အခန်း (၆၇၆-၆၇၈)
Vol. 46 Ch. 676-678
အခန်း ၆၇၆ ။ အမြုတေဖွဲ့စည်းခြင်း အခွင့်အရေး
ယွီလွမ်က ပြိုင်ပွဲဆက်ပြိုင်တာနဲ့ပတ်သက်ပြီး မကျေနပ်တချို့ရှိပေမဲ့ သူက အလုပ်လုပ်တာ မြန်ဆန်တဲ့သူ။ မနက်ခင်းတစ်ပိုင်းမှာတင် သူတို့တွေ ဆုံးဖြတ်ပြီးတာနဲ့ ပြိုင်ပွဲကို ပြင်ဆင်ဖို့ ချက်ချင်းစတင်တော့တယ်။
အဲအစား ကူယွဲ့တို့အုပ်စုက နေ့လယ်စာ စားနေတာမို့ နောက်ကျမှရောက်လာတယ်။ သူတို့ ရောက်ချိန် အကြီးအကဲတွေအားလုံး ကြည့်ရှုတဲ့စင်မြင့်ပေါ် စုဝေးနေပြီဖြစ်ကာ ထျန်းကျီကလည်း အမြင့်ဆုံးထိုင်ခုံမှာ နေရာယသနေတယ်။ ဖန်ဘွိုင်းလေးဖြစ်တဲ့ထျန်းယီကတော့ ဒီနေရာမှာရှိမနေဘူး။ သူက ဟိုတစ်နေ့ကတင် အမည်မဲ့တောင်ကနေ ဆေးပင်တွေ အများကြီး ဝယ်သွားတာမို့ ဆေးလုံးတွေ သန့်စင်နေလောက်ပြန်ပြီ။
ယိချင်းက ကြည့်ရှုနေတဲ့စင်မြင့်ဆီ တန်းပျံသန်းလာတယ်။ သူက အလယ်က ထိုင်ခုံအလွတ်နှစ်ခုကို ကြည့်ပြီး အကျင့်အတိုင်း ရှန်းရင်ထိုင်ဖို့ ဘေးကိုဖယ်ပေးလိုက်တယ်။ နောက်တော့ ဖေဖေနျိုကို တစ်ချက် ပြန်လှည့်ကြည့်ပြီး ခဏတုံ့ဆိုင်းနေပုံပေါ်ပြီးမှ တစ်ခုတည်းသော ထိုင်ခုံအလွတ်ဆီ စိတ်စနိုးစနောင့်မရှိ ဝင်ထိုင်လိုက်တယ်။
ကူယွဲ့ ။ ။ "..." ခွေး*သား
အခု လက်ရှိ သူ့အသွင်နဲ့ဆို ထိုင်ခုံမယူသင့်ပေမဲ့... စားဖိုမှူးရဲ့ 'ဒီလအတွက် စားစရိတ်ကို ယူပြီးပြီဆိုတော့' ဆိုတဲ့ အကြည့်က ဘာသဘောတုံး။
အတော်လေး မကျေနပ်စရာပဲ။
ထျန်းကျီက တစ်ဖက်လှည့်ကာ သူတို့ကိုကြည့်ပြီး တစ်စုံတစ်ခုကို သတိရသွားတဲ့ဟန် အမူအရာက ခဏတာ ရှုံ့သွားပြီး ဘာမှမဖြစ်သလိုမျိုး ချက်ချင်း ပြန်ကောင်းသွားတယ်။
အဲအစား ယိချင်းက သူ့ကိုတစ်ချက်ကြည့်ကာ မျက်လုံးတွေမည်းနက်သွားပြီး အလိုလို စိတ်ထဲကနေ လှမ်းဆက်သွယ်ကာ ရေရွတ်လိုက်တယ်။ "သူ့ကိုယ်က..."
"နတ်ဆိုးချီ ပျောက်သွားပြီ" ကူယွဲ့ တန်း စကားအဆုံးသတ်လိုက်တယ်။
"မဟာခန်းမထဲ ဒီမနက်တည်းက ငါသိခဲ့တာ၊ သူ့ကိုယ်ထဲက နတ်ဆိုးချီ ပျောက်သွားပြီဆိုတာ"
ယိချင်း မျက်လုံးတွေ ပိုပြီးမည်းမှောင်သွားတယ်။ သူတို့ခန့်မှန်းတာ မှားသွားပြီလား။
အရင်က အကာအကွယ်တောင်အင်းကွက်ကို ရုတ်တရက် အသက်သွင်းလိုက်ချိန် သူတို့တွေ အကြီးအကဲယင်းကို သတ်ပြီး ဂိုဏ်းထဲပုန်းနေသူက ထျန်းကျီဖြစ်နိုင်တယ်လို့ ခန့်မှန်းပြီးသား။ သူက ကျုံးရိကို အကျဉ်းချထားတာ နှစ်တွေ အများကြီးကြာပြီး အဲမြေနတ်ဆိုးနဲ့ ထိတွေ့နေတာ အတော်ကိုကြာခဲ့ပြီ။ သူ့မှာ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံခြင်းရှိရင်တောင် လုံးဝ မသက်ရောက်ခံရတာ မဖြစ်နိုင်ဘူး။ ပြီးတော့ သူတို့ သူ့ကိုမြင်တည်းက ရှုယီ စနစ်ကိုသုံးပြီး ဖိနှိပ်ထားရတဲ့ နတ်ဆိုးချီအရိပ်အယောင်တွေ ပြနေပြီ။
ဒါကြောင့် သူက သူတို့ရဲ့ပထမဆုံး သံသယပဲ။ ဒါပေမဲ့ စားဖိုမှူးက အဲနေ့က ကောင်းကင်စိတ်အာရုံကိုသုံးပြီး တကူးတက စစ်ဆေးခဲ့ပေမဲ့ သူ့ကိုယ်ပေါ် နတ်ဆိုးချီကို မတွေ့တော့ဘူး။ နောက်ကျ သူတို့ စနစ်ရဲ့ နတ်ဆိုးချီကို ချိပ်ပိတ်ထားတဲ့ နည်းလမ်းတွေကို သိလိုက်ရချိန် သူက နတ်ဆိုးချီပြောင်းလဲသွားပြီး စနစ်နဲ့ သူ့နတ်ဆိုးချီကို ပိတ်လှောင်ထားတယ်လို့ တွေးနေတာ။
ဒါပေမဲ့ ဒီတစ်ကြိမ် သူက လုံးဝသန့်ရှင်းနေတာ။ သူ့ပေါ်က နတ်ဆိုးချီတစ်စက်တောင် မရှိဘူး။ စနစ်နဲ့ တစ်ခုခု ဖုံးကွယ်ထားတဲ့ပုံလည်းမပေါ်။ သူက သာမန်နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနဲ့သာ တူကာ အဲဒါတွေက ထူးဆန်းနေတယ်။
သူ နတ်ဆိုးချီမပြောင်းသွားရင် ရှုယီ ကျိုးရှုမင်ကိုယ်ထဲ ပိတ်ထားခဲ့တဲ့ နတ်ဆိုးချီက ဘယ်ကရောက်လာတာလဲ။
သူတို့ ဆက်ပြီးမစဉ်းစားနိုင်ခင် အောက်ကပြိုင်ပွဲက စတင်နေပြီ။ ဆေးလုံးသန့်စင်တဲ့ ဒယ်အိုးတွေက ဧရိယာရဲ့တစ်ဖက်ခြမ်းမှာ စီတန်းထားပြီး တပည့်အတော်များများက ဝိညာဉ်ဆေးပင်တွေကို ကိုင်ထားပြီးဖြစ်ကာ ဆေးလုံးတွေကို စတင်သန့်စင်နေကြပြီ။ ခဏအတွင်း နေရာတစ်ခုလုံးက ဆေးလုံးတွေရဲ့ ရနံ့တွေနဲ့ ပြည့်နေပြီး မီးခိုးတွေအဖြစ် ပြောင်းသွားတယ်။
ဆန့်ကျင်ဘက်က ပြိုင်ကွင်းရဲ့ တခြားတစ်ဖက်မှာတော့ အများကြီး ပိုရိုးရှင်းပြီး တည်ငြိမ်နေတယ်။ အရင်တစ်ခေါက်က ဂါထာပြိုင်ပွဲက ကျိုးရှုမင်နဲ့ ရှုယီကြားက ဗိုလ်လုပွဲပဲကျန်တော့တာ။ နဂိုက သူတို့နှစ်ယောက်ပဲ ပြိုင်ပွဲတစ်ခုကို ပြိုင်ဖို့ပဲလိုတော့တာ။
ရှုယီက ကြိုတင်ပြီး စင်မြင့်လမ်းအပြင်မှာ စောင့်နေပြီ။ သူမရဲ့ စူးရှတဲ့ မျက်လုံးတွေက လှမ်းကြည့်နေတဲ့ ကျိုးရှုမင်ကို တစ်ချက်သာ ဝှေ့ကြည့်ကာ သူ့ကိုစိတ်ထဲထားချင်တဲ့ပုံမပေါ်။
အဲအစား ကျိုးနှစ်ကျပ် ရိုးအတဲ့အရူးက နွေးထွေးတဲ့အပြုံးနဲ့ ရှေ့တက်လာတယ်။
"ဆရာအဒေါ်ရှု"
"တပည့်တူလေးကျိုး..." ဖြစ်နိုင်တာ သူမမှာ အနိုင်ဖဲရှိတယ်ဆိုတာ သေချာနေလို့ထင် ရှုယီက တစ်ကြိမ်တစ်ခါ သဘောကောင်းနေတယ်။
"ကြည့်ရတာ ငါတို့ ဒီနေ့ အချင်းချင်း တိုက်ခိုက်ပြီး ငါတို့ကြား အနိုင်ရသူနဲ့အရှုံးသမား ပေါ်ထွက်လာမှာ သေချာမဲ့ပုံပဲ"
"ဆရာအဒေါ်ရှု ဘာတွေ ပြောနေတာလဲဟင်၊ ကျွန်တော်က ခင်ဗျားရဲ့ကျင့်ကြံမှုကို အမြဲ အားကျနေခဲ့တာပါ" ကျိုးရှုမင်က လေးနက်မှုအပြည့်နဲ့ ဖြေလိုက်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူ သူမကို မနိုင်လောက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အဆင့်မတူကြဘူးလေ။
ရှုယီ အမူအရာက မည်းနက်သွားကာ အတိတ်က ဖြစ်ခဲ့တာတွေအားလုံးကို ပြန်စဉ်းစားပြီး မျက်လုံးထဲက အမုန်းတရားက နည်းနည်းပိုလေးလံလာတယ်။ "နင် ငါ့ကိုလှောင်နေတာလား'"
"ဟင့်အင်း ဟင့်အင်း ဟင့်အင်း..." ကျိုးရှုမင် ခဏတာ အူလည်လည်ဖြစ်သွားကာ အလောတကြီး ရှင်းပြလိုက်တယ်။ "ကျွန်တော် စိတ်ရင်းနဲ့ပြောနေတာပါ"
"ဟမ့် နင်က ဓားကျင့်ကြံသူဖြစ်တာကြောင့်နဲ့တင် ပြိုင်ဘက်ကင်းတယ်မထင်နဲ့" ရှုယီက အေးစက်စက် နှာရှုံ့လိုက်ပြီး ရင်ထဲကဒေါသကို မျိုသိပ်ဖို့ ခပ်ပြင်းပြင်း အသက်ရှူလိုက်ရတယ်။ "ဒီနေ့ကစပြီး အားလုံးကို နင်က ငါအနိုင်ရထားတဲ့ ပြိုင်ဘက်ဆိုတာ သိစေချင်တယ်"
"အမ်..." သူ တစ်ခါမှ အဲလို မစဉ်းစားဖူးဘူး။ "ဆရာအဒေါ်ရှု၊ ကျွန်တော်နဲ့ပတ်သက်ပြီး တစ်ခုခု အထင်လွဲနေတာ ရှိလား" သူက သူမကို အားလုံးရှင်းပြဖို့ အရမ်းစိတ်အားထက်သန်နေတဲ့ပုံ။
"အထင်လွဲတယ်လား" ရှုယီက အေးစက်စက်ရယ်ကာ ဒေါသတကြီးကြည့်လိုက်တယ်။ သူမမျက်လုံးထဲက အထင်သေးမှုက လျှံထွက်လာတော့မလို အဓိပ္ပာယ်ပါပါ ပြောလိုက်တယ်။
"အထင်လွဲတာ မရှိဘူး၊ ဒီနေ့ပြီးရင်... အားလုံးက ရှင်းလင်းသွားလိမ့်မယ်"
"ဒါပေမဲ့ ကျွန်တော် အမှားလုပ်မိတဲ့အရာတစ်ခုခုရှိရင် မျှော်လင့်တာက..." သူက ပြောဖို့ထပ်ရှိသေးတယ်။
"ဆက်ပြောဖို့မလိုတော့ဘူး" ဒါပေမဲ့ ရှုယီက စကားဆက်ပြောရင်း လုံးဝစိတ်မဝင်စားတော့ဘဲ သူ့ကိုတစ်ချက်ကြည့်ကာ ပြောတယ်။ "တကယ်လို့ ပြဿနာတစ်ခုခု ရှိရင် ငါတို့ တိုက်ခိုက်ကြတာပေါ့"
"ဟမ် ဆရာအဒေါ်ရှုက... ကျွန်တော့်ကို မယုံမကြည်ဖြစ်နေတာလား" သူက တစ်ခဏတာ မှင်တက်နေတယ်။
"ဟမ့် ငါတို့လိုကျင့်ကြံသူတွေက ဘယ်ဟာက မှန်တယ် မှားတယ်ကို ဆုံးဖြတ်ဖို့ အမြဲ ကျင့်ကြံမှုကို သုံးခဲ့ကြတာပဲ' သူမလက်က လှည့်လိုက်ပြီး ဝိညာဉ်ဓားတစ်ချောင်းကို ဆင့်ခေါ်လိုက်တယ်။ သူမမျက်လုံးတွေက အေးစက်ကာ အနည်းငယ်ခြိမ်းခြောက်လိုက်သလို ပြောတယ်။
" နင်တကယ်လို့ ငါ့လက်ထဲက ဓားကိုအနိုင်ရအောင် တတ်နိုင်ရင် ဘာမှထပ်ပြောဖို့မလိုတော့ဘူး၊ ဘာလို့ ကြောင်သူတော်လုပ်ပြီး မလိုတဲ့ဟာတွေ အများကြီး ပြောဖို့လိုမှာလဲ၊ ကျင့်ကြံတဲ့လုပ်ရပ်က ကောင်းကင်ကို အာခံတဲ့ လုပ်ရပ်ဖြစ်နေပြီ၊ နင့်စကားလုံးတွေက ဘယ်လောက်ကောင်းပါစေ နင့်ထက် အဆင့်တစ်ဝက်မြင့်တဲ့ ငါ့ကျင့်ကြံမှုကို ယှဉ်နိုင်မှာမဟုတ်ဘူး၊ ငါ့လက်ထဲက ဓားကိုပဲ ငါယုံတယ်၊ နတ်ဆိုးဖြစ်ဖြစ် မကောင်းဆိုးဝါးပဲဖြစ်ဖြစ် ကျရှုံးမှုမရှိ အားလုံးကို ရှင်းလင်းပစ်မယ်၊ နင့်ဓားနဲ့ဘာပဲလုပ်လုပ် ကျင့်ကြံမှုအဖြစ် အဓိပ္ပာယ်ပေါ်လာမှာပဲ၊ ငါ့ကိုလာတိုက်ချေ"
အဲလိုပြောပြီး သူမက အေးစက်စက် စိန်းစိန်းဝါးဝါးကြည့်ကာ စင်မြင့်ပေါ် ပျံတက်လာတယ်။
ဆန့်ကျင်ဘက်မှာတော့ ကျိုးရှုမင်က မျက်လုံးပြူးပြူးနဲ့ သူ့နဂိုနေရာမှာတင် ထိတ်လန့်စွာ မတ်မတ်ရပ်နေတယ်။ သူက သက်ရောက်ခံလိုက်ရသလိုမျိုး တစ်ခဏတာ မလှုပ်တော့ဘူး။ သူ့ဘေးက ဆရာတူညီလေးတစ်ယောက် စင်မြင့်ပေါ်တက်သွားသင့်ကြောင်း သတိမပေးခင်ထိပေါ့။
ကျိုးရှုမင် နောက်တော့လှည့်လာပြီး နှေးနှေး လျှောက်လာတယ်။ သူ့တစ်ကိုယ်လုံးက အံ့ဩမှင်တက်နေသလိုမျိုး တွေဝေစွာ ငေးကြည့်နေရင်း မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုးရေရွတ်တယ်။
ခဏအတွင်း ပြိုင်ပွဲစတင်ကြောင်းကြေညာတယ်။
"စပါ" ရှုယီက ထုံးတမ်းအတိုင်း ဂါရ၀ပြုပြီး ဆန့်ကျင်ဘက်ကို လက်ညှိုးထိုးနေတဲ့ ဓားကိုတင်းတင်းဆုပ်ကိုင်လိုက်တယ်။
ဒါပေမဲ့ ကျိုးရှုမင်က မလှုပ်ဘဲ တစ်ဖက်ခြမ်းက ရှုယီကို တွေဝေစွာငေးကြည့်နေတယ်။ သူက ဝိညာဉ်ဓားကိုတောင် မဆင့်ခေါ်။ ကြည့်ရတာ စောနက သူမစကားတွေကြောင့် တကယ်ကို မှင်တက်သွားပုံ။
ရှုယီက သူ့မူမမှန်မှုကို လျစ်လျူရှုကာ ဝိညာဉ်ချီကို အသက်သွင်းပြီးသူ့ကို တိုက်ခိုက်တော့တယ်။
ဒါပေမဲ့ ကျိုးရှုမင်ကတော့ တွေဝေစွာ မတ်မတ်ရပ်နေကာ သူ့နား ကပ်သထက်ကပ်လာပြီး လာခုတ်တဲ့ဓားကိုကြည့်နေတာ... သူ့ကိုထိုးသွင်းခါနီးဆဲဆဲ။
သူ့မျက်လုံးတွေက အိပ်မက်ကနေနိုးထလာသလို ရုတ်ခြည်းပြူးကျယ်သွားကာ ကျယ်လောင်စွာ ထရေရွတ်တယ်။
"ကျွန်တော် ခုနားလည်ပြီ"
ရုတ်တရက် ဝိညာဉ်ချီလှိုင်းကြီးတစ်ခု သူ့ကိုယ်ထဲက ပေါက်ကွဲထွက်လာကာ ပတ်ဝန်းကျင်ဓားချီက ဝရုန်းသုန်းကားဖြစ်ကုန်တယ်။ တလိမ့်လိမ့်တက်လာတဲ့ ဝိညာဉ်ဖိအားက ရှုယီလက်ထဲက ဓားကိုလွင့်ထွက်သွားစေခဲ့တယ်။
ပွဲကြည့်နေတဲ့ တပည့်အားလုံး အံ့အားသင့်သွားပေမဲ့ ကျိုးရှုမင်ကတော့ အသံအကျယ်ကြီးနဲ့ စိတ်လှုပ်ရှားစွာ ပြောနေသေးတယ်။ "နင့်ဓားနဲ့ဘာပဲလုပ်လုပ် ကျင့်ကြံမှုအဖြစ် အဓိပ္ပာယ်ပေါ်လာမှာပဲ၊ ပြောတာကောင်းတယ်" သူ မှားနေခဲ့တာ။ အရင်တုန်းကတော့ ညီကိုကူယွဲ့ရဲ့ ရိုက်နှက်မှုက ပြင်းထန်လွန်းတော့ ဓားကောက်ကိုင်လိုက်တာနဲ့ ပြန်ဆုတ်ဖို့ စိတ်ကူးခဲ့ပေမဲ့ ဓားကျင့်ကြံသူတွေက ဓားကို လေ့ကျင့်ရတာ။ ဓားထုတ်ပြီးတာနဲ့ နောင်တရစရာ မရှိဘူး။ ထပ်ပြီးစဉ်းစားနေဖို့ သူ့မှာ အချိန်ရှိနေမှာလဲ။ အစတည်းက သူရှုံးမယ်လို့ တွေးထင်ပြီး ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေရင် ဓားကျင့်ကြံသူလို့ ဘယ်လိုလုပ်ယူဆနိုင်မှာလဲ။
လက်ထဲက ဓားနဲ့အတူ ဒီတိုင်းခုတ်ပေါ့။ ဘာတွေအများကြီး တွေးဖို့လိုလဲ။
ကျိုးရှုမင် သူ့စိတ်ထဲ နှောင့်ယှက်နေခဲ့တဲ့ တစ်စုံတစ်ခုက လုံးဝပျောက်ကွယ်သွားသလို စိတ်သက်သာရာရပြီး သူရှာနေခဲ့တဲ့ အခွင့်အရေးကို ရှာတွေ့သွားခဲ့ပြီ။
ခဏအတွင်း ဝိညာဉ်ချီအများကြီး ကျိုးရှုမင်ဘက်မှာ ဝုန်းဒိုင်း စုဝေးလာကာ လေပြင်းတိုက်ခိုက်လာသလို ကောင်းကင်က မည်းနက်သွားခဲ့တယ်။
"ဒါ..." ယွီလွမ်က ထရပ်ပြီး လွှတ်ခနဲရေရွတ်တယ်။ "သူက အမြုတေဖွဲ့စည်းနေတာပဲ"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
( ̄△̄;)
မွေးတည်းက ဂြိုဟ်ဆိုးဆိုတဲ့ ဂုဏ်သတင်းနဲ့ညီတာပဲ။
သူတို့ တစ်ယောက်သောသူရဲ့ သွေးအန်သံကို ကြားနေရသလိုပဲ။
…
အခန်း ၆၇၇ ။ သူများနှင့် ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေခြင်း
ယွီလွမ်က ခြေတစ်လှမ်း ရှေ့တိုးလာနေပြီဖြစ်ကာ ပြိုင်ပွဲကို ရပ်တန့်လိုက်တယ်။ သူက ကျိုးရှုမင်ကို လှမ်းဆွဲတယ်။ "မြန်မြန် မင်း ချီကို စုစည်းပြီး အမြုတေဖွဲ့စည်းဖို့ အာရုံစိုက်ချေ"
"အမြုတေဖွဲ့စည်းတယ်လား" ကျိုးရှုမင်က တုံ့ဆိုင်းနေတယ်။ သူ့ကြည့်ရတာ ဘာတွေဖြစ်နေလဲ မသိတဲ့ပုံ။
"အမှန်ပါ" ယွီလွမ်က စိတ်လှုပ်ရှားစွာပြောကာ ခေါင်းညိတ်လိုက်တယ်။ သူက ဒီပြိုင်ပွဲကနေ ဒီလို ကောင်းမွန်တဲ့အံ့ဩစရာရမယ်လို့ မထင်ခဲ့ဘူး။
"မြန်မြန်၊ ထိုင်ချလိုက်" ကူယွဲ့ ပျံသန်းသွားကာ မော့ကြည့်လိုက်တယ်။ ကောင်းကင်က မှောင်မည်းလာနေပြီ။ သူ အော်လိုက်တယ်။ "မင်းရဲ့ဝဋ်ကြွေးချေခြင်း စတင်တော့မယ်"
"အို... အိုး" ကျိုးရှုမင် နောက်ဆုံးတော့ ဘာတွေဖြစ်နေလဲ နားလည်သွားခဲ့ပြီ။ သူက ထိုင်ချမို့ရှိသေး တစ်စုံတစ်ခုကို နားလည်သွားတယ်။ ကျိုးရှုမင်က သူ့မျက်နှာပေါ် ရူးကြောင်ကြောင်ပုံစံနဲ့ ရှုယီဘက် လှည့်ကြည့်တယ်။ သူမလက်ကို အားတက်သရောကိုင်ကာ သူကပြုံးတယ်။
"ကျေးဇူးပါ... လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ဆရာတူအစ်မ"
"..." ရွှစ် အဲဒါ ရှုယီ ရင်ထဲတည့်တည့်စိုက်သွားတဲ့ ဓားသံပဲ။
သူ စကားပြောလေ ကျေးဇူးတင်မိလာလေပဲ။ "နင့်ဓားနဲ့ ဘာပဲလုပ်လုပ် ကျင့်ကြံမှုအဖြစ် အဓိပ္ပာယ်ပေါ်လာမှာပဲ။ ဆရာတူအစ်မ ခင်ဗျားက တကယ်ကိုဉာဏ်ကြီးရှင်ပဲ၊ ခင်ဗျားသင်ကြားမှုကို ဘယ်တော့မှ မမေ့ပါဘူး"
"..." နောက်ထပ်ဓားတစ်ချောင်းက သူမနှလုံးသားထဲ စိုက်သွားတယ်။
"ဟုတ်သား" သူက ရုတ်တရက် ပြိုင်ပွဲကို စီစဉ်နေတဲ့ တပည့်ဘက် မျက်နှာလှည့်လိုက်တယ်။
"ကျွန်တော်က ဒီပြိုင်ပွဲမှာ အရှုံးကို ဝန်ခံချင်ပါတယ်၊ ဆရာတူအစ်မရှုရဲ့ ဓားသိုင်းနားလည်နိုင်စွမ်းက တကယ်ကို ကျွန်တော့်ထက် မြင့်တာပဲ"
"..." ရွှစ် နောက်ထပ် ဓားတစ်ချောင်း။
အဲတော့မှ ကျိုးရှုမင်က နောက်ဆုံးတော့ အဆင်သင့်ဖြစ်နေတဲ့ပုံ။ သူက ထိုင်ချပြီး သူ့အမြုတေဖွဲ့စည်းပုံကို အာရုံစိုက်လိုက်တယ်။ သူ မျက်လုံး မပိတ်နိုင်ခင် အမြန်ထပ်ပြောလိုက်တယ်။
"ဆရာတူအစ်မရှု၊ ခင်ဗျားက တကယ့်ကို လူကောင်းတစ်ယောက်ပဲ"
ရှုယီ ။ ။ "..."
သူ့ပတ်လည်က သုံးယောက်သား ။ ။ "..."
(~ ̄(OO) ̄)ブ
သူတို့တွေ ရုတ်တရက် ဘာလို့ ရှုယီကို အရမ်းသနားမိသွားတာပါလိမ့်။
အဲအစား သူမရဲ့ နဂိုမည်းနက်နေတဲဘ အမူအရာက ပိုတောင် မှောင်မည်းလာကာ အိုးဖင်နဲ့တောင် ဆင်နေတယ်။ သူမက ကျိုးရှုမင်ကိုအခု အကြည့်တွေနဲ့ ဓားမြှောင်ပစ်နေတယ်။ သူတို့သုံးယောက်က သူမရင်ဘတ်ထဲ ဒေါသတွေ စုစည်းလာတာကို မြင်နေရသလိုပဲ။ သူမက အချိန်မရွေး ပေါက်ကွဲထွက်တော့မလို။
ဂိုဏ်းချုပ်အနေနဲ့ ယွီလွမ်က နေရာကို စတင်ရှင်းလင်းစပြုတယ်။ ကျိုးရှုမင်ရဲ့ ဝဋ်ကြွေးချေခြင်းက မြန်ဆန်တဲ့အရှိန်နဲ့ သူတို့ကို ချဉ်းကပ်လာနေပြီ။ သူ ရွေးစရာ မရှိတော့ဘဲ အဲနေရာမှာတင် ကျိုးရှုမင်ကို အမြုတေဖွဲ့စည်းခွင့်ပြုလိုက်ရတယ်။ တစ်ခုကောင်းတာကတော့ နေရာက တိုက်ပွဲကွင်းပြင်အဖြစ် ပြောင်းထားပြီးသားမို့ မိုးကြိုးတွေ ကျရောက်ဖို့အတွက် ပြီးပြည့်စုံတဲ့နေရာပဲ။ ဒါကြောင့် ယွီလွမ်က ပွဲကြည့်တပည့်တွေကို နောက်ဘက် မီတာရာချီ အမြန်ဆုတ်ခိုင်းလိုက်တယါ။ တစ်ချိန်တည်းမှာတင်သူက တိုက်ပွဲကွင်းပြင်ဘေးမှာတသ် နေရာယူထားတဲ့ ဆေးလုံးသန့်စင်မှု ဗိုလ်လုပွဲကို ရပ်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ငန်းစဉ်အတွင်း တစ်ယောက်ယောက် ဒဏ်ရာရသွားရင် မကောင်းဘူး။ အမြန် ယွီလွမ်က နေရာတစ်ခုလုံးကို ရှင်းလင်းပစ်လိုက်တယ်။
အပေါ်ကနေ အုံ့မိုးကြည့်နေတဲဘ ထျန်းကျီကလည်း ပျံဆင်းလာပြီး ငေးကြောင်နေတဲ့ ရှုယီကို ကွင်းပြင်ဆီ ဆွဲခေါ်သွားတယ်။ နှစ်သိမ့်ပေးသလို သူကတီးတိုးပြောတယ်။
"ဒီတိုက်ပွဲက မတော်တဆပါပဲ၊ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ယီလေး မင်းက အနိုင်ရသူစစ်စစ်ပဲ"
ရှုယီ အမူအရာက ရှုံ့သွားတယ်။ သူမစိတ်ထဲက တစ်ခုခုက ပြတ်ထွက်သွားသလိုပဲ။ ဘယ်သူက သောက်အနိုင်ရသူကို ဂရုစိုက်နေလို့လဲ။ သူမ လုံးဝကို ဂရုမထားတာ။ သူမလုပ်ခဲ့တာ... ဟုတ်တယ်။ သူ့ဂုဏ်သတင်းကို ဖျက်ဆီးပြီး လူတိုင်း မုန်းတီးတာခံရအောင် လုပ်ချင်တာ
သူမရဲ့ မျက်လုံးတွေက တောက်ပသွားတယ်။ အဲတော့မှ သူမရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို သတိပြန်ရတာ။ ရှုယီ အမြန် စနစ်ကို လှမ်းခေါ်လိုက်တယ်။ "မြန်မြန် စနစ် သူ့နတ်ဆိုးချီကို ဖောက်ခွဲလိုက်တော့။ ခုချက်ချင်း"
[ဒါပေမဲ့ လက်ခံသူ၊ စည်းတံဆိပ်က မိနစ်၂၀နေမှ ပွင့်မှာပါ]
"ခုလို အခြေအနေမှာ စည်းတံဆိပ်ကို ဘယ်ချိန် ဖွင့်မလဲဆိုတာ ဘယ်သူဂရုစိုက်မှာတုံး" ရှုယီ ရင်ထဲတင်းကြပ်သွားတယ်။ အေးစိမ့်မှုက သူမကျောရိုးထဲထိ စိမ့်ဝင်သွားတယ်။ "တကယ်လို့ ငါတို့ အခု အချိန်မီ မလှုပ်ရှားရင် သူ အမြုတေဖွဲ့စည်းတော့မှာ။ မြန်မြန် စည်းတံဆိပ်ကို ဖယ်ရှားပြီး နတ်ဆိုးချီကို သွားခွင့်ပေးလိုက်"
[... ကောင်းပါပြီ လက်ခံသူ]
၀၀၁ စကားမဆုံးခင် ပထမဆုံးမိုးကြိုးက ရိုက်ခတ်လာတယ်။ နောက်တော့ မိုးကြိုးသံကျယ်ကြီး ထွက်လာတယ်။ အဲလိုနဲ့တင် လျှပ်စီးတစ်ချက်ပြီးတစ်ချက် မြေပြင်ကို ရိုက်ချတော့တယ်။ ညကောင်းကင်ယံက မိနစ်ပိုင်းလောက် ထိန်လင်းနေတယ်။
ဒါပေမဲ့ ကျိုးရှုမင်ရဲ့ အမူအရာက မပြောင်းလဲ။ သူ့ဓမ္မဝတ်ရုံ အတော်လေး မီးလောင်သွားတာကလွဲရင် လျှပ်စီးမိုးကြိုးတွေကို တောင့်ခံနေတဲ့ အရိပ်အယောင် မပြဘူး။ ရှုယီနဲ့ယှဉ်ရင် သူက ဝဋ်ကြွေးချေခြင်းကို ပိုပြီးကောင်းကောင်းမွန်မွန် ရင်ဆိုင်နေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဓားကျင့်ကြံသူကိုး။ သူ့ဓားချီက လျှပ်စီးအရှိန်ကနေ သူ့ခန္ဓာကိုယ်ကို ကာကွယ်နိုင်တယ်။ ပြီးတော့ ဒီနှစ်တွေမှာ သူကကူယွဲ့ ထုထောင်းတာကို ကျင့်သားရနေတာ။ သဘာဝအရ သူ့ကိုယ်က အခုဆို အများကြီး ပိုခိုင်မာနေပြီ။ ရွှေအမြုတေဝဋ်ကြွေးချေခြင်းက သူ့အတွက် တကယ်ကို ဘာမှမဟုတ်တာ။
သူ့ပတ်လည်က ဂိုဏ်းဆရာ၊ ယွီလွမ်နဲ့ တခြားအကြီးအကဲတွေတောင် သဘောကျစွာနဲ့ ကြည့်လိုက်တယ်။ သူတို့ကြည့်ရတာ ကျိုးရှုမင်ရဲ့ ဆောင်ရွက်မှုကို အရမ်းကျေနပ်နေတဲ့ပုံ။
တစ်ဖက်ခြမ်းမှာတော့ ရှုယီက ပိုပိုပြီး ဒေါသထွက်လာတယ်။ "ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ သူ့ကိုယ်ထဲက နတ်ဆိုးချီက မပေါက်ကွဲသေးတာလဲ" သူမရဲ့စိတ်ထဲ မေးခွန်းအများကြီးပြည့်လာတယ်။
[အာ... ကျွန်တော်လည်း မသေချာဘူး၊ စည်းချိပ်ကို ဖြည်ပြီးပြီကို]
"နတ်ဆိုးချီ ဘယ်မှာလဲ၊ ဘယ်ရောက်သွားတာတုံး"
[ဝဋ်ကြွေးချေမိုးကြိုးရဲ့ အရှိန်က ကြီးလွန်းပုံပဲ။ တခြားစွမ်းအင်တွေအားလုံး လွင့်ပျောက်ကုန်တာ၊ ဖြစ်နိုင်တာ နတ်ဆိုးချီပါ...]
"ဘာ" ရှုယီ မယုံကြည်နိုင်စွာ ရေရွတ်လိုက်တယ်။ သူမ ဒေါသထွက်လွန်းလို့ ရူးတော့မယ်။ "နင်ဆိုလိုတာ ဝဋ်ကြွေးချေမိုးကြိုးက နတ်ဆိုးချီကို မောင်းထုတ်လိုက်တယ်လား"
[ထင်တာပဲ]
"သေစမ်း" သူမ အားလုံးကို သေချာ ပြင်ဆင်ထားခဲ့တာ။ ဘာလို့ အကြိမ်တိုင်း ဒီလိုမျိုးဖြစ်နေရတာလဲ။
အကြိမ်တိုင်းပဲ ကျိုးရှုမင်က ကောင်းကင်တာအိုရဲ့ မျိုးဆက်လား။ သူမ သူ့ကိုရင်ဆိုင်ဖို့ တကယ်နည်းမရှိဘူးလား။
[တင်း မူလပိုင်ရှင်ရဲ့ အငြိုးအတေးစွမ်းအင် +၁၀၊ စုစုပေါင်းတန်ဖိုး ။ ။ ၇၅]
"..." ရှုယီ သူမရင်ထဲက မကျေမချမ်းဖြစ်မှုက မြင့်တက်လာတယ်။ ဒေါသထွက်လွန်းလို့ အော်တောင်အော်ချင်နေတယ်။ သူမ ကျိုးရှုမင်အတွက် အမုန်းတရားက အထွတ်အထိပ်မှာ။ ဒီအချိန် သူမ သူ့ကိုသတ်ဖို့ကလွဲ ဘာမှမလိုချင်။ သူမကိုယ်ပတ်လည်က ဝိညာဉ်ချီက ခပ်ရေးရေး ပြောင်းလဲသွားတဲ့ပုံ။ စတင်ပြီး ဆူပွက်လာတယ်။
"ယီလေး" သူမဘေးမှာရပ်နေတဲ့ ထျန်းကျီက တစ်ခုခုလွဲနေတယ်ဆိုတာ အရင်သတိထားမိသူ။ သူ့ အမူအရာက ပြောင်းလဲသွားတယ်။ ချက်ချင်း သူမဝိညာဉ်ချီကို ချိပ်ပိတ်ဖို့ ဂါထာတစ်ခုဖန်တီးလိုက်တယ်။ ရှုယီကိုယ်ပတ်လည်က ဝိညာဉ်ချီက လွင့်ပျောက်သွားပြီး ချက်ချင်း မေ့မျောသွားခဲ့တယ်။
ထျန်းကျီက အကြည့်ကိုငုံ့ကာ ယွီလွမ့်ကို သူခုလေးတင်လုပ်လိုက်တဲ့အရာကို ရှင်းပြလိုက်တယ်။
"သူမက ဖိနှိပ်အရှိန်အဝါကြောင့် သက်ရောက်ခံလိုက်ရတာ၊ သူမသွေးကြောတွေက ဒဏ်ရာရနေတာ၊ သူ့ကို အရင် ပြန်ခေါ်သွားနှင့်လိုက်မယ်" အဲလိုနဲ့ သူက သူမကိုချီကာ တျန်းရှတောင်ဆီ ပြန်သွားတယ်။
ယွီလွမ်က ဒါကို များများစားစား စဉ်းစားနေတဲ့ပုံမပေါ်။ သူက ထျန်းကျီဘက် ဂါရ၀ပြုကာ ကျိုးရှုမင်ဘက် ပြန်လှည့်ပြီး စိတ်လှုပ်ရှားစွာ လေ့လာလိုက်တယ်။ သူက ဝဋ်ကြွေးချေမိုးကြိုးချေခြင်း အဆင့်တစ်ဝက်ရောက်နေပြီ။ ယွီလွမ် ကြည့်လေ ပိုစိတ်ကျေနပ်လာလေပဲ။ ကျိုးရှုမင်က တကယ်ကိုမဆိုးဘူး။ ဒီကလေးက အလားအလာရှိတယ်။
"ဖေဖေနျို..." ယိချင်းက ကူယွဲ့ဘက် လှမ်းဆက်သွယ်လိုက်ပြီး အဝေးကိုထွက်သွားတဲ့ နှစ်ယောက်ကိုကြည့်နေတယ်။
"အင်း ငါတွေ့တယ်" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။ "သူမက စောနက နတ်ဆိုးဖြစ်ခါနီးဆဲဆဲပဲ၊ ဒီကျူးကျော်သူက သူမရဲ့ နဂိုပိုင်ရှင်နဲ့ အများကြီး ကွဲပြားတယ်မထင်ဘူး" ကျိုးရှုမင်က ရှုယီရဲ့ မွေးရာပါရန်သူ ဖြစ်ပုံပေါ်တယ်လို့ ကူယွဲ့ပြောရမယ်။ သူ အရင်ဘဝက တခြားတစ်ယောက်ကို မိစ္ဆာလမ်းစဉ်ကျင့်ကြံသူဖြစ်စေခဲ့ကာ ဒီဘဝမှာလည်း ဒီကျူးကျော်သူကို တစ်ပုံစံတည်းလုပ်နေတယ်။ တကယ်ပဲ သူ လူတစ်ယောက်ကို သေတဲ့အထိ ဒေါသထွက်အောင်လုပ်နိုင်ရင် တခြားသူတွေကိုလည်း အသေဒေါသထွက်အောင် လုပ်နိုင်တာပဲ။
သူတို့က တကယ်ကို ဒီမှာ အသုံးမဝင်တာပဲ။
o(╯□╰)o
"ဟင့်အင်း သူ့ကိုယ်ထဲ စောနက နတ်ဆိုးချီစစ်စစ်ကို ခံစားခဲ့ရတာ" ယိချင်းက ခပ်တိုးတိုးတုံ့ပြန်တယ်။
"ဘာ" ကူယွဲ့ အံ့ဩတကြီး ရေရွတ်လိုက်တယ်။ "သူမက နတ်ဆိုးအဖြစ် မပြောင်းနိုင်ခင် ဖြတ်တောက်ခံလိုက်ရတာပဲလေ။ ဘယ်လိုလုပ် သူမကိုယ်ထဲ နတ်ဆိုးချီစစ်စစ် ရှိနေနိုင်တာလဲ"
သူမရဲ့ကျင့်ကြံစဉ်နဲ့ဆို တကယ်ပဲ နတ်ဆိုးဖြစ်လာရင်တောင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူပဲဖြစ်လာမှာ။ အဲကျရင် မကောင်းဆိုးဝါး အရှိန်အဝါတွေပဲ ထုတ်လွှင့်နေမှာဖြစ်ပြီး နတ်ဆိုးချီစစ်စစ် ထွက်လာမှာမဟုတ်ဘူး။
"တကယ်ကို နတ်ဆိုးချီပဲ၊ ဘယ်နေရာက လာတာလဲတော့ မသေချာဘူး" ယိချင်းက မျက်မှောင်ကြုတ်တယ်။
"သူ့ကိုယ်ထဲ နတ်ဆိုးအစေ့ရှိနေတာ" ရှန်းရင်က ကြားဖြတ်ပြောလိုက်တယ်။
"ဘာ" နှစ်ယောက်သား အံ့သြတကြီးရေရွတ်ကာ သူမဘက်လှည့်လိုက်တယ်။
"အာ ငါ နင်တို့ကို ဒါမပြောပြမိဘူးလား" ရှန်းရင်က အသီးကိုတစ်ကိုက်ကိုက်ကာ ဝါးနေတယ်။
"သူ့ဆရာရဲ့ နတ်ဆိုးအစေ့က ကျူးကျော်သူကိုယ်ထဲ လွှဲပြောင်းခံလိုက်ရတာ"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
(╯‵□′)╯(┻━┻
စားပွဲမှောက် မင်း သောက်ကျိုးနည်း နတ်ဆိုးအစေ့အကြောင်း တစ်ခွန်းလေးတောင် မဟဘူးလေ။
…
အခန်း ၆၇၈ ။ ချိတ်ဆက်ထားသော စည်းတံဆိပ်များ
နောက်တစ်ကြိမ် ကူယွဲ့က ယွီဟုန့်ကို ဆက်သွယ်လိုက်တယ်။ သူက မြေနတ်ဆိုးကို ဆက်သွယ်ခိုင်းဖို့ သူမကို မှာလိုက်တယ်။ ဘာကြောင့်မှန်းမသိပေမဲ့ နတ်ဆိုးချီလုံးတစ်လုံးသာဖြစ်ကာ စကားပြောဖို့ ကိုယ်ခန္ဓာတောင် မရှိခဲ့တဲ့ မြေနတ်ဆိုးက နတ်ဆိုးဘုံဆီ ပြန်မသွားခင်ကထက်တောင် ပိုအားနည်းတဲ့ပုံပေါ်နေတယ်။ ကူယွဲ့ သူ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို ဘယ်လို ဝင်ပူးခဲ့လဲဆိုတဲ့ ဇာတ်လမ်းကို အသေးစိတ် ပြန်ပြောခိုင်းခဲ့ပြီးမှ နတ်ဆိုးအစေ့အကြောင်း ထပ်မေးလိုက်တယ်။
လွန်ခဲ့တဲ့နှစ်တွေတုန်းက ထျန်းကျီက ကျုံးရိကို အရှင်လတ်လတ် ဖမ်းမိခဲ့ချိန် သူ့ကိုယ်ထဲက မဟူရာမီးတောက်အတွက် ရည်မှန်းနေခဲ့တာ ဖြစ်နေတယ်။ ဒါပေမဲ့ မထိန်းချုပ်နိုင်တာကို သိလိုက်ရတယ်။ ဒါကြောင့် သူ ရွေးစရာမရှိတော့ဘဲ ကျုံးရိကို ပိတ်လှောင်ထားခဲ့ရပြီး ကျုံးရိကတော့ မဟူရာမီးတောက်ရဲ့ တန်ပြန်မှုကိုရော ထျန်းကျီရဲ့ နှိပ်စက်မှုကိုပါ ခံစားခဲ့ရတယ်။ သေချာပေါက် သေချာ အမုန်းတရားရော အကြောက်ပါ ဖြစ်လာခဲ့တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူက သေမျိုးတစ်ယောက်ပဲ။ အနှေးနဲ့အမြန် ပြိုလဲတော့မှာ။
ဒါပေမဲ့ မြေနတ်ဆိုးကတော့ နတ်ဆိုးတစ်ကောင်။ ဒီလို နှိပ်စက်မှုလေးက သူ့အတွက်တော့ မပြောပလောက်ဘူး။ ပြီးတော့ တစ်ဖက်သူက သူ့တည်ရှိမှုကို သတိပြုမိပုံမပေါ်။ ကျုံးရိက သူ့လက်ခံသူမို့ မြေနတ်ဆိုးက သူနဲ့ပိတ်မိနေပြီး အချုပ်ခန်းထဲ နေရစ်နေခဲ့ရတယ်။ ဒါပေမဲ့ သူ့မှာလည်း ဒေါသရှိတယ်။ သူ အကျဉ်းကျပြီး တိတ်တဆိတ် ဆက်နေနေရမယ်ဆိုရင် နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို သိက္ခာချသလိုဖြစ်မယ်လို့ ခံစားရတယ်။ ဒါကြောင့် နှစ်၅၀၀အတွင်း သူက ကျုံးရိကိုယ်ထဲ ပုန်းအောင်းနေပြီး ကျုံးရိကို သူ့အသက်ကို နတ်ဆိုးဆီ လွှဲပေးဖို့ သိမ်းသွင်းခဲ့တယ်။ တစ်ချိန်တည်းမှာတင် သူက နတ်ဆိုးအစေ့တစ်ခု ထုတ်ကာ ထျန်းကျီကိုယ်ထဲ ဝှက်ထားလိုက်တယ်။
သူတို့ အစတုန်းက ထျန်းကျီကိုမြင်ချိန် သူ့ကိုယ်ထဲက နတ်ဆိုးချီကို သတိထားမိတာက အဲနတ်ဆိုးအစေ့ကြောင့်ပဲ။ နောက်ပိုင်းကျ ရှုယီက သူ့ကို ဆရာအဖြစ် အသိအမှတ်ပြုခဲ့တယ်။ သေချာပေါက် သူမရဲ့ တစ်ဦးတည်းသော အထောက်အပံ့ ပျောက်သွားမှာကို ထိုင်ကြည့်နေမှာ မဟုတ်ဘူးပေါ့။ သူမက စနစ်ကိုသုံးပြီး သူမကိုယ်ထဲ နေရာပြောင်းကာ သီးသန့်ကာခြားထားလိုက်တယ်။
"သူတို့ကို သီးသန့်ပိုင်းခြားထားပြီဆိုတော့ ဘာလို့ ရှုယီက သက်ရောက်ခံနေရသေးတာလဲ" အဲဒါက ကူယွဲ့နားမလည်နိုင်တာပဲ။ စောနက ထျန်းကျီရဲ့ ကြားဖြတ်ဝင်ရောက်မှုကြောင့်သာမဟုတ်ရင် ရှုယီက သေချာပေါက်ကို နတ်ဆိုးအဖြစ် ပြောင်းလဲသွားတော့မှာ။ စနစ်က အဲလောက် အသုံးမကျတာတော့ မဟုတ်ဘူးမလား။
"ဘာလို့လဲဆိုတော့ စနစ်က စည်းချိပ်ကို ဖယ်ရှားလိုက်လို့" ရှန်းရင်က ဖြေရင်း သူမရှေ့က စခရင်ပေါ် နှိပ်လိုက်တယ်။
"ဘာစည်းချိပ်တုံး" ကူယွဲ့ အူကြောင်ကြောင် ရှန်းရင်ကို စိုက်ကြည့်နေမိတယ်။ သူ ဟိုအရင်က စနစ်ပြောတာကို မှတ်မိသွားပြီး မေးလိုက်တယ်။ "စနစ်က ကျိုးနှစ်ကျပ်ကိုယ်ပေါ်က စည်းချိပ်ကို ဖယ်ရှားခဲ့တာမဟုတ်လား"
ရှန်းရင်က ကူယွဲ့ဘက် လှည့်မလာ။ သူမက ရှေ့က စခရင်ကိုသာ စိုက်ကြည့်နေကာ မျက်နှာပြင်အလယ်မှာတော့ အုပ်ထိန်းသူစနစ်ရဲ့ တံဆိပ်ကို ထားထားတယ်။ နောက်တော့မှ သူမက ဖြည်းဖြည်းချင်း ဂရုတစိုက်ပြောတယ်။
"အိုး အရင်က ငါ ၀၀၁ စနစ်ရဲ့ နတ်ဆိုးအစေ့ကို ထိန်းချုပ်ဖို့လုပ်ထားတဲ့ စည်းချိပ်ကို နတ်ဆိုးချီကို ထိန်းချုပ်ဖို့လုပ်ထားတဲ့ စည်းချိပ်နဲ့ ချိတ်ဆက်လိုက်တာ"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဘာ။
Σ(°△°|||)
အရင်ကလား။ သူမ အုပ်ထိန်းသူစနစ် အကာအကွယ်နံရံနဲ့ ဝင်တိုက်ချိန်ကို ရည်ညွှန်းနေတာတော့ မဟုတ်ဘူးမလား။ တခြားနည်းနဲ့ပြောရရင် နှစ်ခုလုံးကိုဖြေရှင်းဖို့ဆို တစ်ခုကိုပဲ ပစ်မှတ်ထားဖို့ လိုတာပေါ့။
ဒါဆို တိတ်တိတ်လေး မျက်နှာပြင်ကို နှိပ်နေခဲ့တဲ့ အရင်တစ်ခေါက်က စနစ်နဲ့လူကို ချိတ်ဆက်နေတာလား။ တကယ်ပဲ ခေါင်းဆောင်ကျင်းက သူမကို အရင်က ဘာတွေသင်ပေးခဲ့လဲ။
"နတ်ဆိုးအစေ့ကို ရှုယီကိုယ်ထဲ ရွှေ့ပြီးပြီဆိုတာ မင်း ဘယ်လို သိသွားခဲ့တာလဲ" ကူယွဲ့ နှုတ်ခမ်းရိုသပ်ကာ အခြေအနေကိုနားလည်ဖို့ လက်လျှော့ရမှာကို ငြင်းဆန်နေတယ်။ သူနဲ့ စားဖိုမှူး ဒါကို အရင်က သတိမထားမိခဲ့ဘူးလေ။
"ငါမြင်ခဲ့တာ" ရှန်းရင်ကဖြေလိုက်တယ်။ ခဏနေတော့ သူမက ထပ်ပေါင်းပြောတယ်။
“လှေပေါ်မှာတုန်းက"
လှေလား။ ဝိညာဉ်လှေကိုပြောတာလား။
သူတို့ ယွမ်ယန်မြို့က ပြန်လာချိန်ကို ရုတ်တရက် သတိရသွားတယ်။ ရှန်းရင် ရှုယီနား အနီးကပ်ထိုင်နေပြီး ခြောက်ခဲ့ချိန်။ သူမက လမ်းမှားတယ်လို့ပဲ သူတို့ထင်နေခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ရှေ့နောက်မသိတဲ့ ငတုံးကိုး။ နတ်ဆိုးအစေ့အကြောင်း သိဖို့နေနေသာသာ သူက အဲထိ တကူးတကသွားမယ်လို့ကို ကူယွဲ့မထင်ခဲ့တာ။
ကူယွဲ့ မနေနိုင်ဘဲ ရှန်းရင်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ ဘာလို့ သောက်ကျိုးနည်း ငါတို့ကိုမပြောခဲ့တာတုံး။
"ပြီးတော့ရော၊ မင်း အခု ဘာလုပ်နေတာလဲ" ကူယွဲ့ သူတို့ပတ်လည်က စခရင်တွေကို လက်ညှိုးထိုးလိုက်တယ်။ သူမက စခရင်တွေမှာ စာရိုက်နေဆဲ။ သူမက စကားပြောတာတောင် သူတို့ကို တစ်ချက်မကြည့်။
"အဆင့်မြှင့်နေတာ" ရှန်းရင်က အုပ်ထိန်းသူစနစ်ကို လက်ညှိုးထိုးပြတယ်။
"အဆင့်မြှင့်တယ်လား" ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ သူ မျက်နှာပြင်အလယ်က မျောလွင့်နေတဲ့ သင်္ကေတကို ကြည့်တယ်။
"မင်း အုပ်ထိန်းသူစနစ်ကို အဆင့်မြှင့်နေတယ်လား" သေချာစစ်ဆေးကြည့်တော့ သင်္ကေတပေါ်က ကာတွန်းမျက်လုံးတွေက ပျောက်သွားပြီး ဘတ္တရီသင်္ကေတနဲ့ အစားထိုးလိုက်ပြီ။
တကယ် အဆင့်မြှင့်နေတာပဲ။
"ဖြစ်နိုင်တာ... ဆရာက အုပ်ထိန်းသူစနစ်ကို ၀၀၁ လက်ခံသူကိုယ်ထဲကနေ အတင်းထွက်သွားခိုင်းဖို့ လုပ်စေချင်နေတာလား" ယိချင်း မျက်လုံးတွေ တောက်ပသွားတယ်။ သူ မနေနိုင်ဘဲ မေးလိုက်တယ်။
"အဲလိုတော့မဟုတ်ဘူး" ရှန်းရင်က ဖြေတယ်။ ဒီတော့မှ သူမက နောက်ဆုံးတော့ စခရင်မှာစာရိုက်နေတာ ရပ်သွားပြီး အသီးကို တစ်ကိုက်ကိုက်တယ်။
"စနစ်က သူ အိမ်ထဲကထွက်သွားရင် ကျူးကျော်သူ ရှာတွေ့သွားတာ ဖြစ်နိုင်တယ်တဲ့၊ သူက အိမ်မှာ ပျင်းလာတော့ ငါ သူ အပျင်းပြေအောင် ဂိမ်းတစ်ခု ဒေါင်းလုတ်လုပ်ပေးလိုက်တာ"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
"အိမ်ငှားသူဌေးလည်း ရှိတယ်" ရှန်းရင် ဂိမ်းတွေကို မွှေနေရင်း မျက်လုံးတွေ တောက်ပသွားတယ်။
"ငါတို့သုံးယောက်ရှိတာ။ အတော်ပဲ။ တစ်ပွဲလောက်ကစားကြမလား"
"ထွက်သွား" မေ-ိုး
ကူယွဲ့ အဲအစားသရဲ အဲလောက်ကြိုးစားမယ်လို့ တွေးမိတာ တကယ်တုံးသွားတာ။
(#‵′)凸
"ညီကိုကူယွဲ့ ခင်ဗျားအထဲမှာလား" ရင်းနှီးနေတဲ့ ယောက်ျားတစ်ယောက်အသံက အလောကြီးနေဟန် တံခါးကတစ်ဆင့် ထွက်လာတယ်။
"ထျန်းယီ ခင်ဗျားဒီမှာ ဘာလုပ်နေတာလဲ" ကူယွဲ့ အဲလူအသံကို တစ်ခါတည်းနဲ့ မှတ်မိတယ်။ သူက ထွက်လာခဲ့တယ်။ "ညီကိုထျန်းယီ ခင်ဗျား” ဒါက သူတို့ ဝိညာဉ်ဆေးပင်တွေလာယူဖို့ ချိန်းထားတဲ့နေ့ မဟုတ်ဘူးလေ။
"ညီကိုကူယွဲ့ မင်း ဒီမှာရှိနေတာတော်သေးတယ်" ထျန်းယီကြည့်ရတာ အပျော်လွန်သွားတဲ့ပုံ။ သူက ကူယွဲ့ဆီ ခပ်သွက်သွက်လျှောက်လာပြီး အိမ်ထဲကို လှမ်းကြည့်တယ်။ နောက်တော့ သူက ကူယွဲ့ကိုဆွဲပြီး ခြေနှစ်လှမ်း နောက်ဆုတ်သွားတယ်။ အပြစ်ရှိသလိုအသံနဲ့ သူကဆိုတယ်။
"ငါ ဒါကို မင်းကိုဖုံးကွယ်ထားမှာမဟုတ်ပါဘူး ။ မင်းအကူအညီကို အရေးတကြီးလိုအပ်နေတာရှိလို့ လာရှာတာပါ"
ကူယွဲ့ သူ့ကိုခေါင်းစခြေဆုံး စစ်ဆေးလိုက်တယ်။ ထျန်းယီက အရမ်းစိတ်လှုပ်ရှားနေတာ သိသာတယ်။ ကျေးဇူးတင်စရာက ကူယွဲ့က ထျန်းယီကို အထဲဝင်ဖို့ဖိတ်ဖို့ မရည်ရွယ်ထားလို့။ မဟုတ်ရင် သူက ဂိမ်းတွေပြည့်နေတဲ့ စနစ်ကိုမြင်သွားမှာ။ ဒါကြောင့် သူအကြံပြုလိုက်တယ်။ "ပွဲကြည့်ဆောင်မှာ စကားသွားပြောကြရအောင်"
ထျန်းယီက သိသိသာသာ စိတ်သက်သာရာရသွားတယ်။ သူက ကူယွဲ့နောက်ကနေ ပွဲကြည့်ဆောင်ဆီ လိုက်ခဲ့တယ်။
"ညီကိုထျန်းယီ၊ ခင်ဗျား လိုအပ်တဲ့ အကူအညီကိုပြောပါ" ကူယွဲ့ စီးပွားရေးဆန်ဆန် အသွင်ပြောင်းလိုက်တယ်။ သူက ပြုံးကာ ပြောတယ်။ "ကူညီနိုင်ဝာာမှန်သမျှလုပ်ပေးပါ့မယ်"
ထျန်းယီက ကူယွဲ့ကို တစ်ချက်ကြည့်ကာ သူ့မျက်လုံးထဲက အပြစ်ရှိသလိုခံစားချက်တွေ ပြင်းထန်လာတယ်။ သူက သက်ပြင်းချလိုက်တယ်။
“အိုက် ငါ့မှာ တခြားရွေးချယ်စရာလည်း မရှိဘူး၊ အဲ့ဒါကြောင့် မင်းကို ငါလာပြီး ဒုက္ခပေးရတာ၊ ညီကိုကူယွဲ့၊ မင်းပတ်ဝန်းကျင်မှာ သူငယ်ချင်းတွေ အများကြီးရှိပြီး ဝိညာဉ်ဆေးဖက်ဝင်အပင်တွေအကြောင်း မင်းက ကောင်းကောင်းနားလည်တယ်၊ အဲဒါကြောင့် အရွက်တစ်ထောင် ဝိညာဉ်ပန်းပွင့်ကို သိတဲ့သူတစ်ယောက်ယောက်ကို မင်းသိလားလို့ မေးချင်တာပါ"
"မုန်လာဥဖြူပန်း" ကူယွဲ့ မတားနိုင်ဘဲ လွှတ်ခနဲပြောမိလိုက်တယ်။ အရွက်တစ်ထောင် ဝိညာဉ်ပန်းပွင့်က အရွက်တစ်ထောင်အပင်ဝိညာဉ်ရဲ့ ပန်းပဲ။ အဲဒါ မုန်လာဥဖြူရဲ့ ပန်းမဟုတ်လား။ ဝူတိဂိုဏ်းမှာတုန်းက ဒီပန်းတွေ စတိုခန်းအပြည့်ရှိတယ်လေ။
"ဟမ်" ထျန်းယီ အူကြောင်ကြောင်ဖြစ်သွားတယ်။ ဘာ မုန်လာဥဖြူပန်းလဲ။
ကူယွဲ့ လည်ချောင်းရှင်းလိုက်တယ်။
"ညီကိုထျန်းယီ ခင်ဗျားဆိုလိုတာ အရွက်တစ်ထောင်အပင်ဝိညာဉ် ပေါက်တဲ့ ပန်းကို ရည်ညွှန်းတာလား"
"မင်း တကယ်ကြားဖူးတာကိုး ညီကိုကူယွဲ့" ထျန်းယီက သိသိသာသာ စိတ်လှုပ်ရှားနေကာ ခေါင်းညိတ်တယ်။ "ဟုတ်တယ် အဲပန်းပဲ"
"ဒီပန်းက ဆေးလုံးတွေ သန့်စင်ပြီး ဆေးလုံးတွေရဲ့အဆင့်ကို မြှင့်တင်တဲ့နေရာမှာ ကူညီပေးနိုင်တယ် ကြားဖူးတယ်..." သူက ထျန်းယီကိုကြည့်ကာဆက်ပြောတယ်။
"ညီကိုထျန်းယီ ခင်ဗျားက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလေ၊ ပြီးတော့ ဒသမအဆင့် အဂ္ဂိရက်ပညာရှင်။၊ အရွက်တစ်ထောင်ဝိညာဉ်ပန်းကို မလိုသင့်ဘူး၊ ခင်ဗျားမှာ ရှိရှိမရှိရှိ ဘာမှမထူးခြားသွားဘူးလေ" သူ့အဆင့်နဲ့ အဂ္ဂိရက်ဆရာတစ်ယောက်က အချိန်အများစုမှာ အောင်မြင်မှာပဲကို။
"အိုက် ညီကိုကူယွဲ့၊ မင်း ငါ့အကြောင်းမသိသေးတာတွေ အများကြီးရှိသေးတယ်၊ ငါက ဒီပန်းကို ငါ့ဆေးလုံးတွေရဲ့ အရည်အသွေးကို မြှင့်တင်ချင်လို့ လိုချင်တာမဟုတ်ဘူး..." သူက ဟိုဟိုဒီဒီကို စိတ်ပူပန်စွာကြည့်တယ်။ ထျန်းယီက သူတို့ပတ်လည်မှာ အကာအရံအင်းကွက်တစ်ခု ဖန်တီးပြီးမှ သူ့ဝတ်ရုံထဲကနေ အိုမင်းပြီး ပါးလွှာတဲ့ စက္ကူတစ်ရွက်ကို ဂရုတစိုက်ထုတ်လာတယ်။ "ရော့ ဒါကိုကြည့်ပြီးရင် မင်းနားလည်သွားလိမ့်မယ်"
ကူယွဲ့ စက္ကူကိုတစ်ချက်ကြည့်လိုက်တော့ ဆေးလုံးတစ်ခုခုရဲ့ အညွှန်းဆိုတာ သိလိုက်ရတယ်။ အဲပေါ် စာလုံးကြီးနဲ့ ရေးထားတာက နတ်ဆိုးဖြိုခွင်းဆေးလုံး။
"နတ်ဆိုးဖြိုခွင်းဆေးလုံးတဲ့လား" ကူယွဲ့ ထျန်းယီကို မော့ကြည့်လိုက်မိတယ်။