← Chapters

အခန်း (၂၂၈၉-၂၂၉၀)

Vol. 164 Ch. 2289-2290

အခန်း (၂၂၈၉-၂၂၉၀)

Vol. 164 Ch. 2289-2290

အပိုင်း(၂၂၈၉)

ချင်ရင်ရင်သည်လည်း အလားတူပင် တွေးခဲ့သည်။ ကစားပွဲအတွင်း ဝေ့ဝူယင်၏ ရွေးချယ်ခံ တစ်ဦးဦးကိုသာ သူမ သတ်နိုင်ခဲ့ပါက သူသည် "လျှို့ဝှက် ပြစ်ဒဏ်" ၏ ဝါးမြိုမှုကို ခံရပြီး ထိုနေရာတင် သေဆုံးရပေလိမ့်မည်။ လောင်းကြေးမှာ အလွန်ပင် ကြီးမားလှသည်။

စုရီပင်လျှင် ဝေ့ဝူယင်၏ အခြေအနေမှာ အန္တရာယ်များလှသည်ဟု ခံစားမိပြီး သူ၏ စဉ်းစားပုံကို လုံးဝ နားမလည်နိုင် ဖြစ်နေသည်။ ထိုအထွတ်အထိပ် သူတော်စင်ကြီးက အောင်ပွဲအတွက် ထိုမျှအထိ ယုံကြည်မှု ရှိနေသလော။ သို့မဟုတ် ဤသည်မှာ "အင်ပါယာ ဥပဒေသ" ၏ လွှမ်းမိုးမှုကြောင့် နောက်တစ်လှမ်းပင် ဆုတ်ရန် ငြင်းဆန်နေခြင်းလော။

သို့သော် ချင်ရင်ရင်၏ စိတ်အာရုံမှာမူ ပြင်းထန်စွာ တုန်လှုပ်နေသည်။ သူမတွင် ခိုင်မာသော ယုံကြည်ချက်တစ်ခု ရှိနေသည်။ ၎င်းမှာ ကောင်းဟိန်ကို ပို့ဆောင်လိုက်သော၊ အထွတ်အထိပ် သူတော်စင်ကို စိန်ခေါ်ဝံ့သော ဝေ့ဝူယင်မှာ အထွတ်အထိပ် သူတော်စင် တစ်ဦး မဟုတ်ဟူသော အချက်ပင်။

မဟုတ်သေး...။ ထိုမျှတင်မကသေးချေ...။ သူ၏ အစစ်အမှန် ကျင့်ကြံခြင်း အခြေခံမှာ အခြေခံ ယုတ္တိဗေဒကိုပင် ဆန့်ကျင်နေသည်။ သူမ၏ အရှေ့ရှိ ဝေ့ဝူယင်သည် "လျှို့ဝှက် ကြယ်တာရာ အဆင့်" ရှိသည့် ကျင့်ကြံသူ ဖြစ်တာ သေချာသလောက် ဖြစ်သည်။ ဤသို့ဆိုလျှင်... ယခုမြင်နေရသော ဝေ့ဝူယင်မှာ ကိုယ်စားလှယ် တစ်ဦးသာ ဖြစ်ပြီး အစစ်အမှန် အစွမ်းထက်သော ဝေ့ဝူယင်မှာ နောက်ကွယ်မှ ညွှန်ကြားနေခြင်း ဖြစ်နိုင်သည်ဟု သူမ ထင်မြင်မိသည်။ အာရုဏ်ဦး ဧကရာဇ်သည် မကြာသေးမီက ပြတ်သားသော ဆည်းဆာ ဂလက်ဆီကို သိမ်းပိုက်ခဲ့သည်ဆိုသော သတင်းနှင့်ဆိုလျှင် ဤအချက်မှာ ပို၍ ယုတ္တိတန်သည်။ သို့သော် သူမ အနေဖြင့် အခြားသူများကို သက်သေမပြနိုင်သလို၊ မည်သူကရော သူမကို ယုံကြည်မည်နည်း။

ဤနယ်ခြားသားမှာ အမှန်တကယ်ပင် "လျှို့ဝှက် ကြယ်တာရာ အဆင့်" ကျင့်ကြံသူ ဖြစ်နေပြီး "ပဲ့တင်ထပ် ဝိညာဉ် အဆင့်" ပညာရှင်များကို စိန်ခေါ်နိုင်လောက်အောင် အစွမ်းထက်နေသည် ဆိုသည့် ရူးသွပ်ဖွယ် ဖြစ်နိုင်ခြေကိုလည်း သူမ ခဏတာမျှ တွေးမိလိုက်သည်။ အကယ်၍ ထိုသို့သာ မှန်ကန်ပါက စုရီ၏ ဒဏ္ဍာရီလာ အောင်မြင်မှုများနှင့် ဤဂလက်ဆီအတွင်းရှိ ကောင်းကင်ကို အံတုသော ပါရမီရှင်များ အားလုံးမှာ အမှိုက်များအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

အမှန်တကယ် အမှိုက်များ...

ငြင်းချက်ထုတ်မရသော အမှိုက်များပင်။

သို့သော် သူမသည် ထိုရူးသွပ်သော အတွေးကို ချက်ချင်းပင် ဖယ်ထုတ်လိုက်သည်။ သူမရှေ့တွင် ရှိနေသော ဝေ့ဝူယင် မှာ အစစ်အမှန် မဟုတ်ဟုသာ သူမ ဆုံးဖြတ်လိုက်သည်။ ကံကောင်းသည်က လျှို့ဝှက် စာချုပ်ကို လက်မှတ်ထိုးထားခြင်း ဖြစ်ရာ၊ အကယ်၍ သူသာ ကိုယ်စားလှယ် အသုံးပြုခဲ့ပါက လောင်းကစားကိစ္စ အားလုံးကို ပယ်ဖျက်ရန် ခိုင်လုံသော အကြောင်းပြချက် ဟုပင် ဆိုနိုင်သည်။ ထိုအရာက သူမ အတွက် ဝှက်ဖဲပင် ဖြစ်သည်။

သူမ မသိရှိလိုက်သည်က...။

ဝေ့ဝူယင် ချင်ရင်ရင်၏ အတွေးများကို အရေးမစိုက်ပေ။ သူ၏ အလှည့်ရောက်လာသောအခါ ကြည့်ရှုသူများနှင့် ပါဝင်သူ အားလုံးကို ထပ်မံ၍ တုန်လှုပ်သွားစေမည့်အရာကို သူ ပြုလုပ်လိုက်သည်။ သူသည် ယခင်နှင့် လုံးဝ ကွဲပြားခြားနားသော အဂ္ဂိရတ် ထုတ်ကုန်အသစ်များကို ထုတ်ပြလိုက်ခြင်း ဖြစ်သည်။ ထိုအရာအားလုံးမှာ အထွတ်အထိပ် အရည်အသွေး များသာ ဖြစ်နေကြသည်။ ၎င်းမှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေသည့် မြင်ကွင်းပင်...။

ဟောင်ချန်းရွှယ် နှင့် ရှန့်လျိုတို့ နှစ်ဦး ဝေ့ဝူယင် ထုတ်ပြလိုက်သော အထွတ်အထိပ် အရည်အသွေးရှိ ထုတ်ကုန်များ၏ အရေအတွက်နှင့် အမျိုးအမည်စုံလင်မှုတို့ကြောင့် မှင်သက်နေစဉ် အီမန်တက် က အခြေအနေကို ပြန်လည်ထိန်းကျောင်းလိုက်သည်။ ဝေ့ဝူယင်သည် ထုတ်ကုန်အမျိုးအစား လေးမျိုးစလုံးကို ပုံစံမျိုးစုံ၊ အသုံးချပုံမျိုးစုံဖြင့် ထုတ်ပြနေခြင်းမှာ ကြွားဝါနေခြင်း မဟုတ်ဘဲ ကြေညာချက်တစ်ခု ထုတ်ပြန်နေခြင်းပင် ဖြစ်သည်။ ၎င်းကား - "အာရုဏ်ဦး အင်ပါယာ၏ အဂ္ဂိရတ်ပညာရပ်သည် အစွမ်းကုန် သန့်စင်ခြင်းဂလက်ဆီထက် အဆင့်မနိမ့်ပါ" ဟူသော အချက်ပင်။

ဤသည်မှာ သေးငယ်သော လှုပ်ရှားမှုတစ်ခုဟု ထင်ရသော်လည်း ၎င်း၏ ရိုက်ခတ်မှုမှာ ထိပ်တန်းပညာရှင်များစွာကို ဝေ့ဝူယင်၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကောက်ချက်အမျိုးမျိုး ချစေခဲ့သည်။ အချို့မှာမူ မှန်ကန်စွာ ခန့်မှန်းမိသွားကြပြီး ထိုနောက်ဆက်တွဲ အကျိုးဆက်များကြောင့် မူလ ဝိညာဉ်များရောက်သည် အထိ တုန်လှုပ်သွားကြသည်။ သူတို့သည် မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်နှင့် မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း မျှော်စင်တို့ဆီသို့ မကြည့်ဘဲ မနေနိုင်ကြတော့ချေ။

ဟင်းလင်းပြင် အတွင်း၌ စူးဟောင်ရန် နှင့် ဝတ်ရုံနက်ဝတ် အထွတ်အထိပ် သူတော်စင် အမျိုးသမီးတို့သည် ယာယီမဟာမိတ်ဖွဲ့ကာ အတူတကွ ရှာဖွေနေကြသည်။ လက်ရှိတွင် အဖွဲ့လေးဖွဲ့သာ "လျှို့ဝှက် စာချုပ်" များကို ရှာဖွေနေကြခြင်းဖြစ်သည်။ ပါဝင်သူတစ်ဦးစီ၌ သီးခြားစီ ချိတ်ဆက်ထားသော စာချုပ်များ ရှိနေခြင်း၏ အဓိပ္ပာယ်ကို အများစုက သဘောပေါက်နားလည်သွားကြပြီ ဖြစ်သည်။

"ငါ ဒီလို ဘုရင်တွေကို မုန်းတယ်..."

စူးဟောင်ရန်က အေးစက်စွာ ပြောလိုက်သည်။ ဝတ်ရုံပွကြီး ဝတ်ဆင်ထားသော အမျိုးသမီးမှာမူ ဟင်းလင်းပြင်အတွင်း ရောက်ရှိနေစဉ်မှာပင် ဝိညာဉ်ကွန်ရက်နှင့် ချိတ်ဆက်ထားရင်း သူ့ကို အရေးမစိုက်သလို တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ စွမ်းအားများမှာ လျှို့ဝှက်အာဏာရှင် အဆင့်ထက် ကျော်လွန်နေပြီး ကောင်းကင်ထံမှ ခွန်အားများကို ဆွဲယူကာ ခန့်မှန်းချက်အားလုံးကို အံတုနေကြသည်။ ဤသည်မှာ အထွတ်အထိပ် တည်ရှိမှုများ၏ သဘောသဘာဝပင် ဖြစ်သည်။

"ငါလည်း သဘောတူတယ်..."

အသံတစ်သံ ထွက်ပေါ်လာသည်။ အထွတ်အထိပ် သူတော်စင် နှစ်ဦးစလုံးသည် မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်မှ ပိန်လှီသွားသော အမျိုးသမီး အထွတ်အထိပ် သူတော်စင်ရှိရာဘက်သို့ လှည့်ပင် မကြည့်ကြချေ။ သူမ၏ မျက်နှာမှာ ဖြူရော်နေပြီး အသက်ဓာတ်များ ကုန်ခမ်းနေသည်။ သူမသည် လျှို့ဝှက် ပြစ်ဒဏ်ကြောင့် ကြီးမားသော ထိခိုက်မှုများကို ခံစားခဲ့ရပြီး သူမ ကျင့်ကြံအားထုတ်ခဲ့သမျှ အားလုံးမှာ ပြိုလဲပျက်စီးသွားခဲ့ရသည်။

ထိုအရာမှာ နှစ်ပေါင်း သုံးသိန်းကျော် ကျင့်ကြံအားထုတ်ခဲ့သမျှ ဖြစ်သည်။

အကုန်လုံး ပျောက်ကွယ်သွားလေပြီ...

ခဏချင်းအတွင်းမှာပင်။

သူမသည် အလွန်အမင်း ဒေါသထွက်နေသလို၊ ထိုသို့ ဒေါသထွက်ရန်လည်း အခွင့်အရေးရှိသည်။ ကံကောင်းသည်က သူမ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းပင်။ ထို့အပြင် သူမသည် အကြောင်းရင်းကိုလည်း သိရှိသည်။ အကယ်၍ ဤနှစ်ဦးသာ မရှိပါက သူမသည် ဒုတိယမြောက် ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့လျှင်ပင် တတိယ၊ စတုတ္ထ သို့မဟုတ် ကိုးခုမြောက် ပြစ်ဒဏ်များတွင် ဧကန်မုချ သေဆုံးပေလိမ့်မည်။ သူမတွင် ထွက်ပြေးစရာ လမ်းမရှိပေ။ သူမသည် ကောင်းဟိန်ကို အရိုးထဲကပါ နာကျည်းနေသည်။ သူ၏ အစစ်အမှန် ဝိညာဉ်ကိုပါ အမြစ်ပြတ် သုတ်သင်လိုက်ရသဖြင့် ကြီးမားသော ကမ္မအပြစ်များကို ရရှိခဲ့သော်လည်း သူ၏ အသုံးမကျမှုအပေါ် ထားရှိသော သူမ၏ မုန်းတီးမှုကို မဖျောက်ဖျက်နိုင်သေးချေ။

ညဉ့်ဦးယံ နိမိတ်ဖတ်သူများ အဖွဲ့မှ အထွတ်အထိပ် သူတော်စင်က သူမဘက်သို့ လှည့်ကြည့်လိုက်သည်။

"နင့်ရဲ့ အစစ်အမှန် ဝိညာဉ်ချီရဲ့ တစ်စိတ်တစ်ပိုင်းကို နောင်တ အနေနဲ့ ပူဇော်ဖို့ မမေ့နဲ့ဦး‌ေ

သူမက အေးစက်စွာ သတိပေးလိုက်သည်။ ပိန်လှီသွားသော အထွတ်အထိပ် သူတော်စင် အမျိုးသမီးသည် ဟင်းလင်းပြင်အတွင်းရှိ ထူးဆန်းသော စွမ်းအားများကို အသက်ဝဝ ရှူသွင်းလိုက်သည်။ သူမသည် ကမ္မအပြစ် များအကြောင်းကို အထိုက်အလျောက် သိရှိထားသည်။ အစစ်အမှန် ဝိညာဉ်များကို ဖျက်ဆီးခြင်းမှာ ကောင်းကင် တာအိုဥပဒေသများကို စော်ကားခြင်းဖြစ်ကာ နောက်ဆက်တွဲ အကျိုးဆက်များ ရှိလာတတ်ကြောင်း သိသည်။ သို့သော် ကောင်းကင် ဝတ်ပြုပွဲများ မှတစ်ဆင့် ၎င်းတို့ကို ပြန်လည်ဖြေရှင်းနိုင်သည့် နည်းလမ်းများ ရှိသည်။ ၎င်းမှာ သူမ၏ နောင်အနာဂတ် ကျင့်ကြံခြင်းနှင့် ခွန်အားအပေါ် သိသိသာသာ သက်ရောက်မှု ရှိပေလိမ့်မည်။ သို့သော် ထိုအချိန်က သူမ သေရတော့မည့် အခြေအနေနှင့်ယှဉ်လျှင် သူမ နောင်တမရပေ။ ကောင်းဟိန်မှာ အသက်ပြန်ရှင်ခွင့် ရှိနိုင်သော်လည်း...။

သူမမှာမူ မရှိချေ။

"သဘောတူညီချက်ရဲ့ ငါ့အပိုင်းကို ကျေပွန်အောင် ငါ အတတ်နိုင်ဆုံး လုပ်ပါ့မယ်"

ပိန်လှီသွားသော အမျိုးသမီး အထွတ်အထိပ် သူတော်စင်က ပြတ်သားစွာ ကြေညာလိုက်သည်။ ကျန်နှစ်ဦးမှာ ခေါင်းညိတ်ရုံသာ ပြုလုပ်လိုက်ကြသည်။

သူတို့ သုံးဦး ပူးပေါင်းလိုက်သောအခါ ထူးခြားပြောင်မြောက်သော အဖွဲ့တစ်ဖွဲ့ ဖြစ်လာတော့သည်။ တစ်ချိန်တည်းမှာပင် အခြားသော အဖွဲ့သုံးဖွဲ့မှာ - အခြားသော မိုးကုပ်စက်ဝိုင်းမျှော်စင်များမှ ငှားရမ်းထားသော လက်မရွံပညာရှင်များ ပါဝင်သည့် "တာအို တရားဥပဒေသ ထိန်းသိမ်းသူများ" အဖွဲ့၊ ကောင်းကင် သူတော်စင် မျှော်စင် ခုနစ်ခုမှ မှ အထွတ်အထိပ် သူတော်စင်နှင့် မဟာမိတ်အဖွဲ့၊ နောက်ဆုံးတွင် "ပြတ်သားသော ဆည်းဆာ" ဂလက်ဆီမှ သူတော်စင် သုံးပါးဖြစ်သော ပါခက်၊ နက်ပစ် နှင့် နက်ပရီ တို့ ဖြစ်ကြသည်။

ထူးဆန်းသည်က ထိုသူတော်စင် သုံးပါးမှာ အားအနည်းဆုံး ဖြစ်သော်လည်း သူတို့တွင် စူးဟောင်ရန်ပင် ဒုက္ခပေးရန် ခက်ခဲသော အံ့ဩဖွယ် ဟင်းလင်းပြင်ရတနာ တစ်ခု ရှိနေခြင်းပင်။ သူတို့သည် ရေထဲမှ ငါးများကဲ့သို့ပင်။ သူတို့သာ ဝေ့ဝူယင်၏ ရှာဖွေရေးအဖွဲ့ကို ဖယ်ရှားနိုင်ပါက သူ့ကို အားနည်းအောင်လုပ်ပြီး သူ၏ လျှို့ဝှက် စာချုပ်ကို လုယူနိုင်ပေလိမ့်မည်။

ခြိမ်းခြောက်ငွေညှစ်ခြင်း ၏ အရသာမှာ သူတို့၏ လျှာဖျားတွင် ချိုမြိန်နေဆဲ ဖြစ်သည်။ သူတို့သည် ဤနယ်ခြားသားကို ကျေးဇူးတင်ရန်ပင် စဉ်းစားမိကြသည်။ သူ သေဆုံးချိန်တွင် လျှို့ဝှက် ပြစ်ဒဏ်ကျရောက်လာပါက သူတို့က ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ပြုံးပြုံးလေး ကျေးဇူးတင်စကား ဆိုချင်နေကြခြင်း ဖြစ်သည်။

စူးဟောင်ရန်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွား၏။ ရွှေရောင်လွန်းပျံယာဉ်တစ်ခု ဟင်းလင်းပြင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။ သူတို့၏ နိမိတ်ဖတ်သူများ ရောက်ရှိလာပြီ ဖြစ်သည်။ လျှို့ဝှက်စာချုပ်များနှင့် ပတ်သက်သည့် အမှန်တရား ပေါ်ပေါက်လာပြီးနောက်၊ ၎င်းကို အသုံးချ၍ အကျိုးအမြတ် ရယူနိုင်သည့် အခွင့်အရေးမှာ မည်သည့်အချိန်ထက်မဆို ပိုမိုကြီးမားလာတော့သည်။

...

မူလအာရုဏ်ဦး နန်းတော် အတွင်းရှိ "လျှို့ဝှက် ကစားပွဲ - တော်ဝင်တိုက်ပွဲ” စင်မြင့်ပေါ်တွင်မူ အီမန်တက်နှင့် ဟောင်ချန်းရွှယ်တို့သည် တက်ကြွသော လေသံဖြင့် အားလုံး၏ အာရုံကို ဖမ်းစားလိုက်ကြသည်။

"ကျွန်မကို လျှို့ဝှက် ကစားပွဲ - တော်ဝင်တိုက်ပွဲ ရဲ့ အသေးစိတ်ကို ပြောပြပေးနိုင်မလားရှင်... ကျွန်မ တစ်ခါမှ မကစားဖူးလို့ပါ"

အီမန်တက်က ဘာမှမသိသလို ဟန်ဆောင်ကာ ထပ်မံမေးမြန်းလိုက်သည်။

"ဒါပေါ့..."

ဟောင်ချန်းရွှယ်က မဆိုင်းမတွ သဘောတူလိုက်သည်။ ကြည့်ရှုသူများအနေဖြင့် စည်းမျဉ်းများကို မသိပါက အချို့သော လုပ်ဆောင်ချက်များနှင့် ရွေးချယ်မှုများ၏ အဓိပ္ပာယ်ကို နားလည်နိုင်မည် မဟုတ်ပေ။ သူက စတင်ရှင်းပြလိုက်ပါတော့သည်။

***

အပိုင်း(၂၂၉၀)

အီမန်တက် စကားစလိုက်သည်နှင့် အားလုံး၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ဝိုင်းစက်သွားကြသည်။ ဝိညာဉ်အာရုံများမှာလည်း တစ်ချက်တည်းသို့ စူးစိုက်သွားကြ၏။ ဝိညာဉ်ကွန်ရက်အတွင်း၌ လှုပ်ရှားမှုများမှာ သက်ဝင်လှုပ်ရှားနေပြီး အဆက်အသွယ်ရှိသူများ၊ မိတ်ဆွေများ၊ မဟာမိတ်များအကြား သီးသန့်နယ်မြေများအတွင်း တိုးတိုးတိတ်တိတ် ဆွေးနွေးမှုများဖြင့် ဆူညံနေသည်။

ဤပွဲကို စောင့်ကြည့်နေကြသော လျှို့ဝှက်အာဏာရှင်များနှင့် ထူးချွန်ထက်မြက်လှသော သေမျိုးအနည်းငယ်တို့မှာ ဤကစားပွဲ၏ စည်းမျဉ်းစည်းကမ်းနှင့် အမျိုးအစား ကွဲပြားမှုများကို ကောင်းစွာ သိရှိထားကြသော်လည်း ကစားပွဲအကြောင်း ရှင်းပြသည့် အခါတိုင်းတွင်မူ အပြစ်ဆိုဖွယ်မရှိသော ရိုသေလေးစားမှုမျိုးကို သဘာဝအလျောက် ပြသကြစမြဲ ဖြစ်သည်။

ထို့အပြင် ကြည့်ရှုသူ အတော်များများမှာ ဤကဲ့သို့သော ကစားပွဲများမှတစ်ဆင့် ပေါ်ထွက်လာသူများ ဖြစ်ကြသည်။ သူတို့၏ ကမ္ဘာငယ်လေးများသည် အထက်မှ ကျင့်ကြံသူများ၏ ကောင်းချီးပေးမှုကို ခံခဲ့ရပြီး သူတို့၏ ဘဝများသည်လည်း ပိုမိုကြီးမားသော လောကကြီးအတွင်းသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ ဆုတ်ယုတ်နေသော လူ့အဖွဲ့အစည်းအတွင်းမှ သေမျိုးတစ်ဦးသည် ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းခွင့် ရရှိလိုက်သကဲ့သို့ ထင်မှတ်မထားသော အခွင့်အရေးများကို ရရှိခဲ့ကြသူများ ဖြစ်၏။ သူတို့သည် ရေတွင်းထဲက ဖားငယ်များအဖြစ်မှ လွတ်မြောက်ကာ ကောင်းကင်နှင့် မြေကြီး၏ ကျယ်ပြောလှပုံကို မြင်တွေ့ခွင့် ရခဲ့ကြသူများပင်။

ဟောင်ချန်ရွှဲက မူလ ကစားပွဲ၏ အခြေခံသဘောတရားများဖြင့် စတင်ရှင်းလင်းလိုက်သည်။

"သူတော်စင် အီမန်တက်... လျှို့ဝှက် ကစားပွဲရဲ့ မူလအစဟာ အလွန်ပဲ နက်နဲလှပါတယ်... အရာခပ်သိမ်းကို စတင်ဖန်ဆင်းချိန်မှာ ရှေးဟောင်းနတ်ဘုရားတွေနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ နတ်ဘုရားကိုယ်ပွားတွေ ကစားခဲ့ကြတာလို့ ဆိုကြပါတယ်... ဒါဟာ အမှန်လား၊ မဟုတ်ဘူးလားဆိုတာ ဘယ်သူမှ မသိနိုင်ပေမယ့် ကျင့်ကြံသူတွေ အာဏာရှင်အဆင့်ကို တက်လှမ်းနိုင်တဲ့ နည်းလမ်းကို စတင်တွေ့ရှိချိန်ကတည်းက ဒီကစားပွဲက ရှိနေခဲ့တာပါ... ကောင်းကင်နဲ့မြေကြီးကို ရုန်းကန်အန်တုပြီး အာဏာရှင်အဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေကြတဲ့ ကျွန်တော်တို့ရဲ့ အတိတ်ကလို သေမျိုးတွေကို ကောင်းချီးပေးချင်တဲ့ ဆန္ဒကနေ ဒီကစားပွဲ ပေါ်ပေါက်လာတာပါ... ဒါဟာ စေတနာတရားကို လက်တွေ့အကောင်အထည် ဖော်တာပဲ ဖြစ်ပါတယ်..."

"ဘယ်လို ပုံစံမျိုးနဲ့ပဲ ကစားကစား ကစားပွဲတိုင်းဟာ စင်မြင့်ကမ္ဘာ ကို ရွေးချယ်တာနဲ့ စတင်ပါတယ်... ဒါဟာ ကစားပွဲ ကျင်းပမယ့် သီးခြားကမ္ဘာ ဒါမှမဟုတ် နေရာတစ်ခု ဖြစ်ပါတယ်... ကျွန်တော်တို့ရဲ့ ကစားသမား ခုနစ်ယောက်... အဲ... ခြောက်ယောက်ဟာ တောက်ပသော ကြယ်နန်းတော်က ထောက်ပံ့ပေးထားတဲ့ သေမျိုးတွေပဲ နေထိုင်တဲ့၊ ကြယ်တာရာအဆင့်ရှိတဲ့ ဖီဆန်သော နဂါးတိုက်ကြီး လို့ ခေါ်တဲ့ ကုန်းမြေတိုက်ကြီးကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ကြပါပြီ"

ဟောင်ချန်ရွှဲက ကျောက်စိမ်းစားပွဲ၏ အလယ်ဗဟိုသို့ လက်ညှိုးညွှန်ပြလိုက်သည်။ ကြည့်ရှုသူအားလုံး၏ အကြည့်မှာ စားပွဲအလယ်သို့ ရောက်ရှိသွားကြ၏။ ထိုနေရာတွင် ဖြူလွလွ မြူခိုးများ ဖုံးလွှမ်းနေပြီး စားပွဲအတွင်း မြှုပ်နှံထားသော ကမ္ဘာပုံစံတစ်ခု ရှိနေသည်။ ၎င်းမှာ ထိုင်ခုံတစ်ခုချင်းစီနှင့် အကွာအဝေး တူညီပြီး စားပွဲ၏ လေးပုံတစ်ပုံခန့် အရွယ်အစား ရှိသည်။ မြူခိုးများ ကင်းစင်သွားချိန်တွင် အချိန်ကာလ ရပ်တန့်နေသည့် တိုက်ကြီးတစ်ခု ပေါ်ထွက်လာလေသည်။

ထိုအခိုက်တွင် ဝေ့ဝူယင်၏ စိတ်မျက်လုံးအတွင်း၌ ဖီဆန်ပေါက်စသည် စိတ်လှုပ်ရှားစွာဖြင့် တုန်ခါနေပြီး နေမီးတောက်များကို ထုတ်လွှတ်နေသည်။ ဖီဆန်ခြင်း ဟူသော စာလုံးမှာ ၎င်း၏ အမည်ထဲကအတိုင်း ရေးထုံး၊ ဖတ်ထုံး တူညီနေပေသည်။

ဝရား...

တစ်ချိန်တည်းမှာပင် ခရာတိုသည်လည်း ဖီဆန်ပေါက်စ၏ စိတ်လှုပ်ရှားမှုနှင့်အညီ ဟိန်းဟောက်လိုက်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် ထူးခြားသော ဆက်နွှယ်မှုကို ခံစားလိုက်ရ၏။ အမှန်စင်စစ်အားဖြင့် တိုက်ဆိုင်မှုဟုပင် ဆိုရမလောက် ရေပြင်ပေါ်တွင် တည်ရှိနေသော ထိုတိုက်ကြီး၏ ပုံစံမှာ ခရာတို၏ အစစ်အမှန် ကိုယ်ထည်ပုံစံနှင့် ဆင်တူနေသည်။ ၎င်းမှာ အလွန်ပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှ၏။

ဝေ့ဝူယင်သည် အစပိုင်းတွင် ဤတွေ့ရှိမှုကြောင့် အံ့အားသင့်သွားရသည်။ ၎င်းမှာ ကံကြမ္မာတစ်ခုကဲ့သို့ ဖြစ်သော်လည်း တစ်ဖက်တွင်မူ ကောင်းကင်တာအိုများ ရှိနေကြောင်း သိမ်မွေ့သော အရိပ်အယောင်တစ်ခုလည်း ဖြစ်သည်။ အမှန်စင်စစ် ဤတိုက်ကြီးကို လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက တောက်ပသော ကြယ်နန်းတော်မှ ကျပန်းဖန်တီးထားခြင်း ဖြစ်ကာ ကြားနေသေမျိုးများကို ထည့်သွင်းထားပြီး ကစားပွဲ၏ အခြေခံစည်းမျဉ်းများနှင့်အညီ ကျင့်ကြံခြင်းစနစ်ကို သိမ်မွေ့စွာ ထည့်သွင်းပေးထားခြင်း ဖြစ်သည်။

မျိုးနွယ်စုများသို့ ပေးအပ်ထားသော ကျင့်ကြံခြင်း နည်းလမ်း အရေအတွက်ကို ၃၀၀၀ အထိ ကန့်သတ်ထားပြီး တစ်ခုချင်းစီမှာ ကြယ်တာရာ အမြုတေ အဆင့်၏ ပထမအဆင့်ဖြစ်သော လောကပင်လယ် အဆင့် သို့သာ ရောက်ရှိနိုင်ကာ အချို့ကိုလည်း ရည်ရွယ်ချက်ရှိရှိ အပိုင်းအစများအဖြစ် ပြန့်ကျဲထားခဲ့သည်။

၎င်းမှာ တိုက်ကြီးပေါ်တွင် နေထိုင်သူများ၏ စူးစမ်းလိုစိတ်နှင့် စိတ်ဝင်စားမှုကို မလွဲမသွေ လှုံ့ဆော်ပေးခဲ့သည်။ အနှစ် ၃၀၀၀ တိတိ သဘာဝအတိုင်း ကြီးထွားလာစေခြင်းအားဖြင့် ဤစင်မြင့်ကမ္ဘာများသည် ကျပန်းကျင့်ကြံခြင်း လူ့အဖွဲ့အစည်းများကို မွေးဖွားပေးလေ့ရှိသည်။

အချို့မှာ မိစ္ဆာစစ်ပွဲနယ်မြေ ကဲ့သို့ ဖြစ်သွားနိုင်ပြီး အဂ္ဂိရတ်တာအိုကို ကိရိယာတစ်ခုအဖြစ်သာ သဘောထားကာ အဂ္ဂိရတ်ပညာရှင်များကို နှိမ်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ကျင့်ကြံခြင်းအတွက် အသုံးချခံအဖြစ်သာ သဘောထားတတ်ကြသည်။

အချို့မှာမူ တိုင်းနိုင်ငံများနှင့် အင်ပါယာများကို မွေးဖွားပေးပြီး နယ်ချဲ့ဝါဒကို အခြေခံကြသည်၊ သို့မဟုတ် ကောင်းကင်နှလုံးသား ဂလက်ဆီ ကဲ့သို့ သားရဲများက အုပ်ချုပ်သော နေရာများလည်း ဖြစ်သွားနိုင်ပေသည်။

စင်မြင့်ကမ္ဘာအတွင်းရှိ သေမျိုးများ၏ ရည်မှန်းချက်များနှင့် တွေ့ရှိမှု အချိန်အခါများပေါ် မူတည်၍ အမျိုးမျိုးသော အသွင်ကူးပြောင်းမှုများနှင့် ရလဒ်များ ဖြစ်ပေါ်လာနိုင်ရာ အခြေအနေများမှာ တူညီနေသော်လည်း ကျင့်ကြံခြင်းနည်းလမ်း ၃၀၀၀၊ ဖွံ့ဖြိုးမှုကာလ ၃၀၀၀ နှင့် မျိုးနွယ်စု ၃၀၀၀ ခန့်မှန်းရ အလွန်ခက်ခဲလှပေသည်။

ဟောင်ချန်ရွှဲက မရပ်မနား ဆက်လက်ပြောကြားသည်။

"ဒီတိုက်ကြီးပေါ်မှာရှိတဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေနဲ့ မျိုးနွယ်စုတွေကိုတော့ ပုံမှန်စံနှုန်းကနေ ပြောင်းလဲထားတာ မရှိပါဘူး... အဓိက မျိုးနွယ်စု သုံးခုကတော့ လူသား၊ သားရဲနဲ့ နတ်ဆိုးတွေ ဖြစ်ပါတယ်... ကျင့်ကြံခြင်းနည်းလမ်း ၃၀၀၀ ထဲမှာတော့ အဂ္ဂိရတ်ပညာရပ်ရဲ့ ကဏ္ဍခုနစ်ရပ်ကို အဓိကထားတဲ့ အဂ္ဂိရတ်တာအို နည်းလမ်း ခုနစ်မျိုး ပါဝင်ပါတယ်"

၎င်းမှာ အခြား ဂလက်ဆီများ၏ လျှို့ဝှက် ကစားပွဲတိုင်းအတွက် စံနှုန်းမဟုတ်သော်လည်း အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွက်မူ စံနှုန်းတစ်ခု ဖြစ်သည်။ ၎င်းကို ဂလက်ဆီတစ်ခု၏ သီးသန့်ရိုးရာဟု ခေါ်ဆိုနိုင်သည်။ လူ့အဖွဲ့အစည်းတိုင်းတွင် ကွဲပြားမှုများ ရှိကြရာ စုနန်ကျူးနှင့် ကျားယန်တို့ ကစားခဲ့သော ကစားပွဲတွင်မူ အာကာသ အတတ်ပညာများနှင့် ဂါထာမန္တန်များကို ပိုမိုထည့်သွင်းရန် စည်းမျဉ်းသတ်မှတ်ထားပြီး အဆုံးမဲ့ ခရီးသွား နယ်မြေ၏ စည်းမျဉ်းအရ ကံပါသူကို ရှာဖွေနိုင်သည့် အဆောင်များကိုလည်း ထည့်သွင်းထားတတ်သည်။

ကျန်ရှိသော မျိုးနွယ်စု ၂၉၉၇ ခုတွင်မူ ကမ္ဘာဦး သားရဲမဟုတ်သော သတ္တဝါများနှင့် သစ်ပင်၊ ပန်းမန် အပင်မျိုးစုံ ပါဝင်သည်။ ထိုအရာအားလုံးမှာ အမတေများ ထုတ်လွှတ်နိုင်ရန် သို့မဟုတ် အဆင့်မြင့်အထိ ကျင့်ကြံနိုင်ရန်နှင့် မိစ္ဆာများအဖြစ်သို့ ကူးပြောင်းနိုင်ရန် အလားအလာရှိသော လက္ခဏာများ ထည့်သွင်းခံထားရသည်။ အနှစ် ၃၀၀၀ အကုန်တွင် ရှင်သန်ကျန်ရစ်သူ အလွန်နည်းပါးလှရာ ထူးခြားသော ဂေဟစနစ်တစ်ခုကို ဖန်တီးပေးသည်။

"မူလကစားပွဲမှာ အနိုင်ရဖို့အတွက် ရည်ရွယ်ချက်ကတော့ လူတွေ၊ နေရာတွေ၊ အရာဝတ္ထုတွေ ဒါမှမဟုတ် လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဖြစ်ရပ်တွေကို မှန်ကန်အောင် ခန့်မှန်းဖို့ပဲ ဖြစ်ပါတယ်... မှန်ကန်တဲ့ ခန့်မှန်းချက်တစ်ခုစီအတွက် သတ်မှတ်ထားတဲ့ အမှတ်တွေ ရရှိပါမယ်... အရာဝတ္ထုတွေအတွက် ၁ မှတ်၊ လူတွေအတွက် ၂ မှတ်၊ နေရာတွေအတွက် ၃ မှတ်နဲ့ လူ့အဖွဲ့အစည်းအတွက် ၇ မှတ် ရရှိမှာပါ။"

"ပန်းတိုင်ကတော့ ပြိုင်ဘက်ထက် အရင် ၉ မှတ် ပြည့်အောင် ယူဖို့ပါပဲ... ကစားသမားတစ်ဦးစီကို အစောပိုင်း ခန့်မှန်းချက် သုံးခု ခွင့်ပြုထားပြီး တစ်ကြိမ်မှာ အများဆုံး ခန့်မှန်းချက် လေးခုအထိပဲ တက်ကြွစွာ ထားရှိနိုင်ပါတယ်... ဒါပေမဲ့ ရှိပြီးသား ကစားသမားရဲ့ ခန့်မှန်းချက်နဲ့ တူလို့မရပါဘူး... ကစားသမားတွေအနေနဲ့ သူတို့ရဲ့ ခန့်မှန်းချက်ကို လျှို့ဝှက်ကဒ် တစ်ချပ် ပေးဆပ်ပြီး လဲလှယ်နိုင်ပါတယ်... ကစားပွဲအစမှာ ကဒ် ၉ ချပ် ရရှိမှာ ဖြစ်ပြီး ဒီနည်းလမ်းကို ခန့်မှန်းချက်က မအောင်မြင်နိုင်တော့တဲ့ အခါမျိုး ဒါမှမဟုတ် ခန့်မှန်းချက် ပြည့်စုံသွားတဲ့ အခါမျိုးမှာ အသုံးပြုကြပါတယ်..."

"လျှို့ဝှက်ကဒ်တွေကတော့ ကစားသမားတွေအနေနဲ့ စင်မြင့်ကမ္ဘာရဲ့ အခြေအနေတွေအပေါ် ပါဝင်ပတ်သက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ... ကတ်အမျိုးအစား ငါးမျိုး ရှိပါတယ်... အဲဒါတွေကတော့ ကောင်းချီးပေးခြင်း ၊ ကပ်ဘေး ၊ အသက်ဇီဝ ၊ တာအို နဲ့ ပယ်ဖျက်ခြင်း တို့ ဖြစ်ပြီး အမျိုးအစား တစ်ခုစီမှာ ထူးခြားတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်... ကတ်တိုင်းမှာလည်း သေမျိုး၊ မြေကြီး၊ ကောင်းကင် ဆိုပြီး အဆင့်တွေ ရှိပါတယ်..."

"ကောင်းချီးပေးခြင်းကဒ်တွေကတော့ ယေဘုယျအားဖြင့် ကံကောင်းခြင်းတွေကို ပေးဆောင်တာပါ... ပေးနိုင်တဲ့ အတိုင်းအတာကတော့ ကစားသမားရဲ့ စွမ်းဆောင်ရည်နဲ့ ကဒ်ရဲ့ အဆင့်ပေါ်မှာ မူတည်ပါတယ်... ဥပမာအားဖြင့် သေမျိုး အဆင့်ရှိတဲ့ ဘဏ္ဍာရှာတွေ့ခြင်း ကောင်းချီးပေးခြင်းကဒ်ဟာ လူတစ်ဦး ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ကို အဆင့်နိမ့် ကျင့်ကြံခြင်း ဘဏ္ဍာတိုက်တစ်ခုကို ရှာဖွေတွေ့ရှိစေပါတယ်... ဒါဟာ အခြေအနေပေါ် မူတည်ပြီး အသုံးဝင်နိုင်သလို အသုံးမဝင်တာလည်း ဖြစ်နိုင်ပါတယ်... အဲဒါကို ဘယ်လို စီစဉ်ပေးမလဲဆိုတာ ကစားသမားက ကြံစည်ရမှာ ဖြစ်ပြီး တရားသူကြီးများတွေ ဒါမှမဟုတ် မိမိကိုယ်တိုင်က အကောင်အထည် ဖော်ရမှာပါ..."

"ကပ်ဘေးကတ်တွေကတော့ ကံဆိုးမှုတွေကို ပေးတာပါ... လူ့အဖွဲ့အစည်းတွေကို ကပ်ရောဂါ ကျရောက်စေတာ ဒါမှမဟုတ် ကျင့်ကြံသူတစ်ဦးကို ကျင့်ကြံခြင်းအခြေခံ အားနည်းသွားစေမယ့် ဖျားနာမှုတွေ ပေးတာမျိုး ပါဝင်ပါတယ်... ဒီကတ်တွေကို ပြိုင်ဘက်တွေအပေါ်မှာ အသုံးပြုလေ့ရှိသလို မိမိရဲ့ ခန့်မှန်းချက်မှာ ဆိုးကျိုးရလဒ် ထွက်ပေါ်လာဖို့ ဒါမှမဟုတ် လူတစ်ဦးရဲ့ စိတ်ဓာတ်နဲ့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးဖို့လည်း အသုံးပြုနိုင်ပါတယ်... အကောင်းဆုံး ဥပမာကတော့ တစ်ဦးတစ်ယောက်ရဲ့ မိသားစုဝင် ဒါမှမဟုတ် ဆရာသမားကို ကပ်ဘေးတစ်ခု ပေးလိုက်ခြင်းအားဖြင့် သူတို့ကို ဆေးကုသမှု ရှာဖွေဖို့ ဒါမှမဟုတ် အင်အား စုဆောင်းဖို့ တွန်းအားပေးတာမျိုးပါပဲ..."

"အသက်ဇီဝကဒ်တွေမှာတော့ အမျိုးမျိုးသော အာနိသင်တွေ ရှိပြီး အသုံးအများဆုံးကတော့ အသက်ကို ကယ်တင်တာ ဒါမှမဟုတ် နေရာတစ်ခုကို လုံခြုံအောင် လုပ်ပေးတာမျိုးပါ... အချိန်ကိုက် အသုံးပြုမယ်ဆိုရင် ကပ်ဘေးကတ်တွေကို ပယ်ဖျက်ဖို့အတွက်လည်း သုံးနိုင်ပါတယ်... ကံကောင်းခြင်းရော ကံဆိုးခြင်းပါ ပေးစွမ်းနိုင်ပါတယ်... ဥပမာ တော်ဝင်ကစားပွဲ မှာဆိုရင် ပြိုင်ဘက်ရဲ့ ရန်သူကို သေဘေးကနေ လွတ်မြောက်အောင် ကူညီပေးတာမျိုးလည်း လုပ်နိုင်ပါတယ်..."

"တာအိုကဒ်တွေကတော့ အကျိုးသက်ရောက်မှု ကျပန်းဖြစ်ပြီး ကဒ်အားလုံးထဲမှာ အရေအတွက် အများဆုံးပဲ မတူညီတဲ့ အကျိုးသက်ရောက်မှုပေါင်း ၃,၀၀၀ ပါဝင်ပါတယ်... ဘာတွေ ပါဝင်သလဲ ဆိုတာ သိနိုင်ဖို့ ခဲယဉ်းပေမဲ့ အထူးခြားဆုံးကတော့ ကစားသမား ကိုယ်တိုင် ကိုယ်ပွား အဖြစ် လူကိုယ်တိုင် ဝင်ရောက် စွက်ဖက်နိုင်ခြင်းပဲ ဖြစ်ပါတယ်...”

"နောက်ဆုံးအနေဖြင့် ပယ်ဖျက်ကဒ်တွေကိုတော့ ပြိုင်ဘက်ရဲ့ လျှို့ဝှက်ကဒ်ကို အာနိသင်မဲ့စေဖို့ ဒါမှမဟုတ် ကစားသမား တစ်ဦး ဒါမှမဟုတ် ကစားသမား အားလုံးကို သတ်မှတ်ထားတဲ့ အချိန်ကာလ တစ်ခု အတွင်းမှာပင် လှုပ်ရှားမှု မလုပ်နိုင်အောင် တားဆီးတဲ့ နေရာမှာ အသုံးပြုနိုင်တယ်... တကယ်လို့ စနစ်တကျ အသုံးပြုနိုင်ရင် ကစားပွဲရဲ့ ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်...”

ဤ လျှို့ဝှက်ကဒ် အားလုံးကို စင်မြင့်ကမ္ဘာ၏ အချိန်စီးကြောင်း ပြန်လည်စတင်ပြီးနောက်တွင်မှ မဲနှိုက်ရခြင်းဖြစ်ပြီး၊ ပုံမှန်အားဖြင့် ကစားပွဲအမျိုးအစားအပေါ် မူတည်၍ ရွေးချယ်ခံ ရွေးချယ်ခြင်းနှင့် ခန့်မှန်းခြင်း အဆင့်များ ပြီးဆုံးပြီးမှသာ ပြုလုပ်ရခြင်း ဖြစ်သည်။ ထို့အပြင် စင်မြင့်ကမ္ဘာ၏ အချိန်ကာလ တစ်နှစ်လျှင် လျှို့ဝှက် ကတ်တစ်ကတ်သာ အသုံးပြုခွင့်ရှိသည်။

“ဪ... ဒါနဲ့... တာအိုပညာရှင် စုရီက ဒီအဆင့်အတွက် စည်းမျဉ်းတစ်ခု သတ်မှတ်ထားတယ် ဆိုတာ ကျွန်တော် ပြန်ပြီး နွှေးပေးပါရစေ... ကစားသမားတိုင်းဟာ အစပိုင်းမှာ မတူညီတဲ့ အမျိုးအစားတွေ ပါဝင်တဲ့ လျှို့ဝှက်ကဒ် သုံးကဒ်ကိုပဲ ရရှိမှာ ဖြစ်ပြီးတော့ သူတို့ ရွေးချယ်ထားတဲ့ ရွေးချယ်ခံတွေ သတ်မှတ်ထားတဲ့ အဆင့်တွေကို ရောက်ရှိတိုင်း ကျပန်းကဒ် တစ်ကဒ်စီ ထပ်ရမှာ ဖြစ်ပါတယ်... အဲဒီ အဆင့်တွေက ချီပျစ်ခဲခြင်း အဆင့်တစ်၊ ချီပျစ်ခဲခြင်း အဆင့်ရှစ်၊ ကြယ်တာရာ အမြုတေ အဆင့်တစ်နဲ့ အဆင့် ခုနစ်တို့ပဲ ဖြစ်ပါတယ်”

“ရွေးချယ်ခံ သုံးဦး ရွေးချယ်ရမှာ ဖြစ်တဲ့ အတွက် ကစားသမား တစ်ယောက်ကို အများဆုံး လျှို့ဝှက်ကဒ် ၁၅ ကဒ် အထိ ရရှိခွင့် ရှိပါတယ်... ပထမဆုံး မဲနှိုက်တဲ့ အချိန်အတွင်း အမျိုးအစားတူကဒ်တွေ ရခဲ့မယ် ဆိုရင် အဲ့တာတွေကို ပြန်ပေးရမှာ ဖြစ်ပြီးတော့ ကစားသမားက မတူညီတဲ့ အမျိုးအစားဖြစ်ရမယ့် ကဒ်ကို ထပ်ပြီး မဲနှိုက်ရမှာ ဖြစ်ပါတယ်...”

စုရီသည် တည်ငြိမ်နေသော်လည်း ထျန်းရှီယာ ကမူ မျက်မှောင်ကြုတ်လိုက်သည်။

"လျှို့ဝှက်ကဒ်တွေထဲမှာ အစွမ်းကုန် သန့်စင်ခြင်းဂလက်ဆီရဲ့ စည်းမျဉ်းများအရ အဂ္ဂိရတ် တာအိုကဒ် ၊ အဂ္ဂိရတ် အသက်ကဒ်နဲ့ အဂ္ဂိရတ် ကောင်းချီကဒ်တွေကို ထပ်တိုးထားပါတယ်... နောက်ပြီး ပြင်ပ ကပ်ဘေးကဒ်တွေလည်း ရှိနေပါသေးတယ်... ဒီကဒ်တွေ အသုံးပြုတာကို မြင်ရနိုင်သလို မမြင်ရပဲလည်း ရှိနိုင်ပါတယ်... ဒါပေမဲ့ မြင်လိုက်ရမယ် ဆိုရင် အားလုံး တုန်လှုပ်သွားကြမှာ အသေအချာပါပဲ...”

“နောက်ပြီး လောက အဂ္ဂိရတ် ရှန့်ထို တောက်ပသော ကျောက်မျက်ရဲ့ စည်းမျဉ်း တစ်ခုလည်း ရှိပါသေးတယ်... ရွေးချယ်ခံတွေက ကျင့်ကြံခြင်း အခြေခံ လုံးဝ မရှိတဲ့သူတွေ ဖြစ်ရမယ် ဆိုတဲ့ အချက်ပါပဲ... ကစားသမားတွေ အနေနဲ့ ရွေးချယ်ခံတွေကို ရွေးချယ်တဲ့ နေရာမှာ ဒီအချက်ကို စိတ်ထဲ မှတ်ထားပေးကြပါ”

ယွီပေါင်ယွဲ့သည် စုရီကို လှမ်းကြည့်လိုက်ရာ သူမ၏ နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေတော့သည်။ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း (စုရီနှင့် ကြိုတင်ဆွေးနွေးထားသော်ငြား) ဤစည်းမျဉ်းအပေါ် သူမ စိုးရိမ်နေမိသည်။ အခြားသူများက ဤသည်ကို မျှတသော စည်းမျဉ်းဟု မြင်နိုင်သော်လည်း၊ ဤအချက်မှာ အချို့အတွက် ကြီးမားသော အားသာချက် သို့မဟုတ် သိသာထင်ရှားသော အားနည်းချက် ဖြစ်လာနိုင်ပေသည်။

***

All Chapters