← Chapters

အခန်း (၆၉၁-၆၉၃)

Vol. 47 Ch. 691-693

အခန်း (၆၉၁-၆၉၃)

Vol. 47 Ch. 691-693

အခန်း ၆၉၁ ။ စနစ် ရွေးချယ်

ရှန်းရင်နဲ့ အဖွဲ့သားတွေ မေ့ပျောက်မြစ်ထဲ ခြေချလိုက်တဲ့အခိုက်... သူတို့ရှေ့မှာရှိနေတဲ့ စနစ်ကြီးတစ်ခုလုံး အဖြူရောင် အက်ကြောင်းတွေနဲ့ ပြွတ်သိပ်နေတာကို တွေ့လိုက်ရတယ်။ ဒါက စနစ်ကို ဖောက်ထွက်ပစ်ဖို့ ကြိုးစားနေသလိုပဲ။ စားဖိုမှူးရဲ့ ရင်ဘတ်ထဲမှာ တင်းကျပ်သွားတယ်။ ရုတ်တရက်... စနစ်ရဲ့ပတ်လည်မှာ အရင်းအမြစ်စွမ်းအားအားလုံး စုပြုံလာပြီး လမ်းကြောင်းပိတ်လိုက်ကြတယ်။

ယိချင်းက လက်ကို ဝှေ့ယမ်းတော့ ကြီးမားတဲ့ နိယာမအားကြီးတစ်ခု လိမ့်ထွက်လာပြီး စနစ်ကို ဝါးမျိုသွားတယ်။ ဒါက ပိုပိုတင်းကျပ်လာပြီး စနစ်ကို ထိန်းချုပ်ဖို့ ခြိမ်းခြောက်လာတယ်။ စနစ်ရဲ့ကိုယ်ထည်ပတ်လည်က အစိမ်းရောင် ကုတ်တွေ လည်လာတယ်။ အလင်းရောင်တွေ မှိန်ဖျော့လာတာနဲ့အမျှ စနစ်က မတည်ငြိမ်တော့သလိုပဲ။ ရှင်းလင်းတဲ့ လျှစ်စီးအသံတစ်ခု ကြားလိုက်ရတယ်—

[တီတီ... အရေးပေါ်အခြေအနေ။ လျှို့ဝှက်ချက် ဖော်ထုတ်ခံရပြီ၊ ကောင်းကင်တာအို တိုက်ခိုက်နေ! ကောင်းကင်တာအို တိုက်ခိုက်နေ...]

[တီတီ... ကိုယ်ခံစနစ် အသက်သွင်း၊ အရန်စွမ်းအင် အသုံးပြု...]

[အရန်စွမ်းအင် အသက်သွင်းနေ...]

"အား" စနစ်အတွင်းကနေ နားစည်ကွဲမတတ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတယ်။ အစိမ်းရောင် အလင်းတွေနဲ့ ဖုံးထားတဲ့ စနစ်အတွင်းက အမည်းရောင်ပင်မဝိညာဉ်ဟာ အခုချိန်မှာ လှုပ်ရှားရုန်းကန်နေတယ်။ "၀၀၁၊ နင်ဘာလုပ်နေတာလဲ၊ နာလိုက်တာ! ငါ့ကိုလွှတ်ပါ၊ လွှတ်ပါ..."

"ရှုယီ" စကားမဆုံးခင်... အမည်းရောင်ပင်မဝိညာဉ်တစ်ခုလုံး ပျောက်ကွယ်သွားတယ်။ စနစ်ဟာ နောက်တစ်ကြိမ် အစိမ်းရောင် အလင်းတွေ ပြန်တောက်ပလာပြီး စွမ်းအင်ပြန်အသက်သွင်းထားသလို ဖြစ်နေတယ်။ ချက်ချင်းဆိုသလို... ထိန်းချုပ်ထားတဲ့ နိယာမဖိအားကို ချိုးဖျက်ပြီး မေ့ပျောက်မြစ်ရဲ့ အပေါက်ကနေ လွတ်မြောက်သွားတယ်။ ကြောက်ဖို့ကောင်းတဲ့ အသံကျယ်ကြီးတစ်ချက်နဲ့အတူ။

"စားဖိုမှူး၊ မင်းဘာလုပ်နေတာလဲ" ကူယွဲ့က အံ့အားသင့်စွာ မေးလိုက်တယ်။ "ဘာလို့ မတားလိုက်တာလဲ"

ယိချင်းက မျက်ခုံးကျုံ့လိုက်ပြီး ဘာမှမပြောဘဲ... ရှန်းရင်ဘက်ကို မေးခွန်းထုတ်သလို လှည့်ကြည့်လိုက်တယ်။ "ဆရာ... ဘာလို့..."

စနစ်က တစ္ဆေကို မျိုချပြီး စွမ်းအင်ကို ဆယ်ဆတိုးစေခဲ့ပေမဲ့... ယိချင်းရဲ့ အင်အားနဲ့ယှဉ်ရင် ဘာမှ မနှိုင်းသာဘူး။

ရှန်းရင်ကသာ ယိချင်းကို နောက်ကို ဆွဲခေါ်ထားခဲ့တာ။

---

"အင်း" ရှန်းရင်က တုံ့ပြန်လိုက်ပြီး နောက်ထပ်စကားမဆက်တော့ဘူး။ အဲဒီအစား သူမက ရင်းနှီးနေတဲ့ အပြာရောင်သေတ္တာလေးကို ပြန်ထုတ်ကာ ပုတ်လိုက်တယ်။ ဒါက အရင်က "အုပ်ထိန်းမှုစနစ်"ပဲ။

"ဟေ့၊ ဂိမ်းကစားနေတာ ခဏရပ်ပြီး လမ်းညွှန်ပေးဦး"

[ကောင်းပါပြီ သူဌေး!] အပြာရောင်သေတ္တာလေးဟာ လေထဲကိုမျောတက်သွားပြီး ဖန်သားပြင်ပေါ်က ဖဲချပ်ပုံတွေ ချက်ချင်းပျောက်ကာ အရင်ကမြင်ဖူးတဲ့ ရုပ်ကြွကာတွန်းမျက်လုံးပုံစံပြောင်းသွားတယ်။

{အချက်ပြအတည်ပြုပြီး။ ပစ်မှတ်ဟာ SBSBSB155.24 မျက်နှာပြင်အမှတ်ကို ဦးတည်နေပါတယ်။ လူသူကင်းမဲ့တဲ့နေရာတစ်ခုပါ}

ရှန်းရင်က အုပ်ထိန်းမှုစနစ်ကို လက်ထဲ ပြန်ဆုပ်ကိုင်လိုက်ပြီး လက်မြှောက်ကာ မျက်နှာပြင်တံခါးပေါက်တစ်ခုကို ဖွင့်လိုက်တယ်။ သူမနောက်က လူနှစ်ယောက်ကို လှည့်ပြောလိုက်တယ်။

"မြန်မြန်သွားကြရအောင်၊ သူ့အရင်အသိုက်ကို သွားမယ်!"

နှစ်ယောက်သား ။ ။ "..." သူတို့ နားမလည်နိုင်စွာ အချင်းချင်း ကြည့်လိုက်ကြတယ်။ ( ̄△̄;)

အဲ့ကျမှ သူတို့ သတိရမိတာက ၀၀၁ စနစ်ဆိုတာ အရန်စနစ်တစ်ခုပဲဖြစ်ပြီး နောက်ကွယ်မှာ တစ်ခုခု ရှိနေသေးတယ်ဆိုတာကိုပဲ။ ဘာမှန်းသာ သူတို့မသိကြသေးတာ။ ရှန်းရင်က နှစ်ခုလုံးကို တစ်ခါတည်း ဖမ်းဖို့ ကြံနေတာလား။ ဒါပေမဲ့ ဒီအုပ်ထိန်းမှုစနစ်က ဘယ်တုန်းကများ ဒီလောက် စွမ်းအားကောင်းလာတာလဲ။ ၀၀၁ က မျက်နှာပြင်ကနေတောင် ထွက်ပြေးသွားပြီကို ဒီအုပ်ထိန်းမှုစနစ်က လိုက်ခြေရာခံနိုင်နေ‌နေသေးတယ်။ အရင်ကလို တစ်ခုခုလုပ်တိုင်း ချက်ချင်းချို့ယွင်းနေတတ်တဲ့ စနစ်နဲ့ လုံးဝမတူတော့ဘူး။

ဒါပေမဲ့ ရှန်းရင်ကတော့ မျက်နှာပြင်လမ်းကြောင်းထဲကို ဝင်သွားပြီ။ သူတို့နှစ်ယောက် အပြန်အလှန် ကြည့်မိပြီး မျက်နှာပြင်အပေါက်ကို ပြန်ပြင်လိုက်ကြကာ ရှန်းရင်နောက်ကို လိုက်ခဲ့ကြတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့ပတ်ဝန်းကျင်က အရာအားလုံးက အမှောင်ထုကြီးဖြစ်သွားပြီး ပတ်လည်မှာ ဘာမှမရှိတော့ဘူး။ ခြေထောက်အောက်က မြေပြင်တောင် ပျောက်ကွယ်သွားပြီ။

"ဒါက... ကသောင်းကနင်းဟင်းလင်းပြင် လား..."

ကူယွဲ့ အာကာသဟင်းလင်းပြင်ကို ငေးကြည့်လိုက်တယ်။ ဒါဟာ သူပထမဆုံးအကြိမ် ဒဏ္ဍာရီလာ ကသောင်းကနင်းဟင်းလင်းပြင်ကို မျက်ဝါးထင်ထင် တွေ့ရတာပဲ။ အရင်တုန်းကတော့ သူ့ရဲ့ကိုယ်ပိုင်မျက်နှာပြင်ကနေ ထွက်တဲ့အခါမှာတောင် မျက်နှာပြင်တွေကြားက အာကာသကိုပဲ ဖြတ်သန်းခဲ့ရတာ။ ကသောင်းကနင်းဟင်းလင်းပြင် ဆိုတာက မျက်နှာပြင်တွေရဲ့ အပြင်ဘက်ကနေရာပဲ။ ဘယ်လိုနယ်နိမိတ်မှ မရှိသလို ဘယ်သူမှ ဒီဟင်းလင်းပြင်းဘယ်လောက်ကျယ်ပြန့်မှန်း မသိကြဘူး။ ပြီးတော့ ဒီအထဲမှာ ဘာမှမရှိ။ အာကာသနဲ့ အချိန်ဆိုတဲ့ အယူအဆတောင် ဒီဟင်းလင်းပြင်ထဲ အဓိပ္ပာယ်မရှိဘူး။ ဒါက လစ်ဟင်းနေတဲ့ မြေပြင်တစ်ခုသာသာ မဟုတ်။

ကူယွဲ့ ကသူ့လက်ဖဝါးကိုသူ အလိုလို ငေးကြည့်မိတယ်။ သူအိပ်မက်မက်နေတာလား...။ ယုတ္တိအရဆို သူတို့ရဲ့အစွမ်းသတ္တိတွေဟာ သူတို့ရဲ့ကိုယ်ပိုင် မျက်နှာပြင်တွေကနေ ဆင်းသက်လာတယ်ဆိုတာ။ ဒီဟင်းလင်းပြင်မှာတော့ သူဘာလို့ ပိုပြီးတောင် စွမ်းအားပြည့်နေရတာလဲ။

သူ နောက်ထပ်စဉ်းစားဖို့ အချိန်မရသေးခင်မှာပဲ အုပ်ထိန်းမှုစနစ်က တစ်ချက်လင်းသွားတယ်။ သတိပေးသံတစ်ခု ထွက်လာတယ်။

"ဘော့စ်ကို အစီရင်ခံပါရစေ! ရှေ့မီတာ ၅၀၀ အကွာမှာ ကျူးကျော်သူတစ်ဦး ရှိနေပါတယ်!"

သူတို့အားလုံး အာရုံစိုက်ကြည့်လိုက်တဲ့အခါ အဖြူရောင်အလင်းတစ်ခုကို မှိတ်တုတ်မှိတ်တုတ် မြင်လိုက်ရတယ်။ မြင်နေကျ အစိမ်းရောင်စနစ် အလုံးတစ်ခုက အဲဒီအလင်းထဲကနေ အပြေးထွက်လာတယ်။ မျက်နှာပြင်ကနေ ဖောက်ထွက်လာပြီး ဒီကိုရောက်ကာစဖြစ်မယ်။ စနစ်က သူတို့တွေထက်တောင် နှေးနေသေးတယ်ဆိုတာ အံ့သြစရာပဲ။

ယိချင်းက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သူတို့သုံးဦးနဲ့ အုပ်ထိန်းမှုစနစ်ကို ဖုံးကွယ်ဖို့ တံဆိပ်တစ်ခု ဖန်တီးလိုက်တယ်။

---

ဒီစနစ်က ပေါ်လာတာနဲ့ ညာဘက်ကို တန်း ဦးတည်သွားတယ်။ သူတို့သုံးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး တိတ်တိတ်လေး နောက်ကနေ လိုက်လာခဲ့ကြတယ်။ ဒီအုပ်ထိန်းမှုစနစ်ကတော့ အုပ်စုတစ်ခုလုံးကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ခေါင်းဆောင်နေတာပေါ့။

[ရှေ့က စနစ်ဆိုးက ၂၀၀ မီတာအကွာမှာ ညာဘက်ကွေ့သွားပြီ... ရှေ့က စနစ်ဆိုးက ၃၀၀ မီတာအကွာမှာ ကျောက်တုံးတွေနဲ့ တိုက်မိသွားပြီ... ရှောင်ကြပါ... ရှေ့က စနစ်ဆိုး အရှိန်မြှင့်သွားပြီ...]

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

"ရှန်းရင်..." ကူယွဲ့က မေးလိုက်တယ်။ "ဒီအုပ်ထိန်းမှုစနစ်မှာ ခြေရာခံစနစ် တပ်ထားတာ ဘယ်တုန်းကလဲ၊ မင်းက ၀၀၁ ကို မျက်နှာပြင်ကနေ လွှတ်ပေးဖို့ အစတည်းက ရည်ရွယ်ထားတာလား" ဒါကြောင့်ပဲ သူမက လုံးဝစိတ်မပူဟန် ရှိနေတာပေါ့။

"ဟုတ်တယ်" ရှန်းရင်က သစ်သီးကို ကိုက်စားရင်းနဲ့ ခေါင်းညိတ်လိုက်တယ်။ "ခြေရာခံစနစ်ကို အုပ်ထိန်းမှုစနစ်ထဲ တပ်လိုက်တာက အားလုံးကို ပိုလွယ်ကူစေတယ်၊ ဒီလိုမှမဟုတ်ရင် အဲဒီစနစ်က ငါတို့မျက်နှာပြင်ကို ယုန်တွင်းတွေလို့ တွက်သွားမှာပေါ့" မျက်နှာပြင်တစ်ခုလုံးမှာ အပေါက်တွေ ဖန်တီးခွင့်ပြုမဲ့အစား တစ်ခါတည်း လွှတ်လိုက်တာက ပိုကောင်းတယ်လေ။

"အင်း..." ကူယွဲ့က ထပ်မေးချင်သေးတယ်။

"ပျောက်သွားပြီ" ယိချင်းက ရုတ်တရက်ရပ်လိုက်ပြီး ရှေ့ကို ဇဝေဇဝါကြည့်ရင်းပြောလိုက်တယ်။

ကူယွဲ့လည်း ရပ်ပြီး ရှေ့ကိုကြည့်လိုက်တယ်။ တကယ်ပဲ၊ ရှေ့မှာတစ်လျှောက်လုံး ရှိနေတဲ့ ၀၀၁ စနစ်က ပျောက်ကွယ်သွားပြီ။ ကျန်ရစ်ခဲ့တာက အမှောင်ထုသာ ဖြစ်နေတယ်။

"ဘာဖြစ်သွားတာလဲ" ဘယ်လိုလုပ် ပျောက်သွားတာလဲ။ သူတို့က သိပ်ကို နီးနီးကပ်ကပ်လိုက်နေတာ။ ၅၀၀ မီတာတောင် မဝေးသေးပါဘူး။ သူတို့ ပျောက်စရာတော့ မရှိပါဘူး။

"ကျွန်တော်လည်း မသိဘူး၊ ရုတ်တရက်ကြီး ပျောက်သွားတာ" စားဖိုမှူးက ခေါင်းခါလိုက်တယ်။

"ဟင်... မိဘအုပ်ထိန်းစနစ်ကြီးတောင် စိတ်မရှည်နိုင်အောင် ဖြစ်နေသလိုပဲကွာ..."

[ဘော့စ်! ပစ်မှတ်ပျောက်သွားပြီ။ ပစ်မှတ်ပျောက်သွားပြီ!]

"ဟင့်အင်း.. ပျောက်မသွားဘူး" ရှန်းရင်ကမျက်မှောင်ကျုံ့ပြီး ပြောလိုက်တယ်။ သူခြေတစ်လှမ်းတိုးပြီး ညာလက်ကို မြှောက်တယ်။ တစ်ခုခုကို ထိဖို့လုပ်နေသလို လက်ချောင်းတွေကို ခပ်ဖွဖွ လှုပ်နေတော့တယ်။ အမှောင်ထုထဲက ရေစီးကမ်းပြိုသလို တဖြုတ်ဖြုတ်နဲ့ ပြိုသွားတယ်။ ရှေ့မှာမြင်ရတဲ့မြင်ကွင်းကလည်း လုံးဝပြောင်းလဲသွားပြီ။

ကူယွဲ့တို့ ဒီအခြေအနေကို စူးစိုက်ကြည့်ရင်း အသက်ပြင်းပြင်းရှူမိလိုက်ကြတယ်။

ဒါ...ဒါက ဘာများလဲ...။

လှိုင်းတွေ ငြိမ်သွားတဲ့အခါမှာတော့... သူတို့ရှေ့မှာ အဆမတန်ကြီးမားတဲ့အရာတစ်ခု မျောနေတာကို တွေ့လိုက်ရတယ်။ အစိမ်းရောင်အလင်းတန်းတွေက နေရာအနှံ့ကနေ ထွက်နေပြီး လှောင်ချိုင့်တစ်ခုလို ဖြစ်နေတယ်။ ဒီလှောင်ချိုင့်ပတ်လည်မှာ ကုတ်တွေပါတဲ့ မန္တန်စာရွက်တွေနဲ့ ဝန်းရံထားတယ်။ အဲ့ဒီအရာကြီးမှာ လက်တွေအများကြီးရှိပြီး တစ်ဖက်တစ်ချက်စီကို လှုပ်ရှားနေတယ်။ သေသေချာချာကြည့်ရင် လက်တစ်ခုစီမှာ အရောင်အမျိုးမျိုးကွဲတဲ့ ဝိညာဉ်လေးတွေကို မြင်ရတယ်။ ဒီဝိညာဉ်တွေက လက်ဖဝါးတွေဆီကို စုပြုံလာကြတယ်။

ဒီအရာက တကယ့်ကို ကြီးမားလွန်းတယ်။ တကယ်တော့ ဘယ်လောက်ကြီးသလဲဆိုတာ အတိအကျ ပြောဖို့ မလွယ်သလို ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တစ်ခုနဲ့တစ်ခု ခွဲခြားဖို့တောင် မလွယ်ဘူး။ တစ်ဖက်မှာကြည့်ရင် မျက်နှာပြင်သစ်ပင်ကြီးနဲ့ တူပေမဲ့... ဘယ်လိုမှအရင်းအမြစ်ရဲ့ အရှိန်အဝါ ရှိမနေဘူး။ ၀၀၁ နဲ့တူတဲ့ စနစ်တချို့က မနီးမဝေးကလက်တွေလှုပ်ရှားနေတဲ့ ဒီအရာကြီးနဲ့ နီးနီးကပ်ကပ် မှီခိုနေကြတယ်။ သူတို့ဖမ်းထားတဲ့ ပင်မဝိညာဉ်တွေကို ဒီအရာရဲ့လက်ဖဝါးထဲ လွှတ်ပေးပြီးတာနဲ့ နောက်ပြန်လှည့်ထွက်သွားကြတယ်။

ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ ကူယွဲ့က သတိထားမိတာက... အဲ့ဒီလိုစနစ်လေးတွေ မရေမတွက်နိုင်အောင်ရှိနေတာပဲ။ ဒါတွေက ပုရွက်ဆိတ်အုံထဲက ပုရွက်ဆိတ်လေးတွေလိုပဲ... အလုပ်တွေကို အားတက်သရောလုပ်နေကြတယ်။

…

အခန်း ၆၉၂ ။ ဘော့စ်ကို တိုက်ခိုက်ခြင်း

[ဘော့စ်ကို တင်ပြပါတယ်။ ပင်မစနစ်ကို အာရုံခံမိပါပြီ]

ကူယွဲ့က ကြီးမားတဲ့အရာကို သေချာကြည့်လိုက်တယ်။

အဲ့ဒီစွမ်းအင်က စီမံထိန်းသိမ်းသူတွေရဲ့စွမ်းအင်နဲ့ နှိုင်းယှဉ်လို့ရကြောင်းကို ဝိုးတဝါးအာရုံခံနိုင်တယ်။ တစ်ခုတည်းသော ကွာခြားချက်က ဒီအရာက စွမ်းအင်အရှုပ်အထွေးကြီး ပါဝင်နေတာပါပဲ။ စီမံထိန်းသိမ်းသူတွေရဲ့ဟာလောက် မသန့်စင်ဘူး။ အရင်းအမြစ်မျိုးစုံကနေ စွမ်းအင်တွေကိုစုပုံထားတာ။ ပြီးတော့ အသန်မာဆုံးအချက်ကတော့အဲ့ဒီအရာရဲ့အလယ်ဗဟိုပဲ။

"စနစ်တွေ အများကြီးရှိနေတယ်၊ ငါတို့အခုဘာလုပ်ကြမလဲ" ကူယွဲ့က မေးတယ်။ သူက ဘာရယ်မဟုတ် အကြံပေးမိလိုက်တယ်။ "ငါတို့ ဒီအရာရဲ့ဝင်ပေါက်ကို ရှာကြည့်ရင်ရော၊ တိတ်တိတ်လေး အထဲဝင်ကြည့်လို့ရတယ်၊ ဒီပင်မစနစ်က အဓိက ပါဝါခလုတ်တော့ ရှိရမယ်မလား"

"နင်ဘာလို့အထဲကို ဝင်ချင်ရတာလဲ" ရှန်းရင်က ခေါင်းကို စောင်းပြီးတော့ အင်မတန်လေးနက်တဲ့အသံနဲ့ မေးတယ်။

"အဓိပ္ပာယ်မရှိတာ ငါတို့တခြား ဘာလုပ်လို့ရမှာလဲ၊ ဒီအရာကြီးရဲ့ အရင်းအမြစ်က အလယ်တည့်တည့်မှာ ရှိနေတာလေ"

"ငါတို့ဒီအတိုင်း သတ်လိုက်ရင်ရော"

"အာ" ကူယွဲ့က တန့်သွားတယ်။ သူ မတုံ့ပြန်နိုင်ခင် ရှန်းရင်က အဲ့ဒီအရာကြီးရဲ့ လက်တစ်ဖက် ဘေးမှာ ရောက်နေပြီ။ သူမက လက်ဆန့်ကာ လှမ်းဖမ်းပြီးတော့ တင်းတင်းကြပ်ကြပ် လှမ်းဆုပ်ကိုင်လိုက်တယ်။

"ခဏ မင်းဘာလုပ်နေတာလဲ! ဟိုလီရှစ်! မင်းအဲ့ဒါကိုဒီအတိုင်းကြီး သတ်လိုက်တော့မှာလား"

မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်အောင်အလုပ်ရှုပ်နေတဲ့စနစ်တွေ အကုန်ရပ်ကုန်တယ်။

ရှန်းရင်က စနစ်ကြီးတစ်ခုလုံးကို ရပ်တဲ့ခလုတ်နှိပ်လိုက်သလိုပဲ။ သူတို့အားလုံးက သူမကို လှည့်ကြည့်လာတယ်။ အစိမ်းရောင်အလင်းတွေက ချက်ချင်းအနီရောင်ပြောင်းကုန်တယ်။ သူတို့တွေက မျက်လုံးအနီရောင်နဲ့ တူပြီးတော့ ရှန်းရင်ဘက်ကို ဒေါသတကြီးစိုက်ကြည့်နေကြတယ်။ တကယ်ပဲ တစ်ခုပြီးတစ်ခု သူတို့ရဲ့သတိပေးမြည်သံတွေက စတင်မြည်လာတော့တယ်။

"ရှန်းရင်" ကူယွဲ့ ရင်ထိတ်သွားတယ်။ သူက သူမကို လှမ်းဆွဲဖို့လုပ်လိုက်တယ်။ သူက သူမဆီတောင် မရောက်ခင် သူမက ကိုင်ထားတဲ့ လက်မောင်းပေါ် ခပ်ဆတ်ဆတ် ရိုက်ချလိုက်တယ်။ အက်ကွဲသံကြီး ပေါ်လာတယ်။ မျက်စိကျိန်းစရာအလင်းက သူတို့ဘေးက ဖြတ်သွားတယ်။ ရှန်းရင် ကအဲ့ဒီအရာရဲ့ ခန္ဓာကိုယ်ကနေ လက်မောင်းကိုဆွဲနှုတ်လိုက်တာပဲ။

ပင်မစနစ်ကြီးက စတင်ပြီးတော့ လိမ်ရှုံ့လာတယ်။ သူကလက်မောင်းတွေကိုရမ်းပြီးတော့ ကျူးကျော်သူ ၃ ယောက်ကိုတိုက်ခိုက်ဖို့ကြိုးစားနေတယ်။ မရေမတွက်နိုင်တဲ့ ပုရွက်ဆိတ်လိုစနစ်တွေက သူတို့ဆီ ဦးတည်လာကြတယ်။ ဒါပေမဲ့ ရှန်းရင်က အေးအေးဆေးဆေးပဲ။ သူမရဲ့လက်ထဲက လက်မောင်းကြီးကို ကြိုးလိုအသုံးချလိုက်တယ်။ တစ်ဖက်လှည့်ပြီးတော့စနစ်တွေအားလုံးဆီ ဦးတည်ပြီးပစ်လိုက်တယ်။ အသံအကျယ်ကြီးနဲ့အတူ တစ်စုံတစ်ခုက ပေါက်ကွဲသွားတယ်။ သူတို့ရှေ့မှာ ရောင်စုံပေါ်လာပြီး ပင်မစနစ်‌ပေါ်က စနစ်တွေနဲ့လက်တွေက တစ်ခုချင်းဆီပေါက်ကွဲလာပြီး နေရာအနှံ့ပျံ့ကျဲကုန်တယ်။

ဒါတောင် ရှန်းရင်က သူမလက်ထဲက လက်မောင်းကို ဝေ့ရမ်းနေတာ မရပ်သေးဘူး။ အဲ့အစား တစ်ဖက်လှည့်ပြီး ပင်မစနစ်ရဲ့ ခန္ဓာကိုယ်ဆီဦးတည်သွားတယ်။ နောက်ထပ် အသံအကျယ်ကြီး ပေါ်လာတယ်။ အရှိန်က အမှိုက်ပုံကြီးကို နောက်ကိုယိုင်သွားစေတယ်။ အက်ကွဲသံတွေ ဆက်တိုက်ပေါ်လာပြီးတော့ ပင်မစနစ်ရဲ့ ခန္ဓာကိုယ်ပေါ် အက်ကွဲကြောင်းကြီးတွေ စတင် ပေါ်ပေါက်လာတော့တယ်။ ထိပ်ဖျားကနေ အောက်ခြေထိ ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲကြောင်းတွေနဲ့ ပြည့်နှက်သွားတယ်။ သူ့စွမ်းအင်ပမာဏ အများကြီးက အကြွင်းအကျန်ဝိညာဉ်တွေအဖြစ် ပြောင်းလဲကုန်ပြီး အထဲကနေ လွတ်မြောက်လာတယ်။ သူတို့တွေ စနစ်အထဲက အမှတ်တွေကို မြင်နေရတယ်။ "ဟုတ်ပြီလေ၊ ငါတို့အခုဆိုဝင်စရာမလိုတော့ဘူး" ရှန်းရင်က ပြောတယ်။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

"ချီး! ကြမ်းတမ်းလိုက်တဲ့ ကလိမ်ကကျစ်ပါလား" တကယ်ပဲ အရာအားလုံးက သူ့ရှေ့မှာဆိုရင် စာရွက်လေးတွေလိုပဲ။

လှုပ်ရှားမှုမြန်မြန်နဲ့ ရှန်းရင်က အရေးကြီးတဲ့တစ်စုံတစ်ရာကို ဖျက်ဆီးလိုက်နိုင်တဲ့ပုံပဲ။ ပင်မစနစ်က တွန့်လိမ်သွားပြီး တစ်ဖက်လှည့်ကာ ထူးဆန်းတဲ့အသံတွေ ပြုလုပ်တယ်။ မရေမတွက်နိုင်တဲ့ စနစ်လေးတွေတောင်မှ နေရာအနှံ့ပျံ့ကျဲကုန်ပြီ။

ကူယွဲ့ရင်ထိတ်သွားပြီးတော့ နောက်ဆုံးမှ တုံ့ပြန်လာနိုင်ပြီး ယိချင်းဘက်လှည့်ပြောလိုက်တယ်။

"စားဖိုမှူး မြန်မြန် ဒီစနစ်တွေကို ရပ်လိုက်!" သူတို့ဒါတွေကို နောက်ထပ်မျက်နှာပြင်တွေဆီ ကျူးကျော်စေလို့ မဖြစ်ဘူး မဟုတ်ရင်အကျိုးဆက်ကြီးမားလိမ့်မယ်။

ယိချင်းက ချက်ချင်းတုံ့ပြန်တယ်။ မျက်စိတစ်မှိတ်အတွင်း သူက နယ်ပယ်ရဲ့ အစွန်းဆုံးဆီ ဆုတ်သွားတယ်။ မရေမတွက်နိုင်တဲ့စနစ်လေးတွေဆီဦးတည်နေတဲ့ ကြီးမားတဲ့ မီးနံရံကြီးတစ် ခုဖန်တီးလိုက်တယ်။ ဝေါခနဲမြည်သံကြီး‌တွေ ပေါ်လာပြီး မီးနံရံနဲ့ ထိတွေ့တဲ့စနစ်မှန်သမျှ ပြာမှုန့်တွေ ဖြစ်ကုန်တယ်။ မီးနံရံကြီးက‌ ရှည်သထက်ရှည်လာတယ်။ ရုတ်တရက်မြေကြီးက ချော်ရည်တွေ ဖြစ်သွားသလိုပဲ။ နေရာက ကြီးမားလို့ စားဖိုမှူးက အပေါက်တွေအကုန်လုံး ပိတ်ဖို့အတွက် ဇာမဏီငှက်အသွင် ပြောင်းလိုက်ရတယ်။ ဇာမဏီငှက်အဖြစ် ပြောင်းတော့မှ ပင်မစနစ်နဲ့ စနစ်လေးတွေကို ထိန်းချုပ်နိုင်တဲ့အထိ ကြီးမားတဲ့မီးနံရံကြီးတစ်ခု ဖန်တီးနိုင်တော့တယ်။

ကူယွဲ့လည်း သူ့အမတဓားကို ဆင့်ခေါ်ပြီးဝေ့ရမ်းလိုက်တယ်။ သူတစ်ခါ ဝေ့ရမ်းတိုင်း စနစ်တစ်ခု သေကုန်တယ်။ စနစ်လေးရဲ့ အသက်က စက္ကန့်နဲ့အမျှအရွယ်အစားတွေ ကျုံ့ကုန်တယ်။

ရှန်းရင်ကတော့ မြေကြီးမှာ မားမားမတ်မတ် ရပ်နေတယ်။ သူမက စနစ်ကိုယ်ပေါ်က အက်ကွဲကြောင်းတွေကို ကြည့်ပြီး သူမပတ်လည်က ကသောင်းကနင်းဖြစ်နေတာအားလုံးကို လေ့လာလိုက်တယ်။ သူမက မျက်လုံးကိုမှေးပြီးတော့ ဝေ့ဝဲနေတဲ့ အုပ်ထိန်းမှုစနစ်ကို လှမ်းခေါ်လိုက်တယ်။

“အုပ်ထိန်းမှုစနစ်ရေ”

[ဟုတ်ကဲ့ သူဌေး ဘာညွှန်ကြားချက်များရှိပါသလဲ]

"ဒီက စနစ်တွေအားလုံးရဲ့ စွမ်းအင်စနစ်ကို စစ်ဆေးကြည့် "

"[ဟုတ်ကဲ့ သူဌေး! ပြဿနာမရှိပါဘူး သူဌေး!

စစ်ဆေးနေဆဲ...ငါးဆယ်ဘီလီယမ်+..

စွမ်းအင်က ဘီအဆင့်...ထူးဆန်းသောစွမ်းအင်များကို ရှာဖွေတွေ့ရှိပါတယ်... စနစ်အဆင့်က SSSအဆင့်ကို ကျော်လွန်ပါတယ်...သူဌေးကို တင်ပြပါတယ်၊ ဒီမှာ ပြဿနာတစ်ခုရှိနေပုံပဲ...]

"ပြစမ်း"

[ဟုတ်ကဲ့ သူဌေး!] အုပ်ထိန်းမှုစနစ်က တီကနဲ အသံမြည်တယ်။ အဖြူရောင်အလင်းကြောင်းက အပြာရောင်မျက်နှာပြင်မှာ ပေါ်လာတယ်။ သူက ရှန်းရင် ညာဘက်ပေါ်က မှောင်နေတဲ့ ဧရိယာတစ်ခုကို ညွှန်ပြတယ်။ အလုံးလေးတစ်ခုရဲ့ နဖူးမှာ တခြားစနစ်တွေလို စိမ်းနေပေမဲ့ အနီရောင်လို သတိပေးတဲ့ အလင်းလေး ရှိနေတယ်။ မရေမတွက်နိုင်တဲ့ စနစ်ကို တိုက်ခိုက်နေတဲ့ ကူယွဲ့က ရှန်းရင်ဘာလုပ်ဖို့ လုပ်‌နေမှန်း ရုတ်တရက် နားလည်သွားတယ်။ သူက ရပ်ကာ မေးလိုက်တယ်။

"ဒါက ဘာလဲ"

"ပုံစံအစစ်ပဲ" ရှန်းရင်ကတုံ့ပြန်တယ်။

"ဘာ" ကူယွဲ့က နယ်ပယ်တစ်ခုလုံးရဲ့အလည်ဗဟိုကဟာကို အူကြောင်ကြောင်စိုက်ကြည့်နေမိတယ်။ သူက ညွှန်ပြခံထားတဲ့ စနစ်လေးကို ဘက်လှည့်ပြီး ပြောလိုက်တယ်။

"သူက ဒီထဲက ဘယ်စနစ်ဆီမဆို ရွေ့လို့ရတယ်ပေါ့"

"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။

"ဟိုလီရှစ် "ပင့်သက်ရှိုက်ကာ ဆဲရေးလိုက်တယ်။ သူကနောက်တစ်ကြိမ်ဓားကို မြှောက်ကာ စနစ်လေးဆီကို ပျံသန်းသွားတယ်။ စနစ်က ခန္ဓာကိုယ်မရှိတဲ့အတွက်ကြောင့် ဝိညာဉ်ကို ဖမ်းဖို့ကလွဲ မရှိတော့ဘူး။ ဒီလိုပင်မစနစ်မှာ ခန္ဓာကိုယ်ရှိမှာ မဟုတ်မှန်း သိခဲ့သင့်တာ။ အဲ့ဒါကြောင့် သူလိုချင်တဲ့ ဘယ်စနစ်လေးဆီကိုမဆို ရွေ့နိုင်တာပဲ။

ရှန်းရင် ဘာမှမတွေးဘဲ လှုပ်ရှားခဲ့တာ မဆန်းတော့ဘူး။ သူတို့တွေ စနစ်ရဲ့ခန္ဓာကိုယ်ထဲ တိတ်တိတ်လေး ဝင်ရင်တောင် ပင်မစနစ်ကို ဖမ်းနိုင်မှာ မဟုတ်ဘူး။ ပိုပြီးဆိုးတာက ခန္ဓာကိုယ်တွေပြောင်းပြီး ထွက်ပြေးသွားလောက်ပြီ။ အစကတည်းက သူတို့တွေ စနစ်တစ်ခုချင်းဆီကို ရှင်းလင်းပြစ်ရမှာ။ သူတို့အားလုံးကိုချက်ချင်းပိတ်လှောင်လိုက်တာက ပိုပြီးအဓိပ္ပာယ်ရှိတယ်လေ။

ပင်မစနစ်မှာ ရှိတဲ့ စွမ်းအင်ပမာဏက ကြောက်ခမန်းလိလိပဲ။ သာမန် စွမ်းအင်ထိန်းသိမ်းသူတစ်ယောက်နဲ့တောင် ယှဉ်နိုင်တယ်။ ဒါပေမဲ့ ရှန်းရင် လုပ်ခဲ့တဲ့ အရာနောက်မှာ ပင်မစနစ်က ပြိုကွဲတော့မဲ့ပုံပဲ။ အထောက်အကူစနစ်တွေတောင်မှ နယ်ပယ်ထဲက ထွက်ပြေးဖို့ ကြိုးစားနေပြီ။ အခုတွေးကြည့်တော့ ပင်မစနစ်က ဒါကို တမင်သက်သက် လုပ်နေတဲ့ပုံပဲ။ သူက ရှန်းရင်အတွက် ပြိုင်ဘက် မဟုတ်ဘူးဆိုတာ သိတယ်။ အဲ့ဒါကြောင့် တမင်တကာ ကသောင်းကနင်း ဖြစ်အောင် ဖန်တီးနေတာပဲ။ ထွက်ပြေးလို့ရအောင် တမင်အာရုံလွှဲနေတာ။

တကယ်ပဲ ကူယွဲ့အထောက်အကူစနစ်တွေဆီ ဦးတည်နေတုန်း တခြားအရာတွေက အမိန့်တစ်ခု ရလိုက်တဲ့ပုံပဲ။ သူတို့အားလုံးက ကူယွဲ့ဆီကို လှည့်ဦးတည်လာကြတယ်။ သူတို့တွေက ကူယွဲ့ ရှေ့ဆက်လို့ မရအောင် တားမြစ်ထားတဲ့ အစိမ်းရောင်နံရံကြီးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်တယ်။ ကူယွဲ့ဒိုင်းအကွက်တစ်ခု ဖန်တီးပြီးတော့ အဲ့ဒီအစိမ်းရောင်စနစ်တွေရဲ့နံရံဆီကို အမတဓားသောင်းချီ ပျံသန်းသွားစေလိုက်တယ်။ သူကပင်မစနစ်ရဲ့ ခန္ဓာကိုယ်ဆီကို ဦးတည်လိုက်တယ်။ သူ့ဓားက အလယ်ဗဟိုဆီ ရောက်သွားတယ်။ ဒါပေမဲ့သူ သက်ပြင်းမချနိုင်ခင် ပင်မစနစ်တွေက သူ့ဆီ နှစ်ဆတိုးလာတယ်။

"[တင်း! ပစ်မှတ်က နောက်တစ်ကြိမ်ရွေ့လျားပြန်ပါပြီ] ပင်မစနစ်ရဲ့မျက်နှာပြင်က မည်းမှောင်သွားတယ်။ ရုတ်တရက် သူက သူနဲ့မီတာအနည်းငယ်သာဝေးတဲ့ အစိမ်းရောင်အလုံးလေးဆီကို ညွှန်ပြပြန်တယ်။

ရွေ့သွားပြန်ပြီ!

အုပ်ထိန်းမှုစနစ်က တော်သားပဲ။

ကူယွဲ့ ရင်ထိတ်သွားတယ်။ သူက အဲ့စနစ်ကို လစာတောင် ပေးချင်စိတ် ဖြစ်လာတယ်လေ။ ပေးချင်စိတ်ကို ချုပ်တည်းပြီး သူက နောက်ထပ်ပစ်မှတ်အသစ်ဆီ ဦးတည်သွားတော့တယ်။

…

အခန်း ၆၉၃ ။ ဗဟိုချက်ကို ဖျက်ဆီးခြင်း

အုပ်ထိန်းမှုစနစ် အကူအညီနဲ့မို့ ပင်မစနစ်ဘယ်ကိုပဲပြောင်းပြောင်း သူရောက်နေတဲ့စက်ထဲမှာ အနီရောင်သတိပေးချက်တစ်ခု ပေါ်လာတော့တယ်။

ဒါတင်မကသေးဘူး။ စားဖိုမှူးရဲ့မီးတံတိုင်းက စနစ်အားလုံးကိုဝိုင်းထားပြီး ကူယွဲ့က အတွင်းမှာ ဓားအင်းကွက်တွေအများကြီး ခင်းထားသေးတယ်။ ပတ်ပတ်လည်မှာ အရန်စနစ်တွေအားလုံး တစ်ခုပြီးတစ်ခု ချေမှုန်းခံနေရတယ်။ သူတို့အရေအတွက်က တဖြည်းဖြည်းနည်းလာပြီး နောက်ဆုံးမှာ နည်းနည်းပဲ ကျန်တော့တယ်။

ပင်မစနစ်ကလည်း ဒီအခြေအနေကို ရိပ်စားမိသွားတဲ့ပုံ။ ရုတ်တရက် အရန်စနစ်တစ်ခုအပေါ်က အနီရောင်သတိပေးမီးလင်းတာ ပျောက်သွားတယ်။ အလယ်က ကြီးမားတဲ့အရာရဲ့ ကြမ်းတမ်းတဲ့လက်တံတွေဟာ ထပ်မံလှုပ်ရှားလာတော့တယ်။

[တင်း! သူဌေးကို တင်ပြပါတယ်။ ပစ်မှတ်က မူလနေရာကို ပြန်ရွှေ့သွားပါပြီ]

ကြီးမားလှတဲ့ မျက်နှာပြင်သစ်ပင်ပုံစံ ပင်မစနစ်က မျက်စိစူးစေတဲ့ အစိမ်းရောင် အလင်းတန်းကြီးတွေကို ရုတ်တရက် ထုတ်လွှတ်လိုက်တယ်။ ဒီအလင်းတန်းတွေက လေဆာရောင်ခြည်တွေလိုပဲ၊ သူတို့သုံးဦးဆီကို ဦးတည်လာတယ်။ အလင်းတန်းတွေ ထိမိသမျှ အရာအားလုံး ပေါက်ကွဲကုန်တယ်။ ဒီအလင်းတန်းတွေက မူလအရင်းအမြစ်ရဲ့ စွမ်းအားတွေပါ သယ်ဆောင်လာသလိုပဲ။

"ဒီစက်က အရင်းအမြစ်စွမ်းအား အားလုံးကို စုပြီး ငါတို့ကို တိုက်ခိုက်နေတာ" ကူယွဲ့က အထိတ်တလန့် ရေရွတ်လိုက်တယ်။ သူ လှည့်ပြီး မီးတံတိုင်းကို ထိန်းချုပ်ထားဆဲဖြစ်တဲ့ ယိချင်းဆီ ပြေးသွားတယ်။

"စားဖိုမှူး၊ မြန်မြန် ရှောင်"

"မလိုဘူး" ရှန်းရင်က စကားဖြတ်ပြောလာတယ်။ ချက်ချင်းဆိုသလို သူမက လေဆာအလင်းတန်းတွေရဲ့ ရှေ့ကို ခုန်ဝင်သွားတယ်။ အလင်းတန်းတွေက သူမကို ထိတော့မလိုလို နီးကပ်နေပြီ။ ရှန်းရင်က လက်တစ်ဖက်ကို ဆန့်လိုက်တယ်။ ချက်ချင်းဆိုသလို အလင်းတန်းတွေက သူမရဲ့ လက်ကနေ တန်ပြန်သွားတယ်။ သူမက မှန်တစ်ချပ်ကို ကိုင်ထားသလိုမျိုးပဲ။ ကွဲအက်သံတွေ ဆက်တိုက်မြည်လာတယ်။ တစ်စုံတစ်ခု လောင်ကျွမ်းနေတဲ့အနံ့က လေထုထဲ ပျံ့နှံ့သွားခဲ့တယ်။

နောက်တော့ အက်ကွဲသံအကျယ်ကြီးတစ်ချက် ကြားလိုက်ရတယ်။ အက်ကြောင်းကြီးတွေပြည့်နေတဲ့ ပင်မစနစ်ကို ထိမှန်သွားခဲ့တာပဲ။ သူ့ကိုယ်ပိုင်အလင်းတန်းတွေကြောင့် ခန္ဓာကိုယ်ကြီးထဲ အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားတယ်။

"အခုဝင်လို့ရပြီ" ရှန်းရင်က အက်ကြောင်းကြီးဆီကို ညွှန်ပြတယ်။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

မင်းက တကယ်ကို မယုံနိုင်စရာပဲ။

凸(艹皿艹)

ဒါက ကိုယ်ထဲဝင်မယ်လို့ သူမ ပြောခဲ့တဲ့ဟာလား။ သူက စနစ်ကို သောက်ကျိုးနည်း ဆုတ်ဖြဲပစ်လိုက်တာပဲ။ ဒါက စက်ကို တစစီဖျက်တဲ့ထဲ အညံ့ဆုံးနည်းလမ်းပဲဟ။

ရှန်းရင်က စနစ်ရဲ့ဗဟိုချက်ထဲ ခြေလှမ်းကျဲကြီးနဲ့ ဝင်ရောက်သွားတယ်။ ကူယွဲ့နဲ့ ယိချင်းတို့ အဓိပ္ပာယ်ရှိရှိ အကြည့်ချင်း ဆုံကြည့်ပြီးတဲ့နောက် သူမနောက်ကနေ စက်ထဲကို လိုက်ဝင်သွားကြတယ်။

အက်ကြောင်းထဲကို ဝင်ရောက်လိုက်တဲ့အခိုက် သူတို့ပတ်ဝန်းကျင်က အရာအားလုံး ပြောင်းလဲသွားတယ်။ အမှောင်ထု ပျောက်ကွယ်သွားပြီး ဖြူစွတ်နေတဲ့ နယ်မြေတစ်ခုထဲ ရောက်ရှိသွားတာ မြင်လိုက်ရတယ်။ ဒီနေရာမှာ အလင်းကလွဲပြီး ဘာမှမရှိ။ ရှေ့မှာ မျက်နှာပြင်ရဲ့အရင်းအမြစ်ကနေ ထုတ်လွှတ်နေတဲ့ ထူထပ်သိပ်သည်းတဲ့ စွမ်းအင်တွေကို ဝိုးတဝါး ခံစားရတယ်။

ခဏအတွင်းမှာပဲ သူတို့မျက်စိရှေ့ ပုံရိပ်တစ်ခုပေါ်လာတယ်။ စွမ်းအင်က စုဝေးသိပ်သည်းလာပြီး လူသားပုံ စံဖြစ်လာတယ်။ လူတစ်ယောက်က လေထဲမှာ မျောနေတယ်။ သူက သာမန်အရပ်အမောင်းနဲ့ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားတယ်။ သူ့အကြည့်က အေးစက်နေပေမဲ့ မျက်နှာမှာ ဘာအမူအရာမှ မပြ။ သူ ပါးစပ်မဟဘဲနဲ့ စက်သံတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပဲ့တင်ထပ်လာတယ်။

"အဆင့်နိမ့်မျက်နှာပြင်က ကျူးကျော်သူတွေ ငါ့လိုပင်မနတ်ဘုရားကို စိန်ခေါ်ရဲတယ်လား၊ သင်တို့ရဲ့ ဝိညာဉ်တွေကို ဒီအတွက် အဖိုးအခ အဖြစ် ဆပ်ခိုင်းမယ်"

"ကျူးကျော်သူတွေတဲ့လား" ကူယွဲ့က လေထဲကလူကို မော့ကြည့်ရင်း ရယ်ချင်သွားတယ်။

"ကိုယ်တိုင်ကမှ လျှောက်သွားပြီး အခြားလောကတွေကို သိမ်းယူနေတာ မဟုတ်ဘူးလား"

အမျိုးသားက ဒေါသအတော်ထွက်သွားသလို မျက်မှောင်ကျုံ့နေတယ်။ ထူးဆန်းတဲ့ လျှပ်စစ်အသံက နောက်တစ်ကြိမ် ထပ်မြည်လာတယ်။ ဒါပေမဲ့ ကူယွဲ့ပြောတဲ့စကားကို ပြန်မတုံ့ပြန်တော့ဘူး။

"မင်းတို့ ငါ့ပင်မနတ်ဘုရားရဲ့ နယ်မြေထဲ ဝင်လာတယ်ပေါ့၊ ငါ့ရှေ့မှာ ခုခံဖို့ ကြိုးစားတဲ့သူ ဘယ်သူမှ အသက်မရှင်နိုင်ဘူး"

"ပင်မနတ်ဘုရားရဲ့ နေရာလား?!"

ကူယွဲ့ရဲ့ စိတ်ထဲမှာ သံသယဝင်လာတယ်။ ဒီနေရာဆီ သူတို့ကို တမင်လှည့်စားခေါ်ဆောင်လာတာလား။ သူက သူ့ကိုယ်ပိုင်မျက်နှာပြင်နဲ့ ချိတ်ဆက်မှုကို စစ်ဆေးကြည့်ဖို့ ဘာရယ်မဟုတ်စမ်းကြည့်လိုက်တယ်။ အရင်ကဆိုရင် လွတ်လွတ်လပ်လပ် ချိတ်ဆက်လို့ရနေတာပဲ၊ အခုတော့ မရတော့ဘူး။ တစ်စုံတစ်ယောက်က ဒီဆက်သွယ်မှုကို ဖြတ်တောက်ပစ်လိုက်သလိုပဲ။

သူ့ရင်ထဲမှာ တင်းကျပ်လာတယ်။ တခြားဖြေရှင်းနည်းတစ်ခုခုကို မစဉ်းစားရသေးခင်မှာပဲ၊ လျှပ်စစ်အသံကို ထပ်ကြားလိုက်ရတယ်။

[အရင်းအမြစ်ရဲ့ စွမ်းအားကို အောင်အောင်မြင်မြင် ချိန်ညှိပြီးပါပြီ၊ ဝိညာဉ်တွေကို ရွေးနှုတ်ဖို့ အသင့်ပြင်ဆင်ပါ။ ရွေးနှုတ်ခြင်း စတင်ပါပြီ...]

လေပြင်းတစ်ခု ဖြတ်တိုက်လာပြီး အက်ကွဲသံတွေ အဆက်မပြတ်ကြားလိုက်ရတယ်။ ချက်ချင်းပဲ ဖိအားကြီးတစ်ခုက သူတို့အပေါ် ပိကျလာသလို ခံစားလိုက်ရတယ်။

ကူယွဲ့ရင်ထိတ်သွားတာပေါ့။ သူ့လက်ထဲကအမတဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်။ ဒီဖိအားက နီးကပ်သကထက်... ပိုပိုနီးကပ်လာတယ်...။

နောက်တော့... သူတို့ဘေးကနေ ဖြတ်ကျော်သွားလေရဲ့...။

-_-|||

ကူယွဲ့၊ စားဖိုမှူး၊ ရှန်းရင်နဲ့ အုပ်ထိန်းမှုစနစ်တို့ဟာ သူတို့ရဲ့နဂိုနေရာမှာပဲ မြဲမြဲမြံမြံရပ်နေဆဲ။ ဒီဖိအားက သူတို့ကို ရွေ့သွားအောင်တောင် မတွန်းအားပေးနိုင်ခဲ့ဘူး၊ ဝိညာဉ်တွေကို ခိုးယူဖို့ဆိုတာကတော့ ဝေးလှပေါ့။

သုံးယောက်သား ။ ။ "..."

ကြောက်စရာကောင်းလိုက်တဲ့ ဝိညာဉ်နှုတ်စက်...

╮(╯_╰)╭

[ရွေးနှုတ်ခြင်း ကျရှုံး! ဒုတိယအကြိမ် ကြိုးစားမှုအတွက် စွမ်းအားကို ၇၀% အထိ တိုးမြှင့်၊ ရွေးနှုတ်ခြင်း စတင်...]

အက်ကွဲသံတွေ ပြန်ကြားလိုက်ရပြီး ဖိနှိပ်တဲ့အားတစ်ခု ပေါ်လာပြန်တယ်။ နောက်တော့...

ဒီစွမ်းအားကလည်း သူတို့ဘေးက ဖြတ်ကျော်သွားပြန်တယ်!

လူသုံးယောက်က နဂိုနေရာမှာပဲ ပုံသေရပ်နေကြတယ်။

"ရွေးနှုတ်ခြင်း မအောင်မြင်ပါ! တတိယအကြိမ်ကြိုးစားဖို့ စွမ်းအားကို ၉၀% အထိ တိုးမြှင့်..."

ဒီတစ်ခါလည်း ဒီစွမ်းအားပဲ သူတို့ဆီကိုဦးတည်လာပြီး...

ထပ်ပြီး ဘေးကဖြတ်ကျော်သွားပြန်တယ်!

ဒီသုံးယောက်သားက လုံးဝငြိမ်ငြိမ်လေး ရပ်နေတာများ ခွေးသေကောင်တွေနဲ့တူတဲ့အထိ။

"ရွေးနှုတ်ခြင်း မအောင်မြင်ပါ၊ စတုတ္ထအကြိမ်ကြိုးစားဖို့ စွမ်းအားကို ၁၀၀% အထိ တိုးမြှင့်..."

"မင်း ပြီးဦးမှာလား ဒီတစ်သက်" ကူယွဲ့ရဲ့ နှုတ်ခမ်းက ဆတ်ခနဲ တွန့်သွားတယ်။ သူဒီထက်ပိုပြီး တိတ်တိတ်မနေနိုင်တော့ဘူး။

"မှုတ်... မှုတ်... မှုတ်... ဘာတွေကိုမှုတ်နေတာလဲ! မင်းကိုယ်မင်း လျှပ်စစ်ပန်ကာထင်နေတာလား"

ဒီပင်မစနစ်က အရမ်းစွမ်းအားကြီးတယ်လို့ သူထင်မိခဲ့တာ မှားတာပဲ။ စနစ်က မန်နေဂျာတောင် မဟုတ်ဘူးဆိုတာ သူမေ့သွားခဲ့တယ်။ ဒီစက်က နေရာတကာက အရင်းအမြစ်တွေကို ခိုးယူပြီး ဒီဗဟိုစက်ထဲကို ထည့်ပေးနေတဲ့ စက်တစ်လုံးပဲလေ။ ဒီလောက်မတူညီတဲ့ စွမ်းအားမျိုးစုံနဲ့ဆို ဒီစက်က အပြင်ပန်းသဏ္ဌာန် မပျက်အောင် ထိန်းထားနိုင်တာကိုက ကြီးမားတဲ့ အောင်မြင်မှုပြောရမယ်။ တကယ့် စီမံထိန်းသိမ်းသူတွေရဲ့ ဝိညာဉ်တွေကို ခိုးယူဖို့ဆိုတာ မဖြစ်နိုင်တာပါပဲ။

ဒီဟာက သူတို့ဘယ်သူဘယ်ဝါဆိုတာတောင် မသိလောက်ဘူး။

[အမျိုးအမည်မသိ သက်ရှိတစ်မျိုး အာရုံခံမိပါတယ်! သူ့အချက်အလက်တွေကို ဆန်းစစ်မရပါ! ဆန်းစစ်မရ...]

ပင်မစနစ်ကနေ တဒုန်းဒုန်းအသံတွေမြည်လာတယ်။ စက်တစ်ခုခု ကြောင်သွားတဲ့ပုံပဲ။

"မျက်နှာပြင်ပေါ်က ဘာသက်ရှိနဲ့မှမကိုက်ညီတဲ့ အသက်တွေပဲ၊ မင်းတို့က ဘာတွေတုံး"

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

သူတို့ ဘယ်သူတွေလဲဆိုတာ တကယ်မသိတာလားဟ။

o(╯□╰)o

ကျူးကျော်သူရဲ့ စနစ် ၀၀၁ က ကောင်းကင်တာအို တွေ့သွားနိုင်တယ်ဆိုပြီး မကြာခဏ ပြောလေ့ရှိပေမဲ့ စီမံထိန်းသိမ်းသူ အကြောင်းကိုတော့ ဘယ်တော့မှ မပြောခဲ့ဘူး။ သူက စီမံထိန်းသိမ်းသူအကြောင်းကို မသိခဲ့တာလား။ ဒါဆို ဒီလူပြောနေတဲ့ ပင်မနတ်ဘုရားနယ်ပယ်ဆိုတာတွေအားလုံးက ‌တမင်သက်သက်ခြောက်လှန့်တာတွေပဲပေါ့။

အုပ်ထိန်းမှုစနစ်ပြောတာမှန်တယ်။ ဒါ တကယ့်ကို အဆင့်နိမ့်စနစ်ပဲ။ ဖျက်ဆီးခံရသင့်တယ်။

ကူယွဲ့ မျက်မှောင်ကြုတ်ပြီး ဓားချီတွေကို လွှတ်ကာ လေထဲမှာရှိတဲ့ ပုံရိပ်ဆီကို ပစ်လိုက်တယ်။ ပုံရိပ်က တဖျတ်ဖျတ်ဖြစ်ပြီး ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတယ်။

"သုံးဖက်မြင်ပုံရိပ်လား" ယိချင်းက မျက်မှောင်ကြုတ်လိုက်တယ်။ သူ လေပြင်းစည်းချိပ်တစ်ခု ပြုလုပ်ကာ ပြင်းထန်တဲ့ လေပြင်းတစ်ချက် တိုက်ခတ်စေတယ်။ ဒီလေက စောနကမူလစနစ် မှုတ်ခဲ့တဲ့ သုံးကြိမ်စာလေထက် ပိုပြင်းသေးတယ်။ တိမ်ဖြူတွေ ပျံ့လွင့်ကုန်ပြီး နေရာတစ်ခွင်လုံး ပြန်မှောင်သွားခဲ့တယ်။

အစိမ်းရောင် အလင်းတစ်ခု ရှေ့မှာပေါ်လာတယ်။ သူ့ပတ်လည်မှာ ကုတ်တွေ မရေမတွက်နိုင်အောင် ဝိုင်းရံထားတာ။ ဗဟိုချက်ကတော့ မတူညီတဲ့အရောင်စုံတွေနဲ့ ရောထွေးနေတဲ့ အရှုပ်အထွေးကြီး။ စွမ်းအင်က သိပ်သည်းလွန်းလို့ သာမန် မျက်နှာပြင်တစ်ခုရဲ့ အရင်းအမြစ်နဲ့တောင် ယှဉ်လို့ရနေပြီ။ ပင်မစနစ်ရဲ့ ဗဟိုချက်ဆိုတာ သိသာတယ်။

ရှန်းရင် မျက်လုံးမှေးကာ ဒီဗဟိုချက်ဆီကို ဦးတည်လာတယ်။

[ခဏ! ဗဟိုချက်ကို မထိပါနဲ့!]

လျှပ်စစ်အသံက ပတ်ဝန်းကျင်မှာ ပေါ်ထွက်လာတယ်။ စောနက ကြားခဲ့ရတဲ့ ခံစားချက် ကင်းမဲ့နေတဲ့အသံထက်ကို သွေးပျက်နေပြီ။

[ငါ...ငါ ရုပ်ခန္ဓာကိုယ်ရဖို့ မကြာတော့ဘူး။ ထာဝရအသန်မာဆုံး သက်ရှိဖြစ်လာတော့မှာ။ ငါ့ဗဟိုချက်ကို မဖျက်ဆီးပါနဲ့!"

ရုပ်ခန္ဓာကိုယ်လား။

ကူယွဲ့ မျက်မှောင်ကြုံ့လိုက်တယ်။ ထာဝရအသက်ရှင်မဲ့အရာဆိုတာ ခဏထားဦး... ဒီဟာက ရုပ်ခန္ဓာရဖို့အတွက်နဲ့ မျက်နှာပြင်တွေမှာ အပေါက်တွေ လိုက်ဖောက်နေတာလား။ သူ နောက်ပြန်လှည့်ကြည့်ပြီး ရှန်းရင်ဘေး လိမ်လိမ်မာမာ လွင့်မျောနေတဲ့ လေးထောင့်တုံးလေးကို စိုက်ကြည့်လိုက်တယ်။ ပြောမှ... ရုပ်ခန္ဓာကိုယ်ရဖို့ဆိုတာ ဒီလောက်ခက်တာလား။

( ̄△̄;)

[ရပ်! ခုရပ်လိုက်!]

ပင်မစနစ်က ခု စိုးရိမ်ထိတ်လန့်နေပြီ။

ရှန်းရင်က အနားတိုးသထက်တိုးလာတယ်။ သူက အရင်းအမြစ်ဖြစ်တဲ့ အဲအရှုပ်ထုပ်အလုံးကြီးကို လက်နဲ့ဆွဲယူလိုက်တယ်။

ရုတ်တရက် အလေးချိန်တစ်ခု သူမလက်ကို ဆွဲချလိုက်သလိုပဲ။ တစ်စုံတစ်ခုက သူမလက်ကို ဖမ်းဆုပ်ကာ လက်မောင်းကို အောက်ဆွဲချလိုက်သမျိုး။ အူမြူးနေတဲ့ အမျိုးသားရယ်သံတစ်ခု သူမဘေးကနေကြားလိုက်ရတယ်။

"ဒီအရာလေးက တကယ်စိတ်ဝင်စားစရာကောင်းတယ်နော်...ဖျက်‌ဆီးလိုက်ရင် နှမြောစရာကောင်းမယ် မထင်ဘူးလား"

"..."

All Chapters