ဝှက်ဖဲများကို ထုတ်သုံးခြင်း...
Vol. 78 Ch. 1082
အရှင်မိုရှုနှင့် ထိုက်ရှုအရှင်သခင်တို့၏ တုက်ခိုက်မှုက ခဏသာ ကြာမြင့်လိုက်သည်။ အစကတည်းက သူတို့က ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားရန် ရည်ရွယချက်မရှိပေ။ ၎င်းက စောင့်ကြည့်နေသော အချိန်သက်ရှိများကို စိတ်ပျက်သွားစေခဲ့သည်။
ကျူးယင်ကဲ့သို့သော အချိန်သက်ရှိများ၏ တိုက်ပွဲများနှင့် နှိုင်းယှဉ်လျှင် သူတို့က အသန်မာဆုံးအချိန်သက်ရှိများဖြစ်သော အရှင်မိုရှုနှင့် ထိုက်ရှုအရှင်သခင်တို့၏ တိုက်ပွဲများကို ပိုစိတ်ဝင်စားကြသည်။
" ဟဲဟဲ ကောင်းကင်မြစ်နှလုံးသားက မဖြစ်ပေါ်သေးဘူး။ ပြင်းထန်တဲ့ တိုက်ပွဲတွေ ရှိလာမှာမဟုတ်ဘူး။ "
" ဟုတ်တယ်။ အခုက တိုက်ပွဲငယ်လေးတွေပဲ ရှိသေးတယ်။ ကောင်းကင်မြစ်နှလုံးသားမရှိဘဲ သူတို့က အစွမ်းကုန် တုက်ခိုက်မှာမဟုတ်ဘူး။ "
" ထိုက်ရှုနယ်မြေရဲ့ အခုတစ်ခေါက် လှုပ်ရှားမှုတွေက မရိုးရှင်းဘူးလို့ ငါခံစားနေရတယ်။ "
အချိန်သက်ရှိများက အချင်းချင်း ဆွေးနွေးနေကြသည်။ အရှင်မိုရှုထက် အားမနည်းသော အချိန်သက်ရှိများက တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားနေကြရသည်။ ထိုက်ရှုနယ်မြေတွင် အခြားရည်ရွယ်ချက်များ ရှိနေနိုင်သည်။
သို့သော် ဟွေ့ဘိုးဘေး၏ ဖုံးကွယ်မှုများကြောင့် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိလျှင်တောင် ဆပ်စပ်နေသော အချိန်အတိုင်းအတာများက အလွန်ဝေဝါးနေပြီး ပုံပျက်နေသဖြင့် သတင်းအချက်အလက်များ ရရှိရန် ခက်ခဲနေသည်။
" စောင့်ကြည့်လိုက်ပါ။ ဒီကောင်းကင်မြစ်နှလုံးသားက နောက်ဆယ်နှစ်အတွင်း ဖြစ်ပေါ်လာလိမ့်မယ်။ " အချိန်သက်ရှိတစ်ယောက်က ပြောလိုက်သည်။
" ရှစ်နှစ်ကနေ ဆယ်နှစ်အတွင်း ကောင်းကင်မြစ်နှလုံးသားက အပြည့်အဝ ဖြစ်ပေါ်လာလိမ့်မယ်။ အဲ့ဒီအချိန်မှာ ထိုက်ရှုနယ်မြေက အချိန်သက်ရှိတွေက အစွမ်းကုန် တိုက်ခိုက်လာကြလိမ့်မယ်။ နောက်ကွယ်က ဒုတိယအဆင့် အချိန်သက်ရှိတောင် လှုပ်ရှားလာနိုင်တယ်။ " အရှင်မိုရှုက မဖြစ်ပေါ်သေးသော ကောင်းကင်မြစ်နှလုံးသားကို အာရုံစိုက်ထားသည်။
" ဒီတစ်ခါပေါ်လာတဲ့ ကောင်းကင်မြစ်နှလုံးသားက အရမ်းထူးခြားပြီး တန်ဖိုးကြီးလို့ ဒုတိယအဆင့် အချိန်သက်ရှိကိုတောင် ဆွဲဆောင်ခဲ့တာလို့ နဂါးငွေ့တန်းက ပြောတယ်။ "
အချိန်များကုန်လွန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ကိုးနှစ်ကြာသွားခဲ့သည်။ ကောင်းကင်မြစ်ရေများက စီးဆင်းနေပြီး ကောင်းကင်မြစ်နှလုံးသားက လျင်မြန်စွာ ဖြစ်ပေါ်လာသည်။ ၎င်းက ကောင်းကင်မြစ်ဒိုင်မန်းရှင်း၏ မူလရင်းမြစ်မှ အပြည့်အဝ စုစည်းထားသော ရတနာတစ်ခုဖြစ်သည်။ ကောင်းကင်ဒိုင်မန်းရှင်း၏ မူလရင်းမြစ်လည်ပတ်ပုံကို လေ့လာရာတွင် အကျိုးရှိလှသည်။
" အခုအချိန်ကျပြီ။ " ထိုက်ရှုအရှင်သခင်၏ အမူအရာက လေးနက်သွားပြီး နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်သည်။
ယခုအချိန်တွင် သူက အစွမ်းကုန် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ တောက်ပသော အလင်းတန်းများအောက်တွင် ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က လုံးဝ ရပ်တန့်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ထိုက်ရှုအရှင်သခင်က အချိန်လေဟာနယ်၏ အကြွင်းမဲ့အရှင်သခင် ဖြစ်နေခဲ့သည်။
" ဟမ့်..." အရှင်မိုရှုက ချက်ချင်း တုန့်ပြန်လိုက်သည်။ သူ၏ အတွင်းစကြာဝဠာ၊ ရုပ်ခန္ဓာနှင့် စိတ်စွမ်းအားတို့ကို ပေါင်းစပ်ပြီး ရပ်တန့်နေသော အချိန်လေဟာနယ်ကို ဆွဲဖြဲလိုက်သည်။
အရှင်မိုရှုထူထောင်ခဲ့သော အမွေအနှစ်ခုနှစ်ခုမှာ သက်ရှိ၏ ကဏ္ဍခုနှစ်ခုနှင့် ကိုက်ညီနေပြီး အားနည်းချက်မရှိသလောက်ဖြစ်ကာ ၎င်းတို့မှာ အချိန်အရှင်သခင်အဆင့်ဆီသို့ ဦးတည်နေသော မဟယလမ်းစဉ်တစ်ခုဖြစ်သည်။
သီအိုရီအရ ကြီးမြတ်သော အမွေအနှစ် ခုနှစ်ခုလုံးက သတ္တမအဆင့်သို့ ရောက်သွားလျှင် အရှင်မိုရှုက တတိယအဆင့် အချိန်အရှင်သခင် ဖြစ်လာပေလိမ့်မည်။
" သတ်...." ကျူးယင်နှင့် အခြားအချိန်သက်ရှိများက ချက်ချင်းပင် တိုက်ပွဲထဲသို့ ဝင်ရောက်လိုက်ကြသည်။
အချိန်သက်ရှိများ ဆယ်ယောက်ကျော်တိုက်ခိုက်ခြင်းကြောင့် ကောင်းကင်မြစ်ဒိုင်မန်းရှင်း၏ နယ်ပယ်များက ဖျက်ဆီးခံလိုက်ရပြီး မရေတွက်နိုင်သော ကောင်းကင်မြစ်ရေများက လျင်မြန်စွာ အငွေ့ပျံသွားခဲ့သည်။
" ကန့်သတ်ချက်ခုနှစ်ပါး။ " အရှင်မိုရှု၏ အော်ရာက စတင်တောက်လောင်လာပြီး ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်စွမ်းအား၊ စိတ်စွမ်းအားနှင့် အခြားအရာအားလုံးက လျင်မြန်စွာ တိုးပွားလာသည်။ ထိုစွမ်းအားမြှင့်တင်မှုက ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်အပေါ် အရှင်မိုရှု၏ ထိန်းချုပ်မှုကို ပိုမိုနက်ရှိုင်းစေခဲ့သည်။
" သူ အခု တကယ်တိုက်နေပြီထင်တယ်။ " ထိုက်ရှုအရှင်သခင်၏ အမူအရာက လေးနက်သွားသည်။ အကြောင်းမှာ ကန့်သတ်ချက်ခုနှစ်ပါးက အရှင်မိုရှု၏ အစွမ်းထက်ဆုံး သတ်ကွက်များထဲမှ တစ်ခုဖြစ်သောကြောင့် ဖြစ်သည်။
ထိုတိုက်ကွက်ကို အသုံးပြုခြင်းက အရှင်မိုရှုအနေဖြင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ခြေတစ်လှမ်းသာ လိုတော့ကြောင့် ဖော်ပြနေသည်။ ထိုက်ရှုအရှင်သခင်က အရှင်မိုရှုအနေဖြင့် တိုက်ပွဲအစမှာတင် အစွမ်းကုန်ထုတ်သိမ်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
" ကန့်သတ်ချက်ခုနှစ်ပါး။ "
" ဒါက အရှင်မိုရှုရဲ့ ကိုယ်ပိုင်တိုက်ကွက်ပဲ။ "
" ဒါက သူ့ရဲ့ ကိုယ်ပိုင်လမ်းစဉ်ပေါ်မှာ အခြေခံထားပြီး ဖန်တီးထားတာလို့ ပြောကြတယ်။ "
" အရှင်မိုရှုက အချိန်သက်ရှိ သုံးယောက်ပူးပေါင်းတိုက်ခိုက်တာကို အဲ့ဒီတိုက်ကွက်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့တာကို ငါမှတ်မိသေးတယ်။ "
စောင့်ကြည့်နေသော အချိန်သက်ရှိများ၏ အမူအရာများက လေးနက်သွားကြသည်။ ကန့်သတ်ချက်ခုနှစ်ပါး၏ အောက်တွင် အရှင်မိုရှု၏ စွမ်းအားကို ဒုတိယအဆင့်သို့ နီးကပ်သွားစေခဲ့သည်။ ၎င်းက စွမ်းအားတစ်မျိုးတည်းသာ ဖြစ်သော်လည်း အလွန်ကြောက်စရာကောင်းနေဆဲ ဖြစ်သည်။
" မင်းကို လေးစားတဲ့အနေနဲ့...." ထိုက်ရှုအရှင်သခင်က အရှင်မိုရှုကို လှမ်းကြည့်လိုက်ပြီး သူ၏ ညာလက်ကို မြှောက်လိုက်သည်။ " ငါမင်းနဲ့ အချိန်အကြာကြီး တိုက်နေမှာမဟုတ်ဘူး။ "
စကားအဆုံးတွင် လက်ဝါးအရွယ်အစားရှိသော ပုဆိန်တစ်လက်က ထိုက်ရှုအရှင်သခင်၏ ခေါင်းပေါ်တွင် ပေါ်လာသည်။ ထိုပုဆိန်က လျင်မြန်စွာ လည်ပတ်လာပြီး ချက်ချင်း အလွန်ကြီးမားသွားကာ ကြောက်စရာကောင်းသော ထက်ရှမှုတစ်ခုက အချိန်လေဟာနယ်၏ အနက်ရှိုင်းဆုံးထိ ပျံ့နှံ့သွားခဲ့သည်။
" ငါ့ရဲ့ ဒီပုဆိန်ကို ခံစားကြည့်လိုက်စမ်း။ " ထိုက်ရှုအရှင်သခင်က ဟွေ့ဘိုးဘေးပေးအပ်သော ဝှက်ဖဲကို တွန့်ဆုန်မနေဘဲ အသုံးပြုလိုက်သည်။
သူ၏ စွမ်းအားနှင့်ဆိုလျှင် ကန့်သတ်ချက်ခုနှစ်ပါးကို အသုံးပြုထားသော အရှင်မိုရှုကို သူကိုယ်တိုင်ရင်ဆိုင်ရလျှင် သေချာပေါက် ဖိနှိပ်ခံရပေလိမ့်မည်။ နှစ်ဖက်လုံးက အချိန်တိုအတွင်း ရလဒ်မထွက်ဘဲ အခြေအနေက ရပ်တန့်နေပေလိမ့်မည်။
ထိုသို့ဖြစ်မည့်အစား သူက အရှင်မိုရှုကို လျင်မြန်စွာ နှိမ်နင်းပြီး ကောင်းကင်မြစ်နှလုံးသားကို သိမ်းပိုက်ရန်အတွက် အစွမ်းထက်ဆုံး နည်းလမ်းကို တိုက်ရိုက် အသုံးပြုလိုက်ခြင်းက ပို၍ ကောင်းလေသည်။
" ဟင်..." အရှင်မိုရှုက မျက်မှောင်ကြုတ်သွားသည်။
ထိုက်ရှုအရှင်သခင်၏ ခေါင်းပေါ်မှ ပုဆိန်က သူ့ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို ကြည့်ပြီး ကြောက်စရာကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
" ငါဒါကို မခုခံနိုင်ဘူး။ ဒီပုဆိန်အောက်မှာ ငါ သေချာပေါက် ဒဏ်ရာအပြင်းအထန် ရလိမ့်မယ်။ " အရှင်မိုရှု၏ အမူအရာက ပြောင်းလဲသွားသည်။
သူ၏ အသန်မာဆုံး အခြေအနေမှာပင် သူက ၎င်းကို မခုခံနိုင်ခဲ့ပေ။ ထိုပုဆိန်၏ စွမ်းအားက ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်သည်။ အကယ်၍ သူက ယခုအချိန်တွင် ထွက်ပြေးလျှင်တောင် သူလွတ်မြောက်နိုင်မည်မဟုတ်ပေ။
" ဒါက သူတို့နောက်ကွယ်က ဒုတိယအဆင့် အချိန်သက်ရှိရဲ့ နည်းလမ်းလား။ " အရှင်မိုရှုက လင်းယွမ်၏ စကားများကိုသူ မကြားခဲ့ရလျှင် သူက အလွန်ထိတ်လန့်သွားပေလိမ့်မည်။ ယခုအချိန်တွင် သူက စိုးရိမ်ထိတ်လန့်ခြင်းမရှိပေ။
" ထိုက်ရှု ဒါက မင်းရဲ့ နောက်ခံလား။ " အရှင်မိုရှုက တည်ငြိမ်စွာ ပြောလိုက်သည်။ ထက်ရှသော ပုဆိန်အလင်းတန်းက ကောင်းကင်မြစ်ဒိုင်မန်းရှင်းကို ဆွဲဖြဲလိုက်သကဲ့သို့ ဖြစ်သွားပြီး သူ့ဆီသို့ ဦးတည်လာခဲ့သည်။
" မင်း...." ထိုက်ရှုအရှင်သခင်က အရှင်မိုရှုကို ကြည့်လိုက်သည်။
တစ်ဖက်လူ၏ တည်ငြိမ်သော အမူအရာက အခြေအနေမှာ သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်ဟု ခံစားလိုက်ရသည်။
" ဒီပုဆိန်ကို မင်းဘယ်လိုတားဆီးမလဲဆိုတာ ငါကြည့်ချင်သေးတယ်။ " ထိုက်ရှုအရှင်သခင်က ပြောလိုက်ပြီး အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်နေခဲ့သည်။
အရှင်မိုရှုက သူ၏ ညာလက်ကို လှန်လိုက်ရာ ရုတ်တရက် ကျောက်စိမ်းတုံးတစ်ခု ပေါ်လာသည်။ ထိုကျောက်စိမ်းတုံးကို အနီးကပ်သေချာကြည့်လျှင် မရေတွက်နိုင်သော မှော်စာလုံးများဖြင့် ဖွဲ့စည်းထားကြောင့် တွေ့လိုက်ရသည်။
ထိုကျောက်စိမ်းတုံးပေါ်လာသည်နှင့် အဆုံးမရှိသော မှော်စာလုံးများက ပေါက်ကွဲထွက်လာသည်။ ခဏအတွင်း ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်နှင့် ကျယ်ပြောလှသော ကောင်းကင်မြစ်ရေအားလုံးက မှော်စာလုံးများ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး ထိုက်ရှုအရှင်သခင်ကလည်း မှော်စာလုံးကမ္ဘာအတွင်း နက်နက်ရှိုင်းရှိုင်း ပိတ်မိသွားသည်။
" ဘာတွေဖြစ်နေတာလဲ။ " ထိုက်ရှုအရှင်သခင်၏ မျက်နှာတွင် ထိတ်လန့်သော အမူအရာ ပေါ်လာသည်။ အကြောင်းမှာ သူကိုင်စွဲထားသော ပုဆိန်မှာ မှော်စာလုံးများကြားတွင် လုံးဝ သီးခြားခွဲထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။
" ဒီကျောက်စိမ်းတုံးရဲ့ စွမ်းအားက ဒီလောက်တောင် အားကောင်းတာလား။ "
အရှင်မိုရှုပင်လျှင် ၎င်းကို မယုံကြည်နိုင်ဖြစ်နေသည်။ သူက ၎င်းကို အနည်းငယ် အသက်သွင်းလိုက်သော်လည်း ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်အပေါ် သူ၏ ထိန်းချုပ်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
" သေလိုက်တော့။ " အရှင်မိုရှုက အဝေးတွင် လှုပ်ရှားမှုမရှိဘဲ ရပ်နေသော ထိုက်ရှုအရှင်သခင်ကို သတ်ဖြတ်လိုသော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။ အကယ်၍ သူက ထိုက်ရှုအရှင်သခင်ကို အပြီးတိုင် မသတ်နိုင်လျှင်တောင် အဓိကတိုက်ခိုက်ရေးခန္ဓာကိုတော့ ချန်ထားခဲ့ရပေလိမ့်မည်။
" မကောင်းတော့ဘူး။ "
ကောင်းကင်နှင့်မြေကြီး၊ အချိန်လေဟာနယ်တို့တွင် အစားထိုးဝင်ရောက်လာသော အဆုံးမရှိသော မှော်စာလုံးများထံမှ လွှမ်းမိုးမှုကို ခံစားလိုက်ရပြီး ထိုက်ရှုအရှင်သခင်က ထိတ်လန့်သွားသည်။