အခန်း (၆၅၅-၆၅၇)
Vol. 44 Ch. 655-657
အခန်း ၆၅၅ ။ ကွေ့ယီတွင် အားလုံးတူတူ
"သိပြီ" ယွီလွမ်က နောက်တော့ ဒီဆရာသခင်က ကျေးဇူးဆပ်ဖို့ ပြန်လာတယ်ဆိုတာ နားလည်သွားတယ်။ သူ ချက်ချင်းသက်မချကာ အကြည့်ပြောင်းသွားပြီး ချက်ချင်း ချိုမြဖော်ရွေတဲ့အပြုံးဆင်မြန်းလိုက်တယ်။
"ဆရာသခင်၊ ခင်ဗျားက တကယ် ယဉ်ကျေးလွန်းနေပါပြီ ဝိညာဉ်ကျောက်တုံးတစ်သောင်းပဲဟာ၊ ဂိုဏ်းက ဆုံးဖြတ်ပြီး ဒီတပည့်ဆီ ဝိညာဉ်ကျောက်တုံးတစ်သောင်းကို ငွေထုတ်ပေးလိုက်ရင်ရော၊ တောင်အကာအကွယ်အင်းကွက် ပြန်ချပေးတဲ့အတွက် ဆရာသခင့်ကို ကျွန်တော်တို့ကျေးဇူးတင်မှုအဖြစ် မှတ်ယူလိုက်ပါ"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
အဲလိုမျိုး တခြားရွေးချယ်စရာလည်းရှိသေးတာကိုး။
ヽ(✿゚▽゚)ノ
သုံးယောက်သား မျက်လုံးတွေတောက်ပသွားတယ်။ ခု သူတို့နေထိုင်စရိတ်ကို လျှော့ချဖို့မလိုတော့ဘူး။ စားဖိုမှူး သူ့ပြုလုပ်ထားတဲ့ဆင်ခြေက အရမ်းကောင်းတယ်လို့ ချက်ချင်းခံစားလိုက်ရတယ်။
"ပြဿနာမရှိပါဘူး ဂိုဏ်းချုပ်၊ ငါက မင်းတို့ဂိုဏ်းရှုခင်းက အတော်လေး လှတာမို့ အင်းကွက်ပြင်ပေးတာ၊ နေရာကောင်းလေးဆိုတော့ ကြိုတင်ပြင်ဆင်မှုတချို့လု ပ်ပေးရုံပါပဲ"
"ဆရာသခင်ဆိုလိုတာက..." ယွီလွမ်က တုံ့သွားကာ သူ့ရည်ရွယ်ချက်ကို နည်းနည်း အူကြောင်ကြောင် ဖြစ်နေတယ်။
"မင်းတို့ဂိုဏ်းက ဓားကျင့်ကြံသူတွေ မရှိဘူးလား၊ ငါ့လိုမျိုးလေ"
ယွီလွမ် ။ ။ "..."
တောင်ထွတ်သခင်များ ။ ။ "..."
အကြီးအကဲများ ။ ။ "..."
သူတို့ ခုလေးတင် နားကြားလွဲနေတာလဲ
ဘုရားသခင် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ကနေ ကျလာတယ် တံခါးရှေ့တည့်တည့်ရောက်လာတာမျိုးလေ
ယွီလွမ် ရုတ်တရက် အိပ်မက်မက်နေလား သူ့ကိုယ်သူဆွဲစိတ်ချင်စိတ်ပေါ်လာတယ်။ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆရာသခင်တွေက ကျင့်ကြံမှုမှု အမြင့်ဆုံးလူတွေဆိုတာ သိသင့်တယ်။ သူတို့အတွက် နောက်တစ်ဆင့်က တက်လှမ်းဖို့ပဲ။ သူတို့ကို ဘိုးဘေးတွေလို တန်ဖိုးမထား မကိုးကွယ်တဲ့ ဂိုဏ်းမရှိ။ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူအရေအတွက်က ဂိုဏ်းရဲ့ခွန်အားကိုလည်း တန်းသက်ရောက်မှုရှိတယ်။
သူတို့ကွေ့ယီဂိုဏ်းက ဒီနေရာမှာ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းဆရာသခင်နှစ်ယောက်တည်းမို့ ရှုံးတာ။ သူတို့ဂိုဏ်းက အမြုတေကျင့်ကြံသူအများစုရှိတဲ့အချက်ကြောင့် တခြားဂိုဏ်းတွေက သူတို့ကို အလွယ်တကူ အပြစ်မပြုရဲပေမဲ့ စွမ်းဆောင်ရည်အရဆို တခြားထိပ်တန်းအဆင့်သူတို့က အမတဂိုဏ်းတွေနဲ့ယှဉ်ရင် နောက်ကောက်ကျတယ်။ မျက်နှာပြင်မှာတော့ အားလုံးက အဆင်ပြေပေမဲ့ နောက်ကွယ်မှာ ဆုံးရှုံးမှုတွေအများကြီးရှိခဲ့တယ်။ ပြီးတော့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကလည်း သူတို့အပေါ် ငမ်းငမ်းတတ်တဲ့မျက်လုံးတွေနဲ့။ တကယ်လို့ တကယ်သာ တိုက်ပွဲဆိုရင် ကွေ့ယီဂိုဏ်းက လုံးဝတောင့်ခံနိုင်မှာ မဟုတ်ဘူး။
သူတို့ရဲ့ခုခံမှုအင်းကွက်အတွက်တောင် ဆယ်နှစ်တိုင်း ဝိညာဉ်ကျောက်တုံးတွေသုံးပြီး အင်းကွက်အစီအရင်ကျွမ်းကျင်တဲ့ဂိုဏ်းတွေကို ဖိတ်ကြားကာ အားဖြည့်ပေးခိုင်းရတယ်။ ဒါကွေ့ယီဂိုဏ်းရဲ့ အကြီးမားဆုံးအားနည်းချက်ပဲ။ စွမ်းဆောင်နိုင်တဲ့ကျင့်ကြံသူတွေနည်းတယ်။ အထူးသဖြင့် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေ။ ဒါကလည်း သူတို့ ထိုက်ယန်ဂိုဏ်းကို ခုထိမယှဉ်နိုင်တဲ့အကြောင်းရင်းပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ထိုက်ယန်ဂိုဏ်းက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်တွေ ဒါဇင်ချီရှိတာကိုး။
ဒါပေမဲ့ ဒီနေ့ကျ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူက သူတို့တံခါးဝရောက်လာပြီ။ ပြီးတော့ ဓားကျင့်ကြံသူပါ ဖြစ်နေတယ်။ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းဓားကျင့်ကြံသူဆိုတာ ဘာအဓိပ္ပာယ်လဲ။ အမတအစစ် လောကဆီ မဆင်းသက်လာသရွေ့ သူက ကျင့်ကြံသူတစ်လောကလုံးကို လွှမ်းမိုးနိုင်ပြီး ဘယ်သူမှ သူ့ကို အပြစ်မပြုနိုင်မဲ့ဖြစ်တည်မှုမျိုးပဲ သူ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲနေနိုင်မလဲ စိတ်လှုပ်ရှားတာထက်ပိုတယ်။ သူစိတ်ငြိမ်အောင် ဂိုဏ်းတစ်ခုလုံးကို သုံးပတ် ပတ်ပြေးချင်စိတ် ပေါ်နေတယ်။
"ဆ... ဆရာသခင်၊ တ... ကယ် ကွေ့ယီဂိုဏ်းမှာ နေချင်တာလား"
"နေလို့မရဘူးလား" ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ အဲလိုဆို အလုပ်ရှုပ်ပြီပေါ့။
"ရတာပေါ့ ရတာပေါ့ သေချာပေါက်ရတာပေါ့" ယွီလွမ်က ချက်ချင်း အသည်းအသန် ခေါင်းညိတ်တယ်။ ဘာလို့ သူ ရုတ်တရက် သူတို့ တံခါးဆီ ရောက်လာလဲ ဘယ်သူဂရုစိုက်မှာလဲ။ ဒါက ဒီလို သန်မာတဲ့ အထောက်အကူဖြစ်တာမို့ ခေါ်ထားရမှာပေါ့။ တခြားဘာပြဿနာကမှ ပြဿနာမဟုတ်တော့ဘူး။
"ဆရာသခင်က ကျွန်တော်တို့ကို ရွေးချယ်တာ ကွေ့ယီဂိုဏ်းရဲ့ ဂုဏ်ယူစရာပါ၊ တကယ်လို့ ဆရာသခင်က နေရင် ကျွန်တော်... ကျွန်တော်... ကျွန်တော့်ဂိုဏ်းတစ်ခုလုံးက ဆရာသခင်ကို မဟာအကြီးအကဲအဖြစ် ခစားပြီး အကြီးဆုံးအဖြစ် ဂုဏ်ပြုဖို့ ဆန္ဒရှိပါတယ်၊
"မလိုပါဘူး" ယိချင်းက အဲအတွက် သူ့ခေါင်းကို ယမ်းလိုက်တယ်။ "ငါက ကွေ့ယီဂိုဏ်းက မဟုတ်ဘူး၊ မသင့်တော်မှာ စိုးမိတယ်"
"ရပါတယ် ရပါတယ်" ယွီလွမ်က ပိုပြီးတောင် ပျော်ရွှင်စွာ ပြောတော့တယ်။ မင်းနေသရွေ့ ဘာမဆိုအဆင်ပြေတယ်။ "ဆရာသခင်ရဲ့ ကျင့်ကြံမှုက အစွမ်းကြီးတာမို့ မှန်တာပေါ့"
"ယုတ္တိမရှိတာ" ယိချင်း မတုံ့ပြန်နိုင်ခင် ဆရာသခင်ထျန်းကျီက နောက်ဆုံးအသိပြန်ဝင်လာပြီး လူအုပ်ကို စိန်းစိန်းဝါးဝါး ကြည့်နေတယ်။
"ငါတို့ ဒီလိုသံသယဖြစ်စရာနောက်ခံနဲ့ လူကို ငါ့ကွေ့ယီဂိုဏ်းထဲ ဘယ်လိုလုပ် ဝင်ခွင့်ပေးရမှာလဲ၊ သူစောနက တောင်အကာအကွယ်အင်းကွက်ကို ဖျက်ဆီးခဲ့တယ်ဆိုတာ မေ့နေတာလား၊ ဒီမှာ ရုတ်တရက် သူပေါ်လာရတဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ဘယ်သူသိမှာတုံး"
တခြားလူအားလုံးရဲ့ အမူအရာက ပြောင်းလဲသွားကာ တင်းမာသွားတယ်။ ဦးလေးဆရာထျန်းကျီက အမြဲအတော်လေး မော်ကြွားပြီး တကာ် မော်ကြွားနိုင်စွမ်းရှိပေမဲ့ သူ့ရှေ့ကဒီလူက သူ့ထက် ကျင့်ကြံဆင့် မြင့်တဲ့ဓားကျင့်ကြံသူ။ တကယ်လို့ သူ့မှာ ဒီလို သံသယတွေရှိရင်တောင် မျက်နှာရှေ့ တည့်တည့် မပြောသင့်ဘူးလေ။ ဒါက သူ့ကို သိသိသာသာအပြစ်ပြုချင်နေတယ်မဟုတ်လား။
ယွီလွမ် သွေးပျက်သွားကာ သေချာပေါက်ကို ဓားကျင့်ကြံသူအမူအရာက အေးစက်သွားတယ်။ အခြေအနေ အေးဆေးအောင် တစ်ခုခုကို ပြောမို့ရှိသေး သူ့ကို အရင်လက်ဦးသွားတယ်။
"အကြောင်းရင်းကို ပြောရရင်တော့... ငါ့မှာ တကယ်တစ်ခုရှိတယ်" ယိချင်းအကြည့်က ထျန်းကျီပေါ် စိုက်ကြည့်နေကာ ချက်ချင်း ဖိနှိပ်မှုက သူ့ဆီ ဝှေ့လာတယ်။ ထျန်းကျီက မှင်တက်သွားကာ အလိုလို ခြေလှမ်းနောက်တစ်လှမ်း ပြန်ဆုတ်လိုက်ပေမဲ့ တစ်ဖက်လူက တစ်လုံးချင်းတစ်လုံး ပြောလာတာကို ကြားလိုက်ရတယ်။ "စောနတုန်းက ဘယ်သူပြောတာလဲ — အဲဓားကျင့်ကြံသူတွေက အသုံးမဝင်ဘူးဆိုတာ"
ထျန်းကျီ ။ ။ "..."
ယွီလွမ် ။ ။ "..."
အားလုံး ။ ။ "..."
ခန့်မှန်းချက်တစ်ခုက ခဏအတွင်း လူတိုင်းရဲ့ နှလုံးသားထဲ ပေါ်ပေါက်လာတယ်။ ဖြစ်နိုင်တာ... သူက ဒီစကားကြောင့် ကွေ့ယီဂိုဏ်းဆီ ရောက်လာတာလား။
(⊙_⊙)
ဒါပေမဲ့ ယိချင်းက သူတို့ကို လျစ်လျူရှုပြီး သူ့လက်တစ်ဖက်လှည့်လိုက်ကာ ဓားဝိညာဉ်တစ်ခု ဆင့်ခေါ်လိုက်တယ်။ နောက်တစ်စက္ကန့်မှာ ပျံ့နှံ့လာတဲ့ဓားချီက ထျန်းကျီဆီ တလိမ့်လိမ့်တက်လာပြီး ဖြည်းနှေးစွာ ပြောလာတယ်။ "လက်မခံတဲ့သူ လာတိုက်ခိုက်ချေ"
အားလုံး သူတို့ခြေထောက်တွေ ချက်ချင်း ပျော့ခွေသွားကာ ဒီကြောက်ခမန်းလိလိဓားချီတွေကြား ဒူးထောက်ကျလုနီးပါး ဖြစ်သွားတယ်။ ဒီအရှိန်အဝါကို ရင်ဆိုင်နေရတဲ့ ထျန်းကျီဆို ပြောမနေနဲ့တော့။ သူ့အမူအရာက ချက်ချင်း မှောင်မည်းသွားတယ်။ ရင်ထဲ အရင်ကတစ်ခါမှမခံစားရဖူးတဲ့ ဘေးကြပ်နံကြပ် ခံစားချက်ရလိုက်ပေမဲ့ အေးစက်စွာ တုံ့ပြန်လိုက်သေးတယ်။ "ငါ မင်းကို ကြောက်တယ်ထင်နေလား" သူက စောနက ဓားချီကြောင့် ဖိနှိပ်ခံခဲ့ရတာက သတိလက်လွတ် ဖြစ်သွားလို့ပဲ။ သူရှုံးမယ်လို့ တကယ်ထင်နေတာလား။
"ခဏ ဆရာသခင်တို့..." ယွီလွမ်သွေးပျက်သွားတယ်။ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းဆရာသခင်တွေကြားက တိုက်ပွဲဆိုတာ ပုံမှန်မဟုတ်ဘူး။ တကယ်လို့ သူတို့ရန်ဖြစ်ချင်ရင်တောင် ဒီမှာတော့မလုပ်သင့်ဘူး သူ သူတို့ကို တိုက်တွန်းတော့မလို့။
"မင်းက သေတွင်းတူးနေတာပဲ" ထျန်းကျီက သူ့ဓမ္မလက်နကါကို ဆင့်ခေါ်ပြီးပြီဖြစ်ကာ တစ်ဖက်လူ မပြင်ဆင်ရသေးခင် ပြေးဝင်လာတယ်။
ဒါပေမဲ့ သူ အနားမရောက်ခင်မှာတင် ကြီးမားတဲ့အရှိန်အဝါက သူ့ဆီပြေးဝင်လာတယ်။ သု တုံ့ပြန်ဖို့ အချိန်တောင်မရဘဲ ပစ်ထုတ်ခံလိုက်ရကာ အနောက်ကနံရံဖြူကို ဘန်းခနဲ ရိုက်မိသွားခဲ့တယ်။ သူ သူ့သွေးနဲ့ချီတို့ တလိမ့်လိမ့်တက်လာတာကို ခံစားမိကာ သူ့တစ်ကိုယ်လုံးထဲကသွေးကြောတွေ လက်မတစ်ခုချင်းစီမှာ ပြတ်တောက်ကုန်တယ်။ သွေးတွေ အန်ထုတ်မိတော့တယ်။
လူတိုင်း ဒီရုတ်တရက်မြင်ကွင်းကြောင့်မှင်တက်နေတယ်။ သူတို့မတုံ့ပြန်နိုင်ခင်မှာတင် ဒီတိုက်ပွဲက ပြီးသွားပြီ။ သူတို့ သူဘယ်လိုတိုက်ခိုက်လဲတောင် မမြင်လိုက်ရဘဲ ထျန်းကျီက နံရံမှာကပ်နေပြီ။
နောက်အခိုက်အတန့်မှာတော့ ကျွီခနဲအသံမြည်ကာ ဂျိန်းခနဲအသံတွေ အပ်ခိုးထပ်လာတယ်။ ခန်းမတစ်ခုလုံး တစ်စောင်းခုတ်ခံလိုက်ရကာ အပေါ်တစ်ဝက် ပြိုလဲသွားပြီး အောက်တစ်ဝက်နဲ့ ထျန်းကျီရှိနေတဲ့ အဲနံရံဖြူပဲကျန်ခဲ့တယ်။
ဒီရိုက်ချက်က တမင်စောင်းထားတာ ထင်ရှားတယ်။ တကယ်လို့ထျန်းကျီပေါ်သာ ရောက်သွားခဲ့ရင်...။
ဒီကြောက်ခမန်းလိလိ တိုက်ခိုက်တဲ့စွမ်းအားကဘာကြီးလဲ။
Σ(°△°|||)
ခဏအတွင်း ယွီလွမ်နဲ့ သူ့အဖော်လေးတွေ မှင်တက်ကုန်ကြတယ်။ အထူးသဖြင့် ထျန်းကျီနဲ့အနီးဆုံးရှုယီ။ သူမမျက်နှာက သွေးရောင်တောင်မရှိ ဖြူဆုတ်နေတယ်။ တခြားသူတွေက အာရုံခံဖို့ ဝေးလွန်းလောက်ပေမဲ့ စောနက ဓားချီက သူမမျက်နှာဘေးက ဖြတ်သွားတယ်ဆိုတာ သူမ သိတယ်။ တကယ်လို့ နည်းနည်းသာ စောင်းလိုက်ရင် သူမခေါင်းက ခုလောက်ဆို သူတို့နောက်က ခန်းမဆောင်ကြီးလို ဖြစ်နေမှာ။
သူမ ကမ္ဘာတွေ အများကြီး ကူးပြောင်းခဲ့ပေမဲ့ ဒါက သူမ သေဘေးနဲ့ အတော်လေးနီးနီးကပ်ကပ် ကြုံတွေ့ခဲ့ရတဲ့ ပထမဆုံးအကြိမ်ပဲ။ မကြုံစဖူး အကြောက်တရားက သူမနှလုံးသားထဲ မြင့်တက်လာကာ စွမ်းအင်အားလုံးကို အသုံးပြုပြီးမှ မအော်မိအောင် ထိန်းချုပ်နိုင်တယ်ဆိုရုံလေးပဲ။
[တင်း မူလပိုင်ရှင် အငြိုးအတေးစွမ်းအင်တန်ဖိုး +၁၀]
[တင်း မူလပိုင်ရှင် အငြိုးအတေးစွမ်းအင်တန်ဖိုး +၁၀]
…
အခန်း ၆၅၆ ။ ဓားကျင့်ကြံသူတွေက အသန်မာဆုံး
ရှုယီပိုပြီးတောင် ဖြူဖျော့လာပေမဲ့ စိတ်အတွင်းထဲမှာတော့ စနစ်ကို အသည်းအသန် ခေါ်နေတယ်။ "၀၀၁ ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်က ရုတ်တရက် ဘယ်ကမှန်းမသိ ပေါ်လာတာတုံး၊ သူက နင်ငါ့ကိုပေးခဲ့တဲ့ မှတ်ဉာဏ်ထဲ တစ်ခါမှမရှိခဲ့ဘူးလေ ဘာလို့ ကျိုးရှုမင်က ရုတ်တရက် ဒီလိုလူတစ်ယောက်နဲ့ သိကျွမ်းသွားတာလဲ၊ ငါ စောနက သေလုနီးပါး ဖြစ်သွားတာ သိရဲ့လား၊ ရှင်းရှင်းပြောစမ်း အားးး"
[၀၀၁ လည်းမသေချာပါဘူး၊ လက်ခံသူ ပေါ်လာမှုက မူလအဖြစ်အပျက်အစဉ်ကို ထိခိုက်စေသွားလို့ တခြားသက်ရောက်မှု ဖြစ်တာနေမှာ]
"ဆိုလိုတာ ငါပေါ်လာတာက ဆင့်ကဲသက်ရောက်မှု ဖြစ်သွားတယ်ပေါ့"
[အဲလိုပြောနိုင်ပါတယ်၊ အရင်က လက်ခံသူက သူ တျန်းရှတောင်ထဲ မဝင်အောင်တားခဲ့တယ်လေ၊ ဒါပေမဲ့ သူက အပြင်စည်းဆီ ရောက်သွားခဲ့တယ်၊ ဒါက သူ့ကို ကူယွဲ့နဲ့ မတော်တဆ သိကျွမ်းသွားစေခဲ့တယ် မဟုတ်လား၊ ဒီလူကလည်း မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်ထဲ မရှိခဲ့ဘူးမလား"
"အဲဒါဘယ်လိုလုပ် တူမှာတုံး" ရှုယီက အော်ကာ ပိုပိုပြီး စိတ်လှုပ်ရှားလာတယ်။ "ဒါက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူလေ၊ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နော် အဲကူယွဲ့က အုတ်မြစ်အခြေတည်အဆင့်က ငတုံးသာသာပဲ၊ သူတို့ကိုလုံးဝကို နှိုင်းမရတာ"
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
ငတုံးကူယွဲ့ ။ ။ "..."
ဆရာရောတပည့်ပါ ခြေတစ်လှမ်းဆုတ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်ကြတယ်။
"ငါတို့ဘာမှမကြားခဲ့ဘူးနော်"
"လိုင်းက ခုစုတ်နေတာ၊ ငါတို့ ထုတ်လွှင့်တာကို ဘာမှမကြားလိုက်ဘူး"
ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားကာ နှစ်ယောက်ကို ဒေါသတကြီး ကြည့်လိုက်တယ်။
"လုပ်စရာရှိတာမြန်မြန်လုပ် တစ်ခွန်းထပ်ပြောရင် နောက်လအတွက်စားစရိတ်တွေကို နှုတ်ဆက်လိုက်ကြ"
ကောင်းပါပြီ ဖေဖေနျို ပြဿနာမရှိပါဘူး ဖေဖေနျို
"ငါအခုနေလို့ရပြီလား" ယိချင်း ထိတ်လန့်ကာ အူကြောင်ကြောင်ဖြစ်နေဆဲ ယွီလွမ်ကို အမြန်ကြည့်လိုက်တယ်။
ယွီလွမ် ယိချင်းနဲ့ နံရံမှာကပ်နေတဲ့ဆရာသခင်ထျန်းကျီကို ခေါက်တုံ့ခေါက်ပြန်ကြည့်ပြီး တုန်ယင်သွားတယ်။ နောက်တော့ သူတုံ့ပြန်လိုက်တယ်။ သူ ဓားကျင့်ကြံသူတွေ သန်မာတာသိပေမဲ့ ဒီတစ်ယောက်ကို ဒီလောက် အစွမ်းကြီးမှန်းမသိခဲ့ဘူး။ နှစ်ယောက်လုံးက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူတွေဆိုပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ချတဲ့အခါ ချက်ချင်းကို တစ်ဖက်က လွှမ်းမိုးသွားခဲ့တယ်
"သေ... သေချာပေါက်ပေါ့ သေချာ... သေချာပေါက်ကို ရတာပေါ့" သူကထပ်တလဲလဲ ခေါင်းညိတ်ကာ ချက်ချင်း သူ့နောက်က အူကြောင်ကြောင်ဖြစ်နေဆဲ တောင်ထွတ်သခင်တွေနဲ့ နတ်ဝိညာဉ်အကြီးအကဲတွေကို အကြည့်တစ်ချက် ပစ်လွှတ်လိုက်တယ်။ စိုက်ကြည့်နေတာ တော်တော့လေ၊ မြန်မြန်သူ့ကိုခေါ်ထား
လူတိုင်း တန့်ခနဲဖြစ်ကာ အသိစိတ်ပြန်ဝင်လာကာ ချက်ချင်းနားလည်သွားတယ် သူတို့တွေ စားဖိုမှူးဘက် တန်းဂါရ၀ ပြုကြတော့တယ်။
"နှုတ်ခွန်းဆက်သပါတယ် ဆရာဦးလေး" ဘယ်လိုပဲဖြစ်ဖြစ် ဦးစားပေးက သူ့ကိုခေါ်ထားဖို့ပဲ။ ဒီလူက ဆရာဦးလေးထျန်းကျီနဲ့ အထင်လွဲမှုတချို့ရှိတဲ့ပုံပေါ်ပေမဲ့ အဲဒါကြောင့်နဲ့ သူတို့အမြင်ကွဲမှာမဟုတ်ဘူး။ အဓိကအကြောင်းရင်းက သူက သန်မာလွန်းတယ်။ ဒုတိယကတော့ ထျန်းကျီနဲ့ တခြားသူတွေ ဆက်ဆံရေးက သာမန်ပဲရှိသလို သူ စောနတုန်းက ခန်းမထဲပြောခဲ့တဲ့စကားလုံးတွေက လူတိုင်းကို စိတ်မသက်မသာဖြစ်စေခဲ့တယ်။ ပြီးတော့ တကယ်ပဲ ဆရာသခင်ထျန်းကျီက ပါးစပ်စည်းမစောင့်ဘဲ ဓားကျင့်ကြံသူတွေကို အရင် စော်ကားခဲ့တာဖြစ်ပြီး လူမိသွားခဲ့တာပဲ ပြီးတော့ စောနက 'တိုက်ပွဲ' မှာလည်း ထျန်းကျီဘက်က အရင်ရန်စတာ အသိသာကြီး။
အထူးသဖြင့် ယွီလွမ်က တံခါးဝဆီ ကိုယ်တိုင်ရောက်လာတဲ့ သူ့ဆရာသခင်ကိုကြည့်လေ ပိုကျေနပ်လာလေပဲ။ အမှန်တိုင်းပြောရရင် အစကတော့ ခေါ်ထားဖို့ကို စိုးရိမ်မှုတချို့ရှိခဲ့ပြီး သူ့မှာ တခြားအကြံအစည်တွေ ရှိလောက်တယ်လို့လည်း တွေးမိခဲ့တာမို့ လောင်းကြေးထပ်ဖို့ ရည်ရွယ်ချက်နဲ့။ ခုတော့... တစ်ဖက်သူက ကြောက်ခမန်းလိလိသန်မာပြီး တကယ်လို့သူ့မှာ အကြံအစည်သာ ရှိရင် ကွေ့ယီဂိုဏ်းတစ်ခုလုံးကို အမြစ်သုတ်သင်လို့ရတာပဲ။ ဘာကြောင့် တကူးတကအလုပ်ကို ရွေးမှာလဲ၊ ငါ့ဖင်ကို အကြံအစည်တွေ။
ယိချင်းက ခေါင်းညိတ်ကာ ပြောတယ်။ "ဒါဆိုငါတို့ ခုကစပြီး ကွေ့ယီဂိုဏ်းမှာ နေတော့မယ်"
"ဆရာဦးလေးကို ကျွန်တော်တို့ဂိုဏ်းက ကြိုဆိုပါတယ်"
ခဏ
ငါတို့လား။
ယွီလွမ် သူ့စကားလုံးတွေထဲက အဓိပ္ပာယ်ကို ဖမ်းမိသွားပြီး အူလည်လည်ဖြစ်သွားကာ နေရာတိုင်းကို ကြည့်လိုက်ပြီး အဲတော့မှ နောက်က မိန်းကလေးငယ်ရှိနေတာ သိလိုက်ရတယ်။ သူမက ငယ်ရွယ်ပြီး သိသိသာသာ အစွမ်းကြီးတဲ့ ယိချင်းနဲ့ယှဉ်ရင် သူမပေါ် ဝိညာဉ်ချီတစ်စက်တောင်မရှိဘူး။ ကြည့်ရတာ သူမက ကျင့်ကြံမှု မစရသေးတဲ့ပုံ။ သူ သူမက သူ့သူငယ်ချင်း ဒါမှမဟုတ် သူခေါ်ယူထားကာစ တပည့်တစ်ယောက် ဖြစ်မယ်လို့ အလိုလိုတွေးမိလိုက်တာမို့ ယဉ်ယဉ်ကျေးကျေးမေးတယ်။
"ဒီတာအိုရောင်းရင်းက"
ယိချင်းက ဘေးဖယ်ပြီး လေးနက်မှုအပြည့် ပြောတယ်။ "ဒါကငါ့ဆရာ" နောက်တော့ ခဏတွေးပြီး သူ ထပ်ပြောလိုက်တယ်။ "မင်းတို့ရဲ့ အကြီးအကဲဆရာအဒေါ်"
ယွီလွမ် ။ ။ "..."
အားလုံး ။ ။ "..."
(⊙_⊙)
သူတို့ ဘာလို့ ရုတ်တရက် အမြတ်ထုတ်ခံနေရတယ်လို့ ခံစားနေရတာပါလိမ့်။
ဒါပေမဲ့ သူတို့က သူ့ကိုဆရာဦးလေးလို့ခေါ်ဖို့ အကြံပြုခဲ့သူပဲ။ ယွီလွမ်က အမျိုးသမီးကို ခဏစိုက်ကြည့်နေကာ အချိန်အတော်ကြာ ကြိုးစားနေပေမဲ့ "အကြီးအကဲဆရာအဒေါ်" ဆိုတဲ့ စာလုံးသုံးလုံးက သူ့ပါးစပ်ထဲကနေ ထွက်မလာ။
နောက်ဆုံးတော့ သူက ခေါင်းစဉ်သာ ပြောင်းကာ နံရံထဲမှာရှိနေဆဲထျန်းကျီကို ကြည့်လိုက်တယ်။
"ဆရာဦးလေးယိချင်း အဲဒါက..."
"အင်း" ယိချင်းက ခေါင်းညိတ်ကာ လွှတ်ပေးဖို့လုပ်ပေမဲ့ တစ်ယောက်သောလူရဲ့ စိတ်ဆက်သွယ်မှုကို ကြားပြီးနောက်မှာ ပြန်ဖြေလိုက်ရတာက "အမြုတေကျင့်ကြံသူတွေက ဒါထက်မပိုဘူး"။
အမြုတေကျင့်ကြံသူယွီလွမ် ။ ။ "..."
အမြုတေကျင့်ကြံသူလူအုပ်များ ။ ။ "..."
သူတို့ ဘယ်ကမှန်းမသိ ရောက်လာတဲ့ မြှားတစ်ချောင်း ပစ်တာခံလိုက်ရသလိုပဲ။ ယွီလွမ်က အကြီးအကဲတွေကို နံရံထဲက လူကိုထုတ်ဖို့ညွှန်ကြားကာ လက်ကိုသန့်ရှင်းရင်း ယိချင်းဘက် ကြည့်လိုက်တယ်။ "ဆရာဦးလေး ကျွန်တော့်ဂိုဏ်းမှာ စုစုပေါင်းတောင်ခြောက်ခုရှိပါတယ်၊ ဘယ်တစ်ခုမှာ နေချင်လဲဗျ နေရာကိုပြင်ဆင်ပေးဖို့တပည့်တချို့ လွှတ်ပေးလို့ရအောင်လေ"
သီအိုရီအရတော့ သူတို့ဂိုဏ်းရဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်က တျန်းရှန်းတောင်ထွတ်မှာ နေတာဆိုပေမဲ့ ဒီဆရာဦးလေးအသစ်က ထျန်းကျီနဲ့ဆို ရှားစောင်းစေးနဲ့ မျက်ချေးမို့ တစ်နေရာတည်း အတူမနေချင်လောက်တာမို့ ရွေးဖို့အခွင့်အရေးပေးနေတာ။
"မလိုဘူး" ယိချင်းက သူ့ကြင်နာတဲ့ရည်ရွယ်ချက်တွေကို ငြင်းပယ်လာတယ်။
"ဟမ်" ယွီလွမ် ဇဝေဇဝါဖြစ်သွားတယ်။
ဒါပေမဲ့ သူက ရုတ်တရက် လှည့်သွားပြီး ဘယ်ဘက်ဆီ လျှောက်သွားကာ မျောလွင့်နေတဲ့ တောင်ထွတ်အစွန်းမှာ ရပ်ပြီး လက်တစ်ဖက်ယမ်းလိုက်တော့ အဖြူရောင်အလင်းတစ်ခု ချက်ချင်း ဆင်းသက်လာတယ်။ ခဏအတွင်း သူ ဂျလိန်းဂျလိန်းအသံကျယ်ကြီး ကြားလိုက်ရပြီး မြေကြီး အက်ကွဲနေသလိုမျိုး သူရပ်နေတဲ့မြေပြင်တောင် တုန်ခါသွားလေရဲ့။
တောင်ထွတ်ကြီးတစ်ခုက ရုတ်တရက် အောက်ကနေ မြင့်တက်လာလိုက်တာ ပင်မတောင်ထွတ်ကိုပါ ကျော်တက်သွားတယ်။ နောက်ဆုံးတော့ အမြင့်ဆုံးဖြစ်တဲ့ တျန်းရှတောင်ရဲ့ အပေါ်မှာ ရပ်သွားတော့တယ်။
ယွီလွမ် ။ ။ "..."
သူက တကယ်ကြီး တခြားတောင်ကိုရွှေ့လာတယ်ပေါ့
(๑ŐдŐ)b
ကွေ့ယီဂိုဏ်းကဲ့ အမြုတေကျင့်ကြံသူ ခေါင်းဆောင်တွေ အရင်က ဓားကျင့်ကြံသူတွေနဲ့ ပတ်သက်ပြီး အတော်လေး အထင်လွဲခဲ့တယ်လို့ ရုတ်တရက်ခံစားလိုက်ရတယ်
"ခုကစပြီး ငါဒီမှာနေမယ်" ယိချင်းက လောလောလတ်လတ် ဖွဲ့စည်းပြီးခါစ မျောလွင့်တောင်ထွတ်ကို လှမ်းကြည့်လိုက်တယ်။ "တပည့်တွေအတွက်ကတော့... သူတို့နှစ်ယောက်ပဲ"
သူက ကျိုးရှုမင်နဲ့ ကူယွဲ့ကို လက်ညှိုးထိုးပြလိုက်တယ်။
နောက်တော့ သူ့ဆရာကိုဓားပေါ်တင်ကာ တောင်ထွတ်ဆီ ပျံသန်းသွားတော့တယ်။
နောက်ဆုံးတော့ပြီးပြီ။ ကြွားလုံးထုတ်တာတွေဘာတွေက ဟင်းချက်ရတာထက် အများကြီး ပိုပင်ပန်းတယ်။ သူတို့ ဆရာရဲ့ ထမင်းစားချိန်ကိုတောင် နှောင့်နှေးစေမိတော့မလို့။
——————
ကွေ့ယီဂိုဏ်း နောက်ထပ် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဓားကျင့်ကြံသူရလိုက်တယ်ဆိုတဲ့ သတင်းက ဂိုဏ်းတစ်ခုလုံးမှာ ပျံ့သွားတယ်။ လူနည်းစုသာ သူ့ကိုမြင်ဖူးပေမဲ့ ပင်မတောင်ထွတ်ပေါ်က ခန်းမဆောင် ပြိုလဲကျပြီး မျောလွင့်တောင်ထွတ်အသစ်တစ်ခု ပေါ်လာတာက တပည့်တွေကို ထိတ်လန့်စေတုန်းပဲ။
ဓားကျင့်ကြံသူတွေအတွက် စံနှုန်းက နိမ့်ပေမဲ့ တခြားအထူးပြုတွေနဲ့ မတူတာက ဝိညာဉ်ကြောကန့်သတ်ချက် မရှိသလောက်ပဲ။ သူ့ရဲ့တိုက်ခိုက်ရည်စွမ်းဆောင်ရည်က ကျင့်ကြံသူတွေကြား အသန်မာဆုံး။ ဒါပေမဲ့လည်း အခက်ခဲဆုံးနဲ့ ခါးသက်တဲ့ပုံစံတွေပဲ။ ဓားတာအိုကို လူတစ်ယောက်ရဲ့ နားလည်နိုင်စွမ်းပေါ် လုံးဝမူတည်နေပြီး ဒီလိုနားလည်မှုရဲ့အဓိကအပိုင်းက လက်တွေ့တိုက်ခိုက်မှုကနေ လာတာ။ တခြားနည်းလမ်းနဲ့ပြောရရင်တော့ ဓားကျင့်ကြံသူတွေက သူတို့ကြီးထွားလာမှုလမ်းစဉ်တစ်လျှောက်မှာ ထုထောင်းခံလာရတာ။ အဲဒါကြောင့် လူတွေက ဓားကျင့်ကြံမှုကို ရွေးတာရှားတာ။ တကယ်လို့ရွေးရင်တောင် လက်တစ်စုလောက်ကသာ အမြုတေဖွဲ့စည်းခြင်းနဲ့အထက်ထိကို တောင့်ခံနိုင်ကြတာ။ ဒါက ဓားကျင့်ကြံသူတွေ ရှားရတဲ့အကြောင်းရင်းပဲ။ အထူးသဖြင်ပ အမြုတေကျင့်ကြံသူတွေနဲ့ဂိုဿ်းထဲ ဓားကျင့်ကြံသူတွေ အဆင့်တက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။
ဒါပေမဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဓားကျင့်ကြံသူက သူတို့ဂိုဏ်းဆီ ရောက်လာတယ်တဲ့လေ။ သက်ရှိတစ်ယောက် အသက်ရှူနိုင်တဲ့သူ။
တပည့်တွေအားလုံး စိတ်လှုပ်ရှားနေတယ်။ အထူးသဖြင့် အမြုတေကျင့်ကြံသူတွေ မဟုတ်တဲ့ အပြင်စည်းတပည့်တွေနဲ့ တခြားတပည့်တွေ။
…
အခန်း ၆၅၇ ။ အရှည်ဆုံးလွင့်မျောတောင်ထွတ်
ကွေ့ယီဂိုဏ်းတစ်ခုလုံးက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ပဲရှိတာ။ သူတို့ထဲ ဆရာသခင်ထျန်းကျီက ဘယ်တုန်းကမှ တပည့်တွေ မခေါ်ခဲ့ဘဲ ဆရာသခင်ထျန်းယီရဲ့ လက်အောက်မှာတော့ တပည့်အပြည့် ဖြစ်နေပြီ။ ဒီဓားကျင့်ကြံသူရောသခင်က အသစ်ဖြစ်ပြီး ဘာတပည့်မှ မရှိဘဲ နေရာကို ရှင်းလင်းသန့်ရှင်းဖို့ပဲ တပည့်နှစ်ယောက်ရွေးထားတဲ့ပုံ။ နောက်ကျ သူ အနှေးနဲ့အမြန် တပည့်တွေ ရွေးချယ်မှာပဲ။ သူတို့သာ ရွေးချယ်ခံရရင် ထောက်ပြ ညွှန်ကြားမှုတစ်ခုကတောင် သူတို့အတွက်လုံလောက်နေပြီ။
ခဏတာ တစ်ဂိုဏ်းလုံးက အဲဆရာသခင် တပည့်စုဆောင်းဖို့ကို စောင့်မျှော်မှုမှာနစ်ဝင်နေကြတယ်။ ရှုယီ ဆရာထျန်းကျီရဲ့ ကိုယ်ရေးကိုယ်တာတပည့်ဖြစ်လာတဲ့သတင်းကတောင် အဲလောက်အာရုံစိုက်မခံရ။
ဒီစောင့်မျှော်မှုက သုံးလတိတိကြာမြင့်သွားပေမဲ့ နာမည်တောင် မပေးရသေးတဲ့ မျောလွင့်တောင်ထွတ်က လုံးဝကို လှုပ်ရှားမှုမရှိ။ တပည့်ရွေးချယ်ဖို့ မပြောနဲ့ လူတစ်ယောက်မှ အဲတောင်ကနေ ထွက်မလာကြဘူး။ နှစ်သက်ဖွယ်ကောင်းတဲ့ရနံ့တစ်မျိုးပဲ တျန်းရှတောင်ကနေလှမ်းပြီး ရံဖန်ရံခါအနံ့ရတယ်လို့ ကောလဟာလတွေရှိတယ်။ ဘာအကြောင်းရင်းလဲတော့ မသေချာကြ။
တျန်းရှတောင်ကို ပြောရရင် သူ့တောင်ထွတ်ဆရာ ထျန်းယီ နည်းနည်းတော့ ဒေါသထွက်မိတယ်။ သူတို့တံခါးဝဆီ နောက်ထပ် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆရာသခင် ရောက်လာတယ်ဆိုတာ သိသလို အဲနေ့က ပင်မတောင်ထွတ်မှာဘာဖြစ်ခဲ့လည်း သိခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကာအကွယ်တောင်အင်းကွက်က တစ်စက္ကန့်အတွင်း ပျက်သွားတဲ့ကိစ္စကြီးဖြစ်ခဲ့တာ သူ မသိစရာအကြောင်းမရှိဘူး။ ဒါပေမဲ့ အဲချိန်တုန်းက သူ ဆေးလုံးတွေသန့်စင်ဖို့ အလျင်လိုနေပြီး ယွီလွမ်က ဆက်သွယ်ရေးအဆောင်ကို အသက်မသွင်းတာမြင်တော့ သူက အပြေးမသွားတာပဲ။
နောက်ကျတော့ ထျန်းကျီရဲ့အဆင်အခြင်မဲ့တဲ့ပါးစပ်က ဖန်တီးခဲ့တဲ့ပြဿနာဆိုတာ သိချိန် ပိုပြီးတော့တောင် ဝင်မပါချင်တော့တယ်။ သူတို့နှစ်ယောက်လုံးက နှစ်ယောက်တည်းသော ဂိုဏ်းရဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေဆိုပေမဲ့ သူတို့ဆက်ဆံရေးက အကောင်းဆုံးတော့မဟုတ်။ အထူးသဖြင့် ထျန်းကျီက အရမ်းကို မော်ကြွားပြီး မောက်မာလွန်းကာ ကျင့်ကြံဆင့်ပိုမြင့်တာမို့ တခြားသူတွေရဲ့အတွေးတွေကို ဘယ်တော့မှထည့်မစဉ်းစားဘဲ အားလုံးကို အမြဲ သူ့နည်း သူဘာသာသူ လုပ်တယ်။ သူ တပည့်တွေ မခေါ်ဘူးလို့ပြောချိန် တကယ်ပဲ နှစ်ထောင်ချီ မခေါ်ယူခဲ့ဘူး။ သူ ဂိုဏ်းအတွက် ဆေးလုံးသန့်စင်ပေးတဲ့ကိရိယာ မဖြစ်ချင်ဘူးခို့ ပြောချိန် ဒီနှစ်တွေတစ်လျှောက်လုံးမှာ တကယ်ပဲ ဂိုဏ်းအတွက် ဆေးလုံးတစ်လုံးတောင် မသန့်စင်ပေးခဲ့ဘူး။
ဒါပေမဲ့ ကွေ့ယီဂိုဏ်းက လည်ပတ်ဖို့လိုတယ်လေ။ ဂိုဏ်းထဲ အဆင့်မြင့်ကျင့်ကြံသူနှစ်ယောက်ရှိတော့ တစ်ဖက်ကငြင်းချိန် တာဝန်က အလိုလို သူ့ပေါ်ရောက်လာတယ်။ ဒါကြောင့် အငြိုးလုံးဝမရှိဘူးလို့ ပြောရင် မဖြစ်နိုင်ဘူး။ ဒါကြောင့် တစ်ယောက်ယောက်က သူ့ရဲ့ဒီစိတ်ကြီးဝင်နေတဲ့ဆရာတူညီကို ကူညီဆုံးမပေးချိန် ဖြစ်သွားတာကိုမြင်ရတာ အတော်လေး ပျော်မိသလို ဒဏ်ရာရနေတဲ့ ထျန်းကျီဆီတောင် တကူးတကသွားလည်လိုက်သေးတယ်။
သူ့ရင်ထဲ အတော်လေးပျော်နေခဲ့ပေမဲ့ အလွန်အမင်း ပျော်မြူးမှုက ဝမ်းနည်းမှုဖြစ်စေတယ်။ သူ တျန်းရှတောင်တန်းပေါ် နောက်ထပ် မျောလွင့်တောင်ထွတ်တစ်ခု ရုတ်တရက်ပေါ်လာတာကို နားလည်လိုက်ရတာမို့ အဲဓားကျင့်ကြံသူက ဒါကို ဒီယူလာပြီး သူတို့တည့်တည့်ပေါ် လွင့်မျောနေတာပဲ။ အစကတော့ သူစိတ်ထဲမထားဘူး။ နောက်ကျတော့ သူနားလည်လိုက်ရတာက သူ တျန်းရှတောင်ပေါ်နေထိုင်ဖို့ ရွေးချယ်ခဲ့တာက ဒီတည်နေရာကို နှစ်သက်မိလို့ဆိုတာကိုပဲ။
ဒီတျန်းရှတောင်က အမြင့်ဆုံး နေရောင်ခြည်လည်း ကောင်းကောင်းရပြီး ဝိညာဉ်ချီက ပေါကြွယ်ဝတယ်။ ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးဖို့အတွက် အသင့်တော်ဆုံးပဲ။ ဒါပေမဲ့ သူတို့ပေါ် နောက်ထပ် မျောလွင့်တောင်ထွတ် ရှိလာတည်းက ဝိညာဥ်ချီတော့ သက်ရောက်မှု မရှိပေမဲ့ နေရောင်ခြည်တစ်ဝက်ကျော်လောက်က ကာဆီးခံလိုက်ရတယ်။ ပြောရရင် သူ့ အဖိုးတန်ဝိညာဉ်ဆေးပင်တွေအားလုံး ညွတ်စိုက်ကုန်ပြီး မြင်ကွင်းက သူ့ကိုနာကျင် ပူပန်စေတယ်။
ဒေါသက ချက်ချင်းဆူပွက်လာကာ မထိန်းထားနိုင်တော့ဘဲ အပေါ်က မျောလွင့်တောင်ထွတ်ဆီ ပျံသန်းသွားခဲ့တယ်။ သူက ဓားကျင့်ကြံသူဆိုတော့ ဘာဖြစ်တုံး။ အဆင့်မြင့်ကျင့်ကြံဆင့်ရောက်တာနဲ့ပဲ အဲလောက်ကျိုးကြောင်းမဆင်ခြင်လုပ်ရလား။ သူ ဒေါသအပြည့်နဲ့ မျောလွင့်တောင်ထွတ်ဆီ ရောက်လာကာ ဆင်းသက်သက်ချင်း မှင်တက်သွားခဲ့တယ်။
သူ့မျက်လုံးတွေ ရုတ်ခြည်း ပြူးကျယ်ကုန်ကာ ချက်ချင်း မျက်လုံးပွတ်မိလိုက်တယ်။ သူ ကန်းသွားပြီလို့များ တစ်ယောက်ယောက် လာပြောနိုင်လား။
သူ မြင်နေရတာက နေရာတိုင်း မျောလွင့်တောင်ထွတ်တစ်ခုလုံး ကြီးထွားနေတဲ့ ဝိညာဉ်ဆေးပင်တွေအပြည့်ပဲ ပြီးတော့ သူတို့က အဆင့်မြင့်ဝိညာဉ်ဆေးပင်တွေ။ ပေါကြွယ်ဝတဲ့ဝိညာဉ်ချီနဲ့ ဆေးပင်ရနံ့တွေက သူ့နှာခေါင်းထဲ ဝှေ့လာတယ်။ သူ လုံးဝအမျိုးအစား မခွဲနိုင်တဲ့ အဆင့်မြင့်သွေဖည်ဆေးပင်တွေပါ ရှိသေးတယ်။ သူ့မျက်စိရှေ့က အရာအားလုံးက အမြုတေကျင့်ကြံသူတို့ရဲ့ ပင်မစံစိတ်ကူးယဥ်ပဲ။
ဘာတျန်းရှတောင်တုံး၊ ဘာ နေရောင်ခြည်တုံး၊ ဘာအကြောင်းရင်းတုံး၊ သူ အဲဒါတွေအားလုံးကို ခုချက်ချင်းဒီတောင်ပေါ်ကနေ လွှတ်ထုတ်ပစ်နိုင်ဖို့ဆုတောင်းတယ်။ ဒီလိုဝိညာဉ်ဆေးပင်ကွင်းပြင်နဲ့ဆို ဘာမဆို ပေးပစ်ရမယ်။
ထျန်းယီ ခက်ခက်ခဲခဲ တံတွေးမျိုချရကာ သူ့ကိုယ်သူ ခပ်ပြင်းပြင်း အကြိမ်ရေတချို့ဆွဲစိတ်ပြီးမှ ဒါက အိပ်မက်မဟုတ်တာအတည်ပြုလိုက်တယ်။ တကယ်ကိုဒီကနေရာတိုင်းမှာ အဆင့်မြင့်ဝိညာဉ်ဆေးပင်တွေ ပေါက်နေတာပဲ။ ပင်စည်တိုင်းက အမြုတေကျင့်ကြံသူတိုင်း အိပ်မက်မက်တဲ့အရာမျိုး။ ပြီးတော့လည်း ဒါက ပုံရိပ်ယောင်လားတော့ မသေချာဘူး။ မျိုးကွဲတွေ အများကြီးရှိပေမဲ့ ဒီဝိညာဉ်ဆေးပင်တွေက လုံးဝကို ရောထွေးနေတာ၊ ဘယ်ဘက်မှာက ဆဋ္ဌမအဆင့် ရိုးတံ၊ ညာဘက်မှာက သတ္တမအဆင့်။ သူတို့တွေက အတော်လေးကြုံရာကျပန်း ပေါက်နေကြတာပဲ။ တကူးတက စိုက်ပျိုးထားတဲ့အစား သူတို့ဘာသာ အလိုလို ပေါက်ရောက်နေကြသလိုမျိုး။
ဒါပေမဲ့ နောက်စက္ကန့်မှာ သူ့ကိုယ်ပိုင်အတွေးကိုသူ ချက်ချင်းငြင်းလိုက်တယ်။ ဝိညာဉ်ဆေးပင်တိုင်းရဲ့ အကျင့်တွေက ကွဲပြားတယ်။ သေချာမစိုက်ပျိုးရင် ဒီလောက်အဆင့်မြင့်ဝိညာဉ်ဆေးပင်တွေအများကြီး ရုတ်တရက်ပေါ်လာမှာလဲ။
ဖြစ်နိုင်တာ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူအသစ်က ဓားကျင့်ကြံသူဆိုပေမဲ့ ဝိညာဉ်ဆေးပင်တွေ၊ ဆေးလုံးသန့်စင်တာတွေအကြောင်း သိနေတာလား။ သူ ချက်ချင်း နှလုံးသားထဲ ပူလောင်မှုကို ခံစားလိုက်ရပြီး ဒီယိချင်းဆိုတဲ့ တာအိုရောင်းရင်း မဟုတ်ဘူး ဂိုဏ်းတူညီလေးယိချင်းကိုတွေ့ဖို့ စိတ်ပိုပြင်းပြလာတယ် သူ့ရဲ့အသေးစိတ်ကျိုးကြောင်းဆင်ခြင်မှုအပြီးမှာ ဒီကိုပြဿနာရှာဖို့ ရောက်လာခဲ့တာမှန်း လုံးဝမေ့သွားပြီ။
ဘယ်ညာကြည့်ရင်း သူ လူကိုသွားရှာဖို့လုပ်ပေမဲ့ ဝိညာဉ်ဆေးပင်တွေပေါက်ရောက်နေတာ ထူထဲလွန်းနေတာကို နားလည်လိုက်ရတယ်။ သူ ဆုတ်ဖို့နေရာတောင် လုံးဝမရှိ။ တကယ်လို့ သူ့ဓားကို တိုက်ရိုက်စီးသွားမယ်ဆိုရင် ဘေးက ဝိညာဉ်ဆေးပင်တွေကို ထိခိုက်စေမိမှာနဲ့ မမြင်ဖူးသေးတဲ့ ဓားကျင့်ကြံသူတွေရဲ့ အမျက်ဒေါသကိုဆွပေးသလိုဖြစ်မှာ စိုးရိမ်နေတာမို့ ဘေးကျပ်နံကျပ် ဖြစ်နေတယ်။
ပတ်ပတ်လည်ကို လိုက်ရှာပြီး သူ့အနားမှာ လက်ကမ်းပေးနိုင်မဲ့သူရှိမရှိ ကြည့်ဖို့ ရည်ရွယ်ထားပေမဲ့ ဒါက တောင်ခြေရင်း။ ပတ်ပတ်လည်မှာ လူမရှိ။ ပြီးတော့ လွန်ခဲ့တဲ့လအနည်းငယ်က ပေါ်လာပြီးကတည်း နတ်ဝိညာဉ်ဖွဲ့စည်းခြင်းဓားကျင့်ကြံသူကလွဲရင် တခြားတပည့်နှစ်ယောက်ပဲ ရှိတာကို သူကြားဖူးတယ်။
သူ ထိတ်လန့်သွားပြီး အောက်ဘက်တျန်းရှတောင်က သူ့တပည့်တွေဆီ အသံဆက်သွယ်ရမလား စဉ်းစားနေရင်းနဲ့ တစ်စုံတစ်ယောက်က တစ်ခုခုကို ကိုက်စားနေသလိုမျိုး တဂျွတ်ဂျွတ်အသံ ရုတ်တရက် ကြားလိုက်ရတယ်။ သူ ခဏရပ်ပြီး အသံရဲ့ အရင်းအမြစ်ကို ရှာတယ်။
နောက်တော့ သိပ်မဝေးတဲ့ ကျောက်ဆောင်တစ်ခုပေါ်မှာ အမျိုးသမီးတစ်ယောက် ထိုင်နေပြီး သူမက ဝိညာဉ်အသီးနီတစ်လုံးကို လက်ထဲမှာကိုင်ထားရင်း ကိုက်စားနေတာကို သိလိုက်ရတယ်။ သူ့ဘေးမှာ ရေဘူးလေးတစ်ဘူးတောင်ရှိနေပြီး အနည်းငယ်ငြီးငွေ့နေတဲ့အကြည့်နဲ့ သူ့ကိုစိုက်ကြည့်နေတယ်။ သူမ ဒီလိုလုပ်နေတာ အတော်လေးကြာနေပြီဖြစ်တဲ့ပုံ။
ထျန်းယီ ဝမ်းသာသွားပြီး သူမပေါ်လာတဲ့အချိန်ကို မှန်းဆဖို့တောင် အချိန်မယူတော့ဘဲ အလျင်စလို လက်ပြလိုက်တယ်။
"မိန်းကလေး၊ အဲက မိန်းကလေးငယ်..."
"ငါလား" ရှန်းရင်က ကြောင်အမ်းသွားပြီး ခေါင်းကိုတစ်ဖက်စောင်းလိုက်တယ်။
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် မင်း" ထျန်းယီက အဆက်မပြတ် ခေါင်းညိတ်တယ်။ "မင်း လာပြီး ငါ့ကိုဆွဲထုတ်ပေးလို့ရမလား" သူမသာ ဓားတစ်ချောင်းပေါ်က စီးလာပြီး သူ့ကိုဆွဲထုတ်ရင် သူတို့ သူ့ဘေးက ဝိညာဉ်ဆေးပင်တွေကို ထိခိုက်စေတော့မှာမဟုတ်ဘူး။
"နင်ညပ်နေတာလား"
ထျန်းယီ ခဏတာ တုံ့ဆိုင်းသွားပေမဲ့ ခေါင်းညိတ်ပြလိုက်သေးတယ်။ "ဟုတ်တယ်၊ ငါ... မိန်းကလေးငယ်ကို ဒုက္ခပေးရတော့မယ်"
"အော်"
အလုပ်ရှုပ်လိုက်တာ
ရှန်းရင် အသက်ပြင်းပြင်းရှူထုတ်လိုက်ပေမဲ့ သူမလက်ထဲကအသီးကို ဆက်ကိုက်နေသေးတာ အသီးကုန်ပြီး ရိုးတံကို လွှင့်ပစ်ချိန်ထိပဲ။ သူမက နောက်တော့ ခြေထောက်ကိုရွှေ့ပြီး ဖြည်းဖြည်းချင်း သူမကိုယ်သူမ ကျောက်ဆောင်ကနေ ဒရွတ်တိုက်ဆွဲလာရတယ်။
ထျန်းယီ စိတ်အေးကာ သက်ပြင်းချလိုက်တယ်။ ဒါက သူဘယ်သူဘယ်ဝါဆိုတာ မသိလို့ပဲဖြစ်မယ် တွေးမိပြီး ဖွင့်ဟလည်းမပြောသလို တိုးညှင်းစွာသာပြောလ်ုကတယ်။
"မိန်းကလေး၊ ခင်ဗျား ဒါလုပ်ဖို့ပဲ..." ဒါပေမဲ့ သူ စကားမဆုံးခင်မှာပဲ နောက်အခိုက်အတန့်မှာ သူ့နှလုံးသားကို ကြေကွဲစေမဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်။
အဲအမျိုးသမီးက ကျောက်တုံးပေါ်ကနေ ခုန်ပချကာ ဝိညာဉ်ဆေးပင်ကွင်းထဲ အပေါက်ကြီးနှစ်ပေါက် ချန်ထားခဲ့ကာ ဝိညာဉ်ဆေးပင် ကွင်းပြင်တွေပေါ် မလှမ်းချင်လှမ်းချင် လျှောက်လာတယ်။ အဆင့်မြင့် ဝိညာဉ်ဆေးပင် ဧရိယာတော်တော်များများ နင်းခံလိုက်ရပြီး သူနဲ့နှစ်လှမ်းအကွာမှာ ရပ်ကာ ကျော့ရှင်းစွာနဲ့ အသီးရည်တွေပေနေဆဲ လက်တစ်ဖက်ကို သူ့ဆီ ဆန့်ကမ်းလာလေတယ်။
ထျန်းယီ ။ ။ "..."
ဖွီ...။
သူ ချက်ချင်း သွေးအန်ချင်သလိုဖြစ်ကာ ကြယ်တွေအပြည့်ကောင်းကင်ယံက သူ့မြင်ကွင်းမှာ ပြည့်သွားလေတော့တယ်။