ထောင်ချောက်
Vol. 14 Ch. 150
ရွှေရောင် အလင်းတန်းများက ဤနေရာတွင် အဆက်မပြတ် တောက်ပနေပေ၏။
အနောက်ဘက်တွင် ရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင်များနှင့် လုံခြုံရေး ဝန်ထမ်းများ၏အသံများ အလွန်ဆူညံ့နေသည်။
"အဲ့ဒီတံခါးကို ဖွင့်တော့မယ်... အဲ့ဒီသော့နဲ့ တကယ်ကြီး ဖွင့်နိုင်မှာလား..."
"တကယ်လို့ အဲ့ဒီလို မှော်ဆန်တဲ့ သော့မျိုးနဲ့ ဖွင့်လို့မရဘူးဆိုရင် အဲ့ဒီတံခါးကို ချိုးဖျက်ဖို့ နောက်ထပ် ဘယ်လိုအကြမ်းဖက်နည်းလမ်းတွေကို အသုံးပြုနိုင်မလဲဆိုတာကို ကျွန်တော် တကယ် စဉ်းစားလို့ မရဘူး... ဒါပေမဲ့ ဒီနေရာက ပိရမစ်ပဲ...ဘယ်အကြမ်းဖက်လုပ်ရပ်မဆို ကမ္ဘာကြီးတစ်ခုလုံးရဲ့ ပြစ်တင်ရှုတ်ချမှုကို ခံရလိမ့်မယ်..."
"အထဲမှာ ဘာတွေရှိလဲဆိုတာကို ကျွန်တော် တကယ်ကို မျှော်လင့်နေမိတယ်... ဒီနေရာကို အရင်က ဘယ်သူမှ မဝင်ဖူးဘူးလို့ ငါ ကြားဖူးတယ်..."
"ဒီလောက်ကြီးမားတဲ့ ပိရမစ်ကို တည်ဆောက်ဖို့အတွက် လူအင်အားတွေ မရေမတွက်နိုင်အောင် အသုံးပြုခဲ့ပြီးတော့ ငွေကြေးတွေ အရင်းအမြစ်တွေလည်း အများကြီး ကုန်ခမ်းခဲ့တယ်"
"အံ့ဖွယ်အရာတစ်ခု မွေးဖွားလာတာကို မျက်မြင်ကိုယ်တွေ့ မြင်ရတော့မယ်လို့ ကျွန်တော် ခံစားရတယ်... တကယ်လို့ ခဏနေကျရင် ထွက်ပေါ်လာမယ့်အရာကို ကျွန်တော် ကြည့်ခွင့်ရမယ်ဆိုရင် ကျွန်တော် သေရရင်တောင် တန်ပါတယ်..."
"..."
ဆူညံသံများက အလွန်အမင်း ဖရိုဖရဲ ဖြစ်နေသောကြောင့် ခုနက ယဲ့ပိုင်နှင့်ခူးဖူတို့ကြားရှိ စကားပြောဆိုမှုကို သူတို့ မကြားခဲ့ကြသည့်အပြင် သတိလည်း မပြုမိခဲ့ကြချေ။ အချိန်တံခါး၏အနောက်ဘက်တွင် နံရံကို ထွင်းဖောက်ကာ သူတို့၏မျက်နှာများဆီသို့ တဟုန်ထိုးရောက်ရှိလာသော မမြင်နိုင်သည့် အေးစက်စက်အသက်ရှူသံတစ်သံ ရှိနေပုံရပေ၏။
သော့က ခူးဖူ၏လက်ထဲမှ ထွက်ပေါ်ချိန်တွင် ထိုအရာသည် အချိန်တံခါးထံသို့ အလိုအလျောက် ပျံ့လွင့်သွားသည်။
ယဲ့ပိုင်က သူ၏လက်များကို နောက်ပစ်ထားပြီး တည်ငြိမ်စွာ မတ်တတ်ရပ်နေသည်။
သို့သော် ခူးဖူက တိတ်တဆိတ် ခြေတစ်လှမ်း နှစ်လှမ်းခန့် နောက်ဆုတ်လိုက်၏။
ချောက်...
နောက်ထပ်အချိန်တစ်စက္ကန့်တွင် ရွှေသော့သည် သတ္တုနံရံရှိ အပေါက်ထဲသို့ တိုက်ရိုက်စိုက်ဝင်သွားတော့သည်။
"အားလုံးပဲ... ဒီစူးစမ်းရှာဖွေမှုကို အီဂျစ်နဲ့ ကျွန်တော်တို့ အတူပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာ... ဆိုလိုတာကတော့ ဒီနေရာမှာ ရှိနေတဲ့ လူတွေအားလုံးက အတွင်းထဲက အရာတွေကို ကြည့်ရှုဖို့ အရည်အချင်း ပြည့်မီတယ်... ပြီးတော့ အဲ့ဒီလူက ပါမောက္ခယဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ်....အနည်းဆုံးတော့ အခု ကျွန်တော်တို့မှာ တူညီတဲ့ အဆင့်အတန်းတွေ ရှိနေတာကြောင့် လူတိုင်းက အတူတူ လိုက်ပါသွားသင့်တယ်..."
အနောက်ဘက်တွင်ရှိနေသော ဟုမ်းစ်က ဤစကားကိုကြားချိန်တွင် သူ၏အာရုံကြောများ ချက်ချင်းတင်းမာသွားသည်။ သူ၏မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပသွားပြီး သူက လူအုပ်ကြားထဲတွင် တိုးညှင်းစွာ ပြောဆိုလိုက်၏။
"အမှန်ပဲ..."
"အားလုံးပဲ... နောက်ကနေ လိုက်သွားကြစို့..."
"ကိရိယာတွေကို အဆင်သင့် ပြင်ထားကြတော့.."
"တံခါးကြီးကို ဖွင့်တော့မယ်..."
ပြောစရာပင် မလိုတော့ဘဲ ဟုမ်းစ်၏အသံ အဆုံးသတ်သွားသည်နှင့်အမျှ ရှေးဟောင်းသုတေသနပညာရှင် အမြောက်အများသည် ပို၍ရဲတင်းလာကြပြီး သတ္တုနံရံနှင့် ပို၍နီးကပ်ရန် ကြိုးစားကာ ရှေ့သို့တိုးလာကြ၏။
နောက်ဆုံး လုံခြုံရေးဝန်ထမ်းများအဖွဲ့သည် ပိရမစ်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာကြခြင်းပင်။
ထို့နောက် သူတို့သည် သတ္တုနံရံနှင့် မျောလွင့်နေသော သော့ကို မြင်တွေ့ချိန်၌ ပေါက်ကွဲထွက်လာသော မရေမတွက်နိုင်သည့် ကျည်ဆန်များ နောက်ပြန်ကန်ထွက်လာခဲ့သော မကြာသေးမီက ပိရမစ်အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကိုလည်း တွေးတောမိသွားကြ၏။
ဤလုံခြုံရေးဝန်ထမ်းများသည် ဆုံးဖြတ်ချက်ပိုင်းတွင် ဗဟုသုတကြွယ်ဝသော ရှေးဟောင်းသုတေသနပညာရှင်များထက် အလွန်အမင်း နိမ့်ကျနေသည်။
ဟူး...
ဟူး...
ဟူး...
ရှေ့ရှိအခြေအနေကို ကြည့်ရှုလိုက်ချိန်တွင် လေထဲရှိ အလွန်အေးစက်သော အသက်ရှူသံကိုသာ သူတို့ ခံစားမိပေ၏။ အချိန်တခဏအတွင်းမှာပင် သူတို့အားလုံး တုပ်လှုပ်ချောက်ချားသွားကြသည်။
သူတို့၏ခြေထောက်များ အားနည်းလာကာ မြေပြင်ပေါ်တွင် ဒူးထောက်ရက်သား လဲကျသွားကြသည်။
"အံ့ဖွယ်အရာတွေပဲ..."
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
"ရှေးဟောင်းဖာရိုဘုရင်တွေက တကယ် ရှိခဲ့တယ်... အဲ့ဒီအချိန်တုန်းက မှော်ပညာလည်း ရှိနိုင်တယ်..."
ထိုသို့ပြောဆိုလိုက်သော လုံခြုံရေးဝန်ထမ်းသည် အနောက်တိုင်း မှော်ဇာတ်ကားများကို များများစားစား ကြည့်ရှုခဲ့ဖူးကြောင်း သိသာထင်ရှားသည်။
"အရှင်ဖာရိုဘုရင်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ကာကွယ်ပေးပါ..."
လူတချို့သည် ပို၍ပင် ရယ်ရွှင်ဖွယ် ကောင်းနေပေ၏။ မြေပြင်ပေါ်တွင် ဒူးထောက်ပြီးနောက် သူတို့သည် လက်များကို ဖြန့်ကားပြီး သတ္တုတံခါးကို ကြည့်ရှုလိုက်ရာ သူတို့၏မျက်နှာအမူအယာဖြစ်စေ အသံဖြစ်စေ ဘာသာရေးတွင် အလွန်ကိုင်းရှိုင်းနေကြသည်။
"ဘုရားသခင်... အာမင်..."
ရယ်ရွှင်ဖွယ်ကောင်းသည်မှာ လုံခြုံရေးဝန်ထမ်းတစ်ဦးသည် သူ၏ရင်ဘတ်ပေါ်တွင် လက်ဝါးကပ်တိုင်တစ်ခုကိုလည်း ရေးဆွဲလိုက်ခြင်းပင်။
သတ္တုနံရံ၏ရှေ့တွင် မတ်တပ်ရပ်နေသော ခူးဖူသည် ဤပုံမှန်မဟုတ်သော ဆုတောင်းသံများကို ကြားချိန်၌ သူ၏မျက်နှာ အနည်းငယ် ရှုံ့မဲ့သွားပေ၏။
သူသည် နောက်ဘက်ရှိလူများကို တိုက်ရိုက် လျစ်လျူရှုပြီး ယဲ့ပိုင်ကို ကြည့်ရှုလိုက်သည်။
"ပါမောက္ခယဲ့... တံခါးက မကြာခင် ပွင့်တော့မယ်..."
"အင်း..."
ယဲ့ပိုင်က သူ၏မျက်လုံးများကို ပိတ်ချည်ဖွင့်ချည် လုပ်လိုက်၏။
ခူးဖူက သူ၏မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ကာ လက်နှစ်ဖက်ဖြင့် တောင်ဝှေးကို ဆုပ်ကိုင်ထားပြီး သူ အတော်လေး စိတ်ဂဏာမငြိမ် ဖြစ်နေသည်။
ယဲ့ပိုင်၏လျစ်လျှူရှုထားသော အမူအယာက သူ့ကို ပို၍စိတ်မအေးစေသော်လည်း ယခုချိန်တွင် သူ့ထံ၌ ရွေးချယ်စရာ မရှိတော့ချေ။
"ပါမောက္ခယဲ့... ဒီတံခါးပွင့်သွားတာနဲ့ ငါ့ရဲ့ လျှို့ဝှက်ချက်က လုံးဝဖော်ထုတ်ခံရလိမ့်မယ်... အဲ့ဒီကိစ္စ မတိုင်ခင် ကျွန်တော့်မှာ တောင်းဆိုစရာ တစ်ခု ရှိတယ်..."
ခူးဖူက အက်ရှသောအသံဖြင့် ထပ်မံ၍ ပြောဆိုလိုက်၏။
သော့သည် သတ္တုတံခါးထဲသို့ စိုက်ဝင်သွားချိန်တွင် ထိုအရာပေါ်ရှိ အလင်းတန်းစီးကြောင်းသည် အဆတစ်ရာခန့် ပိုမြန်လာပြီး သတ္တုနံရံကြီး ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။
"လူသားတွေရဲ့လိုအင်ဆန္ဒတွေက အမြဲတမ်း အဆုံးအစမရှိဘူး... ဒါက ဘယ်ခေတ်မှာမဆို မှန်ကန်တဲ့ စကားပဲ... ဒါပေမဲ့ ဆန္ဒတစ်ခု တကယ်ကြီး ပြည့်ဝသွားတဲ့အချိန်မှာ မင်း အဲ့ဒါကို မရတာက ပိုကောင်းတယ် ဒါမှမဟုတ် အဲ့ဒီအကြောင်းကို မင်း မသိခဲ့ရင် ကောင်းမယ်လို့ မင်း တွေ့ရလိမ့်မယ်..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
"အမှန်ပဲ..."
ခူးဖူက ခေါင်းညိတ်ပြပြီးနောက် သူ၏ခေါင်းကို ထပ်မံ၍ ခါယမ်းလိုက်သည်။
"ပါမောက္ခယဲ့... မင်း ပိုရလေလေ မင်းက ဒါကို ပိုပြီးဂရုမစိုက်လေလေပဲ... ဒါပေမဲ့ မင်း အရာတစ်ခုကို ပိုပြီးမရနိုင်လေလေ အဲ့ဒါက ပိုပြီးတန်ဖိုးရှိလေလေပဲ..."
ယဲ့ပိုင်သည် မည်သည့်စကားမျှ တုံ့ပြန်ပြောဆိုခြင်း မပြုချေ။ အမှန်အားဖြင့် ဤကိစ္စ၌ သူ စိတ်ရှုပ်ထွေးနေခဲ့ပြီး အချိန်အတော်ကြာယူ၍ စဉ်းစားခဲ့မိသည်။
သူသည် ထာဝရ အသက်ရှင်နေခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားသော်လည်း သူ မည်သည်ကြောင့် အဖြေတစ်ခုကို ရှာဖွေနေဆဲ ဖြစ်သနည်း...
ဤသည်မှာ လူသားများ အသက်ရှင်နေကြောင်း သိသာထင်ရှားသော်လည်း သူတို့ မည်သည့်နေရာကလာပြီး နောက်ထပ် မည်သည့်နေရာကို သွားရမည်အား ရှာဖွေနေခြင်းနှင့် တူညီပေ၏။
ဤကဲ့သို့ တွေးတောပုံမျိုးကို လူအများ နားလည်နိုင်ရန် လုံးဝမဖြစ်နိုင်ချေ။
သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ ယဲ့ပိုင်က ထိုအရာအားလုံးကို မြင်တွေ့ခဲ့ပြီးလေပြီ။
မည်သည်ကြောင့်နည်း...
ဤသည်က အလွန် ရိုးရှင်းပြီး သူ သိချင်ရုံသာ ဖြစ်သည်။
"တကယ်လို့ ဒီနေ့ အဖြေကို ငါ မရခဲ့ရင် ငါရဲ့ သက်တမ်းက အဆုံးသတ်သွားလိမ့်မယ်..."
ယဲ့ပိုင် စကားမပြောဆိုသည်ကို မြင်တွေ့ချိန်၌ ခူးဖူက ထပ်မံ၍ စကားပြောဆိုလိုက်ပြီး သူ၏ တည်ကြည်လေးနက်သော မျက်လုံးများသည် အနည်းငယ် ဝမ်းနည်းနေသယောင်ပင်။ ဤခံစားချက်သည် သူ၏နှလုံးသား နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်ပေ၏။
ထို့နောက် ယဲ့ပိုင်၏မျက်လုံးများက သတ္တုနံရံမှ ညင်သာစွာ ဖယ်ခွာသွားပြီး နှစ်ပေါင်းငါးထောင်တိုင်တိုင် အသက်ရှင် နေထိုင်ခဲ့သော်လည်း သူ၏မျက်နှာကိုပင် မပြသဝံ့သော ကျေးကျွန်ကို ကြည့်ရှုလိုက်၏။ သူသည် ပါးစပ်ကို ဖွင့်ဟလိုက်ကာ သူ၏အသံ တည်ငြိမ်နေသည်။
"ဒါကြောင့် မင်းက ငါ့ကို ဒီနေရာဆီ ရောက်လာဖို့ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့တာပေါ့..."
"ထားလိုက်ပါတော့... အရှင်လည်း အဖြေကို ရှာဖွေနေတာနဲ့ အံကိုက်ဖြစ်နေတာပဲ... ဖြစ်နိုင်တာကတော့ ဒီအရာက မင်းကို ကူညီပေးနိုင်လိမ့်မယ်..."
ခူးဖူက အချိန်တံခါးကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ခေါင်းကို အနည်းငယ် ခါယမ်းလိုက်၏။
အနောက်ဘက်တွင် ရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင် အမြောက်အများဖြင့် ပြည့်ကျပ်နေလေပြီ။
လူတချို့က ယဲ့ပိုင်နှင့်ခူးဖူတို့ ပြောဆိုခဲ့သည် စကားများကို ကြားခဲ့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ သူတို့သည် အဓိပ္ပာယ်များကို အနည်းငယ်မျှ နားမလည်ခဲ့ကြခြင်းပင်။ သူတို့သည် သတ္တုတံခါး ပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း သူတို့၏မျက်လုံးများကို ပြူးကျယ်ထားရုံသာ တတ်နိုင်ကြတော့သည်။
အတွင်းဘက်တွင် မည်သည့်အရာရှိနေသည်ကို သူတို့က ပထမဆုံး မြင်တွေ့သူများ ဖြစ်လိုကြသည်။
သတ္တုနံရံ၏အထက်တွင် ရွှေရောင်အလင်းတန်း စီးကြောင်းက ပို၍ပို၍မြန်ဆန်လာခဲ့သည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ အလင်းတန်း စီးကြောင်းသည် လျင်မြန်စွာ မှေးမှိန်သွားပေ၏။
ကျီ...
"ကျီ" ဟူသော အသံတစ်ခုနှင့်အတူ လက်ရှိနေရာတွင်ရှိနေသာ လုံခြုံရေး ဝန်ထမ်းများနှင့် ရှေးဟောင်းသုတေသနပညာရှင်များအားလုံး ရင်တမမ ဖြစ်သွားကြသည်။
ချောက်... ချောက်... ချောက်...
ကျီ...
အသံများ ပို၍ပို၍ပြင်းထန်လာခဲ့သည်။
ဤသည်မှာ မူလက ချိုးဖျက်၍မရနိုင်သော သတ္တုနံရံ၏အလယ်တွင် အရည်များ စီးဆင်းနေသော လှိုင်းဂယက်အဝိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။ နံရံ၏အရောင်သည် အလွန်ဖျော့တော့ပြီး ဝေဝါးလာသည့်အလား တစ်ခုတည်းသော အစိတ်အပိုင်းကိုသာ မြင်တွေ့ရတော့သည်။
အချိန်တိုင်းတွင် ထိုလှိုင်းဂယက်အဝိုင်းထံမှ ထုတ်လွှတ်ထားသော မှော်ဆန်သည့် စွမ်းအားတစ်ခု ရှိနေပေ၏။
ဘုန်း...
နောက်ဆုံးတွင် တိုးညှင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် သတ္တုနံရံတစ်ခုလုံး ပုံရိပ်ယောင်တစ်ခု ဖြစ်သွားခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် ထိုအရာထဲမှ အနက်ရောင်အခိုးအငွေ့တစ်ခုက ပြင်ပသို့ အရူးအမူး ပြေးထွက်လာပုံရသည်။
"အဲ့ဒါက ထောင်ချောက်တစ်ခုပဲ..."
အနောက်ဘက်တွင် ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ထိုအနက်ရောင်အခိုးအငွေ့ကို မြင်တွေ့ပြီးနောက် ချက်ချင်းအော်ဟစ်လိုက်သည်။
Thank For Reading.