အခန်း (၆၆၇-၆၆၉)
Vol. 45 Ch. 667-669
အခန်း ၆၆၇ ။ သေချာအနီးကပ်ကြည့်ခြင်း
"ရှန်းရင် မင်းဘာလုပ်နေတာလဲ" ကူယွဲ့ စိတ်ထဲကနေ လှမ်းဆက်သွယ်လိုက်တယ်။
"ဟမ်" ရှန်းရင်က သူ့ဘက် မျက်နှာချင်းဆိုင်လာတယ်။
"ဘာကို ဟမ်တုန်း မင်း ဘာလို့ လိမ့်သွားတာလဲ" မင်းကို ကျူးကျော်သူက ရှာတွေ့သွားတော့မယ်။
"အာ... ငါ သူ့ကိုလေ့လာနေတာ"
"..." လေ့လာနေတယ်လား။ မင်းက သူ့ကို လေ့လာဖို့ ဖိထားတာလား။ ကူယွဲ့ နှုတ်ခမ်းသပ်လိုက်ပေမဲ့ ရှန်းရင် ဘာမှဆက်မပြောတော့ဘူး။ သူမက ရှုယီကို ဆက်လေ့လာနေပြီး တစ်ချိန်တည်းမှာတင် အသီးကို စားနေတယ်။ ဒါပေမဲ့ ရှုယီက သူမကို သတိထားမိပုံ မပေါ်သေး။ သူမက နေရာမှာ တင်ပျဉ်ခွေထိုင်နေတာ အဲချိန်ထိ...။
"ခဏ ရှန်းရင်" ကူယွဲ့က အော်လိုက်တယ်။
ရှန်းရင်က ရှုယီကို စိုက်ကြည့်နေတာနဲ့တင် ပျင်းသွားလို့ထင်။ သူမက လက်ညှိုးနဲ့ ရှုယီပါးကို ထိုးပြီး ခေါင်းစောင်းလိုက်လေတယ်။
အဲအချိန်မှ ရှုယီက တုံ့ပြန်တော့တယ်။ သူမက ခုန်ပြီး အော်လိုက်မိတယ်။ "နင်က ဘယ်သူလဲ" ဒီလူက သူ့နား ဘယ်အချိန်ကတည်းက ကပ်လာတာလဲ။ သူဘာလို့ စောနကသတိမထားမိတာလဲ။ သူမ စနစ်လေးကို အလိုလို အော်ခေါ်လိုက်မိတယ်။
"၀၀၁ ဘာဖြစ်နေတာလဲ၊ ငါ့နား တစ်ယောက်ယောက် ချဉ်းကပ်လာတယ်လို့ နင်ဘာလို့ အသိမပေးတာတုံး"
[လက်ခံသူ၊ ကျွန်တော်လည်း သူ့ကို အာရုံမခံမိဘူး၊ ဒီ့လူ စွမ်းအင်အဆင့်က နိမ့်လွန်းနေတာဖြစ်ရမယ်၊ ကျွန်တော် သူ့ကို အာရုံခံဖို့ နည်းလမ်းမရှိဘူး]
ရှုယီ အနီးကပ်ကြည့်လိုက်တော့ ရှန်းရင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်ချီတစ်စက်လေးတောင် မရှိတာကို တွေ့လိုက်ရတယ်။ သူက သေမျိုးလား။ ဒါပေမဲ့ သူ ဒီဝိညာဉ်လှေပေါ်ကို ဘယ်လိုတက်လာတာလဲ။ ရှုယီ မျက်မှောင်ကြုတ်လိုက်တယ်။ "နင်ဘာလိုချင်တာလဲ"
“အဲ…” ရှန်းရင် တုံ့ဆိုင်းသွားတယ်။ လေးလေးနက်နက်နဲ့ သူမလက်ထဲက အသီးကို ရှုယီဆီ ကမ်းပေးလိုက်တယ်။ "ဒါ လိုချင်လား"
ရှုယီက တစ်ဝက်စားထားတဲ့ အသီးကို တစ်ချက်ကြည့်လိုက်ပြီး သူ့အမူအရာ မည်းမှောင်သွားတယ်။ ဒီအမျိုးသမီးက သူ့အသီးစားချင်လားလို့ မေးဖို့အတွက်နဲ့ လာပုတ်တာလား။ ရှုယီရင်ဘတ်ထဲ ဒေါသတွေ ထလာတယ်။ ဒီလို ရိုင်းစိုင်းတဲ့ တပည့်ကို ဒီဂိုဏ်းက လက်ခံလိမ့်မယ်လို့ သူ မထင်ခဲ့မိဘူး။ အေးစက်တဲ့လေသံနဲ့ ဖြေလိုက်တယ်။ "မလိုချင်ဘူး"
အိုး" ရှန်းရင်က သူ့ လက်ကို ပြန်ရုတ်လိုက်ပြီး အသီးကို ထပ်ကိုက်လိုက်တယ်။
စနစ်က နောက်တစ်ကြိမ် အသံထွက်လာတယ်။
[လက်ခံသူ၊ မြန်မြန်၊ အသီးကိုယူ အဲဒါ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ အနီရောင် စိတ်တန်ခိုးအသီးပဲ၊ မင်းစားရင် ကျင့်ကြံဆင့်တစ်ဆင့် အပြည့် တိုးလာလိမ့်မယ်]
"ဘာ" ရှုယီ စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်တယ်။ "ဘာလို့စောနက မပြောတာတုံး]
[ကျွန်တော်လည်း ခုမှနားလည်တာ]
ရှုယီ အမူအရာ ပြောင်းသွားတယ်။ သူမကို ကျင့်ကြံဆင့်တစ်ဆင့်လုံး မြင့်အောင်ကူညီပေးနိုင်မဲ့ အသီးကိုလက်မလွှတ်နိုင်ဘူး။ အသက်ပြင်းပြင်းရှူပြီး သူမက မျက်နှာပေါ် အပြုံးတစ်ပွင့် ဆင်မြန်းကာ ရှန်းရင်ဘက် မျက်နှာချင်းဆိုင်လိုက်တယ်။ "ဆရာတူညီမလေး"
"အမ်" ရှန်းရင်က သူမကိုမော့ကြည့်တယ်။
"ဒီအသီးက..."
သူ စကားမဆုံးခင် ရှန်းရင်က ခေါင်းငုံ့ကာ အသီးကို အမြန် ဝါးတော့တယ်။ နှစ်စက္ကန့်အတွင်း စားလက်စအသီးက မရှိတော့။ ကျန်တာဆိုလို့ သူ့ရဲ့ အူတိုင်ပဲ။ ရှန်းရင်က ပါးစပ်ကို သုတ်လိုက်ပြီး မေးတယ်။ "ဘာကိစ္စရှိလို့လဲ"
"…" သူမ ရည်ရွယ်ချက်ရှိရှိ တမင်လုပ်နေတာ မဟုတ်လား
(╯‵□′)╯(┻━┻
[လက်ခံသူ မြန်မြန် အူတိုင်ကို ချန်ထားခဲ့ခိုင်းလိုက်ပါ၊ စနစ်ရဲ့ စီးပွားရေးမြို့ထဲ စိုက်လို့ရတယ်၊ သိရသလောက်ဆို ပေါက်လာမှာပဲ]
ရှုယီ စိတ်ကို ပြန်တည်ငြိမ်အောင် လုပ်ကာ စိတ်လှုပ်ရှားစွာ ပြေ လိုက်တယ်။ "ဆရာတူညီမငယ်၊ ဒီအူတိုင်…"
ဂျွတ်
ရှန်းရင်က အူတိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး နှစ်ခြမ်းကျိုးသွားလေတယ်။ သူမက အထဲက အစေ့တွေကို ထုတ်ယူပြီး ပါးစပ်ထဲကို ထိုးထည့်တယ်။ အံသွားတွေနဲ့ ကိုက်ပြီးတော့ မျိုချလိုက်ပြီး ရှုယီကို ကြည့်လာတယ်။ "နင်လိုချင်တာလား၊ ဒီမှာ" သူမက ရှုယီရဲ့လက်ဖဝါးထဲ စိုစွတ်ပြီး ကျိုးနေတဲ့အူတိုင်ကို တင်ပေးလိုက်လေတယ်။
ရှုယီ ။ ။ "..."
စနစ် ။ ။ "..."
ဘာကြောင့် သူမ အလှည့်ဖျားခံနေရတယ်လို့ ရှုယီ ခံစားနေရတာပါလိမ့်။
"ဆရာ..."
တုံ့ပြန်ဖို့ သူမအတွက် အချိန်မရှိ။ ယိချင်းက ရှုယီကို တစိုက်မတ်မတ်ကြည့်ရင်း လျှောက်လာနေပြီ။ ရှုယီရဲ့ နားမလည်နိုင်စွမ်းကနေ ဒေါသအဖြစ် ပြောင်းသွားမှာကိုစိုးရိမ်နေတာ။
ရှုယီ ဒေါသကိုမျိုသိပ်ရင်း သူမ ဒီနေရာမှာ ပေါက်ကွဲလို့ မဖြစ်တာကို အမှတ်ရနေတယ်။
"ဂါရ၀ပြုပါတယ် ဆရာသခင်ယိချင်း"
ယိချင်းက မတုံ့ပြန်ဘဲ ရှန်းရင်ဘက်လှည့်တယ်။ "ဆရာ မနက်စာ အဆင်သင့်ဖြစ်ပါပြီ၊ စားဖို့အချိန်ကျပြီ"
"အိုး" ရှန်းရင်က ထရပ်ကာ သင်္ဘောသိုလှောင်ရုံထဲ ယိချင်းနောက်က ပြန်လိုက်သွားတယ်။ သူမ ထွက်သွားနေပြီ...။
ရှုယီ အမူအရာ မည်းနက်သွားတယ်။ သူမအကြည့်တွေက လူနှစ်ယောက်နောက် လိုက်နေလေရဲ့။ နောက်ဆုံးတော့ သူတို့ ဆက်ဆံရေးက ဘာလဲ သဘောပေါက်သွားပြီ။ ဒီဓားကျင့်ကြံသူဆရာသခင်အသစ်မှာ သေမျိုးတစ်ယောက် ဆရာအနေနဲ့ ရှိတယ်ပြောတယ်။ ဒါကိုအရင်က ကြားဖူးခဲ့ပေမဲ့ ဒီမိန်းမက ဆရာဆိုတာတော့ မသိခဲ့ဘူး။ သူမမှာ အနီရောင်စိတ်တန်ခိုးအသီး ရှိနေတာ မဆန်းတော့ဘူး။
တစ်ဝက်ကိုက်ထားတဲ့ အနီရောင်စိတ်တန်ခိုးအသီးကို လက်လွှတ်လိုက်ရတာ စဉ်းစားမိရုံနဲ့တင် သူမရင်ထဲ နောင်တတွေ ပြည့်လာတယ်။ သူမမှာ အဲအသီးသာရှိရင် နတ်ဝိညာဉ်ဖွဲ့စည်းဖို့ ပိုလွယ်ကူမှာ။ သူမအတွေးတွေက သူတို့နဲ့ ဆန့်ကျင်ဘက် မျောလွင့်တောင်ထွတ်မှာနေတဲ့ ကျိုးရှုမင်ဆီ ပြန်ရောက်သွားပြီး ရင်ထဲ အမုန်းတရားတွေနဲ့ ပြည့်လာတယ်။ မဖြစ်ဘူး သူမ ကျိုးရှုမင်ကို မြန်မြန် အနိုင်ယူမှ မူလပိုင်ရှင်ရဲ့ အငြိုးအတေးစွမ်းအင်တန်ဖိုးက လျော့ကျသွားမှာ။ မဟုတ်ရင် တာဝန်ကျရှုံးလိမ့်မယ်။
"စနစ် မူလပိုင်ရှင်ရဲ့ အငြိုးအတေးစွမ်းအင်တန်ဖိုးက ခုဘယ်လောက်လဲ"
[အငြိုးအတေးစွမ်းအင်တန်ဖိုး ၆၅]
ရုတ်တရက် ရှုယီ ခြိမ်းခြောက်ခံလိုက်ရသလို ခံစားလိုက်ရတော့တယ်။
——————
သူတို့ ကွေ့ယီဂိုဏ်းဆီ ပြန်ရောက်တာနဲ့ ရှုယီက တံခါးပိတ်ကျင့်ကြံတော့တယ်။ ရံဖန်ရံခါ ကူယွဲ့ သူမကို စစ်ဆေးကြည့်တယ်။ သူမက လျင်မြန်တဲ့အရှိန်နဲ့ တက်လှမ်းနေတာကို သိလိုက်ရတယ်။ သူမက ရွှေအမြုတေကျင့်ကြံမှုအလယ်ဆင့်တွေထိတောင် ရောက်လုနီးပါးဖြစ်နေပြီ။ တစ်ဖက်မှာတော့ ကျိုးရှုမင်က အုတ်မြစ်အခြေတည်ရဲ့ နှောင်းပိုင်းအဆင့်တွေမှာ တစ်နေဆဲ။ သူ ဘယ်လောက်လေ့ကျင့်ပါစေ အမြုတေဖွဲ့စည်းဖို့ ပုံစံမပြ။
ကူယွဲ့ သူ အခွင့်အရေးတစ်ခု လိုနေရုံဆိုတာ သိပေမဲ့ အဲအခွင့်အရေးက ပေါ်လာဖို့ အတော်လေး ကြာနေတယ်။ အစကတော့ ယွမ်ယန်မြို့ဆီခရီးက သူ့ကို ကိစ္စအသစ်တွေ နားလည်စေမယ်လို့ သူတို့ထင်ခဲ့တာ။ အဆုံးမှာတော့ ရှုယီကို သေမတတ် ဒေါသထွက်စေခဲ့တာကလွဲ ကျိုးရှုမင် ဘာမှမဖြစ်မြောက်ခဲ့။ ဒါက သူ့ကျင့်ကြံမှုမှာ ပထမဆုံးအကြိမ် နှောင့်နှေးမှုကို ကြုံရခြင်းပဲ။ တကယ်လို့ ဒီလိုဆက်ဖြစ်နေရင် သူအမြုတေမဖွဲ့ခင် ရှုယီက နတ်ဝိညာဉ်ဖွဲ့စည်းပြီးလောက်ပြီ။
တပည့်တွေက အဆင့်တက်ဖို့ဆို ထုထောင်းခံရဖို့လိုတယ်ထင်တယ်။ ကူယွဲ့ ကျိုးရှုမင် အကြိမ်ရေတချို့ ထုထောင်းခံရဖို့လိုနေရုံပဲလို့ ခန့်မှန်းလိုက်တယ်။ ဒါပေမဲ့ ကျိုးရှုမင်က ထုထောင်းခံရတိုင်း အရေထူလာတာကလွဲ ဘာမှမတော်။ အရင်က သူ ကူယွဲ့ တစ်ချက် ထုထောင်းတာနဲ့ သူက လဲသွားတယ်။ အခုတော့ သူက ထုထောင်းချက်အတော်များများ တောင့်ခံနေနိုင်ပြီ။ ဒါကြောင့် ကူယွဲ့ သူ့ကို ထုထောင်းတာ ထုထောင်းတာ... ပင်ပန်းသွားတဲ့အထိပဲ။ သူ ဆက်ပြီး မလုပ်နိုင်တော့ဘူး။ နောက်ဆုံး သူ ကျိုးရှုမင်ကို ဓားအင်းကွက်ထဲ ပစ်ထည့်လိုက်တယ်။ ဒါ သူ့ကို အတော်လေး သက်သာစေတယ်။ အဆင့်ဆယ်ဆင့် ဓားအင်းကွက်က နောက်တစ်ကြိမ် ပြန်ပေါ်လာတော့တယ်။
ကျိုးရှုမင်က ကျင့်သားမရခင် နှစ်အတော်ကြာ ဓားအင်းကွက်ထဲ ခက်ခက်ခဲခဲ တောင့်ခံခဲ့ရတယ်။ ဒီအချိန်တွေအားလုံးအပြီးမှ သူနောက်ဆုံးတော့ အဲဒီကနေ ထွက်နိုင်ခဲ့တယ်။ သူ့ဓားရေးတောင် ပိုကောင်းလာတယ်။ သူ အခုဆို သင့်တင့်တဲ့ ဓားသမားတစ်ဦးနဲ့ မဆိုစလောက် တူနေပြီ။ ဒါတောင် သူ့ရဲ့ ကျင့်ကြံဆင့်ကတော့... ဒီအတိုင်းပဲ ရှိနေဆဲ ပြောင့်လေးရဲ့ အကြေးခွံ သူ့ခန္ဓာကိုယ်ထဲရှိနေပြီး အဆုံးမရှိတဲ့ မသေမျိုးချီတွေ ပံ့ပိုးပေးနေတာတောင် သူ့ကျင့်ကြံဆင့်ကတော့ အုတ်မြစ်အခြေတည် နှောင်းပိုင်းအဆင့်မှာ တန့်နေဆဲ။
စေတန်ရဲ့သားပေါက် ထျန်းယီက သူတို့ဆီ သတင်းတစ်ခုယူလာချိန် ကျိုးနှစ်ကျပ်အတွက် အဖြေတစ်ခုကို ကူယွဲ့စဉ်းစားနေခဲ့တာ။
"ဂိုဏ်းပြိုင်ပွဲလား" ကူယွဲ့မေးလိုက်တယ်။
"ဟုတ်တယ်" ထျန်းယီက လက်ဖက်ရည်တစ်ငုံသောက်ပြီး ခေါင်းညိတ်တယ်။ "ကွေ့ယီဂိုဏ်းက ဆယ်နှစ်တစ်ခါ ပြိုင်ပွဲကျင်းပတယ်၊ ပင်မပွဲနှစ်ခုရှိတယ်။ ဆေးလုံးသန့်စင်မှုနဲ့ သိုင်းတွေ၊ ဟုတ်တာပေါ့ အဓိကပွဲက ပထမတစ်ခု၊ ညီကိုကူယွဲ့၊ မင်းက အုတ်မြစ်အခြေတည်နှောင်းပိုင်းအဆင့်မှာ ရှိနေခဲ့တာ တော်တော်ကြာပြီ၊ စမ်းကြည့်ပါလား"
ကူယွဲ့ ခဏစဉ်းစားလိုက်တယ်။ ကျိုးနှစ်ကျပ်က သူတို့ ထုထောင်းတာ အတော်လေးခံခဲ့ရပေမဲ့ တခြားသူထုထောင်းတာ မခံရသေးဘူး။ သူ့ကို ပြိုင်ပွဲဝင်ခွင့်ပေးတာက သူ တစ်စုံတစ်ခုကို နားလည်အောင် ကူညီပေးနိုင်လောက်တယ်။ "ဒါပေမဲ့... ကျွန်တော်တို့က ဓားကျင့်ကြံသူတွေလေ" ကူယြွ့ ကျိုးနှစ်ကျပ်ကို ဆေးလုံးသန့်စင်မှုနဲ့ပတ်သက်ပြီး ဘာမှမသင်ထား။ ကျိုးနှစ်ကျပ် ပထမအဆင့်တောင် မအောင်လောက်ဘူးလို့ထင်တယ်။
"ပြဿနာမရှိပါဘူး" ထျန်းယီက ပြုံးတယ်။
"ဆေးလုံးပညာတွေက ဂိုဏ်းကပြိုင်ပွဲရဲ့ အဓိက သော့ချက်ဖြစ်ပေမဲ့ ဆရာသခင်ယိချင်း ပါဝငမတာကြောင့် ဒီနှစ်ပုံစံကို ပြောင်းထားတယ်၊ သိုင်းပြိုင်ပွဲနဲ့ ဆေးလုံးသန့်စင်ပြိုင်ပွဲကို ညီတူညီမျှ ခွဲတမ်းချမှာ၊ ပြီးတော့ တောင်ထွတ်သခင်တစ်ယောက်စီက ဗိုလ်လုပွဲကို တစ်ခါတည်း တက်လှမ်းဖို့ လူတစ်ယောက်စီ ပို့ပေးလို့ရတယ်၊ ညီကိုကူယွဲ့၊ ကျုပ် မင်းရဲ့နာမည်ကို ပို့လိုက်မယ်၊ အများကြီးမစိုးရိမ်ဘဲ ပြိုင်သာပြိုင်ပါ"
"ဘာ" ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။။ ဘာလို့ သူက အကြောင်းရင်းမရှိ သူ့နာမည်ကို ပို့မှာတုံး။
ကူယွဲ့ မပြိုင်ချင်ပါဘူး။ ထျန်းယီ လက်အောက်မှာ သူ့ဘာသာတာဝန်ယူထားရတဲ့တပည့်တွေ ရှိတယ် မဟုတ်ဘူးလား။ "ဟီးဟီး... ကျေးဇူးပါ"
"မစိုးရိမ်ပါနဲ့" ထျန်းယီက ပြုံးကာ သူ့ဘာသာကျေနပ်နေတယ်။ "ဒါက ညီကိုတွေ လုပ်ရမဲ့အရာပဲ"
ဘယ်သူက မင်းညီကိုတုံး။
ကူယွဲ့ သက်ပြင်းချလိုက်တယ်။ "ညီကိုထျန်းယီ... ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခုရှိတယ်။
"ညီကိုကူယွဲ့ ပြောပါ"
"ကျွန်တော့်နာမည်ကို ကျိုးရှုမင်အဖြစ် ပြောင်းလို့ရမလား"
"..."
ထျန်းယီက ကူယွဲ့ကို အူကြောင်ကြောင် စိုက်ကြည့်နေတယ်။ သူ့အမူအရာက ဇဝေဇဝါဖြစ်မှု၊ မကျေမချမ်းဖြစ်မှုတို့နဲ့ပြည့်နေတယ်။
ကူယွဲ့လည်ကုပ်ကအမွှေးတွေတောင် ထောင်ကုန်လေရဲ့။
ခဏ
ဘာလို့ ငါ့ကိုအဲလောက် သနားစရာကောင်းအောင် ကြည့်နေတာတုံး။ ပြီးတော့ မင်း အမူအရာက "အဲတော့ မင်းက ကျိုးရှုမင်ကို ညီကိုရင်းအဖြစ် သတ်မှတ်တာလား" လို့ ပြောနေတဲ့ပုံလား။
ငါကလျော်ကန်တဲ့ စီးပွားရေးသမားနော်။ စိတ်ကူးယဉ်လွန်းနေတာတွေ တော်တော့
Σ(°△°|||)
…
အခန်း ၆၆၈ ။ ဗိုလ်လုပွဲသို့ တိုက်ရိုက်
နောက်ဆုံးတော့ ထျန်းယီက ကူယွဲ့နာမည်ကို ကျိုးရှုမင်အဖြစ် မပြောင်းလဲခဲ့ဘူး။ ဆန္ဒ မရှိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကူယွဲ့တို့တွေ နေနေတဲ့ တောင်ထွတ်က ကွေ့ယီဂိုဏ်းရဲ့ တပည့်တွေအမြင်မှာ လွတ်လပ်တဲ့ တသီးတခြားတောင် ဖြစ်နေပြီ။ ဒါကြောင့် အဲတောင်ရဲ့သခင်အဖြစ် လူတိုင်း တိတ်တိတ်ဆိတ်ဆိတ် အသိအမှတ်ပြုထားတဲ့ ယိချင်းကလည်း လူတစ်ဦးကို ပြိုင်ပွဲဆီ စေလွှတ်နိုင်တယ်။ ကျိုးရှုမင်က အမည်မဲ့တောင်တန်းကိုယ်စား ပြိုင်ပွဲဆီ စေလွှတ်ခံရသူ မေးခွန်းမရှိဖြစ်လာတယ်။
အမှန်ပဲ။ သူတို့ရဲ့ ဒီတောင်ထွတ်က အမည်မဲ့နေတာ တော်တော်ကြာပြီ။ ခုဆိုလူတိုင်းက အမည်မဲ့တောင်လို့ပဲ ညွှန်းကြတော့တယ်။
ဒါပေမဲ့ နာမည်တစ်ခုအတွက် တစ်နေရာပဲရှိတာ။ ကူယွဲ့ကို အထင်ကြီးတဲ့ ထျန်းယီကလွဲ ဘယ်သူမှ သူ့ကို သတိထားမိပုံမပေါ်။ တကယ်တော့ ပြောရရင် လူတိုင်းက ကျိုးရှုမင်ရဲ့ နောက်လိုက်လို့ပဲ သူ့ကိုမြင်ကြတာ။ သေချာပေါက် ထျန်းယီက ကူယွဲ့ ဖယ်ကျဉ်ခံထားရတယ်လို့ တွေးခဲ့တာပေါ့။
မိတ်ဆွေဆက်ဆံရေးက လိမ်ညာတာကနေ ပေါက်ဖွားလာနိုင်တယ်ဆိုတာကို သက်သေပြနေတာ။ ဆရာသခင်ထျန်းယီက ကူယွဲ့ကို ဂရုစိုက်ချင်လွန်းလို့ ကူယွဲ့နာမည်ကို သွင်းခဲ့တယ်။ ကူယွဲ့က ဒါကြောင့် ထျန်းယီရဲ့ကိုယ်ပိုင်တောင်ကိုယ်စား ယှဉ်ပြိုင်ဖို့ဖြစ်လာတော့တယ်။
ဒါကြောင့် ကူယွဲ့ကို ပြိုင်ပွဲဗိုလ်လုပွဲထိ တက်ရောက်ဖို့ ကတိပေးလာတယ်။ ပြန်လမ်းမရှိတော့ဘူး။
ကူယွဲ့ ။ ။ "..." ခွေး*သား
ဂိုဏ်းပြိုင်ပွဲက ၃ရက်အတွင်းစတင်တော့မှာ။ ယွီလွမ်က တကူးတက စားဖိုမှူးကို လာအသိပေးပြီး ပွဲကျင်းပမဲ့နေ့ တက်ရောက်ဖို့ အသိပေးခဲ့တယ်။ သူ ဘယ်လိုပြောပြော ယွီလွမ်က စားဖိုမှူးကို ပွဲထုတ်နေတယ်ဆိုတာ သူတို့သုံးယောက်အတွက် ထင်ရှားတယ်။ သူက ပွဲနေ့မှာ အမည်မဲ့တောင်အတွက် တပည့်တွေ ထပ်စုဆောင်းစေချင်တာပဲ။
ကွေ့ယီဂိုဏ်းထဲက ဘယ်သူမှ ဓားကျင့်ကြံမှုကို မသင်ယူချင်ကြပေမဲ့ သူတို့ တပည့်တွေတော့ စုဆောင်းနိုင်သေးတယ်။ ခုနောက်ပိုင်းနှစ်တွေမှာ တခြားဂိုဏ်းတွေကလည်း ဓားကျင့်ကြံသူတွေ ပိုစုဆောင်းလာကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဂိုဿ်းထဲ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဓားကျင့်ကြံသူရှိနေတာ။ ဘယ်သူက မဝင်ရောက်ချင်ဘဲနေမလဲ။ အထူးသဖြင့် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ကျုံးရိသေပြီးတည်းက ကွေ့ယီဂိုဏ်းရဲ့ ဂုဏ်သတင်းက သိသိသာသာ တိုးတက်လာခဲ့တာ။ ထိုက်ယန်ဂိုဏ်းကတောင် ယိချင်းအကြောင်းမေးဖို့ တပည့်တွေမကြာခဏ လွှတ်လေ့ရှိတယ်။ အခု ကွေ့ယီဂိုဏ်းက အရင်ကနဲ့မတူတော့ ဆေးကောင်းတွေ ရောင်းတာကြောင့်နဲ့တင် လူသိများတာ မဟုတ်တော့ဘူး။
အကျဉ်းချုံးပြောရရင်တော့ သူတို့တွေက အရည်အချင်းရှိသူတွေကို ဓားကျင့်ကြံသူတွေအဖြစ် ပျိုးထောင်ပေးချင်တာ။ အရည်အချင်းမရှိသူတွေကိုတောင် ဓားကျင့်ကြံသူအဖြစ် ပျိုးထောင်ပေးရမယ်။ ဒါက ဆေးလုံးကျင့်ကြံသူတွေနဲ့ ဂိုဏ်းပဲ။ ဒီလူအားလုံးကို ထောက်ပံ့ဖို့ သူတို့မှာ ငွေအမြောက်အများရှိတယ်
ကူယွဲ့က ယွီလွမ် ဘာလိုချင်လဲ အတော်လေး နားလည်တယ်။ တကယ်တော့ ဒီနေ့ရောက်လာမယ်ဆိုတာ သူသိပြီးသား။ ဒါကြောင့် သူ ဓားအင်းကွက်တစ်ခု ကြိုပြင်ကာ ကျိုးနှစ်ကျပ်ကို ပစ်ထည့်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ တောင်ထဲ တပည့်ဘယ်လောက်လက်ခံပါစေ။ တာဝန်ဝတ္တရားတွေအားလုံးက သူ့ခေါင်းပေါ်ကျလာမှာ။ စားဖိုမှူးက စားသောက်စရာတွေကို တာဝန်ယူနိုင်ပေမဲ့ တပည့်တွေနဲ့ လေ့ကျင့်ဖို့တော့ စိတ်ချလို့မရဘူး။ ရှန်းရင်အတွက်ကတော့... ဟက်ဟက်
ကူယွဲ့ ပြိုင်ပွဲရဲ့ ပထမဆုံးပွဲတွေကို ကျိုးရှုမင်ကို လေ့ကျင့်ပေးရင်း အချိန်ကုန်ဆုံးခဲ့တယ်။ ကျိုးရှုမင်ကို သေတွင်းထဲ တွန်းပို့လုနီးပါး လေ့ကျင့်မှုမျိုးပဲ။ နောက်ဆုံး ဗိုလ်လုပွဲမတိုင်ခင်နေ့မှာ ကျိုးရှုမင် ဓားအင်းကွက် ပထမဆုံးအဆင့်ကို အောင်မြင်ခဲ့တယ်။ အဲတော့မှ ကူယွဲ့က ကျိုးရှုမင်ကို ယှဉ်ပြိုင်ခွင့်ပြုခဲ့တာ။
ကွေ့ယီဂိုဏ်းမှာ တပည့်တွေ အများကြီးမို့ ဂိုဏ်းပြိုင်ပွဲက တစ်လကြာခဲ့တယ်။ ပြိုင်ပွဲတစ်ခုလုံးကို ပွဲနှစ်ခု ခွဲထားတယ်။ ဆေးလုံးသန့်စင်မှုပွဲနဲ့ သိုင်းပွဲ။ ဒုတိယတစ်ခုက အနိုင်အရှုံး ကွဲပြားပေမဲ့ ပထမတစ်ခုကတော့ နည်းနည်းပိုရှုပ်ထွေးတယ်။ အုတ်မြစ်အခြေတည်နဲ့ ချီမွမ်းမံမှုအဆင့်အုပ်စုတွေက အဆင်ပြေတယ်။ သူတို့က ဆေးလုံးသန့်စင်နည်းများများစားစားမသိတာမို့ ဆေးလုံးအိုးတစ်အိုးက သုံးရက်ထက်မကြာဘူး။ ရွှေအမြုတေအုပ်စုနဲ့အထက်ကတော့ မတူဘူး။ ရွှေအမြုတေကျင့်ကြံသူတွေက တတိယအဆင့်နဲ့အထက် ဆေးလုံးတွေကို သန့်စင်နိုင်တယ်။ ဒီလိုဆေးလုံးတွေကို သန့်စင်ဖို့က အနည်းဆုံးဆယ်ရက်ကြာတယ်။
ဒါကြောင့် ကွေ့ယီဂိုဏ်းရဲ့ ဂိုဏ်းပြိုင်ပွဲက တခြားဟာတွေနဲ့မတူ၊ သုံးလေးရက်ထဲနဲ့ အကျဉ်းချုပ်လို့ မရဘူး။ ရက်၂၀အကြာမှာ အနိုင်ရသူစာရင်းကို ကြေညာလေတယ်။
ကျိုးရှုမင်နဲ့ ကူယွဲ့ကတော့ သိုင်းပြိုင်ပွဲမှာပဲဝင်ပြိုင်တာ။ သူတို့ တိုက်ပွဲကျင်းပရာနေရာဆီရောက်မှ သိလိုက်ရတာက ပြိုင်သူ ၅၀ကျော်တယ်ဆိုတာပဲ။ ဒီလူတွေထဲ အများစုက အုတ်မြစ်အခြေတည်ကျင့်ကြံသူတွေဖြစ်ပြီး တချို့ကတော့ ရွှေအမြုတေကျင့်ကြံသူတွေ။
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ဒီသိုင်းပြိုင်ပွဲထဲ အုတ်မြစ်အခြေတည်ကျင့်ကြံသူတွေကို ရွှေအမြုတေကျင့်ကြံသူတွေနဲ့ ရောမယ်ဆိုတာ နားလည်လိုက်ရတယ်။ ဒါက အုတ်မြစ်အခြေတည်ကျင့်ကြံသူတွေအတွက် သိသိသာသာ မတရားဘူးပေါ့။ ဒါပေမဲ့ ကွေ့ယီဂိုဏ်းကို ဘာမျှော်လင့်လို့ရမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးလုံးသန့်စင်မှုပြိုင်ပွဲကမှ သူ့အဓိကပွဲကိုး။ ဆေးလုံးသန့်စင်မှုကို မလေ့ကျင့်တဲ့ ကျင့်ကြံသူတွေက နည်းလွန်းတယ်။ ဒါကြောင့် ဒီကျင့်ကြံသူတွေကို ကျင့်ကြံဆင့်နဲ့ ခွဲဖို့်မလိုတာ။
ကူယွဲ့ စစ်မြေပြင်ပေါ်က လူအုပ်ကို စစ်ဆေးလိုက်တယ်။ ထူးဆန်းတာ ကျူးကျော်သူရှုယီလည်း ရှိနေတယ်။ ရံဖန်ရံခါ သူမက ကျိုးရှုမင်ကို လှမ်းလှမ်းကြည့်တယ်။ သူမက သူ့ကိုတစ်ခုခုလုပ်ဖို့ အသင့်ပြင်နေတဲ့အတိုင်းပဲ။
ရူးနှမ်းနှမ်းလူကတော့ ဘာမှကို သတိထားမိပုံမပေါ်။ သူ တိုက်ပွဲကွင်းပြင်ထဲ ဝင်တဲ့အချိန်တည်းက ဓားကို ရင်ဘက်နား တင်းတင်းကြပ်ကြပ်ဖိထားတာ။ သူက ရှုံးရတာမကြောက်။ အဲအစား ဆရာသခင်ယိချင်းနဲ့ မိန်းကလေးရှန်းရင်ကို အရှက်ရအောင်လုပ်မိမှာ အစိုးရိမ်ဆုံး။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဒီကို အမည်မဲ့တောင် ကိုယ်စားပြုရောက်နေတာလေ။
ဒါကြောင့် လွန်ခဲ့တဲ့သုံးရက်ကစပြီး သူ့စိတ်ထဲ ဓားသိုင်းတွေကို ပြန်လေ့ကျင့်နေခဲ့တာ။ သူမျှော်လင့်သမျှက အဲသိုင်းတွေကို ဆိုးဆိုးဝါးဝါး မချပြမိဖို့ပဲ။ ဒါပေမဲ့ သူ ကွင်းပြင်ဆီ ခြေချပြီးတော့ ပထမဆုံးဓားချက်မှာတည်းက ပြိုင်ဘက်ကို စင်မြင့်ဆီကနေ လွင့်ထွက်သွားစေခဲ့တယ်။ ကျိုးရှုမင် ဒါအတွက် အသင့်မဖြစ်ခဲ့ဘူး။ သူ စိတ်တောင် မတည်ငြိမ်သေးတာလေ။
ဟမ်။
(⊙_⊙)
သူက စောနက အဲရိုက်ချက်ကို လုပ်ခဲ့တဲ့သူလား။ ဒါပေမဲ့ အဲလူက အရမ်းမြန်မြန် မေ့သွားတာပဲ။ ကျိုးရှုမင် ခန့်မှန်းထားတာနဲ့ တခြားစီပဲ။
သူ ညီကိုကူယွဲ့နဲ့ အရင်က လေ့ကျင့်ချိန် သူကဲ အမြဲ ပစ်ထုတ်ခံရတာ။
ပြန်တွန်းလှန်ဖို့ မျှော်လင့်ချက်မရှိ ရိုက်ခံရတာကို ကျင့်သားရနေတဲ့ ကျိုးနှစ်ကျပ် သူ့ရဲ့အောင်မြင်မှုကြောင့် ထိတ်လန့်သွားတယ် နောက်ကျ ညီကိုကူယွဲ့ သူ့ကိုလေ့ကျင့်ပေးတဲ့ဓားသိုင်းက အရမ်းကိုမိုက်တာ နားလည်လိုက်ရတယ်။
ပြိုင်ပွဲက ဆက်သွားနေပြီး သူ့ကိုယ်ပိုင်အစွမ်းတွေကြောင့် ပိုပိုထိတ်လန့်လာရတယ်။ သူ ဘာမြင်နေရလဲဆိုတာကို မယုံကြည်နိုင်လုနီးပါးပဲ။ ညီကိုကူယွဲ့ သူ့ကို အတော်လေးအထင်သေးခဲ့တဲ့ ဓားသိုင်းက လေတစ်ဝှေ့အတိုက်မှာ တိုက်ပွဲအများကြီးကို ကျော်ဖြတ်စေနိုင်ခဲ့တယ်။ တစ်ဂိုဏ်းတည်းကအုတ်မြစ်အခြေတည်တပည့်တွေ သူ့ကို ဆယ်ချက်ထက်ပိုပြီး မတွန်းလှန်နိုင်ဘဲ သူ့ဓားအောက် ကျရှုံးကုန်လေရဲ့။ ကျိုးရှုမင် အဆင့်တွေကို မြန်ဆန်လှတဲ့အရှိန်နဲ့ ဖြတ်သန်းခဲ့တယ်။
သူ့ကိုယ်ပိုင်စွမ်းဆောင်မှုကြောင့် မှင်တက်နေမိတယ်။ အမြဲအထင်သေးခံရတဲ့ သူ့သိုင်းက အဲလောက်မိုက်မယ် မထင်မိခဲ့ဘူး။
o(≧v≦)o
သူပြိုင်ပွဲဝင်ရမယ်ဆိုတာသိတဲ့နေ့တည်းက ဖြစ်ခဲ့ရတဲ့စိုးရိမ်မှုတွေ ခုတော့အားလုံးပျောက်ကွယ်သွားပြီ။ အဲအစား ကျိုးရှုမင် တစ်ခါမှ မသိခဲ့ဖူးတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိမှုတွေ။
သူ ရွှေအမြုတေကျင့်ကြံသူ ပြိုင်ဘက်တွေ့ရင်တောင် သုံးဖို့လိုတဲ့သိုင်းတွေပေါ် စိတ်တည်တည်ငြိမ်ငြိမ် ထားတယ်။ သူ့ပြိုင်ဘက်တွေရဲ့ ဖိနှိပ်မှုကို တိုက်ခိုက်ရင်း တစ်ချက်ပြီးတစ်ချက် တိုက်ခိုက်တော့တယ်။ သူ အောင်ပွဲရခဲ့တယ်
ပွဲကြည့်နေသူတိုင်း ထိတ်လန့်တောင့်တင်းကုန်တယ်။ သူက သူ့ထက်ကျင့်ကြံဆင့်မြင့်သူကို တိုက်ခိုက်နေပေမဲ့ နိုင်သွားတယ် ဒါက တကယ့်ကို ယှဉ်မရတဲ့ ဓားကျင့်ကြံသူပဲ။ ဂိုဏ်းထဲက တပည့်တွေအားလုံး စင်မြင့်ပေါ်မှာ ထိုင်နေတဲ့တစ်ယောက်သောသူဆီက အကြည့်မလွှဲနိုင်ကြတော့ဘူး။ သူ့တပည့်တွေကတောင် အစွမ်းကြီးလှတာ။ အဲဒီနတ်ဝိညာဉ်ဖွဲ့စည်းခြင်းဆရာသခင် ဓားကျင့်ကြံသူဆို ဒီလောကကြီးထဲ ဆရာတစ်ဆူပဲပေါ့။
ယွီလွမ်တောင် မနေနိုင်ဘဲ ယိချင်းဘက်လှည့်ကာ အံ့ဩတကြီးပြောတေ့ာတယ်။
"သူက တကယ့်ကို အမည်မဲ့တောင်ရဲ့ တပည့်ပဲ၊ သူ့ထက်ကျင့်ကြံဆင့်မြင့်သူကိုတောင် အနိုင်ယူနိုင်တယ်၊ တကယ့်ကို အထင်ကြီးစရာ တပည့်ရှိတာပဲ"
သစ်ချသီး ခွာနေသူ ယိချင်း ။ ။ "..."
သစ်ချသီး စားနေသူ ရှန်းရင် ။ ။ "..."
မြောင် မြောင် မြောင်။
(⊙ o ⊙)
"အမည်မဲ့တောင်၊ ကျိုးရှုမင်အနိုင်ရ"
ကျိုးရှုမင် လုံးဝကိုဇဝေဇဝါဖြစ်နေဟန်။ သူ ရှုံးမယ်သေချာနေတဲ့တိုက်ပွဲကို ခုလေးတင်နိုင်သွားတာ။ ပြီးတော့ သူ အသည်းအသန်တောင် တိုက်ခဲ့တာမဟုတ်။ ရုတ်တရက် သူအိပ်မက်မက်နေသလို ခံစားလိုက်ရတယ်။ သူ လက်ထဲကဓားကိုငုံ့ကြည့်လိုက်တယ်။ ပထမဆုံးအကြိမ် ဘဝမှာ ဓားကျင့်ကြံသူအစစ်တစ်ယောက်လို့ ခံစားလိုက်ရတာပဲ
ကြီးမားတဲ့စိတ်လှုပ်ရှားမှုက သူ့ရင်ထဲ ပေါက်ဖွားလာတယ်။ ဒါ တကယ်လို့သာ သူ့အစွမ်းအစအစစ်ဆို ဖြစ်နိုင်တာ... ဖြစ်နိုင်တာ သူအဆုံးထိ အနိုင်ရလောက်တယ်။ သူ ဓားကိုတင်းတင်းဆုပ်ကိုင်ကာ မော့ကြည့်ပြီး အမူအရာကတော့ တောက်ပပြီး မျှော်လင့်တကြီးနဲ့။ သူ နိုင်နိုင်တယ် သူ တကယ်နိုင်နိုင်တယ်။
အဲဒါက... ကူယွဲ့ စင်ပေါ် တက်မလာခင်ထိပေါ့။
ဟီးဟီး...။
သူ့ရင်ဘတ်ထဲ တစ်စုံတစ်ခုပြုတ်ကျပြီး အစစအမွှာမွှာ ကြေမွသွားသလိုပဲ။ ပြားသွားတဲ့ ပူဖောင်းလို ကျိုးရှုမင် ပုံခနဲ ထိုင်ကျသွားတယ်။ သူ့မျှော်လင့်ချက်တွေနဲ့ အိပ်မက်တွေ ချက်ချင်း တစစီ ပြန့်ကျဲသွားလေရဲ့။
ကျိုးရှုမင် ။ ။ "..."
သူ ဒီတိုင်း လက်လျှော့လိုက်လို့ရလား။
အနိုင်ကျင့်ခံစရာ မလိုဘူးလေ။ ဒီတစ်ကြိမ် ပြိုင်စရာတောင် မလိုပါဘူး
(*꒦ິ꒳꒦ີ)
…
အခန်း ၆၆၉ ။ ကွေ့ယီအတွင်း ထူးဆန်းသော ပြောင်းလဲမှုများ
ဒီဘက်ခြမ်းက ဂါထာပြိုင်ပွဲက ပြီးခါနီးပြီ။ ကူယွဲ့နဲ့ ကျိုးရှုမင်ကလွဲရင် ရှုယီနဲ့ တခြားတောင်နှစ်ခုက ကိုယ်ရေးကိုယ်တာ တပည့်တွေက ထိပ်သီးငါးယောက်ထဲ ရောက်လာတယ်။
ဂိုဏ်းချုပ်ယွီလွမ်က ကျန်တဲ့ငါးယောက်ကို တစ်ချက်ကြည့်ကာ ကူယွဲ့ကို အမှတ်ရသွားတယ်။
သူ မနေနိုင်ဘဲ လှည့်ချီးကျူးမိလိုက်တယ်။ "ဓားကျင့်ကြံသူတွေက တကယ့်အံ့မခန်းပါပဲ၊ အမည်မဲ့တောင်ထွတ်မှာ တပည့်နှစ်ယောက်ပဲရှိပေမဲ့ နှစ်ယောက်လုံးက ထိပ်သီးငါးယောက်ထဲ ပါလာတယ်၊ အထူးသဖြင့် ဒီကျိုးရှုမင်ဆိုတဲ့ကောင်လေး၊ နှစ်နည်းနည်းတည်းနဲ့ သူက ဓားချီတွေ ပြည့်နေပြီ၊ အနိုင်ရသူ ဘယ်သူဖြစ်မလဲဆိုတာ ရင်ခုန်စရာတောင်မလိုဘူးလို့ ပြောရမယ်၊ ဆရာဦးလေးယိချင်းက သူတို့ကိုကောင်းကောင်းသင်ကြားထားတာပဲ"
ယိချင်းက ကွင်းပြင်ထဲ တိုက်ခိုက်ကြမဲ့လူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်တယ်။ အထူးသဖြင့် တုန်ယင်နေတာများ ဓားပါလွတ်ကျတော့မဲ့ တစ်ယောက်သောသူစီ။ သူ့နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ သူအချိန်မီ ပြန်မဖြေနိုင်ခင် ဘေးက ထျန်းယီအမူအရာက မှောင်မည်းက ချက်ချင်း ငြင်းဆန်လေတယ်။
"ဂိုဏ်းချုပ်က အပြောစောလွန်းနေတာ မဟုတ်ဘူးလား" သူက အေးစက်စက် ထေ့ရယ်ကာ မကျေမချမ်းဆိုလိုက်တယ်။ "တခြားသူတွေကိုမပြောနဲ့၊ ညီကိုကူယွဲ့ရဲ့ဓားသိုင်းတွေက မြန်ဆန်ပြီး အစွမ်းကြီးတယ်၊ သူ့ဝိညာဉ်ချီက အားကောင်းတယ်၊ အရင်ပြိုင်ပွဲတွေမှာ သူက ပြိုင်ဘက်တွေကို ဆယ်ချက်အတွင်း အနိုင်ယူခဲ့တာ၊ တစ်ချက်ကြည့်တာနဲ့တင် သူက ဓားဓမ္မကို သေချာနားလည်သူဆိုတာ ပြနေတာပဲ၊ သူက ဒီတစ်ကြိမ် ဗိုလ်စွဲသူဖြစ်မယ်လို့ ကျုပ်တော့ထင်တယ်"
ယွီလွမ်က သူ့ခွန်းတုံ့ပြန်မှုကြောင့် မှင်တက်သွားတယ်။ ဘာ ညီကိုကူယွဲ့။
ဆရာဦးလေးထျန်းယီက ဘယ်တုန်းက ညီကိုတစ်ယောက် အသိအမှတ်ပြုလိုက်တာတုံး။
ဆရာဦးလေးယိချင်းမှာ သေမျိုးဆရာတစ်ယောက်ရှိနေပြီး သူတို့ ရုတ်တရက်ကြီး ဆရာအဘွားရသွားတာကို ထားဦး သူ့တပည့်နဲ့ ဆရာဦးလေးထျန်းယီက ဘယ်ချိန်တုန်းကစပြီး အချင်းချင်း ညီကိုတွေလို့ခေါ်ကြတာလဲ။ ပြော၊ ဝါကြီးတာကို အခွင့်အရေးယူတာ အမည်မဲ့တောင်ရဲ့ ရိုးရာအစဉ်အလာလား။
"ညီကိုကူယွဲ့က ညှာတာတတ်ပြီး သစ္စာရှိတယ်၊ သူက ဓားကျင့်ကြံသူဆိုပေမဲ့ ဆေးလုံး၊ အဆောင်တွေနဲ့ အင်းကွက်တွေမှာလည်း နှံ့စပ်တယ်၊ အထူးသဖြင့် အင်းကွက်အစီအရင်တွေကို သူ့နားလည်နိုင်စွမ်းက အတော်လေး ပြည့်ဝပြီးသား" ထျန်းယီက မျက်တောင်တောင် မခတ်ဘဲ ချီးကျူးနေတာတော့တယ်။
"မသေချာရင် လျှောက်မခန့်မှန်းပါနဲ့ ဂိုဏ်းချုပ် ကျိုးငနဲကတောင် သူ့အတွက် ပြိုင်ဘက် မဟုတ်ဘူးထင်တာပဲ" ဘာပဲဖြစ်နေပါစေ သူ့ညီကိုအတွက် အားပေးရမယ်။
"အမ်..." ယွီလွမ် ချွေးစေးပြန်လာတယ်။ သူက နဂိုက ယိချင်းကို ဖားယားပြီး တပည့်တွေပိုခေါ်ယူခိုင်းမို့ စီစဉ်ခဲ့ပေမဲ့ ဆရာဦးလေးထျန်းယီ ကြားဖြတ်လာမယ်မထင်ခဲ့ဘူး။ ဒါပေမဲ့ သူ ခွန်းတုံ့မပြန်နိုင်ဘဲ အနေရခက်ခက်သာ ပြုံးပြလိုက်ကာ အံကိုတင်းပြီး ဖြေလိုက်ရတယ်။
"ဆရာဦးလေးထျန်းယီပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်"
"ဟမ့် သေချာတာပေါ့" ထျန်းယီက အဲတော့မှ ကျေနပ်သွားပြီး အနည်းငယ်မော်ကြွားမှုနဲ့ ကူယွဲ့ကို ဆက်ထောက်ခံနေတယ်။
"ငါ့ရဲ့ဒီညီကိုက စရိုက်၊ ထိုးထွင်းဉာဏ်၊ ကျင့်ကြံမှုဖြစ်ပစေ သူနဲ့ပတ်သက်သမျှအားလုံးက ရှားပါးတယ်၊ ဒီတစ်ခေါက် အနိုင်ရသူက သူကလွဲ ဘယ်သူမှ..."
"ကျွန်တော် အရှုံးပေးတယ်" သူ စကားမဆုံးခင် ကွင်းထဲက စင်မြင့်ပေါ်တက်လာကာစ ကူယွဲ့ အော်သံကို ကြားလိုက်ရတယ်။
ထျန်းယီ ။ ။ "..."
ယွီလွမ် ။ ။ "..."
ဆရာတပည့်နှစ်ယောက် ။ ။ "..."
ရိုက်ခံရတော့မယ်ထင်နေတဲ့ ကျိုးနှစ်ကျပ် ။ ။ "..."
ဟမ်။
ဘာတွေဖြစ်နေတာလဲ။
Σ(°△°|||)
ထျန်းယီ မျက်နှာမှာ ပူလောင်သွားတယ်။
ဘေးကနေ ဂိုဏ်းချုပ်က သူ့ကိုနားလည်ရခက်တဲ့အကြည့် ကြည့်လာတယ်။ ဗိုလ်စွဲသူဖြစ်ဖို့က ဘာဖြစ်သွားတာလဲ။
မိတ်ဆွေလေးထျန်းယီ ဖြူဖျော့သွားပြီး သူ့တစ်ကိုယ်လုံးက မှင်တက်နေလို့ တွေဝေနေတယ်။ ဒါ အဓိပ္ပာယ်မရှိတာ။ သူ့ညီကိုကူယွဲ့က မတိုက်ခိုက်ဘဲ အရှုံးပေးမဲ့သူမျိုးမဟုတ်ဘူး သေချာပေါက် ထူးခြားတဲ့အကြောင်းရင်းရှိရမယ် အမှန်ကို သေချာပေါက်ပဲ
"သူ ပြိုင်ပွဲအတွက် ပြင်နေရင်း ဒဏ်ရာမရသွားသရွေ့ပေါ့" သူ စဉ်းစားလေ ဒါက ပိုပြီးဖြစ်နိုင်ခြေ ရှိလာလေပဲ။ သူ တွေးကြည့်ရင်း ပို စိတ်ပူလာတယ်။ သူ ချက်ချင်း ထရပ်လိုက်တယ်။
"ကျုပ်သွားကြည့်ဦးမယ်" သူ့မှာ ဘာပဲဖြစ်ဖြစ် ဆေးလုံးတွေ အများကြီးရှိနေတဲ့ဟာ။ အဲလိုပြောပြီး သူက ယွီလွမ်ကို လျစ်လျူရှုကာကြည့်ရှုတဲ့စင်မြင့်ပေါ်ကနေ ဖျတ်ခနဲ ပျောက်သွားလေတော့တယ်။
ဆရာတပည့်နှစ်ယောက် ။ ။ "..."
အမ်... ဖေဖေနျို ကျိုးနှစ်ကျပ်ကို ထုထောင်းရတာ စိတ်ကုန်နေရုံမို့ စိတ်ထဲမထားတော့ရုံဆိုတာ သူတို့ပြောပြသင့်လား။
အောက်မှာတော့ ကျိုးရှုမင် အနိုင်ရကြောင်း ကြေညာလိုက်လေပြီ။
ကူယွဲ့ မရပ်ဘဲ တစ်ဖက်လှည့်ကာ စင်ပေါ်က ဆင်းခဲ့တယ်။ တစ်လက်စတည်း သူ့အကြည့်က ရှုယီပေါ် ဝေ့ဝဲသွားခဲ့တယ်။ သူ ကျိုးနှစ်ကျပ်ကို မထုထောင်းချင်တာမဟုတ်ဘဲ ဒါက အကြိုဗိုလ်လုပွဲ မတိုင်ခင်အဆင့် ရောက်နေပြီမို့ပဲ။ တကယ်လို့ သူ ကျိုးရှုမင်ကို နိုင်သွားရင် အဆုံးမှာ ရှုယီကို ရင်ဆိုင်ရသူဟာ သူဖြစ်သွားနိုင်တယ်။
သူက စီမံထိန်းသိမ်းသူတစ်ယောက်ဖြစ်ပြီး တစ်ခါတုန်းက ဒီမျက်နှာပြင်ရဲ့ လက်ထောက်ဖြစ်ခဲ့ဖူးတယ်။ သူ့ကိုယ်ထဲ အခွင့်အာဏာတချို့က အမြဲရှိနေမှာ။ ရှုယီက ကျူးကျော်သူ။ ပြီးတော့ သူမထဲ စနစ်နဲ့ဆို အချင်းချင်း တကယ်ရင်ဆိုင်ကြရင် သူ့ကိုယ်သူ ဖော်မိနိုင်တဲ့ အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် ဒီမှာ အရှုံးဝန်ခံလိုက်တာ ပိုကောင်းတယ်။
ပြီးတော့ ကျိုးနှစ်ကျပ်နဲ့ ဒီလူက မွေးရာပါရန်သူတွေ။ သူက အုတ်မြစ်အခြေတည်ကျင့်ကြံသူဖြစ်ပြီး သူမနဲ့ ကျင့်ကြံဆင့်ကွာတာမို့ မနိုင်လောက်ဘူးဆိုရင်တောင် ရှုယီကို စိတ်တိုအောင် လုပ်တဲ့အပိုင်းမှာတော့ အတော်လေးကို ကျွမ်းကျင်တယ်။
တစ်ချိန်တည်းမှာတင် သူ ရှုယီရဲ့ ကျင့်ကြံမှာက တံခါးပိတ်ကျင့်ကြံပြီး စနစ်ဆီက အကူအညီနဲ့ ဘယ်လောက်အတိုင်းအတာထိ တိုးတက်လာလဲလည်း မြင်ချင်တယ်။
ကူယွဲ့ ခန့်မှန်းချက်က မှန်တယ်။ ကျိုးရှုမင်နဲ့ ရှုယီတို့က သက်ဆိုင်ရာ ပွဲစဉ်တွေမှာ တခြား တပည့်နှစ်ယောက်ကို အနိုင်ရခဲ့ပြီး နှစ်ဦးစလုံး ဗိုလ်လုပွဲဆီ ရောက်လာတယ်။ ရှုယီက အဲလိုရလဒ်အတွက် အလွန်ကျေနပ်နေပုံရပြီး ကျိုးရှုမင်ဆီ ချက်ချင်းပြေးလာပြီး ရိုက်နှင်ချင်နေသလိုမျိုး သတ်ဖြတ်ချင်စိတ်တွေ ဝိုးတဝါးထွက်နေလေရဲ့။
"ဆရာတူ…ဆရာအဒေါ်ရှု" ဒါပေမဲ့ ကျိုးရှုမင်က လုံးဝသတိမထားမိသလိုမျိုး သူက ယဉ်ကျေးစွာ ဦးညွှတ်ကာ နုံအစွာ ပြုံးနေလေတယ်။
"မတွေ့တာကြာပြီနော်၊ ဆရာအဒေါ်ရှုနဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေးရမယ် မထင်ခဲ့ဘူး၊ စကားမစပ် သိချင်မိတာ..."
"ပါးစပ်ပိတ်" ရှုယီက သူ့ကြောင့် စိတ်တိုရတာကနေ အတွေ့အကြုံတချို့ ရသွားလို့ထင် တန်းပြီးကြားဖြတ်ပြောတယ်။ သူစကားဆုံးမှာကို မစောင့်ဘဲ သူမဓမ္မလက်နက်ကို ဆင့်ခေါ်ကာ စကားတစ်ခွန်းထပ်မပြော ပြေးဝင်လာတယ်။ သူမရဲ့ကျင့်ကြံဆင့်က တစ်ဆင့်မြင့်တာကိာ အခွင့်အရေးယူပြီး ရွှေအမြုတေအဆင့်ရဲ့ ဖိနှိပ်မှုကိုတောင် ထုတ်လွှတ်လိုက်ပြီး သူမရှိသမျှအားကို သုံးကာ သူ့လှုပ်ရှားမှုတွေကို ဖိနှိပ်ဖို့လုပ်လေတယ်။
ကျိုးရှုမင် တုံ့သွားပြီး သူ့လှုပ်ရှားမှုတွေက အနည်းငယ်ယိုင်ထွက်သွားကာ တစ်ဆင့်မြင့်တဲ့ သူမရဲ့ဖိနှိပ်မှုကို တောင့်ခံဖို့ ချက်ချင်း ဓားချီကိုအသက်သွင်းလိုက်တယ်။ စောနက သူ့ရိုးအအ အမူအရာကနေ ဝိညာဉ်ဓားအများအပြား ဆင့်ခေါ်ကာ မရှောင်ဘဲ ရှေ့ပြေးတက်တယ်။
နှစ်ယောက်သား အနီးကပ် တိုက်ခိုက်မဲ့အချိန် ကွေ့ယီဂိုဏ်းတစ်ခုလုံး ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါကယ အဝေးမှာ တစ်ခုခုပေါက်ကွဲသလို ကျယ်လောင်တဲ့ ဂျလိန်းဂျလိန်းသံကြီး ထွက်လာတယ်။ အကာအကွယ်တောင်အင်းကွက်တွေ အသက်ဝင်သွားပြီး ကွေ့ယီဂိုဏ်းပတ်လည်မှာ ကြီးမားတဲ့ ဝိညာဉ်ဓား၈ချောင်း တန်းပေါ်လာကာ အကြည်ရောင် အင်းကွက်အစီအရင်တစ်ခုက လွှမ်းခြုံထားလိုက်လေတယ်။
"ဘာတွေဖြစ်နေတာလဲ" တပည့်အားလုံး ထိတ်လန့်ကုန်ပြီး အူကြောင်ကြောင်နဲ့ သူတို့ပတ်ဝန်းကျင်ကိုလေ့လာကြတော့တယ်။ ပြိုင်နေဆဲ ကျိုးရှုမင်နဲ့ ရှုယီပါ ရပ်တန့်လိုက်ရတယ်။
ဂိုဏ်းချုပ်ယွီလွမ် အမူအရာက ပြောင်းလဲသွားကယ ရုတ်ချည်းထရပ်ပြီး ပင်မတောင်ထွတ်ရဲ့ ညာဘက်ဆီ လှည့်ကြည့်လိုက်တယ်။ "အသံက တျန်းချန်တောင်က လာတာပဲ"
တျန်းချန်တောင်ရဲ့ တောင်ထွတ်သခင်ဖြစ်တာမို့ ရှုယွမ် အမူအရာက လေးနက်သွားပြီး ဓားပေါ်ပျံကာ အဲဘက်ဦးတည်သွားတယ်။
"ပြိုင်ပွဲကို ယာယီရပ်လိုက်ပြီ" ယွီလွမ်က အမိန့်ပေးကာ တျန်းချန်တောင်ဆီ ပျံသန်းသွားတယ်။ တခြားနတ်ဝိညာဉ်အကြီးအကဲတွေလည်း ပြိုင်ပွဲကို အာရုံမစိုက်နိုင်တော့ဘဲ အားလုံးအခြေအနေကို လိုက်စစ်ဆေးကြတော့တယ်။
ယိချင်းက တစ်ချက်ကြည့်ဖို့ ကောင်းကင်စိတ်အာရုံကိုလွှတ်လိုက်ပြီး ဘေးက လူဘက် တီးတိုးလှည့်ပြောလိုက်တယ်။ "ဆရာ..."
"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။
ဒါကြောင့် နှစ်ယောက်လည်း တခြားသူတွေနောက်ကလိုက်ခဲ့တယ်။ တျန်းချန်တောင်က ပင်မတောင်ထွတ်နဲ့ သိပ်မဝေး။ သူတို့ ပင်မတောင်ထွတ်ကိုဖြတ်တာနဲ့ မြင်ရနိုင်ပေမဲ့ လူတိုင်း တျန်းချန်တောင်ကို နဂိုနေရာမှာ မတွေ့ရတော့ဘူး။
မီးလောင်နေတဲ့အနံ့က လေထဲ မဆိုစလောက် လွင့်ပျံ့လာတယ်။ အောက်ကို ငုံ့ကြည့်လိုက်တော့ ဘယ်ချိန်ကလဲ မသေချာပေမဲ့ နဂိုက တခြားမျောလွင့်တောင်ထွတ်တွေနဲ့ အမြင့်တူတူရှိနေရာကနေ အခု အထဲကနေ တစ်ခုခုပေါက်ကွဲသွားသလိုမျိုး အပေါ်တစ်ဝက်ပဲ ကျန်တော့တယ်။ အောက်ဘက်တစ်ခြမ်းက လုံးဝပျက်စီးသွားပြီး ကျောက်တုံးအကြေအမွတွေအဖြစ် ပြုတ်ကျကုန်တယ်။ တခြားတောင်တွေရဲ့အောက်ဘက် ရောက်သွားလို့ တောင်အကာအကွယ်အင်းကွက်ကို အလိုလို အသက်သွင်းမိသွားတာပဲ။
အကြီးအကဲတွေအားလုံးရဲ့ အမူအရာတွေ မည်းနက်သွားပြီး တစ်ဝက်သာကျန်တဲ့ တျန်းချန်တောင်ဆီ ဆင်းပျံလာကြတယ်။ သူတို့ မဆင်းသက်ခင် ဆန့်ကျင်တဲ့အရှိန်အဝါတစ်ခုက သူတို့ဆီ ပြေးဝင်လာတယ်။
"ဒါ..." ယွီလွမ် ချက်ချင်း ဖြူဖျော့သွားတယ်။ "တစ်ယောက်ယောက်က သူ့နတ်ဝိညာဉ်ကို သူ့ဘာသာ ဖျက်ဆီးနေတာပဲ"