← Chapters

ထိန်းချုပ်မှု

Vol. 14 Ch. 148

ထိန်းချုပ်မှု

Vol. 14 Ch. 148

တောက်ပသော အနီရောင်သွေးများက နံဘေးရှိကျောက်တုံးများပေါ်တွင် စီးဆင်းနေသည်။

ခြောက်သွေ့နေသော ကျောက်တုံးများက ထိုအရာများကို လျှင်မြန်စွာ စုပ်ယူသွားပြီး အမည်းရောင်အကွက်တစ်ခုကိုသာ ကျန်ရစ်စေခဲ့သည်။

သို့သော် သူ မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် သူ၏ခေါင်းသည် ကျည်ဆန်များဖြင့် ဖောက်ထွင်းခံရကာ အလောင်းတစ်လောင်းအဖြစ် ပြောင်းလဲသွားပေ၏။

လေထဲရှိ ပြင်းထန်သော သွေးညှီနံ့က ဤနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော ကိစ္စများ အစောပိုင်းက ဖြစ်ပွားသွားခဲ့ကြောင်း ရှင်းပြနိုင်သည်။

ရှေးဟောင်းသုတေသနပညာရှင်များသည် အသိပြန်ဝင်လာရန် စက္ကန့်အနည်းငယ်ခန့် ကြာမြင့်သွားခဲ့ပေ၏။

"ငါတို့ ဘာလုပ်ကြမလဲ..."

ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က သူ၏ရှေ့မှ မြင်ကွင်းကို တောင့်မခံနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

နံဘေးဘက်ရှိ လူတစ်ယောက်သည် မျက်မှောင်ကြုတ်ကာ လှုပ်ရှားရန် ကြိုးစားလိုက်သော်လည်း သူ၏ခန္ဓာကိုယ်တွင် ခွန်အား အနည်းငယ်မျှ မရှိတော့ကြောင်း တွေ့ရှိလိုက်ရသည်။

"သူတို့ ဝင်သွားကြပြီ..."

"ငါတို့ လိုက်သွားကြမလား..."

အဘိုးအိုတစ်ဦးက အကြံပြုလိုက်၏။

"အားလုံးပဲ... ကိုယ့်ရဲ့ ရည်မှန်းချက်ကို မမေ့ကြနဲ့....ဒီတစ်ကြိမ် ခင်ဗျားတို့ ပိရမစ်ကို လာခဲ့တာက ဒီနေရာရဲ့ မဖြေရှင်းနိုင်သေးတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေဖို့ပဲ... ကျွန်တော်တို့က အချိန်အကြာကြီး အသက်ရှင်နေထိုင်ခဲ့ပြီးတော့ ဘဝတသက်တာလုံး တန်ဖိုးရှိရှိ နေထိုင်တယ်... ဒါပေမဲ့ ဒီနေ့ ကျွန်တော်တို့က ဒီအခွင့်အရေးကို လက်လွှတ်လိုက်မယ်ဆိုရင် ရှေ့ဆက်ရမယ့် နေ့ရက်တွေက ကျွန်တော်တို့ကို နောင်တရစေလိမ့်မယ်... ဒါကြောင့် ကျွန်တော်တို့က သူတို့ရဲ့နောက်ကို လိုက်သွားသင့်တယ်လို့ ကျွန်တော် ထင်တယ်..."

အဘိုးကြီးဟုမ်းစ်၏ဘောင်းဘီသည် စိုရွှဲနေကြောင်း သိသာထင်ရှားသည်။ သို့ရာတွင် ကျဥ်းထဲကျပ်ထဲသို့ ကျရောက်နေချိန်၌ သူသည် မမျှော်လင့်ဘဲ ရဲစွမ်းသတ္တိများကို ပြသကာ အက်ရှရှအသံဖြင့် ပြောဆိုလိုက်သည်။

ဟုမ်းစ်၏စကားများ အဆုံးသတ်သွားပြီးနောက် ရှေးဟောင်းသုတေသနပညာရှင် အမြောက်အများက တစ်ယောက်ကိုတစ်ယောက် အကြိမ်အနည်းငယ်ခန့် ကြည့်ရှုပြီး ခေါင်းညိတ်လိုက်ကြ၏။

"အတူတူ သွားကြမယ်..."

"ခုဏ သူ ပြောခဲ့တာက လျှို့ဝှက်ချက်ရဲ့ အစပဲ... ပြီးတော့ သူက ကျွန်တော်တို့ကို နောက်ကမလိုက်နဲ့လို့ ပြောမထားဘူးလေ..."

"ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ အဲ့ဒီကို သူတို့နဲ့ အတူ သွားတာက သဘာဝကျပါတယ်..."

ထိုရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင်များသည် အသိဝင်လာပြီးနောက် ထပ်မံ၍ တွေဝေတုံ့ဆိုင်းမနေတော့ချေ။

သူတို့၏ခြေထောက်များ တုန်ရီနေသော်လည်း ဝင်ပေါက်ဆီသို့ လျှင်မြန်စွာ ဒယိမ်းဒယိုင်ဖြင့် လျှောက်လှမ်းသွားကြသည်။

"ကျွန်တော်တို့ ဘာလုပ်ကြမလဲ...တပ်မှူး သေသွားပြီ... အထက်အရာရှိတွေကို အကြောင်းကြားပေးပါ..."

"ခွေးကောင်တွေ... ကျွန်တော်တို့က သူတို့ရဲ့နောက်ကို လိုက်သွားသင့်တယ် မဟုတ်လား..."

ရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင် အမြောက်အများသည် ဝင်ပေါက်ဆီသို့ လျှောက်လှမ်းသွားသည်ကို မြင်တွေ့ပြီးနောက် ပတ်ဝန်းကျင်ရှိ လုံခြုံရေးဝန်ထမ်းများအားလုံး အလွန်အမင်း ဆွံ့အသွားကြ၏။

အချိန်တစ်မိနစ်တိတိ ကြာမြင့်သွားပြီးနောက် ရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင် အားလုံး လမ်းကြောင်းထဲသို့ ဝင်ရောက်သွားကြပြီး ဆိုက်ဆီက အပြေးအလွှား ရောက်ရှိလာသည်။

ကြက်သေသေနေသော လုံခြုံရေး ဝန်ထမ်းများကို မြင်တွေ့ရပြီးနောက် မြေပြင်ပေါ်တွင် လဲလျောင်းနေကာ ခေါင်းတစ်ခေါင်းလုံး ပေါက်ကွဲနေသော အလောင်းကို မြင်တွေ့ရချိနိ၌ သူ၏မျက်နှာပေါ်ရှိ ကြွက်သားများ အဆက်မပြတ် ရှုံ့မဲ့သွားလေ၏။

"ဆရာဆိုက်ဆီ..."

"ဆရာဆိုက်ဆီ..."

"ဆရာ..."

လုံခြုံရေး ဝန်ထမ်းများသည် မူလက ခေါင်းမရှိသော ယင်ကောင်များကဲ့သို့ ယောင်ချာချာဖြစ်နေကြသည်။ သို့ရာတွင် ဆိုက်ဆီကို မြင်တွေ့ပြီးနောက် သူတို့သည် အနည်းငယ် ပြန်လည် သက်သာလာကာ သူတို့၏ခြေထောက်များ မတ်မတ်ရပ်သွားပြီး တညီတညွတ်တည်း ရိုသေစွာ အလေးပြုလိုက်ကြသည်။ သူတို့၏ မျက်နှာအမူအယာများသည် တဖြည်းဖြည်း ပို၍တည်ကြည်လေးနက်လာပေ၏။

"အဲ့ဒီရှေးဟောင်းသုတေသနပညာရှင်တွေ ဝင်သွားပြီလား..."

ဆိုက်ဆီက စစ်သားများကို အေးစက်စက် မျက်လုံးများဖြင့် ကြည့်ရှုလိုက်ပြီးနောက် မြေပြင်ပေါ်ရှိ အလောင်းကို ကြည့်ရှုလိုက်၏။ သူက မျက်မှောင်ကြုတ်လိုက်ကာ လက်သီးများကို ဆုပ်ထားပြီး သူ၏လက်ဝါးများထဲသို့ စိုက်ဝင်နေသော လက်သည်းများကြောင့် နာကျင်မှုမှတစ်ဆင့် သူ၏မျက်နှာ တဖြည်းဖြည်း ဖြူရော်လာခဲ့သည်။

သူ ထိုသို့မေးမြန်းလိုက်သော်လည်း သူက များစွာယုံကြည်မှု မရှိကြောင်း သိသာထင်ရှားနေကာ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပေ၏။

"ဒီဖြစ်ရပ်အပြီးမှာ ဖာရိုဘုရင်က လက်စားချေမှာများလား..."

သူ၏နှလုံးခုန်နှုန်း လျှင်မြန်လာခဲ့သည်။

သူ၏မှတ်ဉာဏ်များမှ နက်ရှိုင်းသော နေရာတွင် ဖာရိုဘုရင်၏ ကြောက်မက်ဖွယ်ကောင်းပုံများက တဖန်ပြန်၍ ထွက်ပေါ်လာပေ၏။

ထိုနက်နဲသိမ်မွေ့သော မျက်လုံးများ... ထိုအကဲခတ်၍မရသော ခွန်အား...

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကတည်းက ဖြန့်ကြက်ထားသော အင်အားများက သူ၏စကားတစ်ခွန်းတည်းသာ လိုအပ်ပြီး အီဂျစ်တစ်နိုင်ငံလုံးကိုသာမက ကမ္ဘာကြီးတစ်ခုလုံးကိုပင် ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည်။

သို့သော် အချိန်များကုန်လွန်လာသည်နှင့်အမျှ လေထဲရှိ ပြင်းထန်သော သွေးညှီနံ့ကို ရှူရှိုက်မိချိန်တွင် ဆိုက်ဆီ၏မျက်လုံးများ တဖန်ပြန်၍ တည်ငြိမ်သွားခဲ့သည်။

"ဖာရိုဘုရင်... သူကလည်း လူသားတစ်ယောက်ပဲ... သူက ဒီလို စွမ်းအားမျိုးကို ရရှိနိုင်တယ်ဆိုရင် ငါလည်း သေချာပေါက် လုပ်နိုင်ရမယ်...ဒီတစ်ကြိမ်မှာ ငါက အပြင်းအထန် ကြိုးစားခဲ့ပြီးတော့ နှစ်ပေါင်းများစွာကြာအောင် ဖုံးကွယ်ထားခဲ့တယ်... နောက်ဆုံးတော့ ဒီအခွင့်အရေးကို ငါ စောင့်ဆိုင်းနေခဲ့တာပဲ... ဒါကြောင့် ငါက ဘယ်လိုလုပ်ပြီးတော့ အလွယ်တကူ လက်လွှတ်ခံနိုင်မှာလဲ... ထာဝရအသက်နဲ့ နှစ်အနည်းငယ်အတွင်း သေဆုံးရမှာ... ငါကတော့ သေချာပေါက် ပထမတစ်ခုကိုပဲ ရွေးချယ်မှာပေါ့..."

ဆိုက်ဆီက တီးတိုးရေရွတ်လိုက်သည်။ သူ၏နံဘေးရှိ လုံခြုံရေးဝန်ထမ်းများသည် သူ၏အသံကို အနည်းငယ်မျှပင် မကြားနိုင်ကြသော်လည်း သူတို့အားလုံး အလွန်အမင်း စိတ်အားထက်သန်နေကြ၏။

"ဆရာ... အထဲမှာ အရမ်းကြောက်စရာကောင်းတဲ့ လူနှစ်ယောက် ရှိတယ်... သူတို့မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတချို့ ရှိနေပုံရတယ်... ဒီနေရာက အခြေအနေကို အထက်ကို ချက်ချင်း သတင်းပို့ဖို့ ကျွန်တော် အကြံပြုချင်တယ်... နိုင်ငံရဲ့ အင်အားကို စုစည်းမှပဲ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော် ထင်တယ်..."

ဆိုက်ဆီက တိတ်ဆိတ်နေပြီး တစ်စုံတစ်ခု မှားယွင်းနေပုံရသည်ကို လုံခြုံရေးဝန်ထမ်းတစ်ဦးက မြင်တွေ့လိုက်၏။ သူသည် အချိန်အကြာကြီး တွေဝေတုံ့ဆိုင်းနေပြီးနောက် အံ့တင်းတင်စကြိတ်ကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလာပြီး တိုးညှင်းသောအသံဖြင့် သတိပေးလိုက်သည်။

ထိုသတိပေးချက်ကို ကြားပြီးနောက် ဆိုက်ဆီသည် ချက်ချင်းဆိုသလိုပင် ပြန်လည်၍ အသိဝင်လာခဲ့သည်။

အေးစက်စက်အကြည့်က ထိုလုံခြုံရေးဝန်ထမ်းထံသို့ စူးရှစွာ ဖြတ်သန်းသွားသည်။

ထိုလူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး အေးစက်သွားကာ သူ စကားများများပြောမိကြောင်း နားလည်သဘောပေါက်သွားပြီး သူ၏ နဖူးမှ ချွေးများ ယိုစီးကျလာပေ၏။

"တ... တပ်မှူး..."

သူ၏သွားများ တုန်ရီနေသည်။

ဆိုက်ဆီက ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ သူ၏ပါးစပ်ကို ဖွင့်ဟလိုက်ပြီး သူ၏အသံတွင် မည်သည့်စိတ်ခံစားချက်မျှ မပါဝင်ချေ။

"မှတ်ထားစမ်း... ဒီတစ်ကြိမ် ပိရမစ်ကို စူးစမ်းရှာဖွေမှုနဲ့ ပတ်သက်ပြီး အစိုးရက လုံခြုံရေး တပ်ဖွဲ့တွေကို ငါတို့ဆီ လွှဲပြောင်းပေးထားတယ်... အဲ့ဒီအချိန်ကစပြီး ဒီနေရာမှာ ဖြစ်ပျက်သမျှ အရာအားလုံးက ငါတို့ရဲ့ တာဝန်ပဲ... ဘာပဲဖြစ်ဖြစ် ငါတို့သဘောနဲ့ ငါတို့ ဆုံးဖြတ်နိုင်တယ်..."

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ..."

လုံခြုံရေး ဝန်ထမ်းများက အဆက်မပြတ် ပြောဆိုလိုက်ကြ၏။

ဆိုက်ဆီက ဆက်လက်၍ ပြောဆိုသည်။

"သူတို့ရဲ့နောက်ကလိုက်ဖို့ တစ်ယောက်ယောက်ကို စီစဉ်လိုက်စမ်း... မှတ်ထား... ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ သူတို့ကို ဝင်ပေါက်ကနေ အပြင်ထွက်လာဖို့ ခွင့်ပြုရမယ်... ဒါ့ပြင် ခုဏက တစ်ယောက်ယောက်က လူသတ်သွားတယ်... ဒါက ဘာပဲဖြစ်ဖြစ် ဥပဒေကို ဆန့်ကျင်နေတာပဲ... အဲ့ဒီလူရဲ့ စွမ်းရည်က ထူးဆန်းနေတာကြောင့် အထူးစစ်ဆင်ရေး ဝန်ထမ်းတွေကို ချက်ချင်း စီစဉ်လိုက်... လက်နက်အားလုံးကို ပြင်ဆင်ထားပြီး သူတို့ရဲ့စူးစမ်းရှာဖွေမှု ပြီးဆုံးတာနဲ့ ချက်ချင်းထိန်းချုပ်လိုက်တော့..."

ထိုသို့ ပြောပြီးနောက် ဆိုက်ဆီက ခေါင်းအနည်းငယ်မော့ပြီး ဆယ်မီတာကျော် မြင့်သော ဝင်ပေါက်ဆီသို့ ကြည့်ရှုလိုက်ရာ သူ၏မျက်လုံးအကြည့် ပို၍အေးစက်တင်းမာသွားသည်။

သို့သော် သူ၏နံဘေးရှိ လုံခြုံရေးဝန်ထမ်းများမှာ ထပ်မံ၍ တုံ့ဆိုင်းရန် မဝံ့ရဲကြတော့ဘဲ အားလုံးက တတ်နိုင်သမျှ မြန်မြန် စတင် လှုပ်ရှားကြလေသည်။

...

ပိရမစ်... လမ်းကြောင်းအတွင်း၌....

ရှပ်... ရှပ်...ရှပ်...

လမ်းကြောင်းအတွင်းတွင် အလွန်တိတ်ဆိတ်နေပြီး ခြေသံတချို့ကိုသာ ကြားနိုင်သည်။

နှစ်ပေါင်းများစွာ ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီးနောက် အီဂျစ်အစိုးရက ဤလမ်းကြောင်းတွင် မီးများစွာ တပ်ဆင်ထားသော်လည်း အလင်းရောင်မှာ အလွန်မှိန်ပျပျ ဖြစ်နေပေ၏။

ဤလမ်းကြောင်းအတွင်း၌ လမ်းလျှောက်နေရသည်မှာ ကျောချမ်းဖွယ်ကောင်းပြီး ထူးဆန်းသော ခံစားချက်တစ်ခုကို အဆက်မပြတ် ရရှိစေသည်။

နောက်မှလိုက်ပါလာသော ရှေးဟောင်းသုတေသနပညာရှင် အမြောက်အများသည် ယခင်က ဤနေရာသို့ ရောက်ဖူးကြသော်လည်း ထပ်မံ၍လာရောက်ရချိန်တွင် သူတို့အားလုံး တုန်လှုပ်ချောက်ချားနေဆဲပင်။

"အရင်တစ်ခေါက် ကျွန်တော် လာတုန်းကလည်း... အတူတူပဲ... အထဲမှာ အရမ်း အေးတယ်..."

ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက သူ၏ ဘေးရှိ အဖော်ဖြစ်သူကို တိုးညှင်းစွာ ပြောဆိုလိုက်သည်။

"ဒီနေရာမှာ တစ်နှစ်ပတ်လုံး အလင်းရောင် မရှိဘူးလေ... ဒါကြောင့် သေချာပေါက် အေးမှာပေါ့ မဟုတ်ဘူးလား..."

တစ်စုံတစ်ယောက်က ဖြေကြားလိုက်ပြီး သူ၏မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အဆက်မပြတ် ကြည့်ရှုနေကာ သူ၏လက်များက သူ၏အဝတ်အစားများကို အလိုအလျောက် တင်းကျပ်စွာ ဆုပ်ကိုင်ထားလေ၏။

"ကျွန်တော် ဒီနေရာကို ပထမဆုံးအကြိမ် လာဖူးတာ... တခြားပိရမစ်တွေကိုတော့ ဝင်ဖူးတယ်... ဒါပေမဲ့ ခူးဖူပိရမစ်နဲ့ ယှဉ်လိုက်ရင် အဲ့ဒီပိရမစ်တွေက တကယ့်ကို ကွာခြားလွန်းတယ်...ဒီနေရာက ပိုပြီးရှေးကျတာ သိသာထင်ရှားတယ်... နံရံတွေပေါ်မှာ ထွင်းထုထားတဲ့ ပုံစံတွေကို ခင်ဗျားတို့ အရင်က မြင်ဖူးလား..."

"တခြားဟာတွေကို မကြည့်နဲ့... အဲ့ဒီတံခါးကို ဖွင့်ဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပဲ..."

"အသံကို တိုးတိုးပြော... မင်းရဲ့ရှေ့က လူနှစ်ယောက်ကို မမေ့နဲ့... တကယ်လို့ ဖြစ်နိုင်ရင် သူတို့ရဲ့အာရုံစိုက်မှုကို မခံရတာ အကောင်းဆုံးပဲ... ဒါမှမဟုတ်ရင် ဒီစူးစမ်းရှာဖွေမှုအတွင်းမှာ မင်း ဘာကိုမှ မြင်ရမှာမဟုတ်တဲ့အပြင် အဲ့ဒီအတွက်လည်း မင်း ပေးဆပ်ရလိမ့်မယ်လို့ ငါ အာမခံနိုင်တယ်..."

"ဒါက သောက်ကျိုးနည်းလောက်အောင် မှန်တာပေါ့..."

ထိုအချိန်ကျမှသာ အတွေ့အကြုံရင့် ကျွမ်းကျင်ပညာရှင်များအားလုံး အနည်းငယ် တိတ်ဆိတ်သွားကြ၏။

ပတ်ဝန်းကျင်ရှိ ထူးဆန်းသော အခြေအနေကို ခံစားနေရသဖြင့် သူတို့၏ခြေထောက်များ ရံဖန်ရံခါ အနည်းငယ် တုန်ယင်နေသော်လည်း သူတို့သည် သည်းခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိဘဲ ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းသွားကြသည်။

ဟူး... ဟူး...

သို့သော် လမ်းကြောင်းအတွင်း၌ အဆက်မပြတ် မြန်ဆန်နေသော အသက်ရှူသံများမှာ အချိန်တခဏမျှပင် ရပ်တန့်မသွားခဲ့ချေ။ မှိန်ပျပျ အလင်းရောင်မှတစ်ဆင့် လူများအားလုံး၏ သူတို့၏အာရုံစိုက်မှုကို ယဲ့ပိုင်နှင့်ခူးဖူတို့အပေါ်သို့ စူးစိုက်ထားကြ၏။

All Chapters