ဟွေ့ဘိုးဘေးနှင့် လင်းယွမ်...
Vol. 78 Ch. 1083
" ဟွေ့ဘိုးဘေး.... ကျွန်တော်ကို ကယ်ပါဦး။ " ထိုက်ရှုအရှင်သခင်က တွန့်ဆုတ်ခြင်းမရှိဘဲ အကူအညီ တောင်းလိုက်သည်။
အကယ်၍ သူအကူအညီမတောင်းလျှင် သူ၏ အဓိကတိုက်ခိုက်ရေးခန္ဓာက ကျဆုံးသွားတော့မည်ဟု သူခံစားနေရသည်။
ဝုန်း....
သူ၏ စကားအဆုံးတွင် အဆုံးမရှိသော မှော်စာလုံးများဖြင့် အစားထိုးခံထားရသော ကောင်းကင်နှင့် မြေကြီးကြားတွင် ရုတ်တရက် မီးခိုးရောင် အလင်းတန်းတစ်ခု ပေါ်လာသည်။
ထိုမီးခိုးရောင်အလင်းတန်းက အလွန်နက်ရှိုင်းပြီး ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မှော်စာလုံးများမှာ စတင်ပြိုကွဲလာပြီး ခဏအတွင်း ကောင်းကင်နှင့်မြေကြီး အချိန်လေဟာနယ်တို့က အော်ရာနှစ်မျိုးနှင့် ပြည့်နှက်သွားသည်။
တစ်ခုမှ ကျောက်စိမ်းတုံးမှ အဆုံးမရှိသော မှော်စာလုံးများဖြစ်သည်။ တစ်ခုမှာ ပျက်စီးခြင်းများဖြင့် ပြည့်နှက်နေသော မီးခိုးရောင်ဖြစ်သည်။
မီးခိုးရောင်၏ အနက်ရှိုင်းဆုံးတွင် ကြောက်စရာကောင်းသော အော်ရာနှင့် မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု စုစည်းလာသည်။ သူက ထိုက်ရှုအရှင်သခင်ကို တစ်ချက်ကြည့်ပြီးနောက် အရှင်မိုရှု၏ ရှေ့ရှိ မှော်စာလုံး ကျောက်စိမ်းတုံးကို ကြည့်လိုက်သည်။
" မင်းက ဘယ်သူလဲ။ " အရှင်မိုရှု၏ အမူအရာက လေးနက်သွားသည်။ မီးခိုးရောင်ပုံရိပ်ထံမှ ဖိအားက အလွန်ကြီးမားလှသည်။
" ရွေးချယ်စရာ နှစ်ခုရှိတယ်။ " ဟွေ့ဘိုးဘေးက ပြောလိုက်သည်။
မူလက သူ့ကိုသူ ထုတ်ဖော်ပြသရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက် ဝင်ရောက်စွက်ဖက်လိုက်ခြင်းက အရာအားလုံးကို ဖုံးကွယ်ရခက်ခဲသွားပေလိမ့်မည်။ သူထွက်ပေါ်လာခြင်းကြောင့် ထိုနေရာမှ ဒုတိယအဆင့် အချိန်သက်ရှိများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
သို့သော် သူက ဝင်ရောက်မစွက်ဖက်လျှင် ထိုက်ရှုအရှင်သခင်က သေဆုံးသွားပေလိမ့်မည်။ ထိုက်ရှုအရှင်သခင်သေဆုံးသွားလျှင် ကောင်းကင်မြစ်နှလုံးသားက အရှင်မိုရှုလက်ထဲသို့ ရောက်ရှိသွားမည်ဖြစ်သောကြောင့် သူက ဝင်ရောက်စွက်ဖက်ရဦးမည်ဖြစ်သည်။
" ဘာလဲ။ " အရှင်မိုရှုက ဟွေ့ဘိုးဘေးကို သတိကြီးစွာ ကြည့်လိုက်သည်။
" ဆုတ်ခွာမှာလား။ ဒါမှမဟုတ် သေမလား။ " ဟွေ့ဘိုးဘေးက ပြောလိုက်သည်။ အနီးရှိ ဒုတိယအဆင့် အချိန်သက်ရှိနှစ်ယောက်၏ အာရုံစိုက်မှုကို ရရှိထားပြီးဖြစ်သောကြောင့် သူက ကောင်းကင်မြစ်နှလုံးသားကို အမြန်ဆုံး ရယူလိုနေသည်။
" မင်းက ဘယ်ကမှန်းမသိ ရလာတဲ့ ကျောက်စိမ်းတုံးနဲ့ မင်းရဲ့ အသက်ရှင်မှုကို အာမခံနိုင်မယ်လို့ မထင်နဲ့။ " ဟွေ့ဘိုးဘေးက အရှင်မိုရှုကို ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။ " မင်းမဆုတ်ခွာဘူးဆိုရင် သေလိုက်တော့။ "
သို့သော် နောက်ခဏတွင် ဟွေ့ဘိုးဘေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ အကြောင်းမှာ အရှင်မိုရှု၏ ဘေးတွင် လက်နှစ်ဖက်နောက်ပစ်၍ ပြုံးနေသော လူငယ်တစ်ယောက်က ဘယ်အချိန်တည်းကမှန်းမသိ ပေါ်လာသောကြောင့် ဖြစ်သည်။
" ဒီတစ်ခါတော့ ဒုတိယအဆင့် အချိန်သက်ရှိရဲ့ စစ်မှန်တဲ့ နည်းလမ်းတွေကို ငါမြင်ရတော့မယ်။ " လင်းယွမ်က အတော်လေး မျှော်လင့်နေမိသည်။
" မင်းက ဘယ်သူလဲ။ " မီးခိုးရောင်ဘိုးဘေးက လင်းယွမ်ကို စောင့်ကြည့်နေပြီး သူ၏ အမူအရာက လေးနက်နေသည်။
သူစောင့်ကြည့်ခဲ့သော အနာဂတ်အချိန်အတိုင်းအတာများတွင် လင်းယွမ် ပေါ်လာလိမ့်မည်ကို သူမသိခဲ့ပေ။ ၎င်းမှာ အချိန်အတိုင်းအတာများကို ဖုံးကွယ်မှုတွင် သူ့ထက် သာလွန်ကြောင်း ဖော်ပြနေသည်။
အဝေးမှ စောင့်ကြည့်နေသော အချိန်သက်ရှိများကလည်း အံ့အားသင့်သွားကြသည်။
" ဒါ ဒါက ဘာတွေဖြစ်နေတာလဲ..."
" သူတို့နှစ်ယောက်က ဘယ်သူတွေလဲ။ သူတို့ကို အနာဂတ်အချိန်အတိုင်းအတာထဲမှာ မတွေ့ခဲ့ရဘူး။ "
" သူတို့က ဒုတိယအဆင့် အချိန်သက်ရှိတွေ ဖြစ်နိုင်တယ်။ "
" အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကောင်းကင်မြစ်နှလုံးသားတစ်ခုက ဒုတိယအဆင့် အချိန်သက်ရှိနှစ်ယောက်ကို ဆွဲဆောင်နိုင်ခဲ့တာလား။ "
အလွှာဆယ့်သုံး အချိန်သက်ရှိများက အချင်းချင်း ဆွေးနွေးလိုက်ကြသည်။ လင်းယွမ်နှင့် မီးခိုးရောင်ဘိုးဘေးတို့၏ အချိန်အတိုင်းအတာများကို ကြည့်ရှုရန် ခက်ခဲနေခြင်းက သူတို့ကို ခန့်မှန်းချက်အမျိုးမျိုး ဖြစ်ပေါ်စေသည်။
" ကောင်းကင်မြစ်နှလုံးသား.... ဒီတစ်ခါပေါ်လာတဲ့ ကောင်းကင်မြစ်နှလုံးသားက ထူးခြားတာပဲ။ "
" ငါ ခရုနယ်မြေရဲ့ မိခင်ကို ဆက်သွယ်ပြီးသွားပြီ။ "
ခရုနယ်မြေ၏ မိခင်က ဤဒိုင်မန်းရှင်းအက်ကြောင်းရှိ ဒုတိယအဆင့် အချိန်သက်ရှိများထဲမှ တစ်ယောက်ဖြစ်သည်။ ကောင်းကင်မြစ်ဒိုင်မန်းရှင်းရှိ အချိန်သက်ရှိများက ခရုနယ်မြေ၏ မိခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြသည်။
" ခရုနယ်မြေရဲ့ မိခင်က သူဒါကို သိပြီးပြီတဲ့ ငါတို့ကို အနားမကပ်ဖို့ ပြောထားတယ်။ " အချိန်သက်ရှိတစ်ယောက်က ပြောလိုက်ပြီး အခြားအချိန်သက်ရှိများကလည်း ခေါင်းညိမ့်လိုက်ကြသည်။
" နဂါးငွေ့တန်း အချိန်မီပေါ်လာလို့ တော်သေးတာပေါ့။ " အရှင်မိုရှုက သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။ သူက သူ၏ ဘေးမှ လင်းယွမ်ကို ကြည့်လိုက်သည်။
လင်းယွမ်က မီးခိုးရောင်ဘိုးဘေးကို ခုခံရန်အတွက် သူ၏ အော်ရာအနည်းငယ်ကို ထုတ်ဖော်ထားသည်။ သူ့ကို ပစ်မှတ်ထားခြင်းမဟုတ်သော်လည်း အရှင်မိုရှုက ကြီးမားသော ဖိအားကို ခံစားနေရသည်။ ထိုဖိအားမှာ အခြားအချိန်သက်ရှိများ၏ အမြင်တွင် သာမန်ဟု ထင်ရသည်။
အကြောင်းမှာ ဒုတိယအဆင့် အချိန်သက်ရှိက ပထမအဆင့်များထက် သဘာဝအတိုင်း သာလွန်သောကြောင့်ဖြစ်သည်။သို့သော် လင်းယွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းသည်မှာ မကြာသေးသည်ကို အရှင်မိုရှုက သိထားသည်။
" ဖရိုဖရဲဟင်းလင်းပြင်ကလည်း ဒုတိယအဆင့် အချိန်သက်ရှိကို ခေါ်ထားတာလား။ " ထိုက်ရှုအရှင်သခင်က အရှင်မိုရှု၏ ဘေးမှ လင်းယွမ်ကို ကြည့်ကာ အံ့အားသင့်သွားသည်။
" ဒါကို ငါမသိအောင် လုပ်ထားတာလား။ " ထိုက်ရှုအရှင်သခင်က ဟွေ့ဘိုးဘေးကို ကြည့်လိုက်သည်။ အကယ်၍ ကောင်းကင်မြစ်နှလုံးသားအတွက် ဒုတိယအဆင့် အလျိန်သက်ရှိကို ရင်ဆိုင်ရမည်ဟု သူကြိုသိခဲ့လျှင် သူက ဟွေ့ဘိုးဘေးနှင့် အရောင်းအဝယ်လုပ်ရန် အလွယ်တကူ သဘောတူမည်မဟုတ်ပေ။
" မင်းရဲ့ အချိန်အတိုင်းအတာကို ဖုံးကွယ်တဲ့ နည်းလမ်းက အထင်ကြီးစရာပဲ။ ဒါက အမွေအနှစ်တစ်ခုလား။ ဒါမှမဟုတ် ပြင်ပစွမ်းအားတစ်ခုလား။ " ဟွေ့ဘိုးဘေးက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
အချိန်အရှင်သခင်တစ်ယောက်မဟုတ်ဘဲ အချိန်အတိုင်းအတာများကို ထိုမျှအထိ ဖုံးကွယ်နိုင်ခြင်းမှာ ဟွေ့ဘိုးဘေးက လင်းယွမ် ပြင်ပစွမ်းအားများကို မှီခိုနေသည်ဟု ယူဆလိုက်သည်။ ကျယ်ပြောလှသော ဒိုင်မန်းရှင်းအက်ကြောင်းများကြားတွင် ရတနာများစွာ ထွက်ပေါ်လာပြီး အချို့က အချိန်အတိုင်းအတာများကို ဖုံးကွယ်နိုင်စွမ်းရှိလေသည်။
အချိန်သက်ရှိများကြား တိုက်ခိုက်မှုများမှာ အချိန်အတိုင်းအတာများအပေါ် အဓိကမူတည်သည်။ အကယ်၍ တစ်ဖက်လူ၏ အချိန်အတိုင်းအတာများကို စောင့်ကြည့်နိုင်ခြင်းမရှိလျှင် ထိုအသာစီးရမှုနှင့် အားနည်းချက်က သိသာ ထင်ရှားလှသည်။
" ဒါပေမယ့် ငါက မင်းရဲ့ အချိန်အတိုင်းအတာကို မစောင့်ကြည့်နိုင်သလို မင်းလည်း ငါ့ရဲ့ အချိန်အတိုင်းအတာကို အများကြီး မြင်နိုင်မှာမဟုတ်ပါဘူး။ " ဟွေ့ဘိုးဘေးက ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်အနေဖြင့် သူ၏ အချိန်အတိုင်းအတာကို ဝေဝါးစေရန် အချို့သော လျို့ဝှက်နည်းစနစ်များကို လေ့ကျင့်ထားသည်။
လင်းယွမ်က ဘာမှမပြောပေ။ အချိန်အရှင်သခင်၏ အခွင့်အာဏာဖြင့် ကြည့်လျှင် ဟွေ့ဘိုးဘေး လေ့ကျင့်ထားသော အချိန်အတိုင်းအတာများကို ဝေဝါးစေသော နည်းစနစ်က အရာမထင်သလောက်ပင်ဖြစ်သည်။
" သတ်ဖို့ တော်တော်ခက်တာပဲ။ " လင်းယွမ်က အချိန်အတိုင်းအတာများ တစ်ခုပြီးတစ်ခုကို စောင့်ကြည့်ရင် ဟွေ့ဘိုးဘေး၏ နည်းလမ်းများကို နားလည်လာပြီး တစ်ဖက်လူကို သတ်၍ မရနိုင်ကြောင်း နားလည်လိုက်သည်။
" စိတ်ချဖို့အတွက် မူလခန္ဓာကိုယ် လိုအပ်နေသေးတယ်။ "
အလွှာဆယ့်သုံးသို့ တက်လှမ်းပြီးနောက် ထိုက်ကျိမူလစိတ်ဝိညာဉ်၏ စွမ်းအားမှာ များစွာ တိုးတက်လာပြီး မူလခန္ဓာကိုယ်နှင့် ကွာခြားမှု ကျဉ်းမြောင်းသွားခဲ့သည်။ သို့သော် စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်အရဆိုလျှင် မူလခန္ဓာကိုယ်ကသာ အသန်မာဆုံးဖြစ်သည်မှာ သေချာသည်။
ထို့ကြောင့် သေချာစေရန်အတွက် ထိုက်ကျိမူလစိတ်ဝိညာဉ်ရောက်ရှိလာပြီး မကြာမီ မူလခန္ဓာကိုယ်ကလည်း ရောက်ရှိလာခဲ့သည်။
" မင်းရဲ့ ပစ်မှတ်ကလည်း ကောင်းကင်မြစ်နှလုံးသားပဲလား။ အဲ့ဒီလိုဆိုရင်တော့ မင်းငါ့ကို အနိုင်ယူနိုင်ရင် ကောင်းကင်မြစ်နှလုံးသားကို ယူသွားနိုင်တယ်။ " ဟွေ့ဘိုးဘေးကလည်း ကောင်းကင်မြစ်နှလုံးသားကို လက်လွှတ်ရန် ဆန္ဒမရှိပေ။
သူက ထိုက်ရှုနယ်မြေမှ အချိန်သက်ရှိများနှင့် အပေးအယူပြုလုပ်ပြီးဖြစ်ကာ ကောင်းကင်မြစ်နှလုံးသားထွက်ပေါ်လာမည့် အချိန်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။ ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်၏ ကြားဝင်စွက်ဖက်မှုနှင့် သူက လက်လျှော့မည်မဟုတ်ပေ။
" အဆုံးမဲ့ အမှောင်ထု။ " ဟွေ့ဘိုးဘေးက မီးခိုးရောင်အလွှာများကို ပျံ့နှံ့စေပြီး လင်းယွမ်ကို ဖုံးလွှမ်းလိုက်သည်။
လင်းယွမ်က တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏နယ်ပယ်ကို ထုတ်ဖော်လိုက်သည်။ အနာဂတ်အချိန်အတိုင်းအတာများအရ သူက စွမ်းအားများကို ထိန်ချန်ထားလျှင် ဒုက္ခရောက်သွားပေလိမ့်မည်။
ကြီးမားသော အော်ရာနှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားသည်နှင့် ကောင်းကင်မြစ်ဒိုင်မန်းရှင်းတစ်ခုလုံးအပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့ပြီး မူလတာအို၏ လှုပ်ရှားမှုများကို လျင်မြန်စွာ ဆုတ်ခွာသွားစေသည်။
" ဒိုင်မန်းရှင်းအက်ကြောင်းဆီသွားမယ်။ "
လင်းယွမ်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ကောင်းကင်မြစ် ဒိုင်မန်းရှင်း၏ အပြင်ဘက်သို့ ရွှေ့ပြောင်းသွားသည်။ ကောင်းကင်မြစ်ဒိုင်မန်းရှင်းကဲ့သို့သော အဆင့်မြင့်ဒိုင်မန်းရှင်းတစ်ခုက ဒုတိယအဆင့် အချိန်သက်ရှိနှစ်ယောက်ကြား တိုက်ပွဲကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။
ဟွေ့ဘိုးဘေးကလည်း ထိုအချက်ကို ကန့်ကွက်ခြင်းမရှိပေ။ သူလိုချင်သော ကောင်းကင်မြစ်နှလုံးသားက ကောင်းကင်မြစ်ဒိုင်မန်းရှင်းအတွင်း ရှိနေသည်။ အကယ်၍ သူတို့၏ တိုက်ပွဲက ကောင်းကင်မြစ်နှလုံးသား မွေးဖွားလာမှုကို ထိခိုက်စေလျှင် သူတို့နှစ်ယောက်လုံး အကျိုးရှိမည်မဟုတ်ပေ။