အခန်း (၆၅၂-၆၅၄)
Vol. 44 Ch. 652-654
အခန်း ၆၅၂ ။ ဂိုဏ်းရဲ့ဆုံးဖြတ်ချက်များ
ခန်းမက တောင်တစ်ခုဆီက တောင်ထွတ်သခင်တွေ၊ အကြီးအကဲတွေနဲ့ပြည့်နေပြီး သူတို့နောက်မှာ သူတို့တပည့်တွေတောင်ရှိနေတယ်။
ကွေ့ယီဂိုဏ်းရဲ့ဂိုဏ်းချုပ်ကတော့ ပင်မခုံမှာထိုင်နေပြီး အထဲဝင်လာသူနှစ်ယောက်ကို ပြုံးကြည့်နေလေရဲ့။ သိပ်ပြီးဖော်ရွေပုံမရတဲ့ရှုယီကလွဲ တခြားနတ်ဝိညာဉ်အကြီးအကဲတွေအားလုံးက တူညီတဲ့အမူအရာကိုယ်စီ ရှိနေကာ သေချာပေါက် ကျိုးရှုမင်အတွက် နှစ်ထောင်းအားရမှု အရိပ်အယောင်တချို့ ရောစွက်နေခဲ့တယ်။
နှစ်ယောက်လုံး တလေးတစား ဂါရ၀ပြုပြီးတဲ့နောက် ယွီလွမ်က အားလုံးကိုရှင်းပြတယ်။ "ကျုပ် ဒီနေ့ဆရာတူညီအားလုံးကို ဆင့်ခေါ်လိုက်ရတာက ဒီတပည့်နှစ်ယောက်က သိပ်မဆိုးတာမို့ တပည့်အဖြစ် ခေါ်ထားချင်တယ်လို့ အားလုံးကိုအသိပေးမို့ပါ၊ အားလုံးက ဘယ်လိုများထင်ကြလဲ"
သူ့စကားဆုံးသွားတာနဲ့ အကြီးအကဲအားလုံးက ယွီလွမ်ရဲ့အကြံအစည်ကို ခန့်မှန်းပြီးတာ ကြာနေပြီဖြစ်သလိုမျိုး ထင်ထားပြီးသားပုံစံတွေနဲ့။ တစ်ဖက်မှာတော့ ရှုယီ အမူအရာက မည်းမှောင်သွားတယ်။
"ပြောခဲ့သားပဲ" အကြီးအကဲတစ်ယောက်က ပြုံးတယ်။ "ကျုပ်တို့ ကွေ့ယီဂိုဏ်းက ဉာဏ်အလင်းပွင့်တဲ့ တပည့်ရှိတာကို မမြင်ဖူးတာကြာခဲ့ပြီ၊ ကျုပ်လည်း သူ့ကိုတပည့်အဖြစ် ခေါ်ချင်နေတာ၊ ဆရာတူအစ်ကိုက ဒီလောက်လက်သွက်မယ် ဘယ်သူသိခဲ့မလဲ"
"တကယ်လို့ ဆရာတူညီတို့ ကန့်ကွက်မှု မရှိရင် ဒီတပည့်နှစ်ယောက်ကို ကျုပ်လက်ခံလိုက်တော့မယ်"
ယွီလွမ်အပြုံးက ပိုပီပြင်လာကာ အလယ်က လူနှစ်ယောက်ကိုကြည့်တယ်။ "မင်းက ကူယွဲ့ထင်တယ်၊ ဒီနေ့ကစပြီး မင်းက ငါ့လက်အောက်က ၁၃ယောက်မြောက်တပည့်ပဲ"
"..." ကူယွဲ့တောင့်တင်းသွားတယ်။ သူတို့ တပည့်အဖြစ် ခေါ်ယူခံရဖို့ ဒီကိုဆင့်ခေါ်ခံရတယ်လို့ တကယ် မထင်ခဲ့တာ။ အမှန်တိုင်းပြောရရင် သူ ဆရာအဖြစ် တကယ်အသိအမှတ် မပြုချင်ဘူး။ ရွှေ့ပြောင်းဖို့ အဆင်မပြေတာက တစ်ကဏ္ဍ၊ သူ့ဆရာက သူ့လောက်တောင် မသိဘူးလေ။ သူ ငြင်းဆန်ဖို့ ဆင်ခြေပြင်လိုက်တယ်။
"ကျိုးရှုမင်အတွက်ကတော့..." ယွီလွမ်က ကျိုးရှုမင်ဘက် လှည့်ကြည့်ကာ မျက်လုံးတွေထဲက ကျေနပ်မှုက လေးနက်လာတယ်။ "ဒီနေ့ကစပြီး မင်းက ငါ့ကိုယ်ရေးကိုယ်တာတပည့် ဖြစ်လာမယ်"
သူ စကားဆုံးတာနဲ့ လူတိုင်း ထိတ်လန့်သွားတယိ။ သူတို့ သူ့ကို ကိုယ်ရေးကိုယ်တာတပည့်အဖြစ် ခေါ်ယူမယ် မမျှော်လင့်ခဲ့ဘူး ဆရာတူအစ်ကိုဂိုဏ်းချုပ်က ဒီလူ့အပေါ် ဒီလောက်ယုံကြည်ချက်ရှိမယ် မထင်ခဲ့ကြတာ။
"ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" ရှုယီက မှင်တက်ကာ လွှတ်ခနဲပြောမိသွားတယ်။
သူက ကိုယ်ရေးကိုယ်တာတပည့် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သာမန်တပည့်နဲ့ ကိုယ်ရေးကိုယ်တာတပည့်ကြားမှာ ကွာခြားချက်ရှိတာကို သိရမယ်။ ပုံမှန် ကိုယ်ရေးကိုယ်တာတပည့်က တစ်ယောက်ပဲရှိတတ်ပြီး သူ ဒါမှမဟုတ် သူမ အသိစိတ်ပေါ် ဆင့်ကမ်းအမှတ်အသားချန်ထားခံရမယ်။ ဒါက လွယ်လွယ်ကူကူ ဖယ်ရှားလို့ရတဲ့အရာမျိုး မဟုတ်ဘူး။ ဆရာတွေကလည်း သူတို့ ကိုယ်ရေးကိုယ်တာတပည့်တွေကို အားလုံးပေးပြီး ဘာမှထိန်ချန်မထား။
ရှုယီ ချက်ချင်း ပျာယာခတ်သွားတယ်။ ယွီလွမ်က ကွေ့ယီဂိုဏ်းရဲ့ ဂိုဏ်းချုပ်။ တကယ်လို့ကျိုးရှုမင်က သူ့ကိုယ်ရေးကိုယ်တာတပည့်ဖြစ်လာရင် လိုချင်တာမှန်သမျှရတော့မှာ မဟုတ်ဘူးလား။ ဒါဆို သူ့အရင်ဘဝက တျန်းရှတောင်မှာတုန်းကထက်တောင် ပိုကောင်းတဲ့ ဆက်ဆံမှုရတော့မှာ။ သူက အရင်ဘဝက ဆရာသခင်ထျန်းယီဆီက လမ်းညွှန်မှုတွေရခဲ့တယ်ဆိုပေမဲ့ အမြုတေဖွဲ့စည်းပြီးမှ တပည့်အဖြစ် လက်ခံမှုရခဲ့တာ။ ပြီးတော့ သူ့တပည့်အများကြီးထဲကမှတစ်ယောက်။
"ဂိုဏ်းချုပ် ဘယ်လိုလုပ် သူ့ကို ကိုယ်ရေးကိုယ်တာတပည့်အဖြစ် လက်ခံနိုင်ရတာလဲ" သူမက တန်းပြီး ထွက်လာတယ်။
"အိုး ဘာလို့လဲ" ယွီလွမ်လည်း မှင်တက်ကာ အလိုလိုမေးမိသွားတယ်။
"ယီလေး" ရှုယွမ် မျက်မှောင်ကြုတ်ကာ ရှုယီကို ဒေါသအနည်းငယ်နဲ့ဆူလိုက်တယ်။ "မရိုင်းပျနဲ့" သူက ပြောရင်း သူမကို ပြန်ဆွဲထားဖို့လုပ်လိုက်တယ်။
ရှုယီ အသိစိတ်ပြန်ဝင်လာကာ သူမမျက်လုံးတွေက အကြည့်လွဲသွားပြီးမှ ဆက်ပြောတယ်။ "ဂိုဏ်းချုပ်ရဲ့ ကိုယ်ရေးကိုယ်တာတပည့်ကို ဘယ်လိုလုပ် ဒီလို ပျက်ချော်ချော်လုပ်နိုင်ရမှာလဲ၊ ဒီတပည့်နဲ့ပတ်သက်ပြီး ထူးခြားတာ ဘာမှမမြင်ဘူး၊ ပြီးတော့ သူက ဝိညာဉ်ကြောသုံးခု အုတ်မြစ်အခြေတည်အဆင့်ပဲ ရှိသေးတာ" သူမက အသက်ပြင်းပြင်းရှူသွင်းကာ စိုးရိမ်တကြီး ပြောလိုက်တယ်။
"ပြီးတော့ ဂိုဏ်းချုပ်လေ၊ ဂိုဏ်းချုပ်ရဲ့ကိုယ်ရေးကိုယ်တာတပည့်ဆိုတာ ကျွန်မတို့အနာဂတ်ဂိုဏ်းနဲ့ သက်ဆိုင်တယ်၊ ရွှေအမြုတေဆရာတူအစ်ကိုတွေဆို တပည့်အဖြစ်တောင် လက်ခံရဖို့ အခွင့်အရေး မရှိသေးဘူးမလား၊ ဂိုဏ်းချုပ် နှိုင်းချင့်မှဖြစ်ပါမယ်"
အဲဒါကိုကြားတော့ လူတိုင်း သူမပြောတာအဓိပ္ပာယ်ရှိတယ်တွေးကြတယ်။ သေချာပေါက် ဂိုဏ်းချုပ်ရဲ့ ကိုယ်ရေးကိုယ်တာတပည့်ဆိုတာ ဘာမတော်တဆမှုမှမရှိရင် နောက်ထပ် ဂိုဏ်းချုပ်ဖြစ်လာနိုင်တယ်။ သူက တကယ့်ကို အမျှော်အမျှင်ရှိမှဖြစ်မယ်။
"ဒါပေမဲ့ ဒီတပည့်က အတော်လေး သင့်တော်တယ်ထင်တာပဲ"
ယွီလွမ့်အပြုံးက ပိုပီပြင်လာပေမဲ့ စိတ်ပြောင်းဖို့ရည်ရွယ်ချက်လုံးဝမရှိ။
"မင်းတို့အားလုံးမသိသေးတဲ့ကိစ္စတွေရှိတယ်၊ ကျုပ် ဒီကလေးကို သတိထားနေတာ အတော်လေးကြာပြီ၊ သူက ဝိညာဉ်ကြော၃ခုဖြစ်ပြီး သာမန်အရည်အချင်းပဲရှိပုံပေါ်ပေမဲ့ တကယ်တော့ မဟုတ်ဘူး၊ သူက ကွေ့ယီဂိုဏ်းထဲဝင်တာ တစ်နှစ်တောင်မရှိသေးဘဲ ချီမွမ်းမံမှုသတ္တမအဆင့်ကနေ ခုဆို အုတ်မြစ်အခြေတည်နှောင်းပိုင်းအဆင့် ရောက်နေပြီ၊ အဇဋာဝိညာဉ်ကြောရှိသူတွေတောင် ဒီအမြန်နှုန်း မရှိဘူးလို့ထင်တယ်"
အံ့ဩမှုအရိပ်အယောင်က လူတိုင်းမျက်လုံးထဲ ဖြတ်ပြေးသွားတယ်။ ဒီလိုအရှိန်နဲ့ဆို သူက တကယ့်ကို ကောင်းကင်ကမျက်နှာသာပေးတဲ့ ပါရမီရှင်ပဲ။
"ဝဋ်ကြွေးချေတာကို ကြည့်တာလေးနဲ့တင် သူဉာဏ်အလင်းပွင့်ခဲ့တယ်၊ ဒါ သူ့အထုံက သာမန် မဟုတ်ဘူးဆိုတာ သက်သေပြနေတယ်၊ ပြိးတော့ တစ်ခါတုန်းကအပြင်စည်းမှာ ရှိနေသေးတုန်းက ကျက်တီးဝိညာဉ်ကွင်းပြင်မှာ သွေဖည်ဝိညာဉ်ဆေးပင်တွေအပြည့် ဝိညာဉ်ကွင်းပြင်တစ်ခုစိုက်ခဲ့တာ"
"သူက အဲသွေဖည်ဝိညာဉ်ဆေးပင်တွေ စိုက်ခဲ့တဲ့သူပေါ့" လူအုပ်ကြီးက ထိတ်လန့်သွားပြီး အကြီးအကဲတစ်ယောက်ဆို ထပါရပ်တယ်။
"ဟုတ်တယ်" ယွီလွမ်က ခေါင်းညိတ်တယ်။ "အဲဝိညာဉ်ဆေးပင်တွေက သက်ရှိဝိညာဉ်ကြောကြောင့် ပေါ်လာတယ် ထင်ရပေမဲ့ ဒီကံမရှိဘဲ သူ့အလှည့်ကျမှ ဖြစ်ရတာလဲ၊ ကျုပ်တို့ အမတကျင့်ကြံသူတွေလုပ်သမျှက ကောင်းကင်ဘုံနဲ့ဆန့်ကျင်နေတာ၊ ဒါပေမဲ့ ဒီကလေးကတော့ အရည်အချင်း၊ အထုံနဲ့ ကံကောင်းမှု ဘာမှမချို့တဲ့ဘူး၊ သွေဖည်ဝိညာဉ်ဆေးပင်တွေအားလုံးကို စအပ်ပြီးတော့ ဘယ်တော့မှ တောင်းဆိုချက်မရှိခဲ့ဘူး၊ သူ့ဉာဏ်အလင်းပွင့်မှုအပြီးမှာ ဘဝင်လည်းမကိုင်သလို အလျင်လည်းမလိုဘဲ ဒီရက်ပိုင်း ကြိုးကြိုးစားစား ကျင့်ကြံနေတာ၊ ဒါက သူ့စိတ်နေစိတ်ထားက ထူးကဲတယ်ဆိုတာ သက်သေပြနေတယ်"
လူတိုင်း ပိုပြီးတောင် အံ့ဩသွားကာ သူတို့ ကျိုးရှုမင်အပေါ်အကြည့်က နှစ်ထောင်းမှုတွေနဲ့ ပြည့်နေတယ်။
"အဲလိုမျိုးတပည့်က တကယ်ကိုမဆိုးဘူး"
"အမှန်ပဲ၊ ခုဆို သူ့လိုထူးချွန်သူက နည်းနည်းလာပြီ၊ ဂိုဏ်းချုပ်က သူ့ကို ကိုယ်ရေးကိုယ်တာတပည့်အဖြစ် အလောတကြီး ခေါ်ယူချင်နေတာမဆန်းတော့ဘူး"
"တခြားအရာအားလုံးက ဒုတိယပါ" ရှုယွမ်တောင် မနေနိုင်ဘဲချီးကျူးမိတယ်။
"သူ့စိတ်နေစိတ်ထားတစ်ခုတည်းနဲ့တင် တခြားသူတွေ မလုပ်နိုင်တဲ့အရာပဲ၊ ဆရာတူအစ်ကိုဂိုဏ်းချုပ်က အမြင်ရှိတယ်"
ကျိုးရှုမင် ကိုယ်ရေးကိုယ်တာတပည့်ဖြစ်လာမဲ့ ကိစ္စကအတည်ပြုတော့မှာကိုမြင်ပြီး ရှုယီပိုလို့တောင် စိတ်ပူပန်လာတယ်။ "ဒါပေမဲ့ ဂိုဏ်းချုပ်..."
"ယီလေး..." ရှုယွမ်က သူ့သမီးကို စကားဖြတ်ကာ တစ်ချက်ကြည့်လိုက်တယ်။ "ပြဿနာမရှာနဲ့စမ်း ဂိုဏ်းချုပ်က သူဘာလုပ်နေလဲသိတယ်၊ စိတ်နေစိတ်ထားအခြေခံတာနဲ့တင် မင်းတောင် သူ့ကိုမယှဉ်နိုင်ဘူး"
"ဘာ" ရှုယီ မယုံကြည်နိုင်စွာ မျက်လုံးပြူသွားတယ်။ ဒါပေမဲ့ သူမကို ပိုလို့တောင် ဒေါသထွက်စေတဲ့ အသံတစ်သံက နားထဲထွက်လာတယ်။
[တင်း မူလပိုင်ရှင် အငြိုးအတေးစွမ်းအင်တန်ဖိုး +၁၀ သတိပေးချက် အငြိုးအတေးစွမ်းအင်တန်ဖိုး ၁၀၀ပြည့်လျှင် တာဝန်အလိုအလျောက် ကျရှုံးပါမယ်]
ချီး အငြိုးအတေးစွမ်းအင်တန်ဖိုးက ဘာလို့ တိုးလာပြန်တာလဲ။
ရှုယီဒေါသက အတွင်းကနေ တောက်လောင်နေတယ်။ သူမက အပြောအဆိုပါ မထိန်းနိုင်ဘူးဖြစ်လာလေရဲ့။ "သမီး သူ့ကို မယှဉ်နိုင်ဘူး ဘယ်သူပြောလဲ" သူမက အမြုတေဖွဲ့စည်းမှုတောင် ပြီးမြောက်ပြီး သူ့ထက် အမြဲအပေါ်မှာရှိခဲ့တာ။
ရှုယွမ်မျက်ခုံးတွေကျုံ့သွားကာ သူ့သမီးရဲ့ ကျိုးကြောင်းမသင့်တဲ့ဝုန်းဒိုင်းကျဲမှုကြောင့် မဆိုစလောက် မနှစ်မျို့သွားတယ်။ သူမကို သူ ဆုံးမမို့ရှိသေး အေးစက်တဲ့ယောက်ျားတစ်ယောက်အသံက ခန်းမထဲထွက်လာတယ်။
"ငါ့ယီလေးက တခြားသူတွေနဲ့မယှဉ်နိုင်ဘူးလို့ ဘယ်သူပြောတုံး"
နောက်တစ်စက္ကန့်မှာ လူတိုင်း ခန်းမထဲ လေပြင်းတိုက်လာတာကို ခံစားလိုက်ရတယ်။ လွှမ်းမိုးနေတဲ့ဖိနှိပ်မှုပါ ပေါင်းနေကာ ဝတ်ရုံမည်းဝတ်ထားတဲ့လူတစ်ယောက် ခန်းမထဲပေါ်လာတယ်။ သူက မနှစ်မျို့တဲ့စိန်းဝါးဝါးအကြည့်နဲ့ လူတိုင်းကိုဝေ့ကြည့်ရင်း အေးစက်တဲ့ အရှိန်အဝါ ထွက်နေတယ်။
လူတိုင်း ထိတ်လန့်သွားကာ ချက်ချင်း ဒီလူ့ကိုမှတ်မိသွားတယ်။ ဂိုဏ်းချုပ်အပါအဝင် အားလုံးထရပ်ကြကာ လက်သီးဆုပ်ပြီး ဂါရ၀ပြုကြတယ်။ "ဆရာဦးလေးထျန်းကျီကို ဂါရ၀ပြုပါတယ်"
ဒီလူက ကွေ့ယီဂိုဏ်းရဲ့ နောက်ထပ် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆရာသခင်ပဲ။
ကူယွဲ့ မျက်ခုံးတစ်ဖက်ပင့်လိုက်တယ်။ ဟေး နတ်ဆိုးအရှိန်အဝါပြောင်းသွားသူ ဒီရောက်နေပြီ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ သူ့ကိုယ်ထဲက နတ်ဆိုးချီကို သွေးကြောထဲ ဖိနှိပ်ထားတာ တစ်ခုခုနဲ့ ပိတ်လှောင်ထားသလိုပဲ။
"စားဖိုမှူး ဘာတွေဖြစ်နေတာလဲ" ကူယွဲ့ ယိချင်းကို လှည့်ကြည့်လိုက်တယ်။
"နတ်ဆိုးချီကိုဖိနှိပ်ထားတဲ့ ဒီမျက်နှာပြင်နဲ့ မသက်ဆိုင်တဲ့စွမ်းအင် သူ့သွေးကြောထဲရှိနေပြီး သူ့ကို နတ်ဆိုးအဖြစ် လုံးဝပြောင်းသွားမှာကို တားပေးထားတာပဲ" ယိချင်းကပြောတယ်။
သိပြီ၊ ရှုယီအတွက် ရပ်တည်ပေးဖို့ ဒီကိုရောက်နေတဲ့ သူ့ရဲ့ဟိတ်ဟန်အပြည့်အမူအရာကို အကဲဖြတ်ရင် အဲစနစ်ရဲ့လက်ချက်ပဲ ဖြစ်ရပြန်မယ်။
…
အခန်း ၆၅၃ ။ ဓားကျင့်ကြံသူတွေက အသုံးမကျ
သေချာပေါက်ကို သူပေါ်လာတာနဲ့ ရှုယီက ချက်ချင်းဝမ်းသာသွားကာ မိန်းကလေးငယ်လေးလို မြူးတူးခုန်ပေါက်သွားကာ ချွဲသလို ခေါ်လိုက်တယ်။ "ဆရာ"
လူတိုင်း ထိတ်လန့်သွားကာ ရှုယွမ်ကို စူးစမ်းသလို လှည့်ကြည့်လိုက်ပေမဲ့ သူ့အမူအရာက အိုးဖင်လိုမည်းနေတာ မြင်လိုက်ရတယ်။ သူက သူ့သမီးက တခြားသူတစ်ယောက်ကို ဆရာအဖြစ် အသိအမှတ် ပြုထားတာကို လုံးဝမသိတာ ထင်ရှားနေတယ်။
"အင်း" ထျန်းကျီက တုံ့ပြန်ရင်း အကြည့်ကပိုနွေးထွေးလာတယ်။ နောက်အခိုက်အတန့်မှာ ဟိုဟိုဒီဒီကြည့်ရင်း အေးစက်နေတယ်။ စောနက ငါ့ကိုယ်ရေးကိုယ်တာတပည့်က တခြားသူနဲ့ မယှဉ်နိုင်ဘူးလို့ ဘယ်သူပြောတာတုံး"
ကိုယ်ရေးကိုယ်တာတပည့်၊ ဆရာသခင်ထျန်းကျီက ရှုယီကို သူ့ကိုယ်ရေးကိုယ်တာတပည့်အဖြစ် လက်ခံလိုက်ပြီ။
လူအုပ်ကြီးအတွက် နောက်ထပ်ထိတ်လန့်မှုဖြစ်သွားပြီး သူတို့က ရှုယွမ်ကို ကြည့်တဲ့အကြည့်တွေက သနားမှုတွေနဲ့ ပြည့်နေတယ်။ သူ့သမီးက တခြားသူကို ဆရာအဖြစ် အသိအမှတ်ပြုရုံတင်မကဘူး၊ ကိုယ်ရေးကိုယ်တာတပည့်ပါ ဖြစ်နေတယ်။ ဒါက သူ့ကို အရှက်ရစေတာပဲမဟုတ်လား။ သူ့သင်ကြားရေးမှုတွေက လုံလုံလောက်လောက် မကောင်းဘူးလို့လေ။
"အင်း ငါ့တပည့်ကို ဘယ်သူဖိနှိပ်နိုင်မလဲ မြင်ချင်မိတယ်" ထျန်းကျီက အားလုံးကို လျစ်လျူရှုပြီး သူ့မျက်လုံးတွေက နတ်ဝိညာဉ်ဖွဲ့စည်းခြင်း ဖိနှိပ်မှုနဲ့အတူ လူတိုင်းကို စစ်ဆေးကြည့်နေရင်း နောက်ဆုံးတော့ ကျိုးရှုမင်ပေါ်အကြည့်ရောက်သွားတယ်။ "မင်းလား"
ကျိုးရှုမင်က သူ့ကိုယ်ပေါ် ကြီးမားတဲ့ဖိနှိပ်မှုကိုသာ ခံစားရကာ သူ့ရင်ထဲ ဗလောင်ဆူပွက်လာပြီး ကိုယ်က နောက်ကို ယိုင်တိုင်တိုင် နောက်ဆုတ်သွားခဲ့ရရင်း သွေးအန်သွားခဲ့တယ်။
ကူယွဲ့အမူအရာက မည်းနက်သွားပြီး သူ့ကို လှမ်းကူပြီး နှလုံးသွေးကြောကို ကာကွယ်ဖို့ ဝိညာဉ်စွမ်းအင်ကို တိတ်တိတ်လေး သုံးလိုက်တယ်။
"ဆရာဦးလေးထျန်းကျီ" ဂိုဏ်းချုပ်ကလည်း မှင်တက်နေတယ်။ အုတ်မြစ်အခြေတည်သာသာတပည့်လေးကို တိုက်ခိုက်မယ် မထင်ခဲ့တာမို့ အမြန်သူ့ကို တားလိုက်တယ်။
"ဟမ့်" ထျန်းကျီ အဲတော့မှ ဖိနှိပ်မှုကို ရုတ်သိမ်းလိုက်ကာ ခေါင်းကိုလှည့်ပြီး ယွီလွမ်ကိုကြည့်လိုက်တယ်။
"မင်းက ဒီလိုတပည့်ကို ကိုယ်ရေးကိုယ်တာတပည့်အဖြစ် လက်ခံဖို့ ရည်ရွယ်နေတာလား"
"ဆရာဦးလေး သူ..." ယွီလွမ်က ရှင်းပြချင်နေတယ်။
"ငါ့ဖိနှိပ်မှုရဲ့ ၅ရာခိုင်နှုန်းကိုတောင် မခံနိုင်ဘဲ မင်းက သူ့ကိုမျက်စိကျသေးတယ် ယွီလွမ် မင်း တကယ့်ကို ပိုပိုပြီး မပြတ်မသားဖြစ်လာတာပဲ"
ထျန်းကျီ တန်းကြားဖြတ်ပြောကာ လူအုပ်ကြီးဘက်လှည့်လိုက်တယ်။ "ငါဒီနေ့ ဒီကိုရောက်လာတာ ရှုယီက မဆိုးတာမို့ သူ့ကို မနေ့က ငါ့ကိုယ်ရေးကိုယ်တာတပည့်အဖြစ် လက်ခံပြီးပြီဆိုတာ အားလုံးကို အသိပေးတာ၊ ဂိုဏ်းရဲ့ကိစ္စတွေကို ဝင်မစွက်ဖက်ချင်ပေမဲ့..."
သူ ကျိုးရှုမင်ကို တစ်ချက်ကြည့်ကာ ဆက်ပြောတယ်။ "ကွေ့ယီဂိုဏ်းရဲ့အနာဂတ်က ဒီလိုလူရဲ့ လက်တွေထဲ အလောတကြီး ထည့်လို့မဖြစ်ဘူး"
လူတိုင်း ချက်ချင်း အရှက်ရသွားတယ်။ သူတို့ စောနကတင် ကျိုးရှုမင်ကို ချီးကျူးထားကာစဆိုပေမဲ့ နောက်အခိုက်အတန့်မှာ ထျန်းကျီကြောင့် အရှက်ရသွားခဲ့တယ်။ ဒါပေမဲ့ သူ့ဝါက ပိုမြင့်ပြီး နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူမို့ ပြန်ခွန်းတုံ့မပြန်နိုင်ဘူး။ ကြည့်ရတာ ယွီလွမ်က ဒီနေ့ ဒီကိုယ်ရေးကိုယ်တာတပည့်လက်ခံနိုင်တော့မဲ့ပုံမပေါ်ဘူး။
ယွီလွမ်က ဒေါသနဲ့ မျက်နှာနီရဲသွားကာ ကျိုးရှုမင်ကို မလုံလဲမှု၊ နှမြောတသမှုတချို့နဲ့ကြည့်တယ်။
"မင်း..."
ကျိုးရှုမင် ဒီထျန်းကျီဆိုတဲ့ဆရာသခင်က တမင် ရှုယီအတွက်ရပ်တည်ပေးဖို့ သူ့ကိုပစ်မှတ်ထားနေမှန်း အလိုလိုသဘောပေါက်သွားတယ်။ ဒါပေမဲ့ သူစိတ်မပျက်သလို နောင်တလည်းမရ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရညတစ်ယောက် သတ်မှတ်ဖို့ မစီစဉ်ထားတော့ သူပဲ အရင်စပြောလိုက်တယ်။
"ဂိုဏ်းချုပ်ရဲ့ရည်ရွယ်ချက်ကောင်း အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့... ကျွန်တော်က အရည်အချင်း မရှိပါဘူး၊ အရင် ကျွန်တော် ကျင့်ကြံမှုလေ့ကျင့်ချိန် အမြုတေကျင့်ကြံမှုကို မရွေးဘဲ ဓားကိုရွေးခဲ့တာပါ၊ ဂိုဏ်းချုပ်ရဲ့တပည့် မဖြစ်နိုင်မှာစိုးမိတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
"မင်းက ဓားကျင့်ကြံသူပေါ့" ယွီလွမ်ထိတ်လန့်သွားတယ်။ ဒါက သူ မထင်ထားတဲ့အရာပဲ။
"ဟုတ်ကဲ့" ကျိုးရှုမင်ကပြန်ဖြေကာ ကူယွဲ့တံတောင်တွတ်တာကို ခံစားမိတော့ သဘောပေါက်ပြီး ထပ်ပေါင်းပြောလိုက်တယ်။
"ကျွန်တော်ရော ဒီက ဆရာတူညီကူယွဲ့ရောက ဓားကျင့်ကြံသူတွေပါ"
ယွီလွမ် သေချာကြည့်လိုက်တော့ သေချာပေါက်ကို နှစ်ယောက်လုံးပေါ် ဓားချီအရိပ်အယောင် တွေ့လိုက်ရတယ်။ သူ မနေနိုင်ဘဲ နည်းနည်းတော့ နှမြောတသဖြစ်သွားတယ်။ ဒါပေမဲ့ ဒါက သူ့ကို အခက်တွေ့နေတာကနေ ကယ်ပေးတာမို့ ချက်ချင်း စိတ်သက်သာရာရသွားခဲ့တယ်။
"ငါ့တျန်းလင်းတောင်ရဲ့ လူတွေအားလုံးက အမြုတေကျင့်ကြံသူတွေပဲ၊ မင်းကို ခေါ်ယူဖို့ တကယ် မသင့်တော့ဘူး၊ ဒီလိုဆိုရင်ရော..." သူက အစက သဘောကျရာတောင်ကို ဝင်ရောက်ခွင့်ပေးကာ ကိစ္စတွေကို အဆုံးသတ်ဖို့ သိုင်းစာအုပ်တချို့ ချီးမြှင့်လိုက်မယ် တွေးထားတာ။
ဒါပေမဲ့ ဘေးမှာရပ်နေတဲ့ ဆရာသခင်ထျန်းကျီက အေးစက်စက်နှာမှုတ်တယ်။ "ဟမ့် ဓားကျင့်ကြံသူကိုး ကွေ့ယီဂိုဏ်းမှာ ဓားကျင့်ကြံတာက ထင်ထားတဲ့အတိုင်း အတော်လေးတုံးအတာပဲ" သူ့မျက်လုံးတွေက မော်ကြွားမှုနဲ့ပြည့်နေတယ်။
"ထားလိုက်တော့ ဝိညာဉ်ကြော၃ခုနဲ့ မင်းအရည်အချင်းအရဆို မင်းက အတော်လေး အသုံးမဝင်တဲ့ဓားကျင့်ကြံသူပဲ ဖြစ်လာနိုင်တယ်ထင်တာပဲ"
ကျိုးရှုမင် အမူအရာက ပြောင်းလဲသွားတယ်။
သူ့ဘေးမှာတော့ ကူယွဲ့မျက်လုံးက အရောင်မှိန်သွားပြီး ရင်ဘတ်ထဲကနေ ဒေါသတွေ တလိမ့်လိမ့်ဆောင့်တက်လာတယ်
သူ့တစ်ကိုယ်လုံး ပေါက်ကွဲတော့မလိုပဲ—
သေစမ်း သောက်ကျိုးနည်း ငါတို့ဓားကျင့်ကြံသူတွေက ဘာဖြစ်လို့လဲ။ ဓားကျင့်ကြံသူတွေက မင်းကို အပြစ်ပြုထားမိလို့လား။ အမှိုက်လို နတ်ဝိညာဉ်ဖွဲ့စည်းအမြုတေကျင့်ကြံသူကများ၊ ငါတို့ ဓားကျင့်ကြံသူတွေကို အထင်သေးဖို့ ဘာအခွင့်အရေးရှိတုံး။
(╯‵□′)╯(┻━┻
"စိတ်အေးအေးထားပါ ဖေဖေနျို" ရှန်းရင်က ပြေးထွက်တော့မဲ့လူကို အမြန် လှမ်းဆွဲထားလိုက်တယ်။
"ငါ့ကိုလွှတ်ပေး၊ ငါ ဓားကျင့်ကြံသူက သူ့ကိုအသေရိုက်ပစ်မယ်" ကူယွဲ့တစ်ကိုယ်လုံး စိတ်တိုနေတာ ဒီအမှိုက်အမြုတေကျင့်ကြံသူက ဘယ်ကလာတာလဲ။ ခန္ဓာကျင့်ကြံသူတွေကလွဲ ငါတို့ ဓားကျင့်ကြံသူတွေက ဘယ်နေရာမှာမှ အထုထောင်းမခံရဖူးဘူး၊ သတ္တိရှိရင် တစ်ယောက်ချင်း လာချလိုက်
"နင်အခု ရန်ဖြစ်လို့မရဘူး" ကျူးကျော်သူက ဒီမှာရှိနေသေးတာ နင်ပေါ်သွားလိမ့်မယ်။
ကူယွဲ့ပြန်လှည့်ကာ သူမကိုဒေါသတကြီးကြည့်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်တော့မှ ရင်ထဲကဒေါသကို ဖိနှိပ်နိုင်တယ်ဆိုရုံလေး။ သူ စိတ်ထဲကနေ လှမ်းဆက်သွယ်လိုက်တယ်။ ကောင်းပြီလေ၊ ငါ မတိုက်ခိုက်တော့ဘူး စားဖိုမှူး မင်းသွားချေ အဲကိုသွားပြီး သူ့ခွေးမျက်လုံးတွေကို ကန်းအောင်လုပ်လိုက်"
"အာ" စားဖိုမှူးမှင်တက်သွားတယ်။ ဘယ်လိုမျိုးလဲ။
"ထွက်ပြီး ကြွားပြလိုက် ဒီခွေးကောင် အမြုတေကျင့်ကြံသူကို ဓားကျင့်ကြံသူအစစ်က ဘာလဲဆိုတာ ပြလိုက်"
သူ ကျိုးနှစ်ကျပ်ကို အထင်သေးလို့ရပေမဲ့ ဓားကျင့်ကြံသူတွေကိုတော့ လုံးဝပဲ။
ယိချင်း ဆွံ့အသွားတယ်။ ဖေဖေနျိုရဲ့ ဓားကျင့်ကြံသူတွေအပေါ် စွဲလမ်းမှုက ဘယ်လောက်တောင် လေးနက်လိုက်တာလဲ။ သူ ဘေးက ဆရာကို လှမ်းကြည့်ရုံသာတတ်နိုင်တယ်။ ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။ သွားစို့၊ ဒေါသထွက်နေတဲ့ဖေဖေနျိုကို ရန်စလို့မဖြစ်ဘူး။
နှစ်ယောက်သား ပျံထွက်လာခဲ့တယ်။
တစ်ဖက်ခြမ်းမှာတော့ ထျန်းကျီက မော်ကြွားရတာကို လုံလောက်သွားကာ ရှုယီ အပြင်ပန်းနိုင်သွားပြီတွေးပြီး သူမကိုလှည့်ကြည့်လိုက်တယ်။ "ကောင်းပြီလေ၊ ဒီနေ့တော့ အဲလောက်ပဲ၊ ယီလေး ဆရာနဲ့အတူ ပြန်မယ်"
ရှုယီကပြုံးကာ မျက်နှာမသာယာတဲ့ ကျိုးရှုမင်ကို တစ်ခါကြည့်ပြန်ပြီး ချက်ချင်း အားရပါးရ ကျေနပ်သွားတယ်။ ကံကောင်းတာ သူမ မနေ့က ဂူတံခါးပိတ်လေ့ကျင့်တာကို စောစော အဆုံးသတ်ခိုင်းတဲ့စနစ်ကို နားထောင်ပြီး နတ်ဆိုးပြောင်းတော့မဲ့ ဒီဆရာသခင်ကို ကယ်ခဲ့ကာ ကောင်းမွန်တဲ့ အထောက်အကူဖြစ်တဲ့ ဆရာတစ်ယောက်တွေ့ခဲ့တာပဲ။ ထင်ထားတဲ့အတိုင်း သူမကို ပိုပြီးတောင်ပျော်စေတဲ့ နောက်အသံတစ်သံထွက်လာတယ်။
[တင်း မူလပိုင်ရှင် အငြိုးအတေးစွမ်းအင်တန်ဖိုး -၁၀]
ဒါကြောင့် သူ မမြန်မြန် ပြန်ဖြေလိုက်တယ်။ "ဟုတ်ကဲ့ဆရာ"
"ခဏနေဦး ယီလေး" အချိန်အတော်ကြာ မှင်တက်နေတဲ့ ရှုယွမ်က အသိစိတ် ဆတ်ခနဲပြန်ဝင်လာကာ သူ့သမီးကို သူ စိတ်ရှုပ်ထွေးစွာ ကြည့်နေတယ်။ သူ့သမီးက နည်းနည်း ဆန္ဒကြီးတယ်ဆိုတာသိပေမဲ့ နောက်ထပ်ဆရာတစ်ယောက် ရှာမယ်လို့မထင်တာမို့ အဆောင်ပြန်ပြီးရင် သူမနဲ့ စကားပြောဖို့စီစဉ်နေတာ။
ဒါပေမဲ့ကျန်းထီကတော့ အေးစက်စွာ ပြောလိုက်တယ်။ "ရှုယွမ် ယီလေးက ငါ့ကို သူ့ဆရာအဖြစ် အသိအမှတ်ပြုပြီးပြီ၊ နောက်ပိုင်း ချီထျန်းနန်းဆောင်မှာပဲ သူနေတာ သဘာဝကျတယ်"
"ဒါပေမဲ့..." ရှုယွမ်က ပြောစရာရှိနေဆဲ။
ဒါပေမဲ့ ကျီထျန်းက ရှင်းပြဖို့စိတ်မရှည်ဘဲ မိန်းကလေးနဲ့အတူ တန်းထွက်လာတယ်ာ
"ဆရာဦးလေးထျန်းကျီ" ရှုယွမ်က သွေးပျက်ကာ နောက်ကလိုက်တယ်။
သူ တံခါးကနေထွက်ဖို့ရှိသေး ကြီးမားတဲ့ဓားချီက ကောင်းကင်ကနေ ရုတ်တရက်ကျလာတယ်။ ရှုယွမ် သေချာ မတောင့်ခံနိုင်ဘဲ မြေကြီးပေါ်ကျသွားခဲ့တယ်။ နတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့် ထျန်းကျီတောင် သူ့ရှေ့က မြေကြီးပေါ်ဒူးထောက်လိုက်ရပြီး လက်နှစ်ဖက်လုံးနဲ့ထောက်ထားလို့သာ မလဲကျသွားတာ။
သူ့ဘေးက ရှုယီကိုတော့ ပြောမနေနဲ့တော့။ သူမက သွေးအန်နေပြီ။ စနစ်ရဲ့တည်ရှိမှုကြောင့်သာ မဟုတ်ရင် သူမရွှေအမြုတေ ချေမွခံခဲ့ရမှာ။ ကွေ့ယီဂိုဏ်းရဲ့ အကာအကွယ်တောင်အင်းကွက်က အသက်ဝင်သွားပြီး မမြင်ရတဲ့ အကာအရံတစ်ခု လေထဲပေါ်လာပေမဲ့ အက်ကွဲသံနဲ့အတူ အဲအကာအကွယ်တောင်အင်းကွက်က ပူဖောင်းဖောက်ခံရသလို ကြေမွသွားခဲ့တယ်။
"ဒါဓားချီပဲ" အပြင်ထွက်လာတဲ့ အကြီးအကဲတွေရဲ့အမူအရာတွေလည်း ပြောင်းလဲသွားတယ်။ သူတို့ ချက်ချင်း ဂါထာတွေဖန်တီးကာ အင်းကွက်အစီအရင်တစ်ခု ဖန်တီးလိုက်တယ်။ "မြန်မြန်၊ အကာအကွယ်အင်းကွက်တစ်ခု ပြင်ကြ"
…
အခန်း ၆၅၄ ။ ဓားကျင့်ကြံသူများ၏သိက္ခာ
အားလုံးက တစ်ချိန်တည်းမှာပဲ လှုပ်ရှားကြကာ ချက်ချင်း ရွှေရောင်အလွှာတစ်ခုက အထဲက လူတိုင်းကိုကာကွယ်ပြီး ပြိုလဲသွားတဲ့သုံးယောက်ကို အကာအကွယ်အင်းကွက်ထဲ ဆွဲသွင်းလိုက်တယ်။ အဲတော့မှ သူတို့တွေက နာကျင်မှုကနေ သက်သာရာရသွားတဲ့ပုံ။
လူတိုင်း ခေါင်းမော့လိုက်ကြကာ ကောင်းကင်ကို ကြောက်လန့်တကြားမော့ကြည့်လိုက်တယ်။ သူတို့ နောက်တော့ နားလည်လိုက်ရတာက ဝိညာဉ်ဓားအပြည့်ဖြစ်နေပြီး ကောင်းကင်တစ်ခွင်လုံးမှာ ထူထဲစွာ စီတန်းနေတယ်။ တစ်ခုချင်းစီက လူတစ်ယောက်သွေးကို အေးစက်သွားစေတဲ့ ဓားချီ သယ်ဆောင်ထားပြီး အချိန်မရွေးပြုတ်ကျလာနိုင်တယ်။ အလယ်တည့်တည့်မှာတော့ ဓားတစ်ချောင်း စီးထားတဲ့ လူတစ်ယောက်ကို ဝိုးတဝါးမြင်နေရတယ်။
ယွီလွမ်က ချက်ချင်းဖြူဖျော့သွားကာ ရင်ထဲအတော်လေး စိတ်လှုပ်ရှားနေတယ်။ ဒါက ဓားကျင့်ကြံသူပဲ ပြီးတော့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကို နှိမ်နင်းနိုင်တဲ့ ဓားကျင့်ကြံသူ။ ဆိုလိုတာ သူလည်း နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်။ ဒါပေမဲ့ ဘာကြောင့် သူတို့ကိုရုတ်တရက် တိုက်ခိုက်နေရလဲ သူမသိဘူး။ ဒါကြောင့် အားတင်းကာ အော်ပြောလိုက်ရတော့တယ်။ "ကျုပ်ကွေ့ယီဂိုဏ်းကို ဘယ်ပညာရှင်ကများ ရောက်လာလဲဆိုတာ သိခွင့်ရှိမလားဗျ"
ကူယွဲ့လည်း ဓားအင်းကွက်တစ်ခု ဆင့်ခေါ်ထားတဲ့ လေထဲကစားဖိုမှူးကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းထောင့်က ချက်ချင်းတွန့်သွားပြီး စိတ်ထဲက ဆက်သွယ် ဆူလိုက်လေတယ်။ "မင်းတို့နှစ်ယောက် ဘာလုပ်နေတာတုံး၊ ငါပြောတာ ကြွားခိုင်းတာဟ ဂိုဏ်းကိုသုတ်သင်ဖို့မဟုတ်ဘူး"
သူတို့တွေ သူ့ကိုအရူးလုပ်ချိန်သုံးတဲ့ စွမ်းဆောင်ရည်လေးဘာလေး ထုတ်သုံးလို့ရမလား။
စားဖိုမှူးက တောင့်တင်းသွားတယ်။ "အာ အကျင့်လေ" သူက တိုက်ခိုက်တာနဲ့ ရင်းနှီးပေမဲ့ ကြွားလုံးထုတ်တာကတော့ သိသိသာသာကို ဖေဖေနျိုရဲ့ စီးပွားရေးလေ။ ဒါက နောက်ထပ်ကျွမ်းကျင်မှုပဲ။
ဒါကြောင့် သူ့လက်ထဲက ဂါထာတွေ ပြောင်းကာ နောက်တစ်ကြိမ် ကောင်းကင်ထဲက ဝိညာဉ်ဓားတွေအားလုံး စုဝေးလာပြီး ဝိညာဉ်ဓားဖြူ၈ချောင်း ဖြစ်လာတတယ်။ သူတို့တွေက အရပ်၈မျက်နှာဆီ ပျံသန်းသွားကာ ဂျလိန်းဂျလိန်းသံတွေနဲ့အတူ ကွေ့ယီဂိုဏ်းပတ်လည်ဆီ ဆင်းသက်သွားပြီး ကြီးမားတဲ့အင်းကွက်အစီအရင်ကြီးတစ်ခု ဖြစ်လာတယ်။ ခဏအတွင်း အဖြူရောင်အလင်းလွှာက အရောင်လက်ကာ ကွေ့ယီဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး နောက်တစ်စက္ကန့်မှာတော့ တဖြည်းဖြည်း အရောင်ပေါ့လာပြီး ဓားကြီး၈ချောင်းနဲ့အတူ ပျောက်ကွယ်သွားခဲ့တယ်။
သူ မတော်တဆ အကာအကွယ်အင်းကွက်ကို ဖျက်ဆီးမိမှတော့ ပြန်လျော်ကြေးပေးလိုက်မယ်လေ။
အောက်မှာတော့ ကြောက်ခမန်းလိလိ ရန်သူကို ရင်ဆိုင်နေရသလို သတိထားနေတဲ့လူတိုင်းက ရုတ်တရက် မှင်တက်သွားကြတယ်။ ဘာတွေဖြစ်နေတာလဲ။ စောနတုန်းက သူက နေရာကိုဖျက်ဆီးဖို့ ဒီရောက်နေသလို ပြုမူပြီး အခုကျ ဓားချီကို ပြန်ရုတ်သိမ်းသွားရုံတင်မကဘူး ပိုပြီးအစွမ်းရှိတဲ့ တောင်အကာအကွယ်အင်းကွက်ပါ ပြင်ပေးတယ်။
လူတိုင်း ကြောင်အမ်းသွားပေမဲ့ တစ်ဖက်သူက တိုက်ခိုက်မဲ့ပုံ အရိပ်အယောင်မရှိတာ မြင်တော့ သူတို့အလိုလို သက်မချလိုက်ကာ သိချင်စိတ်နဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။
တစ်ခဏနေတော့ သူတို့ အမျိုးသားတစ်ယောက် ဓားပေါ်ကနေ ဆင်းသက်လာတာကိုမြင်လိုက်ရတယ်။ သူက ဝတ်ရုံပြာဝတ်ထားပြီး ပတ်လည်က ဝိညာဉ်ချီကတော့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့် ရောက်နေပြီ။ သူ့ချောမောပြီး အဖတ်မလုပ်တဲ့ မျက်နှာက ပိုက်ဆံပေးဖို့ ဒီကိုရောက်လာတာနဲ့တူတယ်။
"ဘာလို့ သူဌေးလန်ရဲ့ အသွင်အပြင်ကို ပြောင်းထားတာလဲ" ကူယွဲ့ နှုတ်ခမ်းထောင့် တွန့်သွားတယ်။ သူ့ကို လန့်သွားစေခဲ့တာလေ၊ သူဌေးလန်က မုန်လာဥဖြူနဲ့အတူ အောက်ဘုံဆီ ဆင်းလာတယ် ထင်နေတာ။
"ဆရာက ကျွန်တော့်ကို ရုပ်ပြောင်းခိုင်းတာ ကျွန်တော် တခြားသူလည်း စဉ်းစားမရတာနဲ့ ရင်းနှီးတဲ့လူတစ်ယောက်ပုံ ပြောင်းလိုက်တာ" စားဖိုမှူးက စိတ်ထဲကနေ လှမ်းဆက်သွယ်လိုက်တယ်။ ကျူးကျော်သူရဲ့ အသိအမှတ်ပြုခံရမှာကို ကြောက်လို့လေ။
"ရင်းနှီးနေတဲ့တစ်ယောက်ယောက်၊ ဘာလို့ ဖက်တီးမဟုတ်ဘဲ သူဌေးလန်လဲ"
"ဖက်တီးက အရပ်ပုလွန်းတယ်၊ ဓားကျင့်ကြံသူနဲ့ မတူဘူး" ယိချင်းကရဲတင်းပြီး ခိုင်ခိုင်လုံလုံပြောတယ်။
"..." အရူးတစ်ယောက်ပဲ မင်းကိုယုံမှာ၊ မင်း သူဝတာကို စိတ်ထဲထားတာ မဟုတ်ဘူးလား။
"နှုတ်ခွန်းဆက်သပါတယ် ဆရာသခင်" ယွီလွမ်က ရှေ့တင်ကာ စိတ်လှုပ်ရှားနေပြီး ဂနာမငြိမ်ဖြစ်နေကာ ဂါရ၀ပြုလိုက်တယ်။ "ကျွန်တော့် မသိနားမလည်မှုကို ခွင့်လွှတ်ပါ၊ ဆရာသခင်က ဘယ်ဂိုဏ်းကလဲဆိုတာ မေးလို့ရမလားဗျ"
"နယ်လှည့်ကျင့်ကြံသူ"
"နယ်လှည့်ကျင့်ကြံသူ" ယွီလွမ်က ပိုတောင်အံ့ဩသင့်သွားတယ်။ နည်လှည့်ကျင့်ကြံသူတွေကြား ဘယ်ချိန်တုန်းက ဒီလိုဓားဝိဇ္ဇာကျင့်ကြံသူရှိနေတာလဲ။
"အကြောင်းရင်း မရှိဘူး" ယိချင်းက အလိုလို ဖြေတယ်။
"..." ယွီလွမ်က မှင်တက်သွားတယ်။ ဒါဆို သူက ဘာလို့ ဘာအကြောင်းမှမရှိ လူတွေကို ခြောက်လှန့်နေတာလဲ။
"စားဖိုမှူး နေဖို့အကြောင်းရင်းရှာလိုက်" ကူယွဲ့ စိတ်ထဲက လှမ်းပြောလိုက်တယ်။ ဒါက အသင့်လုပ်ထားတဲ့ အခွင့်အရေးပဲ။ ထပ်ပြီးအချောင်ခိုဖို့ မစဉ်းစားနဲ့တော့။
"အင်း ကိစ္စအသေးအဖွဲလေးတစ်ခုရှိတယ်" ယိချင်းက လေသံကပြောင်းသွားကာ တစ်ဖက်လှည့်ပြီး ဘေးကကျိုးရှုမင်ကို ကြည့်လိုက်တယ်။
ကျိုးရှုမင်က စောနက ထိတ်လန့်စရာဓားချီကနေ အသိစိတ်ပြန်ဝင်မလာသေးဘူး။ သူက စားဖိုမှူးကို ထိတ်လန့်မှု၊ စိတ်လှုပ်ရှားမှု၊ တမ်းတမှု၊ မယုံကြည်နိုင်မှုတွေနဲ့ ငေးကြည့်နေမိတယ်။ ဒါက ဓားကျင့်ကြံသူ ဖြစ်နေတာကိုး သူက မှန်မှန်ကန်ကန် ရွေးချယ်ခဲ့တာပဲ။ ဓားကျင့်ကြံသူတွေက ဒီလောက် စွမ်းအားကြီးနိုင်တာကိုး။ ဓားချီကိုသုံးတာနဲ့တင် အဆင့်တူတူက ကျင့်ကြံသူတွေကို နှိမ်နင်းနိုင်တယ်ပေါ့။
"ဘာကိစ္စလဲဆိုတာ သိခွင့်ရှိမလား၊ ကွေ့ယီဂိုဏ်းက အကူအညီတစ်ခုခုဖြစ်ပေးနိုင်တဲ့နေရာရှိလားဗျ"
ယွီလွမ်က လေးစားမှုအပြည့်နဲ့ပြောလိုက်တယ်။ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းဓားကျင့်ကြံသူက ခရီးသွားအမတနဲ့ တူညီတယ်။ ဘယ်ဂိုဏ်းမှ ဒီလိုကျင့်ကြံသူကို လွယ်လင့်တကူ အပြစ်ပြုမှာ မဟုတ်ဘူး။ အဲအစား သူတို့ သူနဲ့ ရင်းရင်းနှီးနှီးရှိအောင် အကောင်းဆုံးလုပ်သင့်တယ်။ ပြီးတော့ သူက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုမှ နှောင်းပိုင်းအဆင့်
စားဖိုမှူးက ခဏတာ တောင့်တင်းသွားတယ်။ ဆင်ခြေတွေဘာတွေ ဖန်တီးဖို့က အရမ်းကိုခဲယဉ်းတာပဲ။ သူက ဖေဖေနျို မဟုတ်ဘူးလေ။ ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ။ သူက ဇာတ်လမ်းတွေ ဖန်တီးရတာတွေကို မုန်းတယ်။ သူ ခဏစဉ်စားပြီး အဆင်သင့်ရှိပြီးသားဟာကို သုံးဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။
"အိုး အချစ်လေး" တောင့်တင်းနေတဲ့မျက်နှာနဲ့ သူက ရုတ်တရက် အလွန်အမင်း အပိုလုပ်ကာ အတုအယောင် အာမေဋိတ်ရွတ်ပြီး ငေးငိုင်နေဆဲကျိုးရှုမင်ကို လက်ညှိုးထိုးလိုက်တယ်။ "ဒါက ငါ့ဆီက ဝိညာဉ်ကျောက်တုံးနှစ်တုံးချေးသွားတဲ့ တာအိုရောင်းရင်းကျိုး မဟုတ်လား၊ မတွေ့တာကြာပြီနော် မင်းမှာ ခုပြန်ပေးဖို့ ပိုက်ဆံရှိလား"
ယွီလွမ် ။ ။ "..."
အားလုံး ။ ။ "..."
သောက်ကျိုးနည်း။ ဝိညာဉ်ကျောက်တုံးနှစ်တုံးအတွက်နဲ့ ဒီထိလိုက်လာတာ မင်းနောက်နေတာပဲ ဖြစ်ရမယ်
( ̄△̄;)
ကူယွဲ့ ။ ။ "..."
ဒါက သေချာပေါက် သူသင်ပေးခဲ့တဲ့သား မဟုတ်ဘူး အခု အဆက်အသွယ်အားလုံးကို ဖြတ်တောက်ဖို့ နောက်ကျလွန်းသွားပြီလား။
"အာ အဲလိုလား" ဒါပေမဲ့ ကျိုးရှုမင်ကတော့ တကယ် ဝိညာဉ်ကျောက်တုံးလေးတုံးကို အလိုလို ထုတ်လိုက်မိကာ ကမ်းပေးလိုက်တယ်။ "ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း"
"ကိစ္စမရှိပါဘူး"
ခဏ ဒီမြင်ကွင်းက ဘာလို့အရမ်းကို ရင်းနှီးနေတာပါလိမ့်။
ကျိုးရှုမင်လက်က တောင့်ခဲသွားကာ သူမနေနိုင်တော့ဘဲ သူ့ပါးစပ်ကိုဟပြီး မေးလိုက်တယ်။
"ဆရာသခင်ရဲ့ တာအိုနာမည်ကို သိခွင့်ရှိလို့ရမလား"
"ယိချင်း"
"..."
ထပ်ပြီးတော့
ကျိုးရှုမင် သူ့နှုတ်ခမ်းထောင့် တွန့်သွားတာကိုသာ ခံစားမိကာ သူ့မျက်လုံးက အလိုလို လိုက်လံရှာဖွေရင်း ယိချင်းရဲ့နောက်မှာ အသီးတစ်လုံးကို တဂျွတ်ဂျွတ်စားနေတဲ့ ရင်းနှီးနေတဲ့အသွင်ကို တွေ့သွားခဲ့တယ်။
"ဟေး နှစ်ကျပ်" ရှန်းရင်က လက်ယမ်းနှုတ်ဆက်လိုက်တယ်။
"..." ပြီးတော့... ပြီးတော့ ဒါက တကယ့်ကို အစစ်ပဲ။
သူ မနေနိုင်တော့ဘဲ သူ့ဘေးကလူကို လှည့်ကြည့်လိုက်မိတယ်။ ညီကိုကူယွဲ့ ပေါ်လာတာနဲ့ ခရီးစရိတ်တောင်းတတ်တဲ့ ဒီလိုနည်းလမ်းတွေက ခင်ဗျားလူတွေရဲ့ အလေ့အကျင့်လား။
ကူယွဲ့ တိတ်တိတ်လေး အကြည့်လွှဲလိုက်တယ်။ ငါ့ကိုမမေးနဲ့ ငါ သူတို့ကိုမသိဘူး။
"အာ ဒီတာအိုရောင်းရင်း..." ယိချင်းက ကူယွဲ့ဘက်လှည့်ကာ လေးနက်မှုအပြည့်နဲ့ ဆင်ခြေဆက်လုပ်တယ်။ "ခင်ဗျားကတော့ ချေး..."
"ငါမင်းကို အကြွေးတင်နေတယ်လို့ ပြောရဲရင် ပြောကြည့်လိုက်" သူ စကားမဆုံးခင် ကူယွဲ့က စိတ်ထဲကနေ တန်းခွန်းတုံ့ပြန်လိုက်တယ်။
ယိချင်းက တောင့်ခဲသွားကာ အလိုလို သူ့ဟင်းချက်စရာသိုလှောင်အိတ်ကို ဆုပ်ကိုင်မိလိုက်ပြီး နောက်ထွက်လာမဲ့စကားလုံးတွေက အတင်း လှည့်ပြောင်းသွားတော့တယ်။ "ချေး... ငါ့ကို ချေးထားတာလေ၊ ဝိညာဉ်ကျောက်တုံးတွေ အများကြီး၊ တာအိုရောင်းရင်းကူယွဲ့" ကောင်းပြီလေ သူ တကယ် ဖေဖေနျိုက သူ့ကို စားသောက်စရိတ်ဘယ်လောက်ပေးထားလဲ မမှတ်မိတော့ဘူး။
"ဆရာသခင် ယိချင်း၊ မတွေ့ရတာကြာပြီနော်"
ကူယွဲ့ သူနှလုံးသားအောက်ခြေထဲက ကနာမငြိမ်ဖြစ်မှုကို မျိုသိပ်ကာပြုံးပြီး တစ်ဖက်သူ ပျက်ချော်ချော်လုပ်ထားတဲ့ စကားကိုဆက်လိုက်တယ်။ သူက ကွေ့ယီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ယွီလွမ်ဘက် လှည့်ပြောလိုက်တယ်။ "ဂိုဏ်းချုပ်ကို တင်ပြပါတယ်၊ ကျွန်တော် ကွေ့ယီဂိုဏ်းကို မဝင်ခင်က ကံကောင်းထောက်မပြီး ဆရာသခင်ယိချင်းနဲ့ ကြုံခဲ့ပါတယ်၊ သူ့မှာ ဝိညာဉ်ကျောက်တုံးတွေ မပါလာလို့ သူ့ကို အကူအညီသေးသေးလေး ပေးခဲ့တာပါ၊ ကျွန်တော် သူ့ကိုနောက်တစ်ကြိမ် တွေ့ခွင့်ရမယ် မထင်ခဲ့ဘူး"
သူ နောက်တော့ ကျိုးရှုမင်ဘက်လှည့်လိုက်တယ်။ "ညီကိုကျိုးကလည်း ဂိုဏ်းထဲမဝင်ခင် ဆရာသခင်နဲ့ သိကျွမ်းပြီးသားဖြစ်နေတာကိုး"
"အာ" ကျိုးရှုမင် အူကြောင်ကြောင်ဖြစ်ပြီး ခေါင်းညိတ်မိလိုက်တယ်။ "ဟုတ်တယ်"
"ဒါဆို ကျွန်တော်တို့က တကယ်ကံစပ်တာပဲ" သူက ပြုံးလိုက်တယ်။ "ဆရာသခင်က တကယ်ကို ထောက်ထားတတ်သူပဲနော်၊ ဒီတစ်ချိန်လုံး စိတ်ထဲ ကျွန်တော် ခင်ဗျားကို ဝိညာဉ်ကျောက်တုံးတစ်သောင်း ချေးခဲ့ဖူးတာကို မှတ်မိနေတာကိုး၊ ပြန်ဆပ်ဖို့တောင် ကွေ့ယီဂိုဏ်းထိ တကူးတကရောက်လာတယ်" သူ တမင်သက်သက် 'တစ်သောင်း' ဆိုတဲ့စကားလုံးကို ဖိပြောကာ လက်ကို ဆန့်ထုတ်ပေးလိုက်တယ်။ ဘယ်လိုကြွားရမလဲတောင် မသိတာ၊ မင်းတို့နှစ်ယောက်ကို ပျိုးထောင်ရတာ ဘာအကျိုးရှိလဲ။ နေထိုင်စားသောက်စရိတ်တွေ ပေးတော့
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
သားရဲပဲ နေထိုင်စားသောက်စရိတ်တောင် မချန်ဘူး