ဧကရာဇ်လက်နက်....
Vol. 78 Ch. 1090
လင်းယွမ်က ထျန်းယွမ်ဧကရာဇ်နန်းတော်ထဲတွင် ထိုင်ပြီး သူ၏ ရှေ့မှ အင်မော်တယ်ဒြပ်စင်အမျှင်တန်းလေးကို ကြည့်နေသည်။ထိုအင်မော်တယ်ဒြပ်စင်အမျှင်ကို စုစည်းရန်အတွက် လင်းယွမ်က တစ်ရက်ကျော်ကြိုးစားခဲ့ရသည်။
သို့သော် ၎င်းက ထျန်းယွမ်ဧကရာဇ် နှစ်ပေါင်းနှစ်သိန်းကျော် စုဆောင်းခဲ့သော အင်မော်တယ်ဒြပ်စင်ပမာဏနှင့် ညီမျှသ်။ ခေတ်အဆက်ဆက်မှ မဟာဧကရာဇ်များ စုစည်းခဲ့သော အင်မော်တယ်ဒြပ်စင်က ယခုအမျှင်လေးကိုပင် ယှဉ်နိုင်မည်မဟုတ်ပေ။
လင်းယွမ်၏ အမြင်တွင် ထိုအင်မော်တယ်ဒြပ်စင်အမျှင်က မရေတွက်နိုင်သော အမှုန်လေးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုကဲ့သို့ အမှုန့်များကို အခြေံယူနစ် ၃၃ခုကို စုစည်းခြင်းဖြင့် အင်မော်တယ်ဒြပ်စင်အမျှင်ကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။
" အံ့ဩစရာပဲ။ "
ထိုအင်မော်တယ်ဒြပ်စင်အမျှင်က သူ့အပေါ်သို့ နက်ရှိုင်းသော သက်ရောက်မှုရှိနေသည်။ အမှုန်များအားလုံးက တည်ငြိမ်သော မျှခြေတစ်ခုဖြင့် ဆက်နွယ်နေကြသည်။
" အင်မော်တယ်ဒြပ်စင်ကို စုပ်ယူလိုက်ရင် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ရဲ့ ဖွဲ့စည်းပုံက ဒီလိုအမှုန်ပုံစံမျိုးအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်ပြီး သူ၏ စိတ်ထဲတွင် အချက်အလက်အချို့ ပေါ်လာသည်။
အတိတ်တွင် ဤကမ္ဘာ၌ အင်မော်တယ်ဒြပ်စင်များ ပေါများခဲ့ပြီး ဧကရာဇ်များစွာ ထ့်က်ပေါ်ခဲ့သည်။ ထိုဧကရာဇ်များက အင်မော်တယ်ဒြပ်စင်များကို စုပ်ယူကာ သူတို့၏ သက်တမ်းကို နှစ်ပေါင်းတစ်သန်းထက်မက ကျော်လွန်အောင် ဆွဲဆန့်နိုင်ခဲ့ကြပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကလည်း ဟုန်ချန်းအင်မော်တယ်များကို တုန်လှုပ်စေနိုင်သည်အထိ သန်မာခဲ့ကြသည်။
၎င်းမှာ အလွှာဆယ့်နှစ်က အလွှာဆယ့်သုံးကို ယှဉ်နိုင်ခြင်းနှင့် တူညီလေသည်။ လင်းယွမ်က သူမှလွဲ၍ အခြားသူများ ထိုသို့လုပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤရင်းမြစ်ကမ္ဘာတွင် လင်းယွမ်က ထိုဖြစ်နိုင်ခြေကို မြင်တွေ့ခဲ့ရသည်။
၎င်းက အင်မော်တယ်ဒြပ်စင်ပင်ဖြစ်သည်။ တစ်စုံတစ်ယောက်က အင်မော်တယ်ဒြပ်စင်ကို လုံလောက်အောင် စုပ်ယူနိုင်လျှင် အလွှာဆယ့်နှစ်တွင် ရှိနေလျှင်တောင် ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က အချိန်သက်ရှိအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
လင်းယွမ်က ဤရင်းမြစ်ကမ္ဘာတွင် သူ့အတွက် အကျိုးအရှိဆုံးအရာကို ရှာတွေ့သွားခဲ့သည်။ ၎င်းက အင်မော်တယ်ဒြပ်စင်ပင်ဖြစ်သည်။
" ဒီအင်မော်တယ်ဒြပ်စင်နဲ့ ငါ့ရဲ့ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို မြှင့်တင်ပြီး အလွှာဆယ့်သုံး ခွန်အားကို ပြန်ယူပြီးရင် ငါ့ရဲ့စွမ်းအားက ဘယ်အဆင့်ထိ ရောက်သွားမလဲ။ " လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။
ထိုအချိန်ရောက်လျှင် ပြည့်စုံသော ရုပ်ခန္ဓာနှင့်အတူ သူက ဖရိုဖရဲထိုက်ကျိတာအိုကို နားလည်ပြီး အလွှာဆယ့်သုံး ဒုတိယအဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ အလွှာဆယ့်သုံး ဒုတိယအဆင့်သို့ ရောက်ရှိသွားလျှင် လင်းယွမ်က သူ၏ များပြားလှသော အခြေခံအုတ်မြစ်များနှင့် အင်မော်တယ်ဒြပ်စင်များကြောင့် ပြောင်းလဲသွားသော ရလဒ်များကိုပါ ထည့်ပေါင်းလိုက်လျှင် သူက သာမန်အချိန်အရှင်သခင်တစ်ယောက်နှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်။
" ဆက်လုပ်ကြတာပေါ့။ " လင်းယွမ်က ကောင်းကင်နှင့်မြေကြီးကြားမှ အင်မော်တယ်ဒြပ်စင်များကို စုပ်ယူရန် စိတ်အာရုံတစ်ဝက်ကို ခွဲထုတ်လိုက်သည်။
ကျန်ရှိသော စိတ်အာရုံတစ်ဝက်က စုစည်းထားသော အင်မော်တယ်ဒြပ်စင်များကို စတင်သန့်စင်တော့သည်။ အင်မော်တယ်ဒြပ်စင်များ ပေါင်းစပ်သွားသည်နှင့် လင်းယွမ်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က စတင်ပြောင်းလဲလာခဲ့သည်။
" ဒီရုပ်ခန္ဓာနဲ့ အင်မော်တယ်ဒြပ်စင်ကို သန့်စင်ပြီး ဖြစ်ပေါ်လာတဲ့ လမ်းစဉ်က ဘာအန္တရာယ်မှ မရှိဘူးဆိုရင် ငါ့ရဲ့ မူလခန္ဓာကိုယ် သုံးခုကလည်း ဒါကို လေ့ကျင့်လို့ရတယ်။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ အရှိန်အဟုန်နှင့် တိုးတက်လာသည်ကို ခံစားလိုက်ရသည်။
ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်၏ အခြေခံအကျဆုံး အမှုန်များပေါ်တွင် အက်မော်တယ်ဒြပ်စင်က လမ်းညွှန်ပြောင်းလဲနေသည်။ လင်းယွမ်အနေဖြင့် ထိုသဘောတရားကိုသာ နားလည်လျှင် အင်မော်တယ်ဒြပ်စင်၏ လမ်းညွှန်မှုမပါဘဲ အခြားမူလခန္ဓာကိုယ်သုံးခုကိုလည်း ပြောင်းလဲနိုင်ပေလိမ့်မည်။
အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း ဆယ်နှစ်ကြာသွားခဲ့သည်။
လင်းယွမ်က လွန်ခဲ့သော ဆယ်နှစ်ကအတိုင်း ထျန်းယွမ်ဧကရာဇ်နန်းတော်တွင် ထိုင်နေဆဲ ဖြစ်သည်။ သို့သော် သူက ကြီးမားသော ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ ဆယ်နှစ်အတွင်း အင်မော်တယ်ဒြပ်စင်များကို စုစည်းခဲ့ခြင်းဖြစ်ရာ များပြားလှသော အင်မော်တယ်ဒြပ်စင်များ၏ သန့်စင်မှုအောက်တွင် လင်းယွမ်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ဆယ်ပုံတစ်ပုံမှာ အင်မော်တယ်ဒြပ်စင်ပုံစံအဖြစ် ပြောင်းလဲသွားခဲ့သည်။
" ငါ့ရဲ့ လက်ရှိစွမ်းအားက ဘယ်လောက်ရှိသွားပြီလဲ။ " လင်းယွမ်က ဖြည်းညင်းစွာ ထရပ်လိုက်ပြီး နန်းတော်အတွင်း၌ လမ်းလျှောက်နေသည်။
" ငါ့ရဲ့ ရုပ်ခန္ဓာ ဆယ်ပုံတစ်ပုံကိုပဲ ပြောင်းလဲလိုက်တာတောင် ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဒဏ္ဍာရီထဲက ဧကရာဇ်တွေထက်တောင် သာလွန်နေပြီ။ " လငးယွမ်က တွေးလိုက်သည်။ " အမှန်တော့ ငါက အခုဆိုရင် ဟုန်ချန်းအင်မော်တယ်လို့ ခေါ်တဲ့ အချိန်သက်ရှိတွေနဲ့ မခြားတော့ဘူး။ "
ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က အလွှာဆယ့်သုံးသို့ ရောက်ရှိသွားပြီဖြစ်သကဲ့သို့ သူ၏ စိတ်စွမ်းအားကလည်း အချိန်သက်ရှိအဆင့် ဖြစ်သောကြောင့် အနာဂတ်အချိန်အတိုင်းအတာများကို အလွယ်တကူ ကြည့်ရှုနိုင်လေသည်။
" တိုးတက်ဖို့ နေရာအများကြီး ကျန်သေးတယ်။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို ခံစားနေသည်။
" ဟူး...." လင်းယွမ်က အသက်ရှူထုတ်လိုက်ရာ ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်က ပြိုကွဲသွားသည်။ အဆုံးမဲ့စွမ်းအားများ စီးဆင်းလာပြီး မဟာတာအို၏ နိယာမများပင် နောက်ဆုတ်သွားရသည်။
" နောက်ထပ် ငါလုပ်ရမှာ အင်မော်တယ်ဒြပ်စင်တွေ စုစည်းပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုလည်း ပြန်လေ့ကျင့်ရမယ်။ "
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြန်လည်လေ့ကျင့်ခြင်းက ၎င်းကို ပြန်လည်သုံးသပ်နိုင်သည့်အပြင် ပို၍ အရေးကြီးသည်မှာ ဤခန္ဓာကိုယ်မှ နိုးထလာမည့် ရုပ်ခန္ဓာနတ်စွမ်းရည်ပင်ဖြစ်သည်။
ထျန်းယွမ်ဧကရာဇ်၏ ရုပ်ခန္ဓာက ထူးခြားပြီး နိုးထလာမည့်နတ်စွမ်းရည်ကလည်း လင်းယွမ်ကို အံ့အားသင့်စေပေလိမ့်မည်။ အနာဂတ်အချိန်အတိုင်းအတာများတွင် သူနောက်ဆုံး နိုးထလာသည့် ရုပ်ခန္ဓာနတ်စွမ်းရည်အတွက် ဖြစ်နိုင်ခြေပေါင်း ရာနှင့်ချီရှိနေသည်။
၎င်းမှာ လင်းယွမ်မြင်တွေ့နိုင်သော အနာဂတ်အချိန်အတိုင်းအတာများအပြင် သူမမြင်နိုင်သော ဖြစ်နိုင်ခြေများလည်း ရှိနေသည်။
" လက်နက်..." လင်းယွမ်က သူ၏ ညာလက်ကို ဖြန့်လိုက်ရာ မှန်တစ်ချပ်က သူ၏ရှေ့တွင် ပေါ်လာသည်။
ထိုမှန်ကို ထျန်းယွမ်မှန်ဟုခေါ်ပြီး ထျန်းယွမ်၏ နှလုံးသွေးဖြင့် ပြုလုပ်ထားသော ဧကရာဇ်လက်နက်တစ်ခု ဖြစ်သည်။ ၎င်းက အပြည့်အဝ နိုးထလာသောအခါ မဟာဧကရာဇ်အဆင့်၏ ကန့်သတ်ချက်အထိ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်သည်။
ခေတ်အဆက်ဆက်တွင် မဟာဧကရာဇ်များက သူတို့၏ ကိုယ်ပိုင်ဧကရာဇ်လက်နက်များကို သွန်းလုပ်ကြသည်။ ပထမအချက်မှာ ဧကရာဇ်လက်နက်များက တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ သူတို့ကျဆုံးသွားလျှင်တောင် ကျန်ရှိသော မျိုးနွယ်ကို ကာကွယ်ရန် ဧကရာဇ်လက်နက်ကို ထားခဲ့နိုင်သည်။
ထိုမှန်ကို ကြည့်ရင်း လင်းယွမ်က သူ၏ ကိုယ်ပိုင်လက်နက်ဖြစ်သော ယွမ်ရှန်းကျင်းကို သတိရသွားသည်။ လင်းယွမ်က ၎င်းကို အဆက်မပြတ် ပျိုးထောင်ခဲ့သော်လည်း ယွမ်ရှန်းကျင်း၏ ကြီးထွားမှုနှုန်းက လင်းယွမ်၏ တိုးတက်မှုနှုန်းကို မမီနိုင်ပေ။
" အချိန်ရရင် ယွမ်ရှန်းကျင်းကို အလွှာဆယ့်သုံးကို မြှင့်တင်ကြည့်ရမယ်။ " လင်းယွမ်က တွေစလိုက်သည်။
နန်းတော်အတွင်း လက်ရှိဧကရာဇ်ဖြစ်သော လင်းယွမ်အပြင် နောက်လိုက်အချို့လည်း ရှိနေသည်။ ထျန်းယွမ်ဧကရာဇ်က သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သောကြောင့် သူ၏ လက်အောက်ငယ်သားအများစုကို ထွက်သွားခိုင်းခဲ့သည်။ သို့သော် အချို့နောက်လိုက်များက ထွက်သွားလိုခြင်းမရှိဘဲ ဧကရာဇ်နှင့်အတူ အသေခံလိုကြသည်။
" မဟာဧကရာဇ် ဒါက မဟာဧကရာဇ်ရဲ့ အော်ရာပဲ။ " နောက်လိုက်များက တစ်စုံတစ်ခုကို အာရုံခံမိသွားကြပြီး သူတို့၏ အမူအရာများက အလွန်စိတ်လှုပ်ရှားသွားကြသည်။
သူတို့က မဟာဧကရာဇ်၏ အော်ရာကို မခံစားမိသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။ မဟာဧကရာဇ်တစ်ပါး ကျဆုံးချိန်တွင် သူတို့၏ မဟာတာအိုက ပြိုလဲသွားပြီး ကောင်းကင်မြင်ကွင်းဟုခေါ်သည့် တုန့်ပြန်မှုများစွာကို ဖြစ်ပေါ်စေသည်။ ၎င်းမှတစ်ဆင့် မဟာဧကရာဇ်က ကွယ်လွန်ခြင်းမရှိ ဆုံးဖြတ်နိုင်သည်။
" မဟာဧကရာဇ်က တတိယဘဝကို ရှင်သန်နေတာလား။ " နောက်လိုက်တစ်ယောက်က ခန့်မှန်းလိုက်သည်။
" တတိယဘဝလား။ " အခြားနောက်လိုက်များက ခေါင်းခါလိုက်ကြသည်။
" မဟာဧကရာဇ်...." နောက်လိုက်များက ဝမ်းနည်းသွားကြသည်။
နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေသော မဟာဧကရာဇ်ဆီမှ ရုတ်တရက် စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော် သူတို့က ဧကရာဇ်မှာ သက်တမ်းကုန်နေပြီကို သိသောကြောင့် ထိုအော်ရာက မသေဆုံးမီ နောက်ဆုံးစွမ်းအားဖြစ်လိမ့်မည်ဟု သူတို့ ခန့်မှန်းလိုက်ကြသည်။
ယိုမျိုးနွယ်၊ ဘိုးဘေးနယ်မြေ၏ နက်ရှိုင်းသော နေရာတွင် မဟာဧကရာဇ်များက စိတ်မရှည်ဖြစ်လာကြသည်။ သူတို့၏ ခန့်မှန်းချက်အရ ထျန်းယွမ်ဧကရာဇ်၏ သက်တမ်းက လွန်ခဲ့သော ဆယ်နှစ်ကတည်းက ကုန်ဆုံးသွားပြီဖြစ်သည်။
သို့သော် သူတို့က ယခုအချိန်ထိ စောင့်ကြည့်နေကြဆဲဖြစ်သည်။ တစ်ဖက်တွင် မဟာတာအို၏ ပြိုလဲမှုမရှိသေးသောကြောင့် ထျန်းယွမ်ဧကရာဇ်က မသေဆုံးသေးဟု ဆိုလိုပေသည်။