← Chapters

လင်းယွမ်၏ စွမ်းအား....

Vol. 78 Ch. 1084

လင်းယွမ်၏ စွမ်းအား....

Vol. 78 Ch. 1084

တိုက်ပွဲမြေပြင်က ကောင်းကင်မြစ်ဒိုင်မန်းရှင်းမှ ကျယ်ပြောလှသော ​ဒိုင်မန်းရှင်းအက်ကြောင်းဆီသို့ ရွှေ့ပြောင်းသွားခဲ့သည်။ ဒိုင်မန်းရှင်းအက်ကြောင်းက ကျယ်ပြောပြီး အဆုံးမရှိပေ။ ကြီးမားသော အော်ရာနှစ်ခုက ထိပ်တိုက်တွေ့ဆုံနေပြီး တုန်ခါလှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။

" ငါက ဖရိုဖရဲမီးခိုးရောင်တာအိုကို နားလည်ပြီးကတည်းက ငါ့ရဲ့ စွမ်းအားအပြည့်အဝကို ထုတ်မသုံးခဲ့တာကြာပြီ။ " ဟွေ့ဘိုးဘေး၏ မျက်လုံးများက မီးခိုးရောင်ဖြစ်နေပြီး အဆုံးမရှိသော ချောက်နက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ " လာစမ်းပါ။ မင်းရဲ့ ခွန်အားကို ကြည့်ရအောင်။ "

" ဖရိုဖရဲမီးခိုးရောင်တာအိုလား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။ အကြောင်းမှာ ထိုမူလတာအိုက အလွန်ထူးခြားပြီး အနာဂတ်အချိန်အတိုင်းအတာများတွင် သူ့ကို ဖိနှိပ်ခဲ့သောကြောင့်ဖြစ်သည်။

ဝုန်း ဝုန်း....

မတူညီသော အော်ရာနှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုက အချိန်သက်ရှိများကို ထိတ်လန့်သွားစေခဲ့သည်။

" ဒါက ဒုတိယအဆင့် အချိန်သက်ရှိတွေရဲ့ စွမ်းအားလား။ "

" အရမ်းကြောက်ဖို့ကောင်းတယ်။ ငါသာ နည်းနည်းပိုနီးသွားရင် တုန်ခါလှိုင်းတွေကြောင့် ဒဏ်ရာရသွားနိုင်တယ်။ "

အချိန်သက်ရှိများအတွက် ထိုသို့သော တိုက်ပွဲများက ရှားပါးသောကြောင့် စိတ်ဝင်တစား ကြည့်ရှုနေကြသည်။

" ဟွေ့ဘိုးဘေး အနိုင်ရဖို့ မျှော်လင့်ရတာပဲ။ " လင်းယွမ်ကို ရန်စမိထားသော ထိုက်ရှုအရှင်သခင်ကလည်း တိုက်ပွဲကို လေးနက်စွာ စောင့်ကြည့်နေသည်။

ဟွေ့ဘိုးဘေးက ကောင်းကင်မြစ်နှလုံးသားကို ရရှိပြီး သူတို့၏ ထိုက်ရှုနယ်မြေနှင့် အရောင်အဝယ် ပြီးမြောက်သွားလျှင် နောက်ဆုံးအကျိုးအမြတ်က သူ့ဆီသို့ ချောချောမွေ့မွေ့ ရောက်ရှိလာပေလိမ့်မည်။

ထိုအကျိုးအမြတ်များနှင့်ဆိုလျှင် သူ၏ စွမ်းအားက အနည်းငယ် မြင့်တက်လာမည်ဖြစ်ပြီး ဒုတိယအဆင့် အချိန်သက်ရှိများကို ရင်ဆိုင်ရာတွင် ယုံကြည်မှု အနည်းငယ် ရှိလာပေလိမ့်မည်။

" မူလတာအိုလို့ ခေါ်ထိုက်ပါတယ်။ " ဟွေ့ဘိုးဘေးထုတ်လွှတ်လိုက်သော ဖရိုဖရဲမီးခိုးရောင်တာအိုက သာမန်ပထမအဆင့် အချိန်သက်ရှိများကို အလွယ်တကူ အနိုင်ယူနိုင်သည်။

လင်းယွမ်က ဖရိုဖရဲမူလတာအိုကို နားမလည်သေးသော်လည်း သူစုဆောင်းထားသော အခြေခံအုတ်မြစ်ကို အားကိုးပြီး ယခုအချိန်ထိ တောင့်ခံနိုင်ခဲ့ခြင်းဖြစ်သည်။

" ဟမ် " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ မီးခိုးရောင်အော်ရာက အချိန်လေဟာနယ်ကို ထိုးဖောက်သွားပြီး လှောင်အိမ်တစ်ခု ဖြစ်ပေါ်ကာ လင်းယွမ်ကို အတွင်း၌ ပိတ်လှောင်ထားသည်။

" ငါ့ရဲ့ မီးခိုးရောင်ကမ္ဘာရဲ့ အရသာကို မြည်းကြည့်လိုက်စမ်း။ " ဟွေ့ဘိုးဘေးက လင်းယွမ်ကို မီးခိုးရောင်ကမ္ဘာထဲတွင် ပိတ်လှောင်ထားနိုင်သည်ကို မြင်သောအခါ သူက ပြုံးလိုက်သည်။

ဟွေ့ဘိုးဘေး၏ မူလတာအိုဖြင့် စုစည်းထားသော မီးခိုးရောင်ကမ္ဘာတွင် နိယာမများကို သူကိုယ်တိုင် သတ်မှတ်ထားခြင်းဖြစ်သည်။ အင်အားကြီးသော ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်ပင်လျှင် အချိန်တိုအတွင်း ရုန်းထွက်နိုင်မည်မဟုတ်ပေ။

ထိုတိုက်ကွက်က ပိတ်လှောင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဟွေ့ဘိုးဘေးက ထိုအခြေအနေကို လိုချင်ခြင်း ဖြစ်သည်။ လင်းယွမ်ကို ပိတ်လှောင်နိုင်မှသာ သူက ကောင်းကင်မြစ်နှလုံးသားကို ချောချောမွေ့မွေ့ ရယူနိုင်မည်ဖြစ်သည်။ ကောင်းကင်မြစ်နှလုံးသားကို ရယူခြင်းက ဟွေ့ဘိုးဘေး၏ အဓိက ရည်ရွယ်ချက်ဖြစ်သည်။

လင်းယွမ်နှင့် ခဏရင်ဆိုင်ကြီးနောက် လင်းယွမ်၏ အခြေခံအုတ်မြစ်က ကြောက်စရာကောင်းသည်ကို ဟွေ့ဘိုးဘေးက သိခဲ့ရသည်။ ထိုသို့သော အချိန်သက်ရှိကို သတ်ရန် နည်းလမ်းနှစ်ခုသာရှိသည်။ တစ်ခုမှာ စွမ်းအားလွှမ်းမိုးမှုဖြင့် အပြီးတိုင် ချေမှုန်းပစ်ရန် ဖြစ်သည်။

ထိုသို့သော စွမ်းအားက အနည်းဆုံး တတိယအဆင့် အချိန်အရှင်သခင်ဖြစ်ရန် လိုအပ်ပေသည်။ အခြားနည်းလမ်းတစ်ခုမှာ နှစ်ပေါင်းများစွာအတွင်း တဖြည်းဖြည်း အားနည်းသွားအောင် ပြုလုပ်ခြင်းဖြစ်သည်။ ဟွေ့ဘိုးဘေးက ပထမနည်းလမ်းကို မလုပ်ဆောင်နိုင်သကဲ့သို့ ဒုတိယနည်းလမ်းကိုလည်း မလုပ်ဆောင်လိုပေ။

" စိတ်ချပါ။ ငါ ကောင်းကင်မြစ်နှလုံးသားကို ယူပြီးတာနဲ့ မင်းကို ပြန်လွှတ်ပေးမှာပါ။ " ဟွေ့ဘိုးဘေးက မီးခိုးရောင်ကမ္ဘာအတွင်းမှ လင်းယွမ်ကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။

" ကောင်းကင်မြစ်နှလုံးသားကို ယူမလို့လား။ မင်းယူနိုင်မယ်လို့ တကယ်ထင်နေတာလား။ " လင်းယွမ်က ရုတ်တရက် ပြောလိုက်သည်။

" မင်းဘာကို ဆိုလိုတာလဲ။ " ဟွေ့ဘိုးဘေးက အနည်းငယ် အံ့အားသင့်သွားသည်။

လင်းယွမ်မရှိဘဲနှင့် ကောင်းကင်မြစ်ဒိုင်မန်းရှင်းမှ အချိန်သက်ရှိများထဲတွင် ဘယ်သူက သူ့ကို တားဆီးနိုင်မှာလဲ။ ကောင်းကင်မြစ်နှလုံးသားကို ရယူပြီးသည်နှင့် အန္တရာယ်အချို့ရှိလျှင်တောင် ဟွေ့ဘိုးဘေးက ဖြေရှင်းနိုင်ပေသည်။

သူ၏ စွမ်းအားနှင့် အချိန်အရှင်သခင်အဆင့် အလားအလာရှိသော ကောင်ကင်မြစ်နှစ်လုံးသားက သူ၏ လက်ထဲသို့ ကျရောက်သွားသည်ကို အခြားဒုတိယအဆင့် အချိန်သက်ရှိများ သိသွားလျှင်တောင် သူတို့ ဘာမှတတ်နိုင်မည်မဟုတ်ပေ။

" ငါ့ရဲ့ မီးခိုးရောင်ကမ္ဘာထဲမှာ မင်းရဲ့ စွမ်းအားကို ဘယ်လောက်ထိ ထုတ်ဖော်နိုင်မှာလဲ။ "

လင်းယွမ်၏ ခုခံမှုကြောင့် ဟွေ့ဘိုးဘေးက မီးခိုးရောင်ကမ္ဘာကို ထိန်းသိမ်းထားရန် စွမ်းအားအချို့ အသုံးပြုထားရသည်။

" ငါ့ရဲ့ စွမ်းအား သုံးလေးဆယ် ရာခိုင်နှုန်းပဲ ထုတ်သုံနိုင်မယ်ဆိုရင်တောင် ဘယ်သူမှ ငါ့ကို တားနိုင်မှာလဲ။ " ဟွေ့ဘိုးဘေး၏ လေသံက တည်ငြိမ်နေသည်။

" ဘယ်သူက ငါ့ကို တားဆီးရဲသလဲဆိုတာ ကြည့်ရသေးတာပေါ့။ " ဟွေ့ဘိုးဘေးက ဆက်မပြောတော့ဘဲ ကောင်းကင်မြစ်ဒိုင်မန်ရှင်းသို့ ပြန်သွားရန် ပြင်လိုက်သည်။ အချိန်တွက်ကြည့်လျှင် ခဏကြာသောအခါ ကောင်းကင်မြစ်နှလုံးသားက အပြည့်အဝ ဖြစ်ပေါ်လာတော့မည်ဖြစ်သည်။

ထိုအချိန်တွင် ရုတ်တရက် ဟွေ့ဘိုးဘေးက ရပ်တန့်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ယခုအခါ ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်က ဖရိုဖရဲဖြစ်သွားခဲ့သည်။ ကောင်းကင်ထက်တွင် ကြီးမားသော မျက်နှာတစ်ခုပေါ်လာပြီး ဟွေ့ဘိုးဘေးကို ငုံ့ကြည့်လိုက်သည်။

" ဒါက..." ဟွေ့ဘိုးဘေးက တုန်လှုပ်သွားသည်။

ထိုမျက်နှာကြီးက အလွန်ကြီးမားပြီး မျက်နှာ၏ အသွင်အပြင်က သူမီးခိုးရောင်ကမ္ဘာထဲတွင် ပိတ်လှောင်ထားသော လင်းယွမ်ပင် ဖြစ်သည်။

ကျယ်ပြောလှသော ကောင်းကင်မြစ်ဒိုင်မန်းရှင်း၏ ဘေးတွင် ကြီးမားသော ပုံရိပ်ကြီးတစ်ခုက ခြေချိတ်ထိုင်နေသည်။ ထိုကြီးမားသော ပုံရိပ်ကြီးက သူ၏ ညာလက်ကို မြှောက်ပြီး ငုံ့ကြည့်လိုက်သည်။

" ဒါက ဘာကြီးလဲ။ " ကြီးမားသော ပုံရိပ်ကြီး၏ လက်ဝါးပေါ်တွင် အမှုန်လေးကဲ့သို့ ဖြစ်နေသော ဟွေ့ဘိုးဘေးက မယုံကြည်နိုင်ဖြစ်နေပြီး ကြောက်စရာကောင်းသော ဖိအားက အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာသည်။

ကောင်ကင်ယံတွင် ငုံ့ကြည့်နေသော မျက်နှာကြီးက သူပိတ်လှောင်ထားသော လင်းယွမ်ဖြစ်နေသည်ကို သူမအံ့ဩပေ။ အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်အတွက် တိုက်ခိုက်ရေးခန္ဓာများ ပိုင်ဆိုင်ထားခြင်းမှာ မထူးဆန်းပေ။

ဟွေ့ဘိုးဘေးကို အံ့အားသင့်စေခြင်းမှာ လင်းယွမ်၏ ခန္ဓာကိုယ်က ကောင်းကင်မြစ်ဒိုင်မန်ရှင်း၏ ဆယ်ပုံတစ်ပုံအထိ ကြီးထွားနေသောကြောင့် ဖြစ်သည်။ ၎င်းက ရုပ်ခန္ဓာကြီးထွားစေသော နည်းစနစ်မဟုတ်ဘဲ လင်းယွမ်၏ စစ်မှန်သော ခန္ဓာကိုယ်ဖြစ်နေခြင်းဖြစ်သည်။

" ကဲ အခု မင်းငါ့ကို ဘာနဲ့ ခုခံဦးမှာလဲ။ " လင်းယွမ်က သူ၏ လက်ဝါးထဲမှ ဟွေ့ဘိုးဘေးကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။

ထိုက်ကျိမူလစိတ်ဝိညာဉ်က ဟွေ့ဘိုးဘေး၏ ပိတ်လှောင်ခြင်းခံထားရသော်လည်း ဘာမှမလုပ်နိုင်သည်တော့မဟုတ်ပေ။ ဟွေ့ဘိုးဘေးက ထိုက်ကျိမူလစိတ်ဝိညာဉ်ကို ပိတ်လှောင်ထားရန် စွမ်းအားများကို ခွဲဝေအသုံးပြုနေရသည်။ အကယ်၍ အနည်းငယ်ပေါ့ဆသွားသည်နှင့် ထိုက်ကျိမူလစိတ်ဝိညာဉ်က ဖောက်ထွက်လာနိုင်ပေလိမ့်မည်။

" အင်အားကြီးတဲ့ ရုပ်ခန္ဓာရှိတိုင်း အစွမ်းထက်တယ်လို့ မဆိုလိုဘူး။ " ဟွေ့ဘိုးဘေးက သူ၏ အတွေးများကို စုစည်းလိုက်သည်။ လင်းယွမ်၏ ကြောက်စရာကောင်းသော ရုပ်ခန္ဓာကြောင့် အမှန်တကယ် တုန်လှုပ်သွားခဲ့သော်လည်း စွမ်းအားက ရုပ်ခန္ဓာတစ်ခုတည်းနှင့် ဆုံးဖြတ်နိုင်ခြင်းမဟုတ်ပေ။

ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်အနေဖြင့် သူက ထိုကဲ့သို့ ကြောက်စရာကောင်းသော တည်ရှိမှုကို ရင်ဆိုင်ရန် နည်းလမ်းများစွာ ရှိသည်။

" ဒါဆိုလည်း စမ်းကြည့်ပေါ့။ " လင်းယွမ်က ပြောလိုက်သည်။

" ဒါက ဖရိုဖရဲဟင်းလင်းပြင်ရဲ့ အပြင်ဘက်က ဒုတိယအဆင့် အချိန်သက်ရှိလား။ "

ကောင်းကင်မြစ်ဒိုင်မန်းရှင်းထဲမှ အချိန်သက်ရှိများက အဝေးမှ ကြီးမားလှသော ပုံရိပ်ကြီးကို ကြည့်ပြီး အံ့အားသင့်နေကြသည်။ အချိန်သက်ရှိတစ်ယောက်၏ ခန္ဓာကိုယ်အရွယ်အစားက လိုသလို ထိန်းချုပ်နိုင်သောကြောင့် ကောင်းကင်မြစ်ဒိုင်မန်ရှင်း၏ ဆယ်ပုံတစ်ပုံ အရွယ်အစားကို ရရှိရန် လွယ်ကူပေသည်။

သို့သော် ၎င်းက အဓိပ္ပါယ်မရှိပေ။ အရွယ်အစားကြီးလာရုံနှင့် အင်အားတိုးလာမည်ဟု မဆိုလိုပေ။ အလွန်ကြီးမားသော ခန္ဓာကိုယ်မှာ မိမိ၏ တိုက်ခိုက်ရေးစွမ်းအားကိုပင် လျှော့ကျသွားစေပေလိမ့်မည်။

ရန်သူကို တစ်ချက်တည်း ထိုးဖောက်သွားရန် အခွင့်အရေးပေးလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ သို့သော် ယခုတွေ့နေရသော ကြီးမားသည့် ခန္ဓာကိုယ်ကြီးက မည်သည့်အားနည်းချက်မှ မရှိဘဲ စစ်မှန်သော ရုပ်ခန္ဓာပင်ဖြစ်သည်။

" ဒီလိုရုပ်ခန္ဓာတစ်ခုတည်းနဲ့ ငါတို့အားလုံးကို ဖိနှိပ်ဖို့ လုံလောက်တယ်။ " စောင့်ကြည့်နေသော အချိန်သက်ရှိများက တုန်လှုပ်သွားကြသည်။

အကယ်၍ လင်းယွမ်က ထိုအတိုင်းရပ်နေပြီး သူတို့ကို တိုက်ခိုက်ခိုင်းလျှင်တောင် သူတို့က ကာကွယ်မှုကို ထိုးဖောက်နိုင်မည်မဟုတ်ပေ။ လင်းယွမ်၏ သာမန်တိုက်ခိုက်မှုတစ်ခုကပင် သူတို့ကို အပြင်းအထန် ဒဏ်ရာရရှိသွားစေပေလိမ့်မည်။

" နဂါးငွေ့တန်း...." အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများကလည်း ကြီးမားသော ပုံရိပ်ကြီးကို ကြည့်ပြီး တုန်လှုပ်နေကြသည်။

လင်းယွမ်၏ စွမ်းအားက အလွန်ကြီးမားနေပြီး သူ၏ တိုက်တက်မှုနှုန်းက သူတို့စောင့်ကြည့်ခဲ့သော အချိန်အတိုင်းအတာများထက် ပိုမိုမြန်ဆန်နေသည်။

All Chapters