အခန်း (၆၃၄-၆၃၆)
Vol. 43 Ch. 634-636
အခန်း ၆၃၄ ။ ကျူးကျော်မှုနောက်က အမှန်တရား
"ဝိညာဉ်ကူးပြောင်းနိုင်တဲ့စနစ်လား" ရှန်းကျင်းမျက်လုံးတွေက မည်းနက်သွားကာ ခဏ သေချာစဉ်းစားပြီးမှ ပြန်ဖြေတယ်။
"ဒီလိုလုပ်ဆောင်ချက်တွေရှိတဲ့ စနစ်တွေမြင်ဖူးပေမဲ့ ဝိညာဉ်ကူးပြောင်းတယ်ဆိုတာကတော့ ချဲ့ကားပြောတာနဲ့ ပိုဆင်တယ်၊ သူတို့လုပ်နိုင်ဆုံးက သူတို့ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ပစ်လွှတ်ရုံပဲ"
"ပစ်လွှတ်တယ်လား" ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ "အဲဒါ ဘာဆိုလိုတာလဲ"
"သူတို့ကိုယ်သူတို့ ဝိညာဉ်ကူးပြောင်းဖို့ တကယ်တော့ စွမ်းရည်မရှိကြဘူး" ရှန်းကျင်းက ခပ်တိုးတိုးပြောတယ်။
"ဒါကြောင့် သူတို့က အပျက်အစီးနယ်ပယ်ထဲက လုံးဝမစုပ်ယူခံရသေးတဲ့ အကြွင်းအကျန်အသိစိတ်တွေကို ရှာမယ်၊ နောက်တော့ အပျက်အစီးနယ်ပယ်ထဲက လက်ခံသူနဲ့ဆင်တဲ့ မျက်နှာပြင်မူလရင်းမြစ်ကို အာရုံခံမယ်၊ ပြီးတော့ တခြားမျက်နှာပြင်တွေရဲ့ မူလရင်းမြစ်ကိုခိုးဖို့အတွက် သူတို့ ဖမ်းမိထားတဲ့ အသိစိတ်အပိုင်းကို အဲမျက်နှာပြင်ဆီ ပစ်လွှတ်မယ်"
"သူတို့ပစ်မှတ်က မျက်နှာပြင်ရဲ့မူလရင်းမြစ်ပေါ့"
"အဲလိုပြောလို့ရတယ်၊ တစ်ခုပဲ သူတို့အစွမ်းက သိပ်ကို အရေးမပါလွန်းတာ၊ ခိုးယူနိုင်တဲ့ မူလရင်းမြစ်ပမာဏကလည်း အတော်လေး ကန့်သတ်ထားတယ်၊ ဝိညာဉ်အပြည့်တစ်ခုစာပမာဏထက်တောင် နည်းတယ်၊ ပြီးတော့ ဒါက တရားမဝင် ကျူးကျော်မှုမို့ အာဏာပိုင်သူက အလွယ်တကူရှာတွေ့တာခံရတယ်၊ အဲတော့ မူလရင်းမြစ်ရဲ့ အပိုင်းလေးနည်းနည်းကို ယူသွားဖို့က အတော်လေးကို ခဲယဥ်းတယ်၊ တစ်ခုပဲ..."
"ဝိညာဉ်က မလိုလားသရွေ့" ကူယွဲ့က လွှတ်ခနဲ ပြောလိုက်တယ်။ "သူယူသွားချင်တဲ့အရာက သူတွယ်ကပ်နေတဲ့လူရဲ့ မူလဝိညာဉ်ကိုပဲ"
ဆိုလိုတာက အဲကိုယ်ထဲ တကယ်ပဲ အပိုင်းသုံးပိုင်း ရှိနေတာ။ တစ်ခုက ကိုယ်ခန္ဓာကပိုင်ဆိုင်တဲ့ ဝိညာဉ်၊ တစ်ခုက ကျူးကျော်သူစနစ်နဲ့ နောက်တစ်ခုကတော့ စနစ်က ဖမ်းပြီး ခေါ်သွားဖို့လွယ်အောင် မူလဝိညာဉ်နဲ့ ပေါင်းစပ်ထားတဲ့ အကြွင်းအကျန်အသိစိတ်ပေါ့။
"အမှန်ပဲ" ရှန်းကျင်းက ခေါင်းညိတ်တယ်။ "ဒီအရာက မျက်နှာပြင်ရဲ့ ကပ်ပါးကောင်လိုပဲ၊ မျက်နှာပြင်ဆီ ပြင်ပအသိစိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို လွှတ်ရုံသက်သက်ဆိုပေမဲ့ တရားမဝင်ကျူးကျော်မှုတွေက မျက်နှာပြင်ကို အတိုင်းအတာတစ်ခုထိ ဖရိုဖရဲဖြစ်စေပြီး သူတို့ကျူးကျော်ခဲ့တဲ့နေရာမှာ အက်ကွဲကြောင်းတစ်ခု ကျန်ခဲ့စေတယ်၊ အဲတော့ သူတို့ဝင်လာတဲ့နေရာကို အမြဲ အတော်လေး လျှို့ဝှက်ထားနေကြ"
"မေ့ပျောက်မြစ်ပဲ" ယိချင်း ဟိုတလောက ကောင်းကင်နန်းတော်က မေ့ပျောက်မြစ်မှာ ရုတ်တရက် ပေါ်လာတဲ့အပေါက်ကို ရုတ်ခြည်း သတိရသွားတယ်။ "သူတို့ မေ့ပျောက်မြစ်ရဲ့ မူလရင်းမြစ်က တစ်ဆင့် ဖြတ်ဝင်လာခဲ့တာပဲ"
"အားလုံးက ခု အဓိပ္ပာယ်ရှိသွားပြီ" ရှန်းကျင်းက ပြောတယ်။ "မူလရင်းမြစ်ထဲ ဝိညာဉ်အများကြီးမို့ တစ်ခုပိုလာတာ တစ်ခုလျော့သွားတာ သိဖို့ကခက်တယ်၊ ပြီးတော့ ဝင်လာတာက အပြင်ဘက်က အသိစိတ်ရဲ့ ခပ်ဆင်ဆင်အစိတ်အပိုင်းပဲ"
ကူယွဲ့နဲ့ ယိချင်းမျက်နှာ မည်းမှောင်သွားတယ်။ ကြက်ကင်အစ်မ ရုတ်တရက် ပြုတ်ကျပြီး ဂျပုလေး ဝူတိဂိုဏ်းမှာ ရှိနေလို့သာ မဟုတ်ရင်တော့ သူတို့တောင် အာရုံမခံမိတဲ့ ဒီလိုအပေါက်ငယ်လေးတစ်ခုက ရှာတွေ့ဖို့ တကယ်ကို အတော်လေး ခက်မှာ။
ပြီးတော့ စနစ်က ကမ္ဘာငယ်လေးရဲ့အချိန်ကို သတိမထားခံရဘဲ နောက်ပြန်ဆုတ်နိုင်တဲ့ အကြောင်းရင်းက မျက်နှာပြင်ကို ဖောက်ဝင်လာချိန်တုန်းက သက်ရောက်မှုကြောင့်ပဲ။ တကယ်လို့ ယုန်သာ ကျိုးရှုမင်ကို သွားမခေါ်ခဲ့ရင် သူတို့ အောက်ဘုံထဲက အဖြစ်အပျက်တွေကို ဘယ်တော့မှ သတိမထားမိမှာမဟုတ်ဘူး။
"ဒါဆို ငါတို့ ဒါကိုဘယ်လိုဖြေရှင်းရမလဲ" ရှန်းရင်က ရုတ်တရက်မေးတယ်။
"သေချာပေါက် မျက်နှာပြင်ဝိညာဉ်နဲ့ မပေါင်းခင် သတ်ရမှာပေါ့" ရှန်းကျင်းက ဒါသဘာဝပဲလေပုံစံမျိုးဖြေတယ်။
"နင်တို့ ဒီလိုကပ်ပါးကောင်တွေကို မသတ်ရင် နှစ်သစ်ကူးပွဲအတွက် ဘေးမှာခေါ်ထားမို့လား
သုံးယောက်သား ။ ။ "..." ကြည့်ရတာ သိပ်နောက်ကျသွားတဲ့ပုံပဲ။
"နင်တို့သုံးယောက် အဲဒါကို သူတွယ်ကပ်နေတဲ့ သက်ရှိနဲ့ ပေါင်းစပ်ခွင့်ပြုလိုက်ပြီလို့တော့ မပြောနဲ့နော်"
အံ့ဩမှုအရိပ်အယောင်က ရှန်းကျင်းမျက်နှာပေါ် ဖြတ်ပြေးသွားတယ်။
"အာ... အစ်မကျင်း၊ နည်းနည်းလေး နောက်ကျသွားရုံပါ" ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွ့န်သွားကာ ခပ်ရှက်ရှက်ရယ်တယ်။ "တခြားဖြေရှင်းချက်များ ရှိလား"
ရှန်းကျင်းမျက်နှာက မနှစ်မျို့မှုက ပိုတောင်ကြီးထွားလာကာ အေးစက်စက် သရော်တော့တယ်။ "နင်တို့ကိုယ်နင်တို့ စီမံထိန်းသိမ်းသူတွေလို့ခေါ်တယ်လား၊ မျက်နှာပြင်အသိစိတ်က ကန်းများနေတာလား"
သုံးယောက်သား ။ ။ "..." ကိုယ်ရေးကိုယ်တာ တိုက်ခိုက်တာတွေ မပါကြပါနဲ့၊ အားလုံးက အလိုလို အစွမ်းကြီးနေတာမဟုတ်ဘူး
"တခြားနည်းမရှိဘူး" သူမက 'နင်တို့ အနှေးနဲ့အမြန် သေတော့မယ်' အကြည့်နဲ့ တစ်ယောက်ချင်းစီကိုကြည့်တယ်။
"ကပ်ပါးနဲ့ ပြင်ပအသိစိတ်ကိုရှင်းဖို့ အဲဝိညာဉ်နဲ့အတူတူ သတ်ရင်သတ်၊ မဟုတ်ရင် အဲဒါက ဝင်စီးထားတဲ့ဝိညာဉ်ရဲ့ လက်ခံမှုကို လုံးဝရရှိပြီး သူ့မူလဝိညာဉ်နဲ့အတူတူ နောက်မျက်နှာပြင်ဆီ ဆက်သွားဖို့ လက်ခံသူကိုယ်ထဲက ထွက်သွားမှာကိုစောင့်"
"လက်ခံသူဆီက ထွက်သွားတယ်လား" ရှန်းရင်က ရုတ်တရက် ခေါင်းမော့ကာ သူမရှေ့က မျက်နှာပြင်ကိုကြည့်တယ်။
"အစ်မ၊ နင်ဆိုလိုတာ ဒီမျက်နှာပြင်က ထွက်ပြေးရင် အဲဒါက ပေါင်းစပ်နေတဲ့ဝိညာဉ်ဆီကနေ သူ့ဘာသာ ခွာထွက်သွားမယ်ပေါ့"
ရှန်းကျင်းက သူမကို ပြန်လှည့်ကြည့်လာကာ မျက်လုံးထဲက အထင်သေးမှုအနည်းငယ် ပြေလျော့သွားတယ်။
"အမှန်ပဲ၊ အဲဒါက ခွဲထွတ်ဖို့ ဆုံးဖြတ်ထားတာဆိုတော့ သေချာပေါက် ကြိုတင်ပြင်ဆင်ထားမှာ၊ နင်တို့ အဲဒါကိုဖမ်းဖို့ အဲအခိုက်အတန့်ပဲ အခွင့်အရေးရှိမယ်"
ကူယွဲ့နဲ့ယိချင်းက အပျော်လွန်သွားကာ စိတ်သက်သာရာရသွားတယ်။ ခွဲထွက်သွားမယ်ဆို ကောင်းတာပေါ့။ တကယ်တော့ ပြဿနာများရတာက သူတို့ အဲစနစ်အကြောင်းသိတာ အရမ်းနည်းတော့ တစ်ဖက်မှာ ဘာလှည့်ကွက်တွေရှိလဲ လုံးဝမသိဘူး။ မူလဝိညာဉ်ထဲ ပေါင်းသွားတဲ့ အဲပြင်ပအသိစိတ်အတွက်ကတော့ သူတို့ခွဲထွက်ဖို့ နည်းလမ်းတစ်ခုခုရှာရမှာပေါ့။
"ကျေးဇူးတင်ပါတယ် အစ်မကျင်း" သုံးယောက်သား ကျေးဇူးတင်ကာ ရှန်းကျင်းဆီကနေ ပိုပြီးအပြစ်တင်မှုတွေမခံရခင် ခေါ်တာရပ်လိုက်တယ်။
"ဆရာ ကျွန်တော်တို့ ခုဘာလုပ်ကြမလဲ" ယိချင်းက ရှန်းရင်ကို လှည့်ကြည့်တယ်။ "ကျူးကျော်သူ ဒီမျက်နှာပြင်က ထွက်သွားတဲ့အချိန်ထိ စောင့်မှာလား"
"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။ "ငါတို့ အရှိန်မြှင့်လို့ရတယ်"
"ဘာဆိုလိုတာလဲ" ကူယွဲ့က ဝင်ပြောတယ်။ သူတို့ ဘယ်လိုအရှိန်မြှင့်မှာလဲ။
"စနစ်မှာ တာဝန်ရှိတယ်မဟုတ်လား" သူမက အကျင့်အတိုင်း အသီးတစ်လုံးဆွဲထုတ်ကာ သတိပေးတယ်။
နှစ်ယောက်လုံးတန့်သွားကာ စောနက သူတို့ကြားခဲ့တဲ့ စနစ်ရဲ့ အများသုံးထုတ်လွှင့်မှုကို ပြန်စဉ်းစားလိုက်တယ်။ ကြည့်ရတာ အသိစိတ်ကို ကျိုးရှုမင်ကို လက်စားချေဖို့ တာဝန်ပေးထားပုံပဲ။
"ဒီတာဝန်က ကျူးကျော်သူက မူလဝိညာဉ်ကို ဆွဲခေါ်ထုတ်သွားဖို့ ပိုလွယ်အောင် ပိုင်ရှင်ရဲ့ လက်ခံမှုကို လိုချင်တာကြောင့် ထုတ်ပေးခဲ့တာမလား" တရားမဝင် ကျူးကျော်လာပြီး မူလဝိညာဉ်က ဆန္ဒရှိမှသာ မူလဝိညာဉ်အပိုင်းအစကို သူက ယူသွားလို့ရမှာ။ ဒါကြောင့် ဒီတာဝန်က အပေးအယူပဲ။ သူ တခြားတစ်ခုခုကို တွေးမိကာ မျက်မှောင်ကြုတ်လိုက်တယ်။ "မင်းက ကျူးကျော်သူ နှစ်ကျပ်ကျိုးကို ဖြေရှင်းရာမှာ ကူညီပေးဖို့ စဉ်းစားနေတာလား၊ နောက်တော့ ငါတို့ အဲဒါကိုခွဲထုတ်လို့ရအောင် အမြန်ဆုံး သီးသန့်ခွဲထွက်စေမယ်ပေါ့"
ယိချင်းက အလိုလိုမျက်မှောင်ကြုတ်မိသွားတယ်။ သေချာပေါက် ဒီလိုလုပ်ဖို့ ဆန္ဒမရှိဘူးပေါ့။ ကျိုးရှုမင်က လူဆိုး မဟုတ်တာကို အရင်အသာထား သူတို့ ရှုထောင့်ကနေ ဘယ်သူမှ ကျူးကျော်သူကို မြှောက်စားပေးတာ မလုပ်ချင်ဘူး။
ရှန်းရင်က အသီးကိုကိုက်ကာ သူတို့ကိုမော့ကြည့်ပြီး မေးခွန်းထုတ်တယ်။ "ငါတို့က အဲဒါကို ဘာလို့ကူညီရမှာလဲ၊ ပြဿနာရှာလို့မရဘူးလား"
"အပိုတွေ" ကူယွဲ့ အလိုလို ခွန်းတုံ့ပြန်လိုက်တယ်။ "ပိုင်ရှင်ရဲ့ ဆန္ဒကို အဲဒါက မဖြည့်ဆည်းပေးတဲ့ နေ့တိုင်းအတွက် မူလဝိညာဉ်က အဲဒါကို သေချာပေါက် မခွဲချင်တောင်ဖြစ်မှာလေ၊ ကျူးကျော်သူက အလိုလို..." သူက ပြောနေရင်း တန့်သွားပြီး အတွေးတစ်ခု ရုတ်တရက် ပေါ်လာသလို မျက်လုံးပြူးသွားတယ်။
"ဆိုလိုတာ ငါတို့က တာဝန်ပြီးမြောက်မှာကို ဟန့်တားပြီး သူတို့ကြားအတွင်းပဋိပက္ခဖြစ်စေမယ်ပေါ့ မူလဝိညာဉ်က သူလိုချင်တာကိုမရလေ..."
"ကျူးကျော်သူနဲ့ ထွက်သွားဖို့ကို ဆန္ဒမရှိလေပေါ့" ယိချင်းလည်း သဘောပေါက်သွားတယ်။ "အဲကျ မူလဝိညာဉ်က ပြင်ပအသိစိတ်နဲ့စနစ်ကို အလိုလိုတွန်းလှန်ပြီး ကျွန်တော်တို့တောင် လှုပ်ရှားဖို့မလိုလောက်ဘဲ ခွဲထွက်သွားမှာပဲ"
"အဲလိုတော့လည်း မဟုတ်ဘူး" ကူယွဲ့က ခေါင်းယမ်းကာ ခပ်တိုးတိုးပြောတယ်။ "တကယ်လို့ စနစ်က အထဲဝင်လာဖို့ ဒီလို ဟာကွက်ကိုရှာနိုင်ရင် ဒီမျက်နှာပြင်ထဲ ကြာကြာမနေလို့ရတာ သူသိတယ်" အာဏာပိုင်တွေနဲ့ စီမံထိန်းသိမ်းသူ သတိပြုမိမှာကို ရှောင်ဖို့ပေါ့။
"ဒါကြောင့် သူက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မူလဝိညာဉ်ရဲ့လက်ခံမှုကို မရနိုင်တာသိသွားရင်..."
"ကြိုပြီးတော့ ဒီမျက်နှာပြင်ထဲက ထွက်သွားဖို့ ရွေးချယ်လိမ့်မယ်" ယိချင်းက ပျော်သွားတဲ့ဟန်။
ကူယွဲ့လည်း စိတ်အေးစွာ သက်ပြင်းချလိုက်တယ်။ "ကောင်းတယ် ငါတို့အဲလိုပဲလုပ်တာပေါ့"
ကျူးကျော်သူကို တာဝန်ပြီးမြောက်အောင် ကူညီတာထက်စာရင် ထိပ်တိုက် တိုက်ခိုက်တာက ပိုစိတ်ကျေနပ်စရာကောင်းတယ်။
"အဲဒါနဲ့..." တစ်ခုခု ကူယွဲ့စိတ်ထဲဝင်လာတယ်။ "ကျိုးနှစ်ကျပ်ငတုံးအရူးက သူ မတက်လှမ်းခင် သူမကိုဘာလုပ်ခဲ့တာလဲ၊ ဝိညာဉ်က ကျူးကျော်သူ လက်စားချေပေးအောင် သူမမူလဝိညာဉ်ကို ရောင်းချဖို့ဆန္ဒရှိတဲ့အထိ" ယေဘုယျကျပြောရရင် မသေမျိုးဆီ တက်လှမ်းနိုင်ပြီး မိုးကြိုးနဲ့ အသေမပစ်သတ်ခံရသူတစ်ယောက်ကတော့ ကြီးကြီးမားမားလူဆိုးတော့ မဖြစ်လောက်ပါဘူး။
ယိချင်း တုံ့ဆိုင်းသွားကာ လက်ချောင်းတွေနဲ့ တန်းရေတွက်ရင်း ခဏနေတော့ လူတိုင်းကိုအသိပေးတယ်။ "သူက အရင်ဘဝက ကျိုးရှုမင်သတ်တာ ခံခဲ့ရတာ"
"ဘာ" သေစမ်း သူတို့က တကယ်ကိုအငြိုးရှိတာပဲ။
ကူယွဲ့လည်း အလိုလိုတွက်ချက်လိုက်ပြီး ခဏနေတော့ မျက်နှာက မည်းနက်သွားခဲ့တယ်။
အဲလူက အရင်ဘဝက ကျိုးရှုမင်လက်ထဲသေခဲ့ပေမဲ့ သူမလက်ထဲ အဆုံးသတ်ခဲ့ရတဲ့ အသက်အရေအတွက်က မနည်းမနောပဲ။ သူမနဲ့ အရင်းနှီးဆုံး ဆွေမျိုးသားချင်းမိသားစုတွေတောင်ပါပြီး ကွေ့ယီဂိုဏ်းက တပည့်တွေအားလုံးရောပဲ။
…
အခန်း ၆၃၅ ။ ကွေ့ယီထဲ ပြန်ဝင်ခြင်း
ကျူးကျော်သူ တာဝန်က ကျိုးရှုမင်ကို အတိအကျလက်စားပြန်ချေကာ သူ့ကို မတက်လှမ်းအောင် တားမြစ်ဖို့ပဲ။ ဒီတာဝန်ကို ဖျက်ဆီးရတာကအရမ်းလွယ်တယ်။ ကျိုးရှုမင်ဘဝက ပိုကောင်းလာလေ သူမက မကျေမချမ်း ပိုဖြစ်လေပဲ။ အကောင်းဆုံးက သူက သူမရှေ့တည့်တည့် အရင် တက်လှမ်းသွားတာဖြစ်ပြီး မြင်ရတာမုန်းတီးပေမဲ့ ဘာမှမလုပ်နိုင်တဲ့ခံစားချက်မျိုး မြည်းစမ်းစေမယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကျိုးရှုမင်ရဲ့ ရွှေလက်ညှိုးနဲ့ ပြောင့်လေးရဲ့အကြေးခွံက လုယူခံလိုက်ရပြီ။ သူ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆရာသခင်ရဲ့ လက်အောက် ခေါ်ယူခံရဖို့ အခွင့်အရေးကလည်း ပျက်စီးသွားတယ်။
သူ့စိတ်ဓာတ်နဲ့ဆို တက်လှမ်းနိုင်ခြေက မရှိ။ ကျူးကျော်သူ မလှုပ်ရှားရင်တောင် သူ့အရင်ဘဝနဲ့ယှဉ်ရင် တက်လှမ်းဖို့က အချိန်အများကြီး ပိုယူရတော့မှာ။ အကောင်းဆုံးဖြေရှင်းနည်းကတော့ ကွေ့ယီဂိုဏ်းထဲ သူတို့ပါဝင်ပြီး ဝင်စွက်ဖက်ဖို့ပဲ။ တစ်ဖက်မှာ သူတို့ ကျူးကျော်သူအပေါ် စောင့်ကြည့်နိုင်သလို တခြားတစ်ဖက်မှာတော့ တာဝန်ကို ဖျက်ဆီးရလွယ်သွားမယ်။
ဒါပေမဲ့ ပြဿနာက ဒီမှာ...။
"အဲနေ့က တောအုပ်ထဲ အဲကျူးကျော်သူက စားဖိုမှူးနဲ့ ငါ့ကိုမြင်ပြီးပြီ" ကူယွဲ့က မျက်မှောင်ကြုတ်တယ်။
"တကယ်လို့ အဲလိုမျိုး ကွေ့ယီဂိုဏ်းထဲဝင်ရင် အဲလိုမျိုးနဲ့ ရန်သူကို အသိပေးမိသလိုဖြစ်ပြီး စနစ်ကို သတိပိုကြီးအောင်လုပ်မိသွားရင် မကောင်းဘူး" သူတို့ အဲနေ့က အလောတကြီးသွားခဲ့တော့ သူတို့ကိုယ်သူတို့ မဖုံးကွယ်ခဲ့ဘူး။ သူတို့ကို မှတ်မိသွားနိုင်ခြေက အတော်လေးမြင့်တယ်။
"အဲဒါမခက်ပါဘူး" ယိချင်းက ခပ်ဩဩပြောတယ်။ "တခြားလူပုံစံပြောင်းတာ ဒါမှမဟုတ် ရုပ်အသွင်ပြောင်းတာလုပ်ရင်ရပြီလေ"
"ဟင့်အင်း" ကူယွဲ့က ခေါင်းယမ်းတယ်။ "ရုပ်ပေါင်းစပ်တာနဲ့ ဂါထာသုံးတာတွေက အဆင်ပြေပေမဲ့ သူမ မမြင်နိုင်ဘူးလို့ သေချာပေါက် မပြောနိုင်ဘူး၊ သူက ကျူးကျော်သူဆိုတာမမေ့နဲ့၊ လက်ထဲ ဘာဝှက်ဖဲတွေရှိမှာလဲ"
အဲနေ့ကလည်း စားဖိုမှူးလက်ထဲကနေ ထွက်ပြေးနိုင်ခဲ့တယ်။
"ဒါဆို ဘယ်လိုလုပ်သင့်တယ်ထင်လဲ"
"ငါတို့နှစ်ယောက်အပြင် ကျန်သေးတာဆိုလို့..." သူ စားပွဲပေါ် အရိုးမရှိသူလို ပျင်းတိပျင်းရွဲ ပစ်လှဲနေတဲ့ တစ်ယောက်သောသူကို ကြည့်လိုက်တယ်။ "ထားလိုက်တော့ ငါတို့နှစ်ယောက်တည်းပဲရှိတာ"
ရှန်းရင် ။ ။ "..." ခွေး*သား
"ငါတို့အသွင်ကို ပြောင်းလဲဖို့ ဝဋ်ကြွေးချေခြင်းရဲ့ အနှစ်ကိုပဲ သုံးသင့်တယ်ထင်တယ်" သူ အကြံပေးလိုက်တယ်။
"ဝဋ်ကြွေးချေခြင်းရဲ့ အနှစ်က ဂါထာမဟုတ်ဘူး၊ အသွင်ပြောင်းလဲတာက ကျင့်ကြံသူတွေအတွက်တော့ ထာဝရပဲ၊ သေချာပေါက် ငါတို့တော့ မပါဘူးပေါ့၊ ကျူးကျော်သူကို ဇဝေဇဝါဖြစ်အောင် သုံးဖို့ဆိုလုံလောက်ပြီ၊ ဒါပြီးရင် ငါတို့ကိုယ်ထဲက လျှပ်စီးဝိညာဉ်စွမ်းအင်ကို ထုတ်လိုက်တာနဲ့ အချိန်မရွေး ပြန်ပြောင်းနိုင်ပြီ"
ယိချင်း ခေါင်းညိတ်လိုက်တယ်။ ဒါတကယ်အမြန်ဆုံးပဲ။
"ဒါပေမဲ့ သုံးယောက်ဆို တအားသိသာတယ်" သူက ခဏတွေးကာ ဆက်ပြောလိုက်တယ်။ "အဲကျူးကျော်သူက ထူးဆန်းပေမဲ့ ကျိုးနှစ်ကျပ်ကို စောင့်ကြည့်ဖို့က တစ်ယောက်ပဲလိုတာ၊ ဆွေးနွေးရအောင် ဘယ်သူကပိုသင့်တော်... ခဏ မင်းတို့နှစ်ယောက် ဘာလို့ ရုတ်တရက် အဝေးကြီးမှာပုန်းနေရတာလဲ"
သူ စကားတောင်မဆုံးခင် စောနက သူ့ဘေးမှာ ရှိနေခဲ့တဲ့ဆရာတပည့်က ချက်ချင်း ၁၀မီတာဆီ ပြေးသွားတယ်။
"မဲပေးပြီးဆုံးဖြတ်မယ် ဖေဖေနျိုကို မဲပေးတယ်"
"ကျွန်တော်လည်း ဖေဖေနျိုကိုမဲပေးတယ်"
"ကောင်းပြီလေ၊ ဖေဖေနျိုက မဲတစ်ဝက်ကျော်ရသွားတော့ ပျော်ပျော်ကြီး သတ်မှတ်လိုက်ပြီနော်"
"အကောင်းဆုံးဖြစ်ပါစေ ဖေဖေနျို၊ အနှစ်က ကျိန်းသေပေါက် ခင်ဗျားအတွက် ပြဿနာမဟုတ်ပါဘူး"
"ဖေဖေနျိုက နောက်ထပ်လူသစ်နဲ့ အဆင့်တက်တဲ့နေရာမှာ အံ့မခန်းပညာရှင်ပီသတယ်"
✿(๑◕▽◕๑)✿✿(๑◕▽◕๑)✿
ကူယွဲ့ ။ ။ "..." မေ-ိုး
ဒီလိုမဲပေးတာ အဓိပ္ပာယ်ရှိလား။ မင်းတို့နှစ်ယောက်လုံးက သောက်ပျင်းခိုပြီး ငါ့ကို အားလုံး တွန်းပေးချင်နေတာလား။
သူ ချက်ချင်း ဒီအစုတ်ပလုတ်လေးနှစ်ယောက်ကို ပညာပေးချင်စိတ် ပေါ်လာတယ်။ ရှင်းရှင်းပြော ဒါ ဘယ်သူ့မျက်နှာပြင်တုံး ပြောပါရစေ။
"မင်း တို့ နှစ် ယောက်..." သူ ပေါက်ကွဲဝောာ့မို့ရှိသေး ကောင်းကင်ကမည်းနက်သွားပြီး မုန်တိုင်းတိမ်တိုက်တွေက တစ်ပြိုင်နက် ပေါ်လာကာ သူ့ပေါ် ပြင်းထန်တဲ့အာဏာတစ်ခု ကျလာတယ်။ "ခဏ စားဖိုမှူး မင်းဘာလုပ်နေတာလဲ" စားဖိုမှူးက ဂါထာတွေဖန်တီးဖို့ တန်းလက်မြှောက်လိုက်တယ်။
နောက်အခိုက်အတန့်မှာတော့ ရေပုံးလောက် များပြီးပြင်းတဲ့ ကောင်းကင်မိုးကြိုးတစ်ခုက ဂျလိန်းဂျလိန်းနဲ့ ကောင်းကင်ကကျလာကာ ကူယွဲ့ခေါင်းကို မှန်သွားလေတယ်။ သူ့ဝတ်ရုံအစွန်းတွေမှာ လောင်သွားတဲ့ အဝါရောင်သန်းနေလေတယ်။
"..."
လက်ငင်းတိတ်ဆိတ်မှု။
"ဖေဖေနျို့ပတ်လည်က မိုးကြိုးဝိညာဉ်စွမ်းအင်က လွင့်ပျောက်တော့မယ်၊ နောက်တစ်ချက် ပစ်ပေးဖို့လိုလား"
"ငါ့ခြေထောက်ကိုပစ်"
(╯‵□′)╯(┻━┻
မင်းက တကယ်ကိုလုပ်တယ်ပေါ့လေ
ကူယွဲ့ ဒေါသထွက်လွန်းလို့ အမွှေးတွေတောင်ထောင်နေပြီ။ သူက ဝိညာဉ်ကျောက်တုံးတစ်ခုထုတ်ကာ လှမ်းပစ်လိုက်တယ်။ "ဒီမျက်နှာပြင်က ဘယ်သူ့ဟာလဲပြောစမ်းပါ၊ ပြီးတော့လည်း အနှစ်ဆို နတ်ဝိညာဉ်ဝဋ်ကြွေးချေမိုးကြိုးနဲ့တင် လုံလောက်နေပြီ၊ ချီး ဘာမို့လို့ တက်လှမ်းမှုဝဋ်ကြွေးချေမိုးကြိုးကို သုံးရတာတုန်း"
တော်လိုက်တဲ့ စီမံထိန်းသိမ်းသူ။
"သိပြီ၊ ဒါဆို နောက်တစ်မျိုး ပြောင်းလိုက်မယ်"
"မင်း ဘာပြောလိုက်တယ်..."
ဂျလိန်း
အဲလိုနဲ့ နတ်ဝိညာဉ်ဝဋ်ကြွေးချေမိုးကြိုးတစ်ခုက ကူယွဲ့ခေါင်းပေါ် တည့်တည့်မတ်မတ် မှန်လာပြန်တယ်။
ဒုတိယအကြိမ် မိုးကြိုးမှန်သွားသော ကူယွဲ့ ။ ။ "..."
တစ်ခဏအကြာ...။
"စားဖိုမှူး၊ ဖေဖေနျိုက အရင်ပုံစံပဲနော်၊ နင် မှားသုံးမိပြန်တာလား"
"ဆရာ ကျွန်တော် အောက်ဘုံက ဝဋ်ကြွေးချေခြင်းတွေကို မမြင်တာကြာပြီဆိုတော့ တကယ်ပဲ မှတ်မိဖို့က နည်းနည်းခက်နေတယ်"
"နင်... နည်းနည်းလောက် ထပ်ပြီး မိုးကြိုးပစ်ကြည့်ပါလား"
"ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူးဆရာ"
ကူယွဲ့လက်ထဲက ယပ်တောင်က လှစ်ခနဲ ချက်ချင်း ဓားရှည်အဖြစ် ပြောင်းသွားလေရဲ့။
"ငါ မင်းတို့ခွေးလေးနှစ်ကောင်ကို နုပ်နုပ်စဉ်းပစ်မယ်"
╰(罒皿罒)╯
——————
ကူယွဲ့ ဝဋ်ကြွေးချေမိုးကြိုးအနှစ်ကနေ ဖြစ်လာတဲ့ ပုံစံအသွင်ကိုသုံးပြီး အောင်အောင်မြင်မြင်နဲ့ အပြင်စည်းဂိုဏ်းတပည့်တွေရဲ့ လူစုအသစ်ထဲ ဝင်ရောနှောနိုင်ခဲ့ကာ ကျိုးနှစ်ကျပ်ရဲ့ဘေး အောင်မြင်စွာ နေခွင့်ရခဲ့တယ်။
ဆရာတွေနဲ့ အတွင်းစည်းတပည့်တွေ မပြောနဲ့ တရားဝင်တပည့်တွေနဲ့ယှဉ်ရင်တောင် အပြင်စည်းတပည့်တွေက သတ်သက်မှတ်မှတ် သင်ကြားရေး မရှိတာ သိသာတယ်။ သူတို့က ကိုယ့်ဘာသာသင်ယူမှုအပေါ် အားကိုးရပြီူ ငါးရက်တစ်ခါ ရွှေအမြုတေကျင့်ကြံသူတစ်ယောက်က သင်ကြားရေးခန်းမဆောင်ဆီ သင်ခန်းစာတစ်ခု လာသင်တယ်။ အဲဒါအပြင် လတိုင်း အတွင်းစည်းဆီက တာဝန်တချို့ကိုလည်း ပြီးမြောက်အောင်လုပ်ရတယ်။
ပြောရရင်တော့ အပြင်စည်းတပည့်တွေက သူတို့ဘာသာ ရပ်တည်ဖို့ ကျန်ခဲ့ရတာပဲ။ သေချာပေါက် သူတို့ ကြိုးကြိုးစားစား လေ့ကျင့်ရင်တော့ အုတ်မြစ်အခြေတည်အဆင့်ပြီးချိန် တရားဝင်တပည့်တွေဖြစ်လာနိုင်တယ်။ ပြီးရင်တော့ သူတို့ထူးချွန်မှုပေါ်မူတည်ပြီး လိုက်ဖက်ညီတဲ့ ကျင့်ကြံမှုစွမ်းရည်တွေကို လေ့ကျင့်ဖို့ မတူညီတဲ့ အဆောင်တွေဆီ ပို့ခံရတယ်။
ရှင်းရှင်း ပြောရရင် အပြင်စည်းတပည့်တွေက ထူးဆန်းတဲ့အလုပ်တွေ လုပ်ရတဲ့ တပည့်တွေမို့ သူတို့အပေါ်စီမံမှုကလည်း ပေါ့ပျက်ပျက်ပဲ။ ကူယွဲ့ ရွေးစရာ မရှိတော့ဘဲ သူ့ကျင့်ကြံဆင့်ကို ချီမွမ်းမံမှုဆဋ္ဌမအဆင့်ထိ ဖိနှိပ်လိုက်ရတယ်။ ရှန်းရင်နဲ့ ယိချင်းက ဆက်ပြီးကိုယ်ပျောက်နေနိုင်တုန်း။ တိတ်ကျကျပြောရရင် သူ့ကိုယ်သူ ဖုံးထားဖို့လိုတာ ယိချင်းဖြစ်ပြီး ရှန်းရင်တည်ရှိမှုကတော့ ဘယ်သူမှ အာရုံမစိုက်ကြ။
ဒီနေ့က သင်ကြားရေးခန်းမဆောင်မှာ သင်ခန်းစာသင်တဲ့နေ့နဲ့ကြုံသွားတယ်။ ကူယွဲ့ ခဏတွေးကာ ကျူးကျော်သူတာဝန်ကို ဖျက်ဆီးဖို့ဆို ကျိုးနှစ်ကျပ်နဲ့တည့်အောင်နေတာ ပိုကောင်းတယ် ဆုံးဖြတ်လိုက်တယ်။ သူ အတွေးနစ်နေတုန်း ကျိုးရှုမင်က တစ်ဖက်ခြမ်းက လျှောက်လာတာမြင်လိုက်ရတယ်။
ကူယွဲ့ မျက်လုံးတွေမှေးသွားကာ လျှောက်သွားလိုက်တယ်။ "ဒါ..."
သူက နှုတ်ဆက်မို့ရှိသေး ကျိုးရှုမင်မျက်လုံးတွေက အရောင်လက်သွားကာ သူ မပြောနိုင်ခင် ပြောတော့တယ်။
"တာအိုရောင်းရင်း ခင်ဗျားရော ဒီနေ့မှ စဝင်တဲ့တပည့်လား"
"အာ... ဟုတ်ပါတယ်" သူက အလိုလိုပြန်ဖြေမိသွားတယ်။
ကျိုးရှုမင်က စာရွက်သုံးရွက်ကို အမြန်ထုတ်ယူပြီး အလောတကြီးမေးတော့တယ်။ "ဒါဆို ဂိုဏ်းတူညီကို မေးလို့ရမလား၊ ဒီပုံတွေထဲက လူသုံးယောက်ကိုမြင်ဖူးလား" သူက ပြောရင်း စာရွက်တွေကို တစ်ရွက်ချင်း ကမ်းပေးတယ်။
ကူယွဲ့ငုံ့ကြည့်တော့ အဲဒီပုံကားသုံးချပ်က အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်။ ကွဲလွဲမှုတချို့ရှိပေမဲ့ သူ ရင်းနှီးနေတဲ့ပုံတွေကိုတော့ မှတ်မိနိုင်ပါသေးတယ်။
ဒါက... သူတို့သုံးယောက်ရဲ့ ပုံတွေပဲ၊ ရင်းနှီးနေတယ်မဟုတ်လား
ဒီငတုံးအရူးက သူတို့ကိုရှာနေသေးတယ်ပေါ့။
(⊙_⊙)
ကူယွဲ့ နှုတ်ခမ်းထောင့်တွန့်သွားကာ ခက်ခက်ခဲခဲဖြေလိုက်ရတယ်။ "ကျုပ်... ကျုပ် မတွေ့ဖူးပါဘူး"
"အိုး..." ကျိုးရှုမင်ရဲ့ နဂိုက မျှော်လင့်တကြီးအကြည့်က ချက်ချင်းအရောင်မှိန်သွားကာ တစ်ကိုယ်လုံး နုံးချိသွားတယ်။ တစ်ခဏနေတော့ သူကဖြေတယ်။ "ကျေးဇူးပါ ဂိုဏ်းတူညီ" အဲလိုပြောပြီး သူက သက်ပြင်းချကာ သင်ကြားရေးခန်းမဆောင်ထဲ လှည့်ဝင်သွားလေရဲ့။
သူတို့ဘေးက တပည့်တစ်ယောက်က သူ့မှင်တက်နေတဲ့ အမူအရာကိုမြင်တော့ မနေနိုင်ဘဲ ဝင်ပြောလာတယ်။
"ဂိုဏ်းတူညီ သူ့ကိုစိတ်ထဲမထားပါနဲ့"
သူက အရှေ့က ကျိုးရှုမင်ကို လက်ညှိုးထိုးကာ စနောက်တဲ့လေသံနဲ့ပြောတယ်။ "ဒီဂိုဏ်းတူအစ်ကိုကျိုးအကြောင်း ပြောရရင်တော့ သူလည်း သနားစရာကောင်းသူပဲ၊ ကျုပ်က သူနဲ့အတူ တစ်ရက်တည်း ဝင်ခဲ့တာလေ၊ ခင်ဗျားထက်တော့ ၃ရက်စောတယ်၊ အဲနေ့က သူက နဂိုတုန်းက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆရာသခင်ရဲ့ တျန်းရှတောင်ဆီ ဝင်ရောက်ဖို့ ရွေးချယ်ခံရတဲ့အခွင့်အရေး ရှိခဲ့ပေမဲ့ ဆရာသခင်က ရုတ်တရက် စိတ်ပြောင်းပြီး နောက်ထပ်ဂိုဏ်းတူအစ်ကိုကို ရွေးသွားခဲ့တယ်၊ အဲအခိုက်အတန့်မှာ အတက်အကျတွေကြောင့် သူက စိတ်ဒဏ်ရာရသွားတယ်၊ သူက သူနဲ့အတူ ဂိုဏ်းကိုဝင်ဖို့ရောက်လာတဲ့ အုတ်မြစ်အခြေတည်အဆင့် မိတ်ဆွေသုံးယောက် ပျောက်သွားတယ်လို့ပဲ ပြောနေတာဗျာ၊ ဒီရက်ပိုင်း အပြင်စည်းတပည့်တွေအားလုံး သူ့ဆီက မေးခွန်းထုတ်တာခံရပြီးပြီ"
သူ့အကြည့်က တဖြည်းဖြည်း သနားမှုတွေနဲ့ပြည့်လာကာ ဆက်ပြောရင်း သက်ပြင်းချတယ်။ "ဟူး ပုံမှန်လူတစ်ယောက်က ဒီလိုမျိုးနဲ့ရူးသွားရတယ်လို့ သနားစရာကောင်းလိုက်တာ"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ကူယွဲ့ တိတ်တိတ်လေး လှည့်ကာ ဘေးကကိုယ်ပျောက်နေတဲ့နှစ်ယောက်နဲ့ အကြည့်ချင်းဖလှယ်ပြီး ခံစားချက်က အနည်းငယ်ရှုပ်ထွေးနေတယ်။ သူတို့ အစ်မကျန်းဆီ ဖုန်းသွားဆက်နေတုန်း ကျိုးရှုမင် အရူးငအက ထင်ယောင်ထင်မှားစိတ်ရောဂါနဲ့ အရူးတစ်ယောက်လို့ ကောလာဟလထွက်နေတယ်တဲ့လား။ သူက သူတို့ကို သုံးရက်တောင် ရှာခဲ့သေးတာ။
…
အခန်း ၆၃၆ ။ ခန်းမထဲက အရူး
သုံးယောက်သားက နှုတ်မဆက်ဘဲ ပျောက်သွားရတာကို နည်းနည်းအပြစ်ရှိသလို ခံစားနေရတာ။ နဂိုကတော့ သူက သူတို့ကို မရှာနိုင်ရင် ရက်ပိုင်းလောက်နည်းနည်းထူးဆန်းနေရုံပဲပေါ့။ ပြီးတော့ သူတို့က အဲလောက်တောင် ရင်းနှီးတာမှ မဟုတ်ပဲ။ သူတို့လုပ်ခဲ့တာဆိုလို့ သူ့ကိုအဖော်ပြုပေးခဲ့တာပဲရှိတာ။ ကျိုးရှုမင်က အဲလောက် စိတ်ပူပန်နေမယ်လို့ သူတို့မထင်ခဲ့ဘူး။ သူက တစ်ဂိုဏ်းလုံးကို သူတို့ကိုရှာခိုင်းရုံတင်မက ဂိုဏ်းပြင်ထွက် သတင်းဖြန့်ခိုင်းဖို့ပါ ရည်ရွယ်ချက်တွေရှိနေတယ်။ သူ ရှာတာကြာလာလေ ပိုပြီး စိတ်ပူပန်လာလေပဲ။ သူက သူတို့ကိုရှာမတွေ့ခင်ထိ နားမဲ့ပုံမပေါ်။
သူ့လေ့ကျင့်မှုကို မသက်ရောက်စေဖို့ ကူယွဲ့ သူတို့ရဲ့ ကျူးကျော်သူကို ရင်ဆိုင်မဲ့ မဟာအကြံအစည်ကို အသိပေးရမယ် ဆုံးဖြတ်... မဟုတ်ဘူး၊ သူ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးအကြံပေးရမှာ။ ဒါကြောင့် နောက်တစ်နေ့မနက်စောစော သူ ထွက်ပေါက်က တစ်ယောက်သောလူကို တားလိုက်တယ်။
"နှစ်ကျပ်... တာအိုရောင်းရင်းကျိုး"
ကျိုးရှုမင်က သူ့ကိုအူကြောင်ကြောင် စိုက်ကြည့်လာတယ်။ "ဒီက... တပည့်၊ မနက်ခင်းပါ၊ ဘာကြောင့် ကျုပ်ကို တားနေဝာာလဲ"
"ကျုပ်က ဂိုဏ်းထဲဝင်ကာစဖြစ်ပြီး ခင်ဗျားဘေးမှာ နေနေတာ၊ အဲဒါကြောင့် နှုတ်ဆက်စကားပြောဖို့ ရောက်လာတာပါ" ကူယွဲ့က ဘေးအခန်းကို အမူအရာပြကာ လက်ထဲက ပန်းချီကားကိုလှမ်းကြည့်လိုက်တယ်။
"ညီကိုကျိုး၊ ခင်ဗျားအပြင်သွားမို့လား"
"အမှန်ပဲ" သူက ခေါင်းညိတ်ကာ ထိုင်းမှိုင်းတဲ့အမူအရာနဲ့ပြောတယ်။ "ကျုပ်က ဒီကြော်ငြာစာရွက်တွေကို ကပ်ဖို့ အနားက အမတမြို့ဆီသွားဖို့ပြင်နေတာ"
"ကြော်ငြာစာတွေလား" ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ သေချာစစ်ဆေးကြည့်တော့ ပန်းချီကားဘေးမှာ စာတန်းတစ်ခု ရှိနေတာမြင်လိုက်ရတယ်။ စာလုံးကြီးတွေနဲ့ ရေးထားတာက ။ ပျောက်ဆုံးနေသူများ
သုံးယောက်သား ။ ။ "..."
သူက တကယ် ဒီလူတွေကိုရှာဖို့ စိတ်ပိုင်းဖြတ်ထားတာပဲ။ သူတို့ ဒီလို ရိုးသားတဲ့လူတစ်ယောက်ကို ကူညီဖို့ တကယ်ပဲ ဘာမှမလုပ်နိုင်ဘူးပဲ။
ကူယွဲ့ နှုတ်ခမ်းသပ်ကာ ချက်ချင်း စကားလမ်းကြောင်းပြောလိုက်တယ်။ "ခင်ဗျားက ဒီလူသုံးယောက်ကိုရှာနေတာ အတော်ကြာပြီနော်၊ သူတို့က ခင်ဗျားမိသားစုဝင်တွေလား"
"မဟုတ်ပါဘူးဗျာ" ကျိုးရှုမင်က ပြုံးတယ်။
"သူတို့က ကျုပ်မိတ်ဆွေတွေပါ၊ တွေးကြည့်ရင်တော့ ကျုပ် သူတို့ကိုသိတာ သုံးရက်ပဲရှိသေးတယ်၊ ကျုပ် သူတို့နဲ့အတူ ကွေ့ယီဂိုဏ်းကို လာခဲ့ကြပြီး ဘာကြောင့်မှန်းမသိ သူတို့က ဒီကိုရောက်တော့ ပျောက်သွားတယ်"
"အော်သိပြီ ဒီလူတွေမှာ လုပ်စရာကိစ္စတွေရှိတယ်ထင်တယ်" ကူယွဲ့ သူ့ကိုနှစ်သိမ့်ပေးလိုက်တယ်။
"ပြီးတော့ ခင်ဗျားက အခွင့်ကြုံလို့ တွေ့ခဲ့ရုံလေ၊ ညီကိုကျိုး ခင်ဗျား သူတို့ကို အဲလောက် ကြိုးစားပမ်းစား မရှာသင့်ဘူးထင်တာပဲ၊ ကွေ့ယီဂိုဏ်းထဲဝင်ဖို့ကခက်တယ်၊ ခင်ဗျား ကြိုးစားကျင့်ကြံသင့်တာ"
"ဂိုဏ်းတူညီ၊ မင်း အခြေအနေကို သေချာမသိရင် ပေါက်တတ်ကရတွေမပြောပါနဲ့" ကျိုးရှုမင်က သွန်သင်ကာ သူ့ကိုစိန်းစိန်းဝါးဝါးကြည့်လာတယ်။ သူက ကူယွဲ့ကို သဘောမတူသလိုကြည့်ပြီး ဆက်ပြောတယ်။
"သူတို့က ကျုပ်မိတ်ဆွေတွေလေ၊ အခု သူတို့ ပျောက်နေတော့ ကျုပ်က ဘယ်လိုလုပ် ဘေးမှာရပ်နေပြီး ဘာမှမလုပ်ဘဲ နေနိုင်မှာလဲ၊ သူတို့ဘေးကင်းရင် ရပြီ၊ တကယ်လို့ သူတို့အန္တရာယ်နဲ့ကြုံခဲ့ရပြီး ဘယ်သူမှ သူတို့ကို လာမကူတာဆိုရင် ခင်ဗျား သူတို့ကို ဘာလုပ်ဖို့ မျှော်လင့်လဲ၊ ကျုပ် သူတို့ကိုရှာဖို့မကူညီရင် ကျုပ်ကိုယ်ကျုပ် ဘယ်လိုလုပ် မိတ်ဆွေလို့ခေါ်နိုင်မှာလဲ။
သူက ကူယွဲ့ကို ခုလေးတင် ပြောလိုက်တဲ့ဟာက အရှက်ရစေသလိုမျိုး စိန်းစိန်းဝါးဝါးစိုက်ကြည့်တယ်။ စကားတစ်လုံးစီကို ဂရုတစိုက် အလေးပေးကာ ကျိုးရှုမင်က ဆက်ပြောတယ်။။ "ကျုပ် ကျိုးရှုမင်က စိတ်သဘောထား သေးသိမ်သူမဟုတ်ဘူး၊ ပြီးတော့ ကျုပ်မှာ ပြန်ဆပ်စရာ အကြွေးရှိတယ်။ သူတို့ ကျုပ်အသက်ကို တစ်ခါကယ်ခဲ့ဖူးတယ်"
"..."
သူတို့ ဘယ်တုန်းက သူ့အသက်ကို ကယ်ခဲ့တာတုံး။
တောအုပ်ထဲမှာတုန်းက သူတို့ သူ့ကို ကယ်ထုတ်လာချိန်အကြောင်း ပြောနေတာလား။ သူတို့ သူ့ကိုကယ်ဖို့ အဲကိုတကူးတက သွားခဲ့တာမှမဟုတ်တာ။
"ပြီးတော့လည်း..." ကျိုးရှုမင်က တစ်ခုခုကို စဉ်းစားနေသလိုမျိုး အမူအရာက စိတ်ပူပန်လာတယ်။
"သူတို့ပျောက်ဆုံးမှုက သူတို့ ကျုပ်ကိုကယ်ခဲ့တဲ့အချက်နဲ့ ဆိုင်လားမသိဘူး"
သူတို့က အဲတစ်နေ့က သူ့ကိုဓားပြတိုက်တဲ့လူရဲ့ ဖမ်းဆီးသွားတာခံရလို့ ပျောက်နေတယ် တကယ်စဉ်းစားတာလား။ ညီကို မင်းရဲ့စိတ်ကူးစိတ်သန်းက တကယ်ကောင်းတာပဲ။
"ကျုပ်ပြောမယ် ညီကိုကျိုး”
"တာအိုရောင်းရင်း" ကျိုးရှုမင် ခု တကယ်ကိုဒေါသထွက်နေတာ သိသာတယ်။ သူက ဒီလူ့ကို သူ့ဂိုဏ်းတူညီအဖြစ်တောင် မရည်ညွှန်းတော့ဘဲ သူကဆက်ပြောတယ်။
"ကျုပ်မှာလုပ်စရာကိစ္စတွေရှိသေးတယ်၊ ခင်ဗျားနဲ့ စကားဆက်မပြောနိုင်တော့ဘူး" ကူယွဲ့ကို နောက်ဆုံးတစ်ချက် ဘုကြည့်ကြည့်ကာ သူက စုပ်သတ်ပြီး ဒေါသတကြီး ထွက်သွားတယ်။
"..." သူက ကူယွဲ့ကို အထင်သေးနေတာလား။ သူ တကယ်ကို အဲလိုမဟုတ်လား
(⊙v⊙)
ကျိုးရှုမင်က လက်ထဲ ကြော်ငြာစာရွက်တွေနဲ့ လမ်းထဲက ပျောက်သွားတော့မဲ့ဆဲဆဲ ကူယွဲ့ သက်ပြင်းချကာ လှမ်းအော်လိုက်တယ်။ "တာအိုရောင်းရင်းကျိုး၊ ကျေးဇူးပြုပြီး စောင့်ပါဦး၊ ကျုပ် အရင်တစ်ခေါက်က မင်းကို ဝိညာဉ်ကျောက်တုံးနှစ်ခု ချေးထားတာ မင်း ပြန်မဆပ်ရသေးဘူး"
"ခင်ဗျားက ကျုပ်ကို ဝိညာဉ်ကျောက်တုံးချေးခဲ့တယ်လား" ကျိုးရှုမင်က ရပ်သွားကာ တစ်ဖက်လှည့်လာရင်း တစ်ချိန်တည်းမှာပဲ သူ့ဝိညာဉ်ကျောက်တုံးအိတ်ကို ထုတ်တယ်။ သူက ခဏစဉ်းစားနေရင်း နောက်တော့ သိုလှောင်အိတ်ထဲက ဝိညာဉ်ကျောက်တုံးသုံးလုံးကို သွန်ချလိုက်တယ်။
"တောင်းပန်ပါတယ်။ ကျုပ် အရင်တစ်ကြိမ်က လူတစ်ယောက်ကို ကူညီဖို့ ဝိညာဥ်ကျောက်တုံးတွေ သုံးခဲ့တာ၊ ခုသုံးခုပဲကျန်တော့တယ်၊ ကျုပ်မှာ..."
သူက ပြောနေရင်း အသံတိမ်ဝင်သွားပြီး ရှေ့ကလူကို မော့ကြည့်ကာ မျက်လုံးတွေပြူးလာတယ်။ သူ နောက်ဆုံးတော့ နားလည်သွားပြီ။ သူလက်ထဲကိုင်ထားတဲ့ ကြော်ငြာစာရွက်တွေအားလုံး တစ်ပြိုင်နက် မြေကြီးပေါ်ကျကုန်တယ်။ "ခင်ဗျား... ခင်ဗျား... ခင်ဗျားက”
"အင်း" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။ "မင်းတွေးတဲ့အတိုင်း အတိအကျပဲ" သူက အဲလောက်မတုံးလို့ တော်သေးတာပေါ့။ ကူယွဲ့ ဘာကိုသဲလွန်စပေးနေလဲ နောက်ဆုံးတော့ သဘောပေါက်သွားပြီ။
ကျိုးရှုမင်က ကူယွဲ့ကို မျက်နှာသေစိုက်ကြည့်ရင်း သူ့မျက်လုံးတွေကို မယုံရဲဖြစ်နေတယ်။ သူက စမ်းသပ်တယ်။
"ခင်ဗျားက တကယ်”
"အင်း"
"ခင်ဗျားက... မိန်းကလေးရှန်းလား"
ကူယွဲ့ ။ ။ "..."
ငါ့ဖင်ကိုရှန်း
ဖွီ...။
ကူယွဲ့ သူ့နားဘေးမှာ တခစ်ခစ်ရယ်သံနှစ်ခုကို မသဲမကွဲကြားလိုက်ရတယ်။ သူ ကိုယ်ပျောက်နေဆဲ လူနှစ်ယောက်ကို ဒေါသတကြီး လှည့်ကြည့်လိုက်တယ်။ သူတို့ပခုံးတွေတောင် တုန်ခါနေတာပဲ။ "ခွေးလေးတွေ ပါးစပ်ပိတ်ထားကြ"
သူ အသံတိတ် စိတ်ထဲကနေ လှမ်းအော်လိုက်တယ်။ သူ သူတို့ရဲ့ တုန်ခါနေဆဲကျောပြင်တွေကို မျက်မှောင်ကြုတ်ကြည့်ရင်း အေးစက်စက် အငွေ့အသက်ထွက်လာတော့တယ်။ သူက အံကိုကြိတ်ရင်း မေးတယ်။
"ငါက ဘယ်မှာ ရှန်း... ရင်နဲ့တူလဲ" မင်း သောက်လုံးကန်းနေတာလား။ ငါ့ကို မိန်းကလေးရှန်းလို့ ထပ်ခေါ်ရဲခေါ်ကြည့်လိုက်။ ယောက်ျားနဲ့ မိန်းမတောင် မခွဲနိုင်ဘူးလား။
"တာအိုရောင်းရင်း... ကူယွဲ့လား" ကျိုးရှုမင် တုန်ယင်သွားကာ ချက်ချင်း ပြောင်းခန့်မှန်းလိုက်တယ်။
ဟမ့် နောက်ဆုံးတော့ မှတ်မိပြီပေါ့
ကူယွဲ့ စုပ်သတ်ကာ ကျိုးရှုမင်လက်ထဲက ဝိညာဉ်ကျောက်တုံးသုံးလုံးကို ဆွဲလုလိုက်တယ်။ "မှတ်ထား၊ မင်း ငါ့ကို ဝိညာဉ်ကျောက်တုံးတစ်ခု အကြွေးတင်နေသေးတယ်"
"ဟမ် အိုး" ကျိုးရှုမင်က ထိတ်လန့်နေသေးတာ သိသာတယ်။ သူက ကူယွဲ့ကိုခေါင်းညိတ်ပြကာ အခုသူစိမ်းကို ခေါင်းစခြေဆုံး ကြည့်တော့တယ်။ "ညီကိုကူယွဲ့၊ ခင်ဗျား ဘာဖြစ်သွားတာလဲ"
"ပြောရရင်တော့ရှည်တယ်..." ကူယွဲ့ ဇာတ်လမ်းတစ်ပုဒ်ဆင်ဖို့ အသင့်ပြင်လိုက်တယ်။
"ခဏ" ကျိုးရှုမင်က တစ်ခုခုကို ပြန်စဉ်းစားမိသလို ရုတ်တရက်အော်တယ်။ သူက ဟိုဟိုဒီဒီကြည့်ကာ ဘယ်သူမှ သူတို့နားမရှိတာ သေချာအောင်လုပ်ပြီးမှ ဘေးကိုဖယ်ပြီး ပြောတယ်။
"ညီကိုကူယွဲ့၊ အထဲဝင်စကားပြောကြရအောင်" သူက အိမ်ထဲအမြန်ဆုတ်သွားကာ ပြတင်းပေါက်အားလုံး ပိတ်ပြီးမှ စကားပြောတယ်။ "ညီကိုကူယွဲ့ ခင်ဗျား ဘယ်လိုပျောက်သွားတာလဲ"
ကူယွဲ့ ဟိုဟိုဒီဒီကြည့်ကာ ဇာတ်လမ်းကိုစရွှီးတော့တယ်။ "တကယ်တော့ ကျုပ်က ကွေ့ယီဂိုဏ်းကို တကယ်ဝင်ချင်တာ မဟုတ်ဘူး၊ ကျုပ် အဲနေ့က လှေပေါ်တက်ချိန် လုပ်ခဲ့တာကို ချက်ချင်း နောင်တရသွားခဲ့တယ်၊ အဲဒါကြောင့် ကျုပ်ထွက်ပြေးဖို့ ကြံစည်ခဲ့တာပဲ"
"သိပြီ" ငတုံးကျိုးက ကူယွဲ့ကို ချက်ချင်းယုံကာ ခေါင်းညိတ်ပြီး ပြောတော့တယ်။ "ကျုပ်ပြောသားပဲ၊ ခင်ဗျားတို့ သုံးယောက် ထိုက်ယန်ဂိုဏ်းကို ဝင်တာ အကောင်းဆုံးရွေးချယ်မှုပါဆို၊ ဒီဂိုဏ်းကိုဝင်တာနဲ့ပတ်သက်ပြီး အတွေးတွေထပ်ပေါ်လာတာ ပုံမှန်ပါပဲ၊ အော်ဟုတ်သား မိန်းကလေးရှန်းနဲ့ တာအိုရောင်းရင်း ယိချင်းရော၊ ဘာလို့ ခင်ဗျားပဲ ဒီရောက်နေတာလဲ၊ မျက်နှာကရော ဘာလို့ ခုပြောင်းနေရတာလဲ"
"ကျုပ်ပြောချင်တာက... ကျုပ် အဲနေ့က ဝိညာဉ်လှေကထွက်သွားချင် မတော်တဆကိုယ့်ကိုယ်ကိုယ် ရုပ်ပျက်စီးအောင် လုပ်မိသွားတယ်၊ ခင်ဗျား အဲဒါကိုယုံမလား"
"အဲတော့ အဲလိုဖြစ်ခဲ့တာကိုး" ကျိုးရှုမင်က သေချာပေါက် ယုံတာပေါ့။ "ခင်ဗျား ကျင့်ကြံမှုလည်း ဘာလို့ယိုယွင်းသွားလဲ သိချင်နေတာ၊ ခင်ဗျား ဒဏ်ရာရသွားခဲ့လို့ကိုး၊ ဒဏ်ရာက ပြင်းလား၊ ခင်ဗျား အပြည့်အဝ ပြန်ကောင်းပြီလား၊ ခင်ဗျား အုတ်မြစ်ကိုရော သက်ရောက်မှုရှိမှာလား"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
မင်း တကယ် ဒီပေါက်ပန်းလေးဆယ်ဇာတ်လမ်းကို ယုံနေတယ်ပေါ့လေ မင်းက တကယ့်အရူးပဲမဟုတ်လား
"ဒါဆို မိန်းကလေးရှန်းနဲ့ တာအိုရောင်းရင်းယိချင်းတို့ ပျောက်နေတာက သူတို့လည်း ထိုက်ယန်ဂိုဏ်းဆီ ပြန်သွားလို့ပေါ့လား" ကျိုးရှုမင်က ပျောက်နေတဲ့ မိတ်ဆွေနှစ်ယောက်အတွက် သူ့ဘာသာ ဇာတ်လမ်းလုပ်လေတယ်။ သူက ဇာတ်လမ်းက ဟာကွက်တွေကိုပါဖြည့်ပေးပြီး ကူယွဲ့ ထိုက်ယန်ဂိုဏ်းဆီ ဝင်ခွင့်မရတော့ဘဲ ကွေ့ယီဂိုဏ်းဆီ အတင်းပြန်လာခိုင်းခံရတဲ့အကြောင်းပါ ဆင်ခြေပြုလုပ်တော့တယ်။
ကူယွဲ့ ကျိုးရှုမင်ကို ခေါင်းစခြေဆုံးကြည့်ကာ ခဏနေတော့ ပခုံးကို နှစ်သိမ့်တဲ့အနေနဲ့ ပုတ်ပေးလိုကိတယ်။
"ငါပြောမယ် နှစ်ကျပ်..."
"အာ ဟမ်" ကူယွဲ့က သူ့ကို နှစ်ကျပ်လို့ခေါ်နေတာလား။
"မင်းက ငါတွေ့ဖူးသမျှထဲ စိတ်အရိုးရှင်းဆုံး အရူးပဲ" ကူယွဲ့ ကြိုးစားပမ်းစားတောင် မလိမ်ရသေး ကျိုးရှုမင်က သူ့ဘာသာ ဟာကွက်တွေကို ဖြည့်ပေးသွားတယ်။ အင်း ဒါက နှံ့စပ်တဲ့ မိတ်ဆွေပဲ။ ကောင်းပြီလေ၊ သူ ကျန်နေတဲ့ ဝိညာဉ်ကျောက်တုံးတစ်တုံးကို မလိုချင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။
"..."