ငါရှုံးတာကို ဝန်ခံပါတယ်....
Vol. 78 Ch. 1085
" နဂါးငွေ့တန်းက ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်မဟုတ်သေးဘူး။ သူ့ရဲ့ ကိုယ်ပိုင်မူလတာအိုကို နားမလည်သေးဘူး။ "
အခြားသော အချိန်သက်ရှိများက လင်းယွမ်နှင့် ဟွေ့ဘိုးဘေးတို့ကို ဒုတိယအဆင့် အချိန်သက်ရှိများအဖြစ် ယူဆထားကြသော်လည်း အရှင်မိုရှုက စိုးရိမ်မှုအချို့ရှိနေသည်။ အမှန်တကယ်တွင် လင်းယွမ်က ယခုမှ အလွှာဆယ့်သုံး ပထမအဆင့်သို့ ဝင်ရောက်ရုံသာရှိသေးသည်။
သူ၏ ကိုယ်ပိုင်အခြေခံအုတ်မြစ်က ဒုတိယအဆင့်နှင့် ယှဉ်ပြိုင်နိုင်သော်လည်း အချိန်ကြာလာသည်နှင့် ပြဿနာတစ်စုံတစ်ခု ပေါ်ပေါက်လာနိုင်သည်။ သို့သော် အရှင်မိုရှုက စိုးရိမ်နေသော်လည်း တိုက်ကွဲကို ဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်ပေ။
" အဝေးက ဒိုင်မန်းရှင်းနယ်မြေတွေမှာ ဒီဟွေ့ဘိုးဘေးအကြောင်းကို ငါကြားဖူးတယ်။ ဒါပေမယ့် ဖရိုဖရဲဟင်းလင်းပြင်က ဖိတ်ခေါ်ထားတဲ့ ဒုတိယအဆင့် အချိန်သက်ရှိက ဘယ်သူလဲ။ "
ခရုနယ်မြေ၏ မိခင်က နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။ သူမကလည်း ဒုတိယအဆင့် အချိန်သက်ရှိဖြစ်ပြီး တူညီသော အဆင့်ရှိသူများကို သိရှိထားသည်။ သို့သော် သူမက လင်းယွမ်ကို မသိပေ။ လင်းယွမ်က ကောင်းကင်မြစ်ဒိုင်မန်ရှင်း၏ ဆယ်ပုံတစ်ပုံနှင့် ညီမျှသော ရုပ်ခန္ဓာစွမ်းအားကို ဖော်ပြထားသဖြင့် သူက ဒုတိယအဆင့် ရုပ်ခန္ဓာကို အထူးပြုထားသူဖြစ်ကြောင်း ညွှန်ပြနေသည်။
သို့သော် ထိုကဲ့သို့သော အင်အားကြီးတည်ရှိမှုမှာ အနည်းငယ်မျှသာရှိပြီး ထင်ရှားသော လက္ခဏာများရှိကြသည်။ လင်းယွမ်က ၎င်းတို့နှင့် ကိုက်ညီမှုမရှိပေ။
" ဒိုင်မန်းရှင်းအက်ကြောင်းက ကျယ်ပြောပြီး အဆုံးသတ်မရှိဘူး။ အချိန်အရှင်သခင်တွေတောင် အဆုံးထိမသွားနိုင်ဘူး။ ငါမသိရုံနဲ့ မတည်ရှိဘူးလို့ မဆိုလိုဘူး။ "
ခရုနယ်မြေ၏ မိခင်က တွေးလိုက်ပြီး ကောင်းကင်မြစ်နှလုံးသားကို ကြည့်လိုက်သည်။
" တော်ပြီ။ ဒါက အရှင်သခင်အဆင့် အလားအလာပဲရှိတာပဲ။ ဒါကိုရဖို့အတွက် စွန့်စားတိုက်ခိုက်နေစရာမလိုပါဘူး။ "
ခရုနယ်မြေ၏ မိခင်က ကောင်းကင်မြစ်နှလုံးသားကို လိုချင်သော်လည်း ယခု ဒုတိယအဆင့် အချိန်သက်ရှိနှစ်ယောက်က ၎င်းအတွက် တိုက်ခိုက်နေကြပြီဖြစ်သည်။ အကယ်၍ သူမက ကြားဝင်ခဲ့လျှင် လင်းယွမ်နှင့် ဟွေ့ဘိုးဘေးတို့၏ ပူးပေါင်းဖယ်ရှားခြင်းကို ခံရနိုင်လေသည်။
" အဆုံးမဲ့အမှုန်ကမ္ဘာတွေ ဖိနှိပ်လိုက်စမ်း။ " လင်းယွမ်က သူ၏ လက်ဝါးပေါ်မှ ဟွေ့ဘိုးဘေးကို ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အမှုန်ကမ္ဘာတစ်ခုစီက ဆက်တိုက်တောက်ပလာပြီး ကြောက်စရာကောင်းသော စွမ်းအားက ဟွေ့ဘိုးဘေးကို ဖိနှိပ်ရန် ဦးတည်သွားသည်။
အလွှာဆယ့်သုံးသို့ မရောက်မီကတည်းက လင်းယွမ်၏ ရုပ်ခန္ဓာက အချိန်သက်ရှိများကို ယှဉ်နိုင်လုနီးပါးရှိခဲ့သည်။ အလွှာဆယ့်သုံးသို့ ရောက်ရှိပြီးနောက် သူ၏ ရုပ်ခန္ဓာက များစွာ မြင့်တက်သွားခဲ့သည်။
ဝုန်း....
ကြောက်စရာကောင်းသော ဖိအားက ဟွေ့ဘိုးဘေးဆီကို ဖိနှိပ်သွားသည်။
" ဟမ်...." ဟွေ့ဘိုးဘေးက ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သို့သော် ဖိအားကို အမှန်တကယ် ခံစားလိုက်ရချိန်တွင် သူ၏ စိတ်ထဲတွင် လေးလံသွားသည်။ ထိုအခိုက်အတန့်တွင် လင်းယွမ်၏ ခန္ဓာကိုယ်ထဲတွင် ကြယ်တစ်လုံးပြီးတစ်လုံး လင်းလက်သွားသကဲ့သို့ သူတွေ့လိုက်ရသည်။
ကြယ်တစ်လုံးချင်းစီက အဆင့်နိမ့်ဒိုင်မန်းရှင်းအချို့နှင့်သာ ယှဉ်နိုင်သော်လည်း အရေအတွက်များစွာ ရှိနေသည်။ ထို့အပြင် ကြယ်များအားလုံး၏ အနက်ရှိုင်းဆုံးတွင် ကြီးမားသော ကမ္ဘာတစ်ခုရှိနေသည်ကို ဟွေ့ဘိုးဘေးက ခံစားလိုက်ရသည်။
လင်းယွမ်၏ မူလခန္ဓာကိုယ်က အပြင်မှ ဟွေ့ဘိုးဘေးကို တိုက်ခိုက်နေချိန်တွင် ထိုက်ကျိမူလစိတ်ဝိညာဉ်ကလည်း မီးခိုးရောင်ကမ္ဘာအတွင်း ရုန်းကန်နေသည်။ အတွင်းရောအပြင်ပါ တိုက်ခိုက်ခံနေရသောကြောင့် ဟွေ့ဘိုးဘေးက အကြီးအကျယ် ဒုက္ခရောက်နေသည်။
" ထွက်လာစမ်း။ " ဟွေ့ဘိုးဘေးက မျက်မှောင်ကြုတ်ပြီး မီးခိုးရောင်ကမ္ဘာကို တိုက်ရိုက်ဖွင့်လိုက်သည်။
အကယ်၍ ထိုက်ကျိမူလစိတ်ဝိညာဉ်က ထွက်သွားပြီး လင်းယွမ်၏ မူလခန္ဓာကိုယ်နှင့် ပူးပေါင်းသွားလျှင် ဖိအားများပိုတိုးလာမည်ဖြစ်သော်လည်း အနည်းဆုံးတော့ ထိုဖိအားအားလုံးက အပြင်ဘက်မှလာခြင်းဖြစ်သည်။
" ဟားဟား အခုတော့ ငါအပြင်မထွက်ချင်သေးဘူး။ " လင်းယွမ်၏ ထိုက်ကျိမူလစိတ်ဝိညာဉ်က မီးခိုးရောင်ကမ္ဘာမှ ထွက်သွားရန် ရည်ရွယ်ချက်မရှိပေ။
မီးခိုးရောင်ဘိုးဘေးက သူ၏ အော်ရာကို စုစည်းပြီး အမှုန်ကမ္ဘာများမှလာသော ဖိအားကို အတင်းအကျပ် ခုခံလိုက်သည်။ သူက လင်းယွမ်၏ ဖိအားကို တားဆီးနိုင်ခဲ့သည်။
" ခုတ်ပိုင်းလိုက်စမ်း။ " မီးခိုးရောင်ကမ္ဘာအတွင်း ထိုက်ကျိမူလစိတ်ဝိညာဉ်က ဖရိုဖရဲထိုက်ကျိဓားကို ကိုင်ဆောင်ပြီး အရပ်မျက်နှာအားလုံးကို ခုတ်ပိုင်းလိုက်သည်။ ထက်မြက်သော ထိုက်ကျိဓားအသိက မီးခိုးရောင်ကမ္ဘာ၏ အခြေခံအုတ်မြစ်ကို အဆက်မပြတ် ဆုတ်ဖြဲနေသည်။ ၎င်းက ဟွေ့ဘိုးဘေးကိုယ်တိုင်ကို ထိခိုက်စေနိုင်သည်။
" ငါဘာလို့ သူ့ကို မီးခိုးရောင်ကမ္ဘာထဲ ဆွဲခေါ်မိခဲ့တာလဲ။ " ဟွေ့ဘိုးဘေးက ခေါင်းခဲသွားသည်။ ထိုက်ကျိမူလစိတ်ဝိညာဉ်က မီးခိုးရောင်ကမ္ဘာအတွင်းမှ တိုက်ခိုက်နေသောကြောင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည်က ဆယ်ပုံသုံးပုံ၊ လေးပုံလောက်ပင် မရှိတော့ပေ။
ထိုအခြေအနေတွင် အပြင်ဘက်မှ ကြီးမားသော ဖိအားများကို ရင်ဆိုင်နေရသော ဟွေ့ဘိုးဘေးက မုန်တိုင်းထဲတွင် အချိန်မရွေး တိမ်းမှောက်သွားနိုင်သော လှေတစ်စင်းကဲ့သို့ ဖြစ်နေသည်။
" သူက ဘယ်ကနေရောက်လာတာလဲ။ " ဟွေ့ဘိုးဘေးက စိတ်ပျက်သွားမိသည်။
လင်းယွမ်က အလွန်ကြီးမားသော ရုပ်ခန္ဓာကို ပြသခဲ့ပြီး ဟွေ့ဘိုးဘေးက သူ၏ လက်ဝါးပေါ်မှ အမှုန်လေးတစ်ခုသာ ဖြစ်သော်လည်း တိုက်ပွဲကို စောင့်ကြည့်နေကြသော အချိန်သက်ရှိများက ဟွေ့ဘိုးဘေးကို သေချာပေါက် ရှုံးနိမ့်လိမ့်မည်ဟု မပြောနိုင်ကြပေ။
အလွှာဆယ့်သုံးတွင် ရုပ်ခန္ဓာ အားကောင်းရုံနှင့် အချိန်သက်ရှိများကြားတွင် လွှမ်းမိုးရန် မလုံလောက်ပေ။ အင်အားကြီးသော ရုပ်ခန္ဓာက အသာစီးရမှုကို ပေးနိုင်သော်လည်း အကြွင်းမဲ့တော့မဟုတ်ပေ။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လင်းယွမ်၏ လက်ဝါးပေါ်မှ ဟွေ့ဘိုးဘေးက လင်းယွမ်၏ ဖိနှိပ်မှုနှင့် ပိတ်လှောင်မှုများကြားတွင် ရုန်းမထွက်နိုင်သေးပေ။ စောင့်ကြည့်နေသော အချိန်သက်ရှိများကလည်း တုန်လှုပ်နေကြသည်။
" ထိုက်ရှုနယ်မြေက ဒုတိယအဆင့် အချိန်သက်ရှိက တကယ်ပဲ ဖိနှိပ်ခံလိုက်ရတာလား။ "
" အရမ်းသန်မာတယ်။ ဖရိုဖရဲဟင်းလင်းပြင်က ဒုတိယအဆင့် အချိန်သက်ရှိက ရုပ်ခန္ဓာတင် သန်မာတာမဟုတ်ဘဲ ဒီလိုမယုံကြည်နိုင်စရာကောင်းတဲ့ ဖိနှိပ်မှုနည်းလမ်းတွေလည်း ပိုင်ဆိုင်ထားတာပဲ။ "
ထိုက်ရှုနယ်မြေမှာ အချိန်သက်ရှိကိုးယောက်က မျက်နှာပျက်နေကြသည်။ လင်းယွမ်က ပို၍ သန်မာလေ ထိုက်ရှုနယ်မြေအတွက် အခြေအနေက ပိုဆိုးရွားလေဖြစ်သည်။ အကယ်၍ ဟွေ့ဘိုးဘေးပင် လင်းယွမ်ကို တောင့်မခံနိုင်လျှင် သူတို့အတွက် မျှော်လင့်ချက်ရှိတော့မည်မဟုတ်ပေ။
လင်းယွမ်၏ လက်ဝါးထဲမှ ဟွေ့ဘိုးဘေးက နောက်ဆုံးတွင် ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့ပေ။ အပြင်က ဖိအားနှင့်ယှဉ်လျှင် အတွင်းဘက်မှ ဖိအားက ပိုဆိုးနေသည်။
ဝုန်း....
ဟွေ့ဘိုးဘေး၏ စိတ်က အနည်းငယ် လှုပ်ရှားသွားပြီး မီးခိုးရောင်ကမ္ဘာက စတင်ပြိုလဲလာသည်။ ထို့နောက် အတွင်းတွင် ပိတ်မိနေသော ထိုက်ကျိမူလစိတ်ဝိညာဉ်ကလည်း ကမ္ဘာကြီးပြိုလဲမှုနှင့်အတူ ထွက်လာခဲ့သည်။
" အခြေခံကမ္ဘာကို ဖျက်ဆီးလိုက်တယ်။ တကယ်ပြတ်သားတာပဲ။ "
ဟွေ့ဘိုးဘေးအတွက် မီးခိုးရောင်ကမ္ဘာက လင်းယွမ်၏ အတွင်းစကြာဝဠာကဲ့သို့ပင် ဖြစ်သည်။ အလွှာဆယ့်သုံးတွင် အတွင်းစကြာဝဠာ ပြိုလဲသွားလျှင်တောင် ပြန်လည်ဖွဲ့စည်းနိုင်ပေသည်။ သို့သော် ကြီးမားသော ပေးဆပ်မှုတော့ ရှိပေလိမ့်မည်။
" မင်းရဲ့ တိုက်ခိုက်မှုကို ရပ်လိုက်တော့။ " ဟွေ့ဘိုးဘေးက လင်းယွမ်ကို မော့ကြည့်ပြီး ပြောလိုက်သည်။
" ရပ်ရမှာလား။ " လင်းယွမ်က ဟွေ့ဘိုးဘေးကို ကြည့်ပြီး အဆုံးမဲ့အမှုန်ကမ္ဘာများ၏ ဖိနှိပ်မှုကို ရပ်တန့်လိုက်သည်။
" ရှုံးတာကို ဝန်ခံတာလား။ " လင်းယွမ်က မေးလိုက်သည်။ ဟွေ့ဘိုးဘေးကို သတ်ရန် ခက်ခဲသောကြောင့် လင်းယွမ်က သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိပေ။
" ငါရှုံးတာကို ဝန်ခံပါတယ်။ " ဟွေ့ဘိုးဘေးက ချက်ချင်း ပြောလိုက်သည်။ သူက လင်းယွမ်၏ ပြိုင်ဘက်မဟုတ်သည်ကို နားလည်သွားပြီဖြစ်ပြီး ကောင်းကင်မြစ်နှလုံးသားကို ရယူရန် မဖြစ်နိုင်တော့ပေ။
" ကောင်းကင်မြစ်နှလုံးသားကို မင်းပိုင်သွားပြီ။ " ထိုသို့ပြောပြီးနောက် ဟွေ့ဘိုးဘေးက လင်းယွမ်၏ လက်ဝါးပေါ်မှ ပျောက်ကွယ်သွားသည်။
လင်းယွမ်က သူ့ကို တားဆီးခြင်းမရှိပေ။ ဟွေ့ဘိုးဘေးထွက်သွားသည်ကို တားဆီးရန် လင်းယွမ်က ဖရိုဖရဲထိုက်ကျိတာအိုကို နားလည်ပြီး ဒုတိယအဆင့်သို့ ဝင်ရောက်ရန် လိုအပ်သည်။ မဟုတ်လျှင် ပေးဆပ်မှုများက ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။
ထို့အပြင် ဟွေ့ဘိုးဘေးကို သတ်နိုင်လျှင်တောင် အမှန်တကယ် သေဆုံးမည်မဟုတ်ဘဲ ထိုရုပ်ခန္ဓာကို ဖျက်ဆီးနိုင်ရုံသာ ဖြစ်သည်။
" ကောင်းကင်မြစ်နှလုံးသား..." လင်းယွမ်၏ ပုံရိပ်က လျင်မြန်စွာ သေးငယ်သွားပြီး သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်သောအခါ ကောင်းကင်မြစ်နှလုံးသားက သူ၏ လက်ထဲသို့ ရောက်ရှိလာသည်။
ကောင်းကင်မြစ်နှလုံးသားက ခရမ်းရောင်ဖြစ်ပြီး ကောင်းကင်မြစ်၏ လှိုင်းသံကို ထုတ်လွှတ်နေသည်။ ၎င်းက ကောင်းကင်မြစ်၏ ပုံစံငယ်တစ်ခုဖြစ်သည်။ လင်းယွမ်က သူ၏ လက်ထဲရှိ ကောင်းကင်မြစ်နှလုံးသားကို ဂရုတစိုက် ကြည့်ရှုနေသည်။
၎င်းက ကောင်းကင်မြစ်ဒိုင်မန်းရှင်းမှ မူလရင်းမြစ်များကို စုစည်းထားခြင်းဖြစ်သော်လည်း ထိုကောင်းကင်မြစ်နှလုံးသားတွင် မူလရင်းမြစ်ထက်မကသော အရာများ ပါဝင်နေသည်။ ပိုမိုနက်ရှိုင်းသော အော်ရာအချို့လည်း ရှိနေသည်။
အလွှာဆယ့်သုံး ပထမအတင့် ရတနာတစ်ခုဖြစ်သော ကောင်းကင်မြစ်နှလုံးသားက တတိယအဆင့် အချိန်အရှင်သခင် ကုန်ကြမ်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အချိန်အရှင်သခင်အဆင့် ကုန်ကြမ်းတစ်ခုက ဟွေ့ဘိုးဘေးကဲ့သို့ ဒုတိယအဆင့် အချိန်သက်ရှိများကို ဆွဲဆောင်ရန် လုံလောက်ပေသည်။
" ဒီကောင်းကင်မြစ်နှလုံးသားကို ခန္ဓာကိုယ်ကို အသုံးပြုနိုင်တယ်။ ငါ့ရဲ့ ရုပ်ခန္ဓာကို ၄၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်လိမ့်မယ်။ "
အချိန်အရှင်သခင်အဆင့် ရတနာတစ်ခုက အချိန်အရှင်သခင်များ အပေါ်တွင် သက်ရောက်မှုရှိသည်။ ထို့ကြောင့် ဒုတိယအဆင့် အချိန်သက်ရှိကို သာလွန်သော သူ၏ ရုပ်ခန္ဓာကို ၄၀ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်သေးသည်။