← Chapters

အချိန်သက်ရှိများ တိုက်ခိုက်ခြင်း....

Vol. 78 Ch. 1081

အချိန်သက်ရှိများ တိုက်ခိုက်ခြင်း....

Vol. 78 Ch. 1081

" ဒါဆိုလည်း အဆင့်တက်လိုက်လေ။ " လင်းယွမ်က ပြောလိုက်သည်။

သူ၏ လက်ရှိခွန်အားနှင့် နိယာမမူလသစ်ပင်က အလှပန်းအိုးတစ်ခုနှင့်သာ ဆင်တူသည်။ အလွှာဆယ့်သုံးသို့ ရောက်မှသာ သူ့အတွက် အကူအညီအချို့ ပေးနိုင်ပေလိမ့်မည်။

လင်းယွမ်၏ သဘောတူညီမှုရရှိသည်နှင့် နိယာမမူလသစ်ပင်က အဆင့်တက်ရန် ရွေးချယ်လိုက်သည်။ မမြင်နိုင်သော စွမ်းအားများက လင်းယွမ်၏ အတွင်းစကြာဝဠာအတွင်း ပျံ့နှံ့သွားပြီး နိယာမမူလသစ်ပင်က အချိန်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော စက်ဝန်းတစ်ခုအတွင်းသို့ ကျရောက်သွားသည်။

" အောင်မြင်ဖို့ မျှော်လင့်ပါတယ်။ " လင်းယွမ်က နိယာမမူလသစ်ပင် အချိန်စက်ဝန်းအတွင်းသို့ ကျရောက်သွားသည်ကို အဝေးမှ ကြည့်နေခဲ့သည်။

မရေတွက်နိုင်သော အနာဂတ်အချိန်အတိုင်းအတာများက သူ၏ ရှေ့တွင် ပွင့်လာပြီး လင်းယွမ်၏ စောင့်ကြည့်မှုအရ နိယာမမူလသစ်ပင် အချိန်သက်ရှိဖြစ်လာနိုင်ခြေမှ မမြင့်မားပေ။ သို့သော် မည်သို့ပင် ဖြစ်စေ အချိန်သက်ရှိဖြစ်လာရန် အလားအလာရှိနေသည်။

အကယ်၍ နိယာမမူလသစ်ပင်က ကျရှုံးခဲ့လျှင်တောင် လင်းယွမ်အတွက် ဆုံးရှုံးမှုမရှိဘဲ အောင်မြင်သွားခဲ့လျှင် သူ၏ ဘက်တွင် အချိန်သက်ရှိတစ်ယောက် တိုးလာမည်ဖြစ်သည်။

" အမြင့်ဆုံးမဟာတာအို...." လင်းယွမ်က သူ၏ အတွင်းစကြာဝဠာထဲတွင် ဖြစ်ပေါ်နေသော အချိန်စက်ဝန်းကို ဂရုတစိုက် ခံစားကြည့်နေသည်။

သူ၏ စိတ်ထဲမှ အနက်ရှိုင်းဆုံးတွင် လင်းယွမ်က တတိယရင်းမြစ်ကမ္ဘာကို စောင့်ကြည့်ရန် စိတ်အသိကို ခွဲထုတ်ထားခဲ့ပြီး နောက်ဆုံးတွင် သူဆင်းသက်သွားရန်အတွက် သင့်တော်သော ရုပ်ခန္ဓာတစ်ခုကို ရွေးချယ်နေခဲ့သည်။

" အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ သတ္တမအဆင့်ကို ပြည့်စုံဖို့ဆိုရင် အရင်က စုဆောင်းမှုတွေနဲ့ မလုံလောက်ဘူး။ နောက်ထပ် ရင်းမြစ်ကမ္ဘာတစ်ခုကို လေ့လာဖို့ လိုအပ်လိမ့်မယ်။ " လင်းယွမ်က တတိယရင်းမြစ်ကမ္ဘာကို အဝေးမှ စောင့်ကြည့်ပြီး အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို အသုံးပြုလိုက်သည်။

လက်ရှိတွင် အဆုံးမဲ့ဟင်းလင်းပြင်၏ သတ္တမအဆင့်တွင် သူက ပထမသုံးပုံတစ်ပုံကိုသာ ဖော်ထုတ်နိုင်သေးသည်။ ကျန်ရှိသော သုံးပုံနှစ်ပုံက ပိုမိုခက်ခဲလာပြီး ရင်းမြစ်ကမ္ဘာ၏ လည်ပတ်ပုံကို ပိုမိုနားလည်ရန် လိုအပ်သည်။

" လုံလောက်ပါပြီ။ ဒီခန္ဓာကိုယ်က အဆင်ပြေဆုံးပဲ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။ သူက သင့်တော်သော ခန္ဓာကိုယ်တစ်ခုကို ရွေးချယ်နေခဲ့ပြီး သန်းချီသော အချိန်အတိုင်းအတာများကို ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခု ချခဲ့သည်။

" စကြစို့။ " လင်းယွမ်က သူ၏ စိတ်အသိအပိုင်းအစတစ်ခုကို ချက်ချင်း ခွဲထုတ်လိုက်သည်။

အလွှာဆယ့်သုံးသို့ တက်လှမ်းပြီးနောက် သူ၏ အသက်အနှစ်သာရက အလွန်မြင့်မားသွားခဲ့ပြီး စိတ်အသိကလည်း အားကောင်းလာခဲ့သည်။ ထို့ကြောင့် သူက စိုးရိမ်စရာမလိုဘဲ တတိယရင်းမြစ်ကမ္ဘာသို့ ဆင်းသက်ခြင်းဖြစ်သည်။

သူ၏ စိတ်အသိအပိုင်းအစက အနန္တကမ္ဘာများ၏ ဂိတ်တံခါးထဲသို့ စီးဝင်သွားခဲ့ပြီး သူက အတိုင်းအဆမရှိသော ဒိုင်မန်းရှင်းများကို ဖြတ်ကျော်သွားခဲ့သည်။ တတိယရင်းမြစ်ကမ္ဘာက ပြင်ပမှလာသော သက်ရှိများကို ငြင်းပယ်သည်။ ထို့အပြင် အချိန်အရှင်သခင်များလည်း ရှိသောကြောင့် ကျူးကျော်ရန် မဖြစ်နိုင်ပေ။

သို့သော် လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါး အကူအညီဖြင့် ထိုကမ္ဘာအတွင်းသို့ တိတ်တဆိတ် ပေါင်းစပ်ဝင်ရောက်သွားခဲ့သည်။

ကောင်းကင်မြစ်ဒိုင်မန်ရှင်း။

ကောင်းကင်မြစ်က ကျယ်ပြောလှသော အချိန်လေဟာနယ်များကို ဖြတ်သန်းစီးဆင်းနေသည်။ ကောင်းကင်မြစ်၏ နေရာတစ်ခုတွင် အချိန်သက်ရှိ ဆယ်ယောက်ကျော်၏ ပုံရိပ်များက ထိပ်တိုက်ရင်ဆိုင်နေကြသည်။ သူတို့က ဖရိုဖရဲဟင်းလင်းပြင်နှင့် ထိုက်ရှုနယ်မြေမှ အချိန်သက်ရှိများ ဖြစ်ကြသည်။

အဝေးတစ်နေရာတွင် အချိန်သက်ရှိအချို့ကလည်း စောင့်ကြည့်နေကြသည်။ ထိုကဲ့သို့သော တိုက်ပွဲများက နှစ်ပေါင်းများစွာ နေထိုင်လာသော အချိန်သက်ရှိများအတွက် ရှားပါးသော ဖျော်ဖြေမှုတစ်ခုပင်ဖြစ်သည်။

" တိုက်ကြစမ်း။ "

" တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်လုံးထိခိုက်သွားရင် အကောင်းဆုံးပဲ။ " စောင့်ကြည့်နေသော အချိန်သက်ရှိများက ပြောလိုက်ကြသည်။ သူတို့နှစ်ဖွဲ့လုံးသာ ထိခိုက်သွားလျှင် ကောင်းကင်မြစ်ပေါ်ရှိ အချိန်သက်ရှိများက အတော်လျော့ကျသွားပေလိမ့်မည်။

" နှစ်ဖက်လုံးထိခိုက်ဖို့လား။ မျှော်လင့်ချက်သိပ်မရှိပါဘူး။ " အခြားအချိန်သက်ရှိများက ခေါင်းခါလိုက်ကြသည်။

ကောင်းကင်မြစ်၏ မြစ်ရေများက စီးဆင်းနေသည်။ ထိုက်ရှုနယ်မြေမှ အချိန်သက်ရှိတစ်ယောက်က ဖရိုဖရဲဟင်းလင်းပြင်မှ ကျူးယင်နှင့် တိုက်ခိုက်နေသည်။ ကြောက်စရာကောင်းသော အော်ရာတစ်ခုက ပေါက်ကွဲလာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ အဆုံးမရှိသော ကောင်းကင်မြစ်ရေများကို ဝါးမျိုသွားသည်။

ထိုက်ရှုအရှင်သခင်က အောက်မှ တိုက်ပွဲကို ကြည့်ကာ သူ၏ လက်ကို မြှောက်၍ အချိန်လေဟာနယ်လှိုင်းများကို လှုံ့ဆော်လိုက်ပြီး ကျူးယင်ကို ဖိနှိပ်လိုက်သည်။

" ထိုက်ရှု မင်းလှုပ်ရှားချင်တယ်ဆိုရင် ငါ့ကို မေးပြီးပြီလား။ " အရှင်မိုရှုက ပြုံး၍ လှုပ်ရှားလိုက်ပြီး ထိုက်ရှုအရှင်သခင်၏ တိုက်ကွက်ကို ကြားဖြတ်တားဆီးလိုက်သည်။

ထိုခဏတွင် ကျူးယင်၏ ခန္ဓာကိုယ်က ရုတ်တရက် ကြီးထွားလာပြီး ကြီးမားသော နဂါးတစ်ကောင်းအဖြစ် အသွင်ပြောင်းကာ ထိုက်ရှုနယ်မြေမှ အချိန်သက်ရှိကို ဟိန်းဟောက်လိုက်သည်။ အချိန်လေဟာနယ်က ကြေမွသွားသည်။ ထိုက်ရှုနယ်မြေမှ အချိန်သက်ရှိက ဖိနှိပ်ခံလိုက်ရပြီး အရှိန်အဟုန်နှင့် နောက်ဆုတ်သွားသည်။

" ဟမ့်..." ထိုက်ရှုအရှင်သခင်က နှာခေါင်းရှုံ့လိုက်ပြီး အရှင်မိုရှုကို လှမ်းကြည့်လိုက်သည်။ " မိုရှု ငါပြောတာကို နားထောင်စမ်း။ ဒီကောင်းကင်မြစ်နှလုံးသားကို လက်လွှတ်လိုက်တော့။ " ထိုက်ရှုအရှင်သခင်က အေးစက်စွာ ပြောလိုက်သည်။

" ကောင်းကင်မြစ်နှလုံးသားကို စွန့်လွှတ်ရမယ်ဟုတ်လား။ " အရှင်မိုရှုက လှော်ပြုံးပြုံးလိုက်သည်။ " ဒီကောင်းကင်မြစ်နှလုံးသားကို ဖရိုဖရဲဟင်းလင်းပြင်က နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တာပဲ။ အဲ့ဒါကို မင်းက အလွယ်တကူ လက်လွှတ်ခိုင်းနေတာလား။ "

" လက်လွှတ်လိုက်တာက မင်းတို့ ကောင်းဖို့အတွက်ပဲ။ " ထိုက်ရှုအရှင်သခင်က ပြောလိုက်သည်။

အကယ်၍ ဖရိုဖရဲဟင်းလင်းပြင်က နောက်ဆုတ်သွားလျှင် မည်သည့်အချိန်သက်ရှိမှ ဒဏ်ရာရမည်မဟုတ်ဘဲ ဖြစ်ပေါ်လာမည့် ရန်ငြိုးရန်စက နည်းပါးသွားမည်ဖြစ်ပြီး အနာဂတ်တွင် ဖြေရှင်းနိုင်ပေလိမ့်မည်။

အကယ်၍ ဖရိုဖရဲဟင်းလင်းပြင်က အလျော့မပေးခဲ့လျှင် ဟွေ့ဘိုးဘေးပေးခဲ့သော ဝှက်ဖဲကို အသုံးပြုရတော့မည်ဖြစ်ပြီး ပြင်းထန်သော တိုက်ပွဲက မလွှဲမသွေဖြစ်လာမည်ဖြစ်ရာ ဒဏ်ရာရရှိမှုများ ရှိလာပေလိမ့်မည်။ ထိုအချိန်တွင် ထိုက်ရှုနယ်မြေနှင့် ဖရိုဖရဲဟင်းလင်းပြင်တို့ကြားမှ ရန်ငြိုးက ပြန်လည်သင့်မြတ်ရန် ခက်ခဲသွားပေလိမ့်မည်။

ဟွေ့ဘိုးဘးပေးထားသော အကျိုးအမြတ်များကြောင့် ထိုက်ရှုအရှင်သခင်က ထိုသို့သော ရန်ငြိုးများကို ဂရုမစိုက်သော်လည်း တိုက်ပွဲများကို ရှောင်လွှဲနိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။

" ဘာမှထပ်ပြောနေစရာမလိုဘူး။ " အရှင်မိုရှုက ခေါင်းခါလိုက်သည်။

လင်းယွမ်၏ သတိပေးချက်ကြောင့် ထိုက်ရှုနယ်မြေ၏ နောက်ကွယ်တွင် ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက် ရှိနေသည်။ ထို့ကြောင့် ထိုက်ရှုအရှင်သခင်က ထိုသို့သော စကားများကို ရဲရဲဝံ့ဝံ့ ပြောဆိုရဲခြင်းဖြစ်သည်။

" အဲ့လိုဆိုမှတော့ လက်တွေ့လုပ်​ဆောင်မှုနဲ့ပဲ ရလဒ်ကို ဆုံးဖြတ်ကြတာပေါ့။ " ထိုက်ရှုအရှင်သခင်က ရှေ့သို့ တက်လိုက်သည်။

အဆုံးမရှိသော ကောင်းကင်မြစ်ရေများက ပြင်းထန်စွာ စီးဆင်းလာပြီး အချိန်လေဟာနယ်များစွာကို လွှမ်းခြုံလျက် အရှင်မိုရှုဆီသို့ အရှိန်အဟုန်နှင့် စီးဆင်းသွားသည်။ အရှင်မိုရှုကလည်း သူ၏ ခန္ဓာကိုယ်အတွင်းမှ မှော်စာလုံးများဖြင့် ဖွဲ့စည်းထားသော ကျောက်စိမ်းတုံးကို ခံစားမိလိုက်ရာ အနည်းငယ် စိတ်အေးသွားသည်။

" မင်းတို့ ထိုက်ရှုနယ်မြေမှာ ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်ရှိသလို ငါတို့ ဖရိုဖရဲဟင်းလင်းပြင်မှာလည်း နဂါးငွေ့တန်းရှိတယ်။ " လင်းယွမ်၏ ထောက်ပံ့မှုကြောင့် အရှင်မိုရှုက အတော်လေး ယုံကြည်မှုရှိနေသည်။

ထိုက်ရှုအရှင်သခင်၏ လှုပ်ရှားမှုအောက်တွင် ကောင်းကင်မြစ်ရေများက ပြင်းထန်စွာ စီးဆင်းလာပြီး အရှင်မိုရှုဆီသို့ ဦးတည်သွားသည်။ မြစ်ရေများက တဖြည်းဖြည်း စုစည်းလာပြီး ကောင်းကင်မြစ်တစ်ဝက်နီးပါးကို လွှမ်းခြုံသွားသည်။

" ထိုက်ရှု ဒီနည်းလမ်းတွေနဲ့ဆိုရင် မင်းငါ့ကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူး။ " အရှင်မိုရှုက ခေါင်းခါလိုက်ပြီး ကောင်းကင်မြစ်ရကိုပင် အသုံပြုလိုက်သည်။

ကောင်းကင်မြစ်ဒိုင်မန်းရှင်းတွင် နှစ်ပေါင်းများစွာ နေထိုင်လာသူဖြစ်ရာ သူက ထိုက်ရှုအရှင်သခင်ထက် ဤနယ်မြေ၏ စွမ်းအားကို ပိုမိုရင်းနှီးလေသည်။ ကွဲပြားသော စွမ်းအားနှစ်ခုက အဆက်မပြတ် ထိပ်တိုက်တွေ့ဆုံပြီးနောက် ထိုက်ရှုအရှင်သခင်၏ တိုက်ကွက်က အရာမထင် ဖြစ်သွားသည်။

ထိုက်ရှုအရှင်သခင်၏ အမူအရာက တည်ငြိမ်နေပြီး အံ့အားသင့်ခြင်းမရှိပေ။ သူက အနာဂတ်အချိန်အတိုင်းအတာများတွင် ဤမြင်ကွင်းများကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။ သူ၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် ပေးဆပ်မှုများမပြုလုပ်လျှင် အရှင်မိုရှုနှင့် တိုက်ပွဲမှာ သရေရလဒ်နှင့်သာ အဆုံးသတ်ပေလိမ့်မည်။ သူ၏ အနိုင်ရနိုင်ခြေမှာ အနည်းငယ်ပင် နည်းနေသေးသည်။

" အခုတော့ မလောသေးဘူး။ " ထိုက်ရှုအရှင်သခင်က ဟွေ့ဘိုးဘေးပေးထားသော ပုဆိန်ကို အသုံးမပြုလိုသေးပေ။

ကောင်းကင်မြစ်နှလုံးသားက မဖြစ်ပေါ်သေးပေ။ အကယ်၍ သူတု့က ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိခုနှစ်ယောက်ကို အနိုင်ရလျှင်တောင် သူတို့က ကောင်ကင်မြစ်နှလုံးသားကို ချက်ချင်း မသိမ်းပိုက်နိုင်သေးပေ။

ကောင်းကင်မြစ်နှလုံးသား ပေါ်လာမှသာ သူက အရှင်မိုရှုနှင့် အခြားသော အချိန်သက်ရှိများကို အနိုင်ယူပြီး ကောင်းကင်မြစ်နှလုံးသားကို သိမ်းပိုက်ကာ ကောင်းကင်မြစ်ဒိုင်မန်းရှင်းမှ ဆုတ်ခွာသွားပေလိမ့်မည်။ ၎င်းက အသင့်တော်ဆုံး နည်းလမ်းဖြစ်သည်။

ဒုတိယအဆင့် အချိန်သက်ရှိများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိလျှင်တောင် သူတို့က ကောင်းကင်မြစ်နှလုံးသားကို ဟွေးဘိုးဘေးအား ပေးအပ်ပြီး ဖြစ်ပေလိမ့်မည်။ ထို့သို့ဖြင့် သူတို့၏ အရောင်းအဝယ်က ပြီးမြောက်သွားပေလိမ့်မည်။

All Chapters