အခန်း (၂၂၈၅-၂၂၈၆)
Vol. 164 Ch. 2285-2286
အပိုင်း(၂၂၈၅)
ရှေးဟောင်းပုံပြင်များတွင် ကျိန်စာဖောက်ဖျက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက် အမျိုးမျိုးကို ဖော်ပြထားကြသည်။
ဝိညာဉ် ကျိန်စာသည် ဝိညာဉ် နောက်ဆက်တွဲ အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ ၎င်း၏ သက်ရောက်မှုမှာ အတွင်းပိုင်း၌သာ အဓိက ဖြစ်ပေါ်သောကြောင့် ယင်းသို့ အမည်တွင်ခြင်း ဖြစ်သည်။ သို့သော် ၎င်း၏ ရလဒ်မှာ ပြင်းထန်သော ပေါက်ကွဲမှု သို့မဟုတ် တိတ်ဆိတ်သော ပျက်စီးခြင်းတို့ ဖြစ်နိုင်သည်။ ကျင့်ကြံခြင်း ဝိညာဉ်သည် ကိုယ်တိုင် ပြိုလဲသွားပေလိမ့်မည်။
ကျိန်စာကျိန်ဆိုစဉ် အသုံးပြုခဲ့သော မူလ ဝိညာဉ် အပိုင်းအစမှာ ပုပ်ဆွေးခြင်းကို ခံစားရမည်။ ထိုဝိညာဉ် အပိုင်းအစမှာ ဇာတိဝိညာဉ်၊ ကြယ်တာရာ ဝိညာဉ် သို့မဟုတ် လျှို့ဝှက်ဝိညာည် အဖြစ် ကျင့်ကြံထားပြီးဖြစ်ရာ ၎င်း၏ ပုပ်ဆွေးမှုမှာ သက်ဆိုင်ရာ ဝိညာဉ်အပေါ်တွင် မူတည်သည်။ အကယ်၍ ကျင့်ကြံခြင်း ဝိညာဉ်အတွင်း၌ မသန့်စင်သော၊ မတည်ငြိမ်သော စွမ်းအင်များ ပါဝင်နေပါက ထိုပုပ်ဆွေးမှုမှာ ဝိညာဉ် ပေါက်ကွဲခြင်း ကို ဖြစ်ပေါ်စေမည်။ တစ်ဖက်တွင်မူ ကျင့်ကြံခြင်း ဝိညာဉ်မှာ သန့်စင်ပြီး နူးညံ့သော စွမ်းအင်များ ဖြစ်ပါက ဝိညာဉ် ပြိုလဲခြင်းကို ဖြစ်ပေါ်စေမည် ဖြစ်သည်။
ဝိညာဉ် ပေါက်ကွဲခြင်းမှာ ကျင့်ကြံခြင်းလမ်းစဉ် သွေဖီခြင်း ကဲ့သို့ ပြင်းထန်ပြီး ဖျက်ဆီးအား ကောင်းလှသည်။ ဝိညာဉ် ပြိုလဲခြင်းမှာမူ သက်တမ်းနှင့် ဝိညာဉ်သက်တမ်းများ ကုန်ဆုံးချိန်တွင် ဖြစ်ပေါ်တတ်သော ကျင့်ကြံခြင်းစွမ်းအား ပျောက်ကွယ်ခြင်း ကဲ့သို့ပင် တိတ်ဆိတ်လှသည်။
အခြားတစ်ဖက်တွင်မူ ကောင်းကင် ကပ်ဘေးမှာ ခွဲခြားမှုမရှိဘဲ ရက်စက်ကြမ်းကြုတ်လှသည်။ ၎င်းသည် ကျိန်စာဖောက်ဖျက်သူကို ဦးတည်သော်လည်း ဘေးပတ်ဝန်းကျင်ရှိ သူများကို ဂရုမစိုက်ဘဲ ရက်စက်စွာ တိုက်ခိုက်တတ်သည်။ ၎င်းသည် လုံးဝ အသက်ရှင်ခွင့် မပေးဘဲ သတ်ဖြတ်ရန်သာ ကြိုးစားသည်။
ထို့အပြင် ကောင်းကင် ကပ်ဘေးသည် မသိရသော အကြောင်းရင်းများကြောင့် အရှိန်မြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်းများကို အလိုအလျောက် ပြုလုပ်နိုင်ပြီး တစ်စုံတစ်ဦးက ကြားဝင်နှောင့်ယှက်ပါက ကပ်ဘေးသည် အားလုံးကို သုတ်သင်ရန်အတွက် ၎င်း၏ စွမ်းအားကို အဆမတန် တိုးမြှင့်လေ့ရှိသည်။
ယခင်က ကောင်းကင် ကပ်ဘေးကြောင့် ဂြိုဟ်တစ်ခုလုံး ပျက်စီးခဲ့ရဖူးသည်။ အထူးသဖြင့် ပစ်မှတ်မှာ ထိုဂြိုဟ်၏ အုပ်ချုပ်သူ သို့မဟုတ် ဖန်တီးသူ ဖြစ်နေပါက ပို၍ ဆိုးဝါးသည်။ ကမ္မ ချည်နှောင်မှုများမှာ တစ်ခါတစ်ရံတွင် ရှင်းလင်းသော်လည်း တစ်ခါတစ်ရံတွင်မူ ဝေဝါးလှသည်။ အုပ်ချုပ်သူများသည် သူတို့၏ နယ်မြေအတွင်းရှိ သက်ရှိအားလုံးနှင့် ကမ္မ ဆက်သွယ်မှု ရှိနေကြသည်။ ထို့ကြောင့် ဂလက်ဆီတစ်ခုလုံးပင် ထိခိုက်နစ်နာနိုင်သည်။
သို့ဆိုလျှင်ပင်... ကောင်းကင် တာအို၏ ကောင်းချီးကို ရရှိထားသူများအတွက်မူ ကောင်းကင် ကပ်ဘေးကို ရင်ဆိုင်ကျော်လွှားခြင်းက ကြီးမားသော အကျိုးကျေးဇူးများကို ရရှိစေပြီး ကျိန်စာဖောက်ဖျက်သူကိုလည်း ထို "ကောင်းချီးခံ" ၏ ကံကြမ္မာနှင့် ချိတ်ဆက်ပေးကာ အံ့ဩဖွယ်ကောင်းလောက်အောင် ခွင့်လွှတ်ပေးတတ်သည်။
သို့သော် လျှို့ဝှက် ပြစ်ဒဏ် မှာမူ တရားမျှတပြီး ပစ်မှတ်ကိုသာ အာရုံစိုက်သည်။ ၎င်းသည် တိတ်ဆိတ်သည်။ သေစေနိုင်သည်။ အရေးမစိုက်ပေ။
ဝေ့ဝူယင်က သူ၏ လက်ကို ဝေ့ယမ်းလိုက်၏။ ဝိညာဉ် ပုံရိပ်ယောင်များမှာ ရှုထောင့်သုံးခုအဖြစ် ပြောင်းလဲသွားသည်။ ဘီလျံပေါင်း များစွာသော ကြည့်ရှုသူများ အထူးသဖြင့် ကောင်းကင် သန့်စင်ခြင်းဂလက်ဆီဇုန်အတွင်း၌ ရှိနေကြသူများမှာ ကွဲပြားခြားနားသော ရှုထောင့်သုံးခုကို မြင်တွေ့လိုက်ကြရသည်။
ပထမရှုထောင့် - မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင် ဖြစ်သည်။ ထိုနေရာ၏ ထိပ်ဖျားတွင် ပုံရိပ်နှစ်ခု ရပ်နေသည်။ ၎င်းတို့မှာ အထွတ်အထိပ် သူတော်စင် အမျိုးသမီးနှင့် ကောင်းဟိန်တို့ ဖြစ်ကြသည်။
ဒုတိယရှုထောင့် - ပိုမိုဝေးကွာသော နေရာမှ ဖြစ်ပြီး မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင် တည်ရှိရာ ကြယ်ကွင်းပြင်ကို ပြသနေသည်။
တတိယရှုထောင့် - ထိုထက်ပင် ပိုမိုဝေးကွာသော နေရာမှ ဖြစ်သည်။ ကောင်းကင် သန့်စင်ခြင်း ဂလက်ဆီဇုန် တစ်ခုလုံးကို ပြသထားသည်။
မရေမတွက်နိုင်သော ကြည့်ရှုသူများသည် ရင်းနှီးပြီးသားဖြစ်သော နက်ပြာရောင် မြူခိုးများအကြား တိမ်တိုက်များပေါ်တွင် ဟာရီကိန်းမုန်တိုင်းများကဲ့သို့ လှည့်ပတ်စီးဆင်းနေသည်ကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။
ဝေ့ဝူယင်က လက်ဟန်ချိပ်စည်း တစ်ခုကို အသာအယာ ဖော်ဆောင်လိုက်သည်။ ဝိညာဉ်အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး လှည့်ပတ်စီးဆင်းနေသော နေရာတစ်ခုချင်းစီပေါ်တွင် ကြယ်ကွင်းပြင် သို့မဟုတ် ဂြိုဟ်အမည်များကို မှတ်သားလိုက်သည်။ ၎င်းမှာ တည်နေရာအားဖြင့် အတိအကျကြီး မဟုတ်သော်လည်း ကြည့်ရှုသူတိုင်းမှာ ထိုနေရာများသည် ပရမ်းပတာ အခြေအနေများ စုစည်းနေသော နေရာများဖြစ်ကြောင်း သိရှိနိုင်ကြသည်။
ဒုတိယရှုထောင့်ရှိ အမည်များမှာမူ ဂြိုဟ်များ သို့မဟုတ် ကြယ်ကွင်းပြင်များ မဟုတ်ဘဲ တက္ကသိုလ်များနှင့် အကယ်ဒမီများကဲ့သို့သော အဖွဲ့အစည်း အသီးသီး၏ အမည်များ ဖြစ်နေကြသည်။
ပထမရှုထောင့်တွင် ကောင်းဟိန်၏အမည်နှင့် မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်ကိုသာ ဖော်ပြထားသည်။ အခြားအရာများ မပါဝင်ပေ။ အထွတ်အထိပ် သူတော်စင်အမျိုးသမီး၏ အမည်ကို ဖော်ပြမထားရာ ထိပ်တန်းပညာရှင်အချို့က သိကြသော်လည်း ကျန်လူအများစုမှာ သူမ မည်သူဖြစ်သည်ကို မသိကြချေ။
သူမသည် ဝဝကစ်ကစ်နှင့် အန္တရာယ် မရှိပုံပေါ်သော်လည်း သူမထံမှ ထွက်ပေါ်နေသော အော်ရာမှာမူ ကောင်းကင်၏ ကိုယ်စားလှယ်တစ်ဦးအလား ခမ်းနားထည်ဝါလှပြီး ကောင်းကင်စွမ်းအားများဖြင့် ပဲ့တင်ထပ်နေသည်။
သူမက ဝေ့ဝူယင် ဖန်တီးထားသည့် ဝိညာဉ် ပုံရိပ်ယောင်ကို တည့်တည့်စိုက်ကြည့်လိုက်၏။ ခဏတာမျှ ဝေခွဲမရဖြစ်သွားပြီးနောက် အခြေအနေကို သဘောပေါက်သွားကာ ဒေါသအလိပ်လိပ် ထွက်လာတော့သည်။ သူမသည် ထိုပုံရိပ်ယောင်ကို ဖျက်ဆီးပစ်ရန် ပြင်ဆင်နေကြောင်း မည်သူမဆို မြင်နိုင်ပေသည်။
စုရီ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွား၏။ ဝေ့ဝူယင်၏ ဝိညာဉ်ပုံရိပ်ယောင်များမှာ အလွန်တရာ အသေးစိတ်ကျလှရုံသာမက ဝိညာဉ်အာရုံမှတစ်ဆင့် အော်ရာများကိုပါ ထုတ်လွှင့်နိုင်စွမ်းရှိနေသည်။ ဤသည်မှာ အံ့ဩဖွယ်ကောင်းလှသည်။
ကြည့်ရှုသူအားလုံး၏ ဝိညာဉ်အာရုံအတွင်း ဝေ့ဝူယင်၏ အသံမှာ ပဲ့တင်ထပ်သွားသည်။
"လုပ်ကြည့်လေ... လုပ်ရဲရင်"
စကားလုံး ခြောက်လုံးမျှသာ ဖြစ်သော်လည်း အလွန်အမင်း အစွမ်းထက်သော ဝိညာဉ်ခွန်အားနှင့် ဝိညာဉ်အလင်းတန်းများ ပေါက်ကွဲထွက်လာမှုကြောင့် ၎င်းမှာ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။
ဝဝပြည့်ပြည့် အထွတ်အထိပ် သူတော်စင်အမျိုးသမီး၏ အမူအရာ ချက်ချင်း ပြောင်းလဲသွား၏။ သူမသည် တုံ့ပြန်ရန် စဉ်းစားနေသော်လည်း အဆုံးတွင်မူ အေးစက်စက် နှာခေါင်းရှုံ့လိုက်ရုံသာ တတ်နိုင်တော့သည်။ လက်ရှိရင်ဆိုင်နေရသော အသက်အန္တရာယ်အကျပ်အတည်းကြားတွင် နောက်ကွယ်မှ ကန်မည့်ရန်သူမျိုးကို သူမ အပိုမတိုးလိုတော့ချေ။
သူမသည် ကောင်းဟိန်ကို စိတ်ထဲမှ အသည်းအသန် ကျိန်ဆဲနေမိသည်။ ကောင်းဟိန်မှာမူ "မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း အဂ္ဂိရတ် သူတော်စင်" လုပ်ဆောင်နေသည့်အတိုင်း ထိုအမျိုးသမီး၏ နောက်ကွယ်တွင် ပုန်းအောင်းနေသည်။
အဂ္ဂိရတ်သူတော်စင်ကြီးမှာမူ မျှော်စင်အတွင်း၌ ပုန်းနေခြင်းဖြစ်သည်။ မျှော်စင်မှာ ချိပ်ပိတ်ခံထားရသဖြင့် ကောင်းဟိန်အနေဖြင့် ထိုအမျိုးသမီးနောက်တွင် ပုန်းရုံမှတစ်ပါး အခြားမရှိချေ။
ချင်ရင်ရင်၏ မျက်လုံးများမှာမူ တောက်ပလာတော့၏။ သူမ၏ အကြည့်များမှာ ဝေ့ဝူယင်အပေါ်သို့သာ အပြည့်အဝ စုစည်းထားသည်။ သူမ၏ စိတ်ထဲမှ ထင်ကြေးမှာ ယခုအခါ လုံးဝ အတည်ဖြစ်သွားပြီဖြစ်သည်။ သူမ၏ စိတ်အာရုံပေါ်တွင် ဖုံးလွှမ်းနေသော မြူခိုးများ ကွာကျသွားသည့်အလား ကမ္ဘာကြီးကို အရှင်းသား မြင်တွေ့လိုက်ရသည်။
ဝေ့ဝူယင်က သူမကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ ဝိညာဉ်တစ်ခုလုံး တုန်ရီသွားသည်။ သို့သော် သူမ မကြောက်ချေ။ အစောပိုင်းက လက်မှတ်ထိုးထားသော "လျှို့ဝှက် စာချုပ်" အရ ကစားသမားများအချင်းချင်း ကျင့်ကြံခြင်းစွမ်းအားဖြင့် တိုက်ခိုက်ခြင်းကို တားမြစ်ထားသည်။ အာကာသ ရတနာ မကျူးကျော်ရ ဆိုသည့် စည်းမျဉ်းမျိုး မရှိသည်က ကောင်းဟိန် အတွက် ကံဆိုးမိုးမှောင်ကျသွားခြင်းပင်။
"စပြီ..."
ထျန်းရှီယာ နောက်ဆုံးတွင် စကားပြောလာ၏။ သူမသည် အစောပိုင်းက ထိတ်လန့်မှုကြောင့် တိတ်ဆိတ်နေခဲ့သော်လည်း ကောင်းကင် သန့်စင်ခြင်းဂလက်ဆီဇုန်၏ ရှုထောင့်သုံးခုကို မြင်တွေ့လိုက်ရချိန်တွင် သူမ၏ စိတ်ဝင်စားမှုမှာ အခြားသော ဘီလျံပေါင်းများစွာသော ကြည့်ရှုသူများကဲ့သို့ပင် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
အီမန်တက် နှင့် ဟောင်ချန်းရွှယ်တို့မှာလည်း ဖြစ်ပျက်နေသမျှကို ဝေဖန်သုံးသပ်နေကြသည်။ ကောင်းဟိန်အနေဖြင့် လေလံဈေးကို မယှဉ်နိုင်ခဲ့မှုကြောင့် ချက်ချင်းရှုံးနိမ့်သွားခြင်းနှင့် နောက်ဆက်တွဲ ပြစ်ဒဏ်များအကြောင်းကို ရှင်းပြနေကြသည်။
၎င်းတို့ပြသနေသည်မှာ အချိန်နှင့်တစ်ပြေးညီ မဟုတ်ဘဲ အခြေအနေများကို တမင်တကာ နှေးကွေးအောင် လုပ်ထားခြင်းဖြစ်ကြောင်း၊ သို့သော် ကြည့်ရှုသူများအနေဖြင့် ၎င်းတို့၏ ဝိညာဉ်အာရုံကို အသုံးပြုပါက အရှိန်မြှင့်၍ အစစ်အမှန်အချိန်အတိုင်း ကြည့်ရှုနိုင်ကြောင်း ရှင်းပြသည်။ သို့သော် ဖြစ်ရပ်များမှာ အလွန်လျင်မြန်နိုင်သဖြင့် သတိထားရန်လည်း သတိပေးထားသည်။
၎င်းတို့၏ ဝေဖန်သုံးသပ်ချက်များမှာ မရေမတွက်နိုင်သော လူများကို နားလည်စေရန် ကူညီပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင် သန့်စင်ခြင်းဂလက်ဆီဇုန်အတွင်းရှိ သူများသည် သူတို့၏ နက်ပြာရောင်ကောင်းကင်ယံကို ကြည့်ရန် ပြေးထွက်လာကြသည်။
အချို့မှာမူ သူတို့ကမ္ဘာ၏ သိသာထင်ရှားသော အပြောင်းအလဲများကို မြင်တွေ့နေရသည်။ သို့သော် အများစုမှာ ဝိညာဉ်ပုံရိပ်ယောင်များကို ပြန်လည်ကြည့်ရှုရန်သာ အပြေးအလွှား ပြန်လာကြသည်။ သူတို့၏ ကိုယ်ပိုင်အမြင်မှာ အလွန်အမင်း အကန့်အသတ်ရှိနေပေသည်။
ဤနယ်ခြားသား၏ ဝိညာဉ်ကွန်ရက်မှာ မည်မျှအထိ အံ့ဩဖွယ်ကောင်းကြောင်းနှင့် ဂလက်ဆီဇုန်များကို ဖြတ်ကျော်၍ မိတ်ဆွေများနှင့်အတူ ကြည့်ရှုနိုင်လောက်အောင် မည်မျှ ကျယ်ပြန့်ကြောင်းကို အားလုံးက ထိတ်လန့် နေကြသည်။ တစ်ခုတည်းသော ကန့်သတ်ချက်မှာ ဝိညာဉ်ခွန်အားနှင့် ဝိညာဉ်အာရုံ အဆင့်အတန်းတစ်ခု ရှိရန်သာဖြစ်ရာ ကြည့်ရှုသူအများစုမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်ကြသည်။
အမှန်စင်စစ်... တောက်ပသော ကြယ်နန်းတော်၏ ဂုဏ်သတင်းနှင့် ကြားနေမှု၊ ထို့အပြင် ဤ လျှို့ဝှက် ကစားပွဲနှင့် ပတ်သက်၍ အလွန်အမင်း စိတ်ဝင်စားမှုများသာ မရှိပါက ဝေ့ဝူယင်အနေဖြင့် အဖွဲ့အစည်းအသီးသီးကို ဤကွန်ရက် တည်ထောင်ရန် ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပါချေ။
***
အပိုင်း(၂၂၈၆)
“စပြီ...” ဆိုသည့် ထျန်းရှီယာ၏ စကားများက တစ်စုံတစ်ခုကို စတင်လိုက်သကဲ့သို့ပင် အားလုံး တိတ်ဆိတ်သွားကြသည်။ ဝေဖန်သုံးသပ်သူ နှစ်ဦးပင် တိတ်သွားသည်။ အားလုံးက ပုံရိပ်ယောင် သုံးခုကို ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။
စုရီသည် ပထမ စက္ကန့်အနည်းငယ်ကို ကြည့်နေစဉ် မျက်လုံးများမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ ဆယ်စက္ကန့်ကျော်ခန့် ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးများ အနည်းငယ် ပြူးလာသည်။ စက္ကန့်သုံးဆယ်ခန့် ကြည့်လိုက်ချိန်တွင်တော့ သူ၏ အသက်ရှူသံများ ပြင်းထန်လာပြီး သူ၏ မျက်လုံးများမှာ မျက်တောင်ပင် မခတ်နိုင်လောက်အောင် ပြူးကျယ်လာတော့သည်။ တစ်မိနစ်ခန့် ကြည့်လိုက်ချိန်တွင် စုရီ တစယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူ၏ နှလုံးခုန်သံမှာ ဘေးပတ်ဝန်းကျင်ရှိသူများ ကြားနိုင်လောက်အောင်ပင် ပြင်းထန်နေတော့သည်။
ထိုအချိန်တွင် သူတို့အားလုံးမှာ မိမိတို့၏ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော နှလုံးခုန်သံများကို ကြားနေရပြီ ဖြစ်သည်။
ပထမဆုံးသော လျှို့ဝှက် ပြစ်ဒဏ်မှာ ကျရောက်လာပြီ ဖြစ်သည်။
ဤပြစ်ဒဏ်မှာ ပဲ့တင်ထပ် ဝိညာဉ် အဆင့် ပညာရှင်များကို ဒဏ်ရာရစေရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ၊ ပထမအဆင့်ဖြစ်သော ကောင်းကင်ငယ် တမန်တော် တစ်ဖြစ်လည်း ရိုးရွဲ သူတော်စင် အဆင့်ရှိ သမားရိုးကျ အထွတ်အထိပ် ပညာရှင်များကို အပြတ်အသတ် သတ်ဖြတ်ရန်အတွက် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။
သမိုင်းတစ်လျှောက်တွင် ဤကဲ့သို့သော ဖြစ်ရပ်မျိုးမှာ ငါးကြိမ်၊ ခြောက်ကြိမ်ထက်မက ဖြစ်ပွားခဲ့ဖူးခြင်း မရှိသလောက် ရှားပါးလှပြီး ဖြစ်ပွားခဲ့သည့် အကြိမ်တိုင်းတွင်လည်း သက်သေရှိခဲ့ခြင်း မရှိပေ။ ၎င်းမှာ အလွန်တရာ လျင်မြန်လွန်းခြင်းကြောင့်သော်လည်းကောင်း၊ သို့မဟုတ်ပါကလည်း ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူများသည် မိမိတို့ ကျိန်စာကို ဖောက်ဖျက်တော့မည်ကို သိရှိနားလည်သည့်အခါ ကြီးမားသော ပြင်ဆင်မှုများ ပြုလုပ်ပြီး ချိပ်ပိတ်ထားသော ကမ္ဘာတစ်ခုအတွင်း၌သာ နောက်ဆုံးအဆင့်အထိ ခုခံတတ်ကြသောကြောင့်သော်လည်းကောင်း ဖြစ်သည်။
လူသိအများဆုံးသော အဆင့်မြင့် လျှို့ဝှက် ပြစ်ဒဏ် တစ်ခုမှာ တစ်ခါက လျှို့ဝှက်အရှင် တစ်ဦးသည် သူ၏ ဆရာကို သစ္စာဖောက်ခဲ့စဉ်က ဖြစ်ပွားခဲ့သည်။ ထိုစဉ်က ပဲ့တင်ထပ် ဝိညာဉ် အဆင့် ပညာရှင်တစ်ဦးက ကြားဝင်ဟန့်တားပေးခဲ့သဖြင့် ထိုသူမှာ သေဘေးမှ လွတ်မြောက်ခဲ့ဖူးသည်။ သို့သော် ယခုအခြေအနေမှာ ထိုမျှမရိုးရှင်းပေ။
သူတို့ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ အလင်းတန်းတစ်ခု ဖြစ်သည်။ ၎င်းမှာ ရွှေရောင်မြူခိုးများ ဖုံးလွှမ်းနေသော သုံးပွင့်ဆိုင် ရောင်စဉ်တန်း အလင်းတန်း တစ်ခုပင်။ ၎င်းသည် ဟင်းလင်းပြင် အတွင်းမှ ပေါ်ထွက်လာပြီး အချိန်မြစ် နှင့် အစဦး စကြဝဠာ ဗဟိုချက်တို့မှ ဆင်းသက်လာသည့်အလား ဖြစ်ကာ၊ အချိန်နှင့် အာကာသအားလုံးကို ထိန်းချုပ်နေသည့် အနှစ်သာရများကဲ့သို့ပင် ဖြစ်နေသည်။ ၎င်းသည် မည်သည့် အသံဗလံ သို့မဟုတ် ထူးခြားသော တုန်ခါမှုမျိုးမျှ မရှိဘဲ မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင် ဆီသို့ ပစ်လွှတ်လိုက်တော့သည်။
၎င်းမှာ လေဆာတန်းတစ်ခု ကမ္ဘာမြေမျက်နှာပြင်ပေါ်သို့ ကျရောက်လာသကဲ့သို့ပင် အာကာသ၊ အချိန်နှင့် ကောင်းကင်အားလုံးအတွင်းသို့ ထွင်းဖောက်ဝင်ရောက်သွားသည်။
ကြည့်ရှုနေသူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ပေါ်လာတော့သည် - ဤအရာသည် အထွတ်အထိပ် တည်ရှိမှုများကို သတ်ဖြတ်နိုင်စွမ်း ရှိသည် ဟူ၍...။ အသိဉာဏ်အနည်းဆုံးသော "လျှို့ဝှက် ကြယ်တာရာ အဆင့်" ပညာရှင်တစ်ဦးပင်လျှင် ဤမရှင်းပြနိုင်သော အတွေးမျိုး ဝင်လာမိသည်။
တစ်ချိန်တည်းမှာပင် ဝဝပြည့်ပြည့် အထွတ်အထိပ် သူတော်စင် အမျိုးသမီး၏ မျက်ဝန်းများမှာ အလွန်အမင်း ပြူးကျယ်သွားပြီး ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားသည်ကို အားလုံး မြင်တွေ့လိုက်ကြရသည်။ ထိုမြင်ကွင်းကို အထူးပြု၍ ပြသထားခြင်း ဖြစ်သည်။
ထိုအခိုက်၌ သူမသည် သူမ၏ စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်ကို မြင်တွေ့ရသည်။ အတိုင်းအဆမဲ့သော ကောင်းကင်ကြီးနှင့် တူညီသည့် နက်ပြာရောင် တစ်ဝက်ကာ အကာအကွယ် တစ်ခု ပေါ်လာ။ မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်က ကောင်းကင် တံခါး တစ်ခုကို ဖန်တီးကာ ကောင်းကင် ဥပဒေသ၏ နယ်ပယ်သုံးထောင်အနက် တစ်ခုဖြစ်သော "ကောင်းကင်ရေနယ်မြေ" ထံမှ ရေဥပဒေသများကို ဆွဲယူကာ ကောင်းကင် အလင်းတန်း အမြောက်အမြားကို ထုတ်ယူလိုက်သည်။
ထိုအကာအကွယ်မှာ အလွန်တရာ ကြီးမားလှပြီး မျှော်စင်ကိုသာမက ထိုကြယ်ကွင်းပြင်၏ နယ်နိမိတ်အတွင်းရှိ အရာအားလုံးကို ကာကွယ်ပေးထားနိုင်စွမ်း ရှိသည်။
ဒုတိယရှုထောင့်မှကြည့်လျှင် ထိုအကာအကွယ်မှာ မည်မျှ ကြီးမားကြောင်း အားလုံး မြင်တွေ့နိုင်သည်။ ထိုအကာအကွယ်နှင့် ရွှေရောင်မြူခိုးများ ဖုံးလွှမ်းထားသော ရောင်စဉ်တန်း အလင်းတန်းတို့ ထိပ်တိုက်တွေ့ဆုံမှုကို သူတို့ မြင်တွေ့လိုက်ရသည်။ ရလဒ်မှာ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။
ရွှေရောင်မြူခိုးများ ဖုံးလွှမ်းထားသော ရောင်စဉ်တန်း အလင်းတန်းသည် ထိုအကာအကွယ်ကို ပါးလွှာသော စက္ကူချပ်တစ်ခုကဲ့သို့ အလွယ်တကူ ထွင်းဖောက်သွားသည်။ လူအများ မျှော်လင့်ထားသကဲ့သို့ အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိခဲ့ချေ။
ဝဝပြည့်ပြည့် အထွတ်အထိပ် သူတော်စင် အမျိုးသမီးသည် ပြင်းထန်စွာ အော်ဟစ်ဆဲဆိုလိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ သူမသည် လက်ကို ဝေ့ယမ်းလိုက်ပြီး ကောင်းဟိန်၏ ကိုယ်ခန္ဓာနှင့် ဝိညာဉ်ကို တိုက်ရိုက် သတ်ဖြတ်လိုက်တော့သည်။ ရွှေရောင်မြူခိုးများ ဖုံးလွှမ်းထားသော ရောင်စဉ်တန်း အလင်းတန်းအတွင်း အရာအားလုံး မဝါးမြိုခံရမီမှာပင်၊ သူမသည် ကောင်းဟိန်အား ပြန်လည်ဝင်စားခွင့် အခွင့်အရေးပင် မရရှိအောင် အမြစ်ပြတ် သုတ်သင်လိုက်ခြင်း ဖြစ်သည်။
နောက်ထပ် အခိုက်အတန့်တွင်မူ...
အလင်းတန်းမှာ ပျောက်ကွယ်သွား၏။
၎င်းမှာ အလွန်တရာ လျင်မြန်ပြီး ရိုးရှင်းလှရာ၊ ဝိညာဉ်ကွန်ရက်၏ ဝိညာဉ်ပုံရိပ်ယောင်များနှင့် အလွန်အမင်း နှေးကွေးအောင် ပြသထားသည့် စနစ်သာ မရှိပါက အားလုံး လွဲချော်သွားကြပေလိမ့်မည်။
မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်မှာ ပြင်ပတွင် မည်သည့် ထိခိုက်ဒဏ်ရာမျှ မရှိဘဲ ကျန်ရစ်သည်။ သို့သော် အနီးကပ် စစ်ဆေးကြည့်လိုက်သောအခါ၊ ယခင်က ကောင်းကင်တံခါးကို ဖန်တီးနိုင်စွမ်းရှိသော မျှော်စင်၏ "လျှို့ဝှက်-ကောင်းကင်" အဆင့် အော်ရာမှာ မရှိတော့ချေ။ ၎င်းမှာ မည်သည့် ခြစ်ရာမျှ မရှိသော သာမန်မျှော်စင်တစ်ခုသာ ဖြစ်သွားတော့သည်။
တစ်ချိန်တည်းမှာပင်... ပုံရိပ်တစ်ခုမှာ ပြင်းထန်စွာ အသက်ရှူနေပြီး၊ အဝတ်အစားများမှာ စုတ်ပြတ်သတ်နေကာ ဆံပင်များမှာလည်း အပျက်အစီး ဖြစ်နေသည်။ သူမ၏ အော်ရာမှာလည်း မှေးမှိန်နေတော့သည်။ သူမ၏ ခန္ဓာကိုယ်ရှိ အပေါက်တိုင်းမှ သွေးများ ထွက်နေပြီး၊ ဝိညာဉ်အလင်းတန်းများ ပေါင်းစပ်နေသော ထိုသွေးများသည် ဆွဲဆောင်မှုရှိသော အော်ရာတစ်ခုနှင့်အတူ စီးကျနေသည်။
၎င်းမှာ ထိုဝဝပြည့်ပြည့် အထွတ်အထိပ် သူတော်စင် အမျိုးသမီးပင် ဖြစ်သည်။
သို့သော်... သူမမှာ အလွန်တရာ ပိန်ချောင်သွား၏။ အဆီအဖြစ် သိုလှောင်ထားသော သူမ၏ အရန်စွမ်းအား အားလုံးမှာ ကုန်ဆုံးသွားသဖြင့် ပိန်သွားရခြင်း ဖြစ်သည်။ သို့သော် သူမ အသက်ရှင်ကျန်ရစ်ခဲ့သည်။ ရှင်သန်နိုင်ခဲ့ပြီ ဖြစ်သည်။
ဒုတိယနှင့် တတိယ ရှုထောင့်များမှ ကြည့်လျှင်မူ...
ဝိညာဉ်ကွန်ရက် တစ်ခုလုံးတွင် ကြည့်ရှုသူတိုင်း၏ နှလုံးသားဆီသို့ တိတ်ဆိတ်ခြင်းများ တစ်ခုပြီးတစ်ခု ကျရောက်လာတော့သည်။ ၎င်းမှာ ဒဏ္ဍာရီလာ မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်မှ ကောင်းကင်အော်ရာများ ကုန်ဆုံးသွားခြင်းကြောင့်လော၊ သို့မဟုတ် မဟာမိတ်များ၏ အဆုံးသတ်ကို ဖော်ပြနေသော နက်ပြာရောင်မြူခိုး ဝဲဂယက်များ ငြိမ်သက်သွားခြင်းကြောင့်လော၊ သို့မဟုတ်ပါက ထိုပိန်လှီသွားသော အထွတ်အထိပ် သူတော်စင် အမျိုးသမီး၏ လက်ချက်ဖြင့် ကောင်းဟိန် ရက်ရက်စက်စက် သေဆုံးသွားခြင်းကြောင့်လော ဆိုသည်မှာ မဝေခွဲနိုင်အောင်ပင်။ အထူးသဖြင့် နောက်ဆုံးဖြစ်ရပ်မှာ လူအများ၏ ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။ ဂုဏ်သရေရှိလှသော နာမည်ကျော် လောက အဂ္ဂိရတ်ရှန့်ထို ကောင်းဟိန်ကို အသတ်ခံရလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
ပိန်လှီသွားသော အထွတ်အထိပ် သူတော်စင် အမျိုးသမီးသည် သူမ၏ လုပ်ရပ်ကို ဘီလျံပေါင်းများစွာသော လူများက နှေးကွေးသော ပုံရိပ်များဖြင့် မြင်တွေ့သွားလိမ့်မည်ဟု ထင်ထားပုံမရပေ။ သို့သော် "လျှို့ဝှက် ပြစ်ဒဏ်" နှင့် "လျှို့ဝှက် လမ်းစဉ်" ကို နားလည်သူများကမူ သူမ အဘယ်ကြောင့် ဤမျှ ရက်စက်ရသနည်းဆိုသည်ကို ကောင်းစွာ သဘောပေါက်ကြသည်။ လျှို့ဝှက် ပြစ်ဒဏ်သည် သေစေနိုင်လောက်သော စွမ်းအားရှိသော်လည်း ၎င်းသည် အစစ်အမှန် ဝိညာဉ်ကို ဖျက်ဆီးပစ်ခြင်း မရှိပေ။ ၎င်း၏ စွမ်းအားမှာ ပစ်မှတ်ကို ထိမှန်ပြီးနောက် ပျယ်ပြယ်သွားကာ မည်သည့် အစွန်းအထင်းမျှ ကျန်ရစ်ခြင်း မရှိချေ။
ကျင့်ကြံသူများ၏ စွမ်းအားနှင့် ခြားနားစွာပင်... ၎င်းသည် အချိန်နှင့် အာကာသ စီးဆင်းမှုကို နှောင့်ယှက်ခြင်း မရှိပေ။ ထို့ကြောင့် ပြစ်ဒဏ်ကျရောက်ရာ ဗဟိုချက်တွင် အာကာသ ကူးပြောင်းမှုများ ပြုလုပ်နိုင်ဆဲ ဖြစ်သလို၊ အချိန်ပြောင်းပြန်လှန်ခြင်းကိုလည်း အဟန့်အတား မဖြစ်စေပေ။
ဆိုလိုသည်က... ကောင်းဟိန်မှာ သေဆုံးသွားသော်လည်း အလွန်ကြီးမားသော တန်ဖိုးကို ပေးဆပ်နိုင်ပါက ထိုသေဆုံးမှုမှာ ခေတ္တခဏသာ ဖြစ်နိုင်သည်။ သို့သော် ယခုမူ ထိုအမျိုးသမီးသည် ကောင်းဟိန်ကို အချိန်စီးကြောင်း ထဲမှ ပြန်လည်ဆွဲထုတ်နိုင်မည့် အခွင့်အရေးဟူသမျှကို အမြစ်ပြတ်အောင် ချေမှုန်းလိုက်ခြင်း ဖြစ်သည်။
လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူများ အထူးသဖြင့် ကောင်းကင်ရှန့်ထို အဆင့်ရှိသူများကို အချိန်ပြောင်းပြန်လှန်ခြင်းဖြင့် ကယ်တင်ရန်မှာ စိတ်ကူးကြည့်၍ပင် မရနိုင်သော တန်ဖိုးကို ပေးဆပ်ရသည်။ ဥပမာအားဖြင့် ဝူယုသည် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို ပြန်လည်ပြုပြင်ရန် နှစ်ပေါင်း ရာနှင့်ချီ၍ အချိန်ပေးခဲ့ရဖူးသည်။
သူမ၏ လုပ်ရပ်မှာ ရက်စက်လှသော်လည်း လျှို့ဝှက် ပြစ်ဒဏ်၏ ပြင်းထန်မှုကို မြင်တွေ့ပြီးနောက်တွင်မူ ယုတ္တိတန်လှပေသည်။ အကယ်၍ သူမသာ သေဆုံးသွားပါက သူမကို ကယ်တင်နိုင်မည့်သူ မရှိတော့ချေ။ သူမ၏ ကျင့်ကြံခြင်းအခြေခံမှာ သူမ၏ အစစ်အမှန် ဝိညာဉ်နှင့် ပေါင်းစပ်နေပြီဖြစ်ရာ သူမ အသတ်ခံရပါက သူမ၏ အစစ်အမှန် ဝိညာဉ်ပါ ပျက်စီးသွားပေလိမ့်မည်။ ထို့ကြောင့် သူမ သေရတော့မည်ဆိုလျှင် ကောင်းဟိန်ကို အသက်ပြန်ရှင်ခွင့် ပေးစရာ အကြောင်းမရှိတော့ဟု သူမ တွေးတောခြင်း ဖြစ်သည်။ ကောင်းဟိန်သည်လည်း ဤအချက်ကို သိသောကြောင့်ပင် သေဆုံးပြီးမှ ကယ်တင်ခြင်း ခံရမည့်အစား မျှော်စင်၏ စွမ်းအားဖြင့် ပြစ်ဒဏ်ကို တိုက်ရိုက်ရင်ဆိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကံဆိုးစွာဖြင့်...
ပိန်လှီသွားသော အထွတ်အထိပ် သူတော်စင် အမျိုးသမီးသည် သူမ၏ အတွေ့အကြုံရင့်ကျက်လှသော မျက်ဝန်းများဖြင့် ကျရောက်လာတော့မည့် ဒုတိယမြောက် ရွှေရောင်မြူလွှမ်း ရောင်စဉ်တန်း အလင်းတန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ဤသည်မှာ ဒုတိယမြောက် ပြစ်ဒဏ်သာ ရှိသေးသည်။ ခုနစ်ကြိမ် တောင် ကျန်သေးသည်။ ခုနစ်ကြိမ် တိတိ။
***