အခန်း (၂၂၇၉-၂၂၈၀)
Vol. 163 Ch. 2279-2280
အပိုင်း(၂၂၇၉)
အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီအပြင်ဘက်တွင် တဂျိန်းဂျိန်း မြည်ဟည်းသံများမှာ မပြတ်မတောက် ဖြစ်ပေါ်နေသည်။ ထို့ပြင် ထိုထူးဆန်းသော အရာကြီးမှာ သန့်စင်ခြင်း နယ်မြေဆီသို့ ဦးတည်နေသည်။ လျှို့ဝှက်နယ်မြေများ၊ လောကနယ်မြေများ၊ အာကာသခွဲ နယ်မြေများ သို့မဟုတ် ဟင်းလင်းပြင်ပင်လျှင် မထံမှ ကင်းလွတ်ခွင့် မရှိချေ။ အချိန်နှင့် အာကာသ တစ်ခုလုံးကို စောင့်ကြည့်ခံနေရသည်။
သေးငယ်သော အငွေ့အသက်လေးတစ်ခုက ဤနေရာသို့ ဆွဲဆောင်ခံလိုက်ရသည်။ ဤသည်မှာ စုရီ အာရုံခံမိလိုက်သော အရာပင်။ ၎င်းမှာ အာရုံစိုက်မှု၏ သေးငယ်သော အစိတ်အပိုင်းလေးသာ ဖြစ်သော်လည်း သူ၏ အစစ်အမှန် ဝိညာဉ်အတွင်း၌ အသက်ရှူကျပ်မတတ် ခံစားလိုက်ရသည်။ သူသည် ထိုအာရုံစိုက်မှုကို မဆန့်ကျင်ရဲသလို ဆန့်ကျင်ရန်လည်း မလိုပေ။ သူ ဘာဖြစ်နေသည်ကို သိနေသည်။
ကောင်းဟိန်သည် နောက်ဆုံး အချိန်မတိုင်မီ သူ၏ ဥကို ကမ်းလှမ်းခဲ့သည်။ ၎င်းမှာ အထွတ်အထိပ် "လျှို့ဝှက် လောက" အဆင့် အာကာသ ရတနာတစ်ခု ဖြစ်ပြီး အချိန်နှင့် အာကာသ၏ နှောင့်ယှက်မှုများကို ကာကွယ်ထားနိုင်သည့် သင်္ကေတများ ပါရှိသည်။ ထို့ပြင် အပြင်ဘက်မှ နိမိတ်ဖတ်ခြင်းများကို ကာကွယ်ရန် ကျင့်စဉ်များစွာလည်း ထည့်သွင်းထားသည်။
ကံဆိုးသည်က ၎င်းတွင် မဟာ ပုရောဟိတ် အမှောင်လှိုင်း ၏ ပစ္စည်းများမှာကဲ့သို့ "ဟင်းလင်းပြင်-ချုပ်နှောင်ခြင်း" သင်္ကေတများ မပါရှိခြင်းပင်။
စွန်းကျားကျန့်သည် ရှန့်လျို၊ မစ်ဆူလီနာတို့နှင့်အတူ ထိုဥကို စစ်ဆေးလိုက်ပြီးနောက် တန်ဖိုးမညီမျှဟု ချက်ချင်း ပယ်ချလိုက်သည်။ ကောင်းဟိန်မှာ အလွန်အံ့အားသင့်သွားသော်လည်း သူတို့က ထိုဥအတွင်းရှိ သင်္ကေတ စွမ်းအားများမှာ ယိုယွင်းနေပြီဖြစ်သဖြင့် အလွန်အားနည်းနေကြောင်း ထောက်ပြခဲ့ကြသည်။ အကယ်၍ ၎င်းကို ရတနာတစ်ခုအဖြစ် ကမ်းလှမ်းမည်ဆိုလျှင်ပင် လျှို့ဝှက် လောက အမတေ ကျောက်တုံး သောင်းဂဏန်းအနည်းငယ်လောက်သာ တန်ဖိုးရှိပေလိမ့်မည်။
ဤအချိန်တွင် ကောင်းဟိန်၏ စိတ်ဓာတ်မှာ လုံးဝ ပြိုလဲလုနီးပါး ဖြစ်နေပြီဟု ဆိုလျှင် ချဲ့ကားရာ မရောက်ပေ။
"ကျွန်တော့်ကို အစေခံအဖြစ် သုံးလို့ရပါတယ်... ကျွန်တော့်ရဲ့ သက်တမ်းကိုလည်း ပေးပါ့မယ်..."
မျှော်လင့်ချက် ကင်းမဲ့ခြင်းမှာ အလွန်ကြည့်ရဆိုးလှပြီး ကောင်းဟိန်မှာ မည်သည့်မျှော်လင့်ချက်ကိုမဆို အတင်းအဓမ္မ ဆုပ်ကိုင်ရန် ကြိုးစားနေတော့သည်။
သို့သော်လည်း သူ့ထံသို့ ပြန်လည်ရောက်ရှိလာသည်မှာကား ရက်စက်ကြမ်းကြုတ်လှသော အဖြေစကားသာ ဖြစ်သည်။
"အထွတ်အထိပ် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦးအနေနဲ့ အရမ်း အစေခံမှုဟာ အလွန်တရာ တန်ဖိုးရှိတဲ့ ရတနာတစ်ခု ဖြစ်ပါတယ်... ဒါပေမဲ့ အဲဒီအရာဟာ ဒီမှာရှိနေကြတဲ့သူတွေက လက်ခံမှသာ အတည်ဖြစ်မှာပါ... ရှင် အလိုရှိတယ်ဆိုရင်တော့ တရားသူကြီးတွေကို ဖယ်ပြီး ဒီမှာရှိနေတဲ့သူတွေကို ရှင့်ရဲ့ အစေခံမှုအတွက် လေလံစတင်ခိုင်းလို့ ရပါတယ်... တရားမျှတမှု ရှိစေဖို့အတွက် အဲဒီလေလံဟာလည်း လောင်းကြေးထပ်တဲ့ စည်းကမ်းအတိုင်းပဲ သွားမှာပါ... ထပ်လောင်းပြောရရင်တော့ ရှင့်ရဲ့ 'လောင်းကြေး' ဟာ အမြင့်ဆုံး လေလံဈေးနဲ့ တူညီဖို့ လိုအပ်ပါလိမ့်မယ်"
ဤသို့သော အခြေအနေမျိုးမှာ ယခင်က မရှိခဲ့ဖူးသည်တော့ မဟုတ်ပေ။ လေလံဈေးနှုန်းများမှာ အဂ္ဂိရတ်ပညာရှင်များနှင့် ကျင့်ကြံသူများ၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်သွားတတ်ရာ သူတို့သည် ကစားပွဲတွင် ဆက်လက်ပါဝင်နိုင်ရန်အတွက် သူတို့၏ အစေခံမှုကို ကမ်းလှမ်းလေ့ရှိကြသည်။ အကယ်၍ သူတို့သာ အနိုင်ရခဲ့ပါက အစေခံမှု စာချုပ်ကို ပြန်လည်ဖျက်သိမ်းနိုင်ရန်အတွက် အခြားသော ကမ်းလှမ်းမှုတစ်ခုဖြင့် ပြန်လည်ညှိနှိုင်းနိုင်ပေသည်။
ကောင်းဟိန်သည် တစ်ဦးချင်းစီကို လှည့်ကြည့်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်၌ မျှော်လင့်ချက်အရိပ်အယောင်လေး တစ်စွန်းတစ်စ ရှိနေသေးသည့်တိုင် အကြီးအကျယ် စိတ်ပျက်အားငယ်မှုများက ဖုံးလွှမ်းနေလေပြီ။ ထိုမျှလောက်သော မျှော်လင့်ချက်လေးကပင် သူ၏ မျက်ဝန်းများကို လှပစွာ တောက်ပနေစေရန် လုံလောက်လှသည်။
သို့သော်လည်း လျှို့ဝှက် ကောင်းကင် အဆင့် အမတေ ကျောက်တုံး ၇၉၅ တုံးဟူသော တန်ဖိုးမှာ ဤနေရာတွင် ရှိနေသူ မည်သူတစ်ဦးတစ်ယောက်အတွက်မဆို သေးငယ်သော ပမာဏ မဟုတ်ပေ။
စုရီသည် လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က ကောင်းဟိန် ပြုံးခဲ့သည့် အပြုံးမျိုးဖြင့်ပင် ပြုံးလိုက်သည်။ ယခုအခါတွင်မူ သူသည် ယွီပေါင်ယွဲ့ ကဲ့သို့ပင် အလားတူ ကံကြမ္မာဆိုးမျိုးကို ရင်ဆိုင်နေရပြီ ဖြစ်သည်။
"မူလချီ အဆင့် အမတေ ကျောက်တုံး တစ်တုံး"
စုရီက လေလံဆွဲလိုက်သည်။
"..."
ကျန်ရှိနေသူများမှာ တိတ်ဆိတ်စွာပင် စောင့်ကြည့်နေကြသည်။ ဝေ့ဝူယင်မှာမူ အလွန်တရာ သဘောကျသွားပုံရကာ ခပ်တိုးတိုး ရယ်မောလိုက်၏။ မည်သူကများ သူ့အတွက် လေလံဆွဲပါအံ့နည်း။
ပြိုင်ပွဲ၌ ရှုံးနိမ့်သွားလျှင် စည်းကမ်းချက်များအရ ကောင်းဟိန်သည် ဆက်လက်ကျရောက်လာမည့် ပြစ်ဒဏ်များကြောင့် အသက်ရှင်ချင်မှ ရှင်မည့် ဒုက္ခိတတစ်ဦး ဖြစ်သွားပေလိမ့်မည်။ ထိုသို့သောသူကို လေလံဆွဲမည့်သူမှာ လူမိုက်သာ ဖြစ်ပေလိမ့်မည်။
ထိုအမှန်တရားမှာ ကောင်းဟိန်ထံသို့ ရိုက်ခတ်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်မှာ တောင့်တင်းသွားတော့သည်။ ဤသည်မှာ အဆုံးသတ်ပင်။ ထိုစဉ်မှာပင် စွန်းကျားကျန့်၏ ဟိန်းဟောက်သံက သူ့အား ငေးငိုင်နေမှုအတွင်းမှ ဆွဲထုတ်လိုက်လေသည်။
"လောကရှန့်ထို အဆိပ်ပြောင်းပြန်..."
"..."
"မင်းအနေနဲ့ ကြွယ်ဝမှု သက်သေကို မပြနိုင်ဘူးဆိုရင်တော့ ငါ စွန်းကျားကျန့်က ဒီကစားပွဲရဲ့ တရားသူကြီး တစ်ယောက်အနေနဲ့ မင်းကို ရှုံးနိမ့်သူအဖြစ် သတ်မှတ်ဖို့ မဲစတင်ပေးတော့မယ်..."
စွန်းကျားကျန့်သည် မည်သူ့ကိုမျှ မကြောက်ရွံ့ဘဲ ဘက်လိုက်မှုကင်းလှသည်။ ရှန့်လျိုနှင့် မစ်ဆူလီနာတို့မှာမူ ဤကဲ့သို့သော စကားမျိုးကို ပြောရန် သတ္တိရှိချင်မှ ရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကစားသမားတိုင်းမှာ အစွမ်းထက် အဖွဲ့အစည်းများကို ကိုယ်စားပြုထားသူများ ဖြစ်ကြပြီး "မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်" မှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ အထွတ်အထိပ် အင်အားကြီးအဖွဲ့အစည်း တစ်ခုဖြစ်နေသောကြောင့်ပင်။
စုရီမှာမူ သက်ပြင်းသာ ချနိုင်တော့သည်။ မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို သူ ခန့်မှန်းမိသလို၊ လုံလောက်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့သည့်အတွက်လည်း သူ ဝမ်းသာနေမိသည်။ ကောင်းဟိန်မှာမူ အကွက်နှစ်ကွက်အတွင်းမှာပင် အကျပ်ရိုက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် လူမိုက် အစစ်အမှန်ပင်။
"နေပါဦး..."
ကောင်းဟိန်က တုန်လှုပ်ချောက်ချားစွာဖြင့် လက်နှစ်ဖက်ကို မြှောက်၍ တားလိုက်၏။
"နေပါဦး... ခဏလေး... ခဏလေး စောင့်ပါဦး..."
သူက အက်ရှရှအသံဖြင့် ပြောဆိုနေရင်း ပရိယာယ်နှင့် ဉာဏ်ပညာအားလုံးကို အသုံးချကာ မျက်လုံးများကို ကစားနေတော့သည်။
"ခဏလေး စောင့်ပါဦး..."
သူက အော်ဟစ်လိုက်ပြန်သည်။ သူ၏ အတွင်းစိတ် သန္တာန်၌ တစ်စုံတစ်ဦး၏ စောင့်ကြည့်ခြင်းကို ခံနေရသည့် ခံစားချက်မှာ သဘာဝမဟုတ်လောက်အောင် ပြင်းထန်လာနေသည်။ သူ၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ စတင် ဝိုင်းလာသည်။
"တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဦး..."
"..."
ဤအချိန်တွင် ကောင်းဟိန်သည် တရားသူကြီးများကိုသာ ပြောနေခြင်း မဟုတ်ကြောင်း အားလုံး ရိပ်မိလိုက်ကြသည်။ သူသည် အခြားသော တစ်စုံတစ်ဦး... သို့မဟုတ် အခြားသော အရာတစ်ခုခုကို ပြောနေခြင်း ဖြစ်သည်။
ရုတ်တရက် ကောင်းဟိန်၏ မျက်ဝန်းများတွင် အလင်းတစ်ခု ပွင့်သွားကာ ကြည်လင်ပြတ်သားမှုများ ဖြစ်ပေါ်လာသည်။ သူ၏ "ကျင့်ကြံခြင်း နှလုံးသား" မှာ နှစ်ပေါင်းများစွာ ခံခဲ့ရသော လှောင်ပြောင်မှုများ၊ လေ့ကျင့်မှုများ၊ ရှုံးနိမ့်မှုများနှင့် အောင်မြင်မှုများကြားတွင် ခိုင်မာစွာ သွန်းလောင်းထားခဲ့ပြီး ဖြစ်သည်။ သူ၏ ပထမဆုံးသော အရှက်ရမှုကို သူ ပြန်လည်အမှတ်ရမိသွားသည်။
သူသည် ငယ်စဉ်က အမျိုးသမီးငယ်တစ်ဦးနှင့် စေ့စပ်ထားခဲ့ဖူးသည်။ သူမမှာ အလွန်တရာ လှပသူမဟုတ်သော်လည်း သူမ၏ မျိုးနွယ်စုမှာ သူ၏ မျိုးနွယ်စုနှင့် အဆင့်အတန်း တူညီလှသည်။
ကံဆိုးစွာပင် သူ၏ မျိုးနွယ်စုခေါင်းဆောင်မှာ သက်တမ်းကုန်ဆုံး၍ ကွယ်လွန်သွားခဲ့ရာ သူတို့၏ စေ့စပ်မှုကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြသည်။ သူသည် ကျင့်ကြံခြင်းတွင် ပါရမီ မပါလှသဖြင့် ထိုရွှေ့ဆိုင်းမှုကို ပယ်ဖျက်နိုင်လောက်သည့် အဆင့်အထိ မရောက်ရှိခဲ့ပေ။ နောက်ဆုံးတွင်မူ သူတို့ အသက်ကြီးလာပြီး အဆင့်အတန်းများ ပိုမိုကွာဟလာသည့်အခါ ထိုဆက်ဆံရေးမှာ သဘာဝအတိုင်းပင် အဆုံးသတ်သွားခဲ့ရသည်။
ထိုစေ့စပ်မှုကို ရွှေ့ဆိုင်းလိုက်သည့်နေ့ကို သူ မှတ်မိနေသေးသည်။ မိုးရနံ့နှင့် လေးလံထိုင်းမှိုင်းနေသော လေထု၏ ခံစားချက်၊ အရာအားလုံးကို လက်ခံလိုက်သည့် လူကြီးမိဘများ၏ အသံများ... ထို့နောက် သူမ၏ မျက်ဝန်းထဲမှ အထင်အမြင်သေးမှုများကို သူ မြင်တွေ့ခဲ့ရသည်။ မဟုတ်ပေ... ၎င်းမှာ အရေးမစိုက်မှုသာ ဖြစ်သည်။ ထိုအရာက အထင်အမြင်သေးခံရခြင်းထက်ပင် ပို၍ နာကျင်ရစေသည်။
ထိုနေ့၌... မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အား အသုံးမကျသူကဲ့သို့၊ အရေးမပါသူကဲ့သို့၊ သူ၏ အသံနှင့် စကားများ၊ သူ၏ စိတ်ရင်းမှန်များမှာ ဖုန်မှုန့်နှင့် တူညီသည်ဟု ယူဆကာ အရေးမစိုက်သော အကြည့်မျိုးဖြင့် ကြည့်ခြင်းကို မည်သည့်အခါမျှ ခွင့်မပြုတော့ဟု မိမိကိုယ်ကိုယ် ကျိန်ဆိုခဲ့သည်။
သူသည် အဂ္ဂိရတ်ပညာရှင် တစ်ဦးအဖြစ် အံ့ဩဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး မကြာမီမှာပင် "မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်" ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ စွေ့ယွမ်၏ မလေးစားမှုများကို သူ မှတ်မိနေဆဲ ဖြစ်သည်။ ထိုမိန်းမမှာ သူ့အား အရေးမစိုက်ဘဲ ကမ္ဘာကြီးထံ "နင့်လို လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် ပေါက်စလေးတစ်ယောက်က ငါ့အတွက် အရေးမပါဘူး" ဟူ၍ ကြေညာနေသလိုမျိုးပင်။ သူ၏ ဖိတ်ကြားချက်မှာ ဘာမှမဟုတ်သော ဖုန်မှုန့်နှင့် အတူတူပင် ဖြစ်သည်။
ထိုအချိန်မှစ၍ သူသည် သူမအပေါ်တွင်သာမက အခြားသူများအပေါ်တွင်ပါ ရန်ငြိုးများ ထားရှိခဲ့သည်။ သူသည် လူများစွာကို ကိုင်တွယ်ဖြေရှင်းခဲ့ဖူးသည်။ အချို့မှာ အမျိုးသားများဖြစ်ပြီး အချို့မှာ အမျိုးသမီးများ ဖြစ်ကြသည်။ သို့သော် သူ၏ အမြင်တွင်မူ သူတို့အားလုံးမှာ ငရဲသို့ သွားရမည့် လက်မှတ်ကို ကိုင်ဆောင်ထားရန် ထိုက်တန်သူများသာ ဖြစ်ကြ၏။
***
အပိုင်း(၂၂၈၀)
ဝေ့ဝူယင် ငြိမ်သက်စွာပင် ကောင်းဟိန်ကို စောင့်ကြည့် နေခဲ့၏။ ထိုအဆိပ်ပြောင်းပြန် လောကရှန့်ထိုသည် စိတ်ကို တည်ငြိမ်အောင် ထားကာ မိမိ၏ ရှောင်လွှဲ၍မရသော ကံကြမ္မာအတွက် အဆင်သင့်ဖြစ်နေပြီး အခြေအနေကို အပြည့်အဝ လက်ခံလိုက်သည်ကို တွေ့နေရသည်။ ၎င်းမှာ အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခုပင်။ ထို့နောက် သူသည် နန်းတော်အမိုးဆီသို့ မော့ကြည့်လိုက်လေတော့၏။
ဝေ့ဝူယင်သည် အခြားသူများနှင့် ခြားနားစွာပင် ထိုအရာကို မြင်တွေ့လိုက်ရသည်။ ၎င်းမှာ မမြင်အပ်သော နတ်ဘုရား တစ်ပါးနှင့် အဆင့်အတန်းချင်း တူညီလှ၏။ သူ၏ ကောင်းကင်ဘုံနတ်မျက်လုံးများက အရာအားလုံးကို အထင်အရှား မြင်တွေ့နေရသည်။
အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ အပြင်ဘက်တွင် ကောင်းကင်နှင့် ဟင်းလင်းပြင်အကြား၌ အက်ကြောင်းနှစ်ခု ဖြစ်ပေါ်လာသည်။ ထိုအက်ကြောင်းမှာ တဂျိန်းဂျိန်း မြည်ဟည်းလျက် ဖြည်းညှင်းစွာ ပွင့်ဟလာပြီးနောက် အလွန်တရာ ကြီးမားလှသော မျက်လုံးကြီးတစ်လုံး ပေါ်ထွက်လာတော့သည်။ ၎င်းသည် မိုင်ပေါင်း ကုဋေကုဋာမက ကျယ်ပြောလှပြီး အစစ်အမှန် သန့်စင်ခြင်း မြူခိုးများ ဖုံးလွှမ်းထားသည့် ဂလက်ဆီတစ်ခုလုံးကို ငုံ့မိုးကြည့်ရှုနေသည်။
၎င်းမှာ ရွှေစင်ရောင် မျက်လုံးကြီးတစ်လုံး ဖြစ်၏။ ထိုရွှေရောင်မှာ အခြားသော ရွှေရောင်များနှင့် ကွဲပြားခြားနားလှသည်။ အခြားသူများ သတိမထားမိနိုင်သော်လည်း ဝေ့ဝူယင်မှာမူ ရင်းနှီးသော အငွေ့အသက်တစ်ခုကြောင့် မျက်လုံးများ ပြူးကျယ်သွားရသည်။ ၎င်းမှာ အတိအကျတူညီခြင်း မရှိသော်လည်း "စနစ်"၊ "ဖန်တီးခြင်း" နှင့် "လုံခြုံမှု" တို့၏ အော်ရာများ ပါဝင်နေသည်။ အတိအကျ မဟုတ်လျှင်ပင် အလွန်တရာ နီးစပ်လှသည်မှာကား အမှန်ပင်။
လျှို့ဝှက် ပြစ်ဒဏ်...
"အဲဒါက..."
စုရီက ဝေ့ဝူယင်၏ အတွေးကို သိနေသည့်အလား ရေရွတ်လိုက်သည်။
"ကောင်းကင် တရားသူကြီး..."
ထိုစကားလုံးနှစ်လုံး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းဟိန်၏ ခန္ဓာကိုယ်မှ ခွန်အားအားလုံးမှာ ပျောက်ကွယ်သွားတော့သည်။ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင်များ၊ အထွတ်အထိပ် သူတော်စင်များနှင့် ဉာဏ်အလင်းရ သူတော်စင်များ အားလုံးသည် ထို "ကောင်းကင် တရားသူကြီး" ရှိရာ အရပ်သို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
စွန်းကျားကျန့်သည် ရှန့်လျို၊ မစ်ဆူလီနာတို့နှင့် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ တိုင်ပင်လိုက်ကြပြီးနောက် တည်ကြည်ပြတ်သားသော လေသံဖြင့် ကြေညာလိုက်တော့သည်။
"လောကရှန့်ထို အဆိပ်ပြောင်းပြန်ဟာ လောင်းကြေးထပ်ထားတဲ့ ပမာဏနဲ့ ညီမျှတဲ့ ပစ္စည်းကို ပြဿနိုင်ခြင်း မရှိဘူး... ဒါကြောင့် လျှို့ဝှက်စာချုပ်နဲ့ လျှို့ဝှက်ကစားပွဲ - တော်ဝင်တိုက်ပွဲ ရဲ့ စည်းကမ်းချက်တွေအရ ရွေးချယ်ခံ အားလုံးကို ဆုံးရှုံးရခြင်းနဲ့ ကစားပွဲ တစ်ခုလုံးမှာ ရှုံးနိမ့်ခြင်း ဆိုတဲ့ ဆိုးကျိုးအားလုံးကို ခံစားရမှာ ဖြစ်တယ်... နောက်ပြီး အနိုင်ရရှိတဲ့သူကို လျှို့ဝှက် ကောင်းကင် အဆင့် အမတေ ကျောက်တုံး ၇၉၅ တုံး ဒါမှမဟုတ် အဲ့တာနဲ့ ညီမျှတဲ့ တန်ဖိုးကို ခုနစ်ရက်အတွင်း ပေးဆပ်ရမည် ဖြစ်ပြီး ပျက်ကွက်ပါက ပြစ်ဒဏ်ခတ်ခြင်းကို ခံရမှာ ဖြစ်တယ်"
"..."
မျက်လုံးကြီးက ဂလက်ဆီတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်၏။ အထွတ်အထိပ် သူတော်စင် အမျိုးသမီးမှာ ဤအချိန်တွင် ဟင်းလင်းပြင်အတွင်းမှ ထွက်လာပြီး မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်သို့ ရောက်ရှိလာရာ သူမ၏ မျက်ဆန်များမှာ ပြင်းထန်စွာ ကျုံ့သွားတော့သည်။ သူမ၏ အစစ်အမှန် ဝိညာဉ် ပစ်မှတ်ထားခံလိုက်ရသည်ကို သူမ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
ကောင်းဟိန်မှာ စောင့်ကြည့်ခံနေရပြီ ဖြစ်၏။ ကောင်းကင် တရားသူကြီးသည် လျှို့ဝှက် စာချုပ်၏ ကံကြမ္မာကို ဆုံးဖြတ်နေခြင်း ဖြစ်သလို၊ ကျိန်ဆိုချက်ကို မတည်နိုင်သူများ ရှိမရှိနှင့် ထိုကျိန်ဆိုချက် ချိုးဖောက်သူများကို မည်သည့်အဆင့်အထိ ပြစ်ဒဏ်ပေးရမည်ကို ဆုံးဖြတ်နေခြင်း ဖြစ်သည်။
အကယ်၍ ကစားသမားတစ်ဦး၏ ရွေးချယ်ခံရသူများ အားလုံး သေဆုံးသွားပါက၊ ထိုကစားသမားသည် မိမိ၏ ကျင့်ကြံခြင်း အခြေခံကို ချက်ချင်း ဖျက်ဆီးရမည်ဖြစ်ပြီး၊ ကျင့်ကြံခြင်း ဝိညာဉ်များကို စွန့်လွှတ်ကာ စွမ်းအင်နှင့် အနှစ်သာရ အရင်းအမြစ်အားလုံးကို ခွဲပစ်ရမည် ဖြစ်သည်။
အကယ်၍ ရွေးချယ်ခံရသူ တစ်ဦး သေဆုံးပါက၊ ထိုသူကို ရွေးချယ်ခဲ့သော ကစားသမားသည် မိမိ၏ ကျင့်ကြံခြင်း အဆင့်နှင့် ညီမျှသော လျှို့ဝှက် ပြစ်ဒဏ်ကို ခံရမည် ဖြစ်သည်။
ရွေးချယ်ခံရသူတစ်ဦး သေဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသော လျှို့ဝှက် ပြစ်ဒဏ်မှာ ကစားသမား ခံစားရမည့် ကျင့်ကြံခြင်း အဆင့်အတန်းနှင့် ဆက်နွှယ်သော အမြင့်ဆုံး စွမ်းအားမျိုး ဖြစ်ပေလိမ့်မည်။
ရွေးချယ်ခံရသူ တစ်ဦး၏ အချိန်မတိုင်မီ သေဆုံးမှုမှာ ကစားသမား၏ ကျင့်ကြံခြင်း အဆင့်နှင့် တူညီသော လျှို့ဝှက် ပြစ်ဒဏ်ကို ဖြစ်ပေါ်စေပြီး ထိုကစားသမားအပေါ် ကျရောက်စေမည် ဖြစ်သည်။
နောက်ဆုံးအနေဖြင့်၊ လျှို့ဝှက် ပြစ်ဒဏ်ဆိုင်ရာ အခြေအနေ အားလုံးသည် ကျင့်ကြံခြင်း အဆင့် လေးဆင့်အထိ ပြင်းထန်မှု တိုးလာမည် ဖြစ်သည်။ အကယ်၍ ၎င်းသည် လက်ရှိ ကျင့်ကြံခြင်း နယ်ပယ်ထက် ကျော်လွန်သွားပါက၊ နောက်ထပ် ကျင့်ကြံခြင်း နယ်ပယ်၏ ပထမအဆင့်တွင် ရပ်တန့်သွားမည် ဖြစ်ပြီး၊ ဤကစားပွဲတွင် ထိုကစားသမားအား ထောက်ခံအားပေးနေသည့် အဖွဲ့အစည်းများ အားလုံးအထိပါ ပြစ်ဒဏ်မှာ ပျံ့နှံ့ရောက်ရှိသွားမည် ဖြစ်သည်။
ဤသည်မှာ လျှို့ဝှက် ပြစ်ဒဏ်တစ်ခုတည်း မဟုတ်ပေ။ ဤသည်မှာ ပြစ်ဒဏ် ကိုးခု တိတိပင် ဖြစ်၏။
ကိုးခုလုံးမှာ... ပဲ့တင်ထပ် ဝိညာဉ် အဆင့် ဖြင့် ကျရောက်လာခြင်း ဖြစ်ပေတော့သည်။
အပြောကျယ်လှသော ကျင့်ကြံခြင်းလောကတွင် ဂလက်ဆီအငယ်စား၊ အလတ်စား သို့မဟုတ် ထိုထက်မြင့်မားသော ဂလက်ဆီများ၌ပင် "ကျိန်စာ" ဟူသော အယူအဆနှင့် စွမ်းအားမှာ တည်ရှိမြဲ ဖြစ်သည်။ ကျိန်စာများသည် ကျင့်ကြံသူများကို သစ္စာရှိစေရန် သို့မဟုတ် သစ္စာဖောက်ခြင်းနှင့် သူရဲဘောကြောင်စွာ ဆုတ်ခွာခြင်းကဲ့သို့သော မလိုလားအပ်သည့် အပြုအမူများကို ထိန်းချုပ်ရန် စည်းမျဉ်းတစ်ခုအဖြစ် တည်ရှိပြီး၊ ဖောက်ဖျက်ပါက အမျိုးမျိုးသော ပြင်းထန်သည့် ပြစ်ဒဏ်များကို ခံစားရလေ့ရှိသည်။
၎င်းတို့မှာ -
• ဝိညာဉ် ကျိန်စာ - ဝိညာဉ် နောက်ဆက်တွဲ အကျိုးဆက်များ။
• ကောင်းကင် ကျိန်စာ - ကောင်းကင် ကပ်ဘေး နှင့်
• လျှို့ဝှက် ကျိန်စာ - လျှို့ဝှက် ပြစ်ဒဏ် သို့မဟုတ် နတ်ဘုရား ပြစ်ဒဏ်
တို့ ဖြစ်ကြသည်။
သို့သော်လည်း "ဝိညာဉ် ကျိန်စာ" များမှာ အလွန်ပင် အားနည်းလှပြီး ကျိန်စာအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးဖြင့် လှည့်ကွက်ရှာရန် လွယ်ကူလှသည်။
ဥပမာအားဖြင့်၊ သူရဲကောင်းတစ်ဦးက မင်းသမီးကို ကာကွယ်ပေးပါမည်ဟု ကျိန်ဆိုထားပြီးနောက်၊ သူမအား အဓမ္မပြုကျင့်ခြင်းမှာ အခြားလူများလက်မှ ကာကွယ်ခြင်းတစ်မျိုးဟု သူက ယူဆပါက သူ၏ "ဝိညာဉ် ကျိန်စာ" မှာ အသက်ဝင်မည် မဟုတ်ပေ။
တစ်ဖက်တွင်လည်း "ကောင်းကင် ကျိန်စာ" များမှာ အလွန်ပင် မရေရာဘဲ ခန့်မှန်းရခက်လှသည်။ ကောင်းကင်ကပ်ဘေး မည်သည့်အချိန်တွင် ကျရောက်မည်၊ သို့မဟုတ် မကျရောက်ဘဲ နေမည်ကို သိရှိရန် ခက်ခဲလှသည်။
တစ်ခါတစ်ရံတွင် မင်းသမီးကို ကာကွယ်ပါမည်ဟု ကျိန်ဆိုထားသော သူရဲကောင်းနှင့် မိုင်ပေါင်းထောင်ချီဝေးသော နေရာ၌ မင်းသမီးက ခလုတ်တိုက်လဲ၍ ဒူးပြဲသွားရုံမျှဖြင့် မည်သည့်သတိပေးချက်မျှမရှိဘဲ ကပ်ဘေး ကျရောက်လာတတ်သည်။ သို့သော်လည်း သူမက ကျင့်ကြံသူတစ်ဦးအနေဖြင့် ရတနာများ ရှာဖွေရင်း ကြီးမားသော အန္တရာယ်နှင့် ထိခိုက်မှုများကို ကြုံတွေ့နေရချိန်တွင်မူ ထိုသူရဲကောင်းမှာ မည်သည့်အကျိုးဆက်ကိုမျှ ခံစားရမည် မဟုတ်ပေ။
ကောင်းကင် တာအိုကို သက်သေအဖြစ်ထား၍ ကျိန်ဆိုရန်မှာလည်း တာအို လက်တွဲဖော် အခမ်းအနား များမှလွဲ၍ ကျန်သည့်အချိန်များတွင် မည်သူမျှ မဝံ့ရဲကြချေ။ ဤသည်မှာလည်း ကောင်းကင်နှင့် ကမ္မ အဆက်အသွယ် ထူထောင်ရန်အတွက်သာ ဖြစ်သည်။ ထိုသို့ ကျိန်ဆိုခြင်းကို ရှောင်ကြဉ်သူများမှာ ကောင်းကင်၏ အလိုအလျောက် ဆုံးဖြတ်ချက်များအောက်တွင် မိမိကိုယ်ကိုယ် အရှုံးမပေးလိုကြသောကြောင့် ဖြစ်သည်။
အခြားသူများ မသိနိုင်သော်လည်း၊ ဝေ့ဝူယင်ကဲ့သို့ "အပြစ် ကျမ်းစာ” နှင့် အချို့သော လျှို့ဝှက်ချက်များကို သိရှိထားသူများအဖို့မူ ထိုကောင်းကင်မှာ အခြားသူမဟုတ်ဘဲ "ကောင်းကင် တာအို" ကိုယ်တိုင် ဖြစ်နေသောကြောင့်ဖြစ်ကြောင်း သိကြသည်။ ၎င်းတို့သည် တစ်ခါတစ်ရံတွင် မတရားသော "ပညတ်တော် သုံးထောင်" ကို အရာအားလုံးထက် အထက်တွင် ထားရှိထားတတ်သည်။
သို့သော် "လျှို့ဝှက် ပြစ်ဒဏ်" မှာမူ...
၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော စကားလုံးနှစ်လုံးပင် ဖြစ်သည်။ ၎င်းသည် အရေးမစိုက်၊ ဘက်မလိုက်ဘဲ မည်သူ့ကိုမျှ ခွင့်လွှတ်ခြင်း မရှိပေ။ ၎င်းသည် လူတစ်ဦး၏ ကျင့်ကြံခြင်း အဆင့်အတန်းအပေါ် မူတည်၍ အဆင့်တိုးမြင့်လာတတ်သည်။ ၎င်းမှာ အသိဉာဏ်ရှိပြီး လူတစ်ဦး၏ ရည်ရွယ်ချက်၊ အကြောင်းနှင့် အကျိုး အစရှိသည့် အရာအားလုံးကို ထည့်သွင်းစဉ်းစားသည်။ ၎င်းသည် အခြေတည်စ လူ့အဖွဲ့အစည်းများ (ဥပမာ - ရှေးဟောင်း ချိပ်ပိတ်နယ်မြေ) ၌ သစ္စာရှိမှုနှင့် ထိန်းချုပ်မှုကို ဟန်ချက်ညီစေရန်အတွက် အဓိက အသုံးပြုသည့် နည်းလမ်းတစ်ခု ဖြစ်သည်။
ကောင်းကင် တရားသူကြီး...
၎င်းသည် လူသိများသော်လည်း လျှို့ဝှက်ဆန်းပြားလှသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။ ၎င်းသည် နတ်ဘုရားကဲ့သို့ အရာအားလုံးကို သိမြင်နေပြီး အလွန်တရာ အစွမ်းထက်လှသည်။ ၎င်းသည် မယုံနိုင်လောက်အောင် တရားမျှတပြီး ကြားနေဝါဒီ ဖြစ်သည်။ ထို့အပြင် "လျှို့ဝှက် ပြစ်ဒဏ်" သည် လူတစ်ဦး၏ ကျင့်ကြံခြင်း အဆင့်အတန်းအတိုင်း တိုးမြင့်လာတတ်ပြီး အမြဲတမ်းလိုလို အသက်ကို နုတ်ယူတတ်သည်။
အမြဲတမ်းလိုလိုပင်...။
ခြွင်းချက်အနေဖြင့် ကျင့်ကြံခြင်းလောကတွင် အလွန်ထူးခြားပြီး ကမ္ဘာဦးအစကတည်းက ရှိခဲ့သော ကျင့်ကြံခြင်း အခြေခံစံနှုန်းများကို ကျော်လွန်သွားသူများသာ လွတ်မြောက်နိုင်သည်။ သူတို့မှာ "ပဲ့တင်ထပ် ဝိညာဉ် အဆင့်" ကျင့်ကြံခြင်း၏ အဓိက အစိတ်အပိုင်းဖြစ်သော "ဥပဒေသ သာမည အာဏာ" များကို အသုံးပြုနိုင်သည့် "လျှို့ဝှက် အာဏာရှင်" အဆင့် ပညာရှင်များ ဖြစ်ကြသည်။
အမှန်စင်စစ်... ကောင်းကင်၏ ရှားပါးလှသော အနှစ်သာရများ ကိန်းအောင်းနေသည့် "လျှို့ဝှက်-ကောင်းကင်" အဆင့် ရတနာများ သို့မဟုတ်... ကိုက်ညီသော ဝိညာဉ်အလင်းဖြင့် ဥပဒေသ မျိုးစေ့ကို မပျိုးထောင်ဘဲ သာမည အာဏာ အဆင့်ကို ရရှိရန်မှာ သီအိုရီအရ မဖြစ်နိုင်သလောက်ပင်။
သို့သော်လည်း ကျင့်ကြံခြင်းလမ်းစဉ်သည် စတင်ခဲ့သည့် အချိန်မှစ၍ ယနေ့အထိ ကျင့်ကြံသူများ၏ ပါရမီနှင့် တိုးတက်လိုသော မဆုတ်မနစ်သည့် ဇွဲလုံ့လတို့ကြောင့် ကျင့်ကြံခြင်း နည်းလမ်းများ၊ ကောင်းကင်နှင့် မြေကြီး ရတနာများ၊ အဂ္ဂိရတ် ထုတ်ကုန်များ စသည့် ဖွံ့ဖြိုးတိုးတက်မှုများစွာနှင့်အတူ ကြီးမားသော ခုန်ပျံကျော်လွှားမှုများကို ပြုလုပ်နိုင်ခဲ့သည်။
ပုံမှန်အားဖြင့် ကောင်းကင်ရှန့်ထို အဆင့် ကျင့်ကြံသူများမှာ ကောင်းကင်မှ အလင်းအနည်းငယ်ကိုသာ ရရှိနိုင်ကြသည်။ ၎င်းမှာ မိုင်ပေါင်းသန်းချီ ဝေးကွာသော နေရာမှ နေမင်း၏ အလင်းရောင်ကို ခံစားနေရသကဲ့သို့ပင်။
ကောင်းကင်ရှန့်ထိုများ အနေဖြင့် အားကောင်းကြသည်မှာ မှန်သော်လည်း ဥပဒေသ သာမည အာဏာကို အသုံးပြုနိုင်ခြင်းမှာမူ နေမင်းနှင့် အလွန်နီးကပ်သော နေရာမှ နေမင်း၏ မီးလျှံများကို အသုံးပြုနိုင်ခြင်းနှင့် တူညီသည်။
၎င်းတို့ကြားရှိ ကွာခြားချက်မှာ ညနှင့်နေ့၊ မြေကြီးနှင့် တိမ်တိုက်၊ အပင်တစ်ပင်အဖြစ် အသက်ရှင်ခြင်းနှင့် ကြယ်တစ်စင်းကို လှည့်ပတ်နေသော ဥက္ကာခဲတစ်ခုအဖြစ် တည်ရှိခြင်းတို့ကဲ့သို့ပင် ကွာခြားလှသည်။
သို့သော်လည်း ထိုကဲ့သို့သော ထူးခြားသည့် ခြွင်းချက်ရှိသူများမှာ ခေတ်သစ်ကျင့်ကြံခြင်းလောကတွင်ပင် သာမန်မဟုတ်ကြချေ။ ထို့ကြောင့် "လျှို့ဝှက် ပြစ်ဒဏ်" ကို လူတိုင်းက အလွန်တရာ ကြောက်ရွံ့ကြခြင်း ဖြစ်သည်။ ထို့အပြင် လူတစ်ဦး၏ ကျင့်ကြံခြင်း အဆင့်မြင့်မားလေလေ၊ ထိုသို့သော ထူးခြားသူတစ်ဦး ဖြစ်လာရန် ပိုမိုခက်ခဲလေလေ ဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် အဆင့်ရှစ် ရှိသော "အစစ်အမှန် သူတော်စင်" အဆင့် ကျင့်ကြံသူ တစ်ဦးသည် လျှို့ဝှက် ကျိန်စာ ကို ဖောက်ဖျက်၍ ပြစ်ဒဏ်ကျရောက်လာပါက၊ ထိုပြစ်ဒဏ်သည် သူ၏ အခြေခံအဆင့်ကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။ ၎င်းသည် အဆင့်ကိုး အဆင့် ရှိသည့် "အစစ်အမှန် သူတော်စင်" တစ်ဦးကိုပင် အမြစ်ပြတ်အောင် သတ်နိုင်သော စွမ်းအားမျိုးဖြင့် ရိုက်ခတ်မည် ဖြစ်သည်။
၎င်း၏ အမြင်တွင် သူတော်စင်ဟူသည်မှာ ထိုအဆင့်၌ အားအကောင်းဆုံးသူကိုသာ ဆိုလိုခြင်း ဖြစ်သည်။ "လျှို့ဝှက် ပြစ်ဒဏ်" တွင် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်ဟူ၍ မရှိပေ။ ၎င်းသည် "ကြယ်တာရာ အမြုတေ" အဆင့်အတွက်လည်း အလားတူပင် ဖြစ်သည်။ အာကာသ ပဲ့တင်သံလှိုင်း ၇ လှိုင်း ရှိသည့် အာကာသ ပဲ့တင်သံ အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်လျှင်ပင် အာကာသ ပဲ့တင်သံ လှိုင်း ၉ ခုနှင့် ညီမျှသော လျှို့ဝှက်ပြစ်ဒဏ်ကို ခံစားရမည် ဖြစ်သည်
ဤသည်မှာ "လျှို့ဝှက် ပြစ်ဒဏ်" ၏ အကြောက်ရွံ့ဆုံး အချက်ဖြစ်ပြီး ပြင်ပအကူအညီမပါဘဲ လွတ်မြောက်သူ အလွန်တရာ ရှားပါးလှသည့် အကြောင်းရင်းပင် ဖြစ်သည်။
***