အခန်း (၆၂၂-၆၂၄)
Vol. 42 Ch. 622-624
အခန်း ၆၂၂ ။ စီမံထိန်းသိမ်းသူနှစ်ယောက်
အစိမ်းရောင်အလင်းက ပိုပိုပြီး ပြင်းထန်လာကာ ဓမ္မလက်နက်ပတ်လည်က အလင်းရောင်က တောက်ပလာလိုက်တာ နည်းနည်းတောင် မျက်စိကျိန်းနေတယ်။ နဂိုကအမှောင်ထုပင်လယ်ဖြစ်နေတဲ့ မြေအောက်ဘုံတောင် အရောင်ဆိုးထားသလိုမျိုး ခပ်မြန်မြန် အစိမ်းရောင်အဖြစ် ပြန်ပြောင်းလာတော့တယ်။ မုရှန်းရဲ့ အသွင်က ပိုပြီးတောင် ဆိုးဝါးလာကာ အရူးလို ရှိသမျှအားနဲ့ ရုန်းကန်ရင်း ဓမ္မလက်နက်ကို တားဆီးချင်နေပေမဲ့ ဘယ်လိုလုပ်လုပ်မရောက်နိုင်။ အဲအစား သူမကိုယ်မှာ အစိမ်းရောင်မူလရင်းမြစ်ရဲ့ အရှိန်ကနေ ဖြတ်ရာ၊ ပွန်းရာတွေ ဖုံးနေလေရဲ့။
"ရပ် ရပ်" သူမက အံကြိတ်ကာ ပတ်လည်က အနက်ရောင်မူလရင်းမြစ်အားလုံးကို အသက်သွင်းပြီး ရှေ့ကို ဂရုမစိုက်ဘဲ ပြေးဝင်လာတော့တယ်။
ချောက်ခွင်းအမူအရာက မည်းနက်သွားကာ ချက်ချင်းပဲ သူမကို တိုက်ခိုက်ဖို့ ဝိညာဉ်ဓားတွေအများကြီး အသွင်ဖန်တီး အခွင့်အရေးယူတော့တယ်။ ဒါပေမဲ့ မုရှန်းက သူ့တိုက်ခိုက်မှုတွေကို လျစ်လျူရှုကာ သူမရဲ့ သွေးသံရဲရဲလက်ကို ဆန့်ထုတ်ရင်း အရှိန်တောင် ပိုမြှင့်လိုက်တယ်။ ဓားတွေထိုးခံရမဲ့ အန္တရာယ်ကိုတောင် တိုက်ခိုက်ကာ ဓမ္မလက်နက်ကိုတောင် ထိခိုက်တော့မယ်။
ဒါပေမဲ့ နောက်ထပ်လက်တစ်ဖက်က ဘေးကနေ လှမ်းလာကာ သူမ မတိုင်ခင် ကောက်ယူတယ်။ ပုံသဏ္ဌာန်တစ်ခုက အလယ်မှာ ရုတ်တရက် ပေါ်လာပြီး တစ်ချိန်တည်းမှာပဲ ချောက်ခွင်း အသွင်ယူထားတဲ့ ဝိညာဉ်ဓားတွေက တားဆီးပိတ်ဆို့မှုတချို့နဲ့ ကြုံလိုက်ရသလို ပျောက်ကွယ်သွားလေရဲ့။
ရှန်းရင်က သူမလက်ထဲက အစိမ်းရောင်အလုံးလေးကို တစ်ချက်ကြည့်ကာ မျက်လုံးတွေ မှေးသွားပြီး ဆုပ်လိုက်တယ်။ အဲ လွှမ်းမိုးနေတဲ့ အစိမ်းရောင်အလင်းက ချက်ချင်း မှိန်ကျသွားပြီး အောက်ဘက်မှာ အဆက်မပြတ် ပြောင်းလဲနေတဲ့ နဂိုအစိမ်းရောင်မူလရင်းမြစ်ကပါ ရပ်ဖို့ခလုတ်တစ်ခုကို နှိပ်လိုက်သလိုမျိုး ရပ်သွားလေရဲ့။
"မ... မဒမ်" ချောက်ခွင်းက အူလည်လည်ဖြစ်သွားပြီး လေထဲက ရှန်းရင်ကို မယုံကြည်နိုင်စွာ ကြည့်နေတယ်။ "ဘာလို့ ဒီလိုလုပ်နေတာလဲ"
ပထမဆုံး တုံ့ပြန်သူကတော့ မုရှန်း။ အစိမ်းရောင်အလင်းရဲ့ ဖိနှိပ်မှုမရှိဘဲ သူမကိုယ်ထဲက အနက်ရောင်ချီက တလိမ့်လိမ့် တက်လာတယ်။ သူမက အနီရောင်မြင်လိုက်ရသလိုမျိုး ဓားကို မြှောက်ပြီး တုံ့ဆိုင်းမှုမရှိဘဲ အနီးဆုံးဖြစ်တဲ့ ရှန်းရင်ဆီ ခုတ်ချလိုက်တယ်။ ဒီကျူးကျော်သူတွေအားလုံး သေသင့်တယ်
"ဆရာ" တစ်လှမ်း နောက်ကျသွားတဲ့ ယိချင်းက ထိတ်လန့်သွားခဲ့တယ်။
သူ လှုပ်ရှားမို့ရှိသေး ရှန်းရင်က ရုတ်တရက် လက်ညှိုးတစ်ချောင်း ဆန့်တန်းတော့ အက်ကွဲကြောင်းသံတွေနဲ့အတူ တစ်ဖက်လူရဲ့လက်ထဲက ဓားက တစ်လက်မချင်း ကျိုးသွားပြီး လက်ဖဝါးဆီ မရောက်ခင်မှာတင် ဓားဟာ ပြာတွေအဖြစ် ယုတ်လျော့သွားခဲ့တယ်။
မုရှန်းက အချိန်မီ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ လက်ညှိုးက သူမနဖူးကို တန်းထိသွားတာကိုပဲ ကြည့်နေနိုင်တယ်။ ခဏအတွင်း သူမပတ်လည်က စွမ်းအင်က လွင့်ပြယ်သွားပြီး ဆက်မစုဝေးနိုင်တော့ဘဲ အမည်းရောင်ချီလည်း လွင့်ပျယ်သွားကာ နဂိုအသွင် ပေါ်လာတယ်။
သူမရင်ထိတ်သွားကာ ဆက်တိုက်ခိုက်ချင်ဖို့ လက်မောင်းတွေကို မြှောက်လိုက်ပေမဲ့ လုံးဝ အားသုံးလို့မရသလို လေထဲ ဗလာထိုးနှက်ချက်တွေကိုပဲ ပစ်နိုင်တော့တယ်။ သူမရဲ့ကိုယ်ကလည်း ရှန်းရင်ထက် အရပ်ပုပြီး လက်ညှိုးတစ်ချောင်းနဲ့ လုံးဝပိတ်ဆို့တာခံလိုက်ရတယ်။ သူမလက်မောင်းတွေက ရိုက်လို့ရအောင်ထိ မမှီဘဲ လက်တွေက လေထဲ စက်ဝိုင်းတွေပဲ ဆွဲနိုင်တော့တယ်။
မြင်ကွင်းက စီမံထိန်းသိမ်းသူတွေကြားက အဆင့်မြင့် စိန်ခေါ်သူ ပြိုင်ပွဲကနေ ကလေးတွေကြားက ကြေးအဆင့်ရန်ပွဲအဖြစ် ချက်ချင်းပြောင်းသွားတော့ ရယ်စရာကောင်းလာတယ်။
အပြေးလာသူယိချင်း ။ ။ "..."
ဒီပြပွဲတစ်ခုလုံးကို ကြည့်နေတဲ့ကူယွဲ့ ။ ။ "..."
ရှန်းရင်က နောက်ဆုံးတော့ သူမထက် အရပ်ပုသူကို တွေ့သွားလို့ အရှက်ခွဲဖို့ အလုံးစုံအသုံးချနေတာလား။ ရှက်စရာကောင်းလိုက်တာ။ ဂျပုလေးက ဂျပုလေးအတွက် ဘာလို့ ကိစ္စတွေကို ခက်ခဲအောင်လုပ်နေတာလဲ။
"လွှတ်ပေး လွှတ်ပေး" မုရှန်းဒေါသက မြင့်တက်လာပြီး ရှန်းရင်ကို တစိုက်မတ်မတ်စိုက်ကြည့်နေတယ်။
"ရွံစရာကောင်းတဲ့ ကျူးကျော်သူတွေ"
"အိုး" ရှန်းရင်က ခဏတန့်သွားပြီး ခေါင်းကိုတစ်ဖက်စောင်းတယ်။ "ငါက နင့်ကို ဖမ်းဆုပ်ထားတာမှ မဟုတ်တာ"
မုရှန်းက တောင့်ခဲသွားပြီးမှ နားလည်သွားတဲ့ပုံ။ သူမက အဖမ်းမခံရဘဲ ရှေ့မတက်လာအောင် ပိတ်ဆို့ထားခံရုံသာဖြစ်ကာ တစ်ဖက်လှည့်ပြီး ပြန်လှည့်ချင်သွားတယ်။
ကူယွဲ့ နှုတ်ခမ်းထောင့်ဖျားက တွန့်သွားကာ နောက်ကနေ အနီးကပ် လိုက်လာပြီး လက်တစ်ဖက်ဝှေ့ယမ်းရင်း အင်းကွက်တစ်ခု ဖန်တီးလိုက်တယ်။ ထူထဲနေတဲ့ ဓားချီက အသိစိတ် ပြန်ဝင်ကာစ မုရှန်းကို နေရာမှာတင် ချက်ချင်း ချိပ်ပိတ်ထားလိုက်လေတယ်။ "အခု မင်း ဖမ်းခံလိုက်ရပြီ"
-_-|||
ရှန်းရင်နဲ့ ရန်ဖြစ်တဲ့ လူတိုင်း သူတို့ အိုင်ကျူတွေ တစ်ဆင့်ကျသွားတာလား။
မုရှန်းက ပြေးချင်ပေမဲ့ နောက်ကျလွန်းသွားပြီ။ သူမ ဓားချီထဲက ရုန်းထွက်ချင်ပေမဲ့ အချည်းနှီးဆိုတာ နားလည်လိုက်ရတယ်။ သူမကိုယ်က ဗလာကျင်းနေပြီး စွမ်းအားတစ်စက်တောင် အသက်သွင်းမရ။ သူမ ချက်ချင်း ဖြူဖျော့သွားကာ အရှေ့က ရှန်းရင်ကို မယုံကြည်နိုင်စွာ ကြည့်နေတယ်။ "နင်တို့ ငါ့ကို ဘာလုပ်လိုက်တာလဲ"
သူမက မျက်နှာပြင်ထဲမှာရှိနေသေးတာ ဘာကြောင့် အစွမ်းတွေကိုသုံးမရတာလဲ။ အဲအပြင် မူလရင်းမြစ်နဲ့ သူမရဲ့ ဆက်သွယ်မှုတွေက ဖြတ်တောက်ခံလိုက်ရသလိုပဲ။
"ငါတို့ စကားကောင်းကောင်းပြောဖို့ အဆင်ပြေအောင် လုပ်ရုံပါ" ရှန်းရင်က ဖြေကာ အကျင့်အတိုင်း အသီးတစ်လုံး ဆွဲထုတ်ကာ တစ်ကိုက်ကိုက်လိုက်တယ်။ "အသီးတစ်လုံးစားချိန်စာလောက် စကားပြောကြရအောင်"
"မင်းတို့အားလုံး သေသင့်တယ်" သူမရဲ့ အမူအရာက ပိုတောင် ရူးနှမ်းလာကာ လုံးဝ စကားပြောဖို့ ရည်ရွယ်ချက်မရှိဘဲ ရှန်းရင်ရဲ့ တခြားလက်တစ်ဖက်ထဲက အစိမ်းရောင်လုံး ဓမ္မလက်နက်ပေါ်သာ အကြည့်က ရောက်နေတယ်။
"နင် သဘောကျတာလား" ရှန်းရင်က အလုံးလေးကို တင်းတင်းဆုပ်ကာ ကမ်းပေးတယ်။ "ယူလို့ရတယ်"
"..." မုရှန်းက အူတူတူဖြစ်သွားပြီး သူမမျက်နှာပေါ်က မုန်းတီးမှုကတောင် ခဏတာ တောင့်တင်းသွားတယ်။
"မဒမ်" ချောက်ခွင်းကလည်း အောက်က ပြေးလာကာ ချောင်ပိတ်မိနေတဲ့ မုရှန်းကို တစ်ချက်ကြည့်ပြီး ပျော်ရွှင်မှု အရိပ်အယောင်က သူ့မျက်စိထဲ ဖြတ်ပြေးသွားရင်း လက်သီးဆုပ်ကာ သူတို့ကို အလောတကြီး ဂါရ၀ပြုတယ်။ "ခင်ဗျားတို့အားလုံးရဲ့ တရားမျှတတဲ့ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒီမျက်နှာပြင်ကို နောက်ဆုံးတော့ ခု ကယ်တင်လို့ရပြီ"
"ငါတို့ကို ကျေးဇူးတင်ဖို့ အရမ်းမစောလွန်းနဲ့" ကူယွဲ့က သူ့ဂါရ၀ပြုမှုကို ရှောင်ဖို့ ဘေးဆီ ကိုယ်တစ်ဖက်လှည့်ကာ အပြုံးတစ်ပွင့်နဲ့ ပြောလိုက်တယ်။ "ငါတို့ကူညီ မကူညီ မသေချာသေးဘူးမလား"
သူ့အမူအရာက ခဏတာ တောင့်တင်းသွားပြီး ချက်ချင်း လမ်းပျောက်နေတဲ့အကြည့်ပြန်လုပ်ကာ ရှန်းရင်လက်ထဲက အစိမ်းရောင်အလုံးဆီ အကြည့်ဝေ့ဝဲသွားခဲ့တယ်။ "ကူယွဲ့လူကြီးမင်းရဲ့ စကားလုံးတွေက... ဘာဆိုလိုတာလဲ"
"ကြည့်ရတာ မင်း ငါတို့ကို ရှင်းရှင်းလင်းလင်း မရှင်းပြရသေးတဲ့ ကိစ္စတချို့ရှိသေးပုံပဲလို့ ခံစားနေရရုံပါ၊ ဥပမာ..." ကူယွဲ့အပြုံးက ပိုတောင်ပီပြင်လာကာ ဓားအင်းကွက်ထဲကလူကို လှည့်ကြည့်တယ်။
"သူမနဲ့ပတ်သက်တဲ့ကိစ္စတွေ"
ချောက်ခွင်းရဲ့မျက်နှာက တစ်စက္ကန့် ဖြူဖျော့သွားကာ သွေးပျက်နေတဲ့အရိပ်အယောင်က ဖြတ်ပြေးသွားတာ အဲဒါကို ဘယ်လိုဖြေရမလဲ မသိတဲ့ပုံ။
အဲအစား ဘေးက မုရှန်းက ရုတ်တရက် ကျိတ်ရယ်တယ်။ "ဟားဟားဟား... နင် သူတို့ကို အားလုံး မပြောခဲ့ဘူးဖြစ်နေတာကိုး၊ နင်လုပ်ခဲ့တဲ့ အဲအရာတွေအားလုံးကလေ၊ ချောက်ခွင်း နင်တကယ်ပဲ အတိတ်တုန်းကလို စက်ဆုပ်စရာကောင်းနေသေးတာကိုး"
"ပါးစပ်ပိတ်" ချောက်ခွင်းအကြည့်က စူးရှသွားပြီး သူ့မျက်လုံးတွေထဲက သတ်ဖြတ်ချင်စိတ်က ချက်ချင်းပေါ်လာခဲ့တယ်။
"ဘာလို့လဲ၊ ငါ တစ်ခုခု ပြောတာမှားသွားလို့လား" မုရှန်းရယ်သံက ပိုပြီးတောင် အရုပ်ဆိုးလာပေမဲ့ အထီးကျန်တဲ့ခံစားချက်က သူမမျက်ဝန်းတွေထဲ ပေါ်လာခဲ့တယ်။
"ဘာလို့ နင် သူတို့ကို မပြောခဲ့တာလဲ၊ နင် ဒီမျက်နှာပြင်ကို ဘယ်လိုရောက်လာပြီး ငါ့လက်တွေထဲကနေ တစ်ဆင့်ချင်း ဘယ်လိုလုယူလာခဲ့လဲဆိုတာကိုလေ"
မျက်နှာပြင်ကို လုယူခဲ့တာလား။
သုံးယောက်လုံး မှင်တက်ကာ ချောက်ခွင်းကို တူတူလှည့်ကြည့်ကြတယ်။
အဲလိုဆို မုရှန်းက ဒီမျက်နှာပြင်ရဲ့ မူလစီမံထိန်းသိမ်းသူလား။ သူမကိုယ်ပေါ် စီမံထိန်းသိမ်းသူ အရှိန်အဝါရှိနေတာ မဆန်းတော့ဘူး။ သူတို့က တခြားမျက်နှာပြင်က စီမံထိန်းသိမ်းသူဖြစ်ခဲ့ဖူးပြီး စားဖိုမှူးမျက်နှာပြင်ကို ကျူးကျော်ခဲ့တဲ့ ကျူးကျော်သူလိုမျိုးလို့ ထင်နေခဲ့တာ။ သူမက ဒီမျက်နှာပြင်ကလို့ မထင်ခဲ့ဘူး။
ဒါပေမဲ့ ချောက်ခွင်းကလည်း တကယ်စီမံထိန်းသိမ်းသူလေ။ စီမံထိန်းသိမ်းသူ နှစ်ယောက်ဘယ်လိုလုပ် တစ်ပြိုင်နက် ပေါ်လာတာလဲ။
သွေးပျက်မှုအရိပ်အယောင်က ချောက်ခွင်းရဲ့ မျက်လုံးတွေထဲ ဖြတ်ပြေးသွားကာ ချက်ချင်း ခွန်းတုံ့ပြန်တယ်။ "ဒါက မျက်နှာပြင်ရဲ့ အသိစိတ်က ရွေးချယ်မှုပဲ၊ ဒီမျက်နှာပြင် ရွေးချယ်ခဲ့တာက ငါပဲ"
"သောက်ပိုတွေ" မုရှန်းမျက်လုံးထဲက ဒေါသက မြင့်တက်လာပြီး သူ့ကို တစ်ကိုယ်လုံး မျိုချချင်သလိုမျိုး စေ့စေ့ကြည့်နေတယ်။ "ငါမပြောနိုင်ဘူးလို့ နင်ထင်နေတာပဲ၊ နင်က အစတည်းက စီမံထိန်းသိမ်းသူရဲ့စွမ်းအားတွေကို ရလာခဲ့ပေမဲ့ မျက်နှာပြင်အသိစိတ်ရဲ့ အသိအမှတ်ပြုမှုကိုရဖို့ အရည်အချင်းတော့ မမှီခဲ့ဘူး၊ အဲဒါကြောင့် ဒီလောကထဲက သက်ရှိတွေအားလုံးကို ရှင်းပစ်ပြီး မူလရင်းမြစ်ကို အတင်းပြောင်းခဲ့တာပဲ၊ အဲလိုမဟုတ်ရင် နင်ဘယ်လိုလုပ် စီမံထိန်းသိမ်းသူ ဖြစ်လာနိုင်မှာလဲ"
ချောက်ခွင်း အမူအရာက မည်းမှောင်သွားကာ သတ်ဖြတ်လိုစိတ်တွေ တလိမ့်လိမ့်တက်လာတယ်။ သူက တန်း ခွန်းတုံ့ပြန်တယ်။ "လောကကြီးရဲ့ သုတ်သင်မှုနဲ့ ပြန်မွေးဖွားမှုနောက်ကွယ်က အမှန်တရားက မင်းကိုယ်တိုင်ဆိုတာ မမေ့နဲ့"
"ပါးစပ်ပိတ်" မုရှန်းရဲ့ မျက်လုံးတွေက ချက်ချင်း ရဲရဲနီနေပြီး သွေးစိမ့်ထွက်လာမလိုပဲ။ "နင်က လောကသုတ်သင်မှုအကြောင်း ပြောရဲသေးတယ်ပေါ့၊ မျက်နှာပြင်တံခါးကို ဖွင့်ခဲ့ပြီး မဟာတာအိုအဖွဲ့အစည်းက အဲကျူးကျော်သူတွေအားလုံးကို ဝင်ခွင့်ပေးပြီး စိတ်တိုင်းကျ ဖျက်ဆီးခွင့်ပေးခဲ့တာ ဘယ်သူလဲ၊ မျက်နှာပြင် ပြိုလဲခါနီးဖြစ်နေပြီလို့ ငါ့ကိုထင်စေခဲ့တာမို့ ငါ မူလရင်းမြစ်ကို အသည်းအသန် ပြန်ရုပ်သိမ်းခဲ့တာလေ" လောကရဲ့ သက်ရှိတွေအားလုံးက မူလရင်းမြစ်က မွေးဖွားလာတာမို့ သူ့ကိုပြန်ရုပ်သိမ်းတာက လောကကိုသုတ်သင်တာနဲ့တူညီတယ်။
…
အခန်း ၆၂၃ ။ နင်တို့ဘာသာဖြေရှင်း
"ကျူးကျော်သူတစ်ယောက်ကိုတောင် မရင်ဆိုင်နိုင်တာ မင်းက စီမံထိန်းသိမ်းသူဖြစ်ဖို့ မထိုက်တန်ဘူး"
ချောက်ခွင်းအကြည့်က ပိုအေးစက်လာတယ်။ သူ့သတ္တိကို ပြန်ရှာတွေ့သွားသလိုမျိုး အတော်လေး ရဲတင်းလာပြီး ပိုင်နိုင်စွာ ပြောဆိုလေတယ်။
"မင်းလက်ထဲ မျက်နှာပြင်ရှိနေတာက လောကကြီးထဲက သက်ရှိတွေအားလုံးအတွက် ဘေးကပ်ဆိုးပဲ၊ ငါက အမှန်ကန်ဆုံး ရွေးချယ်မှုလုပ်ခဲ့ရုံ"
"ပေါက်တတ်ကရတွေ ပြောနေတယ်" မုရှန်းရဲ့ အရှိန်အဝါက မတည်မငြိမ်ဖြစ်လာကာ ဓားအင်းကွက်ထဲက ထွက်ဖို့ကြိုးစားပေမဲ့ နောက်တစ်ကြိမ် တားဆီးခံလိုက်ရပြန်တယ်။ "ချောက်ခွင်း နင်ကသာ ဒီမျက်နှာပြင်ကို ဆိုးဆိုးဝါးဝါး ပျက်စီးစေခဲ့တာပဲ၊ လူတိုင်းကို ဘေးဒုက္ခနဲ့ ဝေဒနာထဲ ကျရောက်စေခဲ့ပြီး ငါ့ကို ပျက်စီးခြင်းနယ်ပယ်ထဲမှာပါ နှစ်ပေါင်းများစွာ ချန်ထားခဲ့တယ်၊ နင် ဘယ်တုန်းကမှ ဒီမျက်နှာပြင်ကို ဂရုမစိုက်ခဲ့ပါဘူး၊ နင့်မျက်စိထဲမှာ အရာအားလုံးက နင့်အတွက် လိုသုံးသက်သက်ပဲ"
"လုံးဝကို အပိုတွေကြီးပဲ" သူက အေးစက်စက်သရော်ပြီး အကြည့်က မှေးမှိန်သွားတယ်။ "အဲတုန်းက မင်းက စိတ်လက်မာန်ပါ လုပ်ခဲ့ရုံလို့ထင်နေခဲ့တာ၊ မင်း ဘယ်တော့မှ မပြောင်းလဲဘူးလို့ မထင်ခဲ့ဘူး၊ ဒီတစ်ကြိမ် မူလရင်းမြစ်ကို အတင်းအကြပ် ပြောင်းလဲလိုက်တာက လောကထဲက သက်ရှိသတ္တဝါတွေ တောင့်မခံနိုင်လို့ ဘယ်လောက်တောင် သေကြေကုန်မယ်ထင်လဲ၊ ဒီမျက်နှာပြင်က မင်းကြောင့်တစ်ခါ ပျက်စီးပြီးပြီ၊ အခု မင်းက ဒုတိယတစ်ကြိမ် ဖျက်ဆီးချင်သေးတယ်ပေါ့"
"နင်ကမှ ကိစ္စတွေကို ပြောင်းပြန်လှန်ပစ်တဲ့သူပဲ" မုရှန်းက ဒေါသတထောင်းထောင်းထွက်ကာ ဓားအင်းကွက်ထဲက ပြေးထွက်ဖို့ အသည်းအသန်ကြိုးစားတော့တယ်။
"မဒမ်နဲ့ လူကြီးမင်းတို့..." ချောက်ခွင်းက အဲအစား ကူယွဲ့တို့ဘက်ကို ဂါရ၀ပြုကာ ပြောတယ်။ "ဒါတွေက ကျွန်တော်နဲ့သူ့ကြားက အငြိုးအတေးတွေပါ၊ ဘယ်သူမှန်မှန် ဘယ်သူမှားမှား သက်ရှိတွေနဲ့ ဘာမှမဆိုင်ပါဘူး၊ ကျွန်တော်က စီမံထိန်းသိမ်းသူနေရာကို လက်လျှော့နိုင်ပေမဲ့ သူ မူလရင်းမြစ် ဆက်ပြောင်းလဲမှာကိုတော့ လုံးဝခွင့်ပြုလို့မဖြစ်ပါဘူး၊ ကျေးဇူးပြုပြီး တောင်းဆိုပါတယ်၊ သက်ရှိတွေအားလုံးကိုထောက်ထားပြီး သူ့လှည့်ကွက်တွေထဲ မကျရောက်ပါနဲ့"
ကူယွဲ့ မျက်နှာပေါ် စိုးရိမ်မှုအပြည့် ဖြစ်နေတဲ့ ချောက်ခွင်းကို တစ်ချက်ကြည့်လိုက်တယ်။ အခု သူနောက်ဆုံးတော့ အချက်တချို့ကို နားလည်သွားပြီ။ ဆိုလိုတာ မုရှန်းက ဒီမျက်နှာပြင်ရဲ့ မူလစီမံထိန်းသိမ်းသူ တကယ်ဖြစ်ခဲ့ပေမဲ့ နောက်တော့ ချောက်ခွင်းနဲ့ အစားထိုးတာခံခဲ့ရတယ်။ ဒီအစားထိုးတဲ့နည်းက သိပ်ပြီးတော့ တရားမဝင်ဘူး။ မဟာတာအိုအဖွဲ့အစည်းကလည်း ပါဝင်နေတယ်ဆိုတာ သိသာတယ်။ အဲဒါကြောင့် သူမက သူ့အပေါ် အတော်လေးအငြိုးထားနေတာပဲ။
ဒါပေမဲ့ မူလရင်းမြစ်ကို ပြောင်းလဲတာက တကယ်ပဲ သက်ရှိတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိလိမ့်မယ်။ သူတို့ ကမ္ဘာငယ်လေးထဲကြားခဲ့တဲ့ အမှောင်ညဉ့်ယံက ဒါပဲ။ သေသွားတဲ့လူတွေက သူတို့ မူလရင်းမြစ်ရဲ့ ပြောင်းလဲမှုကို ခံနိုင်ရည်မရှိလို့ သေခဲ့ရတာ။ ပြီးတော့ အဲလူပြာတွေလည်း အတူတူပဲ။ သက်ရောက်မှု သေးလားကြီးလားဆိုတဲ့ ကိစ္စတစ်ခုသာဖြစ်တယ်။
ကိစ္စတွေသာ ဒီလိုဆက်ဖြစ်နေရင် မျက်နှာပြင်ရဲ့မူလရင်းမြစ် လုံးဝ အမည်းရောင် ပြောင်းချိန် သက်ရောက်မှုက ပိုတောင်ကြီးဦးမယ်။
ဒါပေမဲ့...။
ကူယွဲ့ ရယ်လိုက်တယ်။
ချောက်ခွင်းက အရမ်းကို ဉာဏ်ကောင်းတဲ့လူဆိုတာ ဝန်ခံရမယ်။ သူ ကြံစည်ပြီး မျက်နှာပြင်ကို သိမ်းပိုက်ခဲ့ပြီးတဲ့ လျှို့ဝှက်ချက် ပေါ်သွားတာတောင် ဘယ်သရုပ်ဆောင်နည်းက သူ့အတွက် အကောင်းဆုံး အကျိုးရှိမလဲ သိလာခဲ့တယ်။ သူ ခုပြောနေတဲ့အရာကနေ မြင်နိုင်ပြီ။ မျက်နှာပြင် ရှင်သန်မှုအကြောင်း၊ သက်ရှိတွေအကြောင်း စိုးရိမ်မှုအပြည့်နဲ့။ သူက အခြေအနေတစ်ခုလုံးအတွက် အလျှော့ပေးပြီး စီမံထိန်းသိမ်းသူတစ်ယောက်ရဲ့ အပြုအမူကို အပြည့်အဝပြသကာ 'လူတွေရဲ့ဘဝကို ဖျက်ဆီးတဲ့' ခေါင်းစဉ်ကြီးတစ်ခု အသံတိတ် တပ်လိုက်ပြီး သူတို့လမ်းကြောင်းနဲ့ ဘက်ပြောင်းနိုင်ခြေကို လုံးဝပိတ်ဆို့ခဲ့တာပဲ။
သူက မနေနိုင်ဘဲ ဓားအင်းကွက်ထဲကလူဘက် ပြန်လှည့်ကြည့်လိုက်တယ်။
မုရှန်းမျက်လုံးတွေက ပိုပြီးတောင် နီရဲလာပေမဲ့ လုံးဝမတိုက်ခိုက်နိုင်ဘူး။ မျက်နှာပေါ် စိတ်ဓာတ်ကျတဲ့ အရိပ်အယောင် ပေါ်လာပြီး တခြားသူတွေကို မုန်းတီးစွာ စိုက်ကြည့်တော့တယ်။
"ဟမ့် နင်တို့ ငါ့ကိုသတ်ချင်ရင် သတ်လို့ရတယ်၊ ငါ့အကြွင်းအကျန်ဝိညာဉ်တစ်ခု ကျန်နေသရွေ့ နင်တို့အားလုံးကို အလွတ်ပေးမှာ မဟုတ်ဘူး"
"လူကြီးမင်း တကယ်လို့ ကျွန်တော်တို့သူ..."
"မင်းတို့နှစ်ယောက်ကြားက အရှုပ်အထွေးထဲ စိတ်ဝင်စားမှုမရှိဘူး" ကူယွဲ့ သူ့ကို တန်းဖြတ်ပြောလိုက်တယ်။ သူ့မျက်လုံးတွေက မှေးသွားကာ ခြေဆုံးခေါင်းဆုံးကြည့်လိုက်တယ်။
"ဘာလို့... မင်း အရင် မရှင်းပြတာလဲ၊ ငါတို့ မြေအောက်ဘုံထဲ ဝင်ပြီးတဲ့နောက်မှာ ဒီလောက် တိုက်ဆိုင်စွာနဲ့ နိုးလာရလဲဆိုတာ"
"..." ချောက်ခွင်း အမူအရာက ပြောင်းလဲသွားတယ်။
"ဘာလို့ မပြောနိုင်တာတုံး" ကူယွဲ့က အေးစက်စက်ပြုံးတယ်။ "မင်းအတွက် ငါပြောပါရစေ၊ ကျူးကျော်သူက သူ ဆိုတာ မင်း ဟိုးအတည်းကသိခဲ့တာပဲ၊ သူက မူလရင်းမြစ်ကို ပြောင်းလဲနေတာလည်း သိခဲ့တယ်၊ ဒါပေမဲ့ မြေအောက်ဘုံက ချိပ်ပိတ်ခံထားရတော့ မင်း လုံးဝမ ဝင်နိုင်ခဲ့ဘူးလေ၊ တစ်ခုတည်းသောနည်းက အထဲကို ဝင်နိုင်မဲ့လူကို ရှာဖို့ပဲလေ၊ အဲတော့ မင်းက ငါတို့အပေါ် မျက်စိကျသွားတယ်၊ ငါတို့ကို ဘုံတံခါးဖွင့်ဖို့ အသုံးချပြီး နောက်တော့ အကျိုးအမြတ်တွေကို သက်သောင့်သက်သာ ဆွတ်ခူးခဲ့တာပဲ"
"လူကြီးမင်း... ကျွန်တော် မဟုတ်" သူက ပျာယာခတ်ကာ အသည်းအသန် ရှင်းပြတယ်။ "ကျွန်တော် ခင်ဗျားတို့အားလုံးကို အသုံးချဖို့ ရည်ရွယ်ချက် တကယ်လုံးဝမရှိပါဘူး၊ ကျွန်တော် ပြောသမျှက အမှန်တွေပါ၊ အစက သူမက ဒီမျက်နှာပြင်ကို ကျူးကျော်ခဲ့သူ တစ်ဦးတည်သောလူ မဟုတ်ပါဘူး၊ ကျွန်တော် တကယ် သူ့ကိုမရင်ဆိုင်နိုင်တာမို့ အားလုံးကို ချဉ်းကပ်ခဲ့ရတာပါ..."
"ဟုတ်လား" ကူယွဲ့ အပြုံးက ကျယ်လာတယ်။ "အဲတော့ မင်းဆိုလိုတာက အခြေအနေကို သိပေမဲ့ လမ်းကြောင်းကို ကင်းထောက်ဖို့ ငါတို့ကို အမြောက်စာတွေအဖြစ် တမင်တွန်းပို့ခဲ့တာပေါ့၊ ပြီးတော့ ဘေးကင်းပြီဆိုတာ သေချာမှ ပေါ်လာတယ်ပေါ့"
"မဟုတ်ပါဘူး လူကြီးမင်း၊ တကယ် မျက်နှာပြင်အတွက် ကျွန်တော်..."
"မင်းမျက်နှာပြင်က ငါ့ကိစ္စမဟုတ်ဘူး"
"..."
ဟမ့် ငါတို့ကို ကိုယ်ကျင့်တရား ခြိမ်းခြောက်အကျပ်ကိုင်ဖို့ ကြိုးစားနေတာ၊ သူတို့က ဆန္ဒရှိမရှိ စစ်ဆေးသင့်တယ်။
ချောက်ခွင်းရဲ့ မျက်နှာက ပိုပြီးတောင် ဖြူဖျော့လာကာ အဲအခိုက်အတန့်မှာ ငြင်းစရာစကားတွေတောင် မရှာနိုင်တော့ဘူး။
ဘေးမှာ မုရှန်းက ကျယ်လောင်စွာ ရယ်မောနေတော့တယ်။ "ဟားဟားဟား... ဝန်ခံလိုက်စမ်းပါ ချောက်ခွင်း၊ နင်က အမြဲ ဒီလို ရွံစရာလူယုတ်မာ ဖြစ်နေခဲ့တာ၊ နင့်ရည်မှန်းချက်ကို အောင်မြင်ဖို့ ဘာမဆိုလုပ်နိုင်တာလေ"
"မင်း..." ချောက်ခွင်း အမူအရာက ပိုပြီးတောင် စိတ်တိုလာကာ စကားတွေပျောက်ဆုံးနေတယ်။ ခဏနေတော့ သူက ရှန်းရင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်တယ်။ "မဒမ် ကျေးဇူးပြုပြီး ကျွန်တော့်ကိုယုံပါ၊ ကျွန်တော် တမင်သက်သက် ခင်ဗျားတို့ကို အသုံးချတာမဟုတ်ပါဘူး"
ရှန်းရင်က ခေါင်းကို တစ်ဖက်စောင်းပြီး တစ်အောင့်နေတော့မှ ပြန်ဖြေတယ်။ "အိုး"
"..." အိုးက ဘာသဘောလဲ။
ဒါပေမဲ့ ရှန်းရင်က သူ့ကို လျစ်လျူရှုကာ ရှေ့ကိုတက်လာပြီး ဓားအင်းကွက်ထဲကလူကို မြဲမြဲစိုက်ကြည့်နေတယ်။
"လာ ဒီစကားကို ပြီးအောင်ပြောပါရစေ" အဲလိုနဲ့ သူမက အသီးကို တစ်ကိုက်ကိုက်ကာ ဆက်ပြောတယ်။
"နင့်ကို ဒီမျက်နှာပြင်ဆီ ဘယ်သူ ပြန်ပို့ခဲ့လဲဆိုတာ ပြောပြပေးနိုင်မလား၊ သူက ဘာလဲ"
မုရှန်းက ခဏအူလည်လည်ဖြစ်သွားကာ အလိုလို ထုတ်ပြောမိလိုက်တယ်။ "ဘာလို့ နင်တို့ကို ပြောရမှာလဲ"
"ငါတို့ မင်းနဲ့ချောက်ခွင်းကြားက ကိစ္စတွေကို ဝင်မနှောင့်ယှက်ဘူးဆိုတဲ့အချက်ပေါ်မူတည်ပြီးပေါ့"
ကူယွဲ့က တန်းပြီးကြားဖြတ်ပြောလိုက်တယ်။
"လူ... လူကြီးမင်း" ချောက်ခွင်း အမူအရာက ပြောင်းလဲသွားတယ်။
"သေချာပေါက်ပေါ့" တစ်စုံတစ်ခုက မုရှန်းမျက်လုံးတွေထဲ ဖြတ်ပြေးသွားပေမဲ့ သူမကို ခေါင်းစ ခြေဆုံးကြည့်ပြီးတဲ့နောက် ခဏတော့ တုံ့ဆိုင်းနေပြီးမှ ပြောလာတယ်။ "ဘယ်သူလဲ မသိပေမဲ့ သူက တကယ်ပဲ ချိပ်ပိတ်ထားတဲ့ မျက်နှာပြင်ကိုဖွင့်ပြီး ငါပြန်လာမှာကို ကူညီပေးခဲ့သူပဲ"
"သူက ဘယ်လိုပုံလဲ"
"ငါမသိဘူး" သူမက ခေါင်းယမ်းတယ်။ "သူ့စွမ်းဆောင်ရည်တွေက စီမံထိန်းသိမ်းသူထက် ကျော်လွန်တယ်၊ ငါ သူ့အသွင်ကို လုံးဝ ရှင်းရှင်းလင်းလင်း မမြင်ရဘူး၊ သူက ရုတ်တရက် အပျက်အစီးထဲ ပေါ်လာပြီး တရားမျှတမှုရှာဖို့ ကူညီပေးမယ်ပြောတယ်၊ ပြီးတော့ သူက ငါ့ကို ဒီနေရာဆီ ပို့ခဲ့တာပဲ"
"ပြီးတော့ ဘာဆက်ဖြစ်လဲ"
"ငါ့ကို မူလရင်းမြစ်ကို ပြောင်းလဲတဲ့နည်း ပြောပြပြီးတော့ သူက ပျောက်သွားခဲ့တာပဲ" သူမ နားမလည်နိုင်တဲ့တစ်စုံတစ်ခုကို သတိရသွားသလိုမျိုး အပြုံးတစ်ပွင့်နဲ့ ပြောလိုက်တယ်။
"နောက်ပိုင်းတော့ သူ့ကိုတစ်ခါမှ ထပ်မမြင်ရတော့ဘူး"
"သိပါပြီ..." ရှန်းရင်ရဲ့ မျက်လုံးတွေက မှေးသွားပြီး ရှေ့ကိုတက်ကာ သူမလက်ထဲကိုင်ထားတဲ့ အစိမ်းရောင်အလုံးလေးကို တွန်းပို့ပေးလိုက်တယ်။ "ကျေးဇူးပဲ"
မုရှန်းက မှင်တက်သွားကာ သူမမျက်လုံးတွေက ချက်ချင်းပြူးကျယ်သွားပြီး လက်ထဲက အစိမ်းရောင်အလုံးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတယ်။
"နင်..."
"မဒမ်" တစ်ဖက်မှာတော့ ချောက်ခွင်းက ချက်ချင်း ဖြူဖျော့သွားလေရဲ့။
ရှန်းရင်က မရပ်ဘဲ မျက်နှာပြင်တံခါးကို တန်းလှည့်ဖွင့်ကာ လမ်းလျှောက်ရင်း ပြောတယ်။
"ဗိုက်ဆာနေပြီ၊ စားဖိုမှူး ဖေဖေနျို ညစာစားဖို့ အိမ်ပြန်ကြစို့"
"ဟုတ်ကဲ့ဆရာ၊ ပြဿနာမရှိပါဘူး ဆရာ"
ကူယွဲ့က နှစ်ယောက်ကို တစ်ချက်ကြည့်ကာ လိုက်လာတယ်။
မျက်နှာပြင်တံခါးက ပိတ်သွားတာနဲ့ သူတို့ နောက်တစ်ကြိမ် တိုက်ခိုက်သံတွေကို မသဲမကွဲ ကြားနေရတယ်။ ဒီတစ်ကြိမ်တော့ အခြေအနေပေးမှုတွေက ချောက်ခွင်းကို ဆန့်ကျင်နေခဲ့တယ်။
"ချောက်ခွင်း မျက်နှာပြင်အငြိုးတွေကို ရှင်းဖို့ အချိန်ရောက်လာပြီ"
…
အခန်း ၆၂၄ ။ မေ့ပျောက်မြစ်တွင် နောက်ထပ်ပြောင်းလဲမှု
"မင်း ဝင်ပါဖို့ စဉ်းစားထားခဲ့တာလား၊ ဝင်မပါဖို့ စဉ်းစားထားခဲ့တာလား" သူတို့ ကောင်းကင်ဘုံဆီ ပြန်ရောက်တာနဲ့ ကူယွဲ့ မနေနိုင်တော့ဘဲ မေးလိုက်တယ်။ သူ စောနက မပြောနိုင်ပေမဲ့ ခုပြန်တွေးကြည့်တော့ အဲအစိမ်းရောင်အလုံးက အသွင်မယူရသေးတဲ့ ဝိညာဉ်အစေ့ပဲ။ ဒါကြောင့် ချောက်ခွင်း စောနက အဲဒါကို လွှတ်လိုက်တာနဲ့ မူလရင်းမြစ်ကို ပြောင်းလဲဖို့က အရမ်းလွယ်ကူသွားပြီ။
"မင်း ဘယ်တစ်ယောက်ကိုမှ မကူညီဘူးလို့ ငါထင်နေတာ"
ရှန်းရင် ဒေါသနဲ့ဆို အမှန်ကို သိပြီးချိန် ချောက်ခွင်းကိုထုထောင်းမှ သဘာဝကျမှာ။ ဒါပေမဲ့ သူမက စောနက တစ်လျှောက်လုံး ငြိမ်နေခဲ့တာမို့ သူမက သူတို့ကိစ္စကို ဝင်မစွက်ဖက်ချင်ဘူးပဲ ယူဆခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက တခြားမျက်နှာပြင်ကိစ္စဖြစ်ပြီး ချောက်ခွင်းက ကောက်ကျစ်တဲ့လူဖြစ်ပေမဲ့လည်း သူ့စကားတွေက မှန်နေတယ်။ မုရှန်းသာ မျက်နှာပြင်ကို ပြန်လိုချင်ရင် သက်ရှိတွေအားလုံးကို တကယ်ပဲ နောက်တစ်ကြိမ် ပြန်သိမ်းလိုက်ရလိမ့်မယ်။
ရှန်းရင်က သူ့ကို ခေါင်းမော့လှမ်းကြည့်ကာ ခေါင်းကိုတစ်ဖက်စောင်းတယ်။ "အကြွေးတင်နေတဲ့အရာကို အမြဲ ပြန်ပေးရမှာပဲ" သူမက တစ်ခဏစဉ်းစားပြီး နောက်တော့ ထပ်ပြောလိုက်တယ်။
"ပြီးတော့ မျက်နှာပြင်က စီမံထိန်းသိမ်းသူ မရှိဘဲ ဆက်သွားလို့မရဘူး"
"ဘယ်လိုလုပ် စီမံထိန်းသိမ်းသူ မရှိရမှာလဲ၊ သူတို့နှစ်ယောက်..." ခဏ သူပြောနေရင်း ရပ်သွားတယ်။
"မင်းပြောတာက ချောက်ခွင်းက တကယ့်စီမံထိန်းသိမ်းသူအစစ် မဟုတ်သေးဘူးပေါ့"
"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။
"မျက်နှာပြင်အသိစိတ်ရဲ့ အသိအမှတ်ပြုမှုကို မရသေးတဲ့သူတွေအားလုံး မဖြစ်ဘူး။ သူ အတင်းအကြပ် မျက်နှာပြင်ကို အတင်း ချေဖျက်ရင်တောင် မရဘူး၊ အတုဟာ ဘယ်တော့မှ အစစ်ဖြစ်လာမှာမဟုတ်ဘူး"
"မဟုတ်ဘူး" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ "တကယ်လို့ သူက အစတည်းက စီမံထိန်းသိမ်းသူ မဟုတ်ရင် ဘာလို့ သူ့ကိုယ်ပေါ် စီမံထိန်းသိမ်းသူရဲ့ အရှိန်အဝါရှိနေရတာလဲ"
"နင်နဲ့ စားဖိုမှူးလည်း ရှိတယ်လေ" ရှန်းရင်က ခပ်ပေါ့ပေါ့ ပြန်ဖြေတယ်။
"အဲဒါက စားဖိုမှူးနဲ့ငါနဲ့ ဘယ်လိုပတ်သက်နေတာလဲ၊ ငါတို့က နဂိုတည်းက..." သူက တုံ့လည်းတုံ့လည်း ဖြစ်သွားကာ ချက်ချင်း တစ်စုံတစ်ခုကို နားလည်သွားပြီး မျက်လုံးတွေချက်ချင်းပြူးကျယ်ကုန်တယ်။
"ချောက်ခွင်းက နဂိုက မုရှန်းရဲ့လက်ထောက်လို့ ပြောနေတာလား"
"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။
"သေစမ်း" အဲတော့ ဒီလိုကိုး။ ဒီကိစ္စမှာ ချောက်ခွင်းက တကယ်ကို ကျက်သရေတုံးပဲ။ မျက်နှာပြင်လက်ထောက်တွေက စီမံထိန်းသိမ်းသူရဲ့ အစွမ်းတွေကြောင့် လက်ထောက်တွေ ဖြစ်လာတယ်။
ချောက်ခွင်းက ထာဝရ မျက်နှာပြင်လက်ထောက် မဖြစ်ချင်ဘူးဆိုတာ သိသာတယ်။ အဲဒါကြောင့် သူက မဟာတာအိုအဖွဲ့အစည်းထဲက အဲလူတွေနဲ့ အလုပ်တွဲလုပ်ပြီး မုရှန်းကို အကောက်ကြံခဲ့တာပေါ့။ သူက မုရှန်း ကမ္ဘာကြီးကို သုတ်သတ်ပြီးမှ သူမကို တန်းသတ်မဲ့အစား မျက်နှာပြင်ကနေ နှင်ထုတ်ခဲ့ရုံ သက်သက်ပဲ။ သူပါ သက်ရောက်ခံရမှာကို စိုးရိမ်နေတဲ့ပုံ။
အခု သူ့စွမ်းဆောင်ရည်တွေက စီမံထိန်းသိမ်းသူနဲ့ မကွဲပြားဘူး။ သူက သက်ရှိတွေ သုတ်သင်ခံရပြီး မျက်နှာပြင်ရဲ့အသိစိတ် ပျောက်သွားမှ ဖိနှိပ်ထားမှုကို ဖြေလျှော့ခဲ့တာ။ စီမံမှု မဟုတ်ပေမဲ့ စီမံမှုထက်ပိုသာတယ်။ ကွဲပြားချက်က စားဖိုမှူးရော သူပါ သတိမထားမိ။
ဒါ ဘယ်လိုတောင် ထူးကဲလိုက်တဲ့ ဆန်ကုန်မြေလေးပါလိမ့်
"ဆရာ မုရှန်းကို ပြန်လာဖို့ ကူညီပေးခဲ့သူက မော်နီတာဖြစ်နိုင်လား" တစ်ကြိမ် စားဖိုမှူးက ဟင်းတန်းသွားမချက်ဘဲ ရုတ်တရက် မေးခွန်းထုတ်လာခဲ့တယ်။
ကူယွဲ့လည်း သတိရသွားတယ်။
"ဟုတ်တယ်၊ မော်နီတာတွေပဲ စီမံထိန်းသိမ်းသူကို ကျော်လွန်တာ၊ သူ့ကိုကူညီတာ အစ်မကြီးကျင်းတို့ မီလဲ့တို့တော့ မဖြစ်နိုင်ဘူးမလား" သူ စကားဆုံးတာနဲ့ ချက်ချင်း ကိုယ့်ခန့်မှန်းချက်ကို ငြင်းဆန်တော့တယ်။ "ဟင့်အင်း၊ ဒါ သူတို့ မဖြစ်နိုင်ဘူး"
မီလဲ့အတွက် ရှန်းကျင်းဆီက ထုထောင်းတာကို ခံရပြီးတဲ့နောက်မှာ သူက ပြန်လည်နာလည်ထူကာစ ဖြစ်လာနိုင်သေးတာ။ သူ မုရှန်းကိစ္စတွေကို စွက်ဖက်ဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ရှန်းကျင်းဆို ပိုတောင် မဖြစ်နိုင်ဘူး။ သူမက မဟာတာအိုအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ကိစ္စတွေအကြောင်း သိပြီးနေပြီ။ တကယ်လို့ လှုပ်ရှားသူက သူမဆိုရင် သူတို့ကို အသိပေးမှာဖြစ်သလို အချိန်ကလည်း မကိုက်ညီဘူး။
"အဲလူက ဘယ်သူဖြစ်နိုင်လဲ၊ မော်နီတာအသစ် ပေါ်လာပြန်တာဖြစ်နိုင်လား"
"ဖြစ်နိုင်တယ်... ထင်တာပဲ" ရှန်းရင်က လက်ထဲက အသီးကို အဆုံးသတ်ကာ အရိုးကိုညှစ်ပြီး မျက်လုံးတွေမှေးနေတဲ့ပုံက အတွေးနစ်နေတဲ့ပုံ။
"ဖြစ်နိုင်တာလား"
ရှန်းရင်က လက်ထဲက အရိုးကို စွန့်ပစ်ပြီး ပြန်ဖြေတယ်။ "ငါ့အစ်မက မဟာတာအိုအဖွဲ့အစည်းအကြောင်း မသိခဲ့တဲ့အကြောင်းရင်းကို မှတ်မိသေးလား"
"မင်းကြောင့်မဟုတ်လား" ကူယွဲ့က လွှတ်ခနဲပြောမိတယ်။ "သူမက မော်နီတာနှစ်ယောက်က ဒေသတစ်ခုတည်းမှာ ပေါ်လာလေ့ မရှိဘူးလို့ ပြောခဲ့တယ်မဟုတ်လား" ရှန်းရင်က အမတမျက်နှာပြင်ထဲ ရှိနေခဲ့တာမို့ မီလဲ့နဲ့ အစ်မကျင်းက မဟာတာအိုအဖွဲ့အစည်းရဲ့ ကိစ္စရပ်တွေကို သတိမထားမိခဲ့တာပဲ။
မီလဲ့ကလည်း သူတို့ကို ဒါနဲ့ပတ်သက်ပြီး ဟင်းလင်းပြင်မြေဆီ လှည့်စားခေါ်သွားကာ စမ်းသပ်ချင်ခဲ့တာက ရှန်းရင်ဟာ...။
ခဏ ရှန်းကျင်းပြောဖူးတာ ရှန်းရင်က မော်နီတာ မဟုတ်ဘူးတဲ့။ ဒါဆို မော်နီတာတွေကြားထဲက အပြန်အလှန်ကွယ်ထားမှုက မတည်ရှိဘူးပေါ့။
ဆိုလိုတာ...။
"အဲချိန် အစ်မကြီးကျင်းနဲ့ မီလဲ့က မဟာတာအိုအဖွဲ့အစည်းကို ရှာမတွေ့ခဲ့တာက မုရှန်းကို ကူညီခဲ့တဲ့ ဒီလူကြောင့်မို့လား" ကူယွဲ့ ထိတ်လန့်သွားပြီး ခဏနေတော့ ဇဝေဇဝါဖြစ်စွာ မျက်မှောင်ကြုတ်လိုက်တယ်။
"ဒါပေမဲ့... တကယ်ပဲ သူက မော်နီတာဆိုရင် မဟာတာအိုအဖွဲ့အစည်းက တည်ရှိနေခဲ့တာ ဒီလောက်ကြာပြီကို ဘာလို့ သူတို့ကို မဖြေရှင်းခဲ့တာလဲ"
"ဖြစ်နိုင်ခြေနှစ်ခုပဲရှိတယ်၊ သူတို့ကို မကိုင်တွယ်နိုင်တာ ဒါမှမဟုတ် မလုပ်ချင်တာ" ယိချင်းက ခန့်မှန်းတယ်။
"သူက မုရှန်းကို ပြန်တောင်ပို့နိုင်ပြီး မူလရင်းမြစ်ကိုပြောင်းလဲနည်း သိထားတာ၊ ဆိုလိုတာ သူက သေချာပေါက် တတ်နိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြနေတယ်" ကူယွဲ့က ပိုပြီးတောင် သံသယဖြစ်လာတယ်။ "ဒါပေမဲ့ သူက သူတို့ကို မဖြေရှင်းချင်ရင် ဘာလို့မုရှန်းကို ကူညီတာလဲ၊ မဟုတ်မှလွဲ..."
"သူက မော်နီတာမဟုတ်ဘူးပေါ့" ရှန်းရင်က သူ့စကားကိုအဆုံးသတ်ကာ သူတို့ဘက်လှည့်ပြီး မျက်လုံးတွေက မှေးမှိန်နေတယ်။ "အဲဒါဆို ပိုတောင်ဆိုးသွားပြီ"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
နှစ်ယောက်လုံးရဲ့ အမူအရာတွေလည်း မည်းနက်သွားတယ်။
အမှန်ပဲ တကယ်လို့ တစ်ဖက်လူက မော်နီတာဆိုရင် အဆင်ပြေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မော်နီတာတွေရဲ့ တည်ရှိမှုက မျက်နှာပြင်တွေကြားက ငြိမ်းချမ်းမှုကို ထိန်းသိမ်းဖို့ပဲ။ တကယ်လို့ မဟုတ်ဘူးဆိုရင် ရှန်းကျင်းနဲ့ မီလဲ့ မဟာတာအိုအဖွဲ့အစည်းကို အာရုံမခံမိအောင် ကွယ်ပြီး မုရှန်းကို သူမမျက်နှာပြင်ဆီ ပြန်ပို့ပေးတဲ့ ရည်ရွယ်ချက်တွေမှာ သူနဲ့ပတ်သက်ပြီး ပိုလေးနက်တဲ့ တစ်ခုခုတော့ရှိနေပြီ။ အထူးသဖြင့် သူက စီမံထိန်းသိမ်းသူကို ကျော်လွန်တဲ့ အစွမ်းတွေ ပိုင်ဆိုင်ထားသေးတာ။
အမှောင်ထဲမှာ ဒီလိုလူရှိနေတော့ ဘယ်လိုပဲကြည့်ကြည့် လူတစ်ယောက်ကို အတော်လေး အတော်ဂနာမငြိမ် ဖြစ်စေတယ်။
ကူယွဲ့ ချက်ချင်း ကလိမ်ကကျစ်တစ်ယောက်ယောက် ပေါ်လာတော့မယ်လို့ မကောင်းတဲ့ခံစားချက် ရနေတယ်။ သူ ရှန်းရင်နဲ့ သေချာဆွေးနွေးမို့ရှိသေး သူ့ဘေးက သိုလှောင်အိတ်က ရုတ်တရက် လှုပ်လာပြီး မူလအရင်းအမြစ်ရဲ့ ခပ်မှိန်မှိန်ချီက စိမ့်ထွက်လာတယ်။
သူက ခဏတာ တုံ့လည်းတုံ့လည်း ဖြစ်သွားရင်း အတွေးတစ်ခု ပေါ်လာကာ အမြန် ဆက်သွယ်ရေးအဆောင်ကို ဆွဲထုတ်လိုက်ပြီး မသေမျိုးချီတစ်စကို ထည့်လိုက်တယ်။ "ဂျပုလေးလား" ဒါက ဝူတိဂိုဏ်းအတွက် ဆက်သွယ်ရေးအဆောင်ပဲ။ ဒါပေမဲ့ ကောင်းကင်ဘုံဆီ သတင်းစကား ပို့နိုင်တာက ဂျပုလေးပဲရှိတယ်။ ပြီးတော့ မူလရင်းမြစ်ရဲ့ချီပါ ထည့်ပါလာတာ။
"အကြီးအကဲကူယွဲ့" သေချာပေါက်ကို နောက်တစ်စက္ကန့်မှာ မုန့်ပေါ်ရဲ့ အနည်းငယ် စိတ်ပူပန်နေသံက ထွက်လာတယ်။ "ဂိုဏ်းချုပ်က ရှင်နဲ့ရှိလား"
"ဘာဖြစ်တာလဲ" ရှန်းရင်ကို ရှာရင်း သူမက စတင်စကားပြောတော့တယ်။
"တစ်ခုခုဖြစ်နေတာပဲ ဒါက မေ့ပျောက်မြစ်ရဲ့ မူလရင်းမြစ်ပါ၊ ကြည့်ရတာ... ပြဿနာရှိနေတယ်"
"ဘာလဲ" ကူယွဲ့ ထိတ်လန့်သွားကာ စားဖိုမှူးပါ အူလည်လည်ဖြစ်သွားတယ်။ သူကတော့ ဘာမူမမှန်မှုကိုမှ အာရုံမခံမိတာမို့ ရှေ့တစ်လှမ်း တက်လာတယ်။ "ဘာဖြစ်ခဲ့တာလဲ"
"ကျွန်တော်... ကျွန်တော်လည်း မသိဘူး" ဂျပုလေးက ပိုပြီးတောင် အသည်းအသန်ဖြစ်လာကာ သူမအသံက မဆိုစလောက် ငိုသံပါနေတယ်။ "မျက်နှာပြင်တစ်ခုလုံးရဲ့ မူလရင်းမြစ်ကို အာရုံခံကြည့်ခဲ့ပေမဲ့ အကြောင်းရင်းကို ရှာမတွေ့ခဲ့ဘူး၊ ဒါပေမဲ့ မေ့ပျောက်မြစ်အလယ်မှာ ရုတ်တရက် ပေါ်လာတယ်..." သူမက တန့်သွားပြီး ဘယ်လိုရှင်းပြရမလဲ မသိတဲ့ပုံ။ "အကြီးအကဲကူယွဲ့၊ ရှင်တို့အားလုံး ပြန်လာပြီး တစ်ချက်ကြည့်တာနဲ့ အကုန်ရှင်းသွားမှာပါ"
ကူယွဲ့က စားဖိုမှူးကိုကြည့်ကာ စားဖိုမှူးက ရှန်းရင်ကို မေးလိုတဲ့အကြည့်နဲ့ လှည့်ကြည့်တယ်။ "ဆရာ..."
"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။
"သိပြီ" ကူယွဲ့ နောက်တော့ ဂျပုလေးကို ညွှန်ကြားတယ်။ "ငါတို့ ခုချက်ချင်း မြေအောက်ဘုံဆီ လာခဲ့မယ်"
"ဟင့်အင်း မြေအောက်ဘုံ မဟုတ်ဘူး၊ ပြဿနာရှိနေတဲ့နေရာက အမတဘုံထဲမှာပါ၊ ကျွန်မက ခုဂိုဏ်းထဲမှာ"
ကူယွဲ့ ခဏအူတူတူဖြစ်သွားပြီး အဆောင်ကိုသိမ်းကာ ဝူတိဂိုဏ်းဆီ လမ်းကြောင်းကိုဖွင့်လိုက်တယ်။
စက္ကန့်ပိုင်းအတွင်း သူတို့ ဝူတိဂိုဏ်းရဲ့ အနောက်နန်းတော်ဆီ ရောက်လာခဲ့ကာ ဂျပုလေးရဲ့နေရာဆီ အသေးစိတ်အာရုံခံပြီး သူမက ကောင်းကင်နန်းတော်ဝင်ပေါက်မှာရှိနေတာ သိလိုက်ရတယ်။ သူက လှည့်ကာ ပျံသန်းထွက်လာတယ်။
အဝေးကနေ သူတို့တွေ တပည့်တွေအများကြီး ဝူတိဂိုဏ်းဝင်ပေါက်မှာ စုဝေးနေတာကို မြင်နေရပြီ။ ကြည့်ရတာ တစ်ခုခုဖြစ်ထားခဲ့ပုံပဲ။ သူတို့အားလုံးရဲ့ အမူအရာတွေက သိပ်မကောင်း။
"ဘာဖြစ်ခဲ့တာလဲ" ကူယွဲ့က တန်းမေးတယ်။
တံခါးပေါက်ကအဲလူတွေက နောက်တော့ လှမ်းကြည့်လာပြီး သူတို့မျက်နှာတွေပေါ် အပျော်က ချက်ချင်းပေါ်လာတယ်။
"ဂိုဏ်းချုပ်" သူတို့က ပြိုင်တူရေရွတ်တယ်။
နောက်အခိုက်အတန့်မှာတော့ လူတိုင်းက လက်သီးဆုပ်ကာ ဂါရ၀ပြုတယ်။ "ဝူတိဂိုဏ်းတပည့်တို့ ဂိုဏ်းချုပ် ဂိုဏ်းဆီ ပြန်လာတာကို ကြိုဆိုပါတယ်"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
အဲတော့ သူတို့နှစ်ယောက်က ကိုယ်ပျောက်နေတယ်ပေါ့ ဟုတ်လား။