← Chapters

အခန်း (၆၄၀-၆၄၂)

Vol. 43 Ch. 640-642

အခန်း (၆၄၀-၆၄၂)

Vol. 43 Ch. 640-642

အခန်း ၆၄၀ ။ ကိုယ်နှင့်စိတ်ကို နှိပ်စက်

သုံးလအကြာ။

ပန်းရောင်ဝတ်ထားတဲ့ လူရိပ်တစ်ခုက တောင်ခြေက အပြင်စည်းအတွက် တာဝန်ရှိသူ အိမ်တော်ထိန်းဟယ်နောက်ကနေ ပေါ်လာပြီး တောင်အောက်က ဝိညာဉ်ကွင်းပြင်ဆီ လျှောက်နေကြတယ်။

"ဂိုဏ်းတူညီမရှုယီ၊ မင်း ကိုယ်တိုင်ကိုယ်ကျ ဒီကိုလာစရာမလိုပါဘူး၊ တစ်ခုခုလိုရင် အမိန့်ပေးလိုက်တာနဲ့ ‌တျန်းချန်တောင်ဆီ လူလွှတ်ပို့ပေးလိုက်မှာပေါ့" အိမ်တော်ထိန်းဟယ်က လမ်းပြရင်း ကပ်ဖားယပ်ဖား ပြုံးကာပြောတယ်။

"ဂိုဏ်းတူအစ်ကိုဟယ်က ယဉ်ကျေးလွန်းနေပါပြီ၊ ဘယ်လိုလုပ် အလုပ်ရှုပ်အောင် လုပ်ရက်မှာလဲ" ရှစ်ယီက ခပ်ရှက်ရှက်ပြုံးကာ သူမအမူအရာက အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းနေလေရဲ့။ "ကျွန်မအဖေက ဝိညာဉ်ပြုပြင်ဆေးလုံးတွေ သန့်စင်ဖို့ လိုတာကို မွှေးရနံ့ဝိညာဉ်ချုံ မရှိတာနဲ့ ကြုံနေတာ၊ ဒီလိုအဆင့်နိမ့် ဆေးပင်တွေက အပြင်စည်းမှာပဲ စိုက်ပျိုးကြတာဆိုတော့ ကျွန်မလည်း အားတာနဲ့ ဒီကိုလာခဲ့လိုက်တာ"

"ဂိုဏ်းတူညီမလိုချင်တဲ့ မွှေးရနံ့ဝိညာဉ်ချုံက အကြီးအကဲရှုယွမ်လိုနေတာဖြစ်တာကိုး" အိမ်တော်ထိန်းဟယ်က ထိတ်လန့်သွားပြီး သူ့အပြုအမူက ပိုပြီးတောင် တလေးတစားရှိလာတယ်။

"ဂိုဏ်းတူညီမလေးရှုယွီက တကယ်ကို အကြီးအကဲရှုယန်ရဲ့ ကလေးပဲ၊ သိတတ်လှတယ်၊ မင်းရဲ့ကျင့်ကြံဆင့်က အရမ်းကိုမြန်မြန် မြင့်တက်နေတာကိုတော့ ထည့်ပြောစရာတောင်မလိုဘူး"

"ဂိုဏ်းတူအစ်ကိုဟယ်က မြှောက်ပြောနေတာပဲ" ရှုယီက ရိုးအတဲ့ကလေးမလိုမျိုး ရှက်တက်တက်ပြုံးတယ်။

"အပြင်ဂိုဏ်းမှာက မွှေးရနံ့ဝိညာဉ်ချုံတွေ အများကြီးရှိတယ်၊ ဒီနေ့ကလည်း သုံးလတစ်ကြိမ် ရိတ်သိမ်းတဲ့နေ့ပဲ" အိမ်တော်ထိန်းဟယ်ရဲ့ အကြည့်က ပိုပိုပြီးကြင်နာလာကာ အရှေ့ကို အမြန်လက်ညှိုးထိုးပြတယ်။ "ဂိုဏ်းတူညီမရှု လိုက်ခဲ့ပါ၊ မင်း ဘယ်ကွင်းကိုသဘောကျလဲ စိတ်ကြိုက်အသိပေးလို့ရတယ်"

"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို" ရှုယီက ချက်ချင်း ခုန်ပေါက်ပြီး နောက်ကလိုက်လာတယ်။ ဝိညာဉ်ကွင်းပြင်ကျယ်ကြီးတစ်ခုကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ တမင်တကာလား မသေချာပေမဲ့ သူမက ထောင့်စွန်းက ဝိညာဉ်ကွင်းပြင်ဆီ တန်းတန်းမတ်မတ် ချည်းကပ်သွားတယ်။

ရုတ်တရက် ထူးဆန်းတဲ့အသံတစ်သံထွက်လာတယ်။

[လက်ခံသူ၊ မင်း နှလုံးသားပုံအမတအဆောင်ကို အမြန် သန့်စင်ပြီး ပိုင်ရှင်အတွက် အတိအကျ ကူလက်စားချေပေးဖို့ စီစဉ်နေတာ မဟုတ်လား၊ ခု ဒီမှာဘာလုပ်နေတာလဲ]

"သေချာပေါက် အပူပေးဖို့ပေါ့" ရှုယီကစိတ်ထဲကနေ ဖြေလိုက်တယ်။ "ကျိုးရှုမင်က အပြစ်ဒဏ်အနေနဲ့ ဝိညာဉ်ကွင်းပြင်မှာ လယ်စိုက်ဖို့ အပြစ်ပေးခံခဲ့ရတာမဟုတ်လား၊ ပြီးတော့ သူ့ကို မြေတစ်ကွက်ပေးထားတာ၊ ခု သုံးလအချိန်ကန့်သတ်ချက်က ပြီးပြီဆိုတော့ သေချာပေါက် ဝိညာဉ်ဆေးပင်ရိုးတံအခု၅၀ တင်ပို့ပေးနိုင်မှာ မဟုတ်ဘူး၊ သေချာပေါက် သူ့ကိုငါကူညီရမှာပေါ့"

[ကူညီမယ်လား ဘာလို့လဲ၊ ကျိုးရှုမင်က ကျွန်တော်တို့ရန်သူ မဟုတ်ဘူးလား၊ သူက သူမအရင်ဘဝမှာတုန်းက ပိုင်ရှင်ကို သတ်ခဲ့သူလေ၊ ဘာလို့ သူ့ကိုကူညီနေတာလဲ]

"စနစ်ရယ် နင်နားမလည်ပါဘူး" ရှုယီက သက်ပြင်းချတယ်။ "ကျိုးရှုမင်လို ငနာကောင်တစ်ယောက်အတွက် သူ့အခွင့်အရေးတွေကို လုယူပြီး တက်လှမ်းမှာကို တားဆီးတာနဲ့တင် ပိုင်ရှင်က စိတ်ကျေနပ်မှာမဟုတ်ဘူး၊ သူ့နာမည် မကျန်တော့တဲ့အထိ ကိုယ်ရောစိတ်ပါ နှိပ်စက်ပြီး သူ ကျင့်ကြံလိုစိတ် လုံးဝကုန်ခမ်းအောင် လုပ်ပြီးမှ ငါတို့လက်စားချေမှုရဲ့ပန်းတိုင်ကို ရောက်နိုင်မှာပေါ့၊ တစ်ခါတလေ အသက်ရှင်လျက်နေရတာက သေရတာထက်ဆိုးတယ်"

[၀၀၁ နားမလည်ပါဘူး၊ ကျွန်တော်တို့တွေက သူ့အရေးကြီးဆုံး အမတအသုံးအဆောင်ကို ယူပြီးသလို သူ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူရဲ့တပည့် ဖြစ်လာမဲ့အခွင့်အရေးကိုလည်း ဖျက်ဆီးပြီးပြီ၊ အဲဒါ မလုံလောက်ဘူးလား]

"သေချာပေါက် မလုံလောက်ဘူးပေါ့" ရှုယီက ဒေါသတကြီးပြောတယ်။ "သူ့အရင်ဘဝတုန်းက မူလပိုင်ရှင်ရှုယီက သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ပြီး သူ့အတွက် ခဏခဏ အန္တရာယ်တောထဲ ဝင်တိုးဖို့ဆန္ဒရှိခဲ့တယ်၊ ဒါပေမဲ့ သူက အဲဒါကို ဘယ်လိုတန်ဖိုးထားရမလဲမသိဘူး၊ သူမကို လက်ထပ်ဖို့ တရားဝင်ငြင်းဆန်ခဲ့သလို ဂိုဏ်းထဲဝင်ခါစ တပည့်တစ်ယောက်အတွက်နဲ့ သူမကို အရှက်ရအောင်ပါ လုပ်ခဲ့တယ်၊ တကယ်လို့ အဲဒါတွေကြောင့်သာမဟုတ်ရင် ပိုင်ရှင်က ဘယ်လိုလုပ် မိစ္ဆာလမ်းကူးသွားမှာလဲ၊ အဆုံးကျ သူမက သူ့လက်ထဲမှာပါ သေခဲ့ရတယ် ကျိုးရှုမင်က ရှုယီဘဝတစ်ခုလုံးကို ဖျက်‌ဆီးခဲ့တာ၊ မတက်လှမ်းနိုင်တော့တာကြောင့်လေးနဲ့ ပိုင်ရှင်ရဲ့အငြိုးကို ဖယ်ရှားနိုင်မှာလဲ"

[ဒါဆို ဘာလုပ်ဖို့ရည်ရွယ်ထားလဲ]

"သူက ပိုင်ရှင် ဂိုဏ်းတူညီမအတွက် တစ်ခါမှ ခံစားချက်မရှိပါဘူးလို့ မပြောခဲ့ဘူးလား" ရှုယီက အေးစက်စက်ရယ်တယ်။ "သေချာပေါက် သူ့ကို ဆန္ဒရှိပေမဲ့ မပိုင်ဆိုင်နိုင်တဲ့အရသာကို ပေးမြည်းပစ်မယ်"

[အဲတော့ ဒီတစ်ကြိမ် လက်ခံသူ ဒီကိုလာတာက ဝိညာဉ်ဆေးပင်တွေ မဆက်နိုင်တဲ့အတွက် အပြစ်ပေးခံရမှာကို လွတ်အောင် ဟန်ဆောင်ကူညီပြီး ကျိုးရှုမင် မင်းအတွက် ခံစားချက်တွေပေါ်လာအောင်လုပ်မယ်ပေါ့]

"ခံစားချက်တွေရှိတာနဲ့တင် ဘယ်လောက်မလဲ" ရှုယီကပြောတယ်။ "ဖျက်မရတဲ့အချစ် လုပ်ပစ်မယ်"

[မင်းက တကယ့်ကိုအတော်ဆုံး လက်ခံသူပဲ၊ အကောင်းဆုံးဖြစ်ပါစေ မင်းအပေါ် ယုံကြည်တယ်]

ရှုယီက ပြန်မဖြေပေမဲ့ သူမမျက်စိထဲက မော်ကြွားမှုကတော့ လေးနက်လာကာ သူမစီစဉ်ထားတဲ့အရာကို အောင်မြင်နိုင်အောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားမှုအရိပ်အယောင်ရှိနေတယ်။

မနီးမဝေးက တောင်ကုန်းပေါ်။

အားလုံးကို နားထောင်နေတဲ့ကူယွဲ့ ။ ။ "..."

ရောက်လာကာစ ယိချင်း ။ ။ "..."

ပြော အဲကျင့်ကြံသူနှစ်ယောက်က သူတို့စကားပြောတာရဲ့ ဒီလိုမျိုးလူအများဆီ ထုတ်လွှင့်နေတဲ့ပုံစံကို လုံးဝမရိပ်မိတာလား။ သူ မီတာနည်းနည်းအလိုကနေတင် လှမ်းကြားနေရတာ၊ တကယ် တကယ် ဆူညံလွန်းတယ်။

သူ ကွင်းဘေးမှာ တရားထိုင်နေပြီဖြစ်တဲ့ "ငနဲ" ကျိုးနှစ်ကျပ်ကို ကြည့်လိုက်တယ်။ ဒါက သူ့မျက်နှာကို သေချာကြည့်ဖူတဲ့ ပထမဆုံးအကြိမ်ပဲ။ သူ့ရုပ်ရည်က တကယ်ကိုသာမန်ပါပဲ အဲကံမကောင်းတဲ့ အရူးစုန့်ရန်လောက်တောင် ကြည့်မကောင်းဘူး သူက သူ့တက်လှမ်းမှုတောင် ဖျက်ဆီးခံရတဲ့ထိ ဘယ်လိုများ ဒီလိုစိတ်ညစ်စရာ အချစ်ဇာတ်လမ်းထဲ ရောက်သွားရတာတုံး။ နှစ်ကျပ်လို့ခေါ်တာ မဆန်းတော့ဘူး။

"ဖေဖေနျို..." ယိချင်းက ကူယွဲ့ကို စပ်စုသလို ကြည့်ကာ ကွင်းပြင်ဘေးတရားထိုင်နေတဲ့ကျိုးရှုမင်ဘက် လှည့်လိုက်တယ်။

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ "ပြန်ကြစို့ အဲကျူးကျော်သူက ရောက်လာတော့မယ်ထင်တယ်"

ယိချင်းက နောက်တော့ လက်ယမ်းကာ ကျိုးနှစ်ကျပ်ဘေးက ဝိညာဉ်စုဝေးအင်းကွက်ကိုဖြည်ကာ ကူယွဲ့ရှေ့က အဆာသွတ်မုန့်နှစ်ပန်းကန်ကို သိမ်းဆည်းလိုက်တယ်။

"သေစမ်း ငါ အဲဒါ ဒီယူလာတာဟ" မင်းမှာ သိမ်းဖို့ ဘာလုပ်ပိုင်ခွင့်ရှိလဲ၊ သူက လုယူဖို့ စဉ်းစားနေပေမဲ့ အဲလူနှစ်ယောက်က နေရာ‌ဆီ ချဉ်းကပ်လာနေပြီ။

"ဂိုဏ်းတူအစ်ကိုဟယ်၊ အဲမှာဘာတွေစိုက်ထားတာလဲ၊ မွှေးရနံ့ဝိညာဉ်ချုံအငွေ့အသက်လည်း ရှိနေတဲ့ပုံပဲ" ရှုယီက ရုတ်တရက် ခြုံနွယ်ပိတ်ပေါင်းတွေ ကာဆီးထားတဲ့ ဘေးဘက်အစွန်ဆုံးက ဝိညာဉ်ကွင်းပြင်ဆီ လက်ညှိုးထိုးတယ်။

"အဲက ဝိညာဉ်ကွင်းပြင်က ပိုပြီးချောင်ကျတယ်၊ ဝိညာဉ်ချီလည်းပိုပါးတယ်" အိမ်တော်ထိန်းဟယ်က ရုတ်တရက် အတွေးတစ်ခုပေါ်လာတယ်။

"အော်ဟုတ်သား၊ အရင်က ဒီကိုပို့ခံရတဲ့တပည့်တစ်ယောက်ရှိတယ်ထင်တယ်၊ အချိန်ကိုတွက်ကြည့်ရင်... သူ ဝိညာဉ်ဆေးပင်တွေ ပေးဖို့အချိန်တန်ပြီ"

"အဲလိုဆိုမှတော့ တစ်ချက်သွားကြည့်ရအောင်၊ ဘယ်သူသိမှာလဲ၊ ပိုပြီးကောင်းတဲ့အခြေအနေနဲ့ မွှေးရနံ့ဝိညာဉ်ချုံတွေ ရှိရင်ရှိမှာ"

"သေချာပေါက်ပေါ့" တစ်စုံတစ်ခုက အိမ်တော်ထိန်းဟယ် မျက်ဝန်းထဲ ဖြတ်ပြေးသွားပြီး ခေါင်းညိတ်တယ်။ "ငါတို့ အဲတပည့်ကိုလည်းရှာပြီး သူပေးရမဲ့ ဝိညာဉ်ဆေးပင်တွေ သိမ်းလို့ရတယ်" သူက လေးနက်မှုအပြည့်နဲ့ဖြေပေမဲ့ စိတ်အတွင်းထဲမှာတော့ စဉ်းစားနေတာက အဲဒီမြေက ဘယ်လိုများ ဝိညာဉ်ဆေးပင်တွေ ပေါက်ရောက်နိုင်မှာလဲဆိုတာပဲ။

အဲတုန်းက လူကြီးပိုင်းတွေက ဒီတပည့်ကို ဒီမြေဆီပို့ချိန် ဒီတပည့်က အဲကတစ်ယောက်ယောက်ကို အပြစ်ပြုမိပြီးပြီဆိုတာ သူနားလည်ခဲ့တယ်။ သူက ဒီသုံးလရိတ်သိမ်းချိန်ထိပဲ စောင့်ဖို့ လိုနေခဲ့သေးတာ။ သူ ဝိညာဉ်ဆေးပင်တွေ မပေးနိုင်တဲ့အခါ ဒါဆို ဂိုဏ်းထဲကနေ ကန်ထုတ်နိုင်ပြီ။ ဒီလိုအဖြစ်အပျက်တွေက အပြင်စည်းမှာ ဖြစ်နေကျမို့ လူတိုင်းက အလိုလိုနားလည်နေကြပြီ။ အခု အတွင်းစည်းတပည့် ရှုယီက ရှိနေပြီး နတ်ဝိညာဉ်အကြီးအကဲတစ်ယောက်ရဲ့ သမီးဖြစ်နေတော့ ဘယ်သူသိမလဲ။ သူမက အတွင်းစည်းဆီ သတင်းပြန်သယ်သွားလောက်ပြီး သူ မျက်နှာကောင်းရရင်ရနိုင်တယ်။

သူ စဉ်းစားရင်း လမ်းလျှောက်နေတာပိုပိုမြန်လာကာ ရှည်လျားတဲ့ချုံခင်းတွေကို ဖြတ်သန်းပြီး ဘေးအစွန်က မြေကွက်‌ဆီ ဦးတည်ခဲ့တယ်။ ရှုယီမျက်လုံးတွေ အရောင်မှိန်သွားပြီး ချက်ချင်း လိုက်သွားတော့တယ်။

အဲမြေကွက်က တောင်စွန်းမှာတင် ရှိတာ။ ဝိညာဉ်ချီ မလုံလောက်လို့ ပတ်ပတ်လည်မြေပြင်အားလုံးက ကျက်တီးခေါင်ဖြစ်နေပြီး လူလောက်ရှည်ကာ မြင်ကွင်းကိုကာစီးနေတဲ့ ချုံနွယ်တွေပြည့်နေတယ်။ အဲမြေအခြေအနေက လုံးဝကို မြင်ကွင်းကနေ ဖုံးအုပ်နေလေရဲ့။

လူနှစ်ယောက် အတွေးကိုယ်စီနဲ့ လမ်းသွယ်အတိုင်းလျှောက်ရင်း ရှုယီက ပတ်ပတ်လည်က ချုံတွေကို တစ်ချက်ကြည့်ကာ အတွေးတွေက ပိုပြီးခိုင်မာလာခဲ့တယ်။ ဒါကြောင့် သူမက မသိသလိုဟန်ဆောင်ပြီး မေးလိုက်တယ်။ "ဂိုဏ်းတူအစ်ကိုဟယ်၊ ဒီနေရာက လူမနေတာ တော်တော်ကြာနေပြီထင်တယ်၊ ဘာလို့ စိုက်ပျိုးဖို့ တပည့်တစ်ယောက်ကို ဒီလွှတ်မှာလဲ၊ ဝိညာဉ်ဆေးပင်တွေ စိုက်လို့ရရဲ့လား"

"ဂိုဏ်းတူညီမ နောက်နေတာပဲဖြစ်ရမယ်၊ ဒါက ဝိညာဉ်ကွင်းပြင်လေ၊ လူတစ်ယောက်က စိတ်မြှုပ်နှံထားသရွေ့ သူက သဘာဝကျကျ ဝိညာဉ်‌ဆေးပင်တွေ စိုက်ပျိုးနိုင်တာပေါ့" အိမ်တော်ထိန်းဟယ်က ပြန်ဖြေပြီး နောက်ဆုံးတော့ ချုံနွယ်တွေကို ကွေ့ပတ်ဖြတ်သန်းခဲ့တယ်။

"ဒါပေမဲ့ ဒီမြေအပိုင်းအစက ဝိညာဉ်ချီ မရှိသလောက်ပဲ၊ သူက ပေးစရာ ဝိညာဉ်ဆေးပင်တွေရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ၊ ဒါ သူ့အတွက် ခက်ခဲအောင်လုပ်နေတာလား" သူက နောက်ကျ ပြောပေးလို့ရအောင် ခုတည်းက စကားခံနေတယ်။ ဒါပေမဲ့ နားလည်လိုက်ရတာက သူမရှေ့ကလူဟာ လမ်းလျှောက်နေရင်း နေရာမှာတင် ရုတ်တရက်ရပ်သွားတာပဲ။ "ဂိုဏ်းတူအစ်ကိုဟယ်၊ ဂိုဏ်းတူအစ်ကိုဟယ်"

…

အခန်း ၆၄၁ ။ ဂိုဏ်းတူအစ်မကရူး

ရှုယီက အဲဝိညာဉ်ကွင်းပြင်ကိုကြည့်ဖို့ ဘေးထွက်ရပ်မို့ရှိသေး မနီးမဝေးက မြက်ခြုံတစ်ခုထဲ တရားထိုင်နေတဲ့ ဝတ်ရုံစိမ်းနဲ့လူတစ်ယောက်ကို မြင်သွားခဲ့တယ်။ ဒါက သူ အရင်က ခန်းမထဲမြင်ခဲ့တဲ့ ကျိုးရှုမင်ပဲ။ သူမ မျက်လုံးတွေက ချက်ချင်း အရောင်မှိန်သွားခဲ့လေတယ်။

တစ်ဖက်ခြမ်းမှာ တရားထိုင်နေသူက လူတွေချဉ်းကပ်လာတာကို အာရုံခံမိပုံပေါ်ပြီး ချက်ချင်း သတိဝင်လာကာ ဝင်ပေါက်ကလူနှစ်ယောက်ကို လှည့်ကြည့်တယ်။ အရှေ့မှာရှိတဲ့ အိမ်တော်ထိန်းဟယ်ကို မှတ်မိသွားလို့ထင် သူက မျက်မှောင်ကြုတ်ကာ လျှောက်လာပြီး ဂါရ၀ပြုတယ်။

"နှုတ်ခွန်းဆက်သပါတယ် ဂိုဏ်းတူအစ်ကိုဟယ်နဲ့... ဂိုဏ်းတူအစ်မ"

ရှုယီ ရင်ထဲက သတ်ဖြတ်ချင်စိတ်ကို ချက်ချင်းရုတ်သိမ်းကာ တည်ငြိမ်စွာပြုံးလိုက်တယ်။

"ဒီမြေကိုလယ်စိုက်နေတဲ့ တပည့်မလား"

"ဟုတ်ပါတယ်" ကျိုးရှုမင်က ဖြေကာ အိမ်တော်ထိန်းဟယ်ဘက် လှည့်လိုက်တယ်။

"ဂိုဏ်းတူအစ်ကိုဟယ်က ဝိညာဉ်ဆေးပင်ရိုးတံ၅၀ကို လာသိမ်းတာပါလား"

"... အဲလိုပဲပြောရမလား" နောက်တော့ အိမ်တော်ထိန်းဟယ်က ခေါင်းလှည့်လာကာ ကျိုးရှုမင်ကို ထိတ်လန့်တကြား ကြည့်ပြီး သူ့အသက်ရှူနှုန်းက နည်းနည်းမြန်ဆန်နေကာ ကျယ်လောင်စွာမေးတယ်။ "ဒီ... ဒီဝိညာဉ်ကွင်းက မင်းစိုက်ထားတာပေါ့"

ကျိုးရှုမင်က ခေါင်းညိတ်တယ်။ "ကျွန်တော် ဂိုဏ်းတူညီကူယွဲ့နဲ့တူတူ စိုက်ထားတာပါ"

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" အိမ်တော်ထိန်းဟယ်အသံက ခုပိုတောင်ကျယ်လောင်လာပြီ။

ရှုယီအကြည့်က မှေးမှိန်သွားကာ သူ့ကို အခက်တွေ့အောင်လုပ်ဖို့ ယုံကြည်ချက်ရှိသလိုမျိုး မျက်လုံးထဲ ပြုံးရိပ်သန်းသွားတယ်။ သူမက ချက်ချင်း ရှေ့ကိုတက်လာကာ အားတုံ့အားနာအမူအရာနဲ့ပြောတယ်။

"ဂိုဏ်းတူအစ်ကိုဟယ်၊ ဒီအတွက် ဒီဂိုဏ်းတူမောင်ကို အပြစ်တင်လို့မရဘူးလေ၊ ကျွန်မတို့အားလုံး ဒီမြေက ဝိညာဉ်ချီပါးပြီး ဝေးခေါင်တဲ့နေရာဆိုတာ သိတာကို ဒီမှာ သူ လယ်စိုက်အောင်စီစဉ်ခဲ့သေးတယ်၊ အစတည်းက မတရားတာကို ဘယ်လိုလုပ် ဝိညာဉ်ဆေးပင်ကောင်းတွေ ပေါက်လာမယ်မျှော်လင့်လို့ရမှာလဲ"

အိမ်တော်ထိန်းဟယ်က မှင်တက်သွားကာ အလိုလို ငြင်းမိလိုက်တယ်။ "ဟင့်အင်း ဂိုဏ်းတူညီမရှု၊ ငါ..."

"ရှင် ဘာပြောချင်လဲ သိပါတယ်" ရှုယီက နာကျင်နေတဲ့အကြည့်နဲ့ကြားဖြတ်ပြောတယ်။

"ကွေ့ယီဂိုဏ်းကစည်းမျဉ်းတွေက အရမ်းကိုတင်းကြပ်တာ၊ ဒါပေမဲ့ သူ့အခြေအနေတွေကို ထောက်ထားနိုင်ပါတယ်၊ တကယ်လို့ ဒီကိစ္စကိုဖိအားပေးချင်နေရင် ကျွန်မအဖေကို တန်းအသိပေးပြီး တရားသူကြီးလုပ်ခိုင်းဖို့ ဝန်မလေးဘူး"

"..." အိမ်တော်ထိန်းဟယ် ယာယီမှင်တက်သွားတယ်။ အဲအခိုက်အတန့်‌မှာ ဘာတွေပြောနေရမလဲမသိတော့ဘူး။ ဟင့်အင်း ဘာတွေဖြစ်နေတာလဲ။

ဒါပေမဲ့ ရှုယီက သူ မှင်တက်ပြီး ဖိနှိပ်ခံလိုက်ရပြီ တွေးနေတယ်။ ဟမ့် ဒီဂိုဏ်းက တကယ်ကို အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တဲ့လူတွေအပြည့်ပဲ။

အေးစက်မှုက သူမနှလုံးသားထဲ ဖြတ်ပြေးသွားကာ ရှေ့ကို စိုးရိမ်နေတဲ့အမူအရာနဲ့ တက်လာပြီး မျက်နှာချင်းဆိုင်ကာ ကျိုးရှုမင်ကိုကြည့်တယ်။

"ဂိုဏ်းတူမောင်၊ နင် အကောင်းဆုံးကြိုးစားထားတာ ငါသိပါတယ်၊ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုပြောတာလည်း မှန်တယ်၊ ကွေ့ယီဂိုဏ်းမှာက စည်းကမ်းတွေနဲ့၊ ဒီလိုဆိုရင်ရော" သူမက သိုလှောင်အိတ်တစ်အိတ်ထုတ်လာတယ်။

"ဒီမှာ အဆင့်နိမ့်ဝိညာဉ်ဆေးပင်တွေ ရိုးတံ၁ရာကျော်ရှိနေတာနဲ့အတော်ပဲ၊ ဒီတစ်ခေါက်ရိတ်သိမ်းမှုမှာ ပေးစရာပမာဏအတွက် ငါနင့်ကို ကူညီပေးတာကို ယူလိုက်ရင်ရော"

အဲလိုပြောပြီး သူမက စိတ်ရင်းထက်သန်တဲ့အမူအရာနဲ့ ကမ်းပေးတယ်။

ကျိုးရှုမင် ။ ။ "..."

အိမ်တော်ထိန်းဟယ် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

နေရာက ချက်ချင်းကိုလုံးဝ တိတ်ဆိတ်သွားခဲ့တယ်...။

ဘာကြောင့်မှန်းမသိ၊ ကျိုးရှုမင် ညီကိုကူယွဲ့ လေ့ကျင့်ရေးအတွင်း မကြာခဏဆူတတ်တဲ့ 'ငတုံး' ဆိုတဲ့ အဲစကားလုံးကို ရုတ်တရက် နည်းနည်း ဉာဏ်အလင်းပွင့်သွားလေတယ်။

သူ သူမလက်ထဲကအိတ်ကိုတစ်ချက်ကြည့်ကာ အလိုလိုနောက်ပြန်ဆုတ်လိုက်တယ်။ ညီကိုကူယွဲ့ပြောတာ တုံးအမှုက ကူးစက်ရောဂါတဲ့။

"ဘာဖြစ်လို့လဲ" သူ မယူတာမြင်တော့ ရှုယီအပြုံးက ပိုတောင်သိမ်မွေ့ကြင်နာလာ‌တော့တယ်။ "ငါ နင့်ကို ဒါချေးလိုက်တယ်လို့ သတ်မှတ်ရင်ရော"

ကျိုးရှုမင် သူ့ရှေ့က အမျိုးသမီးကို ခေါင်းမော့ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက ရှုပ်ထွေးမှုတွေနဲ့ ပြည့်နေကာ မျက်မှောင်ကြုတ်ရင်း ခဏတာ တုံ့ဆိုင်းနေပြီးမှ တည်ကြည်မှုအပြည့်နဲ့ပြောလာတယ်။ "ဒီအမျိုးသမီး... ခင်ဗျား... ခင်ဗျားရူးနေတာလား"

"ဘာ" အိတ်ကိုကိုင်ထားတဲ့ရှုယီလက်က ချက်ချင်း တောင့်ခဲသွားခဲ့တယ်။

သူမ မတုံ့ပြန်နိုင်ခင် သူမဘေးက အိမ်တော်ထိန်းဟယ်ဆီ သူလှည့်သွားကာ တည်တံ့တဲ့အမူအရာနဲ့ စကားဆက်ပြောတာကို မြင်လိုက်ရတယ်။

"ဂိုဏ်းတူအစ်ကိုဟယ်၊ ဒီဂိုဏ်းတူအစ်မက နေမကောင်းဘူးထင်တယ်... ခင်ဗျားကျင့်ကြံဆင့်က မြင့်တာပဲဟာ၊ သူ့ကို တစ်ချက်လောက် ကြည့်ပေးလိုက်ပါလား"

သူက အင်မတန်လေးနက်စွာ ပြောပြီး စိုးရိမ်မှုအပြည့် မျက်နှာပေါ်ရေးထားကာ သူ့စကားလုံးတွေထဲ လှောင်ပြောင်လိုရိပ် တစ်စက်မှမရှိဘဲ သူမကျန်းမာရေးအတွက် အမှန်တကယ်စိုးရိမ်နေလေတယ်။ "သူ ခေါင်းကိုဒဏ်ရာရထားတာ ဖြစ်နိုင်ခြေအရှိဆုံးလို့ထင်တယ်"

"နင်ဘာပြောလိုက်တယ်" ရှုယီ ဟန်ဆောင်နေတာ တန်းတန့်သွားပြီး သူမမျက်နှာပေါ်က ကြင်နာမှုနဲ့ နူးညံ့မှုက ချက်ချင်းပျောက်ကွယ်သွားကာ သတ်ဖြတ်လိုရိပ်တွေ သန်းလာတော့တယ်။

ဖွီ...။

တစ်ချိန်လုံး စောင့်ကြည့်နေတဲ့ကူယွဲ့ နောက်ဆုံးတော့ မထိန်းနိုင်တော့ဘဲ အကျယ်ကြီးရယ်မိတော့တယ်။

"ညီကိုကူယွဲ့" ကျိုးရှုမင်က ဝမ်းမြောက်သွားကာ အလောတကြီး သူ့ကိုအမူအရာပြလိုက်တယ်။

"အိမ်တော်ထိန်းဟယ်က ဝိညာဉ်ဆေးပင်တွေကို စုဆောင်းဖို့ ဒီရောက်နေတာ၊ မြန်မြန် ဒီကွင်းပြင်ကို ရိတ်သိမ်းကြရအောင်" အဲလိုပြောပြီး သူက ကွင်းပြင်ထဲ လှည့်ထွက်သွားတယ်။

"မလှုပ်နဲ့" အိမ်တော်ထိန်းဟယ်က ရုတ်တရက် ထအော်ကာ သူ့အသံက ကျယ်လွန်းလို့ အက်ကွဲမတတ်ပဲ။ ဘာဆက်လုပ်ရမလဲဆိုတာ ခေါင်းကြည်သွားဟန် သူက ကျိုးရှုမင်ကို တင်းတင်းဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာပြောတယ်။

"မင်းမလှုပ်နဲ့ ငါ... ငါ ဂိုဏ်းချုပ်ဆီ ချက်ချင်း သွားတင်ပြလိုက်ဦးမယ်၊ သတိရနော်၊ ငါပြန်မလာခင် ဝိညာဉ်ဆေးပင်တစ်ခုတောင်မှ... ဟင့်အင်း တစ်ဝက်တောင် ထိလို့မရဘူး နားလည်လား"

သူ ဝိညာဉ်ကွင်းပြင်တွေကို စီမံလာတဲ့ သူ့နှစ်ရာချီအတွင်း ဒီလိုမျိုး မျိုးကွဲဝိညာဉ်ဆေးပင်တွေ တစ်ခါမှ မမြင်ဖူးဘူး။ သူတို့က အဆင့်နိမ့်ပေမဲ့ သက်ရောက်မှုကတော့ အဆင့်မြင့်ဝိညာဉ်ဆေးပင်တွေနဲ့ နှိုင်းယှဉ်လို့ရကာ ဈေးကြီးလွန်းလို့ ဈေးကွက်တောင်မရှိ။ သူ ဒီလိုမြေကွက်မျိုးက မျိုးကွဲဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးနိုင်လဲ စဉ်းစားဖို့အချိန်မရှိ။ သူသိတာက သူ အရွက်တစ်ရွက်ဖြုန်းမိရင်တောင် တာဝန်မယူနိုင်ဘူးဆိုတာပဲ။

အဲလိုပြောပြီး သူက သူ့ဓားပျံကိုအသည်းအသန် ဆင့်ခေါ်ကာ ပင်မတောင်ထွတ်ဘက်ရှိရာပျံသန်းရင်း သူတို့ကို တတွတ်တွတ်မှာဖို့လည်း မမေ့

"မထိနဲ့၊ သူတို့ကိုမထိနဲ့နော် ဘယ်တော့မှ အား~~~"

ကျိုးရှုမင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

သူ အဲလိုဖြစ်ဖို့လိုလား။ သူတို့ဝူတိဂိုဏ်း အနောက်တောင်က ချုံပု‌တ်တွေတောင် ဒီဟာတွေထက် အဆင့်မြင့်တယ်။

တစ်ဖက်ခြမ်းမှာရှိနေတဲ့ ရှုယိက နောက်ဆုံးတော့ သူမရှေ့က ဝိညာဉ်ကွင်းပြင်ဆီ အကြည့်ရောက်သွားကာ လုံးဝမှင်တက်သွားခဲ့တယ်။ သူမ ဝိညာဉ်ဆေးပင်တွေရဲ့ ထူထဲတဲ့စိမ်းစိုမှုကို စိုက်ကြည့်ရင်း အတော်ကြာ ငေးကြောင်နေမိလေရဲ့။ သူမ ဝိညာဥ်ဆေး‌ပင်တွေအကြောင်း သေချာမသိဘဲ ဒါတွေက ဘာတွေလဲ မပြောနိုင်ပေမဲ့ စောနကအိမ်တော်ထိန်းဟယ်ရဲ့ အပြုအမူအရဆိုရင်တော့ ကျိုးရှုမင် ဝိညာဥ်ဆေးပင်တွေကို စိုက်နိုင်ခဲ့ရုံတင်မကဘူး သူက အတော်လေးလည်း အလုပ်တွင်ခဲ့တယ်။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီမြေက ကျက်တီးမြေ၊ ဒီကဝိညာဉ်ချီကတောင် သနားစရ‌ာကောင်းလောက်အောင် နည်းတာ။ သူက ဘာလို့ ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးနိုင်ရတာလဲ။ တကယ်လို့ ကျိုးရှုမင်က ဝိညာဉ်အပင်တွေ စိုက်ပျိုးပြီးပြီဆိုရင် စောနက သူမ...။

သူမ အမူအရာ ပိုတောင်မည်းနက်သွားကာ အကန့်အသတ်မဲ့ဒေါသက ရင်ထဲတလိမ့်လိမ့်တက်လာတယ်။ ကျိုးရှုမင်က တကယ့်ကို ရွံစရာကလိမ်ကကျစ်ပဲ။ သူက ဝိညာဉ်ဆေးပင်တွေ စိုက်ပြီးသားကို သူမကိုယ်သူမ အရူးလုပ်နေမိတာကို ထိုင်ကြည့်နေသေးတယ်ပေါ့လေ။ သူက တမင်သက်သက် သူမကို ကောင်းကောင်း လှောင်ရယ်နေတာပဲ။ ခဏအတွင်း သူမမျက်ဝန်းတွေထဲက သတ်ဖြတ်လိုစိတ် ပြင်းထန်လာတာများ သူတို့ဆီ ဓားမြှောင်တွေ ပစ်ထုတ်နိုင်ရင် ကျိုးရှုမင်ရှိရာဘက် တည့်တည့်ထိုးစိုက်မလိုပဲ။

ဒါပေမဲ့ တစ်ယောက်သော ငနုံအရူးကတော့ လုံးဝကို စိုက်ကြည့်တာ သတိမထားမိ။ သူက ဘာမှမသိဘဲ အိမ်တော်ထိန်းဟယ် ပျံသွားတဲ့ဘက် လှမ်းကြည့်ပြီး သက်ပြင်းချတယ်။ "ကြည့်ရတာ မြေရိတ်သိမ်းဖို့ကို ဂိုဏ်းတူအစ်ကိုဟယ့် ပြန်လာချိန်ထိ စောင့်ရဦးမဲ့ပုံပဲ"

အဲလိုပြောပြီး သူက အဲချုံပုတ်အပုံဆီ ပြန်သွားကာ ကျင့်ကြံဖို့ ပြင်နေတုန်း တစ်စုံတစ်ခုက စိတ်ထဲပေါ်လာပြီး ရှုယီကိုလှည့်ကြည့်တယ်။ "ဂိုဏ်းတူအစ်မ..."

ရှုယီက သူ ရုတ်တရက် ပြန်လှည့်လာမယ်မထင်တာမို့ မုန်းတီးတဲ့အမူအရာကို အချိန်မီ ပြန်မရုတ်လိုက်နိုင်ဘူး။ တောင့်ခဲသွားကာ သူမအမူအရာက ချက်ချင်း နည်းနည်းရှုံ့သွားပြီး ခဏနေမှ သူမအသံကိုညှစ်ထုတ်နိုင်တယ်။

"ဂိုဏ်းတူမောင်လေး... ဘာဖြစ်လို့လဲ"

"ဝိညာဉ်ကွင်းပြင်က စုတ်ပြတ်ပြီး ပြောင်ရှင်းနေတာ၊ ဒီမြက်ခင်းပေါ် အနားယူပါလား" သူက ဘေးက ချုံပုတ်အပုံကို လှမ်းကြည့်လိုက်တယ်။

ရှုယီ အံ့ဩသွားတယ်။ သူ သူမကို အဲဒါကမ်းလှမ်းလာမယ်မထင်ထားဘူး။ သူမ ငြင်းဆန်မို့ရှိသေး ကျိုးရှုမင်က ရုတ်တရက် တည်ကြည်စွာ ထပ်ပြောလိုက်တယ်။ "ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားလည်း သိပ်နေကောင်းပုံမပေါ်ဘူး" သူက ခေါင်းကိုပါ လက်ညှိုးထိုးပြလိုက်သေးတယ်။ "ခင်ဗျား ကောင်းကောင်းအနားယူသင့်တယ်"

ရှုယီ ။ ။ "..."

နင်ကမှ ဦးနှောက်ကြောင်နေတာ နင့်တစ်မိသားစုလုံးကမှ နေ‌မကောင်းဖြစ်နေတာ

(╯‵□′)╯(┻━┻

သူမ အမူအရာချက်ချင်း တွန့်ရှုံ့သွားတယ်။ ငါသူ့ကိုသတ်ချင်တယ် သူ့ကိုသတ် ခုချက်ချင်း ဒီနေရာမှာတင် ခုပဲ

[လက်ခံသူ စိတ်အေးအေးထားပါ သူ ခုသေလို့မဖြစ်ပါဘူး၊ ပိုင်ရှင့်တာဝန်က မပြီးသေးဘူးလေ]

…

အခန်း ၆၄၂ ။ သွေဖယ်ဝိညာဉ်ဆေးပင်အပြည့်ကွင်း

"နင် ဝာာဝန်အကြောင်း ပြောရဲသေးတယ်ပေါ့" ရှုယီက ဒေါသပေါက်ကွဲပြီး သူမစိတ်ထဲ တန်းပြန်လိုက်တယ်။

"ဒီဝိညာဉ်ကွင်းပြင်က ဘာဖြစ်တာလဲ၊ ဒါက ဝိညာဉ်ချီအနည်းဆုံး‌နေရာလို့ သူတို့မပြောဘူးလား၊ သူ ဘာလို့ ဝိညာဉ်ဆေးပင်တွေ စိုက်နိုင်သေးတာလဲ၊ ပြီးတော့ သူတို့က ပုံမှန်ဝိညာဉ်ဆေးပင်တွေမဟုတ်ဘူး"

[ကျွန်တော်လည်းမသိဘူး၊ ဒါပေမဲ့ ဒါက အဆင့်မြင့် အမတကျင့်ကြံမှုကမ္ဘာ၊ သူ့ကောင်းကင်တာအိုက တခြားဓာတ်ကြီးကမ္ဘာတွေထက် သန်မာတယ်၊ ပြီးတော့ သူက အရင်ဘဝမှာတုန်းက တက်လှမ်းဖူးတဲ့သူ၊ တက်လှမ်းနိုင်သူတွေက ကောင်းကင်တာအိုရဲ့ ကျက်သရေရှိမှာပဲ]

"ဂိုဏ်းတူအစ်မ" သူမက ပြန်မဖြေတာမြင်တော့ ကျိုးရှုမင် ထပ်မေးလိုက်ပြန်တယ်။

ရှုယီ အကြိမ်ရေတချို့ အသက်ရှူသွင်းလိုက် ရှူထုတ်လိုက်လုပ်ပြီးမှ အံကြိတ်ကာဖြေတယ်။ "ဟင့်အင်း၊ မလိုတော့ဘူး"

"အိုး" ကျိုးရှုမင်လည်း စိတ်ထဲသိပ်မထားဘူး။ သူတို့က ဘယ်လိုပဲဖြစ်ဖြစ် ရင်းနှီးတာမှမဟုတ်တာ။ သူ လှည့်ကာ အရင်နေရာမှာပြန်ထိုင်ပြီး ဆက်ကျင့်ကြံနေတယ်။

သူ နောက်တော့ ၀၀၁ ကိုဆက်မေးခွန်းထုတ်တယ်။

"မြေကြီးထဲက အဲဝိညာဉ်ဆေးပင်တွေက တကာ်ပဲ ဘာများလဲ၊ စောနက အဲဟယ်ဆိုတဲ့လူက ဘာလို့ အဲလောက်တောင် စိတ်လှုပ်ရှားနေတာတုံး"

[ဒါတွေအားလုံးက မျိုးကွဲဝိညာဉ်ဆေးပင်တွေဖြစ်ပြီး တချို့ကတော့ ဆန်းသစ်ဝိညာဉ်ဆေးပင်တွေပါ]

"အားလုံးကလား"

[မှန်ပါတယ်]

"ကြည့်ရတာ ဒီကျိုးရှုမင်က ဝှက်ဖဲရှိသေးပုံပဲ" ရှုယီ အမူအရာကမည်းနက်သွားတယ်။ "သူ တခြားအခွင့်အရေးတွေ ရသွားလောက်ပြီထင်တယ်၊ ၀၀၁ နင် အခု သူ့ကိုယ်ပေါ် ဘာရှိလဲ အာရုံခံနိုင်လား"

[ဟင့်အင်း တကယ်လို့ တိုက်ရိုက်ရှာဖွေလိုက်ရင် ကောင်းကင်တာအိုက အာရုံခံမိသွားလိမ့်မယ်]

သူမမျက်နှာက ပိုစိတ်တိုလာတယ်။ "ဟမ့် ထားလိုက်တော့၊ ငါတို့တစ်နည်းနည်းနဲ့ သိရမှာပဲ"

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ပြော ဒီကျူးကျော်သူရဲ့ အများကိုချပြ... ဟင့်အင်း ထုတ်လွှင့်တတ်တဲ့အကျင့်ကို ပြောင်းလဲလို့မရဘူးလား။ သူတို့ သူမရဲ့လာမဲ့ အကောက်ကြံမှုတွေနဲ့ ဇာတ်လမ်းတွေကို ကြိုပြီး မသိထားချင်ပါဘူး

ကူယွဲ့ သက်ပြင်းချကာ သူ့ရှေ့က ဝိညာဉ်ကွင်းပြင်ကို လှည့်ကြည့်လိုက်တယ်။ တခြားသူတွေကတော့ မျိုးကွဲ၊ ဆန်းသစ် ဝိညာဉ်ဆေးပင်တွေပဲမြင်နိုင်ပေမဲ့ သူ့မျက်စိထဲမှာတော့ ဝိညာဉ်ကွင်းပြင်တစ်ခုလုံးက ခေါင်းပေါ် အခွင့်အာဏာအလွှာထုကြီးက ဖုံးလွှမ်းနေတယ်။ ဝိညာဉ်ဆေးပင်ရဲ့ရိုးတံ‌တိုင်းရဲ့ဘေးမှာ အသံခပ်တိုးတိုးတွေက အဆက်မပြတ် တတွတ်တွတ်ပြောနေသလိုပဲ။

"မြန်မြန်ပေါက်၊ မြန်မြန်ပေါက်၊ မြန်မြန်ပေါက်... လှလှလေးပေါက်၊ ပိုကြည့်ကောင်းအောင်ပေါက်... မြန်မြန် မြန်မြန် မြန်မြန်"

ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားပြီး ထပ်တူထပ်မျှ ဆွံ့အနေတဲ့ စားဖိုမှူးဘက် ချက်ချင်းလှည့်ကာ စိတ်ထဲကလှမ်းစကားပြောလိုက်တယ်။ "စားဖိုမှူး"

"... အင်း" စားဖိုမှူးက ခေါင်းညိတ်ပြီး ကောင်းကင်က အစက်လေးတစ်ခုကို မော့ကြည့်လိုက်တယ်။

"တော်လောက်ပြီ"

နောက်တော့ သူတို့နားဘေး ခပ်တိုးတိုးအသံတစ်သံက တစ်ချိန်တည်းမှာ ထွက်လာတယ်။ "ကောင်းပါပြီ ခေါင်းဆောင်၊ ပြဿနာမရှိပါဘူး ခေါင်းဆောင်" မှတ်ချက်ကောင်းလေး ချန်ထားခဲ့ပါ

နောက်တစ်စက္ကန့်မှာတော့ ဝိညာဉ်ကွင်းပြင်ပေါ် စုဝေးနေတဲ့ အခွင့်အာဏာက လုံးဝကွယ်ပျောက်သွားတော့တယ်။

——————

သူတို့တွေ အိမ်တော်ထိန်းဟယ် ထွက်သွားပြီးတော့ ပြန်လာဖို့ကို တစ်အောင့်ကြာမယ် ထင်နေခဲ့တာ။ မထင်မှတ်ထားဘဲ ဆယ့်ငါးမိနစ်အတွင်း ပုံရိပ်တချို့ ပင်မတောင်ထွတ်ဆီက ပျံသန်းလာကြတယ်။

ရှေ့တည့်တည့်တစ်ယောက်ကို နည်းနည်းရင်းနှီးနေတယ်။ သူက ကွေ့ယီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ နောက်တော့ တောင်ထွတ်တစ်ခုစီရဲ့ အကြီးအကဲတွေဖြစ်ပုံပေါ်တဲ့ နတ်ဝိညာဉ်ကျင့်ကြံသူတချို့။ တနေ့က ခန်းမကြီးထဲမှာ သူတို့လည်း ရှိနေခဲ့တယ်။

ဆင်းသက်ပြီးတာနဲ့ သူတို့ရှေ့က ဝိညာဉ်ကွင်းကို စိုက်ကြည့်ကာ လူတိုင်း မျက်လုံးတွေပြူးကုန်ပြီး မယုံကြည်နိုင်တဲ့အကြည့်တွေနဲ့။

"အဲဒါ... တကယ့်ကို မျိုးကွဲဝိညာဉ်ဆေးပင်တွေပဲ" ဂိုဏ်းချုပ် လုံးဝ ထိတ်လန့်သွားတဲ့ပုံ။

"အဲဒါတင်မကဘူး" နောက်ထပ် နတ်ဝိညာဉ်ကျင့်ကြံသူက ပိုတောင်စိတ်လှုပ်ရှားစွာနဲ့ ပြောလာတယ်။

"အဲရိုးတံကိုကြည့် သစ်ရွက်တစ်ရွက်မှာက ခုနှစ်ရောင်၊ အဲဒါ ဆန်းသစ် ဝိညာဉ်ဆေးပင်ပဲ ပြီးတော့ အနည်းဆုံး ဒုတိယအဆင့်"

"ဒီလိုမျိုးကွဲဝိညာဉ်ဆေးပင်အများကြီးကို ပထမဆုံးမြင်ဖူးတာပဲ" ဂိုဏ်းချုပ်က စိတ်လှုပ်ရှားလွန်းလို့ လက်တွေတောင် နည်းနည်း‌တုန်ယင်နေပြီး သတင်းလာတင်ပြတဲ့ အိမ်တော်ထိန်းကိုအမြန် ဆုပ်ကိုင်လိုက်တယ်။

"ဟယ်ဖူ၊ ဘယ်သူ ဒီမြေကို စိုက်ခဲ့တယ်လို့ မင်းပြောခဲ့တာ"

"ဂိုဏ်းချုပ်ကိုပြန်ဖြေပါတယ်၊ ကျိုးရှုမင်လို့ခေါ်တဲ့ အပြင်စည်းတပည့်ပါ" အိမ်တော်ထိန်းဟယ် မဖုံးကွယ်ရဲတာမို့ အမြန် ဂါရ၀ပြု ဖြေလိုက်တယ်။

လူတိုင်း စိတ်လှုပ်ရှားရာကနေ သတိပြန်ဝင်လာပြီး ဘေးမှာရပ်နေတဲ့ ကူယွဲ့နဲ့ ကျိုးရှုမင်ဆီ လှမ်းကြည့်လိုက်တယ်။

"နှုတ်ခွန်းဆက်သပါတယ် ဂိုဏ်းချုပ်၊ အကြီးအကဲတို့" နှစ်ယောက်သား ထွက်လာပြီး ဂါရ၀ပြုရတော့တယ်။

ဂိုဏ်းချုပ်က နှစ်ယောက်လုံးကို လေ့လာပြီး နောက်ဆုံးတော့ ချီမွမ်းမံမှုအဆင့် ပြီးပြည့်စုံပြီးသား ကျိုးရှုမင်ဆီ အကြည့်ရောက်သွားတယ်။

"မင်း ဒီဝိညာဉ်ဆေးပင်တွေကို စိုက်ပျိုးခဲ့တာလား"

"ဂိုဏ်းချုပ်ကို ပြန်ဖြေပါတယ်၊ ကျွန်တော် ညီကိုကူယွဲ့နဲ့တူတူလုပ်ခဲ့တာပါ"

"အင်း" သဘောခွေ့တဲ့အရိပ်အယောင် ဂိုဏ်းချုပ်မျက်ဝန်းထဲဖြတ်ပြေးသွားတယ်။ သူက သူ့ကိုယ်သူပဲ အသည်းအသန် နာမည်ကောင်းပြေးမယူဘူး။ ကောင်းမွန်တဲ့ စိတ်နေစိတ်ထားပဲ။

"မျိုးကွဲ‌ဝိညာဉ်ဆေးပင်တွေက ငါ့ကွေ့ယီဂိုဏ်းမှာ ပေါ်မလာခဲ့တာ နှစ်ထောင်ချီခဲ့ပြီ‌ဆိုတာသိလား၊ ဒါတွေက အဆင့်နိမ့်ဆိုပေမဲ့ သူတို့အစွမ်းထက်မှုက အဆင့်မြင့်ဝိညာဉ်ဆေးပင်တွေနဲ့ ယှဉ်လို့ရနေပြီ၊ မင်း ဒီဝိညာဉ်ဆေးပင်တွေအားလုံးကို ဂိုဏ်းလက်ထဲထည့်ဖို့ ဆန္ဒရှိလား" သူကခပ်‌ဩဩပြောရင်း ခဏတွေးပြီးတော့ ဆက်ပြောလိုက်တယ်။ "သေချာပေါက် မင်းတို့ကို အဲအတွက် ဆုချီးမြှင့်မှာပေါ့"

ကျိုးရှုမင် ကူယွဲ့ကို လှည့်ကြည့်ကာ ငြင်းတဲ့အရိပ်အယောင် မရှိတာမြင်တော့ ပြန်ဖြေလိုက်တယ်။

"ဒီဝိညာဉ်ဆေးပင်တွေကို စိုက်ပျိုးဖို့ အစတည်းက ဂိုဏ်းကစီမံခဲ့တာပဲ၊ သူတို့တွေကို သေချာပေါက် ဂိုဏ်း‌ဆီ အပ်သင့်တာပေါ့" ပြီးတော့ သူ ဆေးလုံးသန့်စင်မှုကို မလေ့လာရသေးတာမို့ ဝိညာဉ်ဆေးပင်တွေက တကယ်ပဲ သူ့အတွက် အသုံးမဝင်။

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ" ဂိုဏ်းချုပ်အကြည့်က ပိုလို့တောင် ကျေနပ်လာတယ်။ "ငါ အားလုံးကိုတွက်ပြီး နှစ်ယောက်လုံးကို ဈေးကွက်တန်ဖိုးအရ ဝိညာဉ်ကျောက်တုံးတွေပေးချေမယ်၊ မင်းတို့နှစ်ယောက်လုံးရဲ့ ပင်ကိုစရိုက်က မဆိုးဘူး၊ ဒီနေ့ကစပြီး မင်းတို့က တရားဝင်တပည့်တွေဖြစ်ပြီး ငါ့ပင်မတောင်ထွတ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ"

ကျိုးရှုမင်က ချက်ချင်း ဝမ်းသာသွားပြီး ပြန်ဖြေတော့မလို့။

ဒါပေမဲ့ ဘေးက ရှုယီက သွေးပျက်ကာ ထအော်တယ်။ "ဟင့်အင်း"

ဂိုဏ်းချုပ်က တုံ့သွားကာ အဲတော့မှရှုယီကို သတိထားမိတယ်။ "အို ယီလေးလည်း ဒီမှာကိုး၊ မင်း ဘာလို့..."

သူ မေးတော့မို့ရှိသေး အပေါ်ကနေ အလောတကြီး ခေါ်သံထွက်လာတယ်။ "မျိုးကွဲဝိညာဥ်ဆေးပင်တွေနဲ့ ဆန်းသစ်ဝိညာဉ်ဆေးပင်တွေ ဘယ်မှာပေါ်လာတာလဲ" နောက်တစ်စက္ကန့်မှာ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဝိညာဉ်ချီကို သယ်ဆောင်ထားသူတစ်ယောက်က လူတိုင်းဘေးမှာ ချက်ချင်းပေါ်လာတယ်။

"နှုတ်ဆက်ပါတယ် ဆရာဦးလေးထျန်းယီ" နတ်ဝိညာဉ်ကျင့်ကြံသူတွေအားလုံး ဂါရ၀ပြုကြတယ်။ ရောက်လာသူက ကျိုးရှုမင်ကို တျန်းရှတောင်ဆီ သူ့လက်အောက် ခေါ်သွင်းလုနီးပါးဖြစ်ခဲ့သူ နတ်ဝိညာဥ်ကျင့်ကြံခြင်းအဆင့်ကျင့်ကြံသူပဲ။

ဒါပေမဲ့ ထျန်းယီက သူတို့အားလုံးကို လျစ်လျူရှုကာ ဝိညာဉ်ဆေးပင်ကွင်းကို စိုက်ကြည့်ရင်း မယုံကြည်နိုင်တဲ့ အမူအရာနဲ့ တီးတိုးရေရွတ်တယ်။

"သွေဖယ်ဝိညာဉ်ဆေးပင်တွေ ပေါ်လာဖို့ကတင် အတော်လေးရှားနေပြီကို ဒီမှာတစ်ခါတည်းနဲ့ အများကြီးပေါ်လာတယ်ပေါ့ ပြီးတော့ ဆန်းသစ်ဝိညာဉ်ဆေးပင်တွေရောပဲ"

သူက သိသိသာသာ စိတ်လှုပ်ရှားနေတယ်။ သွေဖယ်ဝိညာဉ်ဆေးပင်တွေ တန်ဖိုးရှိတာက သူ့အကျိုးသက်ရောက်မှုက အဆင့်မြင့်ဝိညာဉ်ဆေးပင်တွေနဲ့ ယှဉ်လို့ရတာကြောင့် မဟုတ်ဘဲ သူတို့က ရောနှောနိုင်တဲ့ အစွမ်းသတ္တိနဲ့လာတာမို့ ဆေးလုံးသန့်စင်မှုအောင်မြင်နိုင်နှုန်းကို ၁၀ရာခိုင်နှုန်း တန်းမြင့်တက်စေတဲ့ တခြားဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ရောနှောနိုင်တယ်။ ဆန်းသစ်ဝိညာဥ်ဆေးပင်တွေကတော့ သက်စောင့်ဆေးတွေရဲ့ အကျိုးသက်ရောက်မှုကို မြှင့်တင်နိုင်ပြီး ထိပ်တန်းအဆင့်မြင့် သက်စောင့်ဆေးတွေအဖြစ် တန်းသန့်စင်လိုက်လို့ရတယ်။

"ဒါတွေအားလုံး... ဘယ်သူစိုက်ထားတာလဲ" နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်အနေနဲ့ ထျန်းယီတောင် သူ့စိတ်တွင်း စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ဖို့ခက်ကာ အမြန်မေးမိသွားတယ်။

"ဒီတပည့်နှစ်ယောက်ပါ" ဂိုဏ်းချုပ်က ဘေးက ကူယွဲ့နဲ့ ကျိုးရှုမင်ကို လက်ညှိုးထိုးပြတယ်။

ထျန်းယီက လှည့်ကာ သူတို့နှစ်ယောက်လုံးကို လှမ်းကြည့်ပြီး ကျင့်ကြံဆင့် နည်းနည်းလေးပိုမြင့်တဲ့ ကျိုးရှုမင်ကို စိုက်ကြည့်နေကာ ဝေခွဲမရမှုအရိပ်အယောင် မျက်နှာပေါ် ဖြတ်ပြေးသွားတယ်။ ဒီတပည့်ကို နည်းနည်း ရင်းနှီးနေပေမဲ့ ဘယ်ချိန်ကမြင်ဖူးခဲ့လဲ သူယာယီစဉ်းစားမရ။ သူ သူတို့ကိုလုယူဖို့ တန်းပြောလိုက်တယ်။

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ၊ ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်လုံး ငါ့‌တျန်းရှတောင်ဆီ လာဝင်ကြ" သူတို့က တစ်ကြိမ် သွေဖယ်ဝိညာဥ်ဆေးပင်တွေစိုက်ပျိုးခဲ့တာ၊ နောက်တစ်ကြိမ် ပြန်လုပ်နိုင်မလားဆိုတာ ဘယ်သူသိမှာလဲ။

သူ့စကားပြီးသွားတာနဲ့ ဂိုဏ်းချုပ်က ဘာမှပြန်မပြောပေမဲ့ ရှုယီက ပိုပြီးတောင် ထိတ်လန့်သွားတယ်။ "မဖြစ်ဘူး" ကျိုးရှုမင် တျန်းရှတောင်ဆီသွားရင် အရင်က သူမလုပ်ခဲ့သမျှ အချည်းနှီးဖြစ်လိမ့်မယ်။

"ယီလေးလည်း ဒီမှာပဲ" ထျန်းယီက သူမကို ကြည့်လိုက်တယ်။ "ဘာလို့မဖြစ်ရတာလဲ"

"ဘာဖြစ်လို့လဲဆိုတော့…" ရှုယီ ဖျော့တော့သွားကာ သူမပြန်မဖြေခင် မျက်လုံးတွေက ဟိုရွေ့ဒီရွေ့။

"ဘာဖြစ်လို့လဲဆိုတော့… စောစောက ဂိုဏ်းချုပ်က သူတို့ကို ပင်မတောင်ထိပ်ဆီ ပါဝင်ဖို့ အမိန့်ပေးပြီးသားမို့လို့ပါ" သူမ ဘယ်လိုဖြစ်ဖြစ် ကျိုးရှုမင် တျန်းရှတောင်ဆီဝင်ရောက်မှာကို လုံးဝခွင့်မပြုနိုင်ဘူး။

"အိုး တကယ်လား" ထျန်းယီက ဂိုဏ်းချုပ်ဘက်လှည့်လိုက်တယ်။

ဂိုဏ်းချုပ်က ခဏ အူတူတူဖြစ်သွားတယ်။ သူ ဘယ်လိုလုပ် ဆရာဦးလေးနဲ့ ပြိုင်လုရဲမှာလဲ။ ဒါပေမဲ့ ဒီထိရောက်လာပြီဆိုတော့ သူ ကျည်ကိုက်ကာ ခေါင်းညိတ်ရုံသာတတ်နိုင်တော့တယ်။

All Chapters