← Chapters

ချင်လင်း ဝမ်ချောင်တို့ရဲ့ ခြေလှမ်း

Vol. 11 Ch. 108

ချင်လင်း ဝမ်ချောင်တို့ရဲ့ ခြေလှမ်း

Vol. 11 Ch. 108

"မင်း အရင်ထိုင်နှင့်ဦး၊ ငါ ဝိုင်ကောင်းကောင်း နှစ်ပုလင်း သွားယူလိုက်မယ်"

​ပြောပြောဆိုဆိုဖြင့် ချင်လင်းသည် အကျွမ်းတဝင်ရှိလှသော မျက်နှာပေးဖြင့် ဘားကောင်တာထဲသို့ လစ်ခနဲ ဝင်သွားတော့သည်။

သူ့ကိုကြည့်ရသည်မှာ ဝမ်ချောင်နှင့် အတော်လေး ရင်းနှီးပုံရပြီး ဤစံအိမ်ကိုလည်း ခဏခဏ လာနေကျဖြစ်မည်မှာ သေချာသည်။

​"ဟေး... ဒါလေး မြည်းကြည့်စမ်းပါဦး"

ခဏအကြာတွင် ချင်လင်းက ဝိုင်နီတစ်ပုလင်းကို ယူလာပြီး စားပွဲပေါ် တင်လိုက်သည်။

"ဒီပုလင်းက ဘာအမျိုးအစားလဲတော့ ငါလည်း မသိဘူးကွာ၊ စာသားတွေက နိုင်ငံခြားကုဒ်တွေလို ဖြစ်နေတော့ ဖတ်ရတာ နည်းနည်း ရှုပ်နေတယ်"

​လင်းဖန်က ထိုဝိုင်ပုလင်းကို လှမ်းကြည့်လိုက်သည့်အခါ မျက်နှာတွင် နောက်ပြောင်လိုသော အမူအရာတစ်ခု ပေါ်လာတော့သည်။ ဤသည်ကို ဝမ်ချောင်သာ သိသွားမည်ဆိုပါက သွေးတက်သွားနိုင်ပေသည်။

​နိုင်ငံခြား ခဏခဏ သွားလာနေတတ်သည့် ချင်လင်းပင် မမှတ်မိသည်မှာ မဆန်းပေ။

အကြောင်းမှာ ပုလင်းပေါ်မှ စာသားအားလုံးမှာ ပြင်သစ်ဘာသာဖြင့် ရေးထားခြင်းကြောင့် ဖြစ်သည်။ ၁၉၅၀ ခုနှစ်ထုတ် Romanée-Conti ရိုမေးနီး-ကွန်တီတဲ့... တကယ့်ကို လူကြီးလူကောင်း ပစ္စည်းပင်။

​လူအများစုက ၁၉၈၂ ခုနှစ်ထုတ် လာဖိုက် (Lafite) ကိုသာ သိကြသော်လည်း ရိုမေးနီး-ကွန်တီ ရှေ့တွင်မူ လာဖိုက်မှာ ဈေးနှုန်းအရ ယှဉ်နိုင်စွမ်း မရှိပေ။ ဤဝိုင်ကို ပြင်သစ်ဝိုင်တို့၏ ဘုရင်၊ သို့မဟုတ် ကမ္ဘာ့ဝိုင်တို့၏ ဘုရင်ဟုပင် တင်စားခေါ်ဝေါ်ကြပြီး တစ်နှစ်လျှင် ပုလင်းပေါင်း ၅,၃၀၀ ခန့်သာ ထုတ်လုပ်သဖြင့် အလွန်ပင် ရှားပါးလှသည်။

​ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက Sotheby’s လေလံပွဲတွင် ၁၉၄၅ ခုနှစ်ထုတ် ရိုမေးနီး-ကွန်တီ တစ်ပုလင်းလျှင် အမေရိကန်ဒေါ်လာ ၅၅၈,၀၀၀ (ယွမ် ၃.၈ သန်းကျော်) အထိ ဈေးပေါက်ခဲ့ပြီး ဝိုင်လေလံလောကတွင် စံချိန်သစ် တင်ခဲ့ဖူးသည်။ ယခု ချင်လင်း ယူလာသော ၁၉၅၀ ခုနှစ်ထုတ်မှာ ၁၉၄၅ လောက် ဈေးမကြီးသော်လည်း လက်ရှိဈေးကွက်တွင် ရှာဖွေရန် အလွန်ခက်ခဲသော အဖိုးတန်ပစ္စည်းပင် ဖြစ်သည်။

​"ရှူး... ရှူး..." ချင်လင်းက ပုလင်းဖွင့်တံဖြင့် ဖောက်လိုက်ပြီး လင်းဖန်အတွက် ဖန်ခွက်အသေးလေးထဲသို့ အသာအယာ ငှဲ့ပေးလိုက်သည်။ လင်းဖန်က ဖန်ခွက်ကို မြှောက်ကာ တစ်ငုံမြည်းကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤကမ္ဘာ့ဝိုင်ဘုရင်မှာ နာမည်နှင့်လိုက်အောင်ပင် ချိုမြိန်သော အရသာနှင့် မွှေးပျံ့သော ရနံ့ ရှိလှပေသည်။

​"ဒီကောင်ကတော့ တကယ့်ကို မရိုးသားဘူး၊ ဒီလို ပစ္စည်းကောင်းရှိတာကို ဖုံးထားသေးတယ်၊ အခုတော့ ငါ့လက်ထဲ မိပြီလေ"

ချင်လင်းက မတော်လောဘ အကြံအောင်မြင်သွားသည့် လူတစ်ယောက်လို ဂုဏ်ယူစွာ ရယ်မောနေသည်။ ထိုပုံစံကို ကြည့်ပြီး လင်းဖန်မှာ မတတ်သာသလို ရယ်မိတော့သည်။ မင်းတို့ကလည်း နိုင်ငံရဲ့ ထိပ်တန်းသူဌေးသားတွေ ဖြစ်ပြီးတော့ ဒီလောက်လေးနဲ့ ဒီလောက်တောင် ပျော်နေရသလား။

​ရုတ်တရက် ချင်လင်းက အပြုံးမျက်နှာဖြင့် လင်းဖန်ကို ကြည့်ကာ မေးလိုက်သည်။

"တယ်ကျွမ်းဟော့ပေါ့ အကြောင်း မင်းသိလား"

​လင်းဖန် ခဏမျှ ကြောင်သွားပြီးနောက်

"မင်းက စားသောက်ကုန်လုပ်ငန်းထဲ ဝင်ဖို့ ကြံနေတာလား"

ဟု ပြန်မေးလိုက်သည်။

​တောင်ပေါ်မြို့တော်က စတင်ခဲ့သော ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့လုပ်ငန်းကြီးကို သူ မသိဘဲ မနေပေ။ တယ်ကျွမ်းအုပ်စုသည် ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ၏ ထိပ်တန်း စားသောက်ကုန် အမှတ်တံဆိပ် ၁၀၀ စာရင်းတွင် ပါဝင်ခဲ့သည်။ သို့သော် ဝမ်ချုံနှင့် ချင်လင်းတို့က ဤလုပ်ငန်းကို ပစ်မှတ်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

​"ဟီးဟီး ညီအစ်ကိုလင်းကတော့ တကယ့်ကို ထက်မြက်တာပဲ"

ချင်လင်းက အလိုက်အထိုက် ပြုံးပြရင်း "အမှန်အတိုင်း ပြောရရင် အစ်ကိုလင်း... ငါနဲ့သူက သီးသန့်ရုပ်ရှင်ရုံတည်ဆောက်ဖို့ နေရာတွေ အကုန်ရှာထားပြီးပြီ ရှန်ဟိုင်း ဆောက်လုပ်ရေးကလည်း ဝမ်တု (Wandu) ကနေ ခွဲထွက်ပြီး စတင် တည်ဆောက်နေပြီ"

​"ဒါပေမဲ့ ဒီရုပ်ရှင်ရုံလုပ်ငန်း အောင်မြင်ဖို့ဆိုရင် ဖျော်ဖြေရေးနဲ့ စားသောက်ကုန်ကို တစ်ပေါင်းတည်း ဖြစ်အောင် လုပ်ဖို့ လိုတယ် အဲဒါကြောင့် အပြင်လူကို အမြတ်မပေးဘဲ ငါတို့ဘာသာ အကုန်လုံးကို ပိုင်ဆိုင်ပြီး စနစ်တကျ စီမံခန့်ခွဲနိုင်ရင် ပိုကောင်းမလားလို့ စဉ်းစားနေတာ"

​လင်းဖန် အံ့သြသွားမိသည်။ ဤကောင်နှစ်ယောက်၏ ရည်မှန်းချက်မှာ မသေးလှပေ။ သီးသန့်ရုပ်ရှင်ရုံမှသည် ဖျော်ဖြေရေးနှင့် စားသောက်ကုန် ပေါင်းစပ်မှုအထိ၊ တစ်လုတ်တည်းနှင့် အဝစားမည့် ပုံစံမျိုးပင်။

​"ရုပ်ရှင်ရုံရဲ့ ဒုတိယထပ်နဲ့ တတိယထပ်မှာ ရုပ်ရှင်ပြမယ်၊ စတုတ္ထထပ်မှာ ဘိလိယက်ခုံနဲ့ ဗီဒီယိုဂိမ်းခန်းတွေ ထားမယ် ပထမထပ်မှာတော့ ဒေသထွက် စားသောက်ဆိုင်လေးတွေကို ထားမှာ ဖြစ်ပေမဲ့ အဓိက အထိုင်ချပေးမယ့် နာမည်ကြီး အမှတ်တံဆိပ်တစ်ခုတော့ လိုအပ်တယ် အဲဒါကြောင့် လူတိုင်း ကြိုက်နှစ်သက်မယ့် တယ်ကျွမ်းဟော့ပေါ့ကို ဝယ်ယူဖို့ ငါတို့ တိုင်ပင်နေကြတာ"

​တယ်ကျွမ်းဟော့ပေါ့ကို ဝယ်ယူမယ်...လင်းဖန်၏ မျက်နှာမှာ ထူးဆန်းသွားသည်။

​တယ်ကျွမ်းအုပ်စုသည် ဟော့ပေါ့လုပ်ငန်းသာမက စိုက်ပျိုးရေး၊ ခရီးသွားလာရေးနှင့် သုတေသန လုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင်ထားသော လုပ်ငန်းစုကြီးဖြစ်သည်။ စျေးကွက်ပေါက်စျေးအရ ယွမ် ၅၀ ဘီလီယံ (၅ သောင်းကုဋေ) ခန့် တန်ကြေးရှိသဖြင့် လင်းဖန်အတွက်မူ များလှသည်မဟုတ်ပေ။ သူသည် ဤစီမံကိန်းအတွက် ယွမ် ၇၀ ဘီလီယံ ထောက်ပံ့ထားပြီးသားဖြစ်သဖြင့် တယ်ကျွမ်းကို ထပ်ပေါင်းလိုက်လည်း ကိစ္စမရှိပေ။

​သို့သော် ချင်လင်းက ယခုတစ်ကြိမ်တွင် အတော်လေး စိတ်အားထက်သန်နေပုံရသည်။ ချင်လင်းသည်လည်း ဝမ်ချောင်ကဲ့သို့ပင် ထိပ်တန်းမိသားစု၏ မျိုးဆက်ပီသစွာပဲ ရည်မှန်းချက်ကြီးသူ ဖြစ်နေသည်။

​"မင်း သေချာလား"

လင်းဖန်က ခေါင်းမော့ကာ ချင်လင်းကို စူးစူးစိုက်စိုက် ကြည့်ရင်း မေးလိုက်သည်။ သူ၏ ပိုက်ဆံများကို အလားအလာ မသေချာသော ပရောဂျက်ထဲတွင် အလဟဿ အဖြစ်မခံနိုင်ပေ။

​"သေချာပါတယ်"

ချင်လင်းက သွားကြိတ်ကာ ခိုင်မာစွာ ပြန်ဖြေသည်။

"တယ်ကျွမ်းက မကြာသေးမီ နှစ်တွေအတွင်းမှာ ဟိုက်တီလောင်ရဲ့ ထိုးနှက်မှုကို ခံထားရပြီး စျေးကွက်ဝေစု အတော်လေး ကျဆင်းနေတယ် အခုဆိုရင် သူတို့ရဲ့ ငွေကြေးလည်ပတ်မှုက အကန့်အသတ်ကို ရောက်နေပြီး သတိမထားရင် ပြိုလဲသွားနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်"

​"ဝယ်ယူဖို့အတွက် ဘယ်လောက်ကုန်မလဲ၊ မင်းတို့ဘက်ကရော ဘယ်လောက် စိုက်ထုတ်နိုင်မလဲ"

လင်းဖန်က အရေးကြီးဆုံး မေးခွန်းနှစ်ခုကို ချက်ချင်း မေးလိုက်သည်။

​"ငါနဲ့သူ ခန့်မှန်းထားတာကတော့ တယ်ကျွမ်းကို ဝယ်ဖို့ ယွမ် ၅၀ ဘီလီယံလောက် ကုန်မယ် ငါက ၁၀ ဘီလီယံ ထုတ်မယ်၊ ဝမ်ချုံက ၁၂ ဘီလီယံ ထုတ်မယ်"

ဟု ချင်လင်းက ဆိုသည်။ ဤငွေမှာ သူတို့ မိသားစုများဆီမှ ရရှိမည့် ရင်းနှီးမြှုပ်နှံမှုများလည်း ဖြစ်သည်။

​"စိတ်ဝင်စားစရာပဲ မင်းတို့က ရှိသမျှ အင်အားအကုန်သုံးပြီး တစ်ဟုန်ထိုး နာမည်ကြီးလာမလား၊ ဒါမှမဟုတ် အမှောင်ထဲ ပျောက်ကွယ်သွားမလားဆိုတာကို လောင်းကြေးထပ်နေကြတာပဲ"

လင်းဖန်က ကျီစယ်လိုသော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။

​အကယ်၍ ဤစီမံကိန်းသာ အမှန်တကယ် အောင်မြင်သွားခဲ့လျှင် သူတို့နှစ်ဦး၏ အနာဂတ်မှာ အလွန်ပင် တောက်ပသွားပေလိမ့်မည်။ ကနဦး ရင်းနှီးမြှုပ်နှံမှု ယွမ် ၁၃၀ ဘီလီယံကျော်အပြင် ဖျော်ဖြေရေးလုပ်ငန်းများပါ ပေါင်းစပ်လိုက်လျှင် စုစုပေါင်း ယွမ် ၁၅၀ ဘီလီယံအထိ ရှိလာမည်ဖြစ်ရာ ကြီးမားသော အရင်းအမြစ်တစ်ခု ဖြစ်လာပေတော့မည်။

​

..............................................................

All Chapters