← Chapters

အခန်း (၆၈၈-၆၉၀)

Vol. 46 Ch. 688-690

အခန်း (၆၈၈-၆၉၀)

Vol. 46 Ch. 688-690

အခန်း ၆၈၈ ။ နတ်ဆိုး အရင်းအမြစ် ပြောင်းလဲခြင်း

"ဆရာဦးလေးယိချင်း" ယွီလွမ်က အသည်းအသန် လှမ်းခေါ်တယ်။ ရှုယီရဲ့ သူတို့ကို တစ်ယောက်နဲ့ တစ်ယောက် ရန်တိုက်ပေးတဲ့ အကြံကို မြင်တာမို့။

"သူ့ပြောတာကိုနားမထောင်ပါနဲ့၊ သူက ကျွန်တော်တို့ကြား အချင်းများအောင် တမင်သက်သက် လုပ်နေတာ၊ သူ့လှည့်ကွက်တွေထဲ မရောက်ပါနဲ့!"

"ငါ တမင်လုပ်တော့ရော ဘာဖြစ်လဲ"

ရှုယီက မကြောက်သလို ပြုံးတယ်။ သူမက လက်ကောက်ဝတ်ကို လှည့်လိုက်တော့ လက်ထဲ ဓားနက်တစ်ချောင်းပေါ်လာတယ်။ သူမက ရှန်းရင် လည်ပင်းမှာတေ့ကာ မေးတယ်။

"နင်တို့မျက်စိရှေ့မှာတင် သူ့ကိုတကယ်သေစေချင်နေတာလား" သူမက ဓားကို ရှန်းရင် လည်ပင်းထဲ စတင် ထိုးသွင်းဖို့ပြင်တယ်။

"ရပ်လိုက်" ကျိုးရှုမင် မျက်နှာက အရောင်မရှိတော့ဘူး။ သူက အသည်းအသန် စကားပြောတယ်။

"မိန်းကလေးရှန်းကို ဒုက္ခမပေးနဲ့၊ မင်းလိုချင်တာ ငါမဟုတ်လား၊ ငါ့ကိုပဲလုပ်၊ ဘာလို့ အပြစ်ကင်းတဲ့ သူတွေရဲ့ အသက်ကို ထိခိုက်အောင်လုပ်နေတာလဲ"

ယွီလွမ်က သူ့ကို ဇဝေဇဝါကြည့်လာတယ်။။ ဒါပေမဲ့ ကျိုးနှစ်ကျပ်ကတော့ ရှေ့တစ်လှမ်းတိုးကာ ဆက်ပြောတယ်။ "မိန်းကလေးရှန်းနဲ့ ငါ့ကို နေရာလဲလိုက်၊ ငါက မင်းကို တောင့်ခံနိုင်မှာမဟုတ်ဘူးလေ"

"ဆရာတူလေးကျိုး" ယွီလွမ်နဲ့ တခြားနတ်ဝိညာဉ်ပြီးပြည့်စုံခြင်းအဆင့်ဆရာသခင်တွေက လှမ်းခေါ်ကာ သိသိသာသာ ဝေခွဲမရဖြစ်နေကြတယ်။

"ဟမ့် ငါက နင့်အသက် လိုချင်ရုံတင်မကဘူးလေ" ရှုယီက ကျိုးရှုမင်ရဲ့ အကြံပြုချက်ကို စဉ်းတောင်မစဉ်းစား။ အဲအစား သူမက တစ်အုပ်လုံးကို အေးစက်စက် ဝေ့ကြည့်လိုက်တယ်။ သူမအမူအရာက ရုတ်တရက် ခက်ထန်သွားတယ်။ "ငါက ကွေ့ယီဂိုဏ်းထဲက လူအားလုံးရဲ့အသက်ကို လိုချင်တာ!"

"မင်း..." ယွီလွမ့်ရဲ့ အမူအရာကလည်း ပြောင်းလဲသွားတယ်။ ဒါပေမဲ့ သူ သူတို့အားလုံးကိုကယ်ဖို့ နည်းလမ်းကို ဘာမှစဉ်းစားမရ။ သူ သူ့ဘေးက လူဘက်ကို လှည့်ရတော့တယ်။

"ဆရာဦးလေးယိချင်း" သူက ဆရာဦးလေးပဲဟာ။ သူ လှည့်လိုက်တော့ ယိချင်းနဲ့ ကူယွဲ့က တခြားသူတွေလို လောမနေတာ မြင်လိုက်ရတယ်။ အဲအစား သူတို့က... တည်ငြိမ်လွန်းနေတာ။ ဖြစ်နိုင်တာ သူတို့ ဖုံးကွယ်ထားတာများလား။ သူတို့မျက်နှာပေါ် စိတ်လှုပ်ရှားတဲ့ အရိပ်အယောင် တစ်စက်မှမရှိ။ ယွီလွမ် တစ်ခုခု ထပ်ပြောမို့ရှိသေး ရှုယီက စိတ်မရှည်ဖြစ်လာတယ်။ သူမက ထပ်ခြိမ်းခြောက်ပြန်တယ်။

"တကယ်လို့ နင်တို့ ခုမလှုပ်ရှားရင် ငါ သူ့ကို ချက်ချင်းသတ်ပစ်တော့မှာ"

"ဟီးဟီး"

ကူယွဲ့က ခပ်တိုးတိုး ရေရွတ်လိုက်တယ်။ "စောင့်မနေနဲ့တော့၊ သူ့ကိုသတ်လိုက်ချေ"။ တကယ်ပဲ သတ်နိုင်လား စောင့်ကြည့်နေလိုက်ပေါ့။

ဟမ်။

ကျိုးရှုမင် ။ ။ "..."

ယွီလွမ် ။ ။ "..."

အားလုံး ။ ။ "..."

သူတို့တွေက အရမ်းရင်းနှီးတဲ့ပုံပေါက်ရမှာမလား။ ဘာလို့အဲလိုပုံလုံးဝမပေါ်တာတုံး။ ရှုယီတောင် မှင်တက်သွားတယ်။ တစ်စက္ကန့်နေတော့ သူက ပိုဒေါသထွက်လာပါလေရော။ သူမက သစ္စာမရှိပုံပေါ်တဲ့ နှစ်ယောက်ကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။ "ငါ မလုပ်ရဲဘူးထင်နေတာလား" သူမက လက်ထဲက ဓားကို တင်းတင်းဆုပ်ကိုင်ပြီး ရှန်းရင်လည်ပင်းထဲ ပိုပြီးဖိနှိပ်လိုက်တယ်။ သွေးထွက်လုနီးပါးဖြစ်နေပြီ။

ကျိုးရှုမင် ။ ။ "ဟင့်အင်း"

လူအုပ်ကြီး ။ ။ "မင်း အဲလိုလုပ်လို့မရဘူး"

အားလုံးရဲ့ မျက်နှာတွေက သွေးဆုတ်ဖြူဖပ်သွားကြပြီး ပြိုင်တူ အော်ဟစ်လိုက်ကြတယ်။

ရှန်းရင်ကတော့ နောက်ဆုံးမှာ သစ်သီးစားနေတာကို ရပ်လိုက်တယ်။ သူမက ဓားကို ငုံ့ကြည့်ပြီး မျက်လုံးလှန်လိုက်တယ်။ အင်း... လေထုအခြေအနေက တော်တော်လေး တင်းမာနေတာပဲ။ သူမအနေနဲ့ ရေလိုက်ငါးလိုက် နေပေးရမယ်။ ဒါကြောင့် သူမပါးစပ်ဟပြီး ခံစားချက်မပါဘဲ ပြောလိုက်တော့တယ်။

"အာ... ကြောက်စရာကြီး... ငါ့ကို ကယ်ကြပါဦး" စာအုပ်ထဲက စာတွေကို အလွတ်ရွတ်နေသလိုပါပဲ။

ကူယွဲ့က နှုတ်ခမ်းကို စေ့လိုက်မိတယ်။ သူက အရာအားလုံးကို အဆုံးသတ်ပစ်ဖို့ ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ခါနီး ဖြစ်သွားတယ်။

"အာရာရာ... ဖေဖေနျို... ငါအရမ်းကြောက်နေပြီ။ ငါ့ကို ရွေးဖို့ ဒေါ်လာ တစ်ဘီလီယံလောက် မြန်မြန်ပြင်ဆင်ထားလိုက်တော့"

ကူယွဲ့။ ။ "..." တကယ့် ဦးနှောက်မရှိတာ။

ယိချင်း။ ။ "..." အာ... သူတစ်ခုခု လုပ်သင့်လား၊ မလုပ်သင့်ဘူးလား။ ဒါက ခက်ခဲလိုက်တာ... ဆရာရေ ကယ်ပါဦး။

"ဖေဖေနျို..."

"တိတ်စမ်း" ငါ့ကို မျက်စိကန်းနေတယ် ထင်နေလား။ ဓားက မင်းလည်ပင်းမှာ ကွေးတောင်ကွေးနေပြီ ဟုတ်ပြီလား။ အကူအညီတောင်းတဲ့အချိန် နည်းနည်းလောက် ပိုပြီး ဟန်ပါပါ လုပ်လို့မရဘူးလား။ အနည်းဆုံးတော့ စိတ်လှုပ်ရှားတဲ့ပုံစံလေး လုပ်ပြပါဦး။ မန္တန်ရွတ်နေတယ်လို့ ထင်နေလား။ ပြီးတော့... မုန့်ဖိုးပိုရမယ်လို့တော့ စိတ်ကူးမယဉ်နဲ့။

凸(艹皿艹)

"ဒါက..." ယွီလွမ်က သူတို့သုံးယောက်လုံးကို ဝေ့ကြည့်လိုက်တယ်။ အကြောင်းအရင်းတစ်စုံတစ်ရာကြောင့် တစ်ခုခုလွဲနေသလို သူခံစားလိုက်ရတယ်။ "ညီနောင်ကူယွဲ့... ယိချင်း..."

"ဂိုဏ်းချုပ်" ကူယွဲ့က မျက်မှောင်ကြုတ်ပြီး ရှေ့တစ်လှမ်းတိုးလိုက်တယ်။

"ခင်ဗျား တောင်ပေါ်ပြန်တက်ပြီး ထျန်းကျီကို စောင့်ကြည့်နေတာ ပိုကောင်းမယ်ထင်တယ်။ အဲဒီမှာ မိစ္ဆာကျင့်ကြံသူတွေ အများကြီး ရှိနေသေးတယ်။ ရုတ်တရက် တိုက်ခိုက်လာမှာကို ကာကွယ်ရမယ်"

"ဟမ်... အာ!" ယွီလွမ်က တွန့်ဆုတ်သွားပြီး ရှုယီကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ပြီးတော့မှ ဒီတစ်ချိန်လုံး စကားမပြောဘဲနေတဲ့ ယိချင်းဘက်ကို လှည့်လိုက်တယ်။ "ဒါပေမဲ့ ဒီအခြေအနေကြီးက..." သူတို့က တကယ်ပဲ အကူအညီမလိုတာလား။

"မပူပါနဲ့... အဆင်ပြေသွားမှာပါ။ ဒါ့အပြင်..." သူက ကောင်းကင်ကို မော့ကြည့်ပြီး အသံကို အနည်းငယ်မြှင့်လိုက်တယ်။

"နေ့လယ်စာစားချိန် နီးနေပြီလေ"

နေ့လယ်စာ!

(⊙_⊙)

သရုပ်ဆောင်ကောင်းနေတဲ့ ရှန်းရင်က ရုတ်တရက် တောင့်သွားတယ်။ သူမမျက်နှာထားက မည်းမှောင်သွားပြီး လှမ်းအော်လိုက်တော့တယ်။ "စားဖိုမှူး" ဒီတစ်ကြိမ် အသံက အရင်ကထက် ခံစားချက်ပိုပါလာတယ်။

"ရှိပါတယ် ဆရာ" ယိချင်းက ခေါင်းညိတ်လိုက်တယ်။ သူက တစ်စက္ကန့်လေးတောင် မတုံ့ဆိုင်းဘဲ မီးဖိုချောင်ထဲကို ပြေးဝင်သွားတော့တယ်။ အခြေအနေကို လုံး၀ စိတ်မပူတဲ့ပုံပဲ။ မကြာခင်မှာပဲ အိုးခွက်ပန်းကန်တွေ တိုက်မိသံ ထွက်လာတယ်။ သူ ဟင်းချက်နေပြီ။ အဲဒီအချိန်မှာတောင် ရှန်းရင်က စကားတစ်ခွန်း ဖြည့်ပြောဖို့ မမေ့သေးဘူး။

"နေ့လယ်ကျရင် ငါးချက်ပေး... ငါးကင်စားချင်တာ"

"ဟုတ်ကဲ့ပါ ဆရာ... ပြဿနာမရှိပါဘူး ဆရာ"

ကျိုးရှုမင်။ ။ "..."

ရှုယီ။ ။ "..."

အားလုံး။ ။ "..."

ဟမ်?

ဘာတွေဖြစ်ကုန်တာလဲ။ သူတို့က သူမကို ကယ်ဖို့ အရင်ဆုံး စိတ်ပူရမှာ မဟုတ်ဘူးလား။ ဘာလို့ ယိချင်းက ဒီအချိန်ကြီးမှာ ဟင်းသွားချက်နေရတာလဲ။

Σ(°△°|||)

"နင်တို့ငါ့ကို ကစားနေတာလား" ရှုယီက မေးလိုက်တယ်။ သူမမျက်နှာထားက ရှုံ့တွသွားပြီး ခန္ဓာကိုယ်ပတ်လည်က မိစ္ဆာချီစွမ်းအင်တွေ လှိုင်းထန်လာပြီ။ သူမက ကျိုးရှုမင်ကို ဖမ်းဆွဲဖို့ လှည့်လိုက်တယ်။ မိစ္ဆာချီစွမ်းအင်တစ်ခုက သူ့ဆီ တိုးဝင်သွားတယ်။ ကျိုးရှုမင် ထိမှန်တော့မဲ့ဆဲဆဲမှာပဲ။

ကူယွဲ့မျက်နှာထား မည်းမှောင်သွားပြီး သူ့နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ကာ ဓားကို မြှောက်လိုက်တယ်။ ရုတ်တရက် ဓားချီစွမ်းအင်တစ်ခုက မိစ္ဆာချီစွမ်းအင်ကို တားဆီးဖို့ ပြေးထွက်သွားတယ်။ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာတယ်။ မည်းနက်တဲ့ မိစ္ဆာချီတွေ ချက်ချင်း ပျောက်ကွယ်သွားတယ်။ ဓားချီစွမ်းအင်က ရှုယီဆီကို ဆက်လက် တိုးဝင်သွားတယ်။

ရှုယီက ဓားချီစွမ်းအင်ရဲ့ ပြင်းအားကို ခုခံဖို့ လုံး၀ ပြင်ဆင်မထားဘူး။ သူမကို ထိမှန်သွားတဲ့အခါ ရှန်းရင်ကိုပါ ဆွဲပြီး နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရတယ်။ သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းပြီးနောက် ကူယွဲ့ကို မယုံကြည်နိုင်စွာ မော့ကြည့်လိုက်တယ်။ "နင်... နင်ကလည်း ဝိညာဉ်ဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူပဲလား"

ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူ ဆက်ဟန်ဆောင်နေဖို့ ပျင်းနေပြီ။ သူက သူ့ကျင့်ကြံခြင်းအဆင့်ကို ဝိညာဉ်ဖြစ်တည်ခြင်းအဆင့်ဆီ အမြန်ပြောင်းလိုက်ပြီး ကြီးမားတဲ့ ဖိအားနဲ့ ရှုယီကို ဖိနှိပ်လိုက်တယ်။

ကျိုးရှုမင်နဲ့ ယွီလွမ်တို့ ကြက်သေသေကုန်ကြတယ်။ သူတို့နှစ်ယောက်လုံး ကူယွဲ့ဆီ ပြိုင်တူ လှည့်ကြည့်လိုက်ကြတယ်။

"ညီ... ညီနောင်ကူယွဲ့" ကျိုးရှုမင်က သူ့ကို ကြောင်ငေးကြည့်နေတယ်။ သူစိတ်တည်ငြိမ်သွားဖို့ အချိန်အတော်ကြာ ယူလိုက်ရတယ်။ သူ ချီသန့်စင်ခြင်း၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း နဲ့ ရွှေအမြုတေအဆင့်ကို ကျော်ဖြတ်ပြီးတာတောင် ကူယွဲ့ကို မယှဉ်နိုင်သေးတာ အံ့သြစရာ မဟုတ်တော့ဘူး။ သူ လေ့ကျင့်တဲ့ အချိန်တိုင်း ကူယွဲ့ခြေရင်းမှာ အမြဲရှုံးနိမ့်ခဲ့ရတာကိုး။ ဒါက ညီနောင်ကူယွဲ့မှာ ဝိညာဉ်ဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေလို့ပဲ။

အဲဒီတော့မှ ယွီလွမ်လည်း နားလည်သွားတော့တယ်။ ဆရာဦးလေးထျန်းယီက ဒီအခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် တပည့်ကို ဘာလို့ ဒီလောက် မျက်နှာသာပေးလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး။ ဆရာဦးလေးထျန်းယီက ဒီကိစ္စကို အစောတည်းက သိနေခဲ့တာများလား။

"နင် ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာပဲ။ နင် တကယ် ယုတ်မာတာပဲ" ရှုယီက ကူယွဲ့ကို စိုက်ကြည့်လိုက်ပြီး သူမအကြည့်တွေထဲမှာ အမုန်းတရားတွေ ပြည့်နှက်နေတယ်။ သူက ကျိုးရှုမင်ဘေးနားမှာ ပုန်းအောင်းနေခဲ့တာ။ ဒါကြောင့် သူမ အစီအစဉ်အားလုံး အဆုံးသတ်မှာ ပျက်စီးခဲ့ရတာ။ သူမ တွေးလေလေ၊ ရင်ထဲမှာ အမုန်းတရားတွေ ပိုများလာလေပဲ။ တစ်စုံတစ်ခုကို ပြန်သတိရသွားသလို သူမမျက်လုံးတွေ ချက်ချင်း နီရဲလာပြီး ခန္ဓာကိုယ်ထဲက မိစ္ဆာချီစွမ်းအင်တွေ ပိုအားကောင်းလာတယ်။ သူမက အခုအချိန်မှာ သစ်သီး ပြန်စားနေပြီဖြစ်တဲ့ ရှန်းရင်ကို ကြည့်လိုက်တယ်။ သူမက လှောင်ပြုံးပြုံးပြီး ပြောလိုက်တယ်။

"နင်က နောက်ဆုံးတော့ သာမန်လူသားတစ်ယောက်ပဲ၊ ဒါကြောင့် ဘယ်ဂိုဏ်းနဲ့မှ မသက်ဆိုင်တာပေါ့။ ဒါပေမဲ့ ယိချင်းမရှိရင်တောင် ငါက ကွေ့ယီဂိုဏ်းကို ဖျက်ဆီးပစ်မှာ"

ယွီလွမ်က ရှုယီစကားထဲက ဖုံးကွယ်ထားတဲ့ အဓိပ္ပာယ်ကို ကြားလိုက်ရတယ်။ သူ ရင်ဘတ်ထဲ ကျပ်တည်းသွားပြီး မေးလိုက်တယ်။ "ဘာကိုဆိုလိုတာလဲ"

ရှုယီက ပြုံးလိုက်ပြီး ပြန်ဖြေတယ်။ "ငါ ဒီနှစ်တွေအကုန်လုံး ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ရှိနေတုန်း မိစ္ဆာဂိုဏ်းအသီးသီးကို ပေါင်းစည်းတာကလွဲပြီး ဘာမှမလုပ်ဘဲ နေတယ်လို့ ထင်နေတာလား"

ကျိုးရှုမင်ရဲ့ မျက်နှာက ဖြူဖပ်သွားတယ်။ "မင်းမှာ ဘာဝှက်ဖဲတွေ ရှိနေသေးတာလဲ"

ရှုယီရဲ့ ခန္ဓာကိုယ်ပတ်လည်က မိစ္ဆာချီစွမ်းအင်တွေ ရုတ်တရက် ပေါက်ကွဲထွက်လာတယ်။ သူမက မိစ္ဆာချီစွမ်းအင်တွေ လွှမ်းခြုံတာ ခံလိုက်ရပြီး ဘယ်သူမှ သူမပုံရိပ်ကို မမြင်ရတော့ဘူး။ ကောင်းကင်ကြီးက ချက်ချင်း မည်းမှောင်သွားတယ်။ မီးခိုးရောင် တိမ်တိုက်တွေက အမည်မဲ့တောင်ဆီ တိုက်ခတ်လာပြီး မြေပြင်တစ်ခုလုံး စတင် တုန်ခါလာတယ်။ မြေပြင်အနှံ့က ဝိညာဉ်ဆေးပင်တွေဆိုတာ သူတို့မျက်စိရှေ့မှာတင် ညှိုးနွမ်းကုန်ကြတယ်။ တောင်တစ်ခုလုံး အညိုရောင် ပြောင်းသွားတယ်။

ကြီးမားတဲ့အရာတစ်ခုက မြေကြီးအောက်ကနေ ဖောက်ထွက်ဖို့ ကြိုးစားနေသလိုပဲ။ အဲဒီအရှိန်အဝါက သူတို့အားလုံးရဲ့ ရင်ထဲကို အေးစက်သွားစေတယ်။ သူမက ကြောက်စရာကောင်းတဲ့ အရာတစ်ခုကို နှိုးလိုက်သလိုပါပဲ။

"ဒါက... ဝိညာဉ်သွေးကြောလား" ယွီလွမ်က မြေကြီးထဲက ထွက်ပေါ်လာတဲ့ အမည်းရောင်အရာကို ငုံ့ကြည့်လိုက်တယ်။ ဒါပေမဲ့ အဲဒါက မိစ္ဆာချီစွမ်းအင် ဖြစ်နေတယ်။ "ဒါ ဖြစ်နိုင်တာက..."

"မိစ္ဆာအရင်းအမြစ်ပဲ" ကူယွဲ့ ရေရွတ်လိုက်တယ်။ မသေမျိုးကျင့်ကြံသူတွေမှာ ဝိညာဉ်သွေးကြော ရှိသလို မိစ္ဆာကျင့်ကြံသူတွေမှာ မိစ္ဆာအရင်းအမြစ် ရှိတယ်။

လူတိုင်း ပြိုင်တူ လေအေးတစ်ချက် ရှူသွင်းလိုက်မိကြတယ်။ ရုတ်တရက်ဆိုသလို ရှုယီ တောင်ခြေမှာ လုပ်ခဲ့တဲ့ အစီအရင်ကို ပြန်သတိရသွားကြတယ်။ ကြည့်ရတာ ချုပ်နှောင်ခြင်း အစီအရင်နဲ့ တူပေမဲ့ မိစ္ဆာချီစွမ်းအင်တွေက မြေကြီးထဲကို သိသိသာသာ တိုးဝင်နေခဲ့တာ။ ဒါကြောင့် သူမက အပျော်သဘော အစီအရင် လုပ်ခဲ့တာ မဟုတ်ဘူး။ သူမက တောင်ပေါ်က ဝိညာဉ်သွေးကြောကို မိစ္ဆာအရင်းအမြစ်အဖြစ် ပြောင်းလဲဖို့ အခွင့်အရေး ယူခဲ့တာပဲ။ မိစ္ဆာအရင်းအမြစ် ဖြစ်ပေါ်လာဖို့ အချိန်ဆွဲတဲ့အနေနဲ့ မိန်းကလေးရှန်းကို ဖမ်းဆီးခဲ့တာ!

ရှုယီရဲ့ မျက်နှာထားက တင်းမာခက်ထန်သွားတယ်။ တစ်လုံးချင်းစီ ဖိပြောပြီး သူမ အော်ဟစ်လိုက်တော့တယ်။

"ငါ နင်တို့အားလုံးကို သတ်ပစ်မယ်!"

…

အခန်း ၆၈၉ ။ ကောင်းကင်နတ်ဆိုး ရောက်ရှိ

ရှုယီ စကားပြောပြီးတာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင်က နတ်ဆိုးချီတွေ တလိမ့်လိမ့် ထွက်လာတယ်။ အရင်က နှစ်ဆသုံးဆတောင် ပိုထူထပ်လာပြီး အကုန်လုံးကို ပိန်းပိတ်အောင် မည်းမှောင်သွားစေခဲ့တယ်။

"မကောင်းတော့ဘူး... ဒီနတ်ဆိုးချီတွေ တခြားဂိုဏ်းတွေဆီ ဝင်နေပြီ" နတ်ဝိညာဉ်အကြီးအကဲတစ်ဦးက အော်ဟစ်တယ်။ နတ်ဆိုးချီ ပျံ့နှံ့နေတာကို မြင်ရတော့ သူ့မျက်နှာမှာ စိုးရိမ်သောက ပိုကြီးလာရှာတယ်။

အားလုံးရဲ့ မျက်နှာအမူအရာတွေ ပြောင်းသွားတယ်။ တကယ်ပဲ သူတို့ဘေးမှာ နတ်ဆိုးချီတွေ ပိုပိုများလာနေကာ ဝူတိတောင်ရဲ့ အပြင်ဘက်စီ စိမ့်ထွက်ပြီး တခြားတောင်တွေဆီပါ ရောက်ဖို့ ခြိမ်းခြောက်နေသလိုပဲ။ သူတို့ ဒီနေရာမှာ ရပ်နိုင်တာက လုံးဝကို ကူယွဲ့ရဲ့ ကာကွယ်ရေးစနစ်ကြောင့်သာ။ ဒါပေမဲ့ တကယ်လို့ ဒီနတ်ဆိုးချီတွေ တခြားတောင်တွေဆီ ပျံ့သွားမယ်ဆိုရင် ဂိုဏ်းတပည့်တွေအားလုံး ဒီတိုင်း...

"ဆရာသခင်...ကူယွဲ့" ယွီလွမ်က ကူယွဲ့ဘက်ကို အားကိုးတကြီးလှည့်ကြည့်တယ်။

"အင်းကွက်အသစ်တွေ မခင်းနဲ့ဦး" ကူယွဲ့ ညွှန်ကြားလိုက်တယ်။ သူ လေထဲကို ပျံပြီး လက်နှစ်ဖက်နဲ့ စည်းတံဆိပ်တစ်ခု ဖန်တီးလိုက်တယ်။ ဝူတိတောင်တစ်ခုလုံးမှာ အင်းကွက်ဖြူတစ်ခု ပေါ်လာပြီး နတ်ဆိုးချီတွေကို အတွင်းမှာပဲ ပိတ်မိနေစေတယ်။

ဒီလိုနဲ့ အားလုံး သက်ပြင်းချနိုင်သွားတယ်ယ်။ ဒါပေမဲ့ ရှုယီကတော့ ခြောက်ကပ်ကပ်ရယ်တယ်။

"ဟမ့် အလကားကြိုးစားနေတာပဲ!"

သူမက ကူယွဲ့ရဲ့ အင်းကွက်ကို လုံးဝအရေးမထားဘူးဆိုတာ သိသာတယ်။ ဒီအစား သူမရဲ့ ဦးနှောက်ထဲက စနစ်ကိုပဲ လှမ်းစကားပြောလေတယ်။

"၀၀၁၊ မြန်နိုင်သမျှ မြန်မြန် ကောင်းကင်နတ်ဆိုးကို ချက်ချင်းပြန်ခေါ်!"

[လက်ခံသူ... တကယ်ပဲ အဲ့ဒီအင်းကွက်ကို အပြီးလုပ်ချင်တာလား]

"အဓိပ္ပာယ်မရှိတာ" ရှုယီက တောက်ခေါက်တယ်။ "နင် ကောင်းကင်နတ်ဆိုးတွေကို မခေါ်ရင် ကွေ့ယီဂိုဏ်းထဲက တခြားသူအားလုံးနဲ့ ကျိုးရှုမင်တို့ကို ဘယ်လိုသတ်မှာလဲ၊ ငါ ကောင်းကင်နတ်ဆိုးဂိုဏ်းထဲ ဝင်ခဲ့တာဒီလက်နက်ရဖို့အတွက် မဟုတ်ဘူးလား"

[ဒါပေမဲ့... နတ်ဆိုးဘုံနဲ့ ဆက်သွယ်တာက စည်းမျဉ်းချိုးဖောက်တာပါ၊ ကောင်းကင်တာအိုက ဒီမျက်နှာပြင်ထဲ ကျွန်တော်တို့ရှိတာ သိသွားလိမ့်မယ်!]

"နင့်မှာ ကောင်းကင်တာအိုရဲ့ထောက်လှမ်းမှုကို ခဏရှောင်ဖို့နည်းလမ်းရှိတယ် မဟုတ်ဘူးလား"

သူမ ခေါင်းမာစွာ မေးလိုက်တယ်။ "အခုခဏပဲဖြစ်ဖြစ် ပုန်းနေရအောင်၊ သူတို့သိလောက်တဲ့အချိန်မှာ ငါတို့ဒီလောကကနေထွက်နေပြီးသားဖြစ်လိမ့်မယ်"

[လက်ခံသူ၊ ဒီလုပ်ဆောင်ချက်က အချိန်အတိုင်းအတာတစ်ခုထိပဲ အလုပ်လုပ်မှာဖြစ်ပြီး သင့်ရဲ့အမှတ်အားလုံးကို သုတ်သင်သွားလိမ့်မယ်]

"ဒါဆိုလည်းဖြစ်ပါစေ! Shu Yi အံကြိတ်ပြီးပြောလိုက်တယ်။ သူမ စနစ်ကို လောတွန်းလိုက်တယ်။

"ဘာပဲဖြစ်ဖြစ် ဒီနေ့သူတို့အားလုံးကိုသတ်မှာပဲ!"

[တင်း! ပြန်လည် ခေါ်ယူမှုပြီးစီးပါပြီ]

နောက်ဆုံးမှာတော့ ရှုယီက သူ့ဝတ်ရုံအတွင်းကနေ တစ်ခုခုကိုထုတ်ယူပြီး ကောင်းကင်ဆီ ပစ်လိုက်တယ်။ အင်းကွက်ကြီးတစ်ခု ရုတ်တရက်ပေါ်လာတယ်။ ဒါက သံသယဖြစ်စရာ အနီရောင်အလင်းတွေနဲ့ တောက်ပနေပြီး အတွင်းကနေ တစ်ခုခုက ထွက်ဖို့ ကြိုးစားနေသလို ခံစားရတယ်။

"အဲ... အဲဒါဘာများလဲ"

ယွီလွမ် ထိတ်လန့်မှုကြောင့် မျက်လုံးပြူးသွားခဲ့တယ်။ သူဘယ်တုန်းကမှ မမြင်ဖူးတဲ့ ထူးဆန်းတဲ့အင်းကွက်ကြီးပဲ။ အဲဒီအင်းကွက်က သူတို့ကို စိတ်မသက်မသာဖြစ်စေတဲ့ မကောင်းဆိုးဝါး အငွေ့အသက်တွေနဲ့အတူ ပါလာနေတယ်။ သူ့သွေးတွေတောင် အေးခဲသွားသလိုပဲ။

ကူယွဲ့က အင်းကွက်ကို အနီးကပ်ကြည့်လိုက်တော့ မျက်နှာမှာ အံ့အားသင့်မှု ဖြတ်ပြေးသွားတယ်။ ဒါ ကောင်းကင်နတ်ဆိုးအင်းကွက်မဟုတ်လား။ အောက်လောကမှာ ဒီလိုအင်းကွက်မျိုးကို ဘယ်သူက ချထားနိုင်မှာလဲ။ ကောင်းကင်နတ်ဆိုးတွေပဲ ဒီအင်းကွက်ကို ဖန်တီးနိုင်တာ မဟုတ်ဘူးလား။

မဟုတ်ဘူး! နောက်တစ်ခေါက် သေချာကြည့်တော့ အင်းကွက်ထဲမှာ တခြားအရာတစ်ခု ရှိနေတာကို သူသတိထားမိသွားတယ်။ ဒါက သာမန် ကောင်းကင်နတ်ဆိုးအင်းကွက်မျိုး မဟုတ်ဘူး။

"ငါ့ရဲ့နတ်ဆိုးချီတွေကို ပိတ်ဆို့နိုင်မယ်ထင်ကြတယ်လား၊ အလဟဿပဲ"

ရှုယီရဲ့မျက်လုံးတွေထဲမှာ လူသတ်ချင်စိတ်တွေနဲ့ ပြည့်နေပြီး လူအုပ်ကြီးကို အေးစက်စက်ရယ်သံနဲ့ ပြောလိုက်တယ်။ "နင်တို့ ငါ တစ်ယောက်တည်းနဲ့ ရင်ဆိုင်ရမှာမဟုတ်ဘူး!"

"ဘာကိုဆိုလိုတာလဲ"

ယွီလွမ် တောင့်တင်းသွားတယ်။ ကောင်းကင်ထဲကအင်းကွက်ကို သူအရမ်းကြောက်နေတာ အထင်အရှားပဲ။

ရှုယီရဲ့ရယ်သံက ပိုပြီးကျယ်လာတယ်။ "ကောင်းကင်နတ်ဆိုးဂိုဏ်းဆိုတာ ဘာကြောင့် အဲဒီလိုနာမည် တွင်ခဲ့တာလဲဆိုတာ နင်တို့သိကြလား၊ တကယ့် ကောင်းကင်နတ်ဆိုးဖြစ်အောင် အောင်မြင်ခဲ့တဲ့ နတ်ဆိုးတစ်ကောင်ကို မွေးထုတ်ပေးခဲ့တဲ့ဂိုဏ်းပဲ၊ ဒီအင်းကွက်ကတော့ အရင်တုန်းက ကောင်းကင်နတ်ဆိုးဂိုဏ်း ပျောက်ဆုံးနေခဲ့တဲ့ ရတနာ၊ ရှေးဟောင်းနတ်ဆိုးတွေကို တိုက်ရိုက်ခေါ်ထုတ်လို့ရအောင် နတ်ဆိုးဘုံနဲ့ ချိတ်ဆက်နိုင်တယ်"

"ဘာ!" လူတိုင်းရဲ့မျက်နှာတွေ ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။ ရှုယီက ရူးသွားပြီလား။ ရှေးဟောင်းနတ်ဆိုးတွေကို ဆင့်ခေါ်ချင်တာလား။ ဒီလိုဆို လူ့လောကကြီး ပျက်စီးသွားမှာပဲ။

ရှုယီကတော့ ပိုကျယ်လောင်စွာ ရယ်မောလိုက်ပြီး စကားလုံးတစ်ခုချင်းစီကို အံကြိတ် ပြောလိုက်တယ်။

"ဒီတစ်ကြိမ်တော့ နင်တို့တစ်ယောက်မှ လွတ်မသွားတော့ဘူး!"

သူ့စကားဆုံးတာနဲ့ တစ်ပြိုင်နက် ကောင်းကင်မှာရှိတဲ့ အင်းကွက်ကြီးက မျက်စိကို စူးစေတဲ့ အနီရောင်အဖြစ် ပြောင်းလဲသွားတယ်။ မရေမတွက်နိုင်တဲ့ မန္တန်စာရွက်တွေက ကောင်းကင်ဆီ မျောတက်လာတယ်။ အချိန်မရွေး အသက်ဝင်လာမဲ့အလား ခြိမ်းခြောက်နေသလိုမျိုးပဲ။ ခဏအကြာမှာပဲ ၀ုန်းဆိုတဲ့ အသံကြီးနဲ့အတူ ပေါက်ကွဲသံပေါ်လာတယ်။ အနီရောင် အင်းကွက်အပေါ်မှာ အနက်ရောင် ကျောက်တံခါးကြီးတစ်ခု ပေါ်လာတယ်။ အထဲက အမှောင်ထုဟာ အနီရောင်အလင်းတွေကိုတောင် မျိုချနိုင်လောက်အောင် မှောင်နက်လွန်းနေတယ်။

"ဒါ... ဒါက..." ကျိုးရှုမင် မျက်လုံးအဝိုင်းသားနဲ့ မယုံနိုင်သလို ကြည့်နေမိတယ်။ ကောင်းကင်ထဲက ဧရာမတံခါးကြီးကို မြင်လိုက်ရချိန် ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့်ဖြစ်သွားတယ်။ သူ့ရဲ့ သွေးကြောအားလုံး ခဲသွားသလိုပဲ။ သူ့ရဲ့ ကျင့်ကြံဆင့်တောင် ယိုယွင်းလာမဲ့အရိပ်အယောင်ပြနေတယ်။ သူ့ရဲ့ အမြုတေပါ ပြိုကွဲလုနီးပါး။

"အဲဒီမှာ ရပ်ပြီး ဘာလုပ်နေတာလဲ" ကူယွဲ့က လက်တစ်ဖက်နဲ့ ကျိုးရှုမင်ကို ဆွဲယူပြီး အင်းကွက်အတွင်းထဲ ပစ်ထည့်လိုက်တယ်။ အခြားလက်တစ်ဖက်နဲ့တော့ အကာအရံအင်းကွက် အလွှာအသစ်တချို့ကို အတွင်းမှာရှိတဲ့လူတွေကို ဖိအားတွေ မထိရောက်အောင်လို့ ဖန်တီးလိုက်တယ်။

"ဆရာသခင် ကူယွဲ့၊ ဒါက တကယ်ဘာလဲ..." ယွီလွမ် ထိတ်လန့်နေတယ်။

ကူယွဲ့က အကြည့်ငုံ့ပြီး ဖြေလိုက်တယ်။ "နတ်ဆိုးတံခါး" ဒါပေမဲ့ ဒါက ဒီမှာ ဘာလုပ်နေတာလဲ။

--

အုပ်စုတစ်ခုလုံး တုံ့ပြန်ဖို့တောင် အချိန်မရဘဲ ကျွီခနဲအသံကြီးနဲ့ နတ်ဆိုးတံခါးက ပွင့်ဟလာတယ်။ ဒီအချိန်မှာပဲ ရှုယီဘေးက နတ်ဆိုးချီတွေ အဆမတန် ပိုပြီးထူထပ်လာတယ်။ လေထုထဲက ဖိနှိပ်ထားတဲ့ အားက ပိုကြောက်စရာကောင်းလာကာ တောင်တစ်ခုလုံး‌ကို ချေမွနေသလိုပဲ။

"အင်း... ဒီလောက်ကြာတာတောင်... လူတွေက ဝူလင်းကို ဆင့်ခေါ်နိုင်တုန်းပါလား..."

ကြက်သီးထစရာ အမျိုးသားအသံတစ်ခု ကြားလိုက်ရတယ်။ နတ်ဆိုးတံခါးထဲကနေ လူရိပ်တစ်ခု ပေါ်လာတယ်။ သူက အနက်ရောင်ဝတ်ရုံရှည်ဝတ်ထားပြီး နတ်ဆိုးချီတွေနဲ့ ဖုံးလွှမ်းနေတယ်။ သူ့ဆီက သွေးနံ့နည်းနည်းပါလာတယ်။

အားလုံးက ရင်ထိတ်ကုန်တယ်။ ဒီလူက တကယ့် နတ်ဆိုးစစ်စစ်ဆိုတာ ရုတ်တရက်နားလည်သွားကြတယ်။

ကူယွဲ့ မျက်မှောင်ကြုတ်မိတယ်။ သူမက တကယ်ပဲ ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်နိုင်တာပဲ။

ဒီ ကောင်းကင်နတ်ဆိုးက လက်တစ်ချက်လွှဲယမ်းလိုက်တယ်။ ရှုယီ မြှောက်တင်ထားတဲ့ လက်နက်က ချက်ချင်းပဲ သူ့လက်ထဲကို ပြန်ရောက်သွားတယ်။ သူက တစ်ခုခုကို စစ်ကြည့်နေသလို အောက်ကို ငုံ့ကြည့်တယ်။

"ဟုတ်တယ်... ဒါတကယ်ပဲ ငါချန်ထားခဲ့တဲ့ ကောင်းကင်နတ်ဆိုးတံဆိပ်ပဲ...၊ ဒီလို အောက်လောကက သာမညကျင့်ကြံသူတစ်ယောက်က ဒီတံဆိပ်ချန်ထားခဲ့သူကို ဆင့်ခေါ်နိုင်မယ်လို့ ငါ မထင်ခဲ့ဘူး..."

သူက စိတ်သက်သောင့်သက်သာရှိပုံပေါ်ပေမဲ့ မျက်လုံးတွေက အေးစက်နေဆဲ။ သူက အောက်ကို ဆက်ငုံ့ကြည့်ပြီး မေးလာတယ်။

"ဒီ ကောင်းကင်နတ်ဆိုးတံဆိပ်ကို ဘယ်သူတွေ့ခဲ့တာလဲ...၊ သူမကို ဆုလာဘ်တစ်ခုပေးချင်တယ်..."

---

"ကျွန်မပါ!"

ရှုယီရဲ့မျက်နှာမှာ ဝမ်းသာမှုတွေ ဝင်လာတယ်။ တကယ်ပဲ... ကောင်းကင်နတ်ဆိုးဂိုဏ်းဟာ ရှေးဟောင်းကျမ်းတွေမှာ ဖော်ပြထားတဲ့အတိုင်းပဲ။ ဒီအင်းကွက်က ကောင်းကင်နတ်ဆိုးကို အောက်ဘုံဆီ ပြန်ခေါ်ဆောင်နိုင်ခဲ့တယ်။ သူမကို တစ်ခုခု တောင်းဆိုခွင့်ပေးမယ်ဆိုတာကတော့ အံ့သြဝမ်းသာစရာအပိုဆုတစ်ခုပဲ။ တွေးစရာမလိုဘဲ ရှုယီက ပြောလိုက်တယ်။

"ဆရာသခင်၊ ဒီအင်းကွက်ကို ပြန်ဖန်တီးခဲ့တာက ကျွန်မပါ၊ ကွေ့ယီဂိုဏ်းကို အပြီးတိုင် ဖျက်ဆီးပေးပါ"

"အို" ကောင်းကင်နတ်ဆိုးက ရှုယီဘက်လှည့်လိုက်တယ်။ တစ်ခဏအတွင်းမှာပဲ သူက တံခါးထဲကနေ ခြေလှမ်းလှမ်းကာ ရှုယီဆီကို လျှောက်လာတယ်။ သူလှမ်းတိုင်း သူ့ဘေးက နတ်ဆိုးချီလှိုင်းတွေဟာ ပိုပြင်းထန်လာသလိုပဲ။ ရှုယီရဲ့ နတ်ဆိုးချီတွေတောင် နောက်ဆုတ်သွားရတယ်။ သူမရဲ့ချီတွေဟာ ခြိမ်းခြောက်ခံရသလို ဖြစ်နေတယ်။ ကောင်းကင်နတ်ဆိုးက သူမကို အာရုံစိုက်ကြည့်လာပြီး မေးတယ်။

"မင်းက ဒီသေမျိုးတွေကို သတ်ပစ်စေချင်တာလား"

"မှန်ပါတယ်" ရှုယီ ခေါင်းညိတ်လိုက်တယ်။ တဖြည်းဖြည်းနဲ့ နတ်ဆိုးချီတွေနဲ့ ဖုံးနေတဲ့ ပုံသဏ္ဌာန်ဟာ အထင်အရှား ပေါ်လာတယ်။

ကောင်းကင်နတ်ဆိုးက ပြုံးလိုက်တယ်။ သူ့မျက်လုံးတွေမှာ လူသတ်လိုတဲ့အာသီသတွေ ပြည့်လာတယ်။"ကောင်းပြီ။ ငါ မင်းအတွက်—"

သူ စကားပြောနေရင်း ရပ်သွားလေရဲ့။

သူ့ မျက်လုံးထဲက ရက်စက်မှုတွေ ပျောက်သွားပြီး ထိတ်လန့်မှုနည်းနည်းနဲ့ ကြောက်ရွံ့မှုတွေ အစားထိုးသွားတာ။ သူက ရှုယီဘက်ကြည့်နေပေမဲ့ စကားတွေက ထစ်ငေါ့လာတယ်။

"မင် မင် မင် မင်း.. မ..မ..." အချိန်အတော်ကြာတဲ့အထိ သူစကားဆုံးအောင် မပြောနိုင်ဘဲ ကိုယ်က တုန်ယင်နေရှာတယ်။

"ဆရာသခင်" ရှုယီ တန့်သွားတယ်။

နောက်အခိုက်အတန့်မှာ ကောင်းကင်နတ်ဆိုးက ဆတ်ခနဲနိုးသွားသလို ထခုန်တယ်။ သူ့ခြေထောက်တွေ ကိုယ်ကို တောင့်မထားနိုင်တော့ဘူး။ တစ်စက္ကန့်မှ မဆိုင်းတော့ဘဲ မြေကြီးပေါ် ဒူးထောက်ပြီး ရှုယီ ဖမ်းတာခံထားရဆဲ ရှန်းရင်ဘက် ဦးတိုက် ကန်တော့လိုက်တယ်။ သူက မြေကြီးပေါ် ဝပ်သွားနေကာ ခွေးလေးရဲ့ ညည်းသံလို တုန်နေတယ်။ အားကျမှုနဲ့ဝပ်သွားမှုကို ဖော်ပြတဲ့ ပြီးပြည့်စုံတဲ့သရုပ်ပြမှုပဲ။

"နတ်ဆိုးလေး ကြီးမြတ်တဲ့... ကြီး ကြီး ကြီးမြတ်တဲ့ နတ်သမီးကို ဂါရ၀ပြုပါတယ်!"

ရှန်းရင် ။ ။ "..."

ရှုယီ ။ ။ "..."

အားလုံး။ ။ "..."

ဘာတုန်းဟ ?!

(╯‵□′)╯(┻━┻

…

အခန်း ၆၉၀ ။ တာဝန်ကျရှုံး

ရှန်းရင်က အသီးကိုကိုက်ပြီးတော့မေးတယ်။

"ကြီးမြတ်တဲ့နတ်ဒေဝါ ကျွန်တော်က ရှောင်စန်းပါ" ကောင်းကင်နတ်ဆိုးက ခေါင်းမော့ပြီး သူ့မျက်နှာကိုသူ လက်ညှိုးထိုးတယ်။

"ကျွန်တော်က ဘုရင်ငမည်းလေးအိမ်က ရှောင်စန်းပါ မှတ်မိလား"

...ဘာရှောင်စန်းတုံး။ ယွီလွမ်က ဒါကိုရောသိလား။

ကောင်းကင်နတ်ဆိုးက အမြန် ထပ်ပြောတယ်။

"ကောင်းကင်နတ်ဆိုးတွေထဲက တတိယတစ်ယောက်ရှောင်စန်းလေ၊ ကြီးမြတ်တဲ့နတ်သမီး ခင်ဗျားပဲ ကျွန်တော့်ကို အဲ့ဒီနာမည်ပေးခဲ့တာ မှတ်မိပြီလား"

"နင်က ကောင်းကင်နတ်ဆိုး ဆယ်ယောက်ထဲက တစ်ယောက်ဆိုတာ အစောကြီးထဲက ပြောသင့်တယ်"

ကူယွဲ့က တစ်ယောက်သောသူကို ဒေါသတကြီး လှည့်ကြည့်လိုက်တယ်။ မင်းလူတွေကို ပေါက်ပန်းလေးဆယ်နာမည်ပြောင်တွေ လျှောက်ပေးတဲ့အပြစ်ပဲ။

"ဆရာသခင်" ရှုယီ အနည်းငယ် မသက်မသာဖြစ်လာတယ်၊ သူမက ကောင်းကင်နတ်ဆိုးကို သွေးပျက်စွာ လှည့်ကြည့်ပြီး မရဲတရဲမေးတယ် ။

"ရှင်...ရှင်ကျွန်မအတွက် ကိုယ့်ဂိုဏ်းကို ဖျက်ဆီးပစ်မယ်လို့ ကတိပေးခဲ့တယ်မလား..."

"ပေါက်ကရတွေ မပြောနဲ့စမ်း"ကောင်းကင်နတ်ဆိုးက ပြောလိုက်တယ်။

သူက သေတွင်းတူးနေတာလား၊ကြီးမြတ်တဲ့နတ်သမီးရှေ့ ဒီလိုစကားတွေ ဘယ်လိုများပြောရဲတာလဲ။

“ဘာဂိုဏ်းတုံး။ ဘယ်သူက တဂိုဏ်းလုံးကိုဖျက်ဆီးမှာလဲ၊ ငါ့ကိုပြဿနာမရှာနဲ့ ငါက နတ်ဆိုးကောင်းတစ်ယောက်ပဲ၊ ငါက အောက်ဘုံနဲ့အထက်ဘုံ ပေါင်းစပ်သွားတည်းက ကြီးမြတ်တဲ့နတ်သမီးရဲ့ လက်အောက်မှာ ရှိနေတာ၊ ငါက သင့်မြတ်ပြီး ဖော်ရွေပြီးတော့ ကူညီပေးတတ်သလို ဗဟုသုတလည်းရှိတယ်၊ မကောင်းတာ တစ်ခုမှမလုပ်ဘူး၊ မနေ့က တိုက်ကြီးတွေကို အမတဆေးလုံးတွေ ပေးတဲ့နေရာမှာ ဘုရင်ငမည်းလေးကို ကူညီဖို့ ဝူတိကောင်းကင်နန်းတော်ဆီ သွားခဲ့သေးတယ်၊ လတိုင်း ဂိုဏ်းရဲ့အမြတ်တွေထဲကိုပါ ထည့်ပေါင်းပေးသေးတယ်၊ လုံးဝအချောင်မခိုဘူး"

"ဒါပေမဲ့..." ရှုယီက ဇဝေဇဝါဖြစ်လာတဲ့ပုံ "ကျွန်မက ကောင်းကင်နတ်ဆိုးတွေရဲ့ ‌စည်းချိပ်ကို ပြန်ကောင်းအောင် လုပ်ပေးခဲ့တဲ့သူလေ"

"မင်းလုပ်ပေးတော့ ဘာဖြစ်လဲ၊ ဘာပဲဖြစ်ဖြစ် အဲဒါလုပ်ပေးဖို့ရော ဘယ်သူကပြောခဲ့လို့လဲ"

ကောင်းကင်နတ်ဆိုးက ဒီညွှန်ကြားချက်တွေကိုပေးတဲ့သူက သူဆိုတာကို ဝန်ခံဖို့ငြင်းနေတယ်။ အဲ့အစားသူက အမြန်ရှင်းပြတယ်။ "ငါတို့က မင်းကို အမတကျောက်တုံး မပေးဘူး၊ မင်းဘာမှလုပ်စရာမရှိလို့ မင်းဘာသာမင်းဖန်တီးတာ! ဘာပဲဖြစ်ဖြစ် ငါက မင်းနဲ့ရင်းနှီးတာမှ မဟုတ်တာ တစ်ချိန်လုံး ငါနဲ့ပူးပေါင်းနေတဲ့ပုံစံမျိုး ဟန်ဆောင်နေတာ ရပ်လိုက်တော့! "

"ရှင်..." ရှုယီက ကောင်းကင်နတ်ဆိုးကို အူကြောင်ကြောင် စိုက်ကြည့်နေမိတယ်၊ ဒါကတကယ်ပဲ ကောင်းကင်နတ်ဆိုးဟုတ်ရဲ့လား၊ ရှောင်စန်းက နောက်တစ်ကြိမ်ရှန်းရင်ကို ဦးတိုက်တယ်၊ သူက တစ်လုံးချင်းစီကို သေချာပြောတယ်။

"ကြီးမြတ်တဲ့နတ်သမီး... ကျေးဇူးပြုပြီး ကျွန်တော့ကိုယုံပါ! မကောင်းတဲ့ပုံ ပေါ်ပေမဲ့ ကျွန်တော်က အပြစ်ကင်းပါတယ် " တစ်ချက်စဉ်းစားပြီးတော့သူကပြောတယ်။

"ဒါက တခြားကောင်းကင်နတ်ဆိုးတွေရဲ့ အပြစ်တွေပါ နတ်ဆိုးတံခါးပွင့်သွားတဲ့အချိန် ကျွန်တော်တို့ စုံစွမ်စိ ဆော့ကြတယ်၊ သူတို့တွေက ကလိမ်ကျပြီးတော့ကျွန်တော်ရှုံးသွားတာ၊ ရွေးချယ်စရာမရှိတော့ဘဲ ကျွန်တော် ဒီကို ဆင်းလာခဲ့ရတယ်၊ ကျွန်တော် တကယ် မလုပ်ချင်ခဲ့ပါဘူး! "

သူရှင်းပြလေ သူ့အသံက ပိုကျယ်လောင်လာလေပဲ။ သူ့အသံက မကျေမချမ်းအသံ ပေါက်နေတယ်။ မျက်ရည်တွေက သူ့မျက်လုံးထဲ စတင်ပြည့်လျှံလာတယ်။

"ကြီးမြတ်တဲ့နတ်သမီး ဒါကတကယ်ပဲ ကျွန်တော်နဲ့ မပတ်သက်ပါဘူး၊ အမတဘုံနဲ့နတ်ဆိုးဘုံ ပူးပေါင်းသွားတဲ့အချိန် ကျွန်တော်က နတ်ဆိုးတံခါးအကြွင်းအကျန်တွေကို နေရာတကာမှာ လိုက်စစ်ဆေးခဲ့ပါတယ်၊ အားလုံးကို သိမ်းပြီးပြီထင်နေတာ ဒီကောင်းကင်နတ်ဆိုးနတ်စည်းတံဆိပ်က ပျက်စီးနေတာကြာပြီ၊ အဲ့အချိန်တုန်းက ဘာနတ်ဆိုးတံခါးကိုမှ မဆင့်ခါ်နိုင်ဘူး၊ အောက်ဘုံကလူတွေကလည်း ဒါကို ဘယ်လိုပြင်ရမလဲမသိသင့်ဘူးလေ၊ ဒီစည်းတံဆိပ်ကို စိတ်ထဲမထားတော့ဘူးလို့ နတ်ဆိုးဘုရင်က ပြောခဲ့တာ အဲ့ဒါကြောင့် ဒါကိုဒီလူ့ဘုံကနေ ပြန်မယူခဲ့တာပဲ၊ အခု...ကြီးမြတ်တဲ့နတ်သမီး ဒါတွေအကုန်လုံးက နတ်ဆိုးဘုရင်ငမည်းလေးရဲ့ အပြစ်တွေပါ။ သူက ကျွန်တော့်ကို ဒီလိုလုပ်ခိုင်းခဲ့တာ! "

ဒီကောင်းကင်နတ်ဆိုးက သူ့အထက်လူကြီးကိုတောင် သစ္စာဖောက်ရတဲ့အထိ ကြောက်နေတာလား။ လျှပ်စစ်အသံ တစ်သံက ရှုယီနားထဲပေါ်လာတယ် ဒါကတရားသူကြီးအသံတစ်သံနဲ့တူတယ်။

[တင်း! မူလ‌ပိုင်ရှင်ရဲ့အငြှိုးအတေးစွမ်းအင်+ ၅!]

[တင်း!အငြှိုးအတေးစွမ်းအင် ၁၀၀ရောက်ရှိ!]

[တင်း! တာဝန်ကျရှုံး!]

[တင်း! ဒီမျက်နှာပြင်က‌ကောင်းကင်တာအိုက ကျွန်တော်တို့ကို အာရုံခံမိသွားပြီး ဒီနေရာက ထွက်ခွာဖို့ ပြင်ဆင်ပါ။ လက်ခံသူ ကျေးဇူးပြုပြီး အသင့်ပြင်ထားပါ၊ တစ်ဆယ် ကိုး ရှစ်]

မကျေမချမ်းမှုက ရှု့ယီကိုလွှမ်းခြုံသွားတယ်။ သူ့ရှေ့က မြင်ကွင်းကိုလက်ခံနိုင်ဖို့ အချိန်တောင်မယူနိုင်ခင် ဒေါသတကြီး အကြည့်က ကျိုးရှုမင်ပေါ် သက်ရောက်သွားတယ်။ သူမ မျက်လုံးတွေက ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်နဲ့ ပြည့်နေတယ်။ သူမနောက်ထပ်သိလိုက်ရတာကတော့ သူမမျက်စိရှေ့က အရာအားလုံး မည်းမှောင်သွားပြီး အသိစိတ်ပျောက်သွားတယ်။

ကူယွဲ့တို့တွေ ရှုယီရဲ့ဝိညာဉ်ထိပ်ပေါ်မှာ ကုတ်နံပါတ်တွေပြည့်နေတဲ့ အစိမ်းရောင်‌အဆောင်တစ်ခုကို မြင်လိုက်ရတယ်။ ကျူးကျော်သူနှလုံးသားထဲမှာ ညပ်‌နေတဲ့တခြားကမ္ဘာက အမည်းရောင်မူလဝိညာဉ်က ကိုယ်ထဲကနေ အတင်းအကြပ် ဆွဲထုတ်ခြင်း ခံနေရတယ်။ အဲ့ဒါက နတ်ဆိုးတံခါးဆီ ချက်ချင်း ပျံသန်းသွားပြီး ရှုယီက မြေကြီးပေါ်လဲကျကာ သတိလစ်နေတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲက မူလဝိညာဉ်ကတော့ ပြန်ပေါ်မလာတော့ဘူး။

စနစ်က ထွက်ပြေးနေပြီ ကူယွဲ့အမြန်လှမ်းခေါ်လိုက်တယ်။ "စားဖိုမှူး! "

မီးဖိုချာင်ထဲရှိနေတဲ့ ယိချင်းက နတ်ဆိုးတံခါးရှေ့မှာ ဖျက်ကနဲပေါ်လာတယ်။ သူက လက်ကိုမြှောက်ပြီး ဝေ့ရမ်းလိုက်တော့ နတ်ဆိုးတံခါးက ချက်ချင်းပိတ်သွားတယ်။ နတ်ဆိုးဘုံဆီသွားတဲ့ လမ်းကြောင်းက ခုတော့ ပိတ်သွားပြီ။ သူက ကုတ်နံပါတ်တွေအပြည့်နဲ့ ဖန်တီးထားတဲ့ ဖြစ်တည်မှုကို ဓားအင်းကွက်နဲ့ ပိတ်လှောင်လိုက်တယ်။

စနစ်က သူနတ်ဆိုးဘုံဆီ ဝင်မရတော့တာကို သတိထားမိသွားတဲ့ပုံ။ ဒါကြောင့် အဲ့ဒါက အစိမ်းရောင်အလင်းနဲ့ ပေါက်ကွဲသွားတယ်။ အဲ့ဒါဘာလုပ်ဖို့ကြိုးစားနေလဲ သူတို့မသိပေမဲ့ စားဖိုမှူးရဲ့ ဓားအင်းကွက်ကတစ်ဆင့် ဖြတ်သွားပြီး မြေကြီးဆီ စီးဆင်းသွားတယ်။ ကူယွဲ့ တောင့်တင်းသွားပြီး ချက်ချင်း တုံ့ပြန်လိုက်တယ်။ ဒါမေ့ပျောက်မြစ်ဆီကို ဦးတည်နေတာပဲ၊ သူက လှမ်းတားဖို့ကြိုးစားတယ် သူနဲ့စောနလေးကတင် ဆန့်ကျင်ဘက်မှာရပ်နေတဲ့ ရှန်းရင်က သူ့ဘေးရုတ်တရက် ပေါ်လာတယ်။ သူမက သူ့ကို လှမ်းဆွဲတယ်။ "မင်းဘာလုပ်နေတာလဲ" ကူယွဲ့ အလောတကြီး မေးလိုက်တယ်

"ခဏ‌စောင့်ဦး" ရှန်းရင်က မျက်နှာသေနဲ့ ပြန်ဖြေတယ်။ သူမက နောက်တစ်ကြိမ်အသီးကို ကိုင်လိုက်တယ်။ ဘာကို စောင့်နေတာလဲ သူက မေ့ပျောက်မြစ်က တစ်ဆင့်လွတ်သွားတော့မယ်။ စနစ်က အမတဘုံဆီကို ပြန်သွားဖို့ နတ်ဆိုးတံခါးထဲကို ဝင်ချင်ခဲ့ပေမဲ့ အပေါက်ကို ပိတ်လိုက်ပြီဆိုတာ မသိခဲ့ဘူး။ ဒါကြောင့် ဝူတိ‌ကောင်းကင်နန်းတော်အပြင်ဘက် လမ်းကြောင်းကတစ်ဆင့် ထွက်ပြေးချင်ခဲ့တာ။ စားဖိုမှူးက နတ်ဆိုးတံခါးကို ပိတ်လိုက်တော့ အခု အောက်ဘုံထဲက မေ့ပျောက်မြစ်ဆီ ဝင်ပြီး အပေါက်ကို တန်းဖောက်ဖို့ကြိုးစားနေတာပဲ။

"ချီး! ဝင်သွားပြီ"

ကူယွဲ့ ရပ်သွားတယ်။ စနစ်က အခုမြေကြီးအောက်က မေ့ပျောက်မြစ်ဆီ ရောက်နေပြီ။ သူ့ရင်ထဲ တင်းကြပ်သွားတယ်။ "ဒါက ထွက်ပြေးချင်နေတာ...ဟမ်" သူက အစိမ်းရောင်တောက်ပနေတဲ့ စနစ် ရွှေရောင်အရင်းအမြစ်ထဲ ဝင်ရောက်သွားချိန် အလင်းရောင်တွေ ပျောက်သွားတာကို မြင်လိုက်ရချိန် ပြောနေတဲ့စကားတွေပါ ရပ်သွားတယ်။ အစိမ်းရောင်အလင်းက စနစ်ကနေ ခွဲထွက်သွားပြီး နောက်ခန္ဓာကိုယ်တစ်ခုပါ ဖြစ်ပေါ်လာတယ်။ အစိမ်းရောင်အလည်ဗဟိုကနေ အဖြူရောင်ဝိညာဉ်တစ်ခု လွင့်မြောလာတယ်။ ရှုယီနဲ့ တောင်ခပ်ဆင်ဆင်ပဲ။

"ဒါက..."

စနစ်လွှမ်းမိုးတာ ခံလိုက်ရတဲ့ရှုယီအစစ်ပဲ။ တနည်းပြောရရင် ဒါက မူလခန္ဓာကိုယ်အစစ်ပဲ နောက်ဆုံးတော့ ကွဲထွက်သွားပြီ! ကျူးကျော်သူက သူ့တာဝန်ကို ပြီးမြောက်အောင် မလုပ်နိုင်ခဲ့ဘူး ဒါကြောင့် စနစ်နောက်ကို ပြန်လိုက်ချင်စိတ် မရှိတာပဲ။ ပြီးတော့ မေ့ပျောက်မြစ်ရဲ့ဒီရေအောက်မှာ စနစ်က မူလဝိညာဉ်ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။

အရာအားလုံးက ဖြစ်ပျက်သွားတာ မြန်ဆန်လွန်းလှတယ်။ မျက်စိတစ်မှိတ်အတွင်း မူလပိုင်ရှင်ရဲ့ဝိညာဉ်က မေ့ပျောက်မြစ်ဆီ ပြန်ရောက်လာတယ်။ ဒါပေမဲ့ စနစ်ကတော့ လှုပ်ရှားနေတာ မရပ်ဘူး။ မူလ ဝိညာဉ်ကနေ ကွဲထွက်သွားတဲ့နောက်မှာ သူက ကျူးကျော်သူရဲ့ ဝိညာဉ်ကို‌ မေ့ပျောက်မြစ်ကနေတစ်ဆင့် အတင်းအကြပ် ဆက်ခေါ်သွားတယ်။ သူက မျက်နှာပြင်မှာ အပေါက်တစ်ခု အတင်းအကြပ် ဖွင့်တယ်။

"ပြီးပြီ! " ရှန်းရင်က အသီးရဲ့အူတိုင်ကို ဘေးကို လွှင့်ပစ်ပြီး မေ့ပျောက်မြစ်ထဲ ခုန်ဝင်သွားတယ်။ ကူယွဲ့က လေထဲရှိနေတဲ့ စားဖိုမှူးကို မော့ကြည့်လိုက်တယ် သူတို့ ရှန်းရင်နောက်အမြန်လိုက်သွားတယ်။ မျက်စိတစ်မှိတ်အတွင်း သူတို့၃ယောက် မြေကြီးထဲကို ပျောက်သွားတယ် ။

စနစ်ကိုရော မေ့ပျောက်မြစ်ကိုပါ မမြင်နိုင်တဲ့ လူနဲ့ ကောင်းကင်နတ်ဆိုး။...

ဘာတွေဖြစ်နေတာလဲ၊ အခုလေးတင် ဘာတွေဖြစ်သွားတာလဲ၊ ရှုယီက ဘာလို့ ရုတ်တရက် သတိလစ်သွားတာလဲ၊ သူတို့၃ယောက်ကရော ဘယ်လိုပျောက်သွားတာလဲ။

သူတို့တွေ အဲ့၃ယောက်နဲ့အနီးစပ်ဆုံးဖြစ်တဲ့ တစ်ဦးတည်းသောသူ ကျိုးရှုမင်ကိုလှည့်ကြည့်လိုက်တယ်။

"ကျွန်တော် ကျွန်တော်လည်းမသိဘူး" ကျိုးရှုမင်လည်း ဇဝေဇဝါဖြစ်နေတယ်။

"..."

နတ်ဝိညာဉ်အဖွဲ့အစည်း အချင်းချင်း ဆရာသခင်တွေအားလုံးက ခုလိုပဲ လျှို့ဝှက်ကြတာလား။ တစ်ယောက်နဲ့ တစ်ယောက်ကြည့်လိုက်ကြပြီး နောက်တော့ ဒူးထောက်နေဆဲ ကောင်းကင်နတ်ဆိုးကို ငုံ့ကြည့်လိုက်တယ်။ ကောင်းကင်နတ်ဆိုးက တကယ့်ကိုဖြူစင်ပြီးကြင်နာတတ်တဲ့ပုံ။

ပြောရဦးမယ်။ ဒါကတကယ်ပဲ ကောင်းကင်နတ်ဆိုးရောဟုတ်ရဲ့လား။

ဘာကြောင့်မှန်းမသိ။ ယွီလွမ် ရင်ထဲက အကြောက်တရားအားလုံးပျောက်ကွယ်သွားတယ်။

"အင်း... တာအိုရောင်းရင်း ဆရာသခင်၃ယောက်က ဘယ်အချိန်မှ ပြန်ရောက်လာကြမယ်မသိဘူး၊ ကျွန်တော်တို့နဲ့အတူ ပင်မခန်းမဆောင်ဆီ လိုက်ပြီးတော့ လက်ဖက်ရည်သုံးဆောင်ပါလား" ဘာလိုပဲဖြစ်ဖြစ် သူက သူတို့နဲ့ တိုက်ခိုက်ချင်တဲ့ပုံမပေါ်ဘူး။ သင့်သင့်မြတ်မြတ်ရှိတာက အကျိုးအမြတ်ဖြစ်စေတယ်။

"ဟင့်အင်း! " ရှောင်စန်းက အသည်းအသန် ခေါင်းရမ်းတယ်၊ သူက စိတ်ပိုင်းဖြတ်ထားတဲ့ပုံနဲ့။

"ကြီးမြတ်တဲ့နတ်သမီးက ငါ့ကို ထဖို့ခွင့်ပြုချက်မ‌ပေးခဲ့ဘူး၊ ငါ့ဘာသာ ထလို့မဖြစ်ဘူး၊ ငါက သိတတ်တဲ့ကောင်းကင်နတ်ဆိုးပဲ။ ငါ့ကိုလိမ်ဖို့ စဉ်းတောင်မစဉ်းစားနဲ့"

ယွီလွမ်က ချဉ်းကပ်နည်း ပြောင်းလိုက်တယ်။

"ဒါဆိုဒီနေရာကို လက်ဖက်ရည် ပို့ပေးရင်ရော၊ ဒူးထောက်ပြီး သောက်လို့ရတာပဲ"

"ကောင်းပြီလေ! " ရှောင်စန်းက ခေါင်းညိတ်တယ်။

"လက်ဖက်ခြောက်တွေပါ ပိုထည့်ပေးဖို့သတိရဦး၊ ဒါက ငါ့ကိုပိုပြီး နိုးကြားစေတယ်! "

သူသိသလောက်အရဆို နောက်ထပ်နှစ်ငါးရာလောက် ဒူးထောက်နေရတာဖြစ်နိုင်တယ်။

ယွီလွမ် ။ ။ "..."

ကျိုးရှုမင် ။ ။ "..."

သောက်ကျိုးနည်းငတုံးပဲ။

All Chapters