြစ်ပေါ်လာပြီး သူတို့သုံးယောက်ကို နှစ်ပစ်ဖို့ ခြိမ်းခြောက်နေတယ်။

ကူယွဲ့က သူ့ကိုယ်ပိုင်ဓားကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။ တစ်ဖက်လှည့်ကာ သူကပြောတယ်။

"ဒီကအရင်းအမြစ်က ငါ့စွမ်းအားတွေကို ဖိနှိပ်နေတယ်၊ စားဖိုမှူး မင်းရဲ့ဓားချီကိုသုံး"

"အင်း" စားဖိုမှူးက ခေါင်းညိတ်တယ်။ သူက သူ့မြေကြီးတုန်ခါ ဓားချီကို အသက်သွင်းလိုက်တယ်။ မရေမတွက်နိုင်တဲ့ အလင်းတန်းတွေက သူ့ဓားကနေ တောက်ပလာပြီး လှိုင်းတွေကို ထိန်းထားတဲ့ ပိုက်ကွန်ကြီးတစ်ခုကို ဖွဲ့စည်းခဲ့တယ်။

အဖြူရောင်အလင်းတစ်ခုက ဖျတ်ခနဲလင်းလာတယ်။ ရင်းနှီးနေတဲ့ ပုံသဏ္ဌာန်တစ်ခုက ဟင်းလင်းပြင်ကို ဖြတ်တောက်သွားပြီး လှိုင်းတွေရဲ့ အပေါ်မှာ ပေါ်လာတယ်။ သူက သူတို့တစ်ခါမှ မမြင်ဖူးတဲ့ ဂါထာတစ်ခုကို ဖန်တီးပြီး ပေါက်ကွဲထွက်လာတဲ့ အစိမ်းရောင်အလင်းက နေရာမှာပြည့်သွားကာ အမှောင်ထုကို လွင့်ပျောက်သွားစေခဲ့တယ်။

"ချောက်ခွင်းလား" ကူယွဲ့ တန့်သွားတယ်။ ခုလေးတင်ပေါ်လာတဲ့လူက မျက်နှာပြင်သစ်ပင်အောက်မှာ မေ့လဲနေခဲ့တဲ့ တူညီတဲ့သူ စီမံထိန်းသိမ်းသူ ချောက်ခွင်းပဲ။

သူ အချိန်မီ ရောက်လာတာ။

…

အခန်း ၆၂၁ ။ မြေအောက်ဘုံထဲက မဟာတိုက်ပွဲကြီး

"လူကြီးမင်းတို့... အဆင်ပြေရဲ့လား" လှိုင်းတွေကို ငြိမ်စေပြီးတဲ့နောက် ချောက်ခွင်းက သူတို့သုံးယောက်စီ စိုးရိမ်တကြီး လှည့်လာတယ်။

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူက စိုးရိမ်နေတဲ့ ချောက်ခွင်းကို လှမ်းကြည့်ကာ ခပ်ပြတ်ပြတ် ခေါင်းညိတ်လိုက်တယ်။ "ကောင်းပြီ"

"တော်သေးတယ်" သူက စိတ်သက်သာရာရစွာ သက်ပြင်းချတယ်။ သူ့ကြည့်ရတာ တစ်ခုခုကိုပြောဖို့ လုပ်နေပေမဲ့အောက်ဘက်က အရင်းအမြစ်စီးကြောင်းတွေက နောက်တစ်ကြိမ် ခုန်ထွက်လာပြန်တယ်။

"ချောက်ခွင်း" အနက်ရောင်နဲ့ အမျိုးသမီးရဲ့ မျက်လုံးတွေက ချက်ချင်းနီရဲကုန်တယ်။ သူမက ချောက်ခွင်းကို စူးစူးဝါးဝါးစိုက်ကြည့်တယ်။ သူမရဲ့ သူ့အပေါ်အမုန်းက ပတ်လည်က ချီနက်ထဲ စိမ့်ဝင်သွားပုံပေါ်ကာ ပိုပိုထူထဲလာခဲ့တယ်။ ရုတ်တရက် ချီနက်က ချောက်ခွင်းဆီ ပျံသန်းလာတယ်။ "နင် သေသင့်တယ်"

ချောက်ခွင်းက ထိတ်လန့်တကြား ခုန်တယ်။ သူက တိုက်ခိုက်မှုကို ကာစီးဖို့ ဒိုင်းတစ်ခု ဆင့်ခေါ်ကာ အမျိုးသမီးဆီ အစိမ်းရောင် အလင်းတန်းတွေ ပို့လိုက်တယ်။ အမျိုးသမီးပတ်လည်က အမှောင်ထုက နည်းနည်း လွင့်ပျံ့သွားခဲ့တယ်။ ချောက်ခွင်းအမူအရာက မည်းမှောင်သွားပြီး သူ့ဓားကို သူမဆီ လွှဲယမ်းကာ နောက်တော့ သူ့နောက်က လူသုံးယောက်ဘက် လှည့်တယ်။

"အကူအညီအားလုံးအတွက် ကျေးဇူးပါ၊ အဲဒါက ကျွန်တော် ဒီကျူးကျော်သူကို ရှာတွေ့နိုင်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းပါ၊ ဒီမှာက အန္တရာယ်များလွန်းတယ်၊ ခင်ဗျားတို့ စွန်းထင်းနေတဲ့ မူလရင်းမြစ်တွေ သက်ရောက်တာမခံရအောင် မြန်မြန်ပြန်သွားကြပါတော့" သူက အမျိုးသမီးကို စိတ်လှုပ်ရှားစွာကြည့်ကာ ထပ်ပြောတယ်။

"ကျွန်တော်ပဲ ဒီမျက်နှာပြင်ရဲ့ မူလရင်းမြစ်ထဲက အမြုတေစွမ်းအားတွေကို သန့်စင်နိုင်တယ်၊ ကျွန်တော့်ကို ခုလွှဲပေးလိုက်ပါ"

သုံးယောက်သား အကြည့်ချင်းဖလှယ်ပေမဲ့ ဘာမှမပြော။

"ကျေးဇူးပြုပြီး ချက်ချင်း ထွက်သွားကြပါတော့။ ကျွန်‌တော့်ကို မစိုးရိမ်ပါနဲ့" ချောက်ခွင်းက သူတို့ကို လောလာတယ်။ "ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကိုယ်ပိုင်မျက်နှာပြင်ကို ကာကွယ်ပါ့မယ်"

သူ စကားဆုံးတာနဲ့ သူတို့ မတုံ့ပြန်နိုင်ခင် ဓားကိုကိုင်ပြီး အမျိုးသမီးဆီ ဦးတည်ဝင်သွားတယ်။ သူတို့နှစ်ယောက်လုံး တိုက်ခိုက်ကြတော့‌တယ်။

သူတို့ အင်မတန်မြန်ဆန်စွာ လှုပ်ရှားကြတော့တယ်။ ကူယွဲ့တို့တွေ ကောင်းကင်မှာ အမည်းနဲ့ အစိမ်းတန်းတွေ ပျံဝဲနေတာကိုမြင်ရတယ်။

ချောက်ခွင်း မှန်တယ်။ တကယ်လို့ သူတို့ ဒီမျက်နှာပြင်ကို ပြန်ရချင်ရင် မူလရင်းမြစ်ကို အရင်ပြင်ဆင်ရမယ်။ ဒါပေမဲ့ မူလရင်းမြစ်က ဒီမျက်နှာပြင်တစ်ခုလုံးရဲ့ အခြေခံပဲ။ ဝိညာဉ်အစေ့ ဒါမှမဟုတ် မျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူ မဟုတ်သရွေ့ ဘယ်သူမှ ဝင်မနှောင့်ယှက်နိုင်ဘူး။

ကူယွဲ့နဲ့ ယိချင်းနှစ်ယောက်လုံးက တခြားမျက်နှာပြင်တွေရဲ့ စီမံထိန်းသိမ်းသူတွေဖြစ်တဲ့အတွက် ဒီတစ်ခုရဲ့ ရင်းမြစ်ကို ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး။ ပြီးတော့ သူတို့ရဲ့ စီမံထိန်းသိမ်းသူ စွမ်းအားတွေက ဒီရောက်နေချိန် ဖိနှိပ်ခံထားရပြီးပြီ။ ချောက်ခွင်းကလွဲလို့ ဘယ်သူမှ မကူညီနိုင်။ သေချာပေါက် အဲဒါက ရှန်းရင် ကလိမ်ကကျစ်ကလွဲလို့ပေါ့။

ချောက်ခွင်းနဲ့ အမျိုးသမီးကြားက တိုက်ပွဲက ပိုပြီးတောင် ပြင်းထန်လာတယ်။ ချောက်ခွင်းက ဒဏ်ရာရပြီးသား။ အခု သူက သူ့မျက်နှာပြင်ရဲ့ မူလရင်းမြစ်ကို ထိန်းချုပ်မှု ကင်းလွတ်သွားခဲ့ပြီမို့ အများကြီးပိုအားနည်းနေတာ။ အခြေအနေက သိပ်မဆိုးပေမဲ့ အခွင့်မသာသေးဘူး။ ဒါပေမဲ့ သူ့တိုက်ခိုက်မှုက သက်ရောက်မှုနည်းနည်းတော့ရှိတယ်။ အနည်းဆုံးတော့ မူလရင်းမြစ် အစိမ်းရောင်စက်ကွင်းတွေတော့ သူ့ဘေးပေါ်လာတယ်။

သူ ဒီမျက်နှာပြင်ကို တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်ထိန်းသိမ်းဖို့ ကြိုးစားပေမဲ့ မျက်နှာပြင်ရင်းမြစ်က လုံးဝကိုညစ်ထေးသွားပြီမို့ အဲအားထုတ်မှုတွေက အချည်းနှီးပေါ့။ တစ်ခဏနေတော့ ချောက်ခွင်း ဆက်ပြီး ထိန်းမထားနိုင်တော့မဲ့ပုံပေါ်နေတယ်။

"ဆရာ ကျွန်တော်တို့..." ယိချင်းက ရှန်းရင်ကို လှည့်ကြည့်ကာ စကားပြောဖို့ တွန့်ဆုတ်နေတယ်။

ကျွန်တော်တို့ သွားသင့်လား၊ နေကြမလား။

ကူယွဲ့က ရှန်းရင်ကို တံတောင်နဲ့တွတ်ကာ မေးတယ်။ "ငါတို့ သွားမကူညီဘူးလား"

"အာ..." ရှန်းရင်က အသီးကိုကိုက်ကာ ပျင်းတိပျင်းရွဲပြောတယ်။ "အလျင်မလိုဘူး"

ကူယွဲ့နဲ့ စားဖိုမှူးက အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်ကာ စကားပြောဖို့ ပျောက်ဆုံးနေတယ်။ သူတို့ မျက်လုံးတွေမှေးလိုက်ပေမဲ့ ဘယ်သူမှ မလှုပ်ရှား။

ချောက်ခွင်းက ပိုပိုပြီးအားနည်းလာတဲ့ပုံပေါ်နေတယ်။ သူ့ကိုယ်က ယိမ်းယိုင်စပြုလာတယ်။ ချောက်ခွင်း အံကြိတ်ပြီး သူ ကိုယ်ပတ်လည်မှာ ပင်ပင်ပန်းပန်း ရယူထားတဲ့ မူလရင်းမြစ်ရဲ့ အရှိန်အဝါကို ညှိကာ ကောင်းကင်တစ်ခုလုံးကို ဖုံးထားတဲ့ အမျိုးသမီးဆီက တိုက်ခိုက်မှုတွေကို ခုခံတော့တယ်။ နာကျင်နေတဲ့ အမူအရာနဲ့ သူကမေးတယ်။ "မင်းက တကယ်ပဲဘယ်သူလဲ၊ ဘာလို့ ဒီလိုလုပ်နေတာလဲ၊ တကယ်လို့ ဒီရင်းမြစ်ကို ပြောင်းပစ်ရင် သက်ရှိတွေအများကြီး သေတော့မယ်ဆိုတာ သိရဲ့လား"

"ဟားဟားဟား..." အမျိုးသမီးက အရူးလိုရယ်တယ်။ သူမ ကြည့်ရတာ ကယောင်ကတမ်းဖြစ်နေတဲ့ပုံ။

"ချောက်ခွင်း၊ နင့်ဆီက ဒီစကားလုံးတွေ လာနေတာက တကယ်ပဲ ကြောင်သူတော်ဆန်လွန်းတယ် လူတွေအားလုံးထဲ နင်က ငါ ဘာလို့ ဒါကိုလုပ်ရလဲ သိသင့်တာပေါ့"

ချောက်ခွင်းက တန့်သွားတယ်။ တစ်ခဏနေတော့ သူက တစ်ခုခုကို မှတ်မိသွားတဲ့ပုံ။ သူ့မျက်လုံးတွေက ပြူးသွားတယ်။

"နင်က... မုရှန်းပဲ"

"ဘာလို့လဲ၊ နင်က ငါ့ကို မမှတ်မိချင်ယောင်ဆောင်နေတာ မဟုတ်လား" အမျိုးသမီးက ခြောက်ကပ်ကပ်ရယ်တယ်။

"မင်း..." ချောက်ခွင်းက သူမကို အူကြောင်ကြောင် စိုက်ကြည့်နေတယ်။ နောက်တော့ သူက ခေါင်းယမ်းတယ်။

"မဖြစ်နိုင်တာ မင်း ဒီမျက်နှာပြင်ဆီ တံခါး ဘယ်လိုဖွင့်ခဲ့တာလဲ"

"ဟမ့် ဒီမျက်နှာပြင်ကို သော့ပိတ်ထားတာက ကျူးကျော်သူအားလုံးကို ပထုတ်ထားနိုင်မယ် ထင်နေတာလား"

"အဲတော့ တကယ်ပဲ တစ်ယောက်ယောက်က ငါ့မျက်နှာပြင်ကို ကျူးကျော်ဖို့ မင်းကိုကူညီခဲ့တယ်ပေါ့"

ချောက်ခွင်း အမူအရာတွေက ပိုတွန့်လိမ်လာတယ်။ "မင်းက ရင်းမြစ်ကို ပြောင်းလိမ့်မယ်လို့ ငါတစ်ခါမှ မစဉ်းစားဖူးဘူး၊ ဘာလို့လဲ၊ မင်းက တစ်ခါက ဒီမျက်နှာပြင်ရဲ့ အစိတ်အပိုင်းဖြစ်ခဲ့တာပဲ၊ အခု မင်းက ဒီမျက်နှာပြင်ကို ကျူး‌ကျော်ဖျက်ဆီးဖို့ အပြင်လူတွေနဲ့ ပူးပေါင်းနေတယ်လား"

"ဘာလို့လဲတဲ့လား၊ သေချာပေါက် နင့်ကို သတ်ဖို့ပေါ့" အမျိုးသမီးပတ်လည်က ချီမည်းတွေက ပိုထူလာတယ်။ အောက်က အမှောင်ထုကလည်း ပိုနက်ရှိုင်းလာတဲ့ပုံ။ "နင့်လို ခွေးကောင်ကို သတ်ဖို့အတွက်ဆို ငါ ဘာမဆို ပေးဆပ်ဖို့ဆန္ဒရှိတယ်"

ချောက်ခွင်း အမူအရာက နက်မှောင်သွားတယ်။ သူ နာသွားတယ်ဆိုတာ သိသာတယ်။

"ငါ ဒီမျက်နှာပြင်ကို ကာကွယ်ဖို့ အားလုံးကို လုပ်ခဲ့တာ၊ ဒီက ဘုံ၃၀၀၀နဲ့ သက်ရှိအားလုံးအတွက် လုပ်ခဲ့တာပဲ၊ မင်း ဒီမျက်နှာပြင်က နှင်ထုတ်ခံရပြီးပြီဆိုမှတော့ မကျူးကျော်သင့်ဘူး၊ ဒီမျက်နှာပြင်က မင်းနဲ့ ဘာမှမဆိုင်တော့ဘူး"

"ငါနဲ့ ဘာမှမဆိုင်ဘူးလို့ ဘယ်သူပြောလဲ" မုရှန်းဆိုတဲ့ အမျိုးသမီးက ဒေါသတကြီး အော်ဟစ်တယ်။

"ငါပြန်ရောက်လာပြီ၊ အဲတော့ အလွယ်လေး လွတ်မယ် မစဉ်းစားနဲ့ ဘယ်သူက ဒီမျက်နှာပြင်က နှင်ထုတ်ခံသင့်တာလဲ၊ ချောက်ခွင်း နင့်ကို သတိပေးဖို့ တကယ်ပဲလိုလား၊ ဘယ်သူက အစစ်”

"မုရှန်း" ချောက်ခွင်းက မျက်မှောင်ကြုတ်ကာ သူမကို စကားဖြတ်တယ်။

"အချိန်ဒီလောက်တောင်ကြာနေပြီကို မင်းက ခေါင်းကြောမာနေသေးတယ်၊ မင်းက မင်းကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေအတွက်နဲ့ သက်ရှိတွေနဲ့မျက်နှာပြင်တစ်ခုလုံးကို စတေးချင်နေတာပဲ"

"ပါးစပ်ပိတ်" မုရှန်းမျက်နှာက နာကျင်စရာအတိတ်ကို သတိရသွားသလိုမျိုး တွန့်ရှုံ့သွားတယ်။ သူမက ဒေါသတွေ၊ အမုန်းတရားတွေ အများကြီး ပြည့်နေလို့ တုန်ယင်စပြုလာတယ်။ သူမမျက်လုံးတွေက မီးတောက်တွေအဖြစ် ပြောင်းလဲသွားသလိုပဲ။

"ဒါတွေအားလုံးက နင့်ကြောင့်ဖြစ်တာ နင်ပဲ; ချောက်ခွင်း နင်သေသင့်တယ်" သူမက ဒေါသကို မထိန်းနိုင်တော့ဘူး။ ချက်ချင်း ချောက်ခွင်းဆီ ဦးတည်ဝင်သွားတော့တယ်။

ချောက်ခွင်း မျက်လုံးတွေမှိတ်ကာ အသက်ဝဝရှူလိုက်တယ်။ "မင်းဝင်လာဖို့ ဘယ်သူ ကူညီပါစေ ငါတို့ ဒီနေ့သူသေကိုယ်သေ သေချာပေါက်ချမယ်၊ မင်း ဒီမျက်နှာပြင်ကို အန္တရာယ်ပေးမှာ ခွင့်မပြုဘူး"

သူ့ကိုယ်ပတ်လည်က အစိမ်းရောင်အလင်းက ဖျတ်ခနဲလင်းသွားတယ်။

နှစ်ယောက်သား နောက်တစ်ကြိမ် တိုက်ခိုက်ကြပြန်တယ်။ ဒါပေမဲ့ မုရှန်းက အရင်ကထက်တောင် ပိုခက်ထန်စွာ တိုက်ခိုက်နေပြီ။ သူမအသက်ကို လောင်းကြေးထပ်ထားတာ သိသာတယ်။ ချောက်ခွင်းပြောတဲ့ တစ်စုံတစ်ခုကြောင့် သိသိသာသာ စနက်ပျိုးပေးခံလိုက်ရတယ်ထင် ‌တိုက်ခိုက်မှုတစ်ခုချင်းစီကို သူမနောက်ဆုံးလို သတ်မှတ်နေတယ်။ ဒဏ်ရာရမရ ဂရုမစိုက်တော့ဘူး။ သူမ လိုချင်တာ ချောက်ခွင်းကို အတတ်နိုင်ဆုံး ထိခိုက်အောင်လုပ်ဖို့ပဲ။

ယိချင်းက မျက်မှောင်ကြုတ်တယ်။ ဒီတိုက်ခိုက်နည်းက သိပ်ကို လောလွန်းတယ်။ ဒါက တစ်ဖက်လူကို မတိုက်ခိုက်ခင် နားခွင့်ပေးဖို့ပဲရှိလိမ့်မယ်။ ချောက်ခွင်းက တစ်ချိန်လုံး တည်ငြိမ်နေတယ်။ သူ့ကိုယ်ပတ်လည်က အစိမ်းရောင်အရှိန်အဝါက ပိုသန်မာလာတယ်။ သူတို့အောက်က ရင်းမြစ်ရဲ့အလယ်ကတောင် နည်းနည်း စိမ်းနေတဲ့ပုံ။

ဒါပေမဲ့ ဒီနှုန်းက နှေးလွန်းတယ်။ ချောက်ခွင်းက အနှေးနဲ့အမြန် ခြေကုန်လက်ပန်းကျတော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မုရှန်းက ရင်းမြစ်တစ်ခုလုံးကို ထိန်းချုပ်နေတာ။ တစ်ယောက်ယောက် ကူညီဖို့ အထဲဝင်ပြီး မုရှန်းကို မထိန်းချုပ်သရွေ့ သူ ရင်းမြစ်ကိုပြင်ဆင်ဖို့ အာရုံစိုက်နိုင်မှာမဟုတ်ဘူး။ သေချာပေါက် ဒီတစ်‌ယောက်ယောက်က စီမံထိန်းသိမ်းသူဖြစ်ရင် အကောင်းဆုံးပေါ့။

ကူယွဲ့ မျက်ခုံးပင့်ကာ ရှန်းရင်ဘက် တမင်လှည့်လိုက်တယ်။ "ငါတို့ ဘေးထိုင်ကြည့်နေဦးမှာလား"

ရှန်းရင်က သူ့ကိုမျက်နှာချင်းဆိုင်ကာ အသီးလက်ကျန်ကို အကုန်စားလိုက်တယ်။ နောက်တော့ သိုလှောင်အိတ်ထဲက အဆာသွတ်မုန့်ပန်းကန်ကို ထုတ်ပြီး ပြောတယ်။ "အင်း၊ အချိန်မကျသေးဘူး"

ဇဝေဇဝါဖြစ်နေတဲ့အကြည့်က ကူယွဲ့မျက်နှာပေါ် ပေါ်လာတယ်။ သူက ဓားကိုသိမ်းကာ ပြောတယ်။

"ကောင်းပြီလေ မင်းပဲဆုံးဖြတ်" သူက ရှန်းရင်လက်ထဲက ပန်းကန်ကို လုယူပြီး ရှိုးကိုထိုင်ကြည့်တော့တယ်။

ရှန်းရင် ။ ။ "..."

"ဆရာ ကျွန်တော့်မှာ ရှိပါသေးတယ်" စားဖိုမှူးက အမြန် သူမကို နောက်တစ်ပန်းကန် ကမ်းပေးတယ်။

ချောက်ခွင်းနဲ့ မုရှန်းက ခုပိုပြီးတောင် ပြင်းထန်စွာ တိုက်ခိုက်နေတဲ့ပုံ။ အဘက်ဘက်မှာ တိုက်မိသံအကျယ်ကြီးတွေနဲ့ ပေါက်ကွဲသံတွေ ထွက်နေတယ်။ ချောက်ခွင်းက သွေးတွေ ဖုံးနေပြီး သူ့ကြည့်ရတာ အချိန်မရွေး ပြိုလဲတော့မဲ့ပုံ။ ဒါကြောင့် သူက သူတို့သုံးယောက်ဘက်ကို မျှော်လင့်တကြီး လှမ်းကြည့်တယ်။ ကူယွဲ့၊ ယိချင်းနဲ့ ရှန်းရင်ကတော့ ရှေ့တက်ပြီး အကူအညီပေးဖို့ ရည်ရွယ်ချက်မရှိ။

အဲအစား မုရှန်း အမုန်းနဲ့ဒေါသက ကြီးထွားလာတယ်။ ချောက်ခွင်းက သူ့ကို ဒဏ်ရာရအောင် လုပ်ပေမဲ့လည်း သူမကို နှေးအောင်မလုပ်နိုင်။ ချောက်ခွင်းက အများကြီး ဆက်မထိန်းထားနိုင်တော့တာ သိတယ်။ ကူညီချင်ပုံ မပေါ်သေးတဲ့ အုပ်စုကို နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်ကာ သူက တစ်ဖက်ပြန်လှည့်ပြီး အမည်းရောင်ရင်းမြစ်ရဲ့ အစိမ်းရောင်အလယ်ဗဟိုဆီ တန်းတန်းမတ်မတ် ပျံသန်းသွားတယ်။

သူ ရင်းမြစ်ကို ထိတာနဲ့ သူက ဓမ္မလက်နက်ကို ဆင့်ခေါ်ကာ ဂါထာတစ်ခု ဖန်တီးတယ်။ ပိန်းပိတ်အောင် မည်းမှောင်နေတဲ့ မြေအောက်ဘုံက မျက်စိကျိန်းစရာ အစိမ်းရောင်အလင်းတန်းတစ်ခုရဲ့ နှစ်ခြမ်းပိုင်းတာ ခံလိုက်ရတဲ့ပုံ။

"ချောက်ခွင်း နင်လုပ်ရဲလား" မုရှန်းက အပြေးအလွှားလာကာ နောက်ဆုံးတော့ အသိစိတ်လွတ်ပြီး ရူးနှမ်းသွားသလိုမျိုးပဲ။ ဒါပေမဲ့ သူမက အစိမ်းရောင်အလင်း ပြန်တွန်းထုတ်တာခံလိုက်ရတယ်။ သူမ နောက်တစ်ကြိမ် ပြန်ထကာ အရူးလိုပြေးလာပြီး အော်ဟစ်နေတယ်။ "ချောက်ခွင်း ချောက်ခွင်း..." သူမ သူ့နာမည်ကိုအော်တဲ့ အကြိမ်တိုင်းမှာ အရင်တစ်ခေါက်ထက် ပိုစူးရှနေတယ်။

"ငါတို့ ခုသွားလို့ရပြီ" ရှန်းရင်က အဆာသွတ်မုန့် စုစုပေါင်း၃ပန်းကန်စားပြီးတဲ့နောက် ထရပ်တယ်။

ကူယွဲ့ ။ ။ "..."

ငါတို့ ညစာစားပြီးချိန်ထိ ဘာလို့မစောင့်တာတုံး။

( ̄△̄;)

All Chapters