← Chapters

လူကြီးမင်း ရှင်ကတိဖျက်ခဲ့ပြီ

Vol. 69 Ch. 681

လူကြီးမင်း ရှင်ကတိဖျက်ခဲ့ပြီ

Vol. 69 Ch. 681

ထို့နောက် သူက လှည့်ကာ အေးစက်စွာ ပြောလိုက်၏။ "ခင်ဗျားအတွက်ခင်ဗျားပဲ သိမ်းထားလိုက်ပါ။"

အန်းထင်ဖုန်းက လက်သီးကို ဆုပ်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ရေပေါ်ကျွန်းတစ်ခုလုံးမှာ လိပ်တက်သွားပြီးကိုက်တစ်ရာကျော်မြင့်သော နံရံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

ချီစွမ်းအင်များဖြင့် အားဖြည့်ထားသောကြောင့် ယိုချန်၏ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးခန္ဓာကိုယ်ဖြင့် အစွမ်းကုန် ထုရိုက်နေသည့်တိုင် ၎င်းကို အနည်းငယ်မျှပင်တုန်ခါအောင်ပင် မလုပ်နိုင်ခဲ့ပေ။

သို့သော် ရှန်းယီကမူ တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။

သူသည် လှည့်ပတ်နေသော ရေပေါ်ကျွန်းများ ရေပြင်ပေါ်သို့ ဖြည်းညှင်းစွာပြန်လည်ကျဆင်းသွားသည်ကို စောင့်ကြည့်နေခဲ့သည်။

"..."

သူသည် ထိုလူငယ်၏ အလွန်အမင်း မောက်မာဝင့်ကြွားနေသောကျောပြင်ကို ကြည့်နေမိသည်။

အနန္တတာအိုအင်ပါယာဂိုဏ်းမှ တာအိုကလေးငယ်ပင်လျှင် သူ့ရှေ့၌ တစ်ယောက်တည်း ရှိနေချိန်တွင် ဤမျှမောက်မာဝင့်ကြွားရန် ရဲဝံ့မည် မဟုတ်ပေ။

အန်းထင်ဖုန်း၏ မျက်ခုံးများ ပင့်တက်သွားပြီးနောက်၊ ပင်ကိုယ်အသိစိတ်ကြောင့် နောက်သို့ လှည့်ကြည့်လိုက်မိသည်။

ထိုအခါ သူ၏ မျက်ဝန်းသူငယ်အိမ်များမှာ တစ်နေရာတည်းတွင် အေးခဲသွားတော့သည်။

တိမ်တိုက်များကြားတွင် အနည်းငယ် ယိမ်းနွဲ့နေသော တရုတ်ရိုးရာဂါဝန်အဖြူလေး တစ်ထည်ကို သူ မြင်လိုက်ရ၏။

နူးညံ့ပြီးသေးသွယ်လှပသော မိန်းကလေးသည် အောက်ဘက်ရှိ ရေပြင်နှင့် ကုန်းမြေကို ငုံ့ကြည့်နေလေသည်။ ပထမတွင် သူမသည် ရှန်းယီအား နားမလည်နိုင်စွာဖြင့် ကြည့်နေခဲ့၏။

လူကြီးမင်းက သူမ၏ လည်ပင်းကို ချိုးပစ်ခဲ့ပြီးကတည်းက၊သူမကို တိုက်ရိုက်မကြည့်တော့ဘဲ ကျောခိုင်းထားရန်သာ ပိုသဘောကျနေသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။

သို့သော် မကြာမီမှာပင် သူမ၏ အကြည့်သည် ကြီးမားသောဝတ်ရုံကြီးကို ခြုံလွှမ်းထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားထံသို့ ကျရောက်သွားလေသည်။

အန်းယီ၏ မျက်လုံးများထဲတွင် သူမကိုယ်တိုင်ပင် အပြည့်အဝ နားမလည်နိုင်သော ခံစားချက်များ ပြည့်နှက်သွားလေ၏။

လွန်ခဲ့သောနှစ်ပေါင်းများစွာက မှောင်မိုက်သော သင်္ချိုင်းဂူထဲတွင် ပဲ့တင်ထပ်နေခဲ့သည့် ရင်ကွဲနာကျဖွယ် ငိုကြွေးသံများသည် သူမ၏ စိတ်ထဲ၌ တစ်ကျော့ပြန် ပေါ်လာသည့်အလားပင်။

ဖေဖေ

သမီး အရမ်း နာကျင်နေပြီ

ဖေဖေ

သမီးကို လွှတ်ပေးလို့ မရဘူးလားဟင်။

တစ်ချိန်သောအခါတွင်တော့ ထိုငိုကြွေးသံများ ရပ်တန့်သွားခဲ့လေပြီ။

"..."

အန်းထင်ဖုန်းသည် သူ၏ သမီးငယ်လေး၏ မျက်လုံးများထဲရှိ အလွန်သိသာထင်ရှားနေသော နာကြည်းမှုများကို မမြင်လိုက်ပုံရပေ။

ထိုအစား သူ၏ မျက်နှာပေါ်ရှိ ရူးသွပ်မှုများမှာ လျင်မြန်စွာပျောက်ကွယ်သွားပြီး၊ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများဖြင့် အစားထိုးဝင်ရောက်လာကာ သူကိုယ်သူ တီးတိုးရေရွတ်လိုက်၏။

"တူလိုက်တာ... အရမ်းကို တူလွန်းတယ်... သူမနဲ့ တစ်ထေရာတည်းပဲ။"

အမှန်တကယ်ပင် သူ တွေးထင်ထားခဲ့သည့်အတိုင်း ဖြစ်သည်။

ဤလောကတွင် ဤမျှအံ့ဩဖွယ်ကောင်းလောက်အောင် တူညီသော သူများ ရှိနိုင်ပေသည်။

တစ်နေ့နေ့တွင် သူမကို ပြန်လည်ရှင်သန်စေနိုင်ပြီး သူမ၏ ပြောင်းလဲသွားမှုကို မြင်တွေ့နိုင်ရန်အတွက်သာ အခြားတစ်ယောက်၏ ရုပ်အလောင်းကို သူ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

ယနေ့သည် မျှော်လင့်ချက်မဲ့ရမည့်နေ့ဟု သူထင်မှတ်ထားခဲ့သော်လည်း၊ ကံကောင်းထောက်မစွာဖြင့် လောကကြီးက သူ့ကို သနားညှာတာခဲ့ပုံရပြီး၊ သူ၏ နှလုံးသားဆန္ဒကို တိုက်ရိုက် ဖြည့်ဆည်းပေးခဲ့လေပြီ။

"ဒီနှစ်တွေတစ်လျှောက်လုံး သမီးအတွက် ဖေဖေ လုပ်ပေးခဲ့တာတွေ အားလုံးကိုထောက်ထားပြီးတော့၊ ဖေဖေ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ ဒါပေမယ့် လိမ္မာတဲ့ကလေးလေးလုပ်ပြီး ဖေဖေ့

နောက်ကို လိုက်ခဲ့ပါ။ ဖေဖေနဲ့အတူ နေရအောင်လေ၊ ဟုတ်ပြီလား။"

အန်းထင်ဖုန်း၏ အသံမှာ ရုတ်တရက် အလွန် နူးညံ့သွားလေ၏။

ထိုစကားကို ကြားသောအခါ၊ အန်းယီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုရုတ်တရက် ပေါ်လာလေသည်။

ထိုလူလတ်ပိုင်းအမျိုးသား၏ မျက်နှာပေါ်တွင် ပြည့်နှက်နေသောနက်ရှိုင်းသည့် ချစ်ခြင်းမေတ္တာများတစ်ခုမျှ သူမအတွက် ရည်ရွယ်ခြင်း မဟုတ်ပေ။

"ကောင်းပြီလေ။"

အန်းယီသည် ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ရာ၊ သူမ၏ ဂါဝန်ဖြူလေးမှာ မိုးပြာရောင် ကောင်းကင်ပန်းချီကားပေါ်သို့ ကျဆင်းသွားသော မင်တစ်စက်ကဲ့သို့ တဖြည်းဖြည်း မည်းမှောင်သွားလေ၏။

နောက်တစ်ခဏတွင် သူမသည် ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

သူမ ပြန်လည်ပေါ်လာချိန်တွင်၊ သူမ၏ နူးညံ့သော လက်ဝါးလေးသည် အန်းထင်ဖုန်း၏ရင်ဘတ်ကို ရက်စက်ကြမ်းကြုတ်စွာ ရိုက်ချလိုက်၏။

လွင့်စင်သွားသော ချီစွမ်းအင်များသည် အရပ်မျက်နှာအနှံ့ ရူးသွပ်စွာလှည့်ပတ်သွားပြီး၊ ၎င်း၏ ဟိန်းဟောက်သံဖြင့် အနီးတစ်ဝိုက်ရှိ အရာအားလုံးကို ရိုက်ချိုးပစ်လုမတတ် ဖြစ်သွားကာ အနောက်ပိုင်းဟုန်တွင်ပင် မြင်တွေ့ရခဲသော ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

၎င်းတို့ထဲမှ တစ်ဦးမှာ အနည်းငယ် နုနယ်သေးပုံရသော်လည်း ဤနေရာတွင် တာအိုပေါင်းစည်းခြင်းအဆင့်နှင့် ရင်ပေါင်တန်းနိုင်သော ထိပ်သီးကြီးနှစ်ဦး ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

အလစ်ငိုက်တိုက်ခိုက်ခံလိုက်ရသဖြင့် အန်းထင်ဖုန်းမှာ လွင့်စင်သွားခဲ့၏။ သူသည် သူ၏ ကိုယ်ဟန်ကို တည်ငြိမ်အောင် မနည်းကြိုးစားလိုက်ရပြီး၊ သူ၏ ရင်ဘတ်ရှိ စုတ်ပြဲနေသော ဒဏ်ရာကို ငုံ့ကြည့်လိုက်သည်။

ထို့နောက် အံ့ဩသွားကာ သူ၏ နှုတ်ခမ်းများပေါ်တွင်ရက်စက်သော အပြုံးတစ်ခု ကွေးတက်လာရင်း မော့ကြည့်လိုက်၏။

"ကလေးတစ်ယောက် အဆုံးအမမရှိတာက အဖေ့တွေရဲ့ အပြစ်ပဲ။"

"ရီအာ... သမီး အရမ်း ဆိုးသွမ်းနေပြီ။"

အခြားအရိပ်မည်းတစ်ခု ထပ်မံ ဝင်ရောက်လာချိန်တွင် အန်းထင်ဖုန်း၏ မျက်နှာသည် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ကျားမျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

သူသည် မည်သည့်နည်းစနစ်ကိုမျှ အသုံးပြုရန် မလိုဘဲ အလွယ်တကူပင်ရိုက်ချလိုက်သည်။ သူ၏ သီးသန့် နတ်ဆိုးစွမ်းအားမှာပင် လွန်စွာထိတ်လန့်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အနောက်ပိုင်းဟုန် ရေပြင်ကိုပင် ဆွဲဖြဲပစ်နိုင်သော လက်ဝါးလေပြင်း၏ရှေ့တွင် ဂါဝန်အမည်းနှင့် မိန်းကလေးမှာ အနည်းငယ်မျှပင်တုန်လှုပ်ခြင်းမရှိဘဲ၊ သူမ၏ မျက်လုံးများသည် အန်းထင်ဖုန်း၏ နှလုံးသားရှိ ဒဏ်ရာဆီသို့သာ စူးစိုက်နေခဲ့၏။

သူမ၏ တစ်ခုတည်းသော အတွေးမှာ ထိုဒဏ်ရာအက်ကွဲကိုလုံးဝဆွဲဖြဲပစ်ပြီး အတွင်းရှိ နှလုံးသားကို ချေမွပစ်ရန်သာ ဖြစ်သည်။

ပြင်းထန်လှသောလက်ဝါးလေပြင်းထဲတွင် သူမ၏ အသားအရေများကွဲအက်သွားပြီး ကျောက်တုံးနှင့်တူသော အသွင်အပြင်တစ်ခု ပေါ်ထွက်လာခဲ့သည်။

သို့တိုင်အောင် ဆန့်တန်းထားသော သူမ၏ လက်မှာမူ အံ့ဩဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေခဲ့ပေသည်။

သို့သော် တာအိုပေါင်းစည်းခြင်းအဆင့်ရှိ သူများကြားတွင်ပင်ကွာဟချက်မှာ သိသိသာသာကြီးမားလှပေသည်။

အန်းထင်ဖုန်း၏ မျက်ခွံများ တုန်ခါသွားပြီး၊ ရင်းနှီးနေသောထိုပုံရိပ်လေးကို ထိခိုက်မိမည်ကို စိုးရိမ်သည့်အလား လက်ဝါးလေပြင်းကို အတင်း ပြန်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူ၏ ဒဏ်ရာများကို ဘေးဖယ်ကာ မိန်းကလေး၏ နူးညံ့သော လည်ပင်းဆီသို့လက်လှမ်းလိုက်ပြီး သူမကို ဦးစွာဖမ်းဆီးနိုင်ရန် မျှော်လင့်လိုက်သည်။

အန်းယီအတွက်မူ သူမ၏ ခန္ဓာကိုယ် ကွဲအက်သွားမည်ကိုဖြစ်စေ၊ အသက်ဆုံးရှုံးရမည်ကိုဖြစ်စေ မည်သည့်အရာကိုမျှ ဂရုမစိုက်ပုံရပေ။ ထိုလူလတ်ပိုင်းအမျိုးသား၏ ရင်ဘတ်မှ ထွက်ပေါ်လာသော သွေးနံ့လောက် မည်သည့်အရာကမျှ အရေးမကြီးပေ။

ကံမကောင်းစွာဖြင့် နတ်ဆိုးကျောက်တိုင်ကို ထိန်းချုပ်ရန် သူမတွင် အခွင့်အရေးမရှိချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ နူးညံ့သော ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး နောက်သို့ လွင့်စဉ်သွားလေ၏။

"ဟင်.." အန်းထင်ဖုန်းသည် ရှေ့သို့ ငေးကြောင်စွာ ကြည့်နေရင်း အလိုအလျောက်လက်ကို လွှဲရမ်းလိုက်ရာ၊ရေပြင်ကို ဖြတ်သန်းသွားသောတောင်တန်းများသည် ထိုအလင်းတန်းကို ဟန့်တားရန်လျင်မြန်စွာပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ကံမကောင်းစွာဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအလင်းတန်းသည် အမြင်အာရုံထဲမှ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။

သူသည် ရုတ်တရက် အောက်သို့ ငုံ့ကြည့်လိုက်ရာ ထိုလူငယ်အနည်းငယ်မှာ လွန်ခဲ့သောခဏကပင် အမြင်အာရုံထဲမှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

"ပြန်လာခဲ့ ငါ့ဆီ ပြန်လာခဲ့"

သူ၏ စူးရှသော ဟိန်းဟောက်သံကြီး တစ်ကျော့ပြန် ပျံ့နှံ့သွားလေ၏။

တောင်တန်းများနှင့် ပင်လယ်များကို ရွှေ့ပြောင်းရန် သူ၏စွမ်းအားကို အသုံးပြုခဲ့ပြီးဖြစ်ရာ ဤနယ်မြေ၏ ပိုင်ရှင်ကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

ကျောနက်ရေနဂါးများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြပြီး ၎င်းတို့ စုရုံးရောက်ရှိလာမှုနှင့်အတူ ခန္ဓာကိုယ်ကောက်ကြောင်းအလှများဖြင့် ပြည့်စုံသော ပုံရိပ်တစ်ခုသည် လှိုင်းလုံးများကို ဖြတ်ကျော်ကာ လျှောက်လှမ်းလာလေသည်။

"အန်းထင်ဖုန်း... ရှင် ဘာလုပ်နေတာလဲ။"

ယွီတောင်၏ နဂါးကြင်ယာတော်က အခြားတစ်ဖက်မှဟိန်းဟောက်သံများ ထွက်ပေါ်လာရာ အရပ်သို့ ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

သို့သော် ဤအချိန်တွင် နှင်းကျားမျိုးနွယ်စု၏ သခင်ဖြစ်သူမှာ သူ၏ ကျေးဇူးရှင်ကို လုံးဝ လျစ်လျူရှုထားပြီး ရှေ့သို့သာ စူးစိုက်ကြည့်နေလေသည်။

"ငါ မင်းကို ရှာမယ် ငါ မင်းကို သတ်ပစ်မယ်"

"မင်းလို ယုတ်မာတဲ့ကောင်... ငါ့ကို စောင့်နေလိုက်"

"..."

ယွီတောင်၏ နဂါးကြင်ယာတော်သည် သိသိသာသာကိုရူးသွပ်မှုထဲသို့ ကျဆင်းနေသည့် တာအိုပေါင်းစည်းခြင်းအဆင့် မဟာနတ်ဆိုးတစ်ကောင်နှင့် ပြဿနာရှာရန် စိတ်ဝင်စားမှု မရှိပေ။

သူမ လိုချင်သည့် အရာမှာ သူပြဿနာများဖန်တီးခြင်းအား ရပ်တန့်သွားစေရုံသာဖြစ်၏။

သူမက အောက်သို့စူးစမ်းချင်စိတ်ဖြင့် ငုံ့ကြည့်ရင်း ကျားနတ်ဆိုးကို ဤမျှလောက်ဒေါသထွက်စေသောအရာမှာ မည်သည့်အရာဖြစ်နိုင်ကြောင်း စဉ်းစားနေလေသည်။

ထို သတ်ဖြတ်ချင်စိတ်ပြင်းထန်လွန်းနေသော လူငယ်လေးအနေဖြင့် သူ့ကိုယ်သူထိန်းချုပ်ထားနိုင်လျှင် အကောင်းဆုံးပင်။ အကြံဉာဏ်တစ်ခုပေးရလျှင် မည်မျှပင်နာကြည်းမှုရှိနေပါစေ၊ ဤအချိန်သည် နှင်းကျားမျိုးနွယ်စုကို ရန်စရန် အချိန်ကောင်း မဟုတ်ပေ။

မဟုတ်လျှင် အကျိုးဆက်များမှာ မှန်းဆ၍ပင် ရနိုင်မည်မဟုတ်ချေ။

သူမကိုယ်တိုင်ပင် ယခုအချိန်တွင် သူ့ကို ကယ်တင်ပေးနိုင်စွမ်း မရှိသေးပေ။

All Chapters