← Chapters

အခန်း (၆၈၆)

Vol. 69 Ch. 686

အခန်း (၆၈၆)

Vol. 69 Ch. 686

"တပည့်တစ်ဦးအနေနဲ့၊ ငါတို့၏ တာအိုကလေးငယ်ဘွဲ့အမည်ကို တိုက်ရိုက်ခေါ်တဲ့အထိ ဘယ်သူကများ ဒီလောက်ရိုင်းစိုင်းရတာလည်း။"

ပန်ရှန်းဂိုဏ်းအတွင်း၌၊ အကြီးအကဲများစွာ၏ မျက်နှာအမူအရာတို့မှာ မသိမသာပြောင်းလဲသွားကြလေ၏။ ဖန်းဘိုယန်၏ ဂုဏ်သတင်းမှာ အမှန်တကယ်ပင် ကြီးမားလှပြီး၊ တာအိုလက်နက် မှတ်တမ်းတွင် ထိပ်ဆုံး အယောက်လေးဆယ်အတွင်း ပါဝင်ပေသည်။

ခွန်အားသက်သက်ကိုသာ ကြည့်မည်ဆိုလျှင်လည်း၊ သူသည် အနန္တတာအိုအင်ပါယာဂိုဏ်း၏ တာအိုကလေးငယ်တစ်ပါး ဖြစ်လာရန် အရည်အချင်း ပြည့်မီသူ ဖြစ်သည်။

သို့သော် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ၊ တစ်ဖက်လူသည် တာအိုကလေးငယ်တစ်ပါး မဖြစ်သေးသည်မှာ အမှန်ပင်။

၎င်းတို့ဂိုဏ်းထံသို့ ဤမျှမောက်မာဝင့်ကြွားသော အမူအရာဖြင့် လာရောက်ခြင်းနှင့်၊ အပေါ်ယံ ဟန်ဆောင်မှုကိုပင် ဂရုမစိုက်ခြင်းမှာ၊ ပန်ရှန်းဂိုဏ်းကို သူ၏ အနန္တတာအိုအင်ပါယာဂိုဏ်း၏ လက်အောက်ခံတစ်ခုထက် မပိုသော အရာအဖြစ် သဘောထားခြင်းနှင့် ထပ်တူပင် ဖြစ်ချေ၏။

ဟုန်ကျယ်အနောက်ပိုင်းတွင် အနန္တတာအိုအင်ပါယာဂိုဏ်း၏ အကိုင်းအခက်ကို မှီခိုတွယ်ကပ်လိုသော အင်အားစုများစွာ ရှိသော်ငြားလည်း၊ သူတို့၏ မဟာမိတ်ဂိုဏ်း ဖြစ်လာခြင်းနှင့် သူတို့ ခိုင်းစေရာကို လုပ်ရသော ခွေးတစ်ကောင် ဖြစ်လာခြင်းတို့အကြားတွင် အခြေခံကျသော ကွာခြားချက်ကြီး တစ်ခု ရှိနေပေသည်။

အကယ်၍ နောက်တစ်ချက်သာ ဖြစ်ခဲ့မည်ဆိုပါက... ပန်ရှန်းဂိုဏ်းအနေဖြင့် သူတို့ကို ဤမျှ ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြနေရန် အမှန်တကယ်ပင်လိုအပ်မည် မဟုတ်ချေ။

ပွင့်ပွင့်လင်းလင်း ဆိုရသော်၊ ဟုန်ကျယ်မြောက်ပိုင်းနှင့် ဟုန်ကျယ်အနောက်ပိုင်းတို့မှာ အလွန်တရာ ဝေးကွာလှပေရာ၊ တာအိုအင်ပါယာဂိုဏ်း၏ အင်အားမည်မျှပင် ကြီးမားနေပါစေ၊ မြောက်ပိုင်း နဂါးနန်းတော်၏ ဖိအားပေးမှုအောက်တွင် ဤနေရာအထိ သူတို့၏ သြဇာအာဏာကို ဖြန့်ကျက်ရန်မှာ ခဲယဉ်းလှပေလိမ့်မည်။

"တိတ်တိတ်နေကြစမ်း။"

အကြီးအကဲကြီးတစ်ဦးအနေဖြင့်၊ ယန်ယွင်ဟန်သည် ဤကဲ့သို့အကျပ်ရိုက်ဖွယ် အချိန်မျိုးတွင် တာအိုကလေးငယ်၏ ကိုယ်စား ရှေ့သို့ ထွက်ရပ်ပေးရန် သေချာပေါက်လိုအပ်ပေသည်။

အနာဂတ် ဂိုဏ်းချုပ် မျက်နှာပျက်ရခြင်းထက်၊ အကြီးအကဲတစ်ဦး မျက်နှာပျက်ရခြင်းက အမြဲတမ်းပို၍ ကောင်းမွန်လိမ့်မည်။

ဤအချိန်တွင် ဖန်းဘိုယန်ကို စော်ကားမိခြင်းမှာ ဆင်ခြင်တုံတရားနှင့် မညီပေ။ ပြီးခဲ့သည့်အကြိမ်က ရှန်းယီသည် သူ့ကို ရန်သူအဖြစ်ဖန်တီးခဲ့ပြီးဖြစ်ရာ၊ အကယ်၍ ပန်ရှန်းဂိုဏ်းကသာ မီးလောင်ရာ လေပင့် လုပ်ခဲ့မည်ဆိုပါက၊ ဟုန်ကျယ်မြောက်ပိုင်းမှ ထိုလူငယ်သည် ဒေါသအလျောက် သူ၏ စီနီယာနှစ်ဦးကို အမှန်တကယ်ပြန်လည်ခေါ်ချလာနိုင်ချေ ရှိပေသည်။

ထိုသို့ဆိုလျှင် ပြဿနာ ကြီးပေလိမ့်မည်။

"ဟုန်ကျယ်တောင်ပိုင်းက တာအိုကလေးငယ် အနည်းငယ်ကို အပြင်ဘက်ဂိုဏ်းဆီ လှည့်လည်ကြည့်ရှုဖို့ သွားဖိတ်ခေါ်ချေ၊ သူတို့ အပျင်းပြေအောင် အဖော်လုပ်ပေးလိုက်ကြ။"

ယန်ယွင်ဟန်သည် အကြီးအကဲ အနည်းငယ်ကို အဓိပ္ပါယ်ပါပါ တစ်ချက် ကြည့်လိုက်၏။ တစ်ဖက်တွင်က ဟုန်ကျယ်မြောက်ပိုင်း၏ အရှင်သခင်ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်က ဟုန်ကျယ်တောင်ပိုင်း၏ ဧကရာဇ် ဖြစ်သည်။

ခွန်အားချင်း ကြီးမားစွာ ကွာဟနေသော်ငြားလည်း၊ ဂုဏ်သိက္ခာဟူသည်က ရှိနေသေး၏။

ဆိုရိုးစကား ရှိသည့်အတိုင်း၊ ဘုရင်များအချင်းချင်းတွေ့ဆုံလေ့ မရှိကြပေ။

ယခုအချိန်တွင်တော့ အားနည်းနေသော ဘက်ကိုသာခေတ္တခဏ ဖယ်ပေးရန် ၎င်းတို့တောင်းဆိုနိုင်ပေသည်။

အရာအားလုံး ပြင်ဆင်ပြီးနောက်၊ ယန်ယွင်ဟန်သည် သူ၏ အဝတ်အစားများကို သပ်ရပ်စွာ ပြင်ဆင်လိုက်ပြီး၊ သက်ပြင်းတစ်ချက်ချကာ၊ သွားဖြီးလိုက်ပြီး ဖားယားသည့်အပြုံးတစ်ခုကို အတင်းအကျပ်မညှစ်ထုတ်နိုင်မီ အချိန်အတန်ကြာ မျက်နှာရှုံ့မဲ့နေခဲ့သည်။

သူတို့ကို ကြိုဆိုရန် ဂိုဏ်းအပြင်ဘက်သို့ ထွက်ခွာတော့မည့် ဆဲဆဲတွင်၊ ကျောဘက်တောင်တန်းဆီမှ လျှပ်တစ်ပြက် ထွက်ပေါ်လာသော ယန်ချုံကျန်းကို သူ မြင်လိုက်ရ၏။

"မင်းက ဘာလို့ ဒီကိစ္စမှာ ဝင်ပါနေရတာလဲ။" ပြီးခဲ့သည့် အကြိမ်ကကိစ္စအတွက် စိတ်အနှောင့်အယှက် ဖြစ်နေဆဲမှာ ထင်ရှားလှသဖြင့်၊ ယန်ယွင်ဟန်၏ စကားများမှာလည်း သိပ်မယဉ်ကျေးလှပေ။

ယန်ချုံကျန်းက သူ့ကို မျက်စောင်းထိုးလိုက်ပြီး "တခြားဂိုဏ်းက တပည့်တစ်ယောက်ကြောင့် လူလုံးထွက်ပြဖို့တောင် ကြောက်နေရတယ်ဆိုရင်၊ အဲဒီလို တာအိုကလေးငယ်မျိုးက အရှက်ရစရာပဲ... သွားကြစို့၊ သူတို့ကို ပြဿနာရှာဖို့ ဘာအကြောင်းပြချက်မှ မပေးလိုက်နဲ့။"

ယန်ယွင်ဟန်သည် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက်၊ ခါးသက်သက် အပြုံးတစ်ခုဖြင့် ကူကယ်ရာမဲ့စွာ ခေါင်းခါရမ်းလိုက်လေ၏။

သူတို့နှစ်ဦး ဂိုဏ်းအပြင်ဘက်သို့ ဦးတည်ထွက်ခွာသွားသည်ကို ကြည့်ရသည်မှာ၊ ဒုက္ခပင်လယ်ဝေနေသော ညီအစ်ကိုများနှင့်ပင် တူနေတော့သည်။

ဝေယွမ်ကျိုးသည် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး "တော်ကြတော့၊ ပန်ရှန်းဂိုဏ်းကို ဒုက္ခမပေးကြနဲ့တော့။ စိတ်ကြိုက်သာ လျှောက်လည်ကြပေတော့။"

အကယ်၍ တစ်ချိန်က အနန္တတာအိုအင်ပါယညဂိုဏ်းနှင့် ယှဉ်ပြိုင်နိုင်ခဲ့သော တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးသာ ဖြစ်ခဲ့မည်ဆိုလျှင်၊ ၎င်းတို့၏ တာအိုကလေးငယ်သုံးပါးဟူသော ဂုဏ်ပုဒ်အရ၊ ဖန်းဘိုယန်သည် ပွဲတော်၌ ထိုင်ခုံနေရာ တစ်နေရာရရန်ပင် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။

သို့သော် အချိန်ကာလများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကာ၊ သူတစ်ပါး၏ အမိုးအောက်တွင် ခေါင်းငုံ့ရမည်သာ ဖြစ်သည်။ ပို၍ဆိုးသည်မှာ၊ အကယ်၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက၊ ပန်ရှန်းဂိုဏ်းသာလျှင် နစ်နာရမည့်သူများ ဖြစ်ပေလိမ့်မည်။

ထိုအချိန်မှာပင်...

ယန်ချုံကျန်း၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး၊သူ၏ ပုံမှန်အားဖြင့် တင်းမာနေတတ်သော မျက်နှာပေါ်တွင်ပင် မသက်မသာဖြစ်မှု အရိပ်အယောင်တစ်ခု ပေါ်လွင်လာခဲ့၏။

"ဘာဖြစ်လို့လဲ။" ယန်ယွင်ဟန်သည် ဇဝေဇဝါဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။

"ဒီလို တိုက်ဆိုင်မှုမျိုးကို ခင်ဗျား ယုံလား။" ယန်ချုံကျန်းသည် မျက်လုံးများကို မှိတ်လိုက်ပြီး၊ တမင်တကာသတိပေးနေသော်လည်း သိမ်မွေ့လှသောထိုရင်းနှီးနေသည့် အငွေ့အသက်ကို အာရုံခံမိလိုက်ကာ စိတ်ထဲတွင် ညည်းတွားလိုက်မိသည်။

ရှန်းယီသည် လောကကြီး၏ သဘောသဘာဝများကို နားလည်ရာတွင် အတော်အတန်ကျွမ်းကျင်သူဖြစ်ပြီး၊ သူ၏ အပေါ်တွင် ပြဿနာများကျရောက်နေကြောင်း သိရှိကာ ပန်ရှန်းဂိုဏ်းကို ဒုက္ခမပေးလိုပေ။

သူသည် ခမ်းနားကြီးကျယ်စွာ ဝင်ရောက်လာခြင်း မရှိသည့်အပြင်၊ သူ့ကိုယ်သူ တမင်တကာ ဖုံးကွယ်ထားခဲ့သေး၏။

သို့သော်... သူ ရောက်ရှိလာသည့် အချိန်က အနည်းငယ်လွန်းစွာ ကွက်တိကျနေခဲ့ပေသည်။

ဤကျိန်ဆိုထားသော ရန်သူတော်ကြီးများသည် ပန်းရှန်ဂိုဏ်းသို့ တစ်ချိန်တည်း တစ်ပြိုင်တည်း ရောက်ရှိလာခဲ့ကြလေပြီ။

"မဖြစ်နိုင်တာ။" ယန်ယွင်ဟန်လည်း အခြေအနေကို ချက်ချင်း သဘောပေါက်သွားကာ၊ အာခေါင်များ ခြောက်သွေ့လာသလို ခံစားလိုက်ရပြီး "ငါ သူ့ကို သွားနှင်လွတ်လိုက်ရမလား။"

ပန်ရှန်းဂိုဏ်းက ကတိဖျက်ခြင်း မဟုတ်ဘဲ၊ အချိန်အခါကအမှန်တကယ်ပင် အဆင်မပြေဖြစ်နေခြင်းသာ ဖြစ်သည်။

ယန်ချုံကျန်း၏ မျက်ခွံများ တဆတ်ဆတ် တုန်သွားပြီး "အဲဒီလို လုပ်လို့မရဘူး။"

ဆရာဖြစ်သူ၏ သုံးရက်ဟူသည့် အချိန်မှာ ယခုအခါ ရက်သုံးဆယ် ဖြစ်သွားခဲ့ပြီဖြစ်ရာ၊ ၎င်းက ရှန်းယီသည် အမည်မဲ့တောင်ကို ထိုမျှလောက် တန်ဖိုးမထားကြောင်း ညွှန်ပြနေပေသည်။

ယခု သူ နောက်ဆုံးတွင် ရောက်ရှိလာပြီဖြစ်ရာ၊ အကယ်၍ ပန်ရှန်းဂိုဏ်းကသာ ထပ်မံ၍တွန့်ဆုတ်မှုကို ပြသခဲ့မည်ဆိုလျှင်၊ သူတို့၏ စေတနာ ရိုးသားမှု လိုအပ်နေကြောင်း သူ့ကို ခံစားသွားစေမည်ဖြစ်ပြီး၊ နောက်ထပ်တစ်ကြိမ် ဆိုတာမျိုး ရှိလာတော့မည် မဟုတ်ပေ။

ဖန်းဘိုယန်အကြောင်းကို သူ့အား တိုက်ရိုက်ပြောပြရန် ကိစ္စကမူ...ပြီးခဲ့သည့်အကြိမ်က တာအို အက်ပါယှာဂိုဏ်း၏ တပည့်ကို ကောင်းကင်ပေါ်မှ ဆွဲချခဲ့သော ရှန်းယီ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ကို ပြန်လည်အမှတ်ရလိုက်မိသည်။

ယန်ချုံကျန်း၏ နှလုံးသားမှာ တစ်ချက် ခုန်သွားခဲ့၏။ အကယ်၍ ဤကိစ္စကို ရှန်းယီသာ သိသွားခဲ့ပါက၊ တိုက်ပွဲမဖြစ်ခြင်းကသာ အံ့သြစရာ ဖြစ်ပေလိမ့်မည်။

"ဖန်းဘိုယန်ကိစ္စကို ကျုပ်ဖြေရှင်းလိုက်မယ်၊ ခင်ဗျားက ရှန်းယီကို အမည်မဲ့တောင်ဆီသွားတဲ့ လမ်းလေးကနေ ခေါ်သွားပြီး၊ ဘယ်သူ့ကိုမှ မနှောင့်ယှက်ဘဲ တိတ်ဆိတ်တဲ့နေရာတစ်ခု ရှာလိုက်ပါ။"

ယန်ချုံကျန်းသည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ပြီး ဂိုဏ်းအပြင်ဘက်မှ ဧည့်သည်များထံသို့ တစ်ဦးတည်း ချဉ်းကပ်သွားလေ၏။

ယန်ယွင်ဟန်သည် သူ၏ နဖူးကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်သည်။ ၎င်းမှာ ဖြစ်နိုင်ချေရှိပုံပေါ်သော်လည်း၊ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူသည် ၎င်းနှင့်ပတ်သက်၍ မသက်မသာ ဖြစ်နေမိသည်။

...

ပန်ရှန်ဂိုဏ်းနှင့် အတော်အတန် ကွာဝေးသော ကောင်းကင်ပြာကြီးထဲတွင်၊ ရှန်းယီသည် ယန်ချုံကျန်း၏ အကြောင်းပြန်မှုကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။

ယွီလန်နှင့် ယိုချန်တို့သည် သူ၏ အသိစိတ်ပင်လယ်ထဲသို့ပြန်လည်ဆွဲသွင်းခံလိုက်ရပြီး၊ သူ၏ဘေးတွင် ကျားနတ်ဆိုးပေါက်လေး အန်းယီသာ ကျန်ရှိနေတော့သည်။

အဓိက အကြောင်းရင်းမှာ ဟုန်ကျယ်အနောက်ပိုင်းတွင်၊ သူသည် တာအိုပေါင်းစည်းခြင်းအဆင့်နှင့် ယှဉ်ပြိုင်နိုင်သော မဟာနတ်ဆိုးကြီး အတော်များများကို စော်ကားမိခဲ့ပြီး ဖြစ်သောကြောင့်ပင်။

ထို နှင်းကျား မျိုးနွယ်စုခေါင်းဆောင် ကဲ့သို့သော သူများဖြစ်သည်။

အကယ်၍ သူ ကံဆိုးစွာဖြင့် သူတို့နှင့် ဆုံတွေ့ခဲ့မည်ဆိုပါက၊ ရှန်းယီသည် ခန်းမသခင်များကို ခေါ်ယူရန်ပင် အချိန်ရမည်မဟုတ်ဟု စိုးရိမ်နေခဲ့သည်။

ထိုရွှေရောင်လက်ကောက် မှော်ရတနာသည် တာအိုပေါင်းစည်းခြင်းအဆင့်မှ တိုက်ခိုက်မှုများကို အမှန်တကယ်ပင် ခုခံနိုင်စွမ်းရှိသော်လည်း၊ မည်သို့ပင်ဆိုစေကာမူ ၎င်းမှာအခြားသူတစ်ဦး၏ မှော်ရတနာဖြစ်ပြီး၊ ၎င်းကို အသုံးပြုခြင်းက သူ၏တည်ရှိနေမှုကို ဖော်ထုတ်ပြသရာရောက်နိုင်သောကြောင့်၊ အမှန်တကယ် အကျပ်အတည်းကြုံရသည့် အချိန်များတွင်သာ အသုံးပြုနိုင်ပေသည်။

ကောင်မလေး တစ်ယောက်ကို ခေါ်ဆောင်သွားရခြင်းမှာ ထူးဆန်းပုံပေါ်သော်လည်း၊ လတ်တလောတွင် အခြားရွေးချယ်စရာ မရှိပေ။

ထို့အပြင်၊ အန်းယီသည်လည်း တိတ်ဆိတ်ငြိမ်သက်ကာ တည်တည်ငြိမ်ငြိမ်နေတတ်သူဖြစ်သဖြင့်၊ အာရုံစိုက်မှုကို များစွာ မဆွဲဆောင်နိုင်ပေ။

"မိတ်ဆွေလေး ရှန်း၊ မင်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ။"

ထိုအသံနှင့်အတူ၊ ယန်ယွင်ဟန်သည် ကောင်းကင်ယံကို ဖြတ်သန်းလာခဲ့၏။ အရှေ့မှ ပုံရိပ်ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ၊ သူသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ပိန်သွယ်ပြီး ရုပ်ရည်ချောမောသော လူငယ်လေးသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ သူ၏ဘေးတွင် မင်ရည်စွန်းထင်းနေသည့်အလား ဂါဝန်ကို ဝတ်ဆင်ထားသော နုနယ်သည့် မိန်းကလေးတစ်ဦး ပါရှိနေလေသည်။

All Chapters