ဝမ်ချန်ခုန်း....
Vol. 78 Ch. 1087
" အင်း..." ဟွေ့ဘိုးဘေးက အချိန်သဲကို သိမ်းဆည်းပြီး လေးနက်စွာ ပြောလိုက်သည်။ " အဲ့ဒီအချိန်သက်ရှိရဲ့ ရုပ်ခန္ဓာက မယုံကြည်နိုင်လောက်အောင် သန်မာတယ်။ ဒုတိယအဆင့်ရဲ့ ကန့်သတ်ချက်ကို ရောက်လုနီးပါးပဲ။ သူက အနန္တကမ်ဘာတွေကိုပါ သယ်ဆောင်ထားတယ်။ တိုက်ခိုက်မှု၊ ဖိနှိပ်မှု၊ ကာကွယ်မှု ဘာအားနည်းချက်မှမရှိဘူး။ "
" အားနည်းချက်မရှိဘူးလား။ " ခရုနယ်မြေ၏ မိခင်က လေးနက်သွားသည်။
" ပြီးတော့ တိုက်ပွဲတစ်လျှောက်လုံးမှာ သူက ဖရိုဖရဲမူလတာအိုကို တစ်ခါမှ မသုံးသြားဘူး။ " ဟွေ့ဘိုးဘေးက ပြောလိုက်သည်။
ဖရိုဖရဲမူလတာအိုက ဒုတိယအဆင့် အချိန်သက်ရှိများ၏ အစွမ်းထက်ဆုံး နည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။ လင်းယွမ်က သူ၏ ဖရိုဖရဲမူလတာအိုကိုပင် အသုံးမပြုခဲ့ပေ။ ၎မွာ ခွန်အားထိန်ချန်ထားခြင်းဖြစ်ပြီး အသေအကြေတိုက်ခိုက်လိုခြင်းမရှိသောကြောင့် ဖြစ်သည်။
ထို့ကြောင့်ပင် ဟွေ့ဘိုးဘေးက နောက်ဆုံးတွင် သူ၏ မီးခိုးရောင်ကမ်ဘာကို ကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့ရသည်။ အကယ်၍ လင်းယွမ်က ဖရိုဖရဲမူလတာအိုကို အသုံးပြုခဲ့လျှင် သူက အလြယ္တကူ ထွက်လာနိုင်ရန် မလွယ်ကူပေ။
" ဖရိုဖရဲမူလတာအိုကို အသုံးမပြုခဲ့ဘူးလား။ " ခရုနယ်မြေ၏ မိခင်က တုန်လှုပ်သွားသည်။ သူမက လင်းယွမ်နှင့် ဟွေ့ဘိုးဘေးတို့၏ တိုက္ပြဲကို စောင့်ကြည့်ခဲ့သော်လည်း အချို့သော အသေးစိတ်အချက်အလက်များကို မသိခဲ့ရေပ။
" နောက်ဆုံးအနေနဲ့ အဲ့ဒီတည်ရှိမှုက ငါ့ကို ပိတ်လှောင်ထားနိုင်ပေမယ့် သူမလုပ်ဖို့ ရွေးချယ်ခဲ့တယ်လို့ ငါခံစားရတယ်။ " ဟွေ့ဘိုးဘေးက ခဏစဉ်းစားပြီး ပြောလိုက်သည်။
လင်းယွမ်၏ အနာဂတ်အချိန်အတိုင်းအတာကို မကြည့်ရှုနိုင်သော်လည်း သူ၏ ကိုယ်ပိုင်အချိန်အတိုင်းအတာများကို ကြည့်ရှုခြင်းဖြင့် လင်းယွမ်နှင့် ပက်သက်သော အစိတ်အပိုင်းအချို့ကို သွယ်ဝိုက်သော နည်းဖြင့် မြင်တွေ့နိုင်သည်။
" ငါနားလည်ပြီ။ " ခရုနယ်မြေ၏ မိခင်က ခေါင်းညိမ့်လိုက်သည်။ အချိန်သဲဆယ်ပေါင်နှင့် လဲလှယ်ရသော လင်းယွမ်၏ အချက်အလက်များက တန်ဖိုးရှိပေသည်။
" ဒါဆို နှုတ်ဆက်ပါတယ်။ " ဟွေ့ဘိုးဘေး၏ ပုံရိပ္က နေရာမှ ပျောက်ကွယ်သွားသည်။
ခရုနယ်မြေ၏ မိခင်က ထွက်သွားသော ဟွေ့ဘိုးဘေးကို ကြည့်ပြီး လေးနက်စွာ စဉ်းစားနေသည်။
" ဒုတိယအဆင့်ရဲ့ ကန့်သတ်ချက်ကို ရောက်လုနီးပါး ဖြစ်နေတဲ့ ရုပ်ခန္ဓာနဲ့ အားနည်းချက်မရှိဘူး။ ဖရိုဖရဲမူလတာအိုကို မသုံးဘဲ ဟွေ့ဘိုးဘေးလို ဒုတိယအဆင့် အချိန်သက်ရှိကို ဖိနှိပ်နိုင်ခဲ့တယ်။ " ခရုနယ်မြေ၏ မိခင်က တွေးလိုက်သည်။
" ကောင်းကင်မြစ်က အဆုံးမရှိ စီးဆင်းနေတာပဲ။ " လင်းယွမ်က ကောင်းကင်မြစ်နှလုံးသား၏ အကူအညီဖြင့် ကောင်းကင်မြစ်ဒိုင်မန်းရှင်း၏ မူလရင်းမြစ်လည်ပတ်မှုကို လေ့လာနေသည်။
ဖရိုဖရဲဟင်းလင်းပြင်နှင့်ယှဉ်လျှင် ကောင်းကင်မြစ်ဒိုင်မန်းရှင်းက ပြင်ပမှ အချိန်သက်ရှိများကို ငြင်းပယ်ခြင်းမရှိပေ။ ကောင်းကင်မြစ်ဒိုင်မန်းရှင်း၏ လက်ခံနိုင်စွမ်းက ဖရိုဖရဲဟင်းလင်းပြင်ထက် မ်ားစြာ သာလွန်သည်။
" ကောင်းကင်မြစ်က အရာအားလုံးကို လက်ခံထားတာပဲ။ " လင်းယွမ်က အတွေးနက်နေသည်။
သူ၏ အတွင်းစကြာဝဠာထဲတွင် ခန့်ညားထည်ဝါသော ကောင်းကင်မြစ်တစ်ခု ဖြစ်ပေါ်လာသည်။ ၎မွာ လင်းယွမ်က ကောင်းကင်မြစ်ဒိုင်မန်းရှင်အပေါ် နားလည်မှုကို သူ၏ အတွင်းစကြာဝဠာထဲတွင် ပုံဖော်လိုက်ခြင်းဖြစ်သည်။
ယခုဆိုလျှင် လင်းယွမ်၏ အတွင်းစကြာဝဠာကို စကြာဝဠာတစ်ခုဟု မဖော်ပြနိုင်တော့ပေ။ ၎က ကျယ်ပြောလှသော ဒိုင်မန်းရှင်းတစ်ခုနှင့် ပိုတူနေသည်။
" ငါအရင်က လေ့ကျင့်ခဲ့တဲ့ ထျန်းဟီလျို့ဝှက်နည်းစနစ်က ဒီကောင်းကင်မြစ်ဒိုင်မန်းရှင်းကနေ ဆင်းသက်လာတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ထျန်းဟီလျို့ဝှက်နည်းစနစ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်မှ ရရှိခဲ့သော ဆုလာဘ်တစ်ခုလည်း ဖြစ်သည်။ သို့သော် ၎င်း၏ ဇစ်မြစ်က ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိ ကျူးယင်က ကောင်းကင်မြစ်အပေါ် အနည်းငယ် နားလည်မှုမှ ဆင်းသက်လာခြင်းဖြစ်သည်။
" ငါက ဒီကောင်းကင်မြစ်ဒိုင်မန်းရှင်းနဲ့ ကံပါလာတဲ့ပုံပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" သူတို့အားလုံး ထွက်သွားကြပြီလား။ " လင်းယွမ်က အဝေးသို့ ကြည့်လိုက်သည်။
ယခုအချိန်တွင် အချိန်သက်ရှိများက တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြပြီး ထိုဒိုင်မန်းရှင်းနယ်မြေမှ ဆန္ဒအလျောက် ဖယ်ပေးလိုက်ကြသည်။ လင်းယွမ်က ကောင်းကင်မြစ်နှလုံးသားကို ရရှိပြီးနောက် ကောင်းကင်မြစ်ဒိုင်မန်ရှင်းကို လက်လွှဲယူတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဒုတိယအဆင့် အချိန်သက်ရှိတိုင်းက ဒိုင်မန်းရှင်းနယ်မြေတစ်ခု၏ အရှင်သခင်များဖြသ်သောကြောင့် ကောင်းကင်မြစ်ဒိုင်မန်းရှင်းကို တစ်ယောက်တည်း သိမ်းပိုက်ခြင်းက သဘာဝကျပေသည်။
လင်းယွမ်က သူ၏ လက်ထဲတွင် ရောက်နေသော အကျိုးကျေးဇူးများကို လက်လွှတ်မည်မဟုတ်ပေ။ မည်သည့်နေရာတွင်ဖြစ်စေ ခွန်အားကြီးသူများကိုသာ လေးစားကြသည်။ ခွန်အားကြီးမှုနှင့်အတူ အရင်းအမြစ်များနှင့် အကျိုးအမြတ်များကို သိမ်းပိုက်နိုင်သည်။
လင်းယွမ်က ဒုတိယအဆင့် အချိန်သက်ရှိဖြစ်သော ဟွေ့ဘိုးဘေးကို အနိုင်ယူခဲ့သောကြောင့် ထိုအခြေအနေတွင် အချိန်သက်ရှိများက အခြားအတွေးများ မရှိရဲတော့ပေ။ လင်းယွမ်က ကောင်းကင်မြစ်ဒိုင်မန်းရှင်းကို လက်လွှဲယူတော့မည်ဟု ပြောကြားသောအချိန်တွင် အချိန်သက်ရှိများက တွန့်ဆုတ်ခြင်းမရှိဘဲ ထွက်ခွာသွားကြသည်။
" သူတို့က ဆန္ဒအလျောက် ထွက်သွားတဲ့အပြင် ငါ့ကို ကောင်းကင်မြစ်နှလုံးသားတွေပါ ပေခဲ့သေးတာပဲ။ "
အချိန်သက်ရှိများက ထွက်မသွားမီ သူတို့ ယခင်က ရရှိထားခဲ့သော ကောင်းကင်မြစ်နှလုံးသားများကိုလည်း ပေးခဲ့ကြသည်။ ၎င်းက သူတို့၏ သဘောထားကို ဖော်ပြသော နည်းလမ်းတစ်ခုဖြစ်သည်။
သာမန် ကောင်းကင်မြစ်နှလုံးသားများက လင်းယွမ်ရရှိထားသော ကောင်းကင်မြစ်နှလုံးသားထက် နိမ့်ကျပေသည်။ ၎င်းတို့က အလွှာဆယ့်သုံး ပထမအဆင့် ရတနာများသာ ဖြစ်သည်။
" နဂါးငွေ့တန်း..." အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက ပေါ်လာကြပြီး လင်းယွမ်ကို ခေါ်လိုက်ကြသည်။
" ဘယ်လိုလဲ။ ကောင်းကင်မြစ်နှလုံးသားတွေက အသုံးဝင်တယ်မဟုတ်လား။ " လင်းယွမ်က ပြုံး၍ မေးလိုက်သည်။ သူက ကောင်းကင်မြစ်နှလုံးသားအချို့ကို ထုတ်ပြီး သူတို့ကို ပေးလိုက်သည်။
သာမန်ကောင်းကင်မြစ်နှလုံးသားများက လင်းယွမ်၏ ရုပ်ခန္ဓာအပေါ် သက်ရောက်မှုမရှိပေ။ ထို့ကြောင့် လင်းယွမ်က အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများကို ကောင်းကင်မြစ်ဒိုင်မန်ရှင်း၏ မူလရင်းမြစ်လည်ပတ်မှုကို လေ့လာရန် ပေးလိုက်ခြင်းဖြစ်သည်။
" အရမ်းအသုံးဝင်တယ်။ " အရှင်မိုရှုနှင့် အခြားသူများက ချက်ချင်း ပြန်ပြောလိုက်ကြသည်။
တစ်ချိန်တည်းတွင် သူတို့က အနည်းငယ် ရှက်ရွံ့သွားကြသည်။ အစတွင် သူတို့က ကောင်းကင်မြစ်နှလုံးသားကို လုယူပြီး လင်းယွမ်ကို လက်ဆောင်ပေးရန် စီစဉ်ခဲ့ကြသည်။ သို့သော် ယခု သူတို့က လင်းယွမ်ဆီမှ ကောင်းကင်မြစ်နှလုံးသားများကို လက်ခံယူနေကြသည်။
ကောင်းကင်မြစ်ဒိုင်မန်ရှင်းကပင် ဖရိုဖရဲဟင်းလင်းပြင်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။ အထူးသဖြင့် အချိန်သက်ရှိဖြစ်လာသည်မှာ မကြာသေးသော လောဟောက်က ကောင်းကင်မြစ်ဒိုင်မန်းရှင်း၏ မူလရင်းမြစ်လည်ပတ်မှုကို ကြည့်ရှုရန် အခွင့်အရေးရရှိခဲ့သည်။
နောက်ထပ် စကားအနည်းငယ် ပြောဆိုပြီးနောက် အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက ထွက်သွားကြပြီး ကောင်းကင်မြစ်ဒိုင်မန်ရှင်း၏ မူလရင်းမြစ်လည်ပတ်မှုကို ကြည့်ရှုလေ့လာလိုက်ကြသည်။
လင်းယွမ်ကလည်း ဆက်လက်လေ့လာရန် ပြင်လိုက်သည်။ ထိုအခိုက်အတန့်တွင် ပုံရိပ်တစ်ခုက စတင်စုစည်းလာသည်။ သူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နဖူးပေါ်တွင် ဦးချိုနှစ်ချောင်းရှိသော ကလေးအသွင်နှင့် လင်းယွမ်ကို ပြုံးပြနေသည်။
" ဘယ်လောက်တောင်ထူးခြားတဲ့ ဖရိုဖရဲမူလတာအိုလဲ။ " လင်းယွမ်က ထ်ုအနက်ရောင်ဝတ် ကလေးငယ်ကို သတိပြုမိသွားသည်။ ထိုကလေးငယ်က သူ၏ ကိုယ်ပိုင်ဖရိုဖရဲမူလတာအိုကို အသုံးပြုပြီး လင်းယွမ်၏ ရှေ့သို့ တိတ်တဆိတ် ရောက်ရှိလာခြင်းဖြစ်သည်။
" မစိုးရိမ်ပါနဲ့။ ငါက ရန်ပြုဖို့မဟုတ်ပါဘူး။ " အနက်ရောင်ဝတ်ကလေးငယ်က ချက်ချင်း ရှင်းပြလိုက်သည်။ " ငါ့နာမည်က ဝမ်ချန်းခုန်းပါ။ "
လင်းယွမ်က သူ့ကို ကြည့်ပြီး နားလည်သွားသည်။ ဤဒိုင်မန်းရှင်းအက်ကြောင်းတွင် ပထမအဆင့် အချိန်သက်ရှိများစွာ ရှိပြီး ဒုတိယအဆင့် အချိန်သက်ရှိနှစ်ယောက်သာ ရှိသည်။ သူတို့က ခရုနယ်မြေ၏ မိခင်နှင့် ဝမ်ချန်ခုန်းတို့ဖြစ်သည်။
ထိုဒုတိယအဆင့် အချိန်သက်ရှိနှစ်ယောက်က ကြီးမားသော လွှမ်းမိုးမှုနှင့် ကြောက်စရာကောင်းသော စွမ်းအားများ ရှိကြသည်။ သူ၏ ရှေ့မှ အနက်ရောင်ဝတ်ကလေးငယ်က ဝမ်ချန်ခုန်းဖြစ်သည်။
လင်းယွမ်က အံ့ဩခြင်းမရှိပေ။ ဟွေ့ဘိုးဘေးနှင့် တိုက်ပွဲက ဒုတိယအဆင့် အချိန်သက်ရှိနှစ်ယောက်၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ထို့အပြင် တစ်ဖက်လူက ကိစ္စအားလုံးပြီးမှ ထွက်ပေါ်လာခြင်းဖြစ်သောကြောင့် သူ၏ ရည်ရွယ်ချက်မှာ ရှင်းနေသည်။
" ငါက နဂါးငွေ့တန်းပါ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
" နဂါးငွေ့တန်း..." ဝမ်ချန်ခုန်းက ခေါင်းညိမ့်လိုက်သည်။ သူက ထိုနာမည်ကို ယခင်က မကြားဖူးခဲ့ပေ။
" နဂါးငွေ့တန်း မင်းက ဒီကောင်းကင်မြစ်ဒိုင်မန်းရှင်းကို သိမ်းပိုက်လိုက်ပြီဆိုတော့ ဒီမှာအမြဲတမ်းနေဖို့ စီစဉ်ထားတယ်လို့ ငါထင်တယ်။ ဒါက လက်ဆောင်ပါ။ " ဝမ်ချန်ခုန်းက ပြောလိုက်သည်။ သူ၏ လက်ကို ဝှေ့ရမ်းလိုက်ရာ လင်းယွမ်၏ ရှေ့တွင် အချိန်သဲပုံတစ်ပုံ ပေါ်လာသည်။
" အချိန်သဲပေါင်တစ်ရာလား။ " လင်းယွမ်က အံ့အားသင့်သွားသည်။
အကြောင်းမှာ ဒုတိယအဆင့် အချိန်သက်ရှိများအတွက်ပင် အချိန်သဲ ပေါင်းတစ်ရာက သေးငယ်သော ပမာဏမဟုတ်သောကြာင့်ဖြစ်သည်။
" နဂါးငွေ့တန်း မင်းလို သန်မာတဲ့ လူတစ်ယောက်အတွက် အချိန်သဲပေါင်တစ်ရာက ဘယ်လောက်များမှာမလို့လဲ။ " ဝမ်ချန်ခုန်းက ခေါင်းခါပြီး ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ခဏစဉ်းစားပြီး အချိန်သဲများကို လက်ခံလိုက်သည်။