တတိယရင်းမြစ်ကမ္ဘာ...
Vol. 78 Ch. 1088
" ဒီဒိုင်မန်းရှင်းပတ်ဝန်းကျင်မှာ ငါနဲ့ ခရုနယ်မြေက အရူးပဲ ရှိခဲ့တာ။ အခု နဂါးငွေ့တန်းပါ ရှိလာပြီဆိုတော့ ဒါက ကောင်းတဲ့အရာပဲ။ " ဝမ်ချန်ခုန်းက ပြောလိုက်သည်။
" အရူးလား။ " လင်းယွမ်က ဝမ်ချန်ခုန်းကို ကြည့်လိုက်သည်။
ခရုနယ်မြေ၏ မိခင်က အလွန်ရူးသွပ်ပြီး အစွန်းရောက်သောကြောင့် နာမည်ကြီးလေသည်။ သို့သော် ဝမ်ချန်ခုန်းကလည်း အတူတူပင်ဖြစ်သည်။ သူက အလွန်ဗိုလ်ကျပြီး လွှမ်းမိုးတတ်သည်။
" ကောင်းပြီ။ မလိုတာတွေ မပြောနဲ့တော့။ " ဝမ်ချန်ခုန်းက ပြုံး၍ ပြောလိုက်သည်။ " နဂါးငွေ့တန်း မင်းက မင်းရဲ့ ကိုယ်ပိုင်အချိန်အတိုင်းအတာကို ပိတ်ဆို့ရာမှာ နက်နဲတဲ့အဆင့်ကို ရောက်နေပြီ။ ငါနဲ့အတူ အထူးဒိုင်မန်းရှင်းတစ်ခုကို လေ့လာဖို့ စိတ်ဝင်စားမလား သိချင်မိတယ်။ အဲ့ဒီအထူးဒိုင်မန်းရှင်းကို အခြားအချိန်သက်ရှိတွေ မတွေ့သေးဘူး။ ဒါပေမယ့် ငါတစ်ယောက်တည်း နက်နက်ရှိုင်းရှိုင်း လေ့လာဖို့ကလည်း ခက်ခဲနေတယ်။ မင်းသာပါမယ်ဆိုရင် အလုပ်ဖြစ်နိုင်တယ်။ "
" အထူးဒိုင်မန်းရှင်းတစ်ခုကို လေ့လာဖို့လား။ " လင်းယွမ်က ခဏစဉ်းစားပြီး ခေါင်းခါလိုက်သည်။ " နောက်မှပဲ လုပ်ကြတာပေါ့။ "
ဝမ်ချန်ခုန်းက ကိုယ်ပိုင်အချိန်အတိုင်းအတာ ပိတ်ဆို့သည့်ကိစ္စကို ပြောလိုက်သောကြောင့် ထိုအထူးဒိုင်မန်းရှင်းကို လေ့လာခြင်းက မိမိ၏ ကိုယ်ပိုင်အချိန်အတိုင်းအတာများနှင့် ပက်သက်နေနိုင်သည်။ လင်းယွမ်က သူ၏ အချိန်အတိုင်းအတာကို ပိတ်ဆို့ရာတွင် အရှင်သခင်အခွင့်အာဏာအပေါ် မှီခိုနေရခြင်းဖြစ်သည်။
" နောက်မှလား။ " ဝမ်ချန်ခုန်းက အနည်းငယ် အံ့အားသင့်သွားသည်။
ပုံမှန်အားဖြင့် အချိန်သက်ရှိများက အထူးဒိုင်မန်းရှင်များကို လေ့လာရန် အလွန်တက်ကြွကြသည်။ ဒုတိယအဆင့် အချိန်သက်ရှိများအတွက်လည်း အတူတူပင်ဖြစ်သည်။ အထူးဒိုင်မန်းရှင်းတစ်ခုက နိယာမများ၏ လည်ပတ်မှုများ ပါဝင်နေသည်။
၎င်းက အချိန်သက်ရှိများအတွက် ရှေ့ဆက်တက်နိုင်မည့် အခွင့်အရေးဖြစ်သည်။ အထူးသဖြင့် ဝမ်ချန်ခုန်းက အခြားအချိန်သက်ရှိများ ရှာမတွေ့သေးဟု ပြောခဲ့သောကြောင့် ထိုဒိုင်မန်းရှင်း၏ တန်ဖိုးက တိုင်းတာ၍ မရတော့ပေ။
" ဒါဆိုလည်း ကောင်းပြီ။ " ဝမ်ချန်ခုန်းက ခေါင်းညိမ့်လိုက်သည်။ " ငါတို့ ဒုတိယအဆင့် အချိန်သက်ရှိတွေအတွက် တတိယအဆင့်ကို တက်လှမ်းပြီး အချိန်အရှင်သခင်တစ်ယောက်ဖြစ်လာဖို့က အရမ်းခက်ခဲတယ်။ အချို့ အထူးဒိုင်မန်းရှင်းတွေရဲ့ သက်ရောက်မှုကို အသုံးချမှသာ ငါတို့အတွက် မျှော်လင့်ချက်ရှိမှာ။ "
" ဒီလိုဆိုရင်တော့ ညီအကိုနဂါးငွေ့တန်းကို ငါထပ်ပြီး မနှောက်ယှက်တော့ပါဘူး။ မင်းစိတ်ဝင်စားတဲ့အချိန်တိုင်း ငါ့ကို အချိန်မရွေး လာရှာနိုင်ပါတယ်။ " ဝမ်ချန်ခုန်း၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။
" အထူးဒိုင်မန်းရှင်းလား။ " လင်းယွမ်က အချိန်အတိုင်းအတာများကို စတင်ကြည့်ရှုလိုက်သည်။
ဝမ်ချန်ခုန်းက အထူးဒိုင်မန်းရှင်းအကြောင်း ပြောလိုက်သောအခါ အတိအလင်း မဖော်ပြခဲ့သော်လည်း လင်းယွမ်က ၎င်းနှင့် ကြောင်းကျိုးဆက်နွယ်မှု အနည်းငယ် တည်ဆောက်နိုင်ခဲ့သည်။ ထို့ကြောင့် သူက အချိန်အတိုင်းအတာများကို စောင့်ကြည့်နိုင်သည်။
" ဒါက တကယ် အထူးဒိုင်မန်းရှင်းတစ်ခုပဲ။ " လင်းယွမ်က အနာဂတ်မြင်ကွင်းများကို ကြည့်လိုက်သည်။
အနာဂတ်အချိန်အတိုင်းအတာများထဲတွင် သူက ထိုဒိုင်မန်းရှင်းသို့ စူးစမ်းလေ့လာရန် ဝမ်ချန်ခုန်းနှင့်အတူ သွားခဲ့လျှင် သူက အကျဉ်းအကျပ်ထဲတွင် ပိတ်မိသွားပေလိမ့်မည်။
" အကျိုးမရှိဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
အခြားသော ဒုတိယအဆင့် အချိန်သက်ရှိများအတွက်မူ ထိုအထူးဒိုင်မန်းရှင်းက ကြီးမားသော တန်ဖိုးရှိပေလိမ့်မည်။ နှစ်ပေါင်းများစွာ သည်းခံပြီးနောက် ထိုဒိုင်မန်းရှင်းထဲသို့ ဝင်ရောက်နိုင်လျှင် ၎င်းက ကြီးမားသော အကျိုးအမြတ်ရှိပေလိမ့်မည်။
သို့သော် လင်းယွမ်အတွက်မူ ၎င်းက အကျိုးထက် အရှုံးက ပိုများနေသည်။ သူတွင် စူးစမ်းလေ့လာရန် ရင်းမြစ်ကမ္ဘာ ၃၀ ကျန်နေသေးပြီး တစ်ခုချင်းစီ၏ တန်ဖိုးက ထိုဒိုင်မန်းရှင်းထက် သာလွန်နေသည်။
" ငါ့ရဲ့ ကျင့်ကြံမှုလမ်းစဉ်က ပုံမှန်သွားနေဖို့ပဲ လိုအပ်တယ်။ " လင်းယွမ်က တွေးလိုက်သည်။ သူက အခြားအချိန်သက်ရှိများကဲ့သို့ ကျယ်ပြောလှသော ဒိုင်မန်းရှင်းအက်ကြောင်းများကြားတွင် စူးစမ်းရှာဖွေနေရန် မလိုအပ်ပေ။ သူက နည်းစနစ်ကျစွာဖြင့် ရင်းမြစ်ကမ္ဘာ ၃၃ခုကို တစ်ခုပြီးတစ်ခု လေ့လာရန်သာ လိုအပ်သည်။
ဝမ်ချန်ခုန်းထွက်သွားပြီး မကြာမီ ခရုနယ်မြေ၏ မိခင်ကလည်း လင်းယွမ်ဆီသို့ လာရောက် လည်ပတ်ခဲ့သည်။ သူမက အချိန်သဲပေါင်ငါးရာကို လက်ဆောင်ပေးခဲ့သည်။
" ဒါက ဟွေ့ဘိုးဘေးဆီက ရခဲ့တဲ့ ငါ့ရဲ့ သတင်းအချက်အလက်တွေကြောင့်လား။ " လင်းယွမ်က အချိန်အတိုင်းအတာကို စောင့်ကြည့်ခြင်းဖြင့် ထိုအချက်ကို သိခဲ့ရသည်။
" ခရုနယ်မြေရဲ့ မိခင်က ရူးသွပ်ပြီး အစွန်းရောက်တယ်လို့ ပြောကြပေမယ့် အဲ့လောက်လည်းမဟုတ်ပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
" အချိန်သက်ရှိဖြစ်လာပြီးပြီးချင်း ငါ့လက်ထဲမှာ အချိန်သဲပေါင်တစ်ထောင်နီးပါး ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ " လင်းယွမ်က ကျေနပ်သွားသည်။ ယခုသူ့တွင် အချိန်သဲပေါင်ခုနှစ်ရာရှိနေပြီဖြစ်သည်။
" ခွန်အား ဒါတွေအားလုံးက ခွန်အားကြောင့်ပဲ။ " လင်းယွမ်က ဘာမှမလုပ်ဘဲ အချိန်သဲပေါင်ခုနှစ်ရာရရှိခဲ့ခြင်းမှာ သူ၏ ခွန်အားကြောင့်သာဖြစ်သည်။ ခွန်အားသာ အလုံအလောက်ရှိနေလျှင် အရင်းအမြစ်များက အလိုအလျောက် ရောက်ရှိလာပေလိမ့်မည်။
" နောက်တစ်ဆင့်အနေနဲ့ တတိယရင်းမြစ်ကမ္ဘာကို လေ့လာဖို့ပဲ။ " လင်းယွမ်က တွေးလိုက်သည်။ သူက တတိယရင်းမြစ်ကမ္ဘာကို ဆင်းသက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူက ထိုကမ္ဘာနှင့် ပက်သက်သော အချက်အလက်အချို့ကိုလည်း နားလည်ထားပြီးဖြစ်သည်။
တတိယရင်းမြစ်ကမ္ဘာ။ ကြီးမားသော နန်းတော်တစ်ခုအတွင်း လင်းယွမ်က ထိုင်နေပြီး သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ဤကမ္ဘာက အတိုင်းအဆမရှိ ကျယ်ပေါလှပြီး တာဟွမ်ရင်းမြစ်ကမ္ဘာဟုခေါ်ကာ ကြောက်စရာကောင်းသော မျိုးနွယ်စုများ နေထိုင်ကြသည်။
လင်းယွမ်ဆင်းသက်လာသော ခန္ဓာကိုယ်က လူသားမျိုးနွယ်ဝင်ဖြစ်သည်။ ထို့အပြင် သူက ဤခေတ်ကာလတွင် ကန့်သတ်ချက်ကို ကျော်လွန်ထားသော တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်သည်။
ထျန်းယွမ်ဧကရာဇ်။
တာဟွမ်ရင်းမြစ်ကမ္ဘာ၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သော မည်သူ့ကိုမဆို မဟာဧကရာဇ်ဟု ခေါ်ဆိုနိုင်သည်။ သို့မဟုတ် ကောင်းကင်ဧကရာဇ်ဟုလည်း ခေါ်ဆိုကြသည်။
လင်းယွမ်က ဤခေတ်တွင် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားသော မဟာဧကရာဇ်ဖြစ်လာခြင်းမှာ သူ၏ ခွန်အားကြောင့်ဖြစ်သည်။ သူက အသန်မာဆုံးမဟုတ်သော်လည်း အသန်မာဆုံးသူများထဲတွင် စာရင်းဝင်နေသည်မှာ သေချာသည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ လင်းယွမ်က အိုမင်းနေသော မဟာဧကရာဇ်တစ်ယောက်သာ ဖြစ်သည်။ သူ၏ အသက်စွမ်းအားများမှာ ဆုတ်ယုတ်နေပြီး သက်တမ်းကလည်း အကန့်အသတ် ရှိနေသည်။
အမှတ်တကယ်တွင်မူ ထျန်းယွမ်ဧကရာဇ်က သက်တမ်းကုန်ပြီး သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့်သာ လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို ရွေးချယ်ပြီး ဆင်းသက်လာခြင်းဖြစ်သည်။
" ဒီရင်းမြစ်ကမ္ဘာရဲ့ နိယာမတွေက တကယ်ထူးဆန်းတာပဲ။ သက်တမ်းကန့်သတ်ချက်ဆိုတဲ့ အချုပ်အနှောင် ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ " လင်းယွမ်က အသက်ပြင်းပြင်းရှုလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ ချီနှင့် သွေးများကို ချိန်ညှိလိုက်သည်။
အကယ်၍ မဟာဧကရာဇ်၏ ခွန်အားကို ဖရိုဖရဲဟင်းလင်းပြင်မှ အဆင့်များနှင့် တိုင်းတာလျှင် အလွှာဆယ့်နှစ် အထွတ်အထိပ်နှင့် ညီမျှသည်။ တိုက်ခိုက်ရေးစွမ်းအားအရ မဟာဧကရာဇ်၏ စွမ်းအားက အနှိုင်းမဲ့မဟာသူတော်စင်ထက် သာလွန်ပြီး ချောက်နက်နဂါးအဆင့်နီးပါးသို့ ရောက်ရှိနေသည်။
သို့သော် ထိုသို့သော တည်ရှိမှုမျိုးက အကန့်အသတ်မဲ့သော သက်တမ်းကို ပိုင်ဆိုင်ခြင်းမရှိဘဲ သူတို့က အများဆုံး နှစ်ပေါင်းတစ်သန်းကျော်သာ နေထိုင်နိုင်ကြသည်။ အကယ်၍ အင်မော်တယ်ဆေးကို အသုံးပြုလျှင် သူတို့က ဒုတိယဘဝကို ဆက်လက်ရှင်သန်နိုင်ပြီး နှစ်ပေါင်းနှစ်သန်းမှ သုံးသန်းအထိ နေထိုင်နိုင်သည်။
လင်းယွမ်သိမ်းပိုက်ထားသော ထျန်းယွမ်ဧကရာဇ်က ခေတ်အဆက်ဆက်ရှိ ဧကရာဇ်များထဲတွင် သာမန်သာ ဖြစ်သည်။ သူက အင်မော်တယ်ဆေးကြောင့် ဒုတိယဘဝကို ဆက်လက်ရှင်သန်နိုင်ခဲ့သော်လည်း တတိယဘဝကို ဆက်လက်ရှင်သန်ရန် အချုပ်အနှောင်များကို မချိုးဖျက်နိုင်ခဲ့ပေ။
" ခန္ဓာကိုယ်ထဲက အသက်စွမ်းအားတွေကတော့ တည်ငြိမ်သွားပြီ။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်သည်။
ထျန်းယွမ်ဧကရာဇ်က ဆက်လက်ရှင်သန်ရန် ကြိုးစားရင်း သူ၏ အသက်စွမ်းအား အခြေခံအုတ်မြစ်ကို ကုန်ဆုံးလုနီးပါး ဖြစ်စေခဲ့သည်။ ၎င်းသာ ငြိမ်သက်သွားလျှင် လုံးဝ သေဆုံးသွားမည်ဖြစ်သည်။ လင်းယွမ်က အသက်ကို အတင်းအကျပ် ဆိုင်းငံ့ခဲ့ပြီး အခြေခံအသက်စွမ်းအားကို ပြန်လည်စုစည်းနိုင်ခဲ့သည်။ ထို့ကြောင့် သူက ရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်။
" ပထမခြေလှမ်းက ဖြတ်ကျော်ပြီးသွားပြီဆိုတော့ ကျန်တာတွေ ပိုလွယ်သွားလိမ့်မယ်။ " လင်းယွမ်က ပြုံးလိုက်သည်။
သူက ထျန်းယွမ်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ရွေးချယ်ရသည့် အကြောင်ရင်းမှ ၎င်းက အမြင့်ဆုံးစမှတ်ကို ပေးစွမ်းနိုင်ပြီး သူ၏ အထွတ်အထိပ်စွမ်းအားကို အမြန်ဆုံး ပြန်လည်ရောက်ရှိစေနိုင်သောကြောင့်ဖြစ်သည်။
ထို့အပြင် ထျန်းယွမ်ဧကရာဇ်၏ ရုပ်ခန္ဓာက ထူးခြားပြီး လင်းယွမ်က အနာဂတ်အချိန်အတိုင်းအတာမှ မရေရာသော ပုံရိပ်အချို့ကို မြင်တွေ့ခဲ့ရသည်။ ထျန်းယွမ်ဧကရာဇ်ပင် သူ၏ ထူးခြားသော ရုပ်ခန္ဓာကို မသိခဲ့ပေ။ တစ်ခုတည်းသော ပြဿနာမှာ ကုန်ဆုံးနေသော သက်တမ်းသာ ဖြစ်ပြီး ၎င်းက လင်းယွမ်အတွက် ပြဿနာမရှိပေ။
" ဒီရင်းမြစ်ကမ္ဘာက တကယ်ထူးဆန်းလွန်းတယ်။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မဟာတာအို၏ နိယာမများကို ထင်ရှားစွာ မြင်တွေ့လိုက်ရသည်။ ဖရိုဖရဲဟင်းလင်းပြင်တွင်ဖြစ်စေ ယခင်ရင်းမြစ်ကမ္ဘာနှစ်ခုတွင်ဖြစ်စေ ၎င်းက စိတ်ကူးမယဉ်နိုင်သော အရာတစ်ခုဖြစ်သည်။
" နှစ်ပေါင်းတစ်သိန်းအတွင်း မဟာဧကရာဇ်ဖြစ်လာတာ အံ့ဩစရာမရှိပါဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ဤကမ္ဘာတွင် မဟာဧကရာဇ်က အလွှာဆယ့်နှစ် အထွတ်အထိပ်နှင့် ညီမျှသည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် အလွှာဆယ့်နှစ် အထွတ်အထိပ်သို့ ရောက်ရှိရန် စကြာဝဠာခေတ်များစွာ ကြာလေသည်။