အခန်း (၆၈၂-၆၈၄)
Vol. 46 Ch. 682-684
အခန်း ၆၈၂ ။ ရုတ်တရက် နတ်ဆိုးဖြစ်ခြင်း
တျန်းရှတောင်က တခြားတောင်တွေနဲ့ မတူ။ တကယ်တော့ တောင်ထိပ်နှစ်ခုနဲ့ ဖွဲ့စည်းထားပြီး ထျန်းကျီနဲ့ထျန်းယီ နှစ်ယောက်စလုံးက တောင်ထိပ်တွေမှာ နေကြတာ။ ထျန်းယီကတော့ သေချာပေါက် တောင်ပိုင်ရှင်ပေါ့။ သူ့လက်အောက်က တပည့်တွေအားလုံးနဲ့အတူ လက်ဝဲတောင်ထွတ်မှာ နေခဲ့တယ်။ တစ်ဖက်မှာ ထျန်းကျီက ညာဘက်တောင်ထွတ်မှာ နေတယ်။ ရှုယီကလွဲပြီး တခြားဘယ်တပည့်ကိုမှ မခေါ်ယူခဲ့ဖူးဘူး။ ဒါကြောင့် ညာဘက်တောင်ထွတ်က အတော်လေး လူသူနည်းပါးတာပေါ့။
ကျောင်းဆောင်တစ်ခုက တောင်ထွတ်ပေါ်မှာ။ လူအုပ်ကြီးက အဆောင်ထဲလိုက်လာကြပြီး အနောက်ဆောင်ထဲ တန်းတန်းမတ်မတ်သွားကြတယ်။ ကူယွဲ့တို့ကတော့ နောက်ဆုံးက လိုက်ဝင်လာခဲ့တယ်။ သူတို့ဝင်ဝင်ချင်းမှာတင် ရပ်မိလိုက်ကြတယ်။
"စားဖိုမှူး ဒီအရှိန်အဝါက..." ကူယွဲ့ သူ့ဘေးကလူဆီ အလိုလိုစိတ်နဲ့လှမ်းဆက်သွယ်လိုက်တယ်။
"အင်း" ယိချင်းက ခေါင်းညိတ်တယ်။ "မြင်လိုက်တယ်"
ကူယွဲ့ မျက်မှောင်ကြုတ်မိတယ်။ "အထဲဝင်ပြီး အခြေအနေကို အရင်စစ်ဆေးတာပေါ့" သူက လူအုပ်နောက်လိုက်လာခဲ့တယ်။ သူတို့ အဆောင်ထဲဝင်လေ အရှိန်အဝါက ပိုထူလာလေပဲ။ အနောက်ဆောင်က အခန်းတစ်ခန်းဆီ ရောက်တော့မှ သူတို့နားလည်လိုက်ရတာ ခြံဝန်းတစ်ခုလုံး ဒီအရှိန်အဝါနဲ့ပြည့်နေတာ။ ထူထဲလွန်းလို့ အသက်ရှူဖို့တောင် ခဲယဉ်းလောက်တယ်။
လူအုပ်ကြီးက အခန်းတံခါးကို တွန်းဖွင့်ဖို့ ပြင်နေကြတယ်။
"ခဏ" ကူယွဲ့က အော်ကာ ရှေ့ထွက်ပြီး ယွီလွမ့်ကို ပြန်ဆွဲခေါ်ထားလိုက်တယ်။
ယိချင်းက တစ်ချိန်တည်းမှာတင် စည်းချိပ်တစ်ခု ဖန်တီးတယ်။ အဖြူရောင်အလင်း ဖျတ်ခနဲပေါ်လာကာ သူတို့ခြေဖဝါးအောက်မှာ အင်းကွက်ကြီးတစ်ခု ဖြစ်ပေါ်လာတယ်။ အကြည်ရောင် အကာအကွယ်တစ်ခုက သူတို့ပတ်လည်မှာ မြင့်တက်လာပြီး အတွင်းထဲက အကြီးအကဲတွေအားလုံးကို ဘေးကင်းအောင် ထားပေးလိုက်တယါ။
"ဒါက..." ယွီလွမ်က အင်းကွက်ကို အူကြောင်ကြောင် ကြည့်နေမိတယ်။ သူတို့ ဘာလို့ ရုတ်တရက် ဒီအကာအကွယ်အင်းကွက်ကို ဖန်တီးရတာလဲ။
ရှေ့တည့်တည့်မှာရှိတဲ့ ထျန်းကျီက အုပ်စုဘက်လှည့်လာကာ မျက်နှာထားမာကြောသွားပြီး ယိချင်းကို စိန်းစိန်းဝါးဝါးကြည့်တယ်။ "ဒါ ဘာသဘောတုံး"
ယိချင်းက တကူးတက သူ့ကိုပြန်မဖြေနေ။ အဲအစား သူက အုပ်စုဘက်လှည့်ကာ ခပ်တိုးတိုး ရှင်းပြလိုက်တယ်။ "အခန်းထဲ တစ်ခုခုရှိနေတယ်"
လူအုပ်ကြီးတစ်ခုလုံး ယိချင်းကို အူကြောင်ကြောင် ပြန်စိုက်ကြည့်နေမိတယ်။ သူတို့ မေးခွန်းတွေ ဆက်မမေးနိုင်ခင် ထျန်းကျီက စိတ်ပူပန်လာကာ ဒေါသတကြီးအော်တယ်။
"ယိချင်း ဒါဘာသဘောလဲ၊ ဒါ ယီလေးအခန်းနော်၊ မင်းက ငါ့ကို သံသယဝင်နေတာလား"
ယိချင်းက သူ့ကိုပြန်မဖြေသေး။ အဲအစား သူက ဝိညာဉ်ဓားကိုဆင့်ခေါ်လိုက်တယ်။ "ကြည့်ရင် သိရမှာပေါ့" အဲလိုနဲ့ သူက လက်ကိုမြှောက်ကာ ဓားကိုဝှေ့ယမ်းလိုက်တယ်။
"မင်း ဘာတွေလုပ်နေတာတုံး" ထျန်းကျီက အော်ပေမဲ့ နောက်ကျလွန်းသွားပြီ။ ဓားအရှိန်အဝါက သူတို့ရှေ့ ပြေးထွက်သွားကာ သူတို့သိလိုက်ရတာကတော့ ဝုန်းခနဲ အသံကျယ်ကြီး ပေါ်လာတာကိုပဲ။ အခန်းတံခါးက နှစ်ခြမ်းပိုင်းသွားပြီး အခန်းမျက်နှာကျက်ပါ ပြိုလဲကုန်တယ်။
"ယိချင်း မင်း..." ထျန်းကျီက ခု ပိုဒေါသထွက်လာပြီ။ သူ ပြန်တုံ့ပြန်ဖို့ပြင်လိုက်ပေမဲ့ သူ့ဘေးကနေ ဝှစ်ခနဲအသံကျယ်ကြီး ကြားလိုက်ရတယ်။
အခန်းထဲကနေ ပုံသဏ္ဌာန်တစ်ခု ဝုန်းခနဲထွက်လာကာ ခြံဝန်းထဲ ကျယ်လောင်စွာ ဆင်းသက်သွားခဲ့တယ်။ လူက သွေးအလိမ်းလိမ်း ဖြစ်နေကာ အရှိန်အဝါက ဖျော့တော့နေပြီ။ သူ့ဓမ္မဝတ်ရုံကို အတော်လေး ရင်းနှီးနေတယ်။
"ဒါက... အကြီးအကဲရှုပဲ" အကြီးအကဲတွေထဲကတစ်ယောက်က မြေပြင်ကလူကို မှတ်မိသွားတယ်။ ဒါ သူ့သမီးကို စစ်ဆေးဖို့ အုပ်စုကနေ အပြေးထွက်သွားတဲ့ရှုယွမ်ရဲ့ ကိုယ်မဟုတ်လား။ သူဘာဖြစ်သွားတာလဲ။
သူတို့ အခြေအနေကို တုံ့ပြန်ဖို့ အချိန်မရလိုက်။ ပြိုကျနေတဲ့အခန်းအပြင်ဆီ ချီနက်လှိုင်းတစ်ခုက ထွက်လာတယ်။ ချီနက်က အုပ်စုဆီ မြန်ဆန်လှတဲ့ အမြန်နှုန်းနဲ့ ပြေးဝင်လာတယ်။ အုက်စုတစ်ခုလုံးကို ဝါးမျိုတော့မလိုပဲ။ ဒါပေမဲ့ သူတို့ခြေဖဝါးအောက်က အကာအကွယ်အင်းကွက် အလင်းတန်းဖြူက အရောင်လင်းလာတယ်။ ချီနက်က ပြန်ဆုတ်သွားတယ်။
အပြင်က ချီနက်က ခြံဝန်းတစ်ခုလုံးကို မြန်ဆန်စွာ ပြည့်သွားတယ်။ ပြီးတော့ ချီနက်ထိတာမှန်သမျှ သေကုန်တဲ့ပုံ။ ခြံဝန်းထဲက လန်းဆန်းတဲ့ပန်းတွေနဲ့ မြက်တွေက ခုအားလုံး ညှိုးနွမ်းကုန်ကြပြီ။ ကျိုးပဲ့နေတဲ့ အဆောင်ရဲ့ ကျန်ရစ်တဲ့ အုတ်ခဲအကြွင်းအကျန်တွေတောင် အပိုင်းအစလေးတွေအဖြစ် ပြိုကွဲကုန်တယ်။ ရုတ်တရင် သူတို့တွေက သဲပုံတွေအဖြစ် ပြောင်းကုန်တယ်။
"ဒါ နတ်ဆိုးချီပဲ" တစ်ယောက်ယောက်က အထိတ်တလန့်ရေရွတ်တယ်။ နောက်ဆုံးတော့ ချီနက်က ဘာလဲ သိသွားကြပြီ။ သူတို့ရင်ထိတ်ကုန်တယ်။ ဆရာသခင်ယိချင်းက ဒီအကာအကွယ်အင်းကွက်ကို ပြင်ပေးခဲ့လို့ တော်သေးတာပေါ့။ မဟုတ်ရင် ပတ်လည်က နတ်ဆိုးချီကြောင့် သူတို့ပြိုလဲကုန်မှာ။ ဒါပေမဲ့ ဘာလို့ ဒီမှာ နတ်ဆိုးချီရှိနေတာလဲ။
"အဲဒါ... ဆရာတူအစ်မရှုယီလား" ကျိုးရှုမင် မယုံကြည်နိုင်စွာ မျက်လုံးတွေပြူးကျယ်ကုန်တယ်။
အုပ်စုတစ်ခုလုံး နားမလည်နိုင်စွာ ကြောင်အမ်းသွားတယ်။ သူတို့ မော့ကြည့်လိုက်တော့ ထူထဲတဲ့ချီနက်ကြား တစ်ယောက်သောသူက လေထဲ မျောလွင့်နေတာ မြင်လိုက်ရတယ်။ သူက တပည့်တွေနဲ့တူတဲ့ ဓမ္မဝတ်ရုံကို ဝတ်ထားတယ်။ ဒါ သတိလစ်နေတယ်လို့ ထျန်းကျီပြောခဲ့တဲ့ ရှုယီပဲ။ ဒါပေမဲ့ သူမကို နတ်ဆိုးချီက ဝိုင်းထားတယ်။ သူ့လှပတဲ့ မျက်နှာက ခုတော့ ပင့်ကူအိမ်နဲ့တူတဲ့ အမည်းရောင်သွေးကြောတွေ ဖုံးလွှမ်းနေလေရဲ့။ သူမ မျက်လုံးနှစ်ဖက်လုံးက နီရဲနေပြီ။ ကြည့်ရတာ အသိစိတ်ပျောက်သွားပုံပဲ။ ချီနက်တွေက သူမကိုယ်ထဲကနေ အဆက်မပြတ် စီးထွက်နေတယ်။
"ဒီနတ်ဆိုးချီက... သူ့ကိုယ်ထဲကနေ လာနေတာပဲ" ယွီလွမ်င အထိတ်တလန့်ပြောကာ သူ့မျက်လုံးကိုတောင် မယုံရဲ။ ပတ်ဝန်းကျင်မှာ နတ်ဆိုးချီက စက္ကန့်နဲ့အမျှ တိုးလာပြီ။ ကွေ့ယီဂိုဏ်းတစ်ခုလုံးကို ဖုံးသွားဖို့ ခြိမ်းခြောက်နေတယ်။
"ယီလေး" ထျန်းကျီက တစ်ခုခုကိုနားလည်သွားသလို အထိတ်တလန့် ထခုန်တယ်။ သူ့မျက်နှာက စိုးရိမ်မှု ဖုံးလွှမ်းနေတယ်။ ချက်ချင်း သူက ရှေ့ကိုပြေးတက်ကာ လေထဲကလူကို ရပ်ဖို့ကြိုးစားလိုက်တယ်။
"ဆရာဦးလေး မလုပ်နဲ့" ယွီလွမ်က သူ့ကိုတားဖို့ကြိုးစားပေမဲ့ နောက်ကျလွန်းသွားပြီ။ ထျန်းကျီက ရှေ့ကိုပြေးတက်သွားတယ်။ သူ အကာအကွယ်အင်းကွက်ဘောင်ထဲက ထွက်ထွက်ချင်း သူ့ဓမ္မဝတ်ရုံတွေက ပတ်ဝန်းကျင်က နတ်ဆိုးချီနဲ့ထိတွေ့တော့ အရည်ပျော်ကုန်တယ်။ နောက်တော့ သူ့အရေပြားပေါ် ဒဏ်ရာတွေ စပေါ်ပေါက်လာတယါ။ သူ့မျက်နှာအမူအရာက ပြောင်းသွားပေမဲ့ ရှုယီဆီ ဆက်ပြေးနေသေးကာ တားဖို့ကြိုးစားနေတယ်။
ရှုယီက သူမလက်ကိုမြှောက်ကာ ယမ်းလိုက်တယ်။ နတ်ဆိုးချီတစ်လှိုင်းက ထျန်းကျီဆီ ပျံသန်းသွားကာ နောက်ကိုလွင့်ပျံသွားစေတယ်။ သူမ သတိမဝင်သေးတာ သိသာတယ်။
ကူယွဲ့ စားဖိုမှူးကို လှည့်ကြည့်လိုက်တယ်။ သူစားဖိုမှူးကို တစ်ခုခု လုပ်ခိုင်းမို့ရှိသေး ရှုယီကိုယ်ထဲကစနစ်က အသံထွက်လာတယ်။
[လက်ခံသူ မြန်မြန်ထပါ နတ်ဆိုးချီက အသိစိတ်ကို ဝါးမျိုသွားတာ မဖြစ်ပါစေနဲ့ လက်ခံသူ လက်ခံသူ]
ဝှီးခနဲ အသံမြည်လာပြီး အရောင်ဖျတ်ခနဲလက်သွားတာ သူတို့မြင်လိုက်ရတယ်။ ရှုယီကိုယ်က တုန်ယင်သွားတယ်။ သူ့နဂိုမျက်နှာသေက ခုတော့ တွန့်ရှုံ့နေပြီ။ သူမကြည့်ရတာ အတော်လေး နာကျင်နေပုံ။ နီရဲနေတဲ့ မျက်ဆန်တွေက ပြန်မည်းလာတယ်။ ဖြည်းဖြည်းချင်း သူမက အသိစိတ်ပြန်ဝင်လာပြီ။
"စနစ် ဒါက..." နားမလည်နိုင်တဲ့ အမူအရာ သူမမျက်နှာပေါ် ပေါ်လာတယ်။ ဘာတွေဖြစ်နေလဲ အပြည့်အဝ နားမလည်ခင် အကာအကွယ် အင်းကွက်ထဲ ရပ်နေတဲ့ ကျိုးရှုမင်ကို မြင်လိုက်ရတယ်။ ချက်ချင်း ပြိုင်ပွဲမှာဖြစ်ခဲ့တဲ့ပုံရိပ်တွေက သူမစိတ်ထဲပြည့်လာတယ်။ အရင်ကတစ်ခါမှ မခံစားရဖူးတဲ့ ဒေါသတွေ သူမကိုယ်ထဲ ပြည့်လာပြီး မျက်လုံးတွေက ရဲရဲတောက်နီသွားပြန်တယ်။ ပြင်းထန်တဲ့သတ်ဖြတ်လိုစိတ်နဲ့အတူ သူမက အော်တယ်။
"ကျိုးရှုမင်"
သူမက အံကြိတ်ရင်း တစ်လုံးချင်းရေရွတ်တယ်။ သူမကြည့်ရတာ ရရင် အရှင်လတ်လတ် ဝါးစားတော့မလိုပဲ။ သူမပတ်လည်က နတ်ဆိုးချီအားလုံးက ရုတ်တရက် ကျယ်ပြန့်လာပြန်တယ်။ ရှုယီက လက်မြှောက်ကာ သူတို့ဘက်ယမ်းပြီး ပတ်ဝန်းကျင်က နတ်ဆိုးချီတွေကို နောက်တစ်ကြိမ် ကျိုးရှုမင်ဆီ ပျံသန်းသွားစေတယ်။ အမိန့်တွေကိုလိုက်နာသလို ချီနက်တွေက အနက်ရောင်ဓားမြှောင်တွေအဖြစ် ပြောင်းကုန်ကာ ကျိုးရှုမင်ဆီ ဆက်ဦးတည်နေတယ်။
လူတိုင်းရဲ့ခြေဖဝါးအောက်က အကာအကွယ်အင်းကွက်က ပျက်စီးသွားတယ်။ ချီနက်က သူတို့ဆီ ဦးတည်လာနေတာ မြင်ချိန် သူတို့ကျောရိုးထဲ ချမ်းစိမ့်သွားခဲ့တယ်။ လက်ကောက်ဝတ်ကို တစ်ချက်လှည့်ကာ ယိချင်းက မီးတောက်နီလုံးကို သူ့ကိုယ်ထဲက ထွက်လာစေပြီး ချီနက်ကို ခုခံပေးလိုက်တယ်။
ပေါက်ကွဲသံကျယ်ကြီးတွေ ဆက်တိုက်ထွက်လာတယ်။ နတ်ဆိုးချီက သူ့သဘာဝရန်သူနဲ့ဆုံတော့ ပြန်ဆုတ်ကာ ပျောက်ကွယ်သွားခဲ့တယ်။ ယိချင်းမီးတောကိလုံးထဲက အနီရောင်က ခြံဝန်းကို ဖုံးလွှမ်းသွားတယ်။ ကျန်ရစ်တာဆိုလို့ သူ့အရင်းအမြစ်ပဲဖြစ်ပြီး ခုတော့ မီးတောက်လုံးက ဦးတည်သွားနေပြီ။
"အား" ရှုယီက အော်တယ်။ ဒါပေမဲ့ သူမမှာ မီးတောက်တွေကိုရှောင်ဖို့ နည်းမရှိ။ သူမတစ်ကိုယ်လုံး မခံမရပ်နိုင် နာကျင်နေတယ်။ တစ်ယောက်ယောက်ကြားနိုင်လား ဂရုမစိုက်တော့ဘဲ သူမကအော်တော့တယ်။ "စနစ် မြန်မြန် ငါ့ကယ်ပါ"
[တင်း ချို့ယွင်းမှု ဒီမီးတောက်တွေကိုခုခံဖို့ မဖြစ်နိုင်ပါ]
ကူယွဲ့ ငုံ့လိုက်တယ်။ ယိချင်းက စီမံထိန်းသိမ်းသူပဲ။ သေချာပေါက် ဒီစနစ်က သူ့မီးတောက်တွေကို ဘာမှလုပ်လို့မရဘူးလေ။ သူ ဘေးကလူကို အမြန် တံတောင်နဲ့တွတ်ကာ တီးတိုးရေရွတ်လိုက်တယ်။
"စားဖိုမှူး" စနစ်က ဒီကိုယ်ကနေ မထွက်သွားသေးဘူး။ လှုပ်ရှားဖို့ အချိန်မကျသေးဘူး။
အဲတော့မှ စားဖိုမှူးက လက်သီးဆုပ်ကာ မီးတောက်တွေကို ပြန်ရုတ်လိုက်တော့တယ်။
…
အခန်း ၆၈၃ ။ ဂိုဏ်းထဲကသစ္စာဖောက်
"ယီလေး" ထျန်းကျီက အခွင့်အရေးယူပြီး ရှုယီကို လှမ်းဖမ်းလိုက်တယ်။ ဒါပေမဲ့ သူက အဲမှာ မရပ်သွား။ အဲအစား သူက သူမကို ဓားပေါ်တင်ကာ တူတူပျံသန်းထွက်သွားတယ်။
"အာ ဆရာဦးလေးထျန်းကျီ ခင်ဗျား” ယွီလွမ်က သူတို့ကိုတားချင်ပေမဲ့ ထျန်းကျီက ရုတ်တရက် ပြန်လှည့်လာတယ်။ သူက ဓမ္မလက်နက်တစ်ခုကို လှမ်းပစ်လာတယ်။ ယွီလွမ်ကို တိုက်ခိုက်ဖို့တော့ မဟုတ်။ အဲအစား ထျန်းကျီက ကျိုးရှုမင်ဆီ ပစ်လိုက်တာ။
ထျန်းကျီက လှုပ်ရှားသွားတာ မြန်လွန်းတယ်။ ဓမ္မလက်နက်က ကျိုးရှုမင်ကို ထိတော့မို့ရှိသေး စားဖိုမှူးက သူ့ဓားကိုပစ်လွှတ်ကာ လမ်းကြောင်းကို ဖျက်ဆီးလိုက်တယ်။ လေထဲရှိနေဆဲ ထျန်းကျီက စည်းတံဆိပ်တစ်ခု ဖန်တီးကာ လေထဲပျောက်သွားတော့လေတယ်။
"ဒါ..." ခြံဝန်းထဲကလူတိုင်း မှင်တက်ကုန်တယ်။ အတော်ကြာမှ လူတိုင်း သတိပြန်ဝင်လာကြတယ်။
ခဏအကြာမှာ ယွီလွမ်က ထမေးတယ်။ "ဆရာဦးလေးယိချင်း ရှုယီက..."
"သူက နတ်ဆိုးဖြစ်လာတာပဲ" ယိချင်းက ဖြေလိုက်တယ်။
အားလုံး ။ ။ "..."
——————
ယွီလွမ်နဲ့ တခြားအကြီးအကဲတွေ ရှုယီ နတ်ဆိုးဖြစ်လာတဲ့အချက်ကို လက်မခံနိုင်ဖြစ်နေတယ်။ ဒါပေမဲ့ အချက်အလက်က သူတို့မျက်စိရှေ့တည့်တည့်မှာတင်။ သူတို့စောနက ခြံဝန်းထဲမြင်ခဲ့ရတဲ့ နတ်ဆိုးချီက အတုမဟုတ်။ သူတို့နားမလည်နိုင်တာက အကောင်းပတိလူတစ်ယောက်က ဒီလိုနဲ့တင် နတ်ဆိုးတစ်ယောက် ဘာကြောင့်ဖြစ်လာလဲဆိုတာပဲ။ ပြီးတော့ သူမက အကြီးအကဲရှုကို ထိခိုက်အောင် လုပ်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှုယွမ်က ရှုယီအဖေပဲ။ အခု သူ့သွေးကြောတွေ ပြတ်တောက်ကုန်ရုံတင်မကဘူး ကျင့်ကြံဆင့်ပါ နတ်ဝိညာဉ်ကနဦးအဆင့်ထိ ပြန်ကျသွားခဲ့ပြီ။ ဒီနေ့ထိ သူက သတိလစ်နေဆဲ။
ပြီးတော့ ဆရာထျန်းကျီရောပဲ။ သူက ဂိုဏ်းထဲ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်။ သူ့တပည့်တွေကို ကာကွယ်တာပုံမှန်ဆိုပေမဲ့ ရှုယီနဲ့အတူတူ ထွက်မပြေးခင် ဖြေရှင်းချက်လေးတောင် မပေးခဲ့။ ဒါကလည်း သူတို့ကို နားမလည်နိုင်ဖြစ်စေတယ်။ သူ သူ့တပည့်ကို ဘယ်လောက်တောင် အလိုလိုက်ချင်ပါစေ ဂိုဏ်းကနေ တူတူထွက်ပြေးဖို့မှ မလိုတာ။
အဲတော့မှ ကူယွဲ့က သူတို့ကို မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ကျုံးရိအကြောင်း ပြောပြဖြစ်တယ်။ သူ ဘယ်လိုမျိုး သူတို့ကို တမင် လာရှာတာမဟုတ်ဘဲ တကယ်တော့ ဂိုဏ်းကနေ ထွက်ပြေးဖို့ကြိုးစားနေခဲ့တာ ဖြစ်တဲ့အကြောင်း။ တစ်ချိန်တည်းမှာတင် အုပ်စုက တျန်းရှတောင်ပေါ် လျှို့ဝှက်သိုလှောင်ရုံတစ်ခု ရှာတွေ့ခဲ့တယ်။ တကယ်ပဲ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်ယောက် အဲမှာနေခဲ့တယ်ဆိုတဲ့ အငွေ့အသက်တွေရှိနေတယ်။ လူတိုင်း တစ်စုံတစ်ခုကို နားလည်စပြုလာတယ်။
"ကြည့်ရတာ ထျန်းကျီက နတ်ဆိုးဖြစ်လာတာ တော်တော်ကြာပြီထင်တယ်" ယွီလွမ်က သက်ပြင်းချတယ်။
"ဆရာတူညီလေးယင်း..." သူက ပြောနေရင်း ရပ်သွားပေမဲ့ လူတိုင်း သူ ဘာပြောမလဲ နားလည်တယ်။
ထျန်းကျီက အေးစက်တဲ့လူဖြစ်ပြီး ဂိုဏ်းထဲ တခြားသူတွေနဲ့ သိပ်ပြီးကောင်းမွန်တဲ့ဆက်ဆံရေး မရှိ။ ဒါပေမဲ့ အကြီးအကဲယင်းကတော့ သူနဲ့ရင်းနှီးတဲ့ လူအနည်းငယ်ထဲကတစ်ယောက်ပဲ။ အကြီးအကဲယင်းက တျန်းရှတောင်ဆီ ရံဖန်ရံခါသွားလည်တတ်တယ်။ ကူယွဲ့ ခန့်မှန်းရတာတော့ သူက မသိသင့်တဲ့ဆရာတစ်ချို့ကို သိသွားခဲ့ပုံပဲ။ အဲဒါကြောင့် ထျန်းကျီသတ်တာ ခံလိုက်ရတာဖြစ်နိုင်တယ်။ သူတို့ အချိန်အတော်ကြာတာတောင် လူသတ်သမားကို ရှာတွေ့တာ မဆန်းတော့ဘူး။ အကြီးအကဲယင်းက အကူအညီတောင်းဖို့တောင် အခွင့်အရေး မရလိုက်တာ မဆန်းတော့။ သူလုပ်နိုင်တာဆိုလို့ သူ့နတ်ဝိညာဉ်ကို ဖောက်ခွဲပစ်လိုက်ဖို့ပဲ။
လူတိုင်း ဒါတွေကို စဉ်းစားလေ ပိုထိတ်လန့်လာလေပဲ။ ရှုယီရုတ်တရက် နတ်ဆိုးဖြစ်သွားတာကရော ထျန်းကျီလုပ်ရပ်လား။ ဒါဆို သူက အကြံအစည်နဲ့ ရှုယီကိုရှာဖို့ တစ်အုပ်လုံးကို ခေါ်လာခဲ့တာလား။ သူတို့အတွေးတွေက သတိလစ်ကာ နတ်ဝိညာဉ်ကို ဆုံးရှုံးလုနီးပါးဖြစ်နေတဲ့ ရှုယွမ်ဆီ ရောက်သွားတယ်။ တကယ်လို့ ရှုယီက သူ့အဖေကိုတောင် ဒီလိုလုပ်နိုင်ရင် သူတို့ကို ဘာများထပ်လုပ်နိုင်လဲ။
သူတို့သာ အဲနေ့က အိမ်ထဲဝင်သွားခဲ့ရင်...။
ဒါကိုစဉ်းစားမိတော့ တစ်အုပ်လုံး တိတ်ကုန်တယ်။ ဆရာဦးလေးယိချင်းက တစ်ခုခုလွဲနေတာကို သတိထားမိတာ တော်သေးတယ်။ မဟုတ်ရင် သူတို့အားလုံးကို ဆုံးရှုံးလိုက်ရလောက်ပြီ။
ကူယွဲ့ကလည်း သူတို့ဘေးတိတ်နေတယ်။ သူ မနေနိုင်ဘဲ စဉ်းစားမိတာက တစ်အုပ်လုံးက မမှားပေမဲ့ သူတို့က တွေးတာနည်းနည်းပိုနေတယ်။ ထျန်းကျီက နတ်ဆိုးအဖြစ် မပြောင်းသေးဘူး။ ပြောင်းသွားတဲ့သူက ရှုယီတစ်ယောက်တည်းပဲ။ ထျန်းကျီထွက်ပြေးသွားတာက လူတိုင်း သူ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်ယောက်ကို ဝှက်ထားပြီး ဂိုဏ်းထဲက အကြီးအကဲတစ်ယောက်ကို သတ်ခဲ့တယ်ဆိုတာ သိသွားမှာ ကြောက်လို့ပဲ။ သူက သူ့လုပ်ရပ်တွေရဲ့ အကျိုးဆက်ကို ရင်မဆိုင်ချင်ရုံပဲ။
ရှန်းရင်က ကျိုးရှုမင်ကိုယ်ထဲက နတ်ဆိုးချီပါဝင်တဲ့ စည်းချိပ်က်ု ရှုယီကိုယ်ထဲက နတ်ဆိုးအစေ့ပါဝင်တဲ့ စည်းချိပ်နဲ့ ချိပ်ဆက်ထားခဲ့တာ။ ကျိုးရှုမင်ကို ဒုက္ခပေးဖို့ ရှုယီက သူမစည်းတံဆိပ်ကို ချိုးဖျက်ဖို့ ဝန်မလေးခဲ့ဘူး။ ဒါကြောင့် နတ်ဆိုးအစေ့က နိုးထလာပဲ။ သူမကိုစတင်တိုက်ခိုက်တာ နတ်ဆိုးဖြစ်လာတဲ့အထိပဲ။ သူမကိုယ်ထဲက နတ်ဆိုးချီက ဝိညာဉ်ကို ဖြည်းဖြည်းချင်းစားသုံးနေလို့ ရက်ပိုင်း သတိလစ်နေခဲ့တာဖြစ်နိုင်တယ်။ တစ်နည်းပြောပြရရင် သူမက နတ်ဆိုးပြောင်းလဲတဲ့လုပ်ငန်းစဉ်ကို ဖြတ်သန်းနေလို့ သတိလစ်နေခဲ့တာပဲ။
ကူယွဲ့ ဒါကိုစဉ်းစားမိတော့ နည်းနည်း ရှုပ်ထွေးနေတယ်။ ရှန်းရင် အရင်က စည်းချိပ်နှစ်ခုကို ချိတ်ထားခဲ့တယ်လို့ပြောချိန် ရေးကြီးခွင်ကျယ်ကိစ္စလို့ မထင်ခဲ့ကြဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရှုယီမှာက စနစ်ရှိတယ်လေ။ နတ်ဆိုးအစေ့ကို စနစ်က ချိတ်ပိတ်ခဲ့တာ။ တစ်ခါချိပ်ပိတ်နိုင်ရင် နောက်တစ်ကြိမ် ချိတ်ပိတ်နိုင်သင့်တာပဲ။
စနစ်က ဒီလောက် နမော်နမဲ့နိုင်မယ် မထင်ခဲ့ဘူး။ နတ်ဆိုးအစေ့ လွတ်မြောက်သွားတယ်ဆိုတာတောင် မသိ။ အခု ရှုယီက နတ်ဆိုးအဖြစ်ပါ ပြောင်းသွားပြီ။
နတ်ဆိုးအစေ့ဆိုတာက နတ်ဆိုးချီနဲ့ကွဲပြားတယ်။ နတ်ဆိုးအစေ့က နတ်ဆိုးတွေကို ဖန်တီးရာမှာသုံးတဲ့ မကောင်းမှုတွေပါဝင်နေတာ။ ပြီးတော့ နတ်ဆိုးအစေ့က ဖန်တီးသူနတ်ဆိုးရဲ့ ဝိညာဉ်တစ်စိတ်တစ်ပိုင်း ပါဝင်နေတာ။ အစေ့က လူတစ်ယောက်ကိုယ်ထဲဝင်သွားတာနဲ့ အဲလူ နတ်ဆိုးဖြစ်ချိန်ထိ ဝိညာဉ်နဲ့ ပေါင်းစပ်သွားမှာ။ အဇဋာဧကရာဇ်ချန်ကော သူ့ကိုယ်ထဲက နတ်ဆိုးအစေ့ကို ရှင်းထုတ်ပစ်ချင်ခဲ့ချိန် သူ့ကိုယ်ပိုင်ဝိညာဉ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ရွေးစရာမရှိ ဖြတ်ထုတ်ခဲ့ရတယ်။ သူက သူ့ဝိညာဉ်ရဲ့ အဲတစ်စိတ်တစ်ပိုင်းကိုပါ သန့်စင်ဖို့ သံသရာမြစ်ရဲ့ အရှိန်အဝါကိုသုံးခဲ့ရတယ်။ တကယ်လို့ အဇဋာဧကရာဇ်တစ်ယောက်က အဲအတိုင်းအတာအထိ လုပ်ရရင် ရှုယီလို ရွှေအမြုတေကျင့်ကြံသူတစ်ယောက်က ဘာလုပ်ရမလဲ စဉ်းစားကြည့်လိုက်တော့။
ဒါကြောင့် စနစ်ရဲ့ နမော်နမဲ့နိုင်မှုအကျိုးဆက်က ရှုယီနတ်ဆိုးအဖြစ် ပြောင်းခဲ့တာပဲ။ အုပ်ထိန်းသူစနစ်က ၀၀၁ကို အထင်သေးပြီး မကြာခင် ဒိတ်ကုန်တော့မယ်လို့ပြောတာ မဆန်းတော့ဘူး။
"ဂိုဏ်းချုပ် ဘယ်လိုထင်” အကြီးအကဲတွေက ကြောက်လန့်စ ပြုလာပြီး ယွီလွမ့်ဘက် လှည့်မေးကုန်ကြတယ်။
"ဒါကိစ္စကြီးပဲ၊ အဲနတ်ဆိုးချီက... အန္တရာယ်များလွန်းတယ်" ယွီလွမ့်မျက်နှာက စိမ်းဖန့်နေတယ်။ ခပ်တိုးတိုး သူကဆက်ပြောတယ်။
"ကွေ့ယီဂိုဏ်းကကိစ္စတွေက အပြင်ကို ပျံ့ခဲပေမဲ့ ငါတို့ ခုခံဖို့အသင့်ပြင်ရမယ်၊ အမတဂိုဏ်းတွေကို အသိပေးပြီး ဒါဖြစ်ခဲ့ရတဲ့အကြောင်းရင်းအစစ်ကို ပြောပြရမယ်"
နတ်ဆိုးချီနဲ့ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူနဲ့ နတ်ဆိုးအဖြစ်ပြောင်းသွားတဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရှိနေတာ။ တခြားအမတဂိုဏ်းတွေအတွက် ကွေ့ယီဂိုဏ်းက ခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်နေလိမ့်မယ်။
လူတိုင်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြတယ်။ ချက်ချင်း အမတဂိုဏ်းအသီးသီးဆီ ခွဲသွားကြကာ ရှုယီနဲ့ ထျန်းကျီ၊ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနဲ့ သူ့အရည်အချင်းရှိတဲ့တပည့် နတ်ဆိုးတွေအဖြစ် ပြောင်းသွားတဲ့သတင်းကို ဖြန့်လိုက်ကြတယ်။ သူတို့က အမတဂိုဏ်းကို သစ္စာဖောက်ပြီး အမှောင်ထုလမ်းကိုလျှောက်သွားကြပြီ။
ရှုယီရဲ့ နဂိုရည်ရွယ်ချက်က ကျိုးရှုမင်ကို ဒုက္ခပေးဖို့။ သူမက လူတိုင်း သူ့ကိုသတ်ချင်အောင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူအဖြစ် ပြောင်းချင်ခဲ့တယ်။ အခုတော့ကံက ပြောင်းလဲသွားတာ ဘယ်သူသိမလဲ။ ကျိုးရှုမင်က ကွေ့ယီဂိုဏ်းထဲ အရည်အချင်းရှိပြီး နာမည်ကျော်တဲ့တပည့်အဖြစ် ကျန်ရစ်နေပြီး ရှုယီကတော့ လူတိုင်း သတ်ချင်နေသူဖြစ်လာတယ်။ သူမ သတိပြန်ဝင်လာရင် ဘယ်လိုများ တုံ့ပြန်လိုက်မလဲ။ အငြိုးအတေးစွမ်းအင်က ဆချီ မြင့်တက်သွားလောက်တယ်။
ကူယွဲ့ လက်ချောင်းတွေနဲ့ ရေတွက်လိုက်တယ်။ ရန်သူက အကြိမ်ကြိမ် သူ့ကိုယ်သူ လက်လျှော့ပစ်ရင် ထင်ထားတာထက် အဆုံးသတ်က မြန်မြန်ရောက်လာလောက်တယ်။
အင်း.. ရှုယီလောက် မြန်မြန်ကျရှုံးတဲ့ ကျူးကျော်သူ သူတစ်ခါမှ မမြင်ဖူးဘူး။ အတော်လေး တုံးအတဲ့ ဓားကျင့်ကြံသူကို သင်ပေးရတာကလွဲ ကူယွဲ့ နောက်မှာထိုင်နေပြီး ဒီတိုက်ပွဲ သူ့ဘာသာနိုင်တာကို ကြည့်နေရုံပဲ။
——————
ရှုယီနဲ့ ထျန်းကျီ ဂိုဏ်းထဲက ထွက်သွားပြီးတဲ့နောက် ဘယ်သူမှ သူတို့သတင်းကိုထပ်မကြားတော့ဘူး။ အခု စနစ်ဆီက နေ့စဉ် ကြေညာချက်တွေမကြားရတော့ သုံးယောက်သား နည်းနည်းပျင်းလာတယ်။ တကယ်တော့ ကူယွဲ့ ပျင်းလွန်းလို့ ရှန်းရင်ရယ် အုပ်ထိန်းသူစနစ်ရယ်နဲ့ ဂိမ်းပါတူတူဆော့နေပြီ။
တစ်ဖက်မှာတော့ ကျိုးရှုမင်က နေ့စဉ်နီးပါး သက်ပြင်းချနေလေရဲ့။ သူ့ကို အရင်က လမ်းညွှန်မှုအများကြီးပေးခဲ့တဲ့ ဆရာတူအစ်မရှုယီက နတ်ဆိုး တကယ်ပြောင်းသွားတာကို လက်ခံရခဲယဉ်းနေတဲ့ပုံ။ ဒါနဲ့ပတ်သက်ပြီး ကူယွဲ့ ပြောဖို့လိုတာဆိုလို့ "နှစ်ကျပ် လူသားတွေအနေနဲ့ ရှင်သန်နေထိုင်ဖို့ဆို မင်းမှာ... အိုင်ကျူ နည်းနည်းရှိဖို့လိုတယ် နားလည်ပြီလား"
ကျိုးရှုမင် ဒါကို အကြာကြီးစဉ်းစားပေမဲ့ ကူယွဲ့ ဘာကိုဆိုလိုလဲ နားမလည်သေးဘူး။ "ညီကိုကူယွဲ့ ခင်ဗျားက လေးနက်လွန်းနေပြီ" ကူယွဲ့ပြောနေတာ ဘာလဲနားမလည်ရင် ဘာလုပ်သင့်တုံး။
ကူယွဲ့ သက်ပြင်းချလိုက်တယ်။ သူ ကျိုးရှုမင်ကို ရှင်းပြဖို့ ပျင်းလွန်းသွားပြီ။ သူ တစ်ဖက်လှည့်ကာ ဓားအင်းကွက်ထဲ ကန်လိုက်ပြီး လေ့ကျင့်မှု ပြင်းထန်နှုန်းကို မြှင့်တင်လိုက်တယ်။ တကယ်လို့ အရင်က ကျိုးရှုမင်ကို နတ်ဆိုးတစ်ယောက်လို ဆက်ဆံခဲ့တယ်ဆိုရင် အခုတော့ ငရဲထဲပစ်ထည့်လိုက်သလိုပဲ။
ဟိုးအစတည်းက ရှုယီရဲ့ ပစ်မှတ်က ကျိုးရှုမင်ပဲ။ သူမက တစ်နေ့ကျ သူ့ဆီ လာရှာမှာ။ အခု သူမက နတ်ဆိုးတစ်ယောက် ဖြစ်နေပြီ။ သေမျိုးခန္ဓာကိုယ်ပဲဆိုပေမဲ့ အရင်ကထက် တိုက်ပွဲမှာ အများကြီး တိုးတက်လာတော့မယ်။ ဒါတောင် ကျိုးရှုမင်ကတော့ သေးနုပ်တဲ့ ရွှေအမြုတေကျင့်ကြံသူဖြစ်နေဆဲ။ သူမသာ သူ့ကိုလာရှာရင် သေချာပေါက် ရှုံးတော့မယ်။
တကယ်လို့ ဒါကို အခွင့်အရေးယူ ခုမလေ့ကျင့်ရင် ဘယ်တော့လေ့ကျင့်မတုံး။
…
အခန်း ၆၈၄ ။ ထျန်းယီတက်လှမ်း
ကူယွဲ့ ကျူးကျော်သူ ပြီးတော့ တာဝန်ရှိတဲ့ ကျူးကျော်သူတစ်ယောက်အနေနဲ့ ရှုယီက လုံးဝ သိုသိုသိပ်သိပ် မနေတတ်ဘူးလို့ ခံစားရတယ်။ သူတို့ သူ့သတင်းကို မကြားရသေးတာက ကိုယ်ထဲက နတ်ဆိုးချီကို ထိန်းချုပ်ဖို့ကြိုးစားနေတာကြောင့်သာ ဖြစ်လိမ့်မယ်။ မကြာခင် သူမက နောက်တစ်ကြိမ် ကိုယ်ထင်ပြလာမယ်ဆိုတာ ကူယွဲ့သိနေတယ်။
ဒါပေမဲ့ သူမ ဘာမှမလုပ်နိုင်ခင် နှစ်တချို့ ကုန်လွန်ကာ ထျန်းယီက အံ့အားသင့်စရာအောင်မြင်မှုတွေ ရခဲ့တယ်။ ထျန်းယီက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့် ရောက်နေပြီဖြစ်ပြီး ဆက်ပြီးတိုးတက်မှု မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ ကူယွဲ့က ဘာရယ်မဟုတ် အကြံတချို့ပေးရင်းနဲ့ ထျန်းယီကို လမ်းကြောင်းအသစ်တစ်ခု ပြလိုက်နိုင်တဲ့ပုံပဲ။ ထျန်းယီက ဆေးလုံးအညွှန်းတွေ ပြောင်းလဲတဲ့ဘက်ကို ဦးတည်သွားခဲ့တယ်။ ဖြစ်နိုင်တာ သူက ဒီအပိုင်းမှာ ပါရမီပါတယ်ထင်။ သူ နတ်ဆိုးဖြိုခွင်းဆေးလုံးအတွက် ဆေးညွှန်းကို ပြောင်းလဲနိုင်ခဲ့ရုံတင်မကဘူး တခြားအာကာသအဆင့် ဆေးညွှန်းတွေကိုပါ စတင်လေ့လာတော့တယ်။
အဲလိုနဲ့ သူက ကျင့်ကြံဆင့်အရ အကျိုးအမြတ်တွေ ဆွတ်ခူးရတော့မယ်။ တျန်းရှတောင်တစ်ခုလုံး အချိန်နဲ့အမျှ ဆေးလုံးအသစ်တွေ ရရလာတယ်။ မဟုတ်ရင်လည်း သူတို့ ပေါက်ကွဲသံတွေ ခဏခဏကြားရတယ်။ ဒါက ထျန်းယီကို ပိုပြီးစိတ်လှုပ်ရှားလာစေတယ်။ သူ့ ဆေးလုံးသန့်စင်တဲ့ စွမ်းရည်တွေက ရူးလောက်စရာအရှိန်နဲ့ တိုးတက်လာခဲ့တယ်။ သူက ဘယ်လိုပဲဖြစ်ဖြစ် ဆေးလုံးကျင့်ကြံသူလေ။ လေ့ကျင့်ခြင်းအပြင် ဆေးလုံးကျင့်ကြံသူတွေက ဆေးလုံးတွေသန့်စင်ရင်းနဲ့ ကျင့်ကြံဆင့် တိုးတက်နိုင်တယ်။ ထျန်းယီ ဆေးလုံးတွေသန့်စင်နေတဲ့ အရှိန်နှုန်းအရဆို သူ့တိုးတက်နှုန်းက ဒီလောက်ကြီးထွားနေတာ အံ့ဩစရာမရှိဘူး။
ဒါကြောင့် သူက မသေမျိုးဆီ တက်လှမ်းသွားခဲ့တယ်။
တစ်မနက်ခင်းမှာ ထျန်းယီ အာကာသအဆင့်ဆေးလုံးအိုးကို သန့်စင်နေချိန် ကောင်းကင်က ရုတ်တရက် မည်းနက်လာတယ်။ ကွေ့ယီဂိုဏ်းတပည့်တွေ တစ်ခါမှမမြင်ဖူးတဲ့ ကြီးမားတဲ့ မိုးကြိုးတစ်ခုက မြေပြင်ကို ရုတ်တရက် ပစ်မှန်လာတယ်။ နောက်တော့... မိုးကြိုးက ဝူတိဂိုဏ်းကိုရှောင်ကာ တျန်းရှတောင်ဆီ တန်းတန်းမတ်မတ် ဦးတည်တော့တယ်။ ပေါက်ကွဲသံကျယ်ကြီး ကြားလိုက်ရပြီး ထျန်းယီပတ်လည်က အဆောင်တွေအားလုံး မုန့်မုန့်ညက်ညက်ကြေကုန်လေရဲ့။
ဘယ်သူမှမတုံ့ပြန်နိုင်ခင် ကြီးမားတဲ့ အကာအကွယ်တောင်အင်းကွက်က ဂိုဏ်းကိုလွှမ်းခြုံသွားတယ်။ ဒါပေမဲ့ ဒါက ကောင်းကင်ရဲ့ ကြောက်ခမန်းလိလိ အစွမ်းကိုတော့ မခုခံနိုင်ဘူး။ ဂိုဏ်းချုပ်ယွီလွမ်က အသည်းအသန် ပင်မတောင်ထွတ်ကနေ ပျံသန်းလာတော့ အချိန်ကိုက် ကြောက်ခမန်းလိလိ ထူထဲတဲ့ မိုးကြိုးနောက်တစ်ခုကို တွေ့လိုက်ရတယ်။ နောက်တော့ ကောင်းကင်က မည်းနက်နေတာ သတိထားမိသွားတယ်။
"ဒါ... ဖြစ်နိုင်တာက..." ယွီလွမ် သူ့မျက်လုံးကိုတောင် သူမယုံရဲ။
"အမတတက်လှမ်းမှု ဝဋ်ကြွေးချေခြင်းပဲ" ယိချင်းနဲ့ကူယွဲ့ အတည်ပြုလိုက်တယ်။ သူတို့လည်း မိုးကြိုးတွေကို ကြည့်ဖို့ အချိန်ကိုက်ရောက်လာတာ။
"အမတတက်လှမ်းမှု" ယွီလွမ်က အံ့ဩတကြီးရေရွတ်တယ်။ သူက နည်းနည်း ဇဝေဇဝါဖြစ်နေတဲ့ပုံ။
"မသေမျိုးဆီတက်လှမ်းတဲ့သူက... ဆရာဦးလေးထျန်းယီလား" ယွီလွမ် ထိတ်လန့်နေပေမဲ့ သူ့ကိုယ်က လေထဲပြည့်လာတဲ့ဖိအားကို မခံနိုင်တော့ဘူး။ သူ့ခြေထောက်တွေက ပျော့ခွေလာတယ်။ ကောင်းကင်က ဒီအရှိန်အဝါကြောင့် တစ်မိနစ်တောင် မရပ်နိုင်တော့သလိုမျိုးနီးပါးပဲ။
ထျန်းယီရဲ့ ဝဋ်ကြွေးချေခြင်းက ဖြစ်တာ အရမ်းကိုမြန်ဆန်နေတယ်။ ပြီးတော့ ဒါက မနက်ပိုင်းကြီး။ နေတောင် အပြည့်အဝ မထွက်သေး။ အဲဒါကြောင့် ဒါလာနေပြီဆိုတာ ဘယ်သူမှမသိလိုက်တာ။ ကူယွဲ့ ပွဲကြည့်သူတွေ လွှမ်းမိုးခံရမှာကို ကာကွယ်ဖို့ ဂါထာတစ်ခု အလိုလိုဖန်တီးလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အမတတက်လှမ်းမှုဝဋ်ကြွေးချေမိုးကြိုးလေ။ သူ စားဖိုမှူးဘက် လှည့်လိုက်တယ်။ "မင်း လုပ်သင့်တာ"
ယိချင်းက သူ့ကို အူကြောင်ကြောင် စိုက်ကြည့်တယ်။ ဘာလို့တုံး။
"မင်း ပြင်ပေးရင် ပိုဘေးကင်းတယ်လေ" သူက ထပ်ပြောလိုက်တယ်။ ယိချင်းက ဘယ်လိုပဲဖြစ်ဖြစ် ဝဋ်ကြွေးချေခြင်းရဲ့ ဆရာကြီးပဲ။ မိုးကြိုးက အမည်မဲ့တောင်ကို ရှောင်သွားတာ မတွေ့လိုက်ဘူးလား။
ယိချင်း အမူအရာက မည်းမှောင်သွားပေမဲဘ တစ်ဖက်လှည့်ကာ အင်းကွက်တော့ ပြင်ပေးလိုက်သေးတယ်။ တစ်ခဏနေတော့ အဖြူရောင်အင်းကွက်တစ်ခုက တျန်းရှတောင်ပတ်လည် အကာအကွယ်တောင်အင်းကွက်အပြင်မှာ ပေါ်လာတယ်။ အင်းကွက်ထိပ်မှာတော့ မိုးကြိုးတွေ ဆင်းလာဖို့ အပေါက်၂ခုထားထားပေးထားတယ်။
ယွီလွမ်လည်း တစ်ချိန်တည်းမှာ တုံ့ပြန်တယ်။ သူက တျန်းရှတောင်ရဲ့တပည့်တွေ တောင်ကနေ ထွက်ပြေးဖို့ အမြန်စီစဉ်လိုက်တယ်။ ဒီလိုလုပ်နေရင်း တခြားတပည့်တွေကိုက အဝေးမှာ နေခိုင်းထားလိုက်တယ်။ ဒါက အမတတက်လှမ်းမှု ဝဋ်ကြွေးချေခြင်းပဲ။ တခြားတပည့်တွေ ဖြတ်သန်းရတာမျိုး မဟုတ်ဘူး။ မိုးကြိုးတစ်ချက် တောင်ကိုထိမှန်တာကြည့်ရုံနဲ့တင် တပည့်တွေရဲ့ ကျင့်ကြံဆင့်က အရှိန်အဟုန်ကြောင့် တန့်သွားနိုင်တယ်။ ခုဆင်းလာတဲ့ မိုးကြိုးဆို စိတ်နတ်ဆိုးဝဋ်ကြွေးချေခြင်းပဲ။ နောက်လိုက်လာတဲ့ မိုးကြိုးတွေက ပိုပြီးတော့တောင် ကြောက်ဖို့ကောင်းဦးမှာ။
နှစ်ယောက်သား လှုပ်ရှားတာ အရမ်းမြန်လွန်းတယ်။ ယိချင်း အင်းကွက်ကို ပြင်ဆင်ပြီးတာနဲ့ ယွီလွမ်က တပည့်တွေအားလုံးကို အဝေးသွားခိုင်းတာ ပြီးလုနီးပါးဖြစ်နေပြီ။ အဲချိန် ထျန်းယီက ပထမအဆင့်ကို အောင်မြင်လုနီးပါးဖြစ်နေတယ်။ ဆက်လိုက်လာတဲ့ မိုးကြိုးတွေက ကျယ်လောင်စွာ ဆင်းသက်လာကာ ကွေ့ယီဂိုဏ်းတစ်ခုလုံးကို စွတ်စွတ်ဖြူနေစေတယ်။ တျန်းရှတောင်တစ်ခုလုံး သူတို့မျက်စိရှေ့မှာတင် ဒီဝဋ်ကြွေးချေခြင်းကြောင့် ပြာမှုန့်အဖြစ် ပြောင်းနေတယ်။ အချက်၂၀အပြီးမှာ တောင်က ပုံမှန်အမြင့်ရဲ့တစ်ဝက်သာ ရှိတော့တယ်။
အံ့ဩစရာကောင်းတာက ဒီမိုးကြိုးတွေက ဘယ်လောက်ပြင်းပြင်း တျန်းရှတောင်အပြင်ဆီ တစ်စင်တီမီတာတောင် မထိခိုက်စေတာပဲ။ မြားပစ်သမားတစ်ယောက်က ဒါကိုတာဝန်ယူလုပ်နေသလိုမျိုး။ မိုးကြိုးအချက်တိုင်းက ထျန်းယီခေါင်းတည့်တည့်ပေါ် မှန်မှန်ကန်ကန် ထိမှန်နေတယ်။
တောင်ထွတ်အလယ်မှာ ထိုင်နေတဲ့ ထျန်းယီက အရှိန်ကို ခုခံဖို့ အားကုန်သုံးနေရတယ်။ သူ မိုးကြိုးဝဋ်ကြွေးချေခြင်းက လာနေပြီဆိုတာ စိတ်ထဲခံစားမိပြီး သူ့ကိုယ်ထဲ ဝိညာဉ်ချီစုဝေးဖို့ အပြင်းအထန် လေ့ကျင့်ခဲ့ပေမဲ့ ဝဋ်ကြွေးချေခြင်းက ဘယ်ချိန် အတိအကျလာမလဲတော့မသိဘူး။ အမတတက်လှမ်းမှု ဝဋ်ကြွေးချေခြင်းက တကယ်ပဲ သူထင်ထားသလို မဟုတ်ဘူးပဲ။
ဝဋ်ကြွေးချေမိုးကြိုးထဲက မိုးကြိုးတစ်ချက်ခြင်းစီက သူ့ကိုယ်ကို တစ်စစီဖြိုခွဲဖို့ ခြိမ်းခြောက်နေတယ်။ သူက အရိုးကွဲကြေပြီး ဝိညာဉ်ပြိုကွဲတဲ့ နာကျင်မှုကို တောင့်ခံနေရပေမဲ့ လုပ်နိုင်တာဆိုလို့ မိုးကြိုးအချက်တွေကြား ဒဏ်ရာတွေကိုကုသဖို့ ပတ်လည်က ဝိညာဉ်ချီကို အကောင်းဆုံး စုဝေးနေရတယ်။ သူ နေရာမှာတင် အရိုးတွေကို ပြောင်းလဲနေသလိုပဲ။
ဒါပေမဲ့ အဲဒါက တကယ် သူလုပ်နေရတဲ့ အရာပဲ။ အမတတက်လှမ်းမှု ဝဋ်ကြွေးချေခြင်းဆိုတာက မသေမျိုးတက်လှမ်းချိန် သေမျိုးတွေကို သူတို့ရဲ့ သေမျိုးခန္ဓာကိုယ် ဖယ်ရှားပြီး အမတကိုယ်တွေ ဖန်တီးရာမှာ ကူညီပေးဖို့ပဲ။ သေမျိုးတွေ လုပ်နိုင်တာဆိုလို့ ဝဋ်ကြေဠးချေခြင်းမှာ တောင့်ခံဖို့ပဲရှိတယ်။ ထျန်းယီက ခုဆို သွေးအလိမ်းလိမ်းလူးပြီး အံကြိတ်ကာ အသက်ကို အားတင်းထားနေရတယ်။ ကူယွဲ့နဲ့ ယိချင်းတို့ သူ့ကိုယ်ထဲ အမတအရိုးတွေ ဖြစ်ပေါ်လာပြီဆိုတာကို ဝိုးတဝါး အာရုံခံမိတာပေါ့။
နောက်ဆုံး မိုးကြိုးက ပစ်လာတယ်။ ထျန်းယီ သူ့ကိုယ်ထဲက ကျန်ရစ်တဲ့ ဝိညာဉ်ချီအားလုံးကိုသုံးကာ ဒီမိုးကြိုးအရှိန်ကို စုပ်ယူလိုက်ရတယ်။ လူတိုင်းကို အသက်ရှူရကျပ်စေခဲ့တဲ့ ဖိနှိပ်မှုဝိညာဉ်စွမ်းအင်တွေက ချက်ချင်း မသေမျိုးချီအဖြစ် စုစည်းသွားကာ ထျန်းယီကိုယ်ထဲ စိမ့်ဝင်သွားပြီး သူ့မသေမျိုးအရိုးတွေ ဖွဲ့စည်းရာမှာ ကူညီပေးလေတယ်။ သူ့ဒဏ်ရာတွေက ပျောက်ကင်းစပြုလာပြီ။
စောနက သွေးအလိမ်းလိမ်းဖြစ်နေသူက သူတို့မျက်စိရှေ့တင် နဂိုရုပ်သွင်ပြန်ရလာတယ်။ သူ့ကိုယ်က ထွက်နေတဲ့ ဖိနှိပ်မှုအရှိန်အဝါကတောင် ကွဲပြားပုံပေါ်နေပြီ။ အဲတော့မှ ထျန်းယီ နောက်ဆုံးတော့ သက်ပြင်းချလိုက်တယ်။ သူ ဝဋ်ကြွေးချေမိုးကြိုးကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ပြီဆိုတာ နားလည်စပြုလာတယ်။
တစ်ချိန်တည်းမှာတင် ရွှေရောင်အလင်းတန်းတစ်ခုက တိမ်မည်းတွေကြားက လင်းလက်လာပြီး သူ့ကိုယ်ပေါ် ဆင်းသက်လာတယ်။ သူနဂိုက ရင်းနှီးခဲ့တဲ့ကမ္ဘာက ခုတော့ စိမ်းသက်စပြုလာပြီ။ အရင်ကမ္ဘာက သူ့တည်ရှိမှုကို ငြင်းဆန်နေသလိုပဲ။ သူ့ကိုယ်က ပေါ့ပါးလာပြီး တိမ်ထုတွေထဲ မျောလွင့်စပြုလာတယ်။
"အောင်မြင်သွားပြီ ဆရာဦးလေးထျန်းယီ မသေမျိုးဆီ တက်လှမ်းသွားပြီ" ယွီလွမ်က ပျော်ရွှင်မှုနဲ့ အော်ဟစ်ပြီး ခံစားချက်တွေ များပြားနေရှာတယ်။
"ဒီနေရာက မသေမျိုးတက်လှမ်းတဲ့လူမရှိတာ နှစ်သိန်းချီကြာနေပြီ၊ ပထမဆုံးလုပ်နိုင်မဲ့သူ ဆရာဦးလေးထျန်းယီဖြစ်မယ် မထင်ခဲ့ဘူး ကောင်းလိုက်တာ"
တခြားတပည့်တွေက အန္တရာယ်လွန်သွားပြီဆိုတာ သဘောပေါက်သွားတော့ တစ်ယောက်ပြီး တစ်ယောက် ရွှေရောင်အလင်းတန်းကို ကြည့်ဖို့ ထွက်လာကြပြီး ဂုဏ်ပြုကြတော့တယ်။
ထျန်းယီ ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းရဲ့ အရင်းအမြစ်ဆီ လွင့်တက်သွားတယ်။ သူ့တစ်ကိုယ်လုံးက ကွဲပြားနေပြီ။ သူ့ကိုယ်မှာ မသေမျိုးချီက အဖြူရောင်တောက်ပနေတယ်။ အထက်ဘုံဆီ ရောက်ခါနီးမှာ သူက တစ်စုံတစ်ခုကို သတိရသွားပုံ။ သူ့ခန္ဓာကိုယ်က ရပ်တန့်သွားပြီး နောက်ပြန်ဆင်းဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူ့မသေမျိုးချီကို ဘယ်လိုထိန်းချုပ်ရလဲကို မသိသေးတာမို့ ချောချောမွေ့မွေ့ မဆင်းနိုင်။ အဲဒီအစား မြေနဲ့နည်းနည်း နီးလာဖို့အတွက် ဘဲတစ်ကောင်လို လက်နှစ်ဖက်ကို တဖျတ်ဖျတ် ခတ်နေရတော့တယ်။ ဒါတောင် သူ ရွှေရောင်အလင်းတန်းကနေ ရုန်းထွက်နိုင်တဲ့ပုံ မပေါ်။ "ညီကိုကူယွဲ့ ညီကိုကူယွဲ့ မင်းရှိလား"
ရပ်နေတဲ့တပည့်တွေအားလုံး ရုတ်တရက် မလှုပ်ရှားတော့ဘဲ ကူယွဲ့ကို လှည့်ကြည့်တယ်။
ထျန်းယီက ဆက်အော်နေပြီး အားကုန် လက်ယမ်းပြနေတယ်။ "ညီကိုကူယွဲ့ မြန်မြန် ဒီနေရာဆီ မြန်မြန်လာခဲ့ပါ ပြောစရာရှိတယ်"
ကူယွဲ့ ။ ။ "..."
ချီး မင်းက ဘာလို့ငါ့ကိုခေါ်နေတာတုံး။ ငါက မင်းတပည့်တောင် မဟုတ်ဘူး။
( ̄△̄;)
…