← Chapters

အခန်း (၄၀၆)

Vol. 41 Ch. 406

အခန်း (၄၀၆)

Vol. 41 Ch. 406

မျိုးဗီဇပြောင်း သားရဲဆိုးများ၏ ဉာဏ်ရည်မှာ ကျင့်စဉ်အဆင့် မြင့်မားလာသည်နှင့်အမျှ တဖြည်းဖြည်း တိုးတက်လာတတ်ရာ အဆင့် ၅ သို့ ရောက်ရှိနေပြီဖြစ်သော မိုးကြိုးဟိန်းသံ၏ ဉာဏ်ရည်ကိုလည်း လျှော့တွက်၍ မရနိုင်ပေ။

အစောပိုင်းက ကျောက်လင်း၏ အဆက်မပြတ် တိုက်ခိုက်မှုများကြားမှ မိုးကြိုးဟိန်းသံ မြစ်ကို မဖြတ်ရဲဘဲ ဖြစ်နေရခြင်းမှာ ၎င်း၏ မွေးရာပါ ရေကြောက်စိတ်ကြောင့် ဖြစ်သော်လည်း...

ယခုအခါတွင်မူ အခြားတစ်ဦး၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရပြီး သူ၏ အသက်အန္တရာယ်မှာ လူသားတစ်ဦး၏ လက်ထဲသို့ ရောက်ရှိသွားသည့်အခါ စိတ်၏ နက်ရှိုင်းရာမှ ပေါ်ပေါက်လာသော ထိုစိုးရိမ်ထိတ်လန့်မှုမှာ မိုးကြိုးဟိန်းသံ၏ မွေးရာပါ ဗီဇထက်ပင် ပိုမိုအားကောင်းသွားခဲ့သည်။

အကယ်၍ တစ်ဖက်ကမ်းရှိ တရားခံကို သတ်ဖြတ်နိုင်ခြင်း မရှိပါက ၎င်းအနေဖြင့် အခြားသူ၏ ထိန်းချုပ်မှုကို ခံရပြီး လွတ်လပ်ခွင့် ဆုံးရှုံးသွားနိုင်သလို အသက်ပင် ပါသွားနိုင်ကြောင်း မိုးကြိုးဟိန်းသံ ကောင်းကောင်း နားလည်သွားသည်။

ဤသို့သော အဖြစ်မျိုးမှာ မာန်မာနကြီးပြီး ကြမ်းကြုတ်လှသော မိုးကြိုးဟိန်းသံအတွက် လုံးဝ လက်ခံနိုင်စရာ မရှိပေ။

သတ်ပစ်မယ်။ တစ်ဖက်ကမ်းက ပုရွက်ဆိတ်တွေကို အကုန် သတ်ပစ်မယ်။

"ကြည့်ပါဦး အဲဒီသားရဲကြီး တံတားကို ဖြတ်နေပြီ"

ထိုအချိန်တွင် နောက်ဘက်ရှိ ယာဉ်တန်းထဲမှ အဖွဲ့ဝင်တစ်ဦးက ရှေ့ရှိ စခရင်ကို လက်ညှိုးထိုးပြရင်း အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

ရှိနေသူအားလုံးသည်လည်း ဗီဒီယိုကို စိုက်ကြည့်နေကြပြီး လူတိုင်း၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်နေသော အမူအရာများ ပေါ်ပေါက်လာတော့သည်။

"ဝူးးး"

ယခုအခါ မိုးကြိုးဟိန်းသံသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ အသံလှိုင်းများမှာ ဟင်းလင်းပြင်တွင် လှိုင်းထသွားတော့သည်။ ဟွမ်ရွှမ်း၏ အဆက်မပြတ် ဆွပေးမှုအောက်တွင် ၎င်းသည် ရေကြောက်စိတ်ကို ဘေးဖယ်ထားကာ လီမြစ်ကူးတံတားပေါ်သို့ အသက်မငဲ့ဘဲ တဟုန်ထိုး ပြေးတက်သွားလေတော့သည်။

"ဟွန်း... သားရဲဆိုတာ သားရဲပါပဲ။ ဒီလောက် ဉာဏ်ရည်မျိုးနဲ့တော့ ငါ့ဂိုဏ်းရဲ့ သားရဲထိန်းကျောင်းမှုထဲ ရောက်ဖို့ပဲ ထိုက်တန်တယ်"

သူ၏ လုပ်ဆောင်ချက် အောင်မြင်သွားသည်ကို မြင်လိုက်ရသောအခါ အဝေးမှ ဟွမ်ရွှမ်းသည် နှုတ်ခမ်းထောင့်ကို အနည်းငယ် မြှင့်လျက် မထီမဲ့မြင် ပြုံးလိုက်မိသည်။

သို့သော်လည်း ဟွမ်ရွှမ်းသည် မိုးကြိုးဟိန်းသံအား အနှောင့်အယှက်ပေးခြင်းကို မရပ်တန့်သေးဘဲ ၎င်းအနေဖြင့် လီမြစ်ကူးတံတားကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သည်အထိ သေချာအောင် ဆက်လက်လုပ်ဆောင်နေသည်။

မိုးကြိုးဟိန်းသံရှိရာဘက်သို့ မျက်နှာမူလျက် ရပ်နေသော ကျောက်လင်းသည် သားရဲကြီး နောက်ဆုံးတွင် တံတားပေါ်သို့ တဟုန်ထိုး ပြေးတက်လာသည်ကို မြင်လိုက်ရသောအခါ အတိုင်းထက်အလွန် ဝမ်းသာသွားတော့သည်။

"ဟားဟား... ဒီသားရဲစုတ်တော့ နောက်ဆုံးတော့ မအောင့်နိုင်တော့ဘူးပဲ"

ကျောက်လင်းသည် အချိန်ဆွဲမနေတော့ဘဲ သူမ၏ တာဝန်ဖြစ်သော မိုးကြိုးဟိန်းသံကို လီမြစ်

အခြေစိုက်စခန်းဆီသို့ မျှားခေါ်ရန်သာ အာရုံစိုက်လိုက်သည်။ သူမသည် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အဆီအနှစ်များကို နှိုးဆော်လိုက်ပြီး ပုံရိပ်ယောင်တစ်ခုကဲ့သို့ လျင်မြန်စွာ ရွေ့လျားလျက် မိုးကြိုးဟိန်းသံနှင့် သူမကြားရှိ အကွာအဝေးကို ချက်ချင်း ပြန်လည်ချဲ့ထွင်လိုက်သည်။

ယခုအချိန်တွင် မိုးကြိုးဟိန်းသံ၏ အရှိန်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ အဝေးမှကြည့်လျှင် တံတားပေါ်၌ ဟိုဒီပြေးလွှားနေသော ခရမ်းရောင် အလင်းလုံးကြီးတစ်ခုနှင့်ပင် တူနေတော့သည်။

ဝုန်း... ဝုန်း...

သံမဏိတိုင်များကဲ့သို့ သန်မာလှသော ၎င်း၏ ခြေလက်လေးဖက်သည် တံတားမျက်နှာပြင်ကို အားပြင်းစွာ နင်းခြေနေသဖြင့် သံမဏိနဂါးကြီးနှင့်တူသော တံတားကိုယ်ထည်ကြီးမှာ တအုန်းအုန်း အသံများနှင့်အတူ အဆက်မပြတ် တုန်ခါနေတော့သည်။

"ဒီမိုးကြိုးဟိန်းသံ တစ်ခုခုတော့ မှားနေပြီ..."

ကျောက်လင်း တံတား၏ တစ်ဖက်ကမ်းသို့ ရောက်ခါနီးအချိန်တွင် နောက်ဘက်မှ လိုက်ပါလာသော မိုးကြိုးဟိန်းသံကို လှည့်ကြည့်လိုက်ရာ ပုံမှန်မဟုတ်သော အချက်တစ်ခုကို သတိပြုမိသွားသည်။

အစောပိုင်းကမူ မိုးကြိုးဟိန်းသံသည် သူမနောက်သို့ လိုက်ရင်း ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများကို တရစပ် ပစ်ခတ်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ လျှပ်စီးကြောင်းတစ်ခုမျှ ထွက်ပေါ်မလာတော့ချေ။

ထို့အပြင် မိုးကြိုးဟိန်းသံ၏ အကြည့်မှာလည်း သူမအပေါ်တွင် ရှိမနေဘဲ တစ်ဖက်ကမ်းရှိ တစ်စုံတစ်ခုသော လမ်းကြောင်းဆီသို့သာ စူးစိုက်ရှာဖွေနေပုံပင်။

မိုးကြိုးဟိန်းသံမှာ သူမကို သတ်ရန် လိုက်လာခြင်းမဟုတ်ဘဲ အခြားအကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နေသည်ဟု ကျောက်လင်း မရေမရာ ခံစားလိုက်မိသည်။

သို့သော်လည်း သူမ အများကြီး မတွေးတော့ပေ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အရေးကြီးဆုံးအချက်မှာ မိုးကြိုးဟိန်းသံ လီမြစ်ကို ဖြတ်ကျော်လာဖို့ပင်။ အခြားကိစ္စများကိုမူ မိုးကြိုးဟိန်းသံ တံတားကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပြီးမှသာ ကိုင်တွယ်ဖြေရှင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

ခဏအကြာတွင် မိုးကြိုးဟိန်းသံသည် လီမြစ်ကူးတံတားကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး တစ်ဖက်ကမ်းသို့ ရောက်ရှိသွားတော့သည်။ ထိုအချိန်တွင် ဟွမ်ရွှမ်းသည်လည်း မိုးကြိုးဟိန်းသံအပေါ် နှောင့်ယှက်နေမှုများကို ရပ်တန့်လိုက်သည်။

သူသည် မိုးကြိုးဟိန်းသံက ဤအခွင့်အရေးကို အသုံးချ၍ သူ့ကို ရှာဖွေတွေ့ရှိသွားပြီး သူ၏ သေသပ်လှသော အစီအစဉ်များကို ဖျက်ဆီးပစ်မည်ကို မလိုလားသောကြောင့်ပင်။

ဟွမ်ရွှမ်းက နှောင့်ယှက်မှုကို ဖယ်ရှားလိုက်သည့်အခိုက်တွင် ကျောက်လင်း၏ နောက်မှ လိုက်လာသော မိုးကြိုးဟိန်းသံသည် ဟွမ်ရွှမ်း၏ တည်နေရာကို ခြေရာပျောက်သွားပြီး ရုတ်တရက် ရပ်တန့်သွားတော့သည်။

"ဝူးးးဂီးးးး"

နောက်တစ်ခဏတွင် မိုးကြိုးဟိန်းသံမှာ ဒေါသတကြီး ခုန်ပေါက်ကာ ဟွမ်ရွှမ်းရှိရာဘက်သို့ အဆက်မပြတ် ဟိန်းဟောက်နေတော့သည်။ ၎င်း၏ ကြမ်းကြုတ်လှသော အရှိန်အဝါများမှာ အရပ်ရပ်သို့ ပျံ့လွင့်သွားပြီး ပြင်းထန်သော ဖိအားကြီးမှာ ရှေ့မှ ကျောက်လင်းကိုပါ လွှမ်းခြုံသွားသဖြင့် သူမ မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒီသားရဲ ဘာဖြစ်နေတာလဲ။ ဘာက သူ့ကို ဆွဲဆောင်နေလို့လဲ။ ဘာလို့ ပြန်ရပ်သွားရတာလဲ"

မိုးကြိုးဟိန်းသံ ရပ်တန့်သွားသည်ကို မြင်သောအခါ ကျောက်လင်းသည်လည်း သူမ၏ အရှိန်ကို လျှော့ချလိုက်ပြီး သားရဲကြီး၏ ထူးဆန်းသော အမူအရာကို နားမလည်နိုင်စွာ ကြည့်နေမိသည်။

ဤသားရဲမှာ မသိသာသော တစ်စုံတစ်ခု၏ ဆွပေးမှုကြောင့် အန္တရာယ်ရှိသော လီမြစ်ကူးတံတားကို ဖြတ်ကျော်လာခဲ့ခြင်းမှာ သိသာလှသည်။ သို့သော် မြစ်ကို ဖြတ်ပြီးသည်နှင့် လမ်းဆက်မလျှောက်တော့ဘဲ တိကျသော လမ်းကြောင်းတစ်ခုဆီသို့သာ အဆက်မပြတ် ဟောင်မြည်နေတော့သည်။

"တစ်ခုခုတော့ မှားနေပြီ..."

ကျောက်လင်းသည် ဤသို့တွေးရင်း မိုးကြိုးဟိန်းသံ ကြည့်နေသည့် လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်သော်လည်း တောရိုင်းမြေပြင်မှအပ ထူးခြားသည့် အခြေအနေကို ဘာမျှ မတွေ့ရပေ။

စက္ကန့်အနည်းငယ်အကြာတွင် မျက်မှောင်ကြုတ်နေသော ကျောက်လင်းသည် အချိန်ဆွဲနေ၍ မဖြစ်တော့ကြောင်း သတိပြုမိသွားပြီး လီမြစ်အခြေစိုက်စခန်းဆီသို့ လျင်မြန်စွာ ပြေးထွက်လိုက်သည်။

အကြောင်းမှာ ၎င်း၏ ရန်သူတော်ကြီး ဟွမ်ရွှမ်းမှာ ထိုနေရာတွင် ရှိမနေတော့သဖြင့် ဒေါသထွက်နေသော မိုးကြိုးဟိန်းသံသည် ၎င်း၏ အကြည့်များကို သူမထံသို့ ပြန်လည်ပို့ဆောင်လိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာဖြင့် တဟုန်ထိုး လိုက်လံတော့သောကြောင့်ပင်။

ဝုန်း... ဝုန်း...

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြေးတမ်းလိုက်တမ်းတိုက်ပွဲကြီးမှာ နောက်တစ်ကြိမ် ပြန်လည်စတင်သွားပြန်သည်။

"ကောင်းပြီ မိုးကြိုးဟိန်းသံ တံတားကို ဖြတ်သွားပြီဆိုတော့ တာဝန်အောင်မြင်ဖို့ သေချာသလောက် ရှိသွားပြီ"

နောက်ဘက်ရှိ ယာဉ်တန်းမှာလည်း ယခုအခါ ပြန်လည်ထွက်ခွာလာပြီဖြစ်ပြီး ကျောက်လင်းနှင့် မိုးကြိုးဟိန်းသံတို့၏ ဗီဒီယိုကို ကြည့်ရင်း လူတိုင်းမှာ အလွန်အမင်း စိတ်သက်သာရာရကာ ဝမ်းသာနေကြတော့သည်။

တစ်ချိန်တည်းမှာပင် မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသော ဟွမ်ရွှမ်းသည်လည်း အဝေးသို့ ပြေးတမ်းလိုက်တမ်းကစားပွဲဖြင့် ထွက်ခွာသွားကြသော အနက်ရောင် အရိပ်နှစ်ခုကို ကြည့်ရင်း သူ၏ မျက်လုံးများကို အနည်းငယ် မှေးစပြုလာတော့သည်။

"ဒီနှုန်းအတိုင်းဆိုရင် မိုးကြိုးဟိန်းသံက နောက်ထပ် ငါးရက်လောက်နေရင် လီမြစ်အခြေစိုက်စခန်းကို ရောက်သွားလိမ့်မယ်..."

"ဇွန်ဘီဘုရင်... မင်းကြောင့် ငါ အရှက်ရခဲ့တဲ့ အဲဒီနေ့ကို ငါ မမေ့သေးဘူး။ စောင့်နေလိုကစမ်း ဒီတစ်ခါတော့ ငါတို့က မင်းကို အပြတ်ရှင်းပြီး အောင်မြင်မှု ရယူပြမယ်"

ဇွန်ဘီဘုရင်နှင့် ရင်ဆိုင်စဉ်က ကြုံတွေ့ခဲ့ရသော အရှက်ရဖွယ်ရာများကို ပြန်လည်သတိရမိသည့်အခါ ဟွမ်ရွှမ်း၏ မျက်လုံးများတွင် မုန်းတီးမှုများ ပြည့်နှက်သွားပြီး သတ်ဖြတ်လိုစိတ်များ တဟုန်ထိုး မြင့်တက်လာတော့သည်။

ယခုတစ်ကြိမ်တွင် သူ၏ပန်းတိုင်မှာ ဇွန်ဘီဘုရင်ကို သတ်ရန်သာမက မိုးကြိုးဟိန်းသံကိုပါ သူ၏ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းရန် ဖြစ်သည်။

အချိန်များ ကုန်ဆုံးသွားခဲ့ရာ သုံးရက်မြောက်သို့ ရောက်ရှိလာခဲ့သည်။ ကျောက်လင်းနှင့် သူမ၏အဖွဲ့နှင့် မိုးကြိုးဟိန်းသံတို့မှာ လီမြစ်အခြေစိုက်စခန်းနှင့် ပိုမိုနီးကပ်လာခဲ့ပြီ ဖြစ်သည်။

ဤသုံးရက်တာကာလအတွင်း ကျောက်လင်းသည် တစ်စက္ကန့်မျှပင် မနားခဲ့ဘဲ အဆင့် ၅ ဆင့်ကဲပြောင်းလဲသူတစ်ဦး၏ သန်မာလှသော ခန္ဓာကိုယ်ကိုသာ အားကိုးပြီး တောင့်ခံခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ ခန္ဓာကိုယ်မှာ လုံလောက်စွာ ကြံ့ခိုင်နေသောကြောင့်သာ ဖြစ်သည်။ သို့မဟုတ်ပါက ဤမျှကြာရှည်သော ဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

မိုးကြိုးဟိန်းသံမှာမူ ကျောက်လင်းထက် များစွာပို၍ အင်အားကြီးမားလှရာ ဤမျှကြာအောင် လိုက်လံတိုက်ခိုက်နေသော်လည်း အားအင်အပြည့် ရှိနေဆဲပင်။ ဘာပဲဖြစ်ဖြစ် သားရဲများ၏ သဘာဝမှာ အဆင့်တူ လူသားများနှင့် ယှဉ်လျှင်ပင် ခန္ဓာကိုယ် ကြံ့ခိုင်မှုအပိုင်း၌ သာလွန်လေ့ရှိသည်။

မိုးကြိုးဟိန်းသံနှင့် ကျောက်လင်းတို့ ရောက်ရှိလာခါနီးအချိန်တွင် လီမြစ်အခြေစိုက်စခန်းရှိ လုချွမ်းသည်လည်း ဇွန်ဘီမွေးမြူရေးကွင်းမှ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများကို စတင်ရိတ်သိမ်းတော့သည်။

သူသည် ဧရာမဇွန်ဘီ ၁ နှင့် အခြားဇွန်ဘီရုပ်သေးများကို ထိန်းချုပ်ကာ တံတိုင်းပေါ်သို့ ရောက်ရှိလာပြီး အောက်ဘက်ရှိ အဆင့် ၂ နှင့် အဆင့် ၃ ဇွန်ဘီအုပ်ကြီးကို ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်မိသည်။

နောက်ဆုံးတော့ သူ နောက်တစ်ကြိမ် ရိတ်သိမ်းခွင့်ရပြီဖြစ်ရာ မကြာမီမှာပင် ဆဋ္ဌမမြောက် အဆင့် ၅ ဇွန်ဘီရုပ်သေးကို ပိုင်ဆိုင်နိုင်တော့မည် ဖြစ်သည်။

ထို့နောက် သူ၏ စိတ်အာရုံတစ်ခုဖြင့်ပင် အောက်ဘက်ရှိ လမ်းသလားနေသော ဇွန်ဘီများမှာ ကိုယ်ပျောက်ဂါထာ အထိခံလိုက်ရသည့်အလား ရုတ်တရက် ရပ်တန့်သွားကြတော့သည်။

ဂါးးးဂါးးး

နောက်တစ်ခဏတွင် ဧရာမဇွန်ဘီ ၁ နှင့် အခြားဇွန်ဘီများမှာ ခြံဝင်းအတွင်းသို့ ခုန်ဆင်းသွားကြပြီး သွေးစိမ်းရှင်ရှင် သတ်ဖြတ်ပွဲကြီးကို စတင်လိုက်ကြတော့သည်။

လိုအပ်သော အမြုတေများ စုဆောင်းပြီးနောက် လုချွမ်းသည် အဆင့် ၄ အမြုတေများကို ထုတ်ပေးနိုင်သော အဆင့် ၄ ဇွန်ဘီရုပ်သေးတစ်ကောင်ကို စတင်အဆင့်မြှင့်တင်လိုက်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် လုချွမ်း၏ လက်ထဲတွင် အဆင့် ၄ အမြုတေ လေးခု ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ယခုအခါတွင်မူ အဆင့်မြှင့်တင်ရန်အတွက် ဇွန်ဘီရုပ်သေးတစ်ကောင်ကို ရွေးချယ်ရမည့်

အချိန်သို့ ရောက်ရှိလာခဲ့သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် လုချွမ်းသည် ကိုယ်ပျောက် ၁ ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။

All Chapters