အခန်း (၂၂၉၁-၂၂၉၂)
Vol. 164 Ch. 2291-2292
အပိုင်း(၂၂၉၁)
"မူလ လျှို့ဝှက် ကစားပွဲ က တကယ်ကို အံ့ဩစရာ ကောင်းတာပဲ... ဒါ့အပြင် ဒီဂလက်ဆီရဲ့ စည်းမျဉ်းတွေကလည်း ထူးခြားတဲ့ အတွေ့အကြုံတွေကို ဧကန်မုချ ဆောင်ကြဉ်းပေးမှာပါ..."
အီမန်တက်က စိတ်လှုပ်ရှားစွာ ပြောလိုက်ရာ ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေသော ပရိသတ်တို့၏ စိတ်နှလုံးကို နိုးကြားတက်ကြွစေခဲ့သည်။
"အများသုံး စည်းမျဉ်းတွေနဲ့ အထူးစည်းမျဉ်းတွေကို ပြောပြီးပြီဆိုတော့၊ လျှို့ဝှက် ကစားပွဲ- တော်ဝင်တိုက်ပွဲ အတွက် မူကွဲစည်းမျဉ်းတွေကို ကျွန်တော် ပြောပြပေးပါမယ်... ရွေးချယ်မှုဖြစ်စဉ်က ခန့်မှန်းချက်တွေနဲ့ လုပ်ဆောင်တာ မဟုတ်ပါဘူး... ဒီဖီဆန်နဂါး တိုက်ကြီး ရဲ့ အချိန်ရပ်တန့်နေတဲ့ အခြေအနေမှာ ကစားသမားတွေဟာ တိုက်ကြီးတစ်ခုလုံးကို လိုက်လံရှာဖွေပြီး ရွေးချယ်ခံ ၃ ဦးအထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်... ၃ ဦးအထိ လို့ ကျွန်တော် ပြောရတာက ကစားသမားတွေအနေနဲ့ ရွေးချယ်ခံကို အခုချက်ချင်း ရွေးချယ်နိုင်သလို နောက်မှလည်း ရွေးချယ်နိုင်လို့ပါ... ဒါပေမဲ့ နောက်မှရွေးမယ်ဆိုရင်တော့ စင်မြင့်ကမ္ဘာရဲ့ အချိန်ကာလ တစ်နှစ် ပြည့်အောင် စောင့်ရမှာ ဖြစ်ပါတယ်..."
"အောင်နိုင်မှု အခြေအနေနဲ့ ပတ်သက်လို့ကတော့ နှစ်ခုပဲ ရှိပါတယ် - ရွေးချယ်ခံ တစ်ဦးတည်းက ၉ မှတ် ရရှိတာ ဒါမှမဟုတ် ကိုယ့်ရဲ့ ရွေးချယ်ခံ အဖွဲ့ထဲက မရှုံးနိမ့်ဘဲ ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်တဲ့သူ ဖြစ်ခြင်း တို့ ဖြစ်ပါတယ်... အမှတ်များများ ရဖို့ အတွက် ကစားသမားတွေက ကိုယ်ရဲ့ ရွေးချယ်ခံက အခြားကစားသမား တစ်ယောက်ရဲ့ ရွေးချယ်ခံကို အနိုင်ယူတာ ဒါမှမဟုတ် သတ်ဖြတ်တာတို့နဲ့ ရရှိမှာ ဖြစ်ပြီးတော့ အနိုင်ရရှိတဲ့သူ ရွေးချယ်ခံဆီကိုပဲ အမှတ်များ ရောက်ရှိ စုဆောင်းမိမှာ ဖြစ်ပါတယ်"
"ရွေးချယ်ခံ တစ်ဦးချင်းစီမှာ တန်ဖိုးတစ်ခုစီ ရှိပါတယ်... ရွေးချယ်ခံ ဘယ်နှစ်ယောက်ပဲရှိရှိ အဲ့တာတွေကို ၁ မှတ် ဒါမှမဟုတ် ၃ မှတ် အဖြစ် သတ်မှတ်ထားပြီး၊ အဖွဲ့တစ်ဖွဲ့မှာ ရွေးချယ်ခံ တစ်ဦးတည်းကိုပဲ ၃ မှတ် သတ်မှတ်ပေးပြီး ကျန်သူတွေကို ၁ မှတ်စီ သတ်မှတ်ပေးထားပါတယ်... တကယ်လို့ ကစားသမားက ကစားပွဲအစမှာ ရွေးချယ်ခံ တစ်ဦးတည်းကိုပဲ ရွေးချယ်ခဲ့မယ် ဆိုရင် အဲဒီ ရွေးချယ်ခံက ၄ မှတ် တန်ဖိုးကို ရရှိမှာ ဖြစ်ပါတယ်”
"ရိုးရိုးရှင်းရှင်း ပြောရရင်တော့ အနိုင်ရဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ မတားဆီးနိုင်တဲ့ အရှိန်အဟုန်နဲ့ ရန်သူတွေကို သုတ်သင်ပစ်ဖို့ပါပဲ... ဒါပေမဲ့ တိုက်ကြီးရဲ့ အရွယ်အစားကို ကြည့်ရင် ဒါဟာ နည်းနည်း ခက်ခဲလိမ့်မယ်လို့ ခင်ဗျားတို့ ထင်နိုင်ပါတယ်... ဒါပေမဲ့ စိတ်မပူပါနဲ့... တရားသူကြီး တွေက ရွေးချယ်ခံတွေကို သူတို့ရဲ့ ကံပါလာတဲ့ တိုက်ပွဲတွေဆီသို့ တရားမျှတပြီး ပွင့်လင်းမြင်သာစွာ လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်... ကစားသမားတွေက ဒီအပြောင်းအလဲတွေအပေါ် ဘယ်လို လိုက်လျောညီထွေဖြစ်အောင် လုပ်မလဲဆိုတာက သူတို့ရဲ့ ဉာဏ်ရည်၊ ကျွမ်းကျင်မှုနဲ့ ကံတရားကို စမ်းသပ်ခြင်းပဲ ဖြစ်ပါလိမ့်မယ်!"
"ထပ်လောင်းအနေနဲ့ လျှို့ဝှက် ကစားပွဲ- တော်ဝင်တိုက်ပွဲ ရဲ့ အစောပိုင်း အဆင့်တွေမှာ ရွေးချယ်ခံရဲ့ လားရာအတွက် တောင်းဆိုချက်တစ်ခု ပြုလုပ်ခွင့် ရရှိမှာ ဖြစ်ပါတယ်... ဥပမာအနေနဲ့ တရားသူကြီးတွေကို သူတို့ အတွက် သတ်မှတ်ထားတဲ့ ကျင့်ကြံခြင်းနည်းလမ်းဆီသို့ လမ်းညွှန်ပေးဖို့ ဒါမှမဟုတ် ဒေသန္တရ အဖွဲ့အစည်းတစ်ခုခုထဲ ဝင်ရောက်နိုင်ဖို့ တောင်းဆိုနိုင်ပါတယ်... သူတို့က ဖြည့်ဆည်းပေးမှာ ဖြစ်ပေမဲ့ ရလဒ်အပေါ် ကံတရားက ဘယ်လို ပြုံးပြမလဲဆိုတာကတော့ မသိနိုင်ပါဘူး..."
ဤသည်မှာ ကစားသမားများ ရရှိသည့် အနည်းဆုံးသော လွှမ်းမိုးမှုပင် ဖြစ်သည်။ ပုံမှန်အားဖြင့် တရားသူကြီး များ မရှိပါက ကစားသမားများ ကိုယ်တိုင်က ထိုလမ်းညွှန်မှု လက်တံအဖြစ် လုပ်ဆောင်ရပြီး ဘာလုပ်နိုင်သည်ဟူသော အချက်အပေါ် အလွန်အမင်း ကန့်သတ်ထားသော စည်းမျဉ်းများ ရှိသည်။ သို့သော် ယခုကဲ့သို့ တရားသူကြီးများ ရှိနေခြင်းကြောင့် ထိုဖြစ်စဉ်တွင် မိမိတို့ကိုယ်တိုင် ပါဝင်ပတ်သက်နေရန် မလိုအပ်တော့ချေ။ ဤသည်မှာ စွမ်းရည် ကွာခြားမှုများ ရှိနေသည့်ကြားမှ တရားမျှတပြီး မျှတသည်ဟု မြင်နိုင်သော်လည်း၊ အမှန်စင်စစ်တွင် နိမိတ်ဖတ်သူများ ၊ ဗေဒင်ဆရာများ နှင့် ကံကြမ္မာ ဟောပြောသူများ အတွက် အားသာချက် ဖြစ်နေပေသည်။
"ဒါပဲပေါ့လေ..."
အီမန်တက်က မျက်တောင်ခတ်ရင်း မေးလိုက်သည်။ ဟောင်ချန်းရွှယ်က အားရပါးရ ရယ်မောလိုက်၏။
"ဒါပါပဲ... လျှို့ဝှက် ကစားပွဲ- တော်ဝင်တိုက်ပွဲ က ရှိသမျှ မူကွဲကစားပွဲတွေထဲမှာ အရိုးရှင်းဆုံး တစ်ခုပါ... ဒါပေမဲ့ ဘယ်ကစားသမားက အနိုင်ရမလဲ... အဲဒါက မေးခွန်းပဲ... အဲဒါကတော့ လုံးဝ မရိုးရှင်းပါဘူး..."
"သူတို့ စတင်နေကြပါပြီ..."
...
အထက်ရှိ ကြည်လင်သော ကောင်းကင်ယံတွင် ကြယ်နှစ်စင်း ရှိနေသည်။ ၎င်းတို့သည် ခမ်းနားထည်ဝါသော ဟန်ချက်ညီမှုဖြင့် လှည့်ပတ်နေကြပြီး ပိုမိုပူပြင်းသော နွေရာသီကို ဖန်တီးပေးရုံသာမက၊ ၎င်းတို့ အတူတကွ နစ်မြုပ်သွားသည့်အခါ ပိုမိုအေးစက်သော ညဉ့်ဦးယံများကို ဖြစ်ပေါ်စေသည်။
ညသို့ ရောက်ရှိလာသောအခါ ကောင်းကင်တွင် အရောင်မှိန်သော လမင်းတစ်စင်းရှိပြီး ကျယ်ပြန့်သော မြေမျက်နှာပြင်ပေါ်သို့ ငွေဖြူရောင် အလင်းတန်းများကို ဖြာကျစေကာ သမုဒ္ဒရာ အစွန်းမျက်နှာပြင်များနှင့် မြွေလိမ်မြွေကောက် မြစ်များပေါ်တွင် အရောင်ပြန်ဟပ်နေသည်။
မြက်ခင်းများ၊ ပန်းများနှင့် သစ်ပင်တို့၏ လှုပ်ရှား ကစားမှုများမှာ ရပ်တန့်သွား၏။ ရေစီးဆင်းမှုများ၊ လေပြင်းကြောင့် ဖြစ်ပေါ်သော လှိုင်းတံပိုးများနှင့် မြေကမ္ဘာ၏ တုန်ခါမှုများ၊ မိုးပေါက်များကြောင့် ဖြစ်ပေါ်သော မရေမတွက်နိုင်သည့် လှိုင်းဂယက်များနှင့် ချောက်ကမ်းပါးထိပ်မှ ခုန်ဆင်းနေသော ရေတံခွန်များ အားလုံးမှာ ရပ်တန့်သွားကြသည်။
လူအုပ်ကြီးရှေ့တွင် ကွပ်မျက်ခံရတော့မည့် သူခိုးတစ်ဦး၏ မျက်ဝန်းထဲမှ စိတ်ပျက်အားငယ်မှု ဖြစ်စေ၊ မိဘများနှင့်အတူ ပြုံးပျော်နေသည့် ကလေးငယ်တစ်ဦးကို အရိပ်ထဲမှ ချောင်းကြည့်နေသော ငတ်မွတ်နေသည့် မိဘမဲ့ကလေးငယ်တစ်ဦး၏ ဆာလောင်မှု ဖြစ်စေ၊ သို့မဟုတ် ချစ်သူနှစ်ဦး၏ ရင်းနှီးကျွမ်းဝင်သော သံယောဇဉ်ဖြစ်စေ...
အချိန်၏ ရပ်တန့်သွားမှုမှ မည်သည့်အရာမျှ လွတ်မြောက်ခြင်းမရှိချေ။ တိုက်ကြီးတစ်ခုလုံးမှာ ငြိမ်သက်နေသော အချိန်စီးကြောင်း အခြေအနေတွင် အေးခဲသွားတော့သည်။ သက်ရှိအားလုံးမှာ ဤကန့်သတ်ချက်အောက်သို့ ကျရောက်သွားကြသည်။ တစ်ခုတည်းသော ခြွင်းချက်မှာ ကောင်းကင်အပြင်ဘက်မှ ဆင်းသက်လာသော၊ မမြင်ရသော်လည်း အမြဲရှိနေသည့် နတ်ဘုရားများကဲ့သို့သော ပြင်ပဝိညာဉ်အာရုံ စီးကြောင်းများပင် ဖြစ်သည်။
ထိုနေရာတွင် ဝိညာဉ်အာရုံ ပုံစံသုံးမျိုး ရှိနေသည်။ ပထမနှင့် အားအကောင်းဆုံး ဝိညာဉ်အာရုံမှာ ငြင်းချက်ထုတ်မရသော အာဏာဖြင့် အရာအားလုံးကို ကြီးကြပ်နေသည့်၏ အာရုံဖြစ်သည်။
ဒုတိယနှင့် အားအနည်းဆုံး အာရုံမှာ စီးကြောင်း ကိုးခုအဖြစ် ကွဲပြားနေပြီး၊ ၎င်းမှာ ဘီလျံပေါင်း ရာနှင့်ချီသော စိတ်ဆန္ဒများ စုစည်းထားသည့် အာရုံဖြစ်သည်။ ၎င်းတို့မှာ လွတ်လပ်စွာ အချင်းချင်း ဆက်နွှယ်နေကြပြီး တစ်ခါတစ်ရံ တစ်ဦးချင်းစီ၏ စိတ်ဆန္ဒများမှာ တစ်ခုမှတစ်ခုသို့ ကူးလူးပျံသန်းနေကြသည်။ အချို့သော အစွမ်းထက်သူများမှာ စီးကြောင်းနှစ်ခု သို့မဟုတ် နှစ်ခုထက်ပို၍ ချိတ်ဆက်ကာ ပိုမိုကျယ်ပြန့်စွာ လေ့လာစောင့်ကြည့်နေကြသည်။ ၎င်းတို့မှာ အဝေးဆုံးတွင် ရှိနေကြပြီး အစီအစဉ်တင်ဆက်သူနှစ်ဦးက ထိန်းချုပ်ထားသည်။
တတိယနှင့် အကွဲပြားဆုံး အာရုံမှာ ဝိညာဉ်စီးကြောင်း ခြောက်ခုဖြစ်ပြီး အချင်းချင်း ချိတ်ဆက်ထားခြင်း မရှိချေ။ ၎င်းတို့၏ လေ့လာစောင့်ကြည့်မှုများကို အခြားသူများထံမှ ဖုံးကွယ်ထားပြီး သုံးမိုင်ပတ်လည်အတွင်း ရောက်ရှိမလာပါက အချင်းချင်း သတိပြုမိကြမည် မဟုတ်ပေ။
ဤကစားပွဲ၏ ကစားသမား ခြောက်ဦးနှင့် ထိုဝိညာဉ်အာရုံများသည် ကမ္ဘာကြီးကို မယုံနိုင်လောက်သော အရှိန်နှုန်းဖြင့် စူးစမ်းရှာဖွေနေကြသည်။ ဖီဆန်နဂါး တိုက်ကြီးမှာ သေကျေပျက်စီးနိုင်သည့် အကျိုးဆက်များရှိသော ကစားပွဲ၏ စင်မြင့်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ထူးခြားသော အဖြစ်အပျက်များကြောင့် သတိပေးချက်အားလုံးကို လစ်လျူရှုကာ စားပွဲတစ်ခုလုံးကို မှောက်လှန်ပစ်ခဲ့သည့် မောက်မာသော နယ်ခြားသားတစ်ဦးအား သင်ခန်းစာပေးရန် ရည်ရွယ်ခဲ့သည့်အရာမှာ ယခုအခါတွင်မူ အသက်ရှင်သန်ရေးအတွက် ပြင်းထန်သော တိုက်ပွဲနှင့် အမဲလိုက်မှုတစ်ခု ဖြစ်လာခဲ့သည်။ မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်မှာ မဟာမိတ်များစွာ ဆုံးရှုံးခဲ့ရရုံသာမက၊ လျှို့ဝှက် စွမ်းအားများရှိသည့် ၎င်းတို့၏ လျှို့ဝှက်-ကောင်းကင် အဆင့်ရှိ မျှော်စင်မှာလည်း စွမ်းအားများ လုံးဝကုန်ခမ်းသွားပြီး ကောင်းကင်နှင့် ချိတ်ဆက်နိုင်စွမ်းကို ဆုံးရှုံးကာ သာမန်မျှော်စင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။ ကြီးမားလှသော ဆုံးရှုံးမှုပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ၎င်းတို့၏ တာအို တရားဥပဒေ ထိန်းသိမ်သူ တစ်ဦးဖြစ်သော၊ မခန့်မှန်းနိုင်သော စွမ်းအားနှင့် ဂုဏ်သတင်းရှိသော အထွတ်အထိပ် သူတော်စင်မှာလည်း ပြင်းထန်သော ထိခိုက်မှုများကို ခံစားခဲ့ရပြီး အသက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ မည်သူမျှ ထိုခြေရာကို မနင်းချင်ကြချေ။ မည်သူမျှ ဤသို့ ဖြစ်လာရန် ရည်ရွယ်မထားခဲ့ကြပေ။
အစကတည်းက သူတို့အားလုံးမှာ ဤကစားပွဲကို အနိုင်ရရန် မိမိတို့ ဂလက်ဆီအပြင်ဘက်မှလာသော ပဲ့တင်ထပ် ဝိညာဉ် အဆင့် ပညာရှင်ဟု သံသယရှိသူကိုပင် အတိုင်းအတာတစ်ခုအထိ ယုံကြည်မှု ရှိနေခဲ့ကြသည်။ ဤယုံကြည်မှုမှာ နည်းစနစ်များ သို့မဟုတ် အစီအစဉ်များကြောင့်သော်လည်းကောင်း၊ သို့မဟုတ် အခြားသူတစ်ဦးအပေါ် ယုံကြည်မှုကြောင့်သော်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် တည်ရှိနေသည်။
မည်သို့ပင်ဖြစ်စေ သူတို့အနက် မည်သူမျှ မိမိတို့၏ အနိုင်ရနိုင်ခြေ နည်းပါးသည်ဟု မထင်ခဲ့ကြချေ။ ဤသည်မှာ အစစ်အမှန် ကစားပွဲတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့် လျှို့ဝှက် ကစားပွဲ မှာ အမှန်တကယ်ပင် တရားမျှတသည်။ ကျင့်ကြံခြင်း အခြေခံ မည်သို့ပင်ရှိစေကာမူ ကစားသမားအားလုံးမှာ တူညီသော အခြေအနေမှ စတင်ရသည်။ ၎င်းတို့ကို ကွဲပြားစေသည်မှာ ကျင့်ကြံခြင်း အဆင့်အတန်းမဟုတ်ဘဲ တစ်ဦးချင်းစီ၏ အရည်အချင်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းနှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ်နိုင်စွမ်းတို့သာ ဖြစ်သည်။
စုရီမှာမူ နတ်ဘုရားများ၊ မိစ္ဆာများနှင့် တစ္ဆေများကိုပင် စိန်ခေါ်ဝံ့သူဖြစ်သည်။ ယခင်ဘဝတွင်လည်း သူသည် လျှို့ဝှက် ကစားပွဲ တစ်ခုကိုမျှ မရှုံးနိမ့်ခဲ့ဖူးချေ။
မည်သည့်မူကွဲကစားပွဲမျိုးတွင်မဆို တစ်ခုမျှပင် မရှိခဲ့ဖူးချေ။
***
အပိုင်း(၂၂၉၂)
စင်မြင့်ကမ္ဘာ၏ အေးခဲနေသော အချိန်အခြေအနေမှာ လျှို့ဝှက် ကစားပွဲ မည်သည့်မူကွဲအတွက်မဆို အလွန်အရေးကြီးသော အဆင့်တစ်ခု ဖြစ်သည်။ ၎င်းတို့အားလုံးမှာ အရိပ်အမြွက်များကို ဖော်ထုတ်ရန်နှင့် အခြေအနေများအပေါ် တိကျသော ခန့်မှန်းချက်များ ပြုလုပ်ရန် ရည်ရွယ်သည့် မူလကစားပွဲမှ ဆင်းသက်လာခြင်းဖြစ်သောကြောင့် ဤအဆင့်တွင် လုံလောက်သော ကျွမ်းကျင်မှုနှင့် နားလည်မှု လိုအပ်သည်။ စုရီသည် အလွန်စနစ်ကျသူ ဖြစ်သည်။ သူသည် အေးခဲနေသော ဒေသခံများနှင့် မြေမျက်နှာပြင်၏ အရိပ်အယောင်များကို လေ့လာခြင်းဖြင့် နှစ်ပေါင်း ၃,၀၀၀ ကြာ တိုးတက်လာခဲ့သော သမိုင်းကြောင်းကို လေ့လာခဲ့သည်။ ကံဆိုးသည်က ကမ္ဘာကြီး၏ အသေးစိတ် အချက်အလက်များကို သိရှိနိုင်သော လောကီမျက်လုံးကို အသုံးပြုနိုင်သည့် တာအိုကတ်ကို သူ မဲမနှိုက်ခဲ့ရခြင်းပင်။ ထိုကတ်သာ ရှိခဲ့ပါက သူ့အတွက် ကြီးမားသော အားသာချက် ဖြစ်ပေလိမ့်မည်။
ဖီဆန်နဂါး တိုက်ကြီး မှာ အမျိုးမျိုးသော တာအိုများ တည်ရှိပြီး လူသားဗဟိုပြုသော တိုက်ကြီးဖြစ်ကြောင်း နားလည်သွားပြီးမှသာ သူ စိတ်အေးနိုင်ခဲ့သည်။ လူသားဗဟိုပြုသော တိုက်ကြီးတစ်ခုမှာ ကောင်းကင်နှလုံးသား ဂလက်ဆီ ကဲ့သို့ သားရဲကမ္ဘာများထက် ပိုမိုကောင်းမွန်သည်။ ၎င်းမှာ လူသားတို့၏ လိုက်လျောညီထွေရှိသော အမူအကျင့်များကြောင့်ဖြစ်ပြီး သားရဲများမှာမူ မွေးရာပါ ပင်ကိုယ်ဗီဇများအပေါ် အခြေခံကာ ကြီးမားသော အားထုတ်မှုမရှိဘဲ ပြောင်းလဲရန်ခက်ခဲသော သွေးမျိုးဆက် အဆင့်အတန်းများ ရှိနေသောကြောင့် ဖြစ်သည်။
လျှို့ဝှက် ကစားပွဲ- တော်ဝင်တိုက်ပွဲ တွင် ပြိုင်ဘက်၏ ရွေးချယ်ခံကို သတ်ရန် ရည်ရွယ်ချက်ရှိသည့်အခါ သားရဲကမ္ဘာမှာ လွယ်ကူသည်ဟု ထင်ရသော်လည်း၊ ရွေးချယ်ခံ ကို ရွေးချယ်ရာတွင်မူ ခေါင်းကိုက်စရာ ဖြစ်စေသည်။ ယခုကဲ့သို့ လူသားဗဟိုပြုသော ပတ်ဝန်းကျင်မျိုးမှာ အခြေအနေကို ထိန်းကျောင်းရန်၊ ထူးချွန်သော ရွေးချယ်ခံကို ပျိုးထောင်ရန်နှင့် ရန်သူ၏ ရွေးချယ်ခံကို အချိန်မတိုင်မီ သတ်ပစ်ရန် ပိုမိုလွယ်ကူသည်။
ဖီဆန်နဂါး တိုက်ကြီး အတွင်းတွင် သူသည် အဓိက လူ့အဖွဲ့အစည်း ပုံစံသုံးမျိုးကို ရှာတွေ့ခဲ့သည်။ ပထမမှာ အင်ပါယာစနစ် အုပ်ချုပ်ရေးဖြစ်ပြီး ၎င်းမှာ လူသားဗဟိုပြုသော ပတ်ဝန်းကျင်တွင် အမြဲလိုလို တည်ရှိသည်။ အခိုင်အမာ တည်ထောင်ထားသော ဘုရင့်နိုင်ငံ ခြောက်ခုနှင့် ဖွံ့ဖြိုးစ နိုင်ငံ သုံးခု ရှိနေပြီး၊ အားလုံးမှာ ကျဆင်းခြင်း သို့မဟုတ်ပါကလည်း စည်ပင်ဝပြောခြင်း အခြေအနေ အသီးသီးတွင် ရှိနေကြသည်။
ဘုရင့်နိုင်ငံတစ်ခု၏ အနာဂတ်လားရာကို ဆုံးဖြတ်နိုင်ခြင်းမှာ မူလကစားပွဲတွင် တည်နေရာအတွက် ၃ မှတ် ရရှိနိုင်သော်လည်း၊ ဘုရင့်နိုင်ငံတစ်ခုတည်းက ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ရပ်တည်သူဖြစ်လာမည်လားဟူသော အချက်ကို ဆုံးဖြတ်နိုင်ခြင်းမှာ ၇ မှတ်အထိ တန်ဖိုးရှိသည်။ ဤသည်မှာ တည်နေရာ နှင့် လူ့အဖွဲ့အစည်း ကြားရှိ ကွာခြားချက်ပင် ဖြစ်သည်။
အခြားသော ပုံစံမှာ မျိုးနွယ်စုစနစ် ဖြစ်သည်။ ၎င်းတို့သည် နတ်ဘုရား သားရဲများ ဟု ခေါ်ဆိုကြသော၊ နယ်မြေတစ်ခုကို သိမ်းပိုက်ထားသည့် အုပ်ထိန်းသူ သားရဲများကို ကိုးကွယ်မှုနှင့် ဆက်နွှယ်နေသည်။ ထိုသားရဲများသည် လူသားများကို ထိုနေရာတွင် နေထိုင်ခွင့်ပြုကာ ရန်သူများ၏ ဘေးမှ ကာကွယ်ပေးထားပြီး အပြန်အလှန်အားဖြင့် ပူဇော်ပသမှုနှင့် ကိုးကွယ်မှုများကို ရယူကြသည်။ ၎င်းတို့မှာ ကြယ်တာရာ အမြုတေ အဆင့်ရှိ ကျင့်ကြံသူများနှင့် ညီမျှသော ကြယ်တာရာသားရဲ အဆင့်ရှိ ကမ္ဘာဦး သားရဲများ ဖြစ်ကြသည်။ ၎င်းတို့တွင် အုပ်ထိန်းသူများအပေါ် ယုံကြည်မှုရှိကြပြီး အင်ပါယာစနစ်၏ ကျူးကျော်မှုကို ခုခံနိုင်ရန် ထိုယုံကြည်မှုနှင့်အညီ ဖွံ့ဖြိုးတိုးတက်လာကြသည်။
နောက်ဆုံးပုံစံမှာ ဂိုဏ်းများပင် ဖြစ်သည်။ ၎င်းတို့မှာ မိမိတို့၏ အင်အားကို တိုးချဲ့လိုပြီး မိမိတို့ သေဆုံးပြီးနောက်တွင်ပင် တည်ရှိနေမည့် မျိုးဆက်များကို ဖန်တီးလိုသော ရည်မှန်းချက်ကြီးသူများ တည်ထောင်ထားသည့် အဖွဲ့အစည်းများ ဖြစ်သည်။ ဤဂိုဏ်းများသည် ကျင့်ကြံခြင်း နည်းလမ်း ၃,၀၀၀ အနက် တစ်ခုကို အခြေခံအဖြစ် အသုံးပြုလေ့ရှိသည်။ ၎င်းတို့မှတစ်ဆင့် မိသားစုမျိုးနွယ်စုများ၊ မဟာမိတ်များနှင့် ကျင့်ကြံခြင်း ခွန်အားအပြင် အခြားသော အထူးပြုစွမ်းရည်များရှိသည့် အမျိုးမျိုးသော အဖွဲ့အစည်းများ ပေါ်ပေါက်လာတတ်သည်။
ဤအချက်များမှာ အထူးအဆန်း မဟုတ်လှသော်လည်း၊ သားရဲများကို ကိုးကွယ်သည့် မျိုးနွယ်စုများ အနှံ့အပြား တည်ရှိနေခြင်းမှာ အနည်းငယ် အံ့ဩစရာ ကောင်းသော်လည်း အလွန်အကျွံတော့ မဟုတ်ချေ။ အထူးသဖြင့် ကြယ်တာရာ အမြုတေ အဆင့်ရှိ ကမ္ဘာဦး သားရဲများ၏ အချိုးအစားမှာ အလွန်နည်းပါးပြီး အနည်းငယ်မျှသာ ရှိသည်။ မိမိတို့၏ ဘိုးဘေးသွေးမျိုးဆက်ကို အသုံးပြုနိုင်သော သားရဲအရေအတွက်မှာလည်း အလွန်နည်းပါးလှသည်။
စုရီသည် တိုက်ကြီး၏ အခြေအနေကို လက်ခံလိုက်သည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်မှာ အနည်းငယ် တွန်းအားပေးလိုက်ရုံဖြင့် လားရာအမျိုးမျိုးသို့ ပေါက်ကွဲထွက်သွားနိုင်သော ယမ်းအိုးတစ်ခုကဲ့သို့ ဖြစ်နေသဖြင့်၊ မိမိကိုယ်ကို ကစားကွက် ပုံစံအမျိုးမျိုးတွင် လိုက်လျောညီထွေရှိသူဟု ယူဆထားသော သူ့ကဲ့သို့သော ကစားသမားများအတွက် သင့်တော်လှပေသည်။
သူသည် မျိုးနွယ်စုများ သို့မဟုတ် အခြားနိုင်ငံများနှင့် စစ်ဖြစ်နေသော ဘုရင့်နိုင်ငံများကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့သည်။ အိမ်နီးချင်း ဘုရင့်နိုင်ငံ နှစ်ခုမှာ အချင်းချင်း ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး၊ အားအကောင်းဆုံး နိုင်ငံမှာမူ အထူးသဖြင့် ဆောင်းရာသီတွင် အရင်းအမြစ်များ လာရောက် လုယက်တတ်သော မြောက်ပိုင်း မျိုးနွယ်စုများကို ခုခံနေရသည်။ ဤသည်မှာလည်း အလွန်အသုံးများသော အခြေအနေတစ်ခုဖြစ်ပြီး ရွေးချယ်ခံ တစ်ဦးအတွက်မူ မိုက်မဲသော ထောင်ချောက်တစ်ခု ဖြစ်နေပေလိမ့်မည်။
တိုက်ပွဲများမှာ ကြီးထွားဖွံ့ဖြိုးရန် အခွင့်အရေးကောင်းသယောင် ရှိသော်လည်း၊ မတော်တဆ ထိခိုက်မှုများနှင့် မိမိ၏ ရွေးချယ်ခံ မမျှော်လင့်ဘဲ သေဆုံးသွားခြင်းမျိုး အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် ယွီပေါင်ယွဲ့ သတ်မှတ်ထားသော ‘ရွေးချယ်ခံများတွင် ကျင့်ကြံခြင်းအခြေခံ လုံးဝမရှိစေရ’ ဟူသည့် စည်းမျဉ်းကြောင့် ပို၍ပင် စိုးရိမ်စရာ ကောင်းနေသည်။
ဤသည်မှာ ပုံမှန်အားဖြင့် သူတို့သည် ချီပျစ်ခဲခြင်း အဆင့်တွင်ပင် မရှိရဟု ဆိုလိုခြင်း ဖြစ်သည်။ နည်းပညာအရ ပြောရလျှင် ကျင့်ကြံနိုင်စွမ်းနှင့် မွေးဖွားလာသူတိုင်းသည် အခြေခံတည်ဆောက်ခြင်း အဆင့်မှ စတင်ကြခြင်း ဖြစ်သော်လည်း ဤကမ္ဘာတွင် ကျင့်ကြံခြင်းမှာ အလွန်တရာ ခက်ခဲလှသည်။
သုံးနှစ်အတွင်း မည်သည့်ဘုရင့်နိုင်ငံမှ ကြယ်တာရာ အမြုတေ အဆင့် ပညာရှင်တစ်ဦးမျှ ထွက်ပေါ်လာခြင်း မရှိသေးချေ။ ထို့ကြောင့်လည်း မျိုးနွယ်စုများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် ကမ္ဘာဦး သားရဲများ၏ အကာအကွယ်ကြောင့် ၎င်းတို့ကို အမြစ်ပြတ် သုတ်သင်၍ မရနိုင်ခြင်း ဖြစ်သည်။
ထိုသားရဲများသည် နယ်မြေအကန့်အသတ်နှင့် တည်နေရာအပေါ်တွင် မွေးရာပါ ဗီဇစိတ် ရှိကြသဖြင့် စိန်ခေါ်ခြင်း မခံရသရွေ့ အခြားသူ၏ နယ်မြေထဲသို့ ကျူးကျော်လေ့ မရှိကြချေ။ ထိုမျိုးနွယ်စုများသည်လည်း ကိုးကွယ်သူများအဆင့်သို့ လျော့ကျသွားကြပြီဖြစ်ရာ၊ ထိုသက်တမ်းရှည်လှသော သားရဲကြီးများကို ကမ္ဘာကြီးအား တိုက်ခိုက်သိမ်းပိုက်ပေးရန် တောင်းဆိုနိုင်စွမ်း မရှိကြချေ။ ၎င်းတို့တွင် တူညီသော ခွန်အား သို့မဟုတ် အထူးဆက်ဆံရေးမျိုး မရှိခြင်းကြောင့်လည်း ပါဝင်သည်။ ထိုသားရဲကြီးများ၏ အမြင်တွင်မူ တိုက်ခိုက်နေကြသော လူသားများမှာ အစားအစာ လိုက်လံရှာဖွေနေသည့် ပုရွက်ဆိတ်များနှင့်သာ တူနေပြီး၊ ထိုပုရွက်ဆိတ်များသည် တစ်နေ့တွင် ၎င်းတို့ကိုပါ ဝါးမျိုနိုင်သည့် ကြယ်များ ဖြစ်လာနိုင်သည်ဟူသော အလားအလာကို သတိမထားမိကြချေ။
စုရီ သက်ပြင်းချလိုက်မိသည်။ အကယ်၍ လူသားများသည် ဤအခြေအနေကို စနစ်တကျ မကိုင်တွယ်နိုင်ဘဲ၊ သားရဲများကသာ ၎င်းတို့၏ ခြိမ်းခြောက်မှုကို သတိပြုမိသွားပါက၊ လူသားမျိုးနွယ်မှာ ကမ္ဘာလုံးဆိုင်ရာ ပျက်သုဉ်းမှုနှင့် ရင်ဆိုင်ရကာ ရှင်သန်ရန် ရုန်းကန်နေရသည့် တိရစ္ဆာန်များအဆင့်သို့ ရောက်ရှိသွားလေ့ရှိသည်။
သို့သော် ကျင့်ကြံခြင်း တည်ရှိနေသရွေ့နှင့် အာဏာကို လိုလားသော စိတ်ဆန္ဒ ရှိနေသရွေ့၊ သားရဲများကသာ သတိလက်လွတ် ဖြစ်သွားခဲ့လျှင် သူ၏ ကစားပွဲများစွာတွင် ဖြစ်ပျက်ခဲ့သလို ၎င်းတို့သည် ပြန်လည် အာဏာသိမ်းခြင်း ခံရကာ အိမ်မွေးတိရစ္ဆာန်များနှင့် အဖော်အဆင့်သို့ ပြန်လည် လျော့ကျသွားမည်သာ ဖြစ်သည်။
စုရီသည် သူ၏ လျှို့ဝှက် ကတ် သုံးကတ်ကို ကြည့်လိုက်၏။
၁။ ကောင်းကင်အဆင့် သက်ရှိပယ်ဖျက်ခြင်း၊ ရပ်တန့်ခြင်း - ကစားသမားတစ်ဦး၏ သေမျိုး သို့မဟုတ် ကောင်းကင် အဆင့်ရှိ သက်ရှိကတ် ၏ အကျိုးသက်ရောက်မှုကို ပယ်ဖျက်သည်။ ထိုကစားသမားသည် နောက်ထပ် သုံးနှစ်အတွင်း အခြား သက်ရှိကတ် တစ်ကတ်ကို ထပ်မံ အသုံးမပြုနိုင်တော့ချေ။
၂။ ကောင်းကင်အဆင့် ရှေးဟောင်းရတနာသိုက်၊ စစ်ပွဲကောင်းချီး - ထိုကမ္ဘာ၏ အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့် [လက်ရှိ- လောကပင်လယ် အဆင့်] နှင့် ညီမျှသော၊ ရှေးဟောင်းသမိုင်းဝင် ရတနာသိုက်တစ်ခုကို ဖန်တီးပေးသည်။ မိမိရွေးချယ်ထားသော ရွေးချယ်ခံ အား ပဋိပက္ခများကြားမှ အရယူနိုင်မည့် အခွင့်အရေးကို ပေးအပ်သည်။ မိုင် ၅၀၀ ပတ်လည်အတွင်းရှိ အခြားကစားသမားများ၏ ရွေးချယ်ခံ များကိုမူ သေးငယ်သော အခွင့်အရေးများသာ ရရှိစေမည်။
၃။ သေမျိုးအဆင့် အိမ်ထောင်ရေး ကပ်ဘေး၊ လျှို့ဝှက် - အခြားကစားသမား၏ ရွေးချယ်ခံ တစ်ဦးအား အခြားသူတစ်ဦးနှင့် ပေါင်းစည်းရန် အခွင့်အရေးပေးသည်။ ပဋိပက္ခကို သေချာပေါက် ဖြစ်စေသည်။ ဤကတ်ကို အသုံးပြုသည့်အခါ ကတ်မှာ ဗလာဖြစ်သွားပြီး အခြားကစားသမားများ၏ အမြင်တွင် အသုံးမပြုရသေးသော ကတ်အဖြစ် ပေါ်နေမည်။
ဤကတ်များကို ကြည့်ရင်း စုရီ စဉ်းစားခန်း ဝင်သွားသည်။ ၎င်းတို့ထဲတွင် ချက်ချင်းလက်ငင်း အသုံးဝင်မည့်အရာ မရှိလှပေ။ သို့သော် သူသည် နောက်ထပ် ကတ်သုံးကတ်ကို ထပ်မံ ရရှိနိုင်သေးသည်။ ထို့အပြင် ရှားပါးလှသော ကောင်းကင်အဆင့် ကတ်နှစ်ကတ် ရရှိထားခြင်းမှာလည်း ကံကောင်းခြင်းပင်။ သက်ရှိပယ်ဖျက်ခြင်း ကတ်မှာ အလွန် အစွမ်းထက်ပြီး ကစားသမားတစ်ဦး၏ ရွေးချယ်ခံ များအားလုံးကို အကာအကွယ်မဲ့ ဆုံးရှုံးသွားစေနိုင်သည့် ရိုက်ခတ်မှုမျိုး ဖြစ်ပေါ်စေနိုင်သည်။
ရှေးဟောင်းရတနာသိုက် ကတ်ကိုမူ အလွန် သတိထား သုံးစွဲရမည်။ ဖန်တီးပေးသည် ဟူသော စကားလုံးမှာ တရားသူကြီး များက ထိုအခြေအနေကို ပုံဖော်ပေးမည်ဟု ဆိုလိုရာ၊ အခြားကစားသမားများကလည်း ၎င်းတို့၏ ရွေးချယ်ခံ များကို ထိုနေရာသို့ စေလွှတ်ရန် အစီအစဉ်ဆွဲနိုင်သော အခွင့်အရေး ရသွားနိုင်သည်။ ဤသည်မှာ ရတနာရော၊ ရွေးချယ်ခံ ပါ ဆုံးရှုံးရမည့် နှစ်ထပ်ကွမ်း အရှုံး မျိုး ဖြစ်သွားစေနိုင်သည်။
ထို့အပြင် အနီးနားရှိ အဖွဲ့အစည်းများနှင့် ဘုရင့်နိုင်ငံများကဲ့သို့သော ပြင်ပအချက်အလက်များလည်း ရှိနေသေးသည်။ အကယ်၍ ရတနာသိုက်သတင်း ပျံ့နှံ့သွားပါက၊ လုံလောက်သော ပြင်ဆင်မှု မရှိလျှင် မိမိ၏ ရွေးချယ်ခံ ကို သေတွင်းထဲသို့ ပို့လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ သူ၏ လက်ထဲတွင် သက်ရှိကတ် သာ ရှိခဲ့လျှင် ပိုကောင်းမည် ဖြစ်သော်လည်း၊ ယခု အခြေအနေနှင့်ပင် သူ ဖြစ်အောင် လုပ်ဆောင်မည်ဖြစ်သည်။
တိုက်ကြီး၏ အခြေအနေနှင့် သူ၏ လက်နက်ကိရိယာများကို ခွဲခြမ်းစိတ်ဖြာပြီးနောက်၊ သူသည် ရွေးချယ်ခံ ကို စတင် ရှာဖွေတော့သည်။ အစီအစဉ်တင်ဆက်သူများ အပြည့်အစုံ မရှင်းပြရသေးဘဲ ဖြစ်ပျက်လာသည့်အပေါ် မူတည်၍ ရင်ခုန်စရာအဖြစ် ထုတ်ဖော်မည့် အခြားသော စည်းမျဉ်းများလည်း ရှိနေသေးသည်။
ဥပမာအားဖြင့် လောကီမျက်လုံး ကို သတ်မှတ်ထားသော ပစ်မှတ်များအပေါ် အသုံးပြုခွင့်ပေးထားပြီး၊ ၎င်းတို့၏ အတိတ်ဖြစ်ရပ်မှန်များကို ကြည့်ရှုနိုင်သည်။ ဤအခွင့်အရေးကို ရွေးချယ်ခံ ရွေးချယ်သည့် အဆင့်များတွင်သာ ခွင့်ပြုထားပြီး၊ အလားအလာရှိသူ၏ စရိုက်နှင့် အမူအကျင့်ကို ပိုမိုလွယ်ကူစွာ အကဲဖြတ်နိုင်ရန် ကူညီပေးသည်။ သို့သော် တစ်ဦးလျှင် ၉ ကြိမ်သာ အသုံးပြုခွင့် ရှိသဖြင့်၊ ပစ်မှတ်၏ အတိတ်ကို မကြည့်မီ အခြားသော နည်းလမ်းများဖြင့် အကဲခတ်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
***