← Chapters

အခန်း (၄၁၀)

Vol. 41 Ch. 410

အခန်း (၄၁၀)

Vol. 41 Ch. 410

ထိုအခိုက်တွင် မသေမျိုး ၁ ၏ ဘေးတစ်ဖက်တစ်ချက်၌ ရပ်နေသော မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့သည် ၎င်းတို့၏ မီးဝိညာဉ်ခန္ဓာစွမ်းရည်ကို နှိုးဆော်လိုက်ကြရာ ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များ တဟုန်ထိုး တောက်လောင်လာပြီး ကောင်းကင်ယံသို့ ဒုံးပျံများအလား ပျံတက်သွားကြတော့သည်။

ဒိုင်း... ဒိုင်း... ဒိုင်း...

မကြာမီမှာပင် ပြင်းထန်လှသော ပေါက်ကွဲသံကြီးများနှင့်အတူ မီးလျှံလူသားများအဖြစ် အသွင်ပြောင်းသွားကြသည့် မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့သည် တစ်မီတာကျော် အရွယ်အစားရှိသော နီရဲတောက်လောင်နေသည့် မီးလုံးကြီးများကို မိုးကြိုးဟိန်းသံထံသို့ တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ကြသည်။

ခေတ္တခဏအတွင်း ကောင်းကင်ယံတစ်ခုလုံးမှာ မီးရောင်များဖြင့် ဖုံးလွှမ်းသွားပြီး နီရဲသော အလင်းတန်းများက ဟင်းလင်းပြင်ကို လွှမ်းမိုးသွားခဲ့သည်။ ပြင်းပြလှသော အပူလှိုင်းများသည် အရပ်မျက်နှာအနှံ့ ရိုက်ခတ်သွားရာ မြေပြင်ပေါ်ရှိ မြက်ပင်နှင့် ချုံနွယ်များမှာ လောင်ကျွမ်းကုန်ကြပြီး သစ်ကိုင်းများမှာ ကွေးညွတ်ကာ သစ်ရွက်များမှာလည်း ရေဓာတ်ခန်းခြောက်၍ ညှိုးနွမ်းသွားကြတော့သည်။

ဝုန်း... ဝုန်း... ဝုန်း...

ထိုအချိန်မှာပင် မိုးကြိုးဟိန်းသံ၏ မိုးကြိုးတိုက်ကွက်သည် အာဖန်း၏ လျှို့ဝှက်အလင်း မင်

အချပ်ကာကို လာရောက်ထိမှန်ခဲ့သည်။ စူးရှတောက်ပသော ခရမ်းရောင်အလင်းတန်းများနှင့်အတူ ကျယ်လောင်လှသော အသံကြီးမှာ လူတို့အား မူးဝေအော်ဂလီဆန်သွားစေလောက်အောင်ပင် ပြင်းထန်လှပေသည်။

သို့ရာတွင် မိုးကြိုးဒဏ်ကို ခံနိုင်ရည်ရှိလှသော ထိုမင်အချပ်ကာမှာမူ ဖျက်ဆီး၍မရနိုင်သည့် လေးလံသော ဒိုင်းလွှားကြီးတစ်ခုအလား အနည်းငယ်မျှပင် တုန်ခါခြင်းမရှိဘဲ အကောင်းပကတိအတိုင်း ရှိနေခဲ့သည်။ သို့သော်လည်း အာဖန်းအနေဖြင့် ထိုအချပ်ကာကို ဆက်လက်

ထိန်းသိမ်းထားရန်အတွက် ဝိညာဉ်အဆီအနှစ်အမြောက်အမြား အသုံးပြုလိုက်ရသည်မှာ ရှောင်လွှဲ၍မရသော အချက်ပင်။

သို့သော် ယခုအခါတွင်မူ မိုးကြိုးဟိန်းသံအနေဖြင့် ၎င်း၏ တိုက်ကွက်ရလဒ်ကို ပြန်လည်စဉ်းစားနေရန် အချိန်မရှိတော့ပေ။ အကြောင်းမှာ ကောင်းကင်ယံမှ မီးလုံးကြီးများမှာ ၎င်း၏ထံသို့ တည့်တည့်မတ်မတ် ကျဆင်းလာနေပြီ ဖြစ်သောကြောင့်ပင်။

တောက်လောင်နေသော ဥက္ကာခဲများအလား မီးလုံးကြီးများမှာ တစ်ခုပြီးတစ်ခု ကျဆင်းလာရာ မိုးကြိုးဟိန်းသံ၏ မြင်ကွင်းတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။

"ဝူး…."

မိုးကြိုးဟိန်းသံသည် မီးလျှံ ၁ နှင့် မီးလျှံ ၂ ဇွန်ဘီရုပ်သေးနှစ်ကောင်ကို ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်မိုးကြိုးများသည်လည်း ဂူအောင်းနဂါးများ အပြင်သို့ အတင်းရုန်းထွက်လာသည့်အလား ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ဝုန်း... ဝုန်း... ဝုန်း...

နောက်တစ်ခဏတွင် မပြတ်မတောက်သော မိုးခြိမ်းသံကြီးများနှင့်အတူ မိုးကြိုးဟိန်းသံ၏ ခန္ဓာကိုယ်မှ လျှပ်စီးတန်းများ တဟုန်ထိုး ထွက်ပေါ်လာပြီး ကျဆင်းလာနေသည့် မီးလုံးကြီးများကို ဆီးကြို၍ တိုက်ခိုက်တော့သည်။

ဒိုင်း... ဒိုင်း... ဒိုင်း...

လျှပ်စီးတန်းများ၏ အရှိန်အဟုန်ကြောင့် ရှေ့ဆုံးမှ မီးလုံးကြီးများက ချက်ချင်းပင် ပေါက်ကွဲသွားခဲ့ပြီး ပတ်ဝန်းကျင် တစ်ခွင်လုံးကို ထိန်ထိန်လင်းသွားစေလောက်သည့် အလွန်စူးရှသော မီးအလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။

သို့ရာတွင် ထိုအချိန်မှာပင် အစောပိုင်းက တုပ်တုပ်မျှမလှုပ်ဘဲ စောင့်ကြည့်နေခဲ့သော မသေမျိုး ၁ က ရုတ်တရက် လှုပ်ရှားလာခဲ့သည်။

၎င်း၏ သွေးရောင်လွှမ်းသော မျက်လုံးများမှာ ဝင်းလက်သွားပြီး ကြောက်မက်ဖွယ်ကောင်းလှသော လေးခုကွဲ အာခံတွင်းမှနေ၍ ထူးဆန်းသော သွေးရောင်အလင်းတန်းများနှင့်အတူ ရေဘဝဲလက်တံများကဲ့သို့သော အသားမျှင်များ ထွက်ပေါ်လာခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုထူးဆန်းသော သွေးရောင်အလင်းတန်းများသည် တစ်စုတစ်စည်းတည်း ဖြစ်သွားပြီး မီးလုံးများကို ခုခံနေရသဖြင့် အာရုံများနေသော မိုးကြိုးဟိန်းသံထံသို့ လျှပ်တပြက် ပစ်လွှတ်လိုက်လေတော့သည်။

"သွေးဆာသော နတ်ဘုရားအလင်း"

ထိုနီရဲသော သွေးဆာသော နတ်ဘုရားအလင်းသည် မိုးကြိုးဟိန်းသံကို တည့်တည့်မတ်မတ် ထိမှန်သွားခဲ့ပြီး ဧရာမ စေးကပ်သော ပင့်ကူအိမ်ကြီးတစ်ခုအလား ၎င်း၏ တစ်ကိုယ်လုံးကို ရစ်ပတ်နှောင်ဖွဲ့လိုက်သည်။

"ဝူးးး"

ဤရုတ်တရက် အပြောင်းအလဲကြောင့် မိုးကြိုးဟိန်းသံမှာ ထိတ်လန့်သွားပြီး တစ်ကိုယ်လုံး ချုပ်နှောင်ခံလိုက်ရသဖြင့် အလွန်အမင်း နေရခက်သော ဝေဒနာကို ခံစားလိုက်ရသည်။ ၎င်းသည် ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး ထိုနှောင်ကြိုးများမှ လွတ်မြောက်ရန် ဗီဇအရ အတင်းရုန်းကန်တော့သည်။

ထိုအချိန်တွင် မသေမျိုး ၁ က အင်အားအပြည့်ဖြင့် နောက်သို့ ဆွဲငင်လိုက်ရာ ချုပ်နှောင်ခံထားရသော မိုးကြိုးဟိန်းသံမှာ ဟန်ချက်ပျက်သွားပြီး ၎င်း၏ခန္ဓာကိုယ်ကြီးမှာ မထိန်းနိုင်မသိမ်းနိုင်ဘဲ ရှေ့သို့ ငိုက်ကျသွားခဲ့သည်။

၎င်း၏ တိုက်ကွက်အရှိန်အဟုန် ပျက်စီးသွားသည်နှင့်အမျှ မိုးကြိုးဟိန်းသံ၏ လျှပ်စီးတန်းများမှာလည်း ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ကောင်းကင်မှ မီးလုံးကြီးများမှာမူ ၎င်း၏ထံသို့ အရှိန်အဟုန်ဖြင့် ဆက်လက် ကျဆင်းလာနေတော့သည်။

ဝုန်း... ဝုန်း... ဝုန်း...

မိုးကြိုးဟိန်းသံသည် ထိုနှောင်ဖွဲ့မှုများကို မတတ်သာတော့ဘဲ ကောင်းကင်မှ ကျဆင်းလာသော မီးလုံးကြီးများ၏ တိုက်ရိုက်ထိမှန်ခြင်းကို မလွဲမသွေ ခံလိုက်ရသည်။ မီးလုံးများမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားပြီး ၎င်းအား မီးပင်လယ်အတွင်းသို့ နစ်မြုပ်သွားစေတော့သည်။

"ဝူးးးဂီးးးး"

တောက်လောင်နေသော မီးလျှံများအတွင်းမှ မိုးကြိုးဟိန်းသံ၏ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။

မီးခိုးနှင့် မီးလျှံများ ကင်းစင်သွားသောအခါ မီးလောင်ကျွမ်းခြင်းဒဏ်ကို ခံလိုက်ရသော မိုးကြိုးဟိန်းသံကို မြင်တွေ့လိုက်ရသည်။ တစ်ချိန်က ခရမ်းရောင်တောက်နေခဲ့သော ၎င်း၏ အမွှေးအမျှင်များမှာ ယခုအခါ မည်းတူးသွားခဲ့ပြီး အသားစများမှာလည်း စုတ်ပြတ်သတ်ကာ သွေးစိမ်းရှင်ရှင် ထွက်နေတော့သည်။ ထိုမည်းနက်နေသော သွေးများသည် ၎င်း၏ ခြေလက်များမှတစ်ဆင့် မြေပြင်ပေါ်သို့ တစ်စက်စက် စီးကျနေသည်။

မိုးကြိုးဟိန်းသံသည် အဆင့် ၅ သားရဲတစ်ကောင်အနေဖြင့် အလွန်သန်မာလှသော်လည်း လုချွမ်း၏ ထိန်းချုပ်မှုအောက်ရှိ အဆင့် ၅ ဇွန်ဘီရုပ်သေး အုပ်စုလိုက်၏ စုပေါင်းတိုက်ခိုက်မှုကိုမူ မတောင့်ခံနိုင်ဘဲ ပြင်းထန်သော ဒဏ်ရာများကို မလွဲမသွေ ရရှိသွားခဲ့ရသည်။

"ဇွန်ဘီဘုရင်ရဲ့ လက်အောက်ခံ ဆင့်ကဲပြောင်းလဲထားတဲ့ ဇွန်ဘီတွေက ဒီလောက်တောင် အစွမ်းထက်တာလား"

ဤမြင်ကွင်းကို အဝေးမှ စောင့်ကြည့်နေသော ဟွမ်ရွှမ်းသည် မျက်စိသူငယ်အိမ်များ ကျုံ့သွားကာ နှလုံးသားထဲသို့ အေးစိမ့်သော အအေးဓာတ်တစ်ခု ဝင်ရောက်သွားခဲ့သည်။ အဆင့် ၅ ဇွန်ဘီ တစ်ကောင်တည်းဆိုလျှင် ထိုမျှ ကြောက်စရာမကောင်းသော်လည်း ယခုကဲ့သို့ အရေအတွက်များပြားစွာဖြင့် ဟန်ချက်ညီညီ ပေါင်းစပ်တိုက်ခိုက်လာသောအခါတွင်မူ တကယ့်ကို ထိတ်လန့်စရာကောင်းပေသည်။

တစ်ဖက်တွင်မူ ကျောက်လင်းသည် သူမ၏ အဖွဲ့သားများရှိရာသို့ ပြန်လည်ပူးပေါင်းရန် သွားနေစဉ် တိုက်ပွဲအခြေအနေကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။

လုချွမ်း၏ တိုက်စစ်အောက်တွင် မိုးကြိုးဟိန်းသံ ဝေဒနာခံစားနေရသည်ကို မြင်လိုက်ရသောအခါ သူမ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ချီချီလေးနှင့် လုချွမ်းတို့ အဘယ်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေကြသည်မှာ မဆန်းတော့ချေ။ ဤအဆင့် ၅ ဇွန်ဘီရုပ်သေးများ၏ ပေါင်းစပ်တိုက်ခိုက်မှုမှာ တကယ့်ကို အံ့မခန်းလှပြီး ခေတ္တခဏအတွင်းမှာပင် မိုးကြိုးဟိန်းသံကို ပြင်းထန်သော သင်ခန်းစာတစ်ခု ပေးနိုင်ခဲ့သည်။

သို့ရာတွင် ဤသည်မှာ မိုးကြိုးဟိန်းသံ အားနည်းသည်ဟု မဆိုလိုပေ။ အကယ်၍ ၎င်းသာ အဆင့် ၅ ဇွန်ဘီရုပ်သေး တစ်ကောင်တည်းနှင့် ရင်ဆိုင်ရမည်ဆိုပါက မိုးကြိုးဟိန်းသံသည် မုချအောင်ပွဲခံမည်ဖြစ်ကြောင်း ကျောက်လင်းက ယုံကြည်ထားဆဲပင်။

သို့သော် ယခုအခါတွင်မူ စနစ်တကျ ပေါင်းစပ်တိုက်ခိုက်နေသော အဆင့် ၅ ဇွန်ဘီရုပ်သေး လေးကောင်၏ ဝိုင်းရံမှုကို ခံနေရသဖြင့် မိုးကြိုးဟိန်းသံမှာ အကျပ်ရိုက်ကာ အရေးနိမ့်နေရရှာသည်။

အထူးသဖြင့် ဤအဆင့် ၅ ဇွန်ဘီရုပ်သေးများ၏ တိုက်ကွက်များက မိုးကြိုးဟိန်းသံ၏ ခုခံကာကွယ်မှုကို ထိုးဖောက်နိုင်စွမ်း ရှိနေကြသည်။ ထို့ကြောင့် ပြေးဝင်လာသော တိုက်စစ်များကို မတွန်းလှန်နိုင်ပါက ပြင်းထန်သော ဒဏ်ရာများ ရရှိရန်မှာ မလွဲဧကန်ပင်။

"ဝေါ့"

ဒဏ်ရာများကြောင့် မိုးကြိုးဟိန်းသံ ဒေါသထွက်လာခဲ့ပြီး ၎င်း၏ မျက်လုံးများမှာ သွေးရောင်လွှမ်းကာ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။

ဝုန်း... ဝုန်း... ဝုန်း...

ခရမ်းရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွားသော ထူးဆန်းသည့် မိုးကြိုးလျှပ်စီးများသည် ၎င်း၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး သေမင်းအငွေ့အသက်များကို ထုတ်လွှတ်နေသည်။

မကြာမီမှာပင် မိုးကြိုးဟိန်းသံကို ဖုံးအုပ်ထားသော ခရမ်းရောင်အလင်းတန်းများက မည်းမှောင်သော အရှိန်အဝါများအောက်တွင် ပျောက်ကွယ်သွားပြီး အနက်ရောင် မိုးကြိုးများမှာ ရူးသွပ်စွာ ရစ်ပတ်နေတော့သည်။

ဝုန်း

ထိုခဏ၌ မိုးကြိုးဟိန်းသံသည် ဝက်ဝံအာခံတွင်းကြီးကို ကျယ်လောင်စွာ ဟလျက် ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် မိုးကြိုးလျှပ်စီးတန်းကြီး တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ဝုန်း... ဝုန်း... ဝုန်း...

မျက်တောင်တစ်ခတ်အတွင်းမှာပင် အလွန်လျှင်မြန်လှသော အနက်ရောင် မိုးကြိုးတန်းသည် အာဖန်းကို တည့်တည့်မတ်မတ် ထိမှန်သွားခဲ့သည်။ လျှို့ဝှက်အလင်း မင်အချပ်ကာပေါ်ရှိ ဝိညာဉ်အလင်းတန်းများမှာ မှေးမှိန်သွားခဲ့ပြီး အာဖန်းကို နောက်သို့ အတင်းအဓမ္မ တွန်းပို့လိုက်ရာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော မြောင်းကြီးများ ဖြစ်ပေါ်သွားခဲ့သည်။

ဘုန်း….

ခေတ္တခဏအတွင်းမှာပင် အနက်ရောင် မိုးကြိုးတန်းသည် မင်အချပ်ကာကို ချေမှုန်းလိုက်ပြီး မရပ်မနား တဟုန်ထိုး ပြေးဝင်ကာ အာဖန်း၏ ရင်ဘတ်ချပ်ကာကို အပြင်းအထန် ရိုက်ခတ်သွားတော့သည်။

ယခင်က ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သော အာဖန်းသည် ထိုမိုးကြိုးဒဏ်ကြောင့် လွင့်စင်ထွက်သွားခဲ့သည်။ မီတာအနည်းငယ်အကွာသို့ ကျရောက်သွားချိန်တွင် ၎င်း၏ အနက်ရောင် အချပ်ကာမှာ ပျက်စီးသွားခဲ့ပြီး အသားစများ စုတ်ပြတ်သတ်နေသော ရင်ဘတ်တွင် ကြေမွနေသည့် နံရိုးကြီးများမှာ အတိုင်းသား ပေါ်ထွက်နေတော့သည်။

မိုးကြိုးဟိန်းသံ၏ ဤတိုက်ကွက်မှာ အလွန်ပင် ပြင်းထန်လှရာ ခုခံကာကွယ်မှု အသန်မာဆုံးဖြစ်သော အာဖန်းပင်လျှင် တစ်ချက်တည်းဖြင့် တိုက်ပွဲဝင်နိုင်စွမ်း ကင်းမဲ့သွားခဲ့ရသည်။

ထိုအချိန်တွင် မိုးကြိုးဟိန်းသံသည် မသေမျိုး ၁ ထံသို့ တဟုန်ထိုး ပြေးဝင်လာပြန်သည်။

"ငါ့အလှည့် ရောက်ပြီထင်တယ်"

ထိုစကားသံနှင့်အတူ ပျံသန်းသူ ၁ ပေါ်တွင် စီးနင်းလိုက်ပါလာသော ကျိရုရွှယ်သည် လေထုကို ခွင်း၍ ရောက်ရှိလာခဲ့သည်။ သူမသည် သူမ၏ စိတ်အာရုံဖြင့် ထိန်းချုပ်ခြင်းစွမ်းရည်ကို အသုံးပြုကာ မိုးကြိုးဟိန်းသံ၏ အရှိန်ကို ဟန့်တားလိုက်သည်။

သို့ရာတွင် ပျံသန်းသူ ၁ ပေါ်ရှိ သေးငယ်သော ပုံရိပ်လေးကို မြင်လိုက်ရသောအခါ ယာဉ်တန်းဆီသို့ အပြေးအလွှား သွားနေသော ကျောက်လင်း၏ မျက်နှာမှာ ရုတ်တရက် ပျက်သွားခဲ့သည်။ "တောက်... လုချွမ်းနော် သူက ဘယ်လိုလုပ်ပြီး ချီချီလေးကို ဒီလောက် အန္တရာယ်များတဲ့အထဲ လွှတ်လိုက်ရတာလဲ"

All Chapters