← Chapters

အခန်း (၂၂၇၅-၂၂၇၆)

Vol. 163 Ch. 2275-2276

အခန်း (၂၂၇၅-၂၂၇၆)

Vol. 163 Ch. 2275-2276

အပိုင်း(၂၂၇၅)

ကောင်းဟိန် တစ်ယောက် ညဉ့်ဦးနိမိတ်ဖတ်သူများ မှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသည်ဟု မတွေးဘဲ မနေနိုင်တော့ချေ။ တစ်ချိန်တည်းမှာပင် သူသည် မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင် က သူ့ကို ပေးအပ်ထားသည့် သူ့ လက်ဝယ်ရှိ ဟင်းလင်းပြင် ရတနာကို ဘေးကင်းလုံခြုံမှု ရှိ၊ မရှိ ပင်ကိုယ်အသိဖြင့် စစ်ဆေးလိုက်သည်။ ထိုရတနာအတွင်း၌ အဆင့်နိမ့် ဂလက်ဆီတစ်ခု၏ နယ်မြေဇုန်တစ်ဝက်စာကို ဝယ်ယူနိုင်သည့် ကြွယ်ဝမှုများ ရှိနေ၏။ ၎င်းမှာ ကျောက်တုံး ၅၃ တုံး တန်ဖိုးကို အေးဆေးစွာပင် ဖုံးလွှမ်းနိုင်ပေသည်။

"လောကရှန့်ထို တောက်ပသောရတနာ... ကျေးဇူးပြုပြီး..."

စွန်းကျားကျန့်က တိုက်တွန်းလိုက်သည်။ ယွီပေါင်ယွဲ့သည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ သူမ၏ အတွင်းကမ္ဘာ မှာ ဗလာကျင်းနေပြီး စုရီပေးထားသော ပစ္စည်း ပျောက်ဆုံးနေပြီ ဖြစ်သည်။ သူမ၏ ထိတ်လန့်မှုမှာ အစစ်အမှန်ပင်။ သို့သော် ဟင်းလင်းပြင်သင်္ဘောကို မောင်းနှင်သည့် မန္တန်သော့ ပျောက်ဆုံးသွားသူတစ်ဦးကဲ့သို့ သူမ၏ ရှန့်ထိုလက်စွပ် ထဲတွင် အသည်းအသန် ရှာဖွေလိုက်သောအခါ၊ ရင်းနှီးနေသော သေတ္တာတစ်လုံးကို သူမ တွေ့ရှိလိုက်ရသည်။

သူမသည် ဝေ့ဝူယင်ကို ကြည့်လိုက်ရာ သူက သူမကို ညင်သာစွာ ပြုံးပြနေသည်။ သူမ၏ စိတ်ထဲတွင် စကားလုံး ငါးလုံးကို ကြားလိုက်ရ၏။ ၎င်းမှာ နူးညံ့သော်လည်း ငြင်းဆန်၍မရသော အရှိန်အဝါ ပါဝင်နေသည်။

"မင်း ငါ့ကို အကြွေးတင်သွားပြီ၊ ကျောက်မျက်လေး..."

သူမက သေတ္တာကို ထုတ်ယူလိုက်ရာ ဝိုင်းတွင် ဇဝေဇဝါ ဖြစ်မှုများ လှိုင်းလုံးသဖွယ် ရိုက်ခတ်သွားတော့သည်။ အထူးသဖြင့် မဟာပုရောဟိတ် အမှောင်လှိုင်းမှာ အလွန်အမင်း ထိတ်လန့်သွားပြီး၊ ကောင်းဟိန်မှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ စုရီပင်လျှင် ရှုပ်ထွေးသွား၏။

မစ်ဆူလီနာမှာမူ မှင်သက်သွားတော့၏။ ထိုသေတ္တာထဲတွင် ရှိနေသည်မှာ... လျှို့ဝှက် ဝိညာဉ်စွမ်းအား ဆေးလုံး ဖော်စပ်နည်းပင် ဖြစ်သည်။

၎င်းမှာ အာရပ်ခစ် မျိုးနွယ်စုများက ဝေ့ဝူယင်ကို ပေးအပ်ထားသော ဖော်စပ်နည်း ဖြစ်သည်။ ယွီပေါင်ယွဲ့လက်ထဲသို့ ထိုအရာ မည်သို့ ရောက်နေသနည်း။ လူတိုင်း ဇဝေဇဝါ ဖြစ်နေသည်မှာ အဆန်းမဟုတ်တော့ချေ။ ဝေ့ဝူယင် တစ်ဦးတည်းသာ ခြွင်းချက် ဖြစ်ပေသည်။

"ဪ... ခင်ဗျားက အဲဒါကို အလောင်းအစားအဖြစ် သုံးမလို့လား... လျှို့ဝှက်ကောင်းကင် အဆင့် ထုတ်ကုန်တစ်ခုရဲ့ ဖော်စပ်နည်းဟာ အရမ်း မြင့်မားတဲ့ တန်ဖိုးရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး... အဲ့တာက ဘာမှ တန်ဖိုးမရှိတာမျိုးလည်း ဖြစ်နိုင်သလို၊ ဆေးလုံးကိုယ်တိုင်ထက် ပိုတန်ဖိုးရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်... အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီရဲ့ အလောင်းအစား စည်းမျဉ်းတွေအရ၊ ဖော်စပ်နည်းတစ်ခုရဲ့ တန်ဖိုးဟာ အဲ့တာရဲ့ အဆင့်မြင့် အရည်အသွေးရှိတဲ့ ဆေးလုံးတစ်လုံးရဲ့ တန်ဖိုးနဲ့ တူညီတယ်လို့ သတ်မှတ်ရမှာပေါ့... ကျွန်တော် ပြောတာ မှန်တယ် မဟုတ်လား"

ဝေ့ဝူယင်က မေးလိုက်သည်။

“...”

တရားသူကြီးများမှာ ဆွံ့အကုန်ကြသည်။ အထူးသဖြင့် စွန်းကျားကျန့်နှင့် မစ်ဆူလီနာတို့ပင်။ သို့သော် စွန်းကျားကျန့်က တာဝန်ကျေစွာဖြင့် ခေါင်းညိတ် ထောက်ခံလိုက်သည်။

"မှန်ပါတယ်... ဖော်စပ်နည်းရဲ့ တန်ဖိုးဟာ အဆင့်မြင့် အရည်အသွေးနဲ့ တူညီပါတယ်... ဒါပေမဲ့ အဂ္ဂိရတ်ပညာရှင် တစ်ယောက်ယောက်က အနည်းဆုံး အဆင့်နိမ့် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ ဆေးလုံးတစ်လုံးကို ဖော်စပ်ပေးမယ်လို့ ကတိပြုထားမယ်ဆိုရင်တော့ အဲ့တာရဲ့ တန်ဖိုးဟာ အထွတ်အထိပ် အဆင့်နဲ့ ညီမျှသွားမှာ ဖြစ်ပါတယ်...””

"ဒါပေမဲ့ ဒီဆေးလုံးက ဈေးကွက်ထဲကို မရောက်ဖူးသေးတဲ့အတွက် တန်ဖိုးသတ်မှတ်ရ ခက်ပါတယ်... ဒီလိုဆိုရင်တောင်မှ ကျောက်တုံး ၅၃ တုံး တန်ဖိုးထက် ပိုမိုမြင့်မားတဲ့ ကြွယ်ဝမှု သက်သေအဖြစ် ကျွန်တော် လက်ခံပါတယ်... ဘယ်သူတွေ ကန့်ကွက်ဦးမလဲ"

စွန်းကျားကျန့်သည် သူ၏ ဘက်လိုက်မှုကင်းပြီး တာဝန်ကျေမှု ဂုဏ်သတင်းနှင့်အညီ ဆုံးဖြတ်လိုက်သည်။

"ကန့်ကွက်စရာ မရှိပါဘူး"

ရှန့်လျိုက ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ ဝေ့ဝူယင်က သူ့ကို သဘောတူစေချင်သည်ဟု သူ ခံစားရသော်လည်း အဘယ်ကြောင့် ဆိုသည်ကိုမူ သူ မသိချေ။

မစ်ဆူလီနာအနေဖြင့်လည်း မည်သို့ ကန့်ကွက်နိုင်ပါမည်နည်း။ သူမလည်း လက်ခံလိုက်ရတော့သည်။

"ဒါဟာ အဓိပ္ပာယ် မရှိတာပဲ... အဲဒါ လောကရှန့်ထို အာရုဏ်ဦး ရဲ့ ပစ္စည်းလေ... သူ့ ပစ္စည်း မဟုတ်ဘူး... ဒါကို ခင်ဗျားတို့ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ..."

ကောင်းဟိန်က ဒေါသတကြီး ထအော်တော့သည်။ ယွီပေါင်ယွဲ့မှာ ရှုံးနိမ့်သွားရမှာ ဖြစ်သည်။ သူမ၏ ကံကြမ္မာမှာ အဆုံးသတ်သွားခဲ့ရမှာ ဖြစ်သည်။

မဟာပုရောဟိတ် အမှောင်လှိုင်းပင်လျှင် ဤရလဒ်ကို မမျှော်လင့်ထားသဖြင့် သူ၏ ယုတ်မာသော မျက်ဝန်းများမှာ အေးစက်သွားပြီး အောင်နိုင်မှု အတွေးများကို အလျင်အမြန် ပြန်လည် သိမ်းဆည်းလိုက်ရသည်။ သူသည် ဖြစ်ပျက်နေသည်များကို နားမလည်နိုင်ဘဲ ရင်ထဲ၌ မှောင်မှောက်နေတော့သည်။

"တိတ်တိတ်နေကြပါ... သူ့ရဲ့ လက်ဝယ်မှာ ရှိနေသရွေ့၊ ပြီးတော့ အခြားသူတစ်ယောက်က အလောင်းအစားအဖြစ် မတင်ပြရသေးသရွေ့၊ ဒါဟာ ကြွယ်ဝမှု သက်သေအဖြစ် ခိုင်လုံတယ်..."

စွန်းကျားကျန့်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ကောင်းဟိန်သည် တရားသူကြီးများကို မေးခွန်းထုတ်ခြင်းဖြင့် အကန့်အသတ်ကို ကျော်လွန်နေပြီ ဖြစ်သည်။

"ခင်ဗျားက ချက်ချင်း ရှုံးနိမ့်သွားတဲ့ ပြကွက်ကို မြင်ချင်တာလား..."

ဝေ့ဝူယင်က ကောင်းဟိန်ကို မေးလိုက်ရာ ကောင်းဟိန်၏ မျက်လုံးများမှာ ဒေါသနှင့် မကျေနပ်မှုများကြောင့် တုန်လှုပ်နေတော့သည်။

ကောင်းဟိန် ယွီပေါင်ယွဲ့ကို ကြည့်လိုက်သည်။ သူမသည် အဆိုးရွားဆုံးသော ငရဲကို ခံစားနေရမည်ဟု သူ ယူဆခဲ့သည်။ သူ ဝေ့ဝူယင်ကို လျစ်လျူရှုကာ အံကြိတ်လျှက် သူမကို စိုက်ကြည့်နေမိသည်။

ဝေ့ဝူယင်၏ အပြုံးမှာ ပျောက်ကွယ်မသွားချေ။

"စိတ်မပူပါနဲ့... ခင်ဗျား မကြာခင်မှာ မမေ့နိုင်စရာ ပြကွက်တစ်ခုကို မြင်ရတော့မှာပါ"

"ဆက်သွားရအောင်"

စွန်းကျားကျန့်က ကောင်းဟိန်ကို အရေးမစိုက်တော့ချေ။ မျှော်လင့်ထားသည့်အတိုင်း ဆဋ္ဌမမြောက် ထိုင်ခုံမှ မဟာပုရောဟိတ် အမှောင်လှိုင်းသည် ကောင်းကင်ဘုံ ပိုင်ဆိုင်ခွင့် စာချုပ်များ၊ နယ်မြေ စာချုပ်များ၊ အလွန်ရှားပါးသော လျှို့ဝှက်ကောင်းကင် အဆင့် ပစ္စည်းများနှင့် အမတေ ကျောက်တုံးများကို သက်သေအဖြစ် ထုတ်ပြလိုက်သည်။ အဂ္ဂိရတ် အဖွဲ့အစည်းများနှင့် ခြားနားစွာပင် သူတို့တွင် အဂ္ဂိရတ်နှင့် မသက်ဆိုင်သော နယ်မြေများနှင့် ကြွယ်ဝမှုများ ရှိနေသည်။ ထို့ပြင် ထိုအရာအားလုံးကို ဝေ့ဝူယင်ပင်လျှင် ထိုးဖောက်မြင်ရန် ခက်ခဲသော၊ ဆန်းကြယ်သည့် သင်္ကေတများဖြင့် ကာကွယ်ထားသည့် ထူးခြားသော အတွင်းဟင်းလင်းပြင် တစ်ခုထဲတွင် သိမ်းဆည်းထားသည်။

ပဉ္စမမြောက် ထိုင်ခုံမှ ချီရင်ရင်မှာလည်း သူမ၏ သက်သေများကို အခက်အခဲမရှိ ထုတ်ပြနိုင်ခဲ့သည်။ သူမသည် အဆင့်မြင့် အာဏာရှင် နည်းလမ်းများ၊ ဝင်္ကပါ နည်းစနစ်များ၊ လျှို့ဝှက်လောက အဆင့် အဆောင်များနှင့် လက်နက်များကို ထုတ်ပြခဲ့ခြင်း ဖြစ်သည်။ ထိုအရာများမှာ ပျောက်ကွယ်သွားသော သို့မဟုတ် သတ်ဖြတ်ခံလိုက်ရသော အဖွဲ့အစည်းများထံမှ ရရှိထားခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။ နောက်ဆုံးတွင်မူ အမတေ ကျောက်တုံးများကို ထုတ်ပြသည်။ နိမိတ်ဖတ်သူများ သို့မဟုတ် အဂ္ဂိရတ်ပညာရှင်များနှင့် ခြားနားစွာပင် သူမသည် နယ်မြေ သို့မဟုတ် ဆေးပစ္စည်းများကို အသုံးမပြုချေ။

စတုတ္ထမြောက် ထိုင်ခုံမှ စုရီကမူ အလွန်ပင် တန်ဖိုးကြီးလှသော ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ အချိန်သဲ များ ပါဝင်သော ရွှေရောင် သဲနာရီတစ်ခု ဖြစ်သည်။ သဲပွင့်လေး သုံးပွင့်သာ ရှိသော်လည်း၊ ၎င်းသည် စားပွဲတစ်ခုလုံးကို ဝိညာဉ်ငလျင် လှုပ်သွားသကဲ့သို့ တုန်ခါသွားစေသည်။

အချိန်သဲ များမှာ ရှာဖွေရခက်ခဲလှသော အချိန်မြစ် မှ ထွက်ပေါ်လာသည့် အလွန်ရှားပါးသော ပစ္စည်းများ ဖြစ်ပြီး၊ နက်နဲသော အချိန်ဆိုင်ရာ စွမ်းရည်များ ပါဝင်သည့် အလွန်တန်ဖိုးကြီးသော လျှို့ဝှက်ကောင်းကင် အဆင့် ပစ္စည်းများ ဖြစ်ကြသည်။ ၎င်းမှာ အချိန်ဆိုင်ရာ အထွတ်အထိပ် ကောင်းကင်ဘုံ ရတနာတစ်ခုအတွက် အဓိက ကုန်ကြမ်းပင် ဖြစ်၏။ ထိုသဲတစ်ပွင့်၏ တန်ဖိုးမှာ တစ်ချိန်က ကောင်းကင် အမတေ ကျောက်တုံး ၂၀၀ ခန့် ရှိခဲ့သဖြင့် ယခုလည်း ထိုပေါက်ဈေးအတိုင်း သတ်မှတ်ရပေလိမ့်မည်။

စုရီသည် သူ၏ ကြွယ်ဝမှုကို သံသယဖြစ်ဖွယ်မရှိ သက်သေပြနိုင်ခဲ့သည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ ထိုပစ္စည်းအပေါ်သို့ စူးစိုက်သွားတော့သည်။ ဤပစ္စည်းတွင် အစစ်အမှန် အချိန်မြစ် ၏ အရှိန်အဝါများ ပါဝင်နေသည်။ အလွန်တရာ အားနည်းနေသော်လည်း ရှိနေသည်မှာ အမှန်ပင်။ အချိန်မြစ်သည် သူ့အပေါ် ရန်လိုသော ဆန္ဒများ ရှိနေခဲ့သဖြင့် ဝေ့ဝူယင်အနေဖြင့် ၎င်းကို မည်သည့်အခါမျှ မေ့ပျောက်မည် မဟုတ်ချေ!

သူ၏ ပြောင်းလဲထားသော အချိန်ဆိုင်ရာ ဥပဒေသ အရ ထိုပစ္စည်းကို ရရှိခြင်းဖြင့် သူ၏ အချိန်ဥပဒေသကို အဓိက အာဏာ အဆင့်သို့ မြှင့်တင်နိုင်မည်ဟု ပြင်းထန်သော အာရုံခံစားမှု ရရှိလိုက်သည်။ အလွန် အဖိုးထိုက်တန်သည့် ရှာဖွေ တွေ့ရှိမှဒပင်။

ကံမကောင်းစွာဖြင့် သူသည် ထိုအရာကို အလွယ်တကူ လုယူ၍မရနိုင်ချေ။

တတိယမြောက် ထိုင်ခုံ - လောကအဂ္ဂိရတ်ရှန့်ထို အဆိပ်ပြောင်းပြန် ကောင်းဟိန်၏ အလှည့် ရောက်လာသည်။

"ဒီမှာ..."

ကောင်းဟိန်သည် ဂုဏ်ယူစွာဖြင့် မတ်တတ်ရပ်လိုက်ပြီး၊ ငှက်ကုလားအုတ်ဥနှင့် ဆင်တူသော ဥပုံသဏ္ဍာန် ဟင်းလင်းပြင် ရတနာကို ထုတ်ယူလိုက်သည်။

"ကျွန်တော်တို့..."

သူ ဝိညာဉ်အာရုံကို ထိုဥထဲသို့ ပို့လွှတ်လိုက်သည်။ မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင် က ပြင်ဆင်ပေးထားသော ဆေးပစ္စည်းများမှာ စုံလင်လှသလို၊ သူ၏ နောက်ကွယ်မှ အင်အားစုများက ပေးအပ်ထားသော ကုန်ကြမ်းများနှင့် အခြားအရာများမှာလည်း ထိုမျှော်စင်ထက်ပင် ကျော်လွန်နေသည်။ သူ၏ စိတ်ထဲတွင်မူ သူသည် ဝေ့ဝူယင်၏ ကြွယ်ဝမှုကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု ဂုဏ်ယူနေမိသည်။

ဝိညာဉ်ဆေးလုံးလား...

သူ့မှာလည်း တစ်လုံး ရှိသည်။ ၎င်းမှာ အဆင့်နိမ့် အရည်အသွေးသာ ဖြစ်ပြီး မျှော်စင်၏ အဖိုးတန်ဆုံးသော ပစ္စည်းများထဲမှ တစ်ခုဖြစ်သော်လည်း၊ ၎င်းမှာ ဝိညာဉ်ဆေးလုံး ဖြစ်သည်။

အစစ်အမှန် ဝိညာဉ်ဆေးလုံး...

သူ၏ ကြွယ်ဝမှုကို ထုတ်ပြရမည့် အချိန်ရောက်ပြီ ဖြစ်သည်။

သို့သော် ဝိညာဉ်အာရုံ ဟင်းလင်းပြင်ဥထဲသို့ ရောက်ရှိသွားသောအခါ၊ သူ၏ ဝိညာဉ်မှာ ချက်ချင်း အေးခဲသွားတော့သည်။

***

အပိုင်း(၂၂၇၆)

ဟင်းလင်းပြင်...

မရေမတွက်နိုင်သော သက်ရှိများစွာတို့၏ အမြင်တွင် "ဟင်းလင်းပြင်" ဟူသည်မှာ ဖော်ပြရန် အလွန်တရာ ခက်ခဲနက်နဲလှပြီး အယူအဆ ကွဲပြားလေ့ရှိသော အရာတစ်ခုပင် ဖြစ်သည်။

ကောင်းကင်ခန္ဓာများအကြားရှိ ကွက်လပ်ဖြစ်သော နတ္ထိ ဟင်းလင်းပြင် ဟူသည်မှာ သေးငယ်သော ဆွဲငင်အား ပတ်လမ်းများ ခွဲထွက်သွားရာမှ ဖြစ်ပေါ်လာသော နေရာလပ်များ ဖြစ်ကြသည်။ ထိုနေရာများသည် နေနှင့်ဂြိုဟ်တို့၏ နွေးထွေးမှုနှင့် ဆွဲငင်အား ကင်းမဲ့နေတတ်သော်လည်း ကြီးမားကျယ်ပြန့်သော ကွက်လပ်ကြီးများအဖြစ် တည်ရှိနေကြသည်။

အရှင်းလင်းဆုံး ဆိုရလျှင် နတ္ထိ ဟင်းလင်းပြင် ဆိုသည်မှာ ကြယ်တာရာ နယ်မြေများ၊ ကြယ်ကွင်းပြင်များနှင့် ဂလက်ဆီများအကြားရှိ ကွက်လပ်ပင် ဖြစ်၏။ ထိုနေရာများတွင် နေကြယ်များနှင့် ကောင်းကင်ခန္ဓာများ မရှိသောကြောင့် သန့်စင်သော အပျက်အစီး မန်နာ ကို စားသုံးရသည့် ထူးဆန်းသော သတ္တဝါများ ခိုအောင်းနေတတ်ကြသည်။

တစ်ခါတစ်ရံ ထိုသတ္တဝါများသည် ၎င်းတို့၏ နယ်မြေများမှ ထွက်ခွာလာပြီး ဂြိုဟ်များ၊ ကြယ်တာရာ နယ်မြေများနှင့် ဂလက်ဆီ တစ်ခုလုံးရှိ သက်ရှိများကို ခြိမ်းခြောက်တတ်သော်လည်း ထိုသို့ဖြစ်ပွားခြင်းမှာ အလွန်ပင် ရှားပါးလှသည်။

သို့သော်... ဤအရာသည် အစစ်အမှန် "ဟင်းလင်းပြင်" မဟုတ်ပေ။

ထို့အအပြင် ပုံသေ၊ တည်ငြိမ်နှင့် အပျက်အစီး တည်းဟူသော သုံးဖက်မြင် အာကာသ ဒိုင်မန်းရှင်း အလွှာများ ရှိကြသေးသည်။ ၎င်းတို့သည်လည်း အစစ်အမှန် ဟင်းလင်းပြင် မဟုတ်ကြချေ။

သို့သော် ၎င်းတို့သည် ဟင်းလင်းပြင်ကို လိုအပ်သော အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားကြသည်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ သီးခြားကမ္ဘာနှင့် ကစဉ့်ကလျား ဟူသည့် အချိန်စီးဆင်းမှုများသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ဟင်းလင်းပြင်အတွင်း၌ အာကာသနှင့် အချိန်တို့မှ သီးခြားကင်းလွတ်နေသော "ဟင်းလင်းပြင် အသိုက် နယ်မြေများ" နှင့် "အဖြူရောင် အဘိဿဲလ်"ကဲ့သို့သော ထူးခြားဆန်းပြားသည့် နေရာများ တည်ရှိနေကြသည်။

"အမှောင် ဟင်းလင်းပြင်"ဆိုသည်မှာကား တည်ငြိမ်နေသော အဆုံးမဲ့ နယ်မြေကျယ်ကြီးပင် ဖြစ်သည်။ ၎င်းတွင် အကန့်အသတ်ဟူ၍ မရှိဘဲ ဂြိုဟ်များ၊ ကြယ်များ၊ ကြယ်တာရာနယ်မြေများ သို့မဟုတ် ဟင်းလင်းပြင် သားရဲများအားလုံးကို ထိုနေရာ၌ မြင်တွေ့နိုင်သည်။ အမှောင် ဟင်းလင်းပြင်သည် အာကာသ၏ အထွတ်အထိပ် ဖြစ်သလို အတိုင်းအဆမဲ့ ကျယ်ပြောလှသည်။

ထိုနေရာကို အပျက်အစီး မန်နာများဖြင့် ဖုံးလွှမ်းထားရာ ၎င်း၏ အေးစက်လှသော ဂုဏ်သတ္တိများနှင့် လိုက်လျောညီထွေ မရှိသော သက်ရှိများအတွက်မူ အလွန်ပင် အန္တရာယ်ကြီးမားလှသည်။ ၎င်းသည် အသံဗလံ ကင်းမဲ့ပြီး အရာခပ်သိမ်း ဆိတ်သုဉ်းနေသော လေဟာနယ်ကြီးတစ်ခုပင် ဖြစ်၏။

သို့သော်... အစစ်အမှန် "ဟင်းလင်းပြင်" မှာမူကား ဤသည်တို့နှင့် ကွဲပြားခြားနားလှသည်။

၎င်းသည် စကြဝဠာ၏ အလွှာတစ်ခုဖြစ်ပြီး အရာခပ်သိမ်းအတွက် အခြေခံအုတ်မြစ်အဖြစ် တည်ရှိနေသည်။ အမှောင် ဟင်းလင်းပြင်အတွက် "အာကာသ" အဖြစ်လည်းကောင်း၊ များပြားလှသော စီးဆင်းမှုများအတွက် "အချိန်" အဖြစ်လည်းကောင်း၊ ကောင်းကင်ခန္ဓာတို့၏ တည်ရှိမှုနှင့် စီစဉ်ဖွဲ့စည်းမှုတို့အတွက် "နက္ခတ္တဗေဒဆိုင်ရာ စွမ်းအားစု" အဖြစ်လည်းကောင်း အခြေခံပေးထားသည်။

နောက်ဆုံးအနေဖြင့် ၎င်းသည် အဖိုးမဖြတ်နိုင်သော စွမ်းအင်ဖြစ်သည့် "ဟင်းလင်းပြင် စွမ်းအင်" ၏ အနှစ်သာရပင် ဖြစ်သည်။ ဟင်းလင်းပြင်သည် အရာခပ်သိမ်း၏ အစပြုခြင်း လျှို့ဝှက်ချက်များကို သိမ်းဆည်းထားသကဲ့သို့ အရာအားလုံး၏ အဆုံးသတ် အမှန်တရားကိုလည်း ပိုင်ဆိုင်ထားသည်ဟု ဆိုကြသည်။ ၎င်းသည် သတင်းအချက်အလက် အားလုံး၏ စုပေါင်းတည်ရှိရာပင် ဖြစ်ပေတော့သည်။

ဤသည်မှာပင် အစစ်အမှန် "ဟင်းလင်းပြင်" ဖြစ်ပေသည်။

ဝေ့ဝူယင်သည် တစ်ကြိမ်၌ တိုက်ဆိုင်မှုသက်သက်ဖြင့် ဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိခဲ့ဖူးသည်။ သူသည် ကံကြမ္မာ၏ အကျိုးသက်ရောက်မှုကြောင့် မော်လီကျူးတစ်ခု၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အဖြစ်သို့ ရောက်ရှိသွားခဲ့ရသည်။ အကယ်၍ ထိုစဉ်က သူ့အား ကာကွယ်ပေးထားသည့် "အစစ်အမှန် ဟင်းလင်းပြင် နဂါးသွေးမျိုးဆက်" နှင့် သူ၏ မက်ဂီသွေးမျိုးဆက် မှ "အာကာရှစ် စွမ်းအင်" သာ မရှိခဲ့ပါက သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် ပျက်စီးသွားလောက်ပြီ ဖြစ်သည်။

ဟင်းလင်းပြင်သည် အလွန်တရာ အန္တရာယ်များလှ၏။ ဝေ့ဝူယင်သည် ဤနေရာနှင့် အကြိမ်ကြိမ် ထိတွေ့ခဲ့ဖူးပြီး တစ်ခါကဆိုလျှင် မယုံကြည်နိုင်လောက်သော ခွန်အားဖြင့် တိုက်ကြီးတစ်ခုလုံးကို ဟင်းလင်းပြင်အတွင်းမှတစ်ဆင့် ဆွဲယူခဲ့ဖူးသည်။ သူ ကြယ်တာရာ အမြုတေအဆင့်" သို့ တက်လှမ်းရန် ကပ်ဘေးကို ရင်ဆိုင်ရစဉ်ကလည်း အချိန်နှင့် အာကာသကို ဖြတ်သန်းကာ ဟင်းလင်းပြင်အတွင်းသို့ ဆွဲသွင်းခြင်း ခံခဲ့ရပြီး ဘဝသက်တမ်းများစွာ၏ 'ပထမဆုံးသော အတွေ့အကြုံများ' ကို ခံစားခဲ့ရသည်။

သူ့အတွက်မူ ယနေ့တိုင် ထိုဖြစ်ရပ်ကို ဖော်ပြရန် အလွန်ပင် ခက်ခဲနေဆဲ ဖြစ်သည်။ ထူးခြားကွဲပြားသော မှတ်ဉာဏ်နှစ်စုကို သူ ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ ဤသည်မှာ အခြားသော အချိန်စီးဆင်းမှုတစ်ခု လော သို့မဟုတ် ခရာတို၏ စွမ်းအားများမှတစ်ဆင့် ဟင်းလင်းပြင်ရှိ အတိုင်းအဆမဲ့သော သတင်းအချက်အလက်များကို သူ၏ စိတ်ကူးစိတ်သန်းများက ပုံဖော်လိုက်ခြင်းလော ဆိုသည်မှာ ဝေခွဲမရနိုင်ချေ။ ဟင်းလင်းပြင်သည် အလွန်ပင် နက်နဲဆန်းကြယ်လွန်းလှသည်။

"ဟင်းလင်းပြင် တာအို" မှာမူကား ပို၍ပင် လျှို့ဝှက်ချက် များလှသည်။ ခရာတို၏ စွမ်းအားများနှင့် လောကတွင် မည်သည့်အရာကမျှ သူ့အား ဖမ်းချုပ်ထားနိုင်ခြင်း မရှိဆိုသည့် အတိုင်းအဆမဲ့ ယုံကြည်ချက်များသည် ဟင်းလင်းပြင်နှင့် ဆက်သွယ်နိုင်သော ၎င်း၏ မွေးရာပါ စွမ်းအားများကြောင့်ပင် ဖြစ်သည်။

ဟင်းလင်းပြင် တာအိုကို ကိုယ်စားပြုသော သတ္တဝါများ သို့မဟုတ် အစစ်အမှန် ဟင်းလင်းပြင် နဂါးများအတွက် ဟင်းလင်းပြင်သည် ၎င်းတို့၏ အိမ်ကဲ့သို့ပင် ဖြစ်သည်။

ဝေ့ဝူယင်သည် သူ၏ ကျင့်ကြံခြင်း ခရီးတစ်လျှောက်တွင် ခရာတို၏ ယုံကြည်ချက်မှာ အလကား မဟုတ်ကြောင်းကို သိမြင်လာခဲ့သည်။ ဟင်းလင်းပြင် တာအိုနှင့် ပေါင်းစပ်လိုက်သည့် အခိုက်အတန့်မှစ၍ သူ သိရှိသွားခဲ့လေပြီ။

အချိန်နှင့် အာကာသ နယ်ပယ်အားလုံး၏ "အခြေခံအုတ်မြစ်" ဖြစ်သော ဟင်းလင်းပြင်သည် သူ၏ အိမ်ဖြစ်ကြောင်း သိရှိသွားခြင်းပင်။ အချိန်နှင့် အာကာသ အားလုံးကို လွတ်လပ်စွာ ဖြတ်သန်းစီးဆင်းနိုင်သော အရာတစ်ခုကို မည်သူကများ လှောင်ပိတ်ထားနိုင်ပါအံ့နည်း။

အဆင့်မြင့် ကျင့်ကြံသူများ၏ ပွဲတစ်ခုတွင် "လျှို့ဝှက်စာချုပ်များ" ကို ဟင်းလင်းပြင်အတွင်းသို့ ပို့ဆောင်လိုက်ခြင်းမှာ ထုံးစံတစ်ခုပင် ဖြစ်သည်။ ထိုစာချုပ်များသည် မည်သည့် အချိန်နှင့် အာကာသ အလွှာတွင်မဆို တည်ရှိနေနိုင်သော သတင်းအချက်အလက် စီးကြောင်းများနှင့် ကျယ်ပြောလှသော ဟာလာဟင်းလင်းအတွင်းတွင် ထာဝရ ပျောက်ဆုံးသွားကြသည်။ ၎င်းတို့ကို ပြန်လည်ရယူရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့်လည်း သူတော်စင်များနှင့် လောကရှန့်ထို အဂ္ဂိရတ် ပညာရှင်များသည် မည်သည့်အရာကမျှ စာချုပ်ကို မဖျက်ဆီးနိုင်စေရန် ဤနည်းလမ်းကို အသုံးပြုကြခြင်း ဖြစ်သည်။

ပဋိညာဉ် စာချုပ်ကို ဖျက်ဆီးလိုက်ခြင်းဖြင့် ပယ်ဖျက်ရန် လွယ်ကူနိုင်သော်လည်း၊ အကယ်၍ ၎င်းမှာ ဟင်းလင်းပြင်အတွင်း ရောက်ရှိသွားပါကမူ မည်သည့်မျှော်လင့်ချက်မျှ မရှိတော့ချေ။ ဤနည်းလမ်းသည် ထိုအထွတ်အထိပ် တည်ရှိမှုကြီးများကို သစ္စာရှိစေရန် ထိန်းကျောင်းပေးထားခြင်းပင် ဖြစ်ပေတော့သည်။

အနန္တစကြဝဠာ၏ သတင်းအချက်အလက် စီးကြောင်းကြီးမှာ အရောင်အသွေးစုံလင်ပြီး ပုံပျက်နေသော တုန်ခါမှုလှိုင်းများဖြင့် ပြည့်နှက်နေကာ ခန့်မှန်းရခက်သော အပျက်အစီး ပရမ်းပတာ သမုဒ္ဒရာကြီးတစ်ခုနှင့် တူလှသည်။ ထိုလှိုင်းတံပိုးများအကြားတွင် ဝတ်ရုံနက်ဝတ် လူသုံးဦးသည် ရွှေရောင်နှင့် ငွေရောင်ကြိုးများဖြင့် ခါးချင်းချိတ်ကာ ယှဉ်တွဲရပ်နေကြသည်။

"ရှာတွေ့ပြီလား..."

အလယ်တွင်ရှိသော အမျိုးသမီးမှာ လေမတိုက်ဘဲ လွင့်ပျံနေသည့် လက်ရှည်ဝတ်ရုံနက်ကြီးကို ဝတ်ဆင်ထားပြီး ညနတ်ဆိုးတစ်ကောင်ကဲ့သို့ အော်ရာများကို ထုတ်လွှတ်နေသည်။ သူမ၏ မျက်ဝန်းအိမ်မှာ ရွှေရောင်တောက်ပနေသော်လည်း မျက်လုံးဖြူများ နေရာတွင်မူ ကြယ်မရှိသော ကမ္ဘာကဲ့သို့ မည်းနက်နေ၏။

သူမ၏ အသားအရေမှာ ငရဲမှ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြူရော်နေသော်လည်း ကျောက်စိမ်းကဲ့သို့ ချောမွတ်လှပနေကာ အမှောင်ထုနှင့် ရောယှက်နေသော ဆံနွယ်နက်ရှည်ကြီးများကို ပိုင်ဆိုင်ထားသည်။

သူမ၏ အလှမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထူးခြားလှပြီး အပျက်အစီး လှိုင်းတံပိုးများကို ဆန့်ကျင်ကာ အမှောင်ထုနှင့် ယင် စွမ်းအားတို့၏ ကောင်းကင် အာဏာစက်ကို ထုတ်လွှတ်နေသည်။

သူမ၏ ဘယ်နှင့် ညာတွင်မူ ဆံပင်ဖြူ အဘိုးအိုတစ်ဦးနှင့် အဘွားအိုတစ်ဦးတို့ ရှိနေကြပြီး သူတို့မှာ အမြွှာများ ဖြစ်ကြသည်။ သူတို့သည် ရွှေရောင်စက္ကူများကို ကိုင်ဆောင်ထားကာ ထိုစက္ကူများ၏ အလယ်တွင် အနက်ရောင် နေမင်းတစ်စင်း ကိန်းအောင်းနေသည့် ဖန်လုံးများ ပါရှိသည်။

၎င်းတို့သည် ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံး နေရာများကို ရှာဖွေရန် ကောင်းကင်၏ အလိုတော်ကို ဆွဲဆောင်သည့် "ကံကြမ္မာ စွမ်းအား" များကို ထုတ်လွှတ်နေကြသည်။

သူတို့နှစ်ဦးစလုံးမှာ ပြင်းထန်စွာ ချွေးထွက်နေကြ၏။ "အစစ်အမှန် သူတော်စင်" အဆင့် ရှိသော်လည်း ဟင်းလင်းပြင်အတွင်းရှိ ကြီးမားသော အန္တရာယ်များက သူတို့၏ နှလုံးသားကို ဖိနှိပ်ထားသည်။ သတင်းအချက်အလက် စီးကြောင်းများ၊ ရှုပ်ထွေးလှသော အချိန်နှင့် ကျယ်ပြောလှသော အာကာသတို့ကြားတွင် လမ်းမပျောက်စေရန် ထိန်းထားနိုင်သည်မှာ သူတို့၏ ခါးတွင် ချည်ထားသော ရွှေရောင်ကြိုးလေး တစ်ချောင်းသာ ရှိသည်။

ဟင်းလင်းပြင်အတွင်း မည်သို့သွားလာရမည်ကို မသိပါက ဘယ်ဖက်သို့ ခြေလှမ်းနှစ်လှမ်းမျှ လှမ်းမိရုံဖြင့်ပင် အခြားသော ဂလက်ဆီတစ်ခု သို့မဟုတ် အမည်မသိ အချိန်ကာလတစ်ခုသို့ ရောက်ရှိသွားနိုင်သည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ ကံကောင်းပါက ခဏတာ အသက်ဆက်နိုင်မည်ဖြစ်သော်လည်း မကြာမီမှာပင် ကပ်ဘေးတစ်ခု ကျရောက်လာပြီး ရှေ့နောက်မညီသော သင်၏ တည်ရှိမှုကို ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။

ထိုအမြွှာအိုကြီးများသည် ဤနေရာတွင် မနေလိုကြချေ။ သူတို့တွင် အချိန်နှင့် အာကာသကို မြဲမြံစွာ ထိန်းထားနိုင်သော "လျှို့ဝှက်လောက" အဆင့်ရှိ ဟင်းလင်းပြင် ရတနာတစ်ခု ရှိနေသော်လည်း အန္တရာယ်မှာ ကြီးမားဆဲပင်။

ရွှေရောင်ကြိုးကို သေချာကြည့်မည်ဆိုပါက ၎င်းသည် အပျက်အစီး လှိုင်းများအပြင်ဘက် ဟင်းလင်းပြင်၏ အလွှာများကို ဖောက်ထွက်ကာ အာကာသနှင့် အချိန်ဆိုင်ရာ အစီအရင်ကြီးတစ်ခုသို့ ချိတ်ဆက်ထားသည်ကို တွေ့ရမည် ဖြစ်သည်။

စွဲမက်ဖွယ် အလှတရားကို ပိုင်ဆိုင်ထားသော ထိုအမျိုးသမီးမှာမူ "အထွတ်အထိပ် သူတော်စင်" တစ်ဦး ဖြစ်သောကြောင့် အန္တရာယ်ကို သိပ်မစိုးရိမ်လှချေ။ သူမ၏ အဆင့်ရှိသူများမှာ ဟင်းလင်းပြင်၏ အန္တရာယ်များကို လျှော့ချရန် နည်းလမ်းများ ရှိကြသည်။ သူမ၏ မေးခွန်းကို နိမိတ်ဖတ် ပညာရှင်ကြီး နှစ်ဦးက ဂါထာများ ရွတ်ဆိုရင်း စက္ကူများကို အသုံးပြုကာ သူတို့၏ သက်တမ်းအနည်းငယ်ကို ရင်းနှီး၍ ပြန်လည် ဖြေကြားကြသည်။

လျှို့ဝှက် အာဏာရှင် အဆင့်ရှစ် အစစ်အမှန် သူတော်စင် အဆင့်သို့ ရောက်ရှိထားပြီး သက်တမ်း နှစ်သိန်းကျော် နေထိုင်နိုင်သော ဤအမြွှာအိုကြီးများသည် အသက် ငါးသောင်းပင် မပြည့်သေးသည်ကို သိရပါက လောကကြီးတစ်ခုလုံး တုန်လှုပ်သွားပေလိမ့်မည်။ ကောင်းကင်နှင့် ဆက်သွယ်ရခြင်း၏ တန်ဖိုးမှာ မနည်းလှပေ။

သူတို့သည် ညဉ့်ဦးယံ နိမိတ်ဖတ်သူများ အဖွဲ့ဝင်များ ဖြစ်ကြပြီး "လျှို့ဝှက် စာချုပ်" ကို ရှာဖွေနေကြခြင်း ဖြစ်သည်။

***

All Chapters