စူးချင်းနင် နဲ့အတူ
Vol. 11 Ch. 110
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ယန်တာတက္ကသိုလ်၏ နောက်ဆုံးပိတ် စာမေးပွဲများ အားလုံးပြီးဆုံးသွားခဲ့ပြီဖြစ်ရာ ကျောင်းသားကျောင်းသူများအားလုံး မိမိတို့အိမ်သို့ အသီးသီး ပြန်ကြတော့မည်ဖြစ်သည်။
"ဝုန်းးးးးး"
ထိုစဉ် လင်းဖန်သည် Aston Martin One-77 ပြိုင်ကားကြီးကို မောင်းနှင်လျက် ယန်တာတက္ကသိုလ် စာပေဌာနအောက်သို့ ရောက်ရှိလာရာ လူပေါင်းများစွာ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
"ဟေး... ကြည့်စမ်း၊ အဲဒါ ဘာကားလဲဟ၊ အတော်မိုက်တာပဲ"
"ဟား... Aston Martin One-77 ပဲ၊ ငါတို့ကျောင်းမှာ ဒီကားမျိုး မောင်းတဲ့သူ ရှိလို့လား"
"အမလေး... တစ်ကမ္ဘာလုံးမှာ ၇၇ စီးပဲ ရှိတာလေ၊ ဈေးက ယွမ် ၄၇ သန်းကျော် (သိန်း ၄၇၀ ကျော်) တန်တာဟ"
ကားအကြောင်း နားလည်သော ကျောင်းသားအချို့က ထိုဂန္ထဝင်ပြိုင်ကားကြီးကို ချက်ချင်းမှတ်မိသွားကြသည်။ သူတို့အားလုံး အံ့သြလွန်း၍ ပါးစပ်ပင် မစေ့နိုင်ကြတော့ပေ။ ဤသည်မှာ ယွမ်သန်းဂဏန်းမျှ မဟုတ်ဘဲ သန်းငါးဆယ်နီးပါး တန်ကြေးရှိနေသည် မဟုတ်ပါလား။
"နေဦး... အဲဒါ ဒဿနိကဗေဒဌာနက နာမည်ကြီး လင်းဖန် မဟုတ်လား"
"ပြီးခဲ့တဲ့တစ်ခေါက်က Maserati၊ အခုကျတော့ Aston Martin တဲ့... တကယ့်ကို အလန်းစားပဲ"
"သူ စူးချင်းနင်ကို လာရှာတာ ထင်တယ်"
"ဟုတ်လောက်တယ်"
ကျောင်းသားများစွာသည် ကားမှန်ထဲမှတစ်ဆင့် လင်းဖန်ကို မြင်တွေ့နေရသည်။ လင်းဖန်ကတော့ ဘာမှ ဂရုမစိုက်ပေ။ လူငယ်ဆိုသည်မှာ ကြွယ်ဝချမ်းသာမှုကို အမြဲတမ်း တမ်းတတတ်ကြစမြဲ ဖြစ်သည်။ ဇိမ်ခံကား၊ စံအိမ်၊ တန်ဖိုးကြီးနာရီနှင့် အမှတ်တံဆိပ်များမှာ လှပသော မိန်းကလေးတစ်ဦးနှင့် ထိုက်တန်သည်ဟု လက်ခံထားကြသည်။
အချို့က မနာလိုဖြစ်ကြမည်၊ အချို့က အားကျကြမည်။ သို့သော် ဤတုန်လှုပ်ဖွယ် အမှန်တရားကို မည်သူမှ မပြောင်းလဲနိုင်ပေ။
ထိုအချိန်တွင် စူးချင်းနင်သည် စာပေဌာန စာသင်ခန်းထဲမှ ထွက်လာစဉ် အောက်ထပ်၌ လူစုလူဝေး ဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူမသည် ဘေးဘက်မှ အသာအယာ ရှောင်ထွက်သွားရန် ကြိုးစားလိုက်သော်လည်း...
"ဘုန်း"
လင်းဖန်သည် ရိုးရှင်းအေးမြပြီး ပိန်ပါးသော ထိုကိုယ်ဟန်လေးကို တစ်ချက်တည်းနှင့် မှတ်မိသွားသည်။ သူ ချက်ချင်းပင် ကားတံခါးဖွင့်ကာ ဆင်းလာပြီး "ခဏစောင့်ဦး" ဟု လှမ်းပြောလိုက်သည်။
"ဟင်"
စူးချင်းနင်က လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။
"ကျင်းလင် ရန်ဟဲ"
လင်းဖန်က စကားလုံးအချို့ကို ခပ်တိုးတိုး ပြောလိုက်ပြီးနောက် ကားထဲသို့ ပြန်ဝင်သွားသည်။ ထိုစကားကို ကြားလိုက်ရသောအခါ စူးချင်းနင် တုံ့ဆိုင်းသွားပြီးနောက် Aston Martin ကားကြီးဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားတော့သည်။ ကျောင်းသားအားလုံးက လမ်းဖယ်ပေးလိုက်ကြပြီး စူးချင်းနင် တစ်ယောက် လင်းဖန်၏ကားပေါ်သို့ တက်သွားသည်ကို ငေးကြည့်နေကြတော့သည်။
ထိုခဏ၌ ဒဿနိကဗေဒဌာနနှင့် အခြားဌာနများမှ ကျောင်းသားများစွာမှာ ရင်ကွဲနာ ကျကုန်ကြတော့သည်။ ယခင်ကတည်းက စူးချင်းနင်သည် မည်သူ၏ လိုက်လံပိုးပန်းမှုကိုမျှ လက်မခံခဲ့သလို တုံ့ပြန်မှုလည်း မရှိခဲ့ပေ။ သူဌေးသားပဲဖြစ်ဖြစ်၊ ပညာထူးချွန်သူပဲဖြစ်ဖြစ်၊ အာဏာရှိသူ သားသမီးပဲဖြစ်ဖြစ် သူမအတွက်တော့ ဘာမှမဟုတ်ခဲ့။
သို့သော် ဤဒဏ္ဍာရီလာ အေးစက်စက် အလှနတ်သမီးလေးသည် နောက်ဆုံးတွင် အမျိုးသားတစ်ဦး၏ ကားပေါ်သို့ တက်သွားခဲ့ပြီဖြစ်သည်။ Aston Martin ကားကြီး တဖြည်းဖြည်း မောင်းထွက်သွားသည်ကို ကြည့်ရင်း မည်သူမှ လင်းဖန်ကို မဆဲရဲကြပေ။ အကြောင်းမှာ ထိုလူသားသည် ပညာအရည်အချင်း၊ ကြွယ်ဝမှုနှင့် ရုပ်ရည်ပိုင်းတွင်ပါ ပြစ်ချက်ရှာမရအောင် ပြည့်စုံလွန်းနေသောကြောင့် ဖြစ်သည်။
"ဘာလို့ ကားပေါ် တက်လာတာလဲ" ရှေ့ကို ကြည့်ရင်း လင်းဖန်က ကားမောင်းရင်း မေးလိုက်သည်။
စူးချင်းနင်က ဤမျှ တိုက်ရိုက်ဆန်ဆန် ကားပေါ်တက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤကိစ္စမှာ ကျောင်းအတွင်း ဂယက်ရိုက်သွားမည်မှာ အသေအချာပင်။ တစ်ပတ်အတွင်း ကျောင်းသားအားလုံးက "စာပေဌာနရဲ့ ပန်းကလေးကို ဒဿနိကဗေဒဌာနက နတ်ဘုရားက ခူးသွားပြီ" ဟု ပြောကြပေလိမ့်မည်။
"တက်ချင်လို့ တက်တာလေ"
စူးချင်းနင်က အေးအေးဆေးဆေး ပြန်ဖြေသည်။
"ဟားဟား" လင်းဖန် အော်ရယ်မိတော့သည်။ သူမကတော့ သူမအတိုင်းပါပဲ။ ရိုးရှင်းသော ဘဝ၊ ရှင်းလင်းသော ရည်မှန်းချက်ရှိပြီး ပြင်ပကလူတွေ ဘာပြောပြော ဂရုမစိုက်တတ်သူပင်။
"နင်... ဘာလို့ ဒီလိုတွေ လုပ်တာလဲ"
ဘေးမှ စူးချင်းနင်က သူမ၏ရင်ထဲတွင် အမြဲရှိနေသော သံသယကို မေးမြန်းလိုက်သည်။
"မင်း ပြောချင်တာက ငါက တကယ်တော့ ထူးချွန်ကျောင်းသားတစ်ယောက် ဖြစ်နေတာလား၊ ဒါမှမဟုတ် ငါက အရမ်းချမ်းသာနေတာလား၊ အဲဒီပိုက်ဆံတွေက ငါ့မိသားစုနဲ့ မဆိုင်ဘူး ဆိုတာကိုလား"
လင်းဖန်က ရုတ်တရက် ရယ်မောလိုက်ပြီး
"ကျင်းလင် အမှတ် (၁) အထက်တန်းကျောင်းရဲ့ အထီးကျန်ဆန်ဆုံး ကျောင်းသူလေး စူးချင်းနင်က ဘယ်တုန်းက ဒီလောက်အထိ လူမှုရေးတွေ စပ်စုတတ်သွားတာလဲ"
"ကိုယ့်ကိစ္စကို သူတပါးကို ဘာလို့ ရှင်းပြနေရမှာလဲ သူတပါး မရှိရင် မင်း မရှင်သန်နိုင်လို့လား"
ထိုစကားကြောင့် စူးချင်းနင် ခေါင်းလေးငုံ့သွားပြီး ဘာတွေ တွေးနေမှန်း မသိတော့ပေ။ တကယ်တော့ ဤစကားများက သူမ၏ ရင်ကို အထိခိုက်စေဆုံး ဖြစ်ပေလိမ့်မည်။ အငယ်ကတည်းက ယောက်ျားလေးတိုင်းက သူမကို သဘောကျကြသော်လည်း မိန်းကလေးအချင်းချင်းမှာမူ သူမနှင့် ရင်းနှီးသူ ရှားလှသည်။ သူမ၏ မိသားစု အခြေအနေကြောင့်လား၊ သို့မဟုတ် သူမက မာနကြီးလွန်း၍လား... မည်သို့ပင်ဆိုစေ သူမ ဘယ်တော့မှ ရှင်းပြရန် မစဉ်းစားခဲ့ပေ။
ယနေ့ လင်းဖန်ကို လူပေါင်းများစွာက သံသယမျက်လုံးဖြင့် ကြည့်နေကြသည်ကို မြင်သောအခါ သူမ၏ ရင်ထဲတွင် တစ်ခုခုကို လုပ်ဆောင်ချင်စိတ် ပေါ်လာခြင်းဖြစ်သည်။ လင်းဖန်သည် ငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံး ကွယ်လွန်ခဲ့ပြီး မှတ်ဉာဏ် ချို့ယွင်းမှုရှိနေသော်လည်း မည်သူမှ မမှီနိုင်သော ထိပ်ဆုံးနေရာသို့ ရောက်နေသည်မှာ သူမအတွက်တော့ အားကျစရာ ဖြစ်နေပေလိမ့်မည်။
"မင်း အဝတ်အစားတွေ သွားသိမ်းလိုက်ဦး၊ ညနေကျရင် ငါနဲ့အတူ ကျင်းလင်ကို ပြန်ရမယ်"
လင်းဖန်က ကားကို မောင်းရင်း မိန်းကလေး အဆောင်ရှေ့သို့ ရောက်လာသည်။
"အင်း ခဏစောင့်နော်"
စူးချင်းနင်က ကားပေါ်ကဆင်းကာ လင်းဖန်ကို အားနာသလို ကြည့်ပြီး အထဲသို့ အပြေးဝင်သွားတော့သည်။
လင်းဖန်သည် သူမ အပေါ်ထပ် တက်သွားသည်ကို တိတ်တဆိတ် ငေးကြည့်နေမိသည်။
အဘယ်ကြောင့် ဤမိန်းကလေးအပေါ် စိတ်ဝင်စားနေမိသနည်း ဆိုသည်မှာ သူ့အတွက်လည်း ပဟေဠိပင်။
ဖုန်းသံကြောင့် သူ သတိပြန်ဝင်လာသည်။
"ဟဲလို... ဘာဖြစ်လို့လဲ"
"သူဌေး... လေယာဉ်လက်မှတ် ဝယ်ပြီးပါပြီ၊ ည ၇ နာရီမှာ ကျင်းလင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ပါလိမ့်မယ်"
ဟု မိုရှင်းယာက အကြောင်းကြားလာသည်။
"အင်း... သိပြီ"
ထိုခဏချင်းမှာပင် သူ့နောက်မှ လိုက်ပါလာသော သက်တော်စောင့် ၆ ဦးသည် သူ့ရှေ့တွင် ပေါ်လာပြီး
"သူဌေး... ဘာများ ခိုင်းစရာ ရှိပါသလဲ"
ဟု ရိုသေစွာ မေးမြန်းကြသည်။
"မင်းတို့ရဲ့ ကားသော့ ပေးခဲ့ ဒီပြိုင်ကားကိုတော့ မင်းတို့ပဲ မောင်းသွားတော့"
"ဟုတ်ကဲ့ပါ"
သက်တော်စောင့်က Mercedes-Benz G-Class (Big G) ကားသော့ကို လှမ်းပေးလိုက်ပြီး Aston Martin One-77 ကို မောင်းကာ ထွက်ခွာသွားကြသည်။ စူးချင်းနင်တွင် အဝတ်အစားသေတ္တာများ ရှိနိုင်သဖြင့် ပြိုင်ကားထက်စာလျှင် Big G ကားကြီးက ပစ္စည်းထည့်ရန် ပို၍ အဆင်ပြေသောကြောင့် ဖြစ်သည်။
၁၀ မိနစ်ခန့်အကြာတွင် စူးချင်းနင်၏ အသံကို ကြားလိုက်ရပြီး လင်းဖန်က ပစ္စည်းများကို ကူသယ်ပေးလိုက်သည်။ ထို့နောက် သူမကို ပေကျင်း တာ့ရှင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက် မောင်းနှင်ခေါ်ဆောင်သွားတော့သည်။
မိုရှင်းယာက အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ လင်းဖန်သည် နိုင်ငံတော် လေကြောင်းလိုင်း၏ VIP ဖောက်သည် ဖြစ်သဖြင့် တန်းစီစရာ မလိုဘဲ VIP လမ်းကြောင်းမှတစ်ဆင့် ကျင်းလင်သို့ အမြန်ဆုံး ပျံသန်းမည့် လေယာဉ်ပေါ်သို့ တက်ရောက်နိုင်ခဲ့သည်။
စစ်တပ်နှင့် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်နေသော စီးပွားရေးသမားတစ်ဦးအတွက် ဤမျှလောက်သော အထူးအခွင့်အရေးမှာ မပြောပလောက်သော ဆုလာဘ်တစ်ခုသာ ဖြစ်ပေတော့သည်။
.......................................................