← Chapters

အခန်း (၄၀၁)

Vol. 41 Ch. 401

အခန်း (၄၀၁)

Vol. 41 Ch. 401

ဗီဒီယိုပြကွက်တစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါးဖြစ်နေသော ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးကြီးကို ကြည့်ရင်း လူတိုင်းမှာ တံတွေးကို ခက်ခဲစွာ မျိုချမိနေကြပြီး နှလုံးခုန်သံများမှာလည်း ကြောက်ရွံ့မှုကြောင့် တဒိတ်ဒိတ် မြန်လာကြသည်။

ယခုအချိန်တွင် မိုးကြိုးဟိန်းသံသားရဲကြီးမှာ သာမန်သားရဲတစ်ကောင်နှင့်ပင် မတူတော့ဘဲ ဒေါသတကြီး သောင်းကျန်းနေသော မိုးကြိုးနတ်ဆိုးတစ်ကောင်နှင့် ပို၍ တူနေတော့သည်။ ၎င်း၏အနားသို့ ချဉ်းကပ်ရန်မှာ မဖြစ်နိုင်သလောက် ရှိနေသည်သာမက နောက်ဘက်မှနေ၍ ဗီဒီယိုပြကွက်မှတစ်ဆင့် ကြည့်နေရုံနှင့်ပင် လူတိုင်း၏ ကျောရိုးထဲအထိ စိမ့်တက်သွားစေသည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးနှင့် ရင်ဆိုင်နေရချိန်တွင် တပ်မှူးကျောက် အနေဖြင့် ဤတိုက်ကွက်ကို ရှောင်တိမ်းနိုင်ပါ့မလားဆိုသည်မှာ မသေချာတော့ပေ။

ဝုန်း…

မိုးကြိုးဟိန်းသံ၏ ပါးစပ်မှ မှုတ်ထုတ်လိုက်သော မိုးကြိုးတိုင်ကြီးမှာ အံ့မခန်း အရှိန်အဟုန်ဖြင့် ပြေးဝင်လာရာ လေထုထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားသည့် ခရမ်းရောင် အလင်းတန်းကြီးတစ်ခုနှင့် တူနေသည်။ ၎င်း၏ နားကွဲမတတ် မြည်ဟည်းသံကြီးမှာလည်း ကမ္ဘာမြေကြီး ဟိန်းဟောက်လိုက်သကဲ့သို့ ပဲ့တင်ထပ်သွားတော့သည်။

ဤမိုးကြိုးတိုင်၏ စွမ်းအားမှာ ပြောနေရန်ပင် မလိုတော့ချေ။ ၎င်း ပွင့်ထွက်လာသည့် အခိုက်အတန့်တွင် ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံးမှာ မိုးကြိုးတိုင်၏ ကြောက်မက်ဖွယ် အင်အားကြောင့် တုန်ခါသွားပုံရပြီး စူးရှလှသော လျှပ်စီးရောင်များမှာ တောရိုင်းမြေပြင်တစ်ခုလုံးကို ဖြတ်သန်းလင်းလက်သွားစေသည်။

"တောက်... ဒီမိုးကြိုးတိုင်ကို ရှောင်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး ထင်တယ်..."

သူမထံသို့ တိုးဝင်လာသော မိုးကြိုးတိုင်ကို ကြည့်ရင်း ကျောက်လင်း၏ စိတ်ထဲတွင် သေလောက်အောင် ကြောက်စရာကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး သူမ၏ မျက်နှာထားမှာလည်း အလွန်ပင် လေးနက်တည်ကြည်သွားတော့သည်။

ဤအခိုက်အတန့်တွင် ကျောက်လင်းသည် သူမ၌ရှိသမျှ စွမ်းအားအားလုံးကို စုစည်းကာ ကိုယ်ခံပညာဖြင့် သူမကိုယ်သူမကာကွယ်ရန်နှင့် ထိုမိုးကြိုးတိုင်၏ ထိမှန်မှုကို အစွမ်းကုန် ရှောင်ကွင်းရန်သာ ကြိုးစားနိုင်တော့သည်။

အန္တရာယ်မှာ လက်တစ်ကမ်းသို့ ရောက်ရှိလာပြီး စူးရှလှသော မိုးကြိုးသံမှာလည်း အဝေးမှနေ၍ ကျောက်လင်း၏ နားစည်များကို တုန်ခါသွားစေသည်။

ဝုန်း….

မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးကြိုးတိုင်မှာ သူမထံသို့ ရောက်ရှိလာတော့သည်။ ကျောက်လင်းအနေဖြင့် အစွမ်းကုန် ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း ၎င်း၏ဘေးမှ လုံးဝ လွတ်ကင်းအောင် မရှောင်နိုင်ခဲ့ဘဲ မိုးကြိုးတိုင်နှင့် ထိမိသွားသည်။

ချက်ချင်းဆိုသလိုပင် ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားပြီး ကျောက်လင်း၏ ခန္ဓာကိုယ်မှာ လေထဲသို့ လွင့်စင်သွားတော့သည်။

မိုးကြိုးတိုင်ကြီးမှာ ကောင်းကင်ယံကို ဆက်လက်ဖြတ်သန်းသွားပြီး အဆုံးမရှိသော အဝေးတစ်နေရာသို့ ပျောက်ကွယ်သွားတော့သည်။ လေထုထဲတွင်မူ မှိန်ဖျော့ဖျော့ ခရမ်းရောင် အလင်းတန်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။

ပေါက်ကွဲမှုကြောင့် လွင့်စင်သွားရသော ကျောက်လင်းမှာ မိုးကြိုးထိမှန်ပြီးနောက် တစ်ကိုယ်လုံး စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်မှာ ထုံကျဉ်သွားပြီး လုံးဝထိန်းချုပ်၍ မရတော့သည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။

ဘုန်း….

နောက်တစ်ခဏတွင်မူ ကျောက်လင်း၏ ခန္ဓာကိုယ်မှာ မီးကျွမ်းပြီး အငွေ့များ ထွက်နေလျက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။ သူမ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တုံ့ပြန်တွန့်လိမ်နေပြီး ချွေးစေးများလည်း တစ်ကိုယ်လုံးတွင် ထွက်ပေါ်လာသည်။

"တပ်မှူးကျောက်"

ကျောက်လင်းတစ်ယောက် သေလားရှင်လား မသေချာသည့် အခြေအနေကို မြင်လိုက်ရသောအခါ အနောက်ဘက်ရှိ ယွမ်ရိနှင့် အခြားသူများမှာ မျှော်လင့်ချက်မဲ့စွာ မျက်လုံးများ ပြူးကျယ်သွားကြပြီး ဒေါသနှင့် ထိတ်လန့်မှုများက သူတို့၏ နှလုံးသားကို ရစ်ပတ်သွားတော့သည်။

ဒီနေ့မှာပဲ တပ်မှူးကျောက်တစ်ယောက် ဒီ မိုးကြိုးဟိန်းသံသားရဲဆိုးကြီးရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးရတော့မှာလား။

ခဏအကြာတွင် မိုးကြိုးထိမှန်မှုကြောင့် တစ်ကိုယ်လုံး ပြင်းထန်စွာ မီးလောင်ဒဏ်ရာရနေသော ကျောက်လင်းသည် ထိတ်လန့်တုန်လှုပ်နေသည့် အခြေအနေမှ သတိပြန်ဝင်လာခဲ့သည်။ သူမသည် မသိမသာ ချောင်းဆိုးလိုက်မိပြီး မျက်မှောင်ကြုတ်လျက် အလိုအလျောက်ပင် ထရန် ကြိုးစားလိုက်မိသည်။

သို့သော် ထိုသို့ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသော နာကျင်မှုကြီးက သူမ၏ အာရုံကြောများကို ချက်ချင်း တိုက်ခိုက်လာသဖြင့် ကျောက်လင်းမှာ အသည်းအသန် အော်ဟစ်လိုက်ရတော့သည်။

အလွန်အမင်း နာကျင်လှသည်။ မိုးကြိုးဟိန်းသံ၏ ဤတိုက်ကွက်က သူမ၏ တစ်ကိုယ်လုံးကို ကင်ပစ်လိုက်သကဲ့သို့ ဖြစ်သွားသည်ဟု ကျောက်လင်း ခန့်မှန်းလိုက်မိသည်။

"သီသီလေး... တကယ်ကို သီသီလေးပဲ"

ကံကောင်းသည်မှာ မိုးကြိုးတိုင်က သူမကို ထိရုံသာ ထိသွားခြင်းပင်။ အကယ်၍ တိုက်ရိုက်သာ ထိမှန်ခဲ့မည်ဆိုလျှင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးသွေးတုံး ဖြစ်သွားလောက်သည်။

"နေဦး... တပ်မှူးကျောက် အဆင်ပြေနေတုန်းပဲ သူ အသက်ရှင်နေသေးတယ်"

"ဟားဟား... တပ်မှူးကျောက် မသေဘူးဗျ။ ကျွန်တော် သိသားပဲ..."

နောက်ဘက်ယာဉ်တန်းရှိ လူများမှာ အစောပိုင်းက ရှုံးနိမ့်သွားသကဲ့သို့ ဝမ်းနည်းပူဆွေးနေကြသော်လည်း ဗီဒီယိုပြကွက်ထဲတွင် ကျောက်လင်းတစ်ယောက် မြေပြင်မှ ထရန် ကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ အားလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။

"မြန်မြန်... တပ်မှူးကျောက်ကို အမြန်သွားကြိုလိုက်တော့။ မိုးကြိုးဟိန်းသံရဲ့ လက်ထဲကနေ သူမကို အမြန်ဆုံး လုယူရမယ်"

တစ်ချိန်တည်းမှာပင် ယွမ်ရိသည် အပေါ်မှ တိုက်ပွဲကို ရိုက်ကူးနေသော ရဟတ်ယာဉ်ထံသို့ အသည်းအသန် အမိန့်ပေးလိုက်သည်။

"လက်ခံရရှိပါတယ်"

ဝုန်း... ဝုန်း... ဝုန်း

ကျောက်လင်းနှင့် ယွမ်ရိတို့ ကံကောင်းသည်ဟု မှတ်ထင်နေကြစဉ်မှာပင် ကျယ်လောင်လှသော ခြေသံကြီးများ တရစပ် ထွက်ပေါ်လာပြီး အနားသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။

မိုးကြိုးဟိန်းသံက လိုက်လံတိုက်ခိုက်နေဆဲပင်။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကြီးမှာ ကျောက်လင်း၏ အနားသို့ တိုးကပ်လာနေပြီး ရက်စက်ကြမ်းကြုတ်လှသော အရှိန်အဝါများမှာလည်း သွေးရောင်လှိုင်းလုံးကြီးတစ်ခုကဲ့သို့ သူမကို လွှမ်းမိုးထားတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျောက်လင်းကို ကြိုရန် ဆင်းသက်လာသော လေယာဉ်မှူးမှာ ထိတ်လန့်သွားပြီး အလိုအလျောက်ပင် ထိန်းချုပ်မောင်းတံကို ဆွဲတင်ကာ ပြန်လည်ပျံတက်သွားတော့သည်။ မိုးကြိုးဟိန်းသံ၏ မိုးကြိုးတိုက်ကွက်မှာ နောက်ပြောင်ရမည့်အရာ မဟုတ်ပေ။ အကယ်၍သာ အထိမှန်ခံရပါက ရဟတ်ယာဉ်တစ်စီးလုံး တစ်ခဏအတွင်း အပိုင်းပိုင်းအစစ ဖြစ်သွားမည်မှာ အသေအချာပင်။

"ဒုက္ခပဲ"

မြေပြင်၏ ပြင်းထန်သော တုန်ခါမှုကို ခံစားမိလိုက်သောအခါ ကျောက်လင်းမှာ ထိတ်လန့်တုန်လှုပ်သွားပြီး ထရန် အသည်းအသန် ကြိုးစားသည်။ သို့သော် ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုနှင့် မိုးကြိုးထိမှန်ထားသော ဒဏ်ရာများကြောင့် ပြန်ထိုင်ရန်ပင် မဖြစ်နိုင်တော့ချေ။

ဝုန်း….

တားဆီးပေးမည့်သူ မရှိတော့သည့်နောက်တွင်မူ ကြိတ်ဆုံကျောက်တုံးခန့် ကြီးမားလှသော မိုးကြိုးဟိန်းသံ၏ လက်ဝါးကြီးက သူမအပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်ကို ကျောက်လင်းတစ်ယောက် ဘာမှမတတ်နိုင်ဘဲ ကြည့်နေရတော့သည်။ လက်ဝါးနှင့်အတူ ပါလာသော လေပြင်းများမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို တဟူးဟူးနှင့် တိုက်ခတ်သွားတော့သည်။

နောက်တစ်ခဏတွင်မူ မျှော်လင့်ချက်မဲ့နေသော ကျောက်လင်းသည် သတိလစ်မေ့မြောသွားတော့သည်။ သူမ၏ ခန္ဓာကိုယ်မှာ ဧရာမ လက်ဝါးကြီး၏ ပြင်းထန်လှသော ဖိအားအောက်တွင် အသားပုံတစ်ခုအဖြစ် ကြိတ်ချေခံလိုက်ရပြီး သွေးစိုင် သွေးခဲများ ပန်းထွက်သွားတော့သည်။

မိုးကြိုးဟိန်းသံသားရဲကြီးမှာ အားမရသေးဘဲ ကျောက်လင်း၏ ခန္ဓာကိုယ်ရှိရာ မြေပြင်ပေါ်သို့ ၎င်း၏ လက်ဝါးကြီးဖြင့် နောက်တစ်ကြိမ် ထပ်မံထုရိုက်လိုက်ရာ သူမမှာ မြေကြီးထဲသို့ပင် နစ်ဝင်သွားတော့သည်။

"ဂီးးး"

ထို့နောက်တွင် သွေးအလိမ်းလိမ်းပေကျံနေသော မိုးကြိုးဟိန်းသံသည် တစ်ကိုယ်လုံး လျှပ်စီးများ ဖြာထွက်လျက် ကောင်းကင်သို့ မော့ကာ အောင်ပွဲခံသည့်အလား ဟိန်းဟောက်လိုက်သည်။ ၎င်း၏ အရှိန်အဝါမှာ အလွန်ပင် အန္တရာယ်ကြီးလှသည်။

တစ်ချိန်တည်းမှာပင် သေဆုံးပြီးနောက် အဆုံးမရှိသော အမှောင်ထုထဲတွင် ပိတ်မိနေသော ကျောက်လင်း၏ အသိစိတ်မှာ တဖြည်းဖြည်း ပြန်လည်နိုးထလာသည်။

ငါ နောက်တစ်ခါ ထပ်သေပြန်ပြီလား။

ဒါနဲ့ဆို ငါးကြိမ်မြောက် ရှိပြီ

ငါ နောက်တစ်ခေါက် ပြန်ရှင်လာနိုင်ဦးမှာပါ... ဟုတ်တယ်မလား။

ငါ တကယ်မသေနိုင်ဘူး... ငါ့မှာ မပြီးသေးတဲ့ တာဝန်တွေ၊ အကောင်အထည်ဖော်ရမယ့် ရည်မှန်းချက်ကြီးတွေ ရှိသေးတယ်။ ချီချီလေးနဲ့ လုချွမ်းတို့လည်း စောင့်နေကြတုန်းပဲ... ငါ သေလို့မဖြစ်ဘူး ငါ သေလို့မဖြစ်ဘူး...

ကျောက်လင်း၏ ပြင်းပြလှသော အသက်ရှင်လိုစိတ်မှာ ဟင်းလင်းပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေတော့သည်။

"မဖြစ်နိုင်တာ မဖြစ်နိုင်ဘူး တပ်မှူးကျောက် မိုးကြိုးဟိန်းသံ... နင်က တကယ့်ကို ယုတ်မာတဲ့ သားရဲပဲ"

မိုးကြိုးဟိန်းသံ၏ လက်ချက်ဖြင့် အသားပုံအဖြစ် ပြောင်းလဲသွားသော ကျောက်လင်းကို မြင်လိုက်ရသောအခါ ယွမ်ရိနှင့် အခြားသူများမှာ ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ မျက်လုံးများမှာ နီရဲလာပြီး တပ်မှူးကျောက်တစ်ယောက် ဒီလိုမျိုး အလွယ်တကူ သေဆုံးသွားသည်ကို မယုံကြည်နိုင်ဘဲ ဖြစ်နေကြသည်။

"ဒီခွေးမသား မိုးကြိုးဟိန်းသံ တပ်မှူးကျောက်ကို သတ်ရက်တယ်ပေါ့... နင့်ကို အပိုင်းပိုင်း အစစဖြစ်အောင် ငါ လုပ်ပစ်မယ်"

ယွီဟွာတပ်ဖွဲ့မှ ဆင့်ကဲပြောင်းလဲသူ လူငယ် လင်းလီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် မျက်နှာတွင် ဝမ်းနည်းမှုနှင့် နာကျည်းမှုများ ပြည့်နှက်နေသည်။ သူသည် ဗီဒီယိုထဲမှ မိုးကြိုးဟိန်းသံကို မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်နေမိသည်။

"တပ်မှူးကျောက်က ငါတို့ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပဲ။ မိုးကြိုးဟိန်းသံ... နင့်ကို ငါ လုံးဝ အလွတ်မပေးဘူး"

ယွမ်ရိသည်လည်း ဒေါသကြောင့် မျက်လုံးများ နီရဲနေကာ ဗီဒီယိုထဲမှ သားရဲကြီးကို အသားစားပြီး သွေးသောက်ချင်လောက်အောင်ပင် စိုက်ကြည့်နေတော့သည်။

သူတို့ထဲတွင် ကျောက်လင်းသည် တာဝန်အောင်မြင်ရန် အခွင့်အလမ်း အရှိဆုံးသူဖြစ်

သော်လည်း ယခုအခါ သူမသည်လည်း မိုးကြိုးဟိန်းသံ၏ လက်ချက်ဖြင့် ကြေကွဲဖွယ် သေဆုံးသွားခဲ့ရသည်။ သူမမရှိတော့သည့်နောက်တွင် တာဝန်အောင်မြင်ရန် မျှော်လင့်ချက်မှာလည်း အလွန်ပင် မှေးမှိန်သွားခဲ့သည်။

"တောက်... တပ်မှူးကျောက်ကို သတ်တဲ့ ဒီသားရဲကြီးကို ငါတို့ အဆုံးအထိ တိုက်ထုတ်ရမယ်။ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ... သူ့ဆီက အသားတစ်စတော့ ပြတ်သွားအောင် ငါတို့ လုပ်ရမယ်"

"ဟုတ်တယ် ငါတို့ မယှဉ်နိုင်ရင်တောင် ဒီသားရဲကြီးကို အေးအေးဆေးဆေး မနေစေရဘူး။ တပ်မှူးကျောက် အလကား သေမသွားစေရဘူး"

"တပ်မှူးကျောက်က ကျင်းပြည်နယ်တစ်ခုလုံးအတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်ဆောင်ခဲ့တာကို အခုတော့..."

လူတိုင်းသည် ကျောက်လင်း သေဆုံးမှုအတွက် အလွန်အမင်း ဝမ်းနည်းကြေကွဲနေကြသလို တစ်ဖက်တွင်လည်း မိုးကြိုးဟိန်းသံ သားရဲကြီးအပေါ် နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေကြတော့သည်။

All Chapters