အခန်း (၆၂၅-၆၂၇)
Vol. 42 Ch. 625-627
အခန်း ၆၂၅ ။ မေ့ပျောက်မြစ်ထဲက အက်ကွဲကြောင်း
"ဟေး" ရှန်းရင်က သူတို့ကို နှုတ်ဆက်ဖို့ လက်တစ်ဖက်မြှောက်ပြလိုက်တော့ လူတိုင်းရဲ့ မျက်လုံးတွေက ချက်ချင်း ပိုတောင်တောက်ပလာခဲ့တယ်။
ကူယွဲ့ နှုတ်ခမ်းထောင့်က တွန့်သွားပြီးမှ စကားပြောတယ်။ "ယွီဟုန်၊ မင်းတို့အားလုံး ကောင်းကင်နန်းတော်ရဲ့တံခါးမှာ ဘာလို့ စုဝေးနေကြတာလဲ"
"ဂိုဏ်းချုပ်၊ အကြီးအကဲကူယွဲ့..."
ယွီဟုန်က ရှန်းရင်ကို အရင်ကြည့်ကာ နောက်တော့ မဆိုစလောက်လှည့်ပြီး အနောက်ကို ညွှန်ပြတယ်။
"ဂျပုလေးနဲ့ ဆရာတူညီမချန်းယွီပါ၊ သူတို့..."
တပည့်တွေအားလုံးက လမ်းဖယ်ပြီး နောက်တော့ သူတို့ကပြောတယ်။ ကောင်းကင်နန်းတော်အပြင်မှာ နေရာတိုင်း အင်းကွက်အစီအရင်အလင်းတွေပဲ။ တစ်ချိန်တည်းမှာ အင်းကွက်အစီအရင်ကြီးတချို့က လေထဲ ပေါ်လာခဲ့ပြီး အချိန်နဲ့အမျှ ရွှေရောင်အလင်းခပ်ဖျော့ဖျော့ ဖြာထွက်လာကာ အမတစွမ်းအင်တွေ နေရာပတ်လည်မှာ တလိမ့်လိမ့်တက်လာပြီး ကောင်းကင်စွမ်းအင်ရဲ့ အရိပ်တွေကိုပါ ဝိုးတဝါးမြင်နိုင်တယ်။
ဒါက... ကောင်းကင်မျိုးနွယ်ရဲ့ သီးသန့်စည်းချိပ်အင်းကွက်ပဲ။
ကူယွဲ့ ထိတ်လန့်သွားတယ်။ သူ့ကောင်းကင်စိတ်အာရုံကိုသုံးပြီး တစ်ချက်ဝှေ့ကြည့်လိုက်တော့ တကယ်ကိုပဲ အင်းကွက်အလယ်မှာရှိနေတဲ့ ဂျပုလေးကို မြင်လိုက်ရတယ်။ သူ့ဘေးမှာတော့ တခြားပုံရိပ်နှစ်ခု ရှိနေတယ်။ တစ်ယောက်က သူ့ဆရာ ကြက်ကင်အစ်မနဲ့ ဖုန်းယင်ပဲ။
"စောနက ဂျပုလေးက ရုတ်တရက် အင်းကွက်တွေကိုပြင်ဆင်ဖို့ ထွက်လာတာပဲ၊ ကျွန်မတို့အားလုံးလည်း ဘာဖြစ်ခဲ့တာလဲတော့ မသိဘူး" ယွီဟုန်က ဖြေတယ်။
ကူယွဲ့ မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ညွှန်ကြားတယ်။ "ဒါက ကောင်းကင်မျိုးနွယ်ရဲ့ အင်းကွက်အစီအရင်ပဲ၊ မင်းတို့အားလုံး အနားကပ်လို့မဖြစ်ဘူး၊ အရင် လူတိုင်းကို ဂိုဏ်းဆီ မြန်မြန် ပြန်ခေါ်သွားကြတော့"
"ကောင်းကင်မျိုးနွယ်လား" ယွီဟန့်က ထိတ်လန့်သွားပေမဲ့ ဆက်ပြီး မေးခွန်းမထုတ်တော့ဘဲ အလယ်မှာရှိနေတဲ့ ရှန်းရင်ကို အနည်းငယ်တွန့်ဆုတ်စွာ ကြည့်သာကြည့်နေတယ်။ "ဂိုဏ်းချုပ်..."
"မစိုးရိမ်ပါနဲ့၊ ငါတို့အခု မထွက်ခွာပါဘူး"
"ဟုတ်ကဲ့" ယွီဟုန်က ဝမ်းသာသွားတယ်။ သူမက နောက်တော့ တစ်ဖက်လှည့်ပြီး တွန့်ဆုတ်နေတဲ့ တပည့်တွေအားလုံးကို သွားဖို့ အချိန်တန်ပြီလို့ အသိပေးလိုက်တယ်။
"ဂျပုလေးက အင်းကွက်အစီအရင်ရဲ့အလယ်မှာ" ကူယွဲ့က ဂရုတစိုက် အင်းကွက်အစီအရင်အပြည့် ကောင်းကင်ကို သေချာစစ်ဆေးလိုက်တယ်။ ဝင်ဖို့နည်းလမ်းရှာပြီးတဲ့နောက် သူက ပြန်လှည့်ကာ ညွှန်ကြားတယ်။ "ငါတို့သွားလိုက်ဦးမယ်"
အဲလိုပြောရင်း သူတို့သုံးယောက်လုံးက တန်း ပိံသန်းလာတယ်။ ခဏအတွင်း သူတို့က ရွှေရောင်အလင်းအားလုံးကို ဖြတ်ကျော်ခဲ့ကာ အလယ်မှာ ရောက်ခဲ့တယ်။ အင်းကွက်ဗဟိုဆီ ရောက်လာတဲ့နောက် သူတို့က ကြက်ကင်အစ်မဟာ ဒဏ်ရာရနေပုံပေါ်ပြီး ဖုန်းယင်က သူမကိုချီထားကာ ဂျပုလေးနောက် ရပ်နေတယ်ဆိုတာ နားလည်သွားခဲ့တယ်။ သူတို့နှစ်ယောက်ကို ဝိုင်းထားတဲ့ သင်္ကေတတွေလိုမျိုး အစိမ်းရောင်စက်ဝိုင်းအကာအကွယ်တစ်ခုလည်း ရှိနေတယ်။
[တင်း သူဌေးကို နှုတ်ဆက်ပါတယ်]
သူတို့ကို သတိထားမိတဲ့ ပထမဆုံးသူက ဂျပုလေးမဟုတ်ဘဲ ဖုန်းယင်ထဲက မိဘအုပ်ထိန်းမှုစနစ်ပဲ။ ဖုန်းယင်ရဲ့ကိုယ်တောင် ခဏတာ ယိမ်းယိုင်သွားခဲ့တယ်။ သူ့ရင်ခွင်ထဲ နောက်ထပ်လူတစ်ယောက် ရှိနေတာကို ထောက်ထားလို့ထင် စနစ်က သူ့ကို တန်းပြီးဒူးမထောက်ခိုင်းခဲ့ဘူး။
"ဂိုဏ်းချုပ်" ဂျပုလေးက အံ့ဩတကြီးရေရွတ်ပြီးတော့ လက်ထဲက အင်းကွက်အစီအရင်ကို ရပ်တန့်ရင်း မြန်ဆန်တဲ့ခြေလှမ်းတွေနဲ့ သူမဆီ ရောက်လာတယ်။ "နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"
"ဟေး ဂျပုလေး" ရှန်းရင်က သူမလက်ကိုယမ်းပြတယ်။
ဒါပေမဲ့ ကူယွဲ့က သူမရှေ့ အရင်ဆင်းကာ အခောတကြီး မေးတယ်။ "ဘာတွေအတိအကျ ဖြစ်ခဲ့တာလဲ"
"ခေါင်းဆောင်" ဖုန်းယင်ကလည်း ပြေးလာပြီး ရှန်းရင်ကို စိတ်ပူပန်စွာကြည့်လာတယ်။ "ခင်ဗျား ကျေးဇူးပြုပြီး ချန်းယွီကို မြန်မြန်ကယ်တင်ပေးလို့ရမလား၊ သူမက ရုတ်တရက် မူးမေ့လဲသွားတာ စနစ်တောင် ပြဿနာရှာမရဘူး၊ ခင်ဗျား သူ့ကိုကယ်တင်ပေးသရွေ့ အခါတစ်ရာတောင် ဦးတိုက်ကန်တော့နိုင်ပါတယ်"
"ကြက်ကင်အစ်မက ဘာဖြစ်တာလဲ" ကူယွဲ့ မျက်မှောင်ကြုတ်တယ်။
"မေ့ပျောက်မြစ်ကြောင့်ပါ" ဂျပုလေးအမူအရာက မည်းနက်သွားကာ သူမက တစ်ဖက်လှည့်ကာ အောက်က နေရာတစ်ခုကို လက်ညှိုးထိုးပြတယ်။ "ပြဿနာတစ်ခုက အမတဘုံရဲ့ မေ့ပျောက်မြစ်နဲ့အတူ ရုတ်တရက် ပေါ်လာတာ"
သုံးယောက်လုံး သူမ ညွှန်ပြတဲ့ဘက် ကြည့်လိုက်ကာ သူတို့စီမံထိန်းသိမ်းသူစွမ်းအင်တွေကို အလိုလို အသက်သွင်းလိုက်တယ်။ ခဏအတွင်း သူတို့ရှေ့ လေထဲဝေ့နေတဲ့ မသေမျိုးချီနဲ့မြင်ကွင်းက ပြောင်းလဲသွားပြီး မူလအရင်းမြစ်ကိုသယ်ဆောင်ထားတဲ့ ရွှေရောင်မြစ်တစ်ခု ပေါ်လာတယ်။ ဒါက အမတဘုံရဲ့ မေ့ပျောက်မြစ် အစိတ်အပိုင်းပဲ။ ဂျပုလေး စောနက ပြင်ထားတဲ့အင်းကွက်က ဧရိယာတွေထဲကတစ်ခုကို ချိပ်ပိတ်နေတာဖြစ်နေတယ်။ အဲဧရိယာအလယ်မှာတော့ မြစ်ကြမ်းပြင်ပေါ် အပေါက်တစ်ခု ဖွင့်ခံထားရသလိုမျိုး။ သိသိသာသာ မည်းနက်နေတဲ့ အစက်အပြောက်တစ်ခုပဲ။
"အဲဒါဘာလဲ" ကူယွဲ့ အူတူတူဖြစ်သွားတယ်။ ဘာလို့ အပေါက်တစ်ခုက ရုတ်တရက် မေ့ပျောက်မြစ်ထဲ ပေါ်လာရတာလဲ။
"ကျွန်မလည်း မသေချာဘူး" ဂျပုလေးက ခေါင်းယမ်းတယ်။ "ကျွန်မ ဒီအပေါက်ရဲ့ ရုတ်တရက် ပေါ်လာမှုကို အာရုံခံမိရုံဖြစ်ပြီး မြစ်က ဝိညာဉ်တစ်ခု ပျောက်ဆုံးနေပုံပဲ၊ နောက်ျတာ့ ဆရာက ဒီကနေဖြတ်သွားတာနဲ့ကြုံပြီး သူမဝိညာဉ်လည်း ဒီအပေါက်ရဲ့ စုပ်ယူလုခံရလုနီးပါးဖြစ်သွားခဲ့တယ်၊ ကျွန်မ သူ့မူလဝိညာဉ်ကို တည်ငြိမ်အောင် လုပ်ခဲ့ပေမဲ့ သူက သတိလစ်နေဆဲပဲ"
ကူယွဲ့ မြစ်ထဲက အပေါက်မည်းကို တစ်ချက်ကြည့်ကာ ဘေးက ယိချင်းဘက်လှည့်တယ်။ "စားဖိုမှူး၊ မြန်မြန် ကြက်ကင်အစ်မကို တစ်ချက်ကြည့်လိုက်၊ သူဘာဖြစ်တာလဲ"
"အင်း" ယိချင်းက ရှေ့ကို ခြေလှမ်းအနည်းငယ်တက်လာကာ ချန်းယွီနဖူးပေါ်က လက်ညှိုးတစ်ချောင်း ထောက်ပြီး သေချာအာရုံခံရင်း အမူအရာက ချက်ချင်းမည်းနက်သွားတယ်။ ရုန်တရက် လက်နှစ်ဖက်လုံးနဲ့ စည်းချိပ်တွေ ဖန်တီးကာ သူမနဖူးပေါ် အမှတ်အသား ချန်ထားခဲ့ပြီးတော့ မေ့ပျောက်မြစ်ဘက် လှည့်ပြီး တစ်ခုခုကို ကိုင်ထားသလိုမျိုး မေ့ပျောက်မြစ်ထဲက တွင်းနက်ဘက်ကို ဆုပ်ကိုင်လေတယ်။ နောက်တစ်စက္ကန့်မှာ အဖြူရောင်အလင်းက အောက်ကနေ မြန်ဆန်စွာ မြင့်တက်လာပြီး ချန်းယွီနဖူးထဲ သူ့ဘာသာ နစ်ဝင်သွားခဲ့တယ်။
နဂိုက လုံးဝအသက်မရှူတဲ့ ကြက်ကင်အစ်မက ချက်ချင်းရှူလေတယ်။ သူမကိုယ်ထဲက ရပ်တန့်နေခဲ့တဲ့ အသက်ဝင်မှုက နောက်တစ်ကြိမ်ပြန်လည်စီးဆင်းလာကာ မျက်နှာပေါ် အရောင်တဖြည်းဖြည်း ပြန်ရောက်လာတယ်။
"ယွီလေး ယွီလေး" ဖုန်းယင်က ဝမ်းသာသွားကာ အလောတကြီး ခေါ်လိုက်တယ်။
"ဖုန်းယင်" ကြက်ကင်အစ်မက သူမမျက်လုံးတွေကို အနည်းငယ်ဇဝေဇဝါနဲ့ ဖွင့်လာရင်း ခဏတာ တုံ့ဆိုင်းနေပြီးမှ သူမမျက်လုံးတွေဟာ ရှန်းရင်ဆီ ရောက်သွားရင်း ရုတ်တရက် ပြူးကျယ်ကုန်တယ်။
"ရင်လေး နင်ပြန်ရောက်လာပြီပဲ"
အဲလိုနဲ့ သူမက ဘေးက လူတွေကို တွန့်ဆုတ်မှုမရှိ တွန်းပစ်ကာ ရှန်းရင်ကို လှမ်းဖက်တယ်။
ဖုန်းယင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
တကယ်ကို အလွန်အကျူးစွဲလမ်းနေတဲ့ ပရိသတ်တွေရဲ့ မျက်စိတွေထဲ တခြားသူအားလုံးက ကိုယ်ပျောက်နေတာပဲ။
"စားဖိုမှူး" ကူယွဲ့က ယိချင်းဘက်လှည့်လာတယ်။ "မင်း စောနက ပြန်ဆင့်ခေါ်လိုက်တဲ့ဟာက... ကြက်ကင်အစ်မရဲ့ ဝိညာဉ်စွမ်းအားလား"
"အင်း" ယိချင်းက ခေါင်းညိတ်ပြီး မျက်စိရှေ့က အမည်းပေါက်ကြီးဆီ အကြည့်တစ်ချက် ပစ်ကာ မျက်လုံးတွေက အရောင်မှိန်သွားပြန်တယ်။ "ကံကောင်းလို့ အဝေးကြီး မရောက်သွားတာ" ဝိညာဉ်စွမ်းအားက လူတစ်ယောက်ရဲ့ဝိညာဉ် ခွန်အားကို ဆုံးဖြတ်ပေးတာ။ ဆုံးရှုံးသွားရင် လူတစ်ယောက် ဝိညာဉ်က မလွင့်ပျောက်သွားပေမဲ့ လူက ထာဝရ အိပ်စက်သွားလိမ့်မယ်။ ဝိညာဉ်စွမ်းအားက ဝိညာဉ်ရဲ့ အတွင်းပိုင်းစွမ်းအင်တစ်မျိုး ဖြစ်တာမို့ ဝိညာဉ်ကနေ လုံးဝခွဲထုတ်လို့မရဘူး။
"အဲတွင်းနက်က တကယ်အတိအကျက ဘာလဲ၊ ဘာလို့ လူတစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအားကို စုပ်ယူပစ်နိုင်ခဲ့တာလဲ"
"အပေါက် မဟုတ်ဘူး" ယိချင်းမျက်လုံးတွေက မှေးသွားတယ်။ "အက်ကွဲကြောင်းပဲ"
"အက်ကွဲကြောင်းလား" ကူယွဲ့က ခဏတာ တုံ့သွားပြီး ခဏနေတော့ မျက်လုံးတွေက ပြူးကျယ်ကုန်တယ်။ "မျက်နှာပြင်အက်ကွဲကြောင်း"
"အင်း"
"သေစမ်း" သူ မနေနိုင်ဘဲ ဆဲရေးလိုက်တယ်။ ဒါကလည်း ဆိုလိုတာ ကြက်ကင်အစ်မဟာ စောနက မျက်နှာပြင်ထဲက ပြုတ်ကျလုနီးပါး ဖြစ်ခဲ့တာပေါ့။
ဂျပုလေးတောင် မှင်တက်သွားခဲ့တယ်။ "ရှင်ပြောနေတာက..." ကျူးကျော်သူတစ်ယောက် ဒီကိုဝင်လာတယ်လား
"ခုအတည်ပြုလို့ မရဘူး၊ ငါလည်း စောနကမှ တွေ့ခဲ့တာ" ယိချင်းအမူအရာက မည်းမှောင်သွားကာ ရှန်းရင်ဘက်လှည့်တယ်။ "ဆရာ ဒါနဲ့ပတ်သက်ပြီး..."
"အင်း ငါတို့စုံစမ်းရဦးမယ်" ရှန်းရင်ကလည်း ခေါင်းယမ်းတယ်။
သူတို့နှစ်ယောက်လုံး အမူအရာတွေက ပိုလေးနက်လာတယ်။ ကူယွဲ့ ရှန်းရင်ကို အားနည်းစွာမှီနေဆဲ ကြက်ကင်အစ်မကို လှမ်းကြည့်လိုက်တယ်။
"စားဖိုမှူး၊ အက်ကွဲကြောင်းကို ချိပ်ပိတ်ချေ၊ ငါတို့ တခြားဘာမှမလုပ်ခင် အရင်ပြန်ကြစို့"
ယိချင်းက ခေါင်းညိတ်ကာ အမည်းပေါက်ဆီ ဆင်းပျံသွားတယ်။ စီမံထိန်းသိမ်းသူတစ်ယောက်ရဲ့ စွမ်းအားတွေက ချက်ချင်း ထွက်လာပြီး ခဏအတွင်း မေ့ပျောက်မြစ်ထဲက အမည်းပေါက်က ပိတ်သွားခဲ့တော့တယ်။
ဂျပုလေးလည်း မေ့ပျောက်မြစ်ကို ယာယီချိပ်ပိတ်ထားတဲ့ အဲအင်းကွက်အစီအရင်တွေကို ပြန်ရုပ်သိမ်းကာ မြစ်တစ်ခုလုံး နဂိုပုံပြန်ဖြစ်သွားတယ်။ စားဖိုမှူးက နောက်တော့ ပြန်ပျံတက်လာပြီး ကြက်ကင်အစ်မကို သူ့ဆရာရင်ခွင်ထဲက ဆွဲထုတ် ဖုန်းယင်ဆီ ပစ်ပေးရင်း ရှန်းရင်နဲ့အတူ ပြန်ပျံသန်းလာခဲ့ကြတော့တယ်။
——————
ဒီတစ်ကြိမ် မေ့ပျောက်မြစ်ရဲ့ ကြိုခန့်မှန်းမရတဲ့ ပြောင်းလဲမှုက အရမ်းကို ရုတ်တရက် ဆန်လွန်းတယ်။ ပိုအရေးကြီးတာက သုံးယောက်လုံး ဘာမှ အာရုံမခံမိခဲ့ဘူး။ သူတို့လက်ပေါ်က လက်ပတ်တွေတောင် သတိပေးမှုမရှိခဲ့ဘူး။ ယုတ္တိရှိရှိပြောရရင်တော့ ကူယွဲ့နဲ့ ရှန်းရင် သတိမထားမိရင် အဆင်ပြေသေးတယ်။ စားဖိုမှူးက စီမံထိန်းသိမ်းသူလေ၊ အက်ကွဲကြောင်းတစ်ခုက မျက်နှာပြင်ထဲ ပေါ်လာခဲ့ပေမဲ့ သူ့အာရုံခံမှုကို ရှောင်နိုင်ခဲ့တာမို့ ထူးဆန်းလွန်းတယ်။
ဂျပုလေးနဲ့ ကူယွဲ့က မေ့ပျောက်မြစ်မှာ ရက်ပိုင်း သွားစစ်ဆေးခဲ့ပေမဲ့ သဲလွန်စ မရခဲ့။ ဒါပေမဲ့ တကယ်ပဲ ဝိညာဉ်တစ်ခု ပျောက်ဆုံးနေပြီး ဘယ်မှာမှ ရှာမတွေ့ဘူး။
"အဲပျောက်ဆုံးနေတဲ့ဝိညာဉ်၊ ပျက်စီးခြင်းနယ်ထဲ စုပ်ယူခံလိုက်ရတော့ မဖြစ်နိုင်ဘူးမလား" ကူယွဲ့ ခန့်မှန်းကြည့်မိတော့တယ်။ မေ့ပျောက်မြစ်ထဲက အပေါက်က မျက်နှာပြင် အက်ကွဲကြောင်းဖြစ်ပြီး တခြားမျက်နှာပြင်နဲ့ ချိတ်ဆက်နေတဲ့ အရှိန်အဝါလည်း မရှိတော့ တစ်ခုတည်းသောဖြစ်နိုင်ခြေက ပျက်စီးခြင်းနယ်မြေဆီ ဦးတည်နေတယ်။
"အတော်လေး ဖြစ်နိုင်ခြေရှိတယ်" ယိချင်းက ခေါင်းညိတ်ကာ လက်ထဲက အဆာသွတ်မုန့်ကို ချလိုက်တယ်။ "ဆရာ အဲဝိညာဉ်တည်နေရာကို စစ်ဆေးနိုင်လား" မျက်နှာပြင်ထဲ မရှိရင် သူလည်း ဘာမှလုပ်ပေးလို့မရဘူး။
…
အခန်း ၆၂၆ ။ အမတကျောက်တုံးနဲ့ ယုန်
ရှန်းရင်က အဆာသွတ်မုန့်တစ်ခုကို ကောက်ယူကာ တစ်ကိုက်ကိုက်ပြီး သူ့ကို တစ်ချက်လှည့်ကြည့်ပြီးမှ စခရင်တစ်ခုကို ဖွင့်လိုက်တယ်။ အင်မတန်မြန်ဆန်တဲ့အရှိန်နဲ့ နားမလည်နိုင်တဲ့ ဒေတာအတန်းတွေက ဆက်တိုက်ပေါ်လာတယ်။ "မပြီးသေးဘူး"
"ဒီဒေတာက... မင်း တစ်ချိန်လုံး ရှာနေခဲ့တာလို့တော့ မပြောနဲ့နော်" ကူယွဲ့ သူမကို မယုံနိုင်စွာ လှမ်းကြည့်လိုက်တယ်။ ဒီဒေတာက ခုမှဖွင့်ထားကာစနဲ့မတူ။ သူ မနေနိုင်ဘဲ သူမနဖူးကို လှမ်းထိလိုက်တယ်။ "မင်းဖျားနေတာလား" သူမက တကယ်ပဲ သူ့ကို ကူညီဖို့ အရင်စလုပ်တယ်ပေါ့။ ပျင်းရိမှု သေရာပါစွဲကပ်နေသူက အိမ်ကနေ ထွက်သွားတာလား။
ရှန်းရင် ။ ။ "..." ခွေး*သား
"အပျက်အစီးနယ်မြေရဲ့ အတိုင်းအတာက ကြီးလွန်းတယ်၊ ပျောက်ဆုံးနေတဲ့ သက်ရှိတွေကို ရှာဖို့ဆိုတာ မလွယ်ကူဘူး၊ အဲဝိညာဉ်က အဝေးကြီး မရောက်သရွေ့ ငါတို့ရှာလို့ရလောက်မှာပါ"
စားဖိုမှူးက အရင်က ကြက်ကင်အစ်မရဲ့ ဝိညာဉ်စွမ်းအားကို ပြန်ဆင့်ခေါ်ခဲ့တာ သတိရသွားတော့ ကူယွဲ့ ချက်ချင်း စိတ်အေးသွားတယ်။ တကယ်လို့ ပျောက်ဆုံးနေတဲ့ဝိညာဉ်က အက်ကွဲကြောင်းထဲ တကယ်ပဲ မတော်တဆ ကျသွားတာဆိုရင် ဝေးလောက်ဦးမှာမဟုတ်ဘူး။ ပြန်ခေါ်လို့ရသရွေ့ အဆင်ပြေတယ်။
"ကျန်တာစောင့်ဖို့ပဲရှိတာပေါ့" ကူယွဲ့က စိတ်အေးစွာ သက်ပြင်းချတယ်။ သူ့လက်တွေက အဆာသွတ်မုန့်တစ်ပိုင်းကို ဆွဲလုကာ ပါးစပ်ထဲ ပစ်ထည့်လိုက်တယ်။ "ဒါပေမဲ့ စားဖိုမှူး မင်း အဲမျက်နှာပြင်အက်ကွဲကြောင်း ဘယ်လိုပေါ်လာလဲဆိုတာ စုံစမ်းသင့်တယ်" ပြီးတော့ မေ့ပျောက်မြစ်မှာမှ ဖြစ်ခဲ့တာ။
တိုက်ဆိုင်မှုသက်သက်ဆိုရင်တော့ အဆင်ပြေတယ်။ ကျူးကျော်မှုဆိုရင်တော့ ဒါက ထပ်ရှိလောက်သေးတယ်။
ယိချင်းလည်း ဒီအချက်ကို စဉ်းစားမိတာမို့ မျက်မှောင်ကြုတ်မိတယ်။ သူက တစ်ခုခုကို စဉ်းစားနေသလိုမျိုးပဲ။ သူ စကားပြောမို့ရှိသေး ယွီဟုန်က ရုတ်တရက် ဝင်လာတယ်။
"ဂိုဏ်းချုပ်၊ ချင်းဇယ်တိုက် ဧကရာဇ်ပြောင့်ထင်းလက်အောက်က အမတယွီရွှယ် တွေ့ခွင့်တောင်းနေပါတယ်" သူမက အရိုအသေပေးကာ တင်ပြတယ်။
"ဘယ်သူ" × ၃ယောက်
သုံးယောက်လုံး ခဏတာ အူတူတူဖြစ်သွားတယ်။
ယွီဟုန်က ခဏတန့်သွားပြီးမှ ရှင်းပြတယ်။ "ဧကရာဇ်ပြောင့်လေးလက်အောက်က အမတယွီရွှယ် တွေ့ခွင့်တောင်းနေတာပါ"
"အို ပြောင့်လေး" သုံးယောက်သား နားလည်သွားတယ်။ သူ့နာမည်ပြောင်ကို အကြာကြီး နားထောင်ပြီးနောက်မှ နာမည်အစစ် ရုတ်တရက်ပေါ်လာတော့ သူတို့တကယ် ကျင့်သားမရလှဘူး။
"ဟုတ်" ယွီဟုန်က ခေါင်းညိတ်တယ်။ "ဂိုဏ်းချုပ်နဲ့ အကြီးအကဲတို့၂ယောက် အဝေးကိုရောက်နေချိန် သူက ဒီမှာနေ့တိုင်း လာစောင့်ပါတယ်၊ သူ စောင့်နေခဲ့တာ တော်တော်တော့ကြာပြီ"
"ပြောင့်လေးမှာ ဘာကိစ္စရှိလို့လဲ" ကူယွဲ့က မေးလိုက်တယ်။ သူက ဒီကို လူပါလွှတ်တဲ့အထိပေါ့။
"ဟင့်အင်း ဧကရာဇ်ပြောင့်လေးမဟုတ်ပါဘူး" ယွီဟုန်က ခေါင်းယမ်းကာ အမှန်ပြောပြတယ်။
"ဂိုဏ်းချုပ်ကို တွေ့ချင်တာ အမတယွီရွှယ်ပါ၊ အကြီးအကဲကူယွဲ့နဲ့ ဂိုဏ်းချုပ် ထွက်သွားတဲ့ လွန်ခဲ့တဲ့နှစ်၃၀၀၀ကျာ်တုန်းတည်းက သူရောက်လာတာ အကြိမ်ရေအများကြီးပဲ၊ ဆက်တိုက်ဆိုသလို သူက အကြီးအကဲတို့နဲ့ တစ်ချိန်လုံးလွဲနေခဲ့တာ"
"ယွီရွှယ်" ကူယွဲ့ မျက်မှောင်ကြုတ်မိတယ်။ သူတို့ ဒီလိုလူကိုသိလို့လား။ "ထားပါတော့၊ သူ့ကို အထဲဝင်လာခိုင်းလိုက်"
"ကောင်းပါပြီ" ယွီဟုန်က ပြန်လှည့်ထွက်သွားပြီး ခဏနေတော့ ငှက်သိုက်မုန့်လို ဝတ်ရုံဖြူနဲ့ လူနှစ်ယောက်နဲ့ ပြန်ရောက်လာတယ်။ အရှေ့ကလူက မဆိုစလောက် ပိုအသက်ကြီးပုံပေါ်ကာ သူ့ကိုယ်က နည်းနည်းဝိုင်းပြီး စိတ်လှုပ်ရှားနေပုံပေါ်ရင်း အင်မတန်မြန်ဆန်စွာ လျှောက်လာလေရဲ့။
ခြံဝန်းထဲက လူသုံးယောက်ကို ကြည့်ရင်း သူက မျက်လုံးတွေ ပြူးကုန်ကာ အနီရောင်သန်းပြီး တန်းပြေးလာတယ်။
"ကြီးမြတ်တဲ့အမတ" သူက ပြေးတာ မြန်လွန်းလို့ သေချာမရပ်နိုင်တော့ဘဲ မြေကြီးပေါ် ဘုတ်ခနဲ လဲသွားတယ်။ နောက်တော့ လမ်းတစ်လျှောက် နှင်းလုံးလို လိမ့်လာကာ ကျောက်စားပွဲနဲ့ ရိုက်မိသွားလေရဲ့။
"..." ဒီဂါရ၀ပြုမှုက နည်းနည်း ကြီးလွန်းတယ်။
ဒါပေမဲ့ သူက ဘာမှမဖြစ်ခဲ့သလိုမျိုး ရှန်းရင် ခြေထောက်ကို လှမ်းဖက်ကာ ချုံးပွဲချငိုတော့တယ်။
"ကြီးမြတ်တဲ့အမတ၊ ကောင်းလိုက်တာ ဒီဘဝမှာ တွေ့နိုင်ဦးမယ်လို့မထင်ခဲ့ဘူး၊ ကောင်းကင်မှာ မျက်စိတွေရှိတာပဲ၊ ဝါးဝါးဝါး..."
"နင်က ဘယ်သူလဲ" ရှန်းရင်က ခေါင်းကိုတစ်ဖက်စောင်းတယ်။
ယိချင်း မျက်နှာမည်းသွားကာ ချက်ချင်း ဒီအဖြူလုံးကို သူ့ဆရာခြေထောက်ကနေ ဆွဲခွာလိုက်တယ်။
"သေချာပြော" ငါ့ဆရာခြေထောက်က မင်းဖက်လို့ရတဲ့ဟာများမှတ်နေလား။
"ကျွန်တော် ကျွန်တော်ပါ ကြီးမြတ်တဲ့အမတ" ယွီရွှယ်က တုံ့ဆိုင်းသွားကာ သူ့မျက်နှာကို သူ အသည်းအသန် လက်ညှိုးထိုးရင်း အော်တယ်။ "ကျွန်တော်က ယုန်ပါ မြက်စားတဲ့ယုန်"
"ယုန်လား" သုံးယောက်သား ခဏတန့်သွားတယ်။ ယုန်က ခရမ်းညနန်းတော်မှာ စာသင်နေတာ မဟုတ်လား။
ယွီရွှယ်က သူတို့သုံးယောက်ကို အပြန်အလှန်ကြည့်ရင်း သူတို့သုံးယောက် သဘောမပေါက်သေးတာ မြင်တော့ ပိုပြီးအသည်းအသန်ဖြသ်လာတယ်။ ရုတ်တရက် အတွေးတစ်ခုပေါက်ကာ သူက လက်ခုပ်တီးတယ်။ "ဟုတ်သား ကြီးမြတ်တဲ့အမတတို့က ကျွန်တော့်ကို ဒီပုံစံနဲ့မမြင်ဖူးဘူးပဲ" သူက ပြောရင်း သူ့ကိုယ်ပေါ်သူ ဂါထာတစ်ခုတင်လိုက်တယ်။
နောက်တစ်စက္ကန့်မှာ သူ့နဂိုရိုးရှင်းပြီး ရိုးသားတဲ့မျက်နှာက ပြောင်းလဲသွားကာ အပေါ်မှာ အမွှေးပွနားရွက်ကြီးနှစ်ဖက်နဲ့ ယုန်ခေါင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။
"ယုန်ပဲ" ကူယွဲ့နဲ့ ယိချင်း မှင်တက်သွားကာ နောက်ဆုံးတော့ သူ့ကိုမှတ်မိသွားတယ်။ ဒါ အထက်ထျန်းလန်လောကမှာတုန်းက အိမ်တွေ ကူဆောက်ပေးခဲ့တဲ့ ယုန်မိစ္ဆာဘုရင်မလား။ ဖြစ်ချင်တော့ နာမည်ရှိနေတာကိုး။
"အိုး မုန်လာဥနီတွေ လာပို့ပေးတဲ့တစ်ယောက်" ရှန်းရင်လည်း သတိရသွားတယ်။
"ဟုတ်ဟုတ်ဟုတ်" ယုန်က အပျော်လွန်သွားကာ အသည်းအသန် ခေါင်းညိတ်တာများ သူ့ခေါင်းပေါ်က နားရွက်တွေပါ လှုပ်နေတယ်။ "မုန်လာဥနီတွေကို လာပို့ပေးတဲ့ယုန်ပါ"
"မင်း တက်လှမ်းလာတာပဲ" ကူယွဲ့ သူ့ကို ခေါင်းစခြေဆုံး စစ်ဆေးလိုက်တယ်။ "မင်းက မဟူရာအမတ ကျင့်ကြံဆင့်ရောက်နေပြီပဲ၊ ဒါ ဘယ်ချိန်ကလဲ"
"ကျွန်တော် တက်လှမ်းခဲ့တာ နှစ်ထောင်ချီတချို့ရှိနေပါပြီ၊ ကြီးမြတ်တဲ့အမတ အဲတုန်းက ကျွန်တော့်အတွက် ချန်ထားခဲ့တဲ့ အဲဒီမိစ္ဆာအမြုတေတွေ ကျေးဇူးကြောင့်ပါ" ယုန်က နည်းနည်း မကျေမချမ်း ဖြေလိုက်တယ်။ ယုန်က နည်းနည်း စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်တယ်။ "ဒါပေမဲ့ ကျွန်တော်က မိစ္ဆာအမတဆိုတော့ ကျွန်တော့်တက်လှမ်းမှုနေရာက ချင်းဇယ်တိုက်ပါ၊ ဒါကြောင့် အစတုန်းက ကြီးမြတ်တဲ့အမတလည်း အထက်ဘုံမှာဆိုတာ မသိခဲ့ဘူး၊ ဆက်တိုက်ဆိုသလို ကျွန်တော်တို့ ဧကရာဇ်က ဝူတိဂိုဏ်းအကြောင်း ပြောနေတာ ကြားပြီး ဒီကိုရောက်လာခဲ့ပေမဲ့ ကျွန်တော် တစ်ချိန်လုံး တွေ့ခွင့်မရခဲ့ဘူး"
အဲတော့ ဒီလိုကိုး။
"ကြီးမြတ်တဲ့အမတ" ယုန်က သူ့နီရဲနေတဲ့ မျက်လုံးတွေကို အသည်းအသန် ပုတ်ခတ်ပုတ်ခတ် လုပ်တယ်။
"ကျွန်တော်နဲ့ ကျွန်တော့် မိစ္ဆာမျိုးနွယ်တစ်ခုလုံးရဲ့ ပြန်လည်မွေးဖွားလာမှုအတွက် ကြီးမြတ်တဲ့အမတရဲ့ ကျက်သရေကို ကျေးဇူးတင်ဖို့ တကူးတက ရောက်လာခဲ့တာပါ" တကယ်လို့ ကြီးမြတ်တဲ့အမတ ခြောက်လှန့်... အိုး မဟုတ်ဘူး၊ သူတို့ကို လူသားစားတာရပ်ဖို့ ပညာပေးခဲ့တဲ့အတွက်ကြောင့်သာ မဟုတ်ရင် သူတို့ အဲလောက်အလွယ်တကူ တက်လှမ်းနိုင်မှာ မဟုတ်ဘူး၊ သူက အထက်ထျန်းလန်လောကတစ်ခုလုံးမှာ မသေမျိုးဆီ တက်လှမ်းလာတဲ့ ပထမဆုံး မိစ္ဆာအမတပဲ။
"မင်းက စဉ်းစားတတ်တာပဲ" ကူယွဲ့ သူ့ပခုံးကိုပုတ်လိုက်တယ်။ သူက ယုန်တစ်ကောင်သာသာပဲ။ ဒါကြောင့် နှစ်တွေအကြာကြီး ကျော်လွန်သွားခဲ့တာတောင် တကယ်ပဲ အဲတုန်းက ဖြစ်ရပ်တွေကို သတိရနေခဲ့တယ်ပေါ့။ ပြီးတော့ အမတဘုံရဲ့ တိုက်ကြီးဆယ်ခုက ကြီးမားလွန်းတာမို့ ဒီထိ သူ့လမ်းကို ရှာတွေ့ဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူး။
"ဒါက..." ကူယွဲ့ ယုန်ဘေးကလူကို ကြည့်တော့ သူက မြေအမတနဲ့ လူသားကျင့်ကြံသူ ဖြစ်ကြောင်း သိလိုက်ရတယ်။
"ကျွန်တော်က ကျိုးရှုမင်ပါ ကြီးမြတ်တဲ့အမတဆရာသခင်တို့" အဲလူက ခဏတာ တုံ့လည်းသွားကာ သူတို့ကို တလေးတစား ဂါရ၀ပြုလာတယ်။
"သူက မြေအမတဖြစ်ဖို့ တက်လှမ်းကာစပါ" ယုန်က သူ့ခေါင်းကိုကုတ်ကာ အနည်းငယ်ရှက်ရွံ့စွာ ပြောလိုက်တယ်။
"ဧကရာဇ်ပြောင့်ထင်က သူနဲ့ ပတ်သက်မှုတချို့ရှိလို့ သူ့ကိုကြိုပြီး ကောင်းကင်နန်းတော်ဆီ ခေါ်လာပေးဖို့ အမိန့်ရခဲ့ပါတယ်၊ ဒါပေမဲ့ လမ်းခုလတ်မှာ ရှောင်ဟုန့်ဆီက သတင်းရပြီး ကြီးမြတ်တဲ့အမတ ပြန်ရောက်လာပြီဆိုတာ သိရတော့ အလောတကြီး လာခဲ့ပြီး သူ့ကိုပါ ခေါ်လာခဲ့တာပါ"
ကူယွဲ့က သူ့ကို တစ်ချက်ကြည့်ကာ စိတ်ထဲမထားတော့ဘူး။
"ကြီးမြတ်တဲ့အမတ" ယုန်က ရှန်းရင်ကို နည်းနည်းတုံ့ဆိုင်းစွာ လှမ်းကြည့်လာတယ်။ "ကျွန်တော်လည်း ဝူတိဂိုဏ်းကို ဝင်ရမလား" ယုန်က သူ့လက်တွေကိုပွတ်ကာ အလောတကြီးပြောတယ်။
"ကျွန်တော် မိန်းကလေးဟုန်ကို အကြိမ်များစွာ ပြောခဲ့ပေမဲ့ ကြီးမြတ်တဲ့အမတရဲ့ ခွင့်ပြုချက်ရရမယ်လို့ ပြောတယ်၊ ကျွန်တော်က အရမ်းကို အသုံးဝင်ပါတယ်၊ ကျွန်တော်... ကျွန်တော်... မုန်လာဥနီ စိုက်ပျိုးနိုင်တယ်"
သုံးယောက်သား ။ ။ "..."
ဒါ တကယ် အံ့ဩစရာ စွမ်းရည်ပဲ
"မလိုဘူး" ကူယွဲ့ တန်းငြင်းလိုက်တယ်။ သူက မိစ္ဆာအမတပဲ။ မိစ္ဆာအမတတိုက်မှာ ကျင့်ကြံတာ သူ့အတွက် အကျိုးရှိဆုံးပဲ။ "မင်းက ချင်းဇယ်တိုက်ကြီးမှာ အဆင်ပြေနေတာ၊ ဘာလို့ ဒီကိုရွှေ့ပြောင်းဖို့ တကူးတက လုပ်နေမှာလဲ" ပြီးတော့ ယုန်တွေကို မွေးမြူရတာလည်း ပိုက်ဆံကုန်တယ်။
"... ကြီးမြတ်တဲ့အမတ မှန်ပါတယ်" ယုန်နားရွက်တွေက ချက်ချင်း ညှိုးကျသွားပြီး သူ အလိုလို တီးတိုးရေရွတ်လိုက်လေတယ်။ "ကျွန်တော့် ဂူဘုံမှာ အမတကျောက်တွင်း ရှိသေးတယ်၊ ရွှေ့ပြောင်းဖို့က တကယ်ပဲ..."
"ဒါဆို မင်း ဒီကို ပြောင်းလာတာ ပိုကောင်းတယ်၊ မနက်ဖြန်ပဲလုပ်တော့" ကူယွဲ့က ချက်ချင်း စကားတွေ ပြောင်းသွားတော့တယ်။
ဟမ်။
ရှန်းရင် ။ ။ "..."
ယုန် ။ ။ "..."
ယိချင်း ။ ။ "..."
မင်းတို့က အမတကျောက်တုံးတွေ မြှုပ်ထားတဲ့ ယုန်ဆိုတာ စောစောပြောခဲ့ရောပေါ့
(づ̄3 ̄)づ╭~
…
အခန်း ၆၂၇ ။ အချိန်နောက်ပြန်လှည့်ခြင်း
"တကယ်" ယုန်က ပျော်ရွှင်စွာ ထခုန်တယ်။ သူ့နားရွက်တွေက ထောင်မတ်နေကာ တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကူယွဲ့ကို စိုက်ကြည့်နေလေရဲ့။
"သေချာပေါက်ပေါ့" ကူယွဲ့က ခေါင်းညိတ်ကာ စပ်ဖြီးဖြီးလုပ်ပြီး ယုန်ပခုံးကို ပုတ်လိုက်တယ်။
"ငါတို့တွေက မိတ်ဆွေဟောင်းတွေပဲ။ ဂါရ၀ပြုစရာမလိုပါဘူး၊ တကယ်လို့ မပြောင်းနိုင်ရင် မင်းကို ကူညီပေးဖို့ တပည့်တချို့ လွှတ်ပေးလို့ရတယ်"
"ကောင်းပါပြီ ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့အမ… မဟုတ်ဘူး ဂိုဏ်းချုပ်" ယုန်က စိတ်လှုပ်ရှားစွာနဲ့ ဦးညွှတ်တယ်။
"ဒါဆို ကျွန်တော် အခု သွားထုပ်ပိုးလိုက်ဦးမယ်" ယုန်က ထွက်သွားဖို့ လှည့်လိုက်ပေမဲ့ နောက်ကလူကို သတိထားမိချိန် တန့်သွားတယ်။ လက်ထဲကိစ္စရှိသေးတာ သတိရသွားသလိုမျိုး သူက ပြောတယ်။
"ဒါပေမဲ့သူ..."
"မစိုးရိမ်နဲ့၊ ငါ ပြောင့်လေးနဲ့ ဆွေးနွေးလိုက်မယ်" ကူယွဲ့က မြေအမတဘက်လှည့်ကာ မေးတယ်။ "ဒီက... တာအိုရောင်းရင်း၊ ယုန်က လောလောဆယ် မအားဘူး၊ ကျုပ်တို့ပဲ ချင်းဇယ်ကောင်းကင်နန်းတော်ဆီ လိုက်ပို့ပေးရင်ရော"
မြေအမတက အတော်လေးတော့ လိုက်လျောညီထွေရှိတယ်။ သူက တလေးတစား ပြန်ဖြေလေရဲ့။
"ကျေးဇူးတင်ပါတယ် ဆရာသခင်"
ကူယွဲ့က ယွီဟုန်ကို ညွှန်ကြားတယ်။ "ယွီဟုန်၊ တာအိုရောင်းရင်းကျိုးကို ပြောင့်လေးရဲ့ ကောင်းကင်နန်းတော်ဆီ ကိုယ်တိုင်လိုက်ပို့ပြီး ဘာတွေဖြစ်နေလဲ သူ့ကိုပြောပြလိုက်၊ ပြီးတော့ ပြန်ရောက်တာနဲ့ ယုန်ကို ပြောင်းရွှေ့ရာမှာ ကူညီဖို့ တပည့်တချို့ပို့လိုက်၊ မြေဓာတ်ကျင့်ကြံတဲ့ တပည့်တွေကို ရွေးရင်ပိုကောင်းတယ်" အဲဒါဆို မြေတူးရတာ လွယ်ကူတဲ့ တာဝန်ဖြစ်သွားလိမ့်မယ်
"ဟုတ်ကဲ့ အကြီးအကဲ" ယွီဟုန်က ဖြေတယ်။
နောက်တော့ ကူယွဲ့က လက်ကိုမြှောက်ကာ ပြောင့်လေးဂူဆီ တန်းဦးတည်တဲ့ နေရာရွှေ့ပြောင်းအစီအရင်တစ်ခု ဖန်တီးလိုက်တယ်။ ခဏနေတော့ သူ့ဘေး အဖြူရောင်အင်းကွက်တစ်ခု ပေါ်လာလေရဲ့။
ဖြစ်နိုင်တာ အမတဘုံရဲ့ နေရာရွှေ့ပြောင်းအစီအရင်ကို ပထမဆုံးအကြိမ်မြင်ဖူးတာကြောင့်ထင် ကျိုးရှုမင်က အင်းကွက်ကို စပ်စပ်စုစု လေ့လာနေပြီး ကူယွဲ့ကို နောက်တစ်ကြိမ် ကျေးဇူးတင်ပြန်တယ်။
"ကျေးဇူးတင်ပါတယ် ဆရာသခင်" သူက လှည့်ကာ အင်းကွက်ထဲ စိတ်လှုပ်ရှားစွာ လျှောက်သွားပြီး အလယ်ခေါင်မှာ ငြိမ်ငြိမ်ရပ်နေလေရဲ့။
ယွီဟုန်က လိုက်သွားမို့ရှိသေး သူမအမူအရာက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူမက အင်းကွက်ထဲကလူကို စိုက်ကြည့်ကာ အံ့ဩတကြီး လှမ်းခေါ်တယ်။ "အကြီးအကဲကူယွဲ့"
ကူယွဲ့ အလိုလို လှည့်ကြည့်လိုက်တော့ ယွီဟုန် ဘာကို ထိတ်လန့်တကြား ရေရွတ်နေတာလဲ နားလည်သွားတယ်။ အင်းကွက်ကို အသက်မသွင်းရသေးပေမဲ့ ကျိုးရှုမင်ပတ်လည်မှာ အဖြူစက်တွေ။ မဟုတ်ဘူး သူ့ကိုယ်ပတ်လည်တင်မကဘူး၊ သူ့တစ်ကိုယ်လုံးပေါ် အဖြူရောက်အစက်အပြောက်တွေ မြင်ရတာ။ ဒီအဖြူစက်တွေက သူ့ကိုယ်ကနေ ထွက်သွားချိန် သူ့ပုံသဏ္ဌာန်က ပိုပိုပြီး ဖောက်ထွင်းမြင်ရလာတယ်။
"အာ" ကျိုးရှုမင်က ဇဝေဇဝါဖြစ်နေတဲ့ပုံ။ သူ့ကြည့်ရတာ ဘာဖြစ်နေလဲ မသိတဲ့ပုံပဲ။ "အမတဘုံထဲက နေရာရွှေ့ပြောင်းအစီအရင်က ဒီလိုပုံမျိုး”
သူ စကားမပြောနိုင်ခင် လေထဲ ပျောက်သွားတော့တယ်။
"စားဖိုမှူး"
ယိချင်းက အင်းကွက်ထဲ ချက်ချင်း ပေါ်လာတယ်။ သူ ကျိုးရှုမင်ကို လှမ်းဆွဲပေမဲ့ တစ်စက္ကန့် နောက်ကျသွားခဲ့ပြီ။ သူက လေကိုသာ ဆုပ်ဖမ်းမိတော့တယ်။ ကျိုးရှုမင်ကတော့ ပျောက်ကွယ်သွားနှင့်ပြီ။ ကျန်ရစ်ခဲ့သမျှက အသက်မဝင်သေးတဲ့ အင်းကွက်။ ကျိုးရှုမင်က ဘယ်တုန်းကမှ မတည်ရှိခဲ့သလိုမျိုးပဲ။
"အယ်..." ယုန်က ကြောက်လန့်နေကာ ကျိုးရှုမင် ပျောက်သွားတဲ့နေရာကို ဆက်တိုက်ကြည့်နေတယ်။
"တာအိုရောင်းရင်းကျိုး ဘာဖြစ်သွားတာလဲ၊ အဲဒါ... ဘယ်လိုအင်းကွက်မျိုးလဲ"
ကူယွဲ့နဲ့ စားဖိုမှူးရဲ့ အမူအရာ မည်းနက်သွားတယ်။ ဟင့်အင်း အဲဒါက ဘာမှော်အတတ်မျိုးမှ မဟုတ်ဘူး။ သူတို့ ပတ်လည်မှာ မှော်အတတ်ကို အာရုံမခံမိဘူး။ အဲလူက တကယ်ပဲ လေထဲ ပျောက်သွားတာ။ စီမံထိန်းသိမ်းသူ စားဖိုမှူးတောင် သူ့ကို မကယ်လိုက်နိုင်။
ယိချင်းက လက်နှစ်ဖက်နဲ့ စည်းချိပ်တစ်ခု ပြုလုပ်ကာ ကျိုးရှုမင် အရှိန်အဝါကို အာရုံခံကြည့်ဖို့လုပ်တယ်။ ခဏနေတော့ သူကသက်ပြင်းချတယ်။ "သူ... အမတဘုံမှာ မရှိတော့ဘူး"
"ဟမ်" ယုန်က စားဖိုမှူးကို အူကြောင်ကြောင်စိုက်ကြည့်တယ်။ သူက အမတဘုံမှာ မဟုတ်ဘူးလား။ အဲတော့ သေမျိုးဘုံမှာ ဖြစ်နိုင်လား။ "ဒါပေမဲ့ သူက ခုမှ ဒီကို တက်လှမ်းလာကာစမဟုတ်လား"
သူတို့ ဒီဆန်းကြယ်မှုကို စဉ်းစားနေကြတုန်း စားပွဲပေါ်ကနေ တဒေါက်ဒေါက်အသံတွေ လာတာကို ကြားလိုက်ရတယ်။ ရှန်းရင်ရှေ့က သူတို့သုံးယောက်ပဲ မြင်ရတဲ့ အတောမသတ်တဲ့ နံပါတ်တွေပဲပြနေခဲ့တဲ့ မျက်နှာပြင်က ခုတော့ အဝါရောင် အာမေဋိတ်သင်္ကေတတွေ ပြသနေပြီ။
ကူယွဲ့နဲ့ ယိချင်း ချက်ချင်း တောင့်တင်းသွားတယ်။ ကူယွဲ့ သူ့နောက်က လူနှစ်ယောက်ဆီ လျှောက်သွားကာမှာလိုက်တယ်။ "ယွီဟုန်၊ ယုန်ကို အရင်ပြန်ခေါ်သွားလိုက်၊ သူ ပြောင်းရာမှာကူညီဖို့ တပည့်တွေစီစဉ်၊ ငါက မြေအမတ ဘာဖြစ်သွားလဲ ပြောင့်လေးကို ရှင်းပြလိုက်မယ်"
"ဟုတ်ကဲ့ အကြီးအကဲ"
"အိုး ကောင်းပါပြီ" ယုန်မှာ အဖြေမရှိတဲ့ မေးခွန်းတွေ အများကြီးကျန်သေးပေမဲ့ ယွီဟုန်နောက် လိုက်သွားဖို့တော့ ဆုံးဖြတ်လိုက်တယ်။
သူတို့နှစ်ယောက် အခန်းထဲက ထွက်သွားသွားချင်း ကူယွဲ့က စားပွဲမှာထိုင်နေတဲ့ အမျိုးသမီးကို လှမ်းပြောတော့တယ်။ "ရှန်းရင်၊ ဒီအာမေဋိတ်သင်္ကေတတွေက ဘာဆိုလိုတာလဲ" ဘာလို့ စားဖိုမှူးတောင် အဲလူကို မကယ်နိုင်ရတာလဲ။ တစ်စက္ကန့်နေတော့ ကူယွဲ့ တခြားတစ်ခုကို နားလည်သွားတဲ့ပုံ။
"အဲမြေအမတက ကျူးကျော်သူတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား"
"သူနဲ့ ဘာမှမဆိုင်ဘူး" ရှန်းရင်က ခေါင်းယမ်းတယ်။
"ဒါဆို သူက ရုတ်တရက် ဘယ်ပျောက်သွားတာလဲ၊ သူဘယ်သွားတာလဲ"
"ငါ စောနက သူ့ပျောက်ဆုံးမှုနဲ့ပတ်သက်တဲ့ အချက်အလက်ကို ခြေရာခံလိုက်နေတာ" ရှန်းရင်က စခရင်ကိုကြည့်ကာ နှိပ်လိုက်တယ်။ နှစ်စက္ကန့်နေတော့ သူမကပြောတယ်။ "စားဖိုမှူးပြောတာမှန်တယ်၊ သူက အောက်ဘုံဆီ ရောက်သွားတာ" ဒါပေမဲ့ သူ ဘယ်ကမ္ဘာငယ်လေးဆီ ပြန်သွားလဲတော့ သူမ မသိဘူး။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" နှစ်ယောက်သား ရေရွတ်မိတယ်။ ယိချင်းက ရှေ့တစ်လှမ်းတက်ကာ ပြောတယ်။ "ဆရာ ကျွန်တော် ဘုံတံခါးတွေ ပွင့်တာကို အာရုံမခံမိဘူး" အဲလူက အောက်ဘုံဆီ ဘုံတံခါးက မဖြတ်ဘဲ ဘယ်လိုပြန်ရောက်သွားတာလဲ။
"သူက အောက်ဘုံကို ပြန်သွားရုံတင်မကဘူး" ရှန်းရင်က စခရင်ကိုလက်ညှိုးထိုးရင်းဖြေတယ်။
"အဲအခိုက်အတန့်မှာ သူ့အချက်အလက်နဲ့ လက္ခဏာဝိသေသတွေအားလုံးက တစ်ဝက်ကျော် လျော့ကျသွားတယ်"
"သူ့အချက်အလက်က လျော့ကျ..." ကူယွဲ့က ရပ်သွားပြီးမှ ရုတ်တရက်ပြောတယ်။ "မင်းဆိုလိုတာ သူ့ကျင့်ကြံဆင့် ယိုယွင်းသွားတာပေါ့" တစ်ဝက်ကျော်... သဘောက သူက နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူအထိ ယုတ်လျော့သွားတာပေါ့
"အင်း ပြီးတော့သူ့အချက်အလက်နဲ့ လက္ခဏာဝိသေသတွေအားလုံးက လူသားတွေနဲ့ ပုံမှန်အတိုင်းအတာတွင်းပဲ ရှိနေသေးတယ်"
ဆိုလိုတာ သူက ဒဏ်ရာတော့ ရမနေဘူး။
ကောင်းကင်တာအိုက သေမျိုးဘုံမှာ ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းတစ်စိတ်တစ်ပိုင်းကို ဖိနှိပ်တတ်ပေမဲ့ ဖိနှိပ်မှုသက်သက်ပဲ။ ကျင့်ကြံဆင့်ကို ယုတ်လျော့စေမှာမဟုတ်ဘူး ပြင်းထန်တဲ့ထိုးနှက်ချက်ကို ရင်ဆိုင်ရတာကလွဲ တခြားဘာက သူ့ကျင့်ကြံဆင့်ကို အဲလောက်တောင် ယိုယွင်းစေမှာလဲ။
ခဏ ယိုယွင်းတယ်လား။
ကူယွဲ့ တစ်စုံတရာကိုနားလည်သွားတဲ့ပုံ ရှန်းရင်ဘက်လှည့်လာတယ်။ "သူ ပြန်စတင်သွားတာပဲ" အရင်က ဒီလိုကိစ္စ မဖြစ်ဖူးတာလည်း မဟုတ်ဘူး။ စားဖိုမှူးကိုယ်တိုင်တောင် အရင်တစ်ခေါက်က ပြန်စခဲ့တာပဲလေ
"အဲလိုပြောလို့ရတယ်ထင်တာပဲ" ရှန်းရင်က ပြန်ဖြေပြီး ခဏနေတော့ ထပ်ပြောတယ်။ "ဒါပေမဲ့ အဲအခိုက်အတန့်မှာ ဒေတာထဲ တခြားမူမမှန်မှုတွေ အာရုံခံမိခဲ့တယ်၊ သူတစ်ယောက်တည်း ပြန်စတင်သွားတာ မဟုတ်ဘူး၊ သူ ရှိနေတဲ့ ကမ္ဘာငယ်လေးကလူတိုင်း တူညီတဲ့အရာကို ကြုံခဲ့ရတာဖြစ်နိုင်တယ်"
"ဟမ်" ကူယွဲ့ သူမကို အူကြောင်ကြောင် စိုက်ကြည့်လိုက်တယ်။ "မင်းဘာဆိုလိုတာလဲ"
"ငါဆိုလိုတာ..." ရှန်းရင် မျက်လုံးတွေ မှေးလိုက်တယ်။ "ကမ္ဘာငယ်လေးက အချိန် နောက်ပြန်ဆုတ်သွားတာ"
"..."
(⊙_⊙)
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာ
စီမံထိန်းသိမ်းသူတွေနဲ့ ဖန်တီးမှုနတ်ဘုရားတွေကလွဲ အချိန်ပြန်လှည့်နိုင်သူက မရှိဘူး။ ဒီမှာကျန်တဲ့ တစ်ဦးတည်းသော ဖန်တီးမှုနတ်ဘုရားက ဂျပုလေး။ သူမက အကြောင်းပြချက်ကောင်းကောင်း မရှိဘဲ ဒီလိုမျိုး ဘယ်တော့မှလုပ်မှာမဟုတ်။ ဆိုလိုတာ ကမ္ဘာငယ်လေးထဲက အချိန်ကို ပြန်လှည့်ခဲ့သူက...။
"ကျူးကျော်သူ" ကူယွဲ့ အထိတ်တလန့်ရေရွတ်လိုက်တယ်။
ရုတ်တရက် မေ့ပျောက်မြစ်မှာ ပေါ်လာခဲ့တဲ့ အပေါက်ကို သတိရသွားခဲ့တယ်။ သူ မနေနိုင်ဘဲ ဆဲရေးမိတော့တယ်။ ချီး ဘယ်သွားသွား ပြဿနာရှာနေတဲ့ ကျူးကျော်သူတွေကြီးပဲ။
"ဆရာ ကျွန်တော် ကျူးကျော်သူတစ်ယောက်ရဲ့ အရှိန်အဝါကို အာရုံမခံမိဘူး" ယိချင်းက ခပ်တိုးတိုး ပြောတယ်။ သူက သူ့မျက်နှာပြင်ထဲ ပြင်ပသက်ရှိအရာတွေကို ပထမဆုံးအာရုံခံမိသင့်တာ။
"အချိန်ပြန်လှည့်နိုင်တဲ့ ကျူးကျော်သူဆိုမှတော့ သေချာပေါက် မင်းအာရုံခံမှုကို ရှောင်နိုင်မှာပေါ့၊ ငါတို့ အရင်တစ်ကြိမ်က ကျူးကျော်တဲ့ စီမံထိန်းသိမ်းသူကို သူ ကမ္ဘာငယ်လေးတစ်ခုလုံး သိမ်းပိုက်ပြီးမှ ငါတို့သိခဲ့တာ မဟုတ်လား" သူက မျက်နှာပြင်သစ်ပင်ပေါ် မှိုတစ်ခုလုံးတောင် စိုက်လိုက်နိုင်သေးတာ။
ယိချင်းက ပိုပြီးတောင် မျက်မှောင်ကြုတ်လိုက်တယ်။ "အဲလိုဆို... ချက်ချင်း ကျူးကျော်သူတွေကို ခြေရာခံသင့်တယ်"
"..." သူ လူကို အာရုံမခံနိုင်ရင် တည်နေရာရှာနိုင်မှာ မဟုတ်ဘူး။
"ငါတို့... ပြောင့်လေးကို မေးကြည့်ရင်ရော" ရှန်းရင်က အကြုံပြုလာတယ်။
"..."
နှစ်ယောက်သား သူမကို မျက်နှာသေစိုက်ကြည့်နေပြီးမှ သူမဘာပြောနေလဲ နားလည်သွားတယ်။ ချီး သူတို့ သူ့ကိုမေ့လုနီးပါးဖြစ်သွားတာ"
ပြောင့်လေးက ကျိုးရှုမင်ကို ကောင်းကင်နန်းတော်ဆီ ဆင့်ခေါ်ခဲ့သူ။ အဲလူက ဘယ်ကမ္ဘာငယ်လေးကလဲဆိုတာ သူတော့သိမှာပဲ။
ကူယွဲ့ ချက်ချင်း နေရာရွှေ့ပြောင်း ကျောက်စိမ်းပြားတစ်ခုထုတ်ကာ မသေမျိုးချီတစ်စ ထည့်ပေးလိုက်တယ်။ ချက်ချင်း ကျောက်စိမ်းပြားက လင်းသွားပြီး ရင်းနှီးနေတဲ့ သုံးဖက်မြင်ပုံရိပ်က အဲပေါ်မှာပေါ်လာတယ်။
ပြောင့်လေး အသံက ထွက်လာတယ်။ "ဧကရာဇ်ငယ်ကူယွဲ့ ဘာကိစ္စများရှိလို့ ရှာ... မြင့် မြင့် မြင့်... မြင့်မြတ်တဲ့ နတ်သမီး" သူ စကားမဆုံးခင် တံဆိပ်ပြားကတစ်ဆင့် ရှန်းရင်ကို သတိထားမိသွားပြီး စတင်တုန်ယင်လာတော့တယ်။
"ဟေး ပြောင့်လေး" ရှန်းရင်က လှမ်းခေါ်တယ်။
ပြောင့်ထင်း ခြေထောက်တွေ ချက်ချင်း ပျော့ခွေကုန်တယ်။ သူ ဒူးထောက်ကျသွားတာမို့ သုံးဖက်မြင်ပုံရိပ်ကလည်း အတော်လေး တိုသွားတယ်။ "ပြောင့်လေး ဒီမှာပါ"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
သူ ဘယ်လောက်တောင် စိတ်ဒဏ်ရာရခဲ့တာလဲ။
o(╯□╰)o