← Chapters

အချိန်သဲပေါင်းတစ်ရာ....

Vol. 78 Ch. 1086

အချိန်သဲပေါင်းတစ်ရာ....

Vol. 78 Ch. 1086

" ကောင်းကင်မြစ်..." လင်းယွမ်က ကျယ်ပြောလှသော ကောင်းကင်မြစ်ဒိုင်မန်ရှင်းကို ကြည့်လိုက်သည်။

ကောင်းကင်မြစ်နှလုံးသား၏ အကူအညီဖြင့် လင်းယွမ်က ကောင်းကင်မြစ်ဒိုင်မန်းရှင်း၏ မဟာတာအို၏ နိယာမများကို တိုက်ရိုက်နားလည်နိုင်သည်။ ၎င်းက ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်လည်ပတ်ပုံကို အနီးကပ် စောင့်ကြည့်လေ့လာနေရသကဲ့သို့ပင် ဖြစ်သည်။

ကောင်းကင်မြစ်ဒိုင်မန်းရှင်းတွင် ကျယ်ပြောသော ကောင်းကင်မြစ်အသွင်ရှိသော ကမ္ဘာများစွာ တည်ရှိသည်။ လက်တွေ့တွင်မူ မြစ်ရေစက်တိုင်းက ကမ္ဘာတစ်ခုစီဖြစ်ပြီး ဖရိုဖရဲဟင်းလင်းပြင်ရှိ သဘာဝ စကြာဝဠာများနှင့် နှိုင်းယှဉ်နိုင်သည်။

ဖရိုဖရဲဟင်းလင်းပြင်နှင့်မတူသည်မှာ ကောင်းကင်မြစ်ဒိုင်မန်းရှင်းက အခြေခံအားဖြင့် ထိုမြစ်ရေစက်ကမ္ဘာများအတွက် မည်သည့်ကာကွယ်မှုမှ မပေးထားပေ။ ပြင်ပမှ အချိန်သက်ရှိများက သူတို့အလိုရှိသလောက် မြစ်ရေစက်ကမ္ဘာများကို ဖျက်ဆီးပစ်နိုင်သည်။

" ဒီဒိုင်မန်းရှင်းနယ်မြေရဲ့ မူလရင်းမြစ်လည်ပတ်မှုက ရင်းမြစ်ကမ္ဘာတွေလောက် ငါ့ကို အထောက်အကူမပြုနိုင်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

အကြောင်းရင်းတစ်ခုမှာ ကောင်းကင်မြစ်ဒိုင်မန်းရှင်းက ရင်းမြစ်ကမ္ဘာထက် နိမ့်ကျနေ​ပြီး မူလရင်းမြစ်လည်ပတ်မှုကလည်း မယှဉ်နိုင်သောကြောင့် ဖြစ်သည်။ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ကောင်းကင်မြစ်ဒိုင်မန်းရှင်းက ဖရိုဖရဲဟင်းလင်းပြင်နှင့် သိပ်မဝေးပဲ သူတို့၏ မူလရင်းမြစ်လည်ပတ်မှုများက ဆင်တူနေကြခြင်းဖြစ်သည်။

ထို့ကြောင့် အချိန်သက်ရှိများက ပိုမိုဝေးကွာသော ဒိုင်မန်းရှင်းများကို စူးစမ်းရှာဖွေလိုကြခြင်းဖြစ်သည်။ သူတို့၏ ဇာတိဒိုင်မန်းရှင်းနှင့် မတူညီသော မူလရင်းမြစ်လည်ပတ်မှုကို တွေ့မြင်နိုင်ရန် ဖြစ်ပြီး ၎င်းက သူတို့အပေါ် နက်ရှိုင်းသော သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။

" ဒါပေမယ့် ဒါက အသုံးဝင်မှုအချို့တော့ ရှိပါသေးတယ်။ ငါ့ရဲ့ အဆင့်နဲ့ဆိုရင် နှစ်တစ်ရာအတွင်း ဒါကို အပြည့်အဝ နားလည်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

ကောင်းကင်မြစ်နှလုံးသား၏ အကူအညီဖြင့် အများဆုံး နှစ်တစ်ရာအတွင်း သူက ကောင်းကင်မြစ်ဒိုင်မန်ရှင်း၏ မူလရင်းမြစ်လည်ပတ်မှုကို အပြည့်အဝ နားလည်နိုင်ပေလိမ့်မည်။

ကောင်းကင်မြစ်ဒိုင်မန်းရှင်းတွင် အချိန်သက်ရှိများက လင်းယွမ်ကို အဝေးမှ စောင့်ကြည့်နေကြသည်။ ဟွေ့ဘိုးဘေးနှင့် တိုက်ခိုက်ပြီး သူ၏ စွမ်းအားကို သက်သေပြခဲ့ပြီးဖြစ်သည်။

ကောင်းကင်မြစ်ဒိုင်မန်းရှင်းက ပထမအဆင့် အချိန်သက်ရှိများကြားတွင် ခွဲဝေယူထားကြပြီး တစ်ယောက်နှင့်တစ်ယောက် ချိန်ညှိနေကြသည်။ သို့သော် ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်က စိတ်ဝင်စားလာမည်ဆိုလျှင် သူတို့ကို မောင်းထုတ်ပစ်နိုင်သည်။

ကောင်းကင်မြစ်ဒိုင်မန်းရှင်းတစ်ခုလုံးကို တစ်ယောက်တည်း သိမ်ပိုက်ပစ်နိုင်သည်။ ထို့ကြောင့် အချိန်သက်ရှိများက အနည်းငယ် စိုးရိမ်နေကြသည်။ လင်းယွမ်အနေဖြင့် နောက်ထပ် ဘာလုပ်ရန် ရည်ရွယ်ထားသည်ကို သူတို့ မသိကြပေ။

ထိုက်ရှုနယ်မြေမှ အချိန်သက်ရှိများက မျက်နှာပျက်နေကြသည်။ ဒုတိယအဆင့် အချိန်သက်ရှိတစ်ခုကို ရန်စမိခြင်း၏ ပေးဆပ်ရမှုမှာ သူတို့အတွက် အလွန်ကြီးမားလှသည်။

လင်းယွမ်နှင့် ဖြစ်နေသော ပြဿနာကို မဖြေရှင်းနိုင်လျှင် လာမည့်နှစ်များအတွင်း ထိုက်ရှုနယ်မြေမှ အချိန်သက်ရှိများက ဒိုင်မန်းရှင်းအက်ကြောင်းများကြား စူးစမ်းလေ့လာနိုင်မည်မဟုတ်ပေ။ ထိုက်ရှုအရှင်သခင်က သူ၏ အတွေးများကို စုစည်းလိုက်ပြီး လင်းယွမ်၏ အနီးတွင် ရပ်တန့်လိုက်သည်။

" ကျွန်တော်တို့ ဟွေ့ဘိုးဘေးရဲ့ ခိုင်းစေမှုကို ခံခဲ့ရတာပါ။ " ထိုက်ရှုအရှင်သခင်က လင်းယွမ်၏ ခွင့်လွှတ်မှုကို ရရှိရန် သူ့ကိုသူ နှိမ့်ချလိုက်သည်။

" ခိုင်းစေခံရရုံသက်သက်ပဲလား။ " လင်းယွမ်က ထိုက်ရှုအရှင်သခင်ကို တစ်ချက်ကြည့်လိုက်သည်။

ဒုတိယအဆင့် အချိန်သက်ရှိများက ပထမအဆင့်များကို လွှမ်းမိုးနိုင်သော်လည်း ပထမအဆင့်ကို ခိုင်းစေရန်မှာ လုံးဝလက်တွေ့မကျပေ။ ပထမအဆင့် အချိန်သက်ရှိများက လွတ်မြောက်စေနိုင်သော နည်းလမ်းများရှိသည်။ ပထမအဆင့် အချိန်သက်ရှိတစ်ယောက်ကို လုံးဝ သတ်ပစ်ရန် အချိန်အရှင်သခင်တစ်ယောက်သာ လုပ်နိုင်သည်။

ထို့ကြောင့် လင်းယွမ်က ထိုက်ရှုအရှင်သခင်၏ ခိုင်းစေခံရသည်ဟူသော စကားကို လုံးဝ မယုံကြည်ပေ။ ထို့အပြင် အချိန်အတိုင်းအတာများအရ သူတို့က အပေးအယူလုပ်ထားသည်ကို လင်းယွမ်က သိထားသည်။

" ငါ လျော်ကြေးပေးချင်ပါတယ်။ " ထိုက်ရှုအရှင်သခင်က ပြောလိုက်သည်။

" အဲ့လိုမှပေါ့။ " လင်းယွမ်က ထိုက်ရှုအရှင်သခင်ကို ကြည့်လိုက်သည်။ " မင်းတို့အားလုံးရဲ့ အမွေအနှစ်တွေနဲ့ အချိန်သဲပေါင်တစ်ရာပေးရမယ်။ "

ထိပ်တန်းဒိုင်မန်းရှင်းနယ်မြေတစ်ခုဖြစ်သော ထိုက်ရှုနယ်မြေ၏ မူလရင်းမြစ်လည်ပတ်ပုံကို လင်းယွမ်က စိတ်ဝင်စားလေသည်။ သို့သော် ကောင်းကင်မြစ်ဒိုင်မန်ရှင်းကဲ့သို့ လင်းယွမ်က ထိုက်ရှုနယ်မြေထဲသို့ အလွယ်တကူ မဝင်ရောက်နိုင်ပေ။

ထို့ကြောင့် သူက ၎င်း၏ မူလရင်းမြစ်လည်ပတ်မှုကို မစောင့်ကြည့်နိုင်ပေ။ သို့သော် မူလရင်းမြစ်လည်ပတ်မှုကို စောင့်ကြည့်ရန် နယ်မြေထဲသို့ ဝင်ရောက်ရန် မလိုပေ။ ထိုဒိုင်မန်းင်ရောက်နိုင်ပေ။

ရန် အချိန်သက်ရှိများ ဖန်တီးထားသော အမွေအနှစ်များကို နားလည်ခြင်းဖြင့် လေ့လာနိုင်သည်။

အချိန်သဲဆိုသည်မှာ အချိန်သက်ရှိအများစုကြား ငွေကြေးတစ်ခုဖြစ်သည်။ အနာဂတ်အချိန်အတိုင်းအတာများကို ကြည့်ရှုခြင်းဖြင့် အချိန်သက်ရှိများက များပြားသော စိတ်စွမ်းအားများကို အသုံးပြုရန် လိုအပ်သည်။ အချိန်သဲက အချိန်သက်ရှိများ၏ ပင်ပန်မှုကို ဖြေလျော့ပေးပြီး ပိုမိုနက်ရှိုင်းသော အချိန်အတိုင်းအတာများကို မြင်တွေ့နိုင်သည်။

" အချိန်သဲ ပေါင်တစ်ရာလား။ " ထိုက်ရှုအရှင်သခင်က စိတ်ထဲတွင် နာကျင်မိသွားသည်။

သူတို့ကိုးယောက်၏ အမွေအနှစ်များက စိုးရိမ်စရာမရှိပေ။ သို့သော် အချိန်သဲပေါင်တစ်ရာက များပြားလှသော ပမာဏတစ်ခုဖြစ်သည်။

" ငါအများကြီး တောင်းဆိုနေတာ မဟုတ်ပါဘူး။ " လင်းယွမ်က ထိုက်ရှုအရှင်သခင်ကို ကြည့်ပြီး ပြောလိုက်သည်။

" ဒါက သိပ်မများပါဘူး။ " ထိုက်ရှုအရှင်သခင်က ခါးသီးစွာ ပြုံးလိုက်သည်။

အကယ်၍ လင်းယွမ်နှင့်ကြားမှ ရန်ငြိုးကို ဖြေလျော့နိုင်လျှင် သူတို့က ဒိုင်မန်းရှင်းအက်ကြောင်းများကို ဆက်လက်လေ့လာနိုင်မည်ဖြစ်သည်။ အချိန်သဲပေါင်တစ်ရာကို ပြန်ရှာရန် အချိန်သာ လိုအပ်သည်။

ထိုသို့တွေးပြီးနောက် ထိုက်ရှုအရှင်သခင်က သူ၏ လက်ကို ဝှေ့ရမ်းပြီး အမွေအနှစ်ကိုးခုနှင့် အချိန်သဲပေါင်တစ်ရာကို ပေးအပ်လိုက်သည်။

" မင်းနဲ့ငါကြားက ကံတရားက အခုရှင်းလင်းသွားပြီ။ " လင်းယွမ်က ပြောလိုက်သည်။

ပြောရလျှင် သူနှင့် ထိုက်ရှုနယ်မြေမှ အချိန်သက်ရှိများကြား ကြီးမားသော ရန်ငြိုးများမရှိပေ။ ထိုက်ရှုအရှင်သခင်က လျော်ကြေးမပေးခဲ့လျှင်တောင် လင်းယွမ်က သူတို့ကို အလွယ်တကူ ပစ်မှတ်ထားလိမ့်မည်မဟုတ်ပေ။ သို့သော် ထိုက်ရှုအရှင်သခင်က စိတ်မအေးနိုင်ဘဲ လင်းယွမ်ကို လျော်ကြေးပေးရန် အရင်ဆုံး ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

" ဒါဆို သွားခွင့်ပြုပါဦး။ " ထိုက်ရှုအရှင်သခင်နှင့် အခြားအချိန်သက်ရှိများက ကောင်းကင်မြစ်ဒိုင်မန်းရှင်းမှ ထွက်ခွာသွားကြသည်။

သူတို့ထွက်သွားပြီးနောက် အခြားအချိန်သက်ရှိများကလည်း မသက်မသာဖြစ်လာကြသည်။ လင်းယွမ်၏ စွမ်းအားနှင့်ဆိုလျှင် ကောင်းကင်မြစ်ဒိုင်မန်းရှင်းတစ်ခုလုံးကို သိမ်းပိုက်ခြင်းက သဘာဝကျပေသည်။

ကျယ်ပြောလှသော ဒိုင်မန်းရှင်းအက်ကြောင်းတွင် ဒုတိယအဆင့် အချိန်သက်ရှိများက အရင်းအမြစ်ကြွယ်ဝသော နယ်မြေများကို သိမ်းပိုက်ထားကြသည်။ ဒိုင်မန်းရှင်းအက်ကြောင်းများတွင် အင်အားကြီးသူကိုသာ လေးစားကြပြီး တတိယအဆင့် အချိန်အရှင်သခင်များက ကျယ်ပြောလှသော နယ်မြေများကို ပိုင်ဆိုင်ထားကြသည်။

ကောင်းကင်မြစ်ဒိုင်မန်ရှင်း၏ အပြင်ဘက်တွင် မီးခိုးရောင်အော်ရာတစ်ခုက ရပ်တန့်သွားပြီး ဟွေ့ဘိုးဘေး၏ ပုံရိပ်ပေါ်လာသည်။

" ရောက်နေမှတော့ ပုန်းမနေပါနဲ့။ " ဟွေ့ဘိုးဘေးက တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုစကားပြောပြီးသည်နှင့် အော်ရာတစ်ခု စုစည်းလာပြီး ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုပုံရိပ်က ဟွေ့ဘိုးဘေးကို ကြည့်ပြီး ပြုံးလိုက်သည်။

" ဟွေ့ဘိုးဘေးရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ ဒီနေ့တွေ့ရတာ ဂုဏ်ယူစရာပါ။ " ထိုပုံရိပ်က ဒုတိယအဆင့် အချိန်သက်ရှိဖြစ်သော ခရုနယ်မြေ၏ မိခင်ဖြစ်သည်။

" ဂုဏ်ယူစရာလား။ " ဟွေ့ဘိုးဘေးက ဘာမှဆက်မပြောတော့ပေ။ သူ့အတွက်မူ လင်းယွမ်၏ အနိုင်ယူခြင်းကို ခံလိုက်ရပြီး ကောင်းကင်မြစ်နှလုံးသားကို ဆုံးရှုံးလိုက်ရခြင်းမှာ လုံးဝ ဂုဏ်ယူစရာမဟုတ်ပေ။

" မင်းငါ့ကို လာတွေတာ ဒါပြောဖို့လား။ " ဟွေ့ဘိုးဘေးက ခရုနယ်မြေ၏ မိခင်ကို ပြောလိုက်သည်။

ယခုအချိန်တွင် မီးခိုးရောင်ကမ္ဘာက ပြိုလဲနေသော်လည်း သူက ခုခံနိုင်စွမ်းမရှိဟု မဆိုလိုပေ။ မဟုတ်လျှင် သူက လင်းယွမ်၏ လက်မှ လွတ်မြောက်လာမည်မဟုတ်ပေ။

" ငါ အဲ့ဒီတစ်ယောက်ရဲ့ အချက်အလက်တွေကို သိချင်တယ်။ " ခရုနယ်မြေ၏ မိခင်က တိုက်ရိုက်ပြောလိုက်သည်။

သူမက လင်းယွမ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ လင်းယွမ်နှင့် တိုက်ခိုက်ခဲ့သူတစ်ယောက်အနေဖြင့် ဟွေ့ဘိုးဘေးက လင်းယွမ်၏ နည်းစနစ်များကို ရင်းနှီးနေသည်မှာ သေချာသည်။

" ငါမင်းကို ဘာလို့ပြောပြရမှာလဲ။ " ဟွေ့ဘိုးဘေးက ခရုနယ်မြေ၏ မိခင်ကို ကြည့်လိုက်သည်။

လင်းယွမ်၏ နည်းစနစ်များကို သိရှိခြင်းမှာ သူက တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရခြင်းဖြစ်သည်။ ကောင်းကင်မြစ်နှလုံးသားအပြင် သူက မီးခိုးရောင်ကမ္ဘာကိုလည်း ကိုယ်တိုင်ဖျက်ဆီးခဲ့ရသည်။

" ငါ အချိန်သဲဆယ်ပေါင်ပေးမယ်။ " ခရုနယ်မြေ၏ မိခင်က ပြောလိုက်သည်။

အလွှာဆယ့်သုံး အချိန်သက်ရှိများက အကျိုးမရှိသော အလုပ်ကို လုပ်မည်မဟုတ်ပေ။ ခရုနယ်မြေ၏ မိခင်ကလည်း တန်ဖိုးတစ်ခုပေးရန် ဆန္ဒရှိနေသည်။

" အချိန်သဲဆယ်ပေါင်လား။ " ဟွေ့ဘိုးဘေးက ခဏစဉ်းစားပြီး ပြောလိုက်သည်။ " သဘောတူတယ်။ "

" ဒီမှာ အချိန်သဲ။ " ခရုနယ်မြေ၏ မိခင်က အချိန်သဲဆယ်ပေါင်ကို ထုတ်ပေးလိုက်သည်။

All Chapters