တာဟွမ်ရင်းမြစ်ကမ္ဘာကို ရှင်းလင်းခြင်း....
Vol. 78 Ch. 1092
ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။ အဝေးတွင် စောင့်ကြည့်နေကြသော ယိုမျိုးနွယ်၏ ကောင်းကင်ဧကရာဇ်များကလည်း ဆွံ့အသွားကြသည်။ အပြည့်အဝ နိုးထလာသော ကောင်းကင်ဧကရာဇ်တစ်ပါးကို လင်းယွမ်က အလွယ်တကူ အနိုင်ယူလိုက်သည်။
ကောင်းကင်ဧကရာဇ်တစ်ပါးအနေဖြင့် ရုပ်ခန္ဓာပျက်စီးသွားလျှင်တောင် ပြန်လည်ကောင်းမွန်လာနိုင်ပြီး တိုက်ခိုက်ခဲ့သော ကောင်းကင်ဧကရာဇ်က လုံးဝချေမှုန်းခံလိုက်ရခြင်းဖြစ်သည်။
" အားနည်းလွန်းတယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
အင်မော်တယ်ဒြပ်စင်များကို ဆယ်နှစ်ကြာစုစည်းပြီးနောက် သူက အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်ဖြစ်လာခဲ့ပြီး ဟုန်ချန်းအင်မော်တယ်များထက် အားနည်းခြင်းမရှိတော့ပေ။
" ထျန်းယွမ် မင်း...." ယိုမျိုးနွယ်၏ အသန်မာဆုံး ကောင်းကင်ဧကရာဇ်က လင်းယွမ်ကို ကြည့်နေသည်။
သူက ဤနေရာသို့ မလာမီ သူက အခြေအနေပေါင်းစုံကို ခန့်မှန်းပြီး ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ အဆိုးဆုံးရလဒ်မှာ ထျန်းယွမ်ဧကရာဇ်က သူ၏ အထွတ်အထိပ်စွမ်းအားကို ထိန်းသိမ်းထားပြီး သူတို့အတွက် ခက်ခဲသော တိုက်ပွဲတစ်ခု ဖြစ်လာနိုင်ခြင်း ဖြစ်သည်။
" မဖြစ်နိုင်ဘူး။ ထျန်းယွမ် မင်းမှာ ဒီလိုစွမ်းအားမျိုး ရှိနေဖို့ မဖြစ်နိုင်ဘူး။ " ယိုမျိုးနွယ်၏ ကောင်းကင်ဧကရာဇ်များက ယုံကြည်ရန် ခက်ခဲနေကြသည်။
အကယ်၍ ထျန်းယွမ်ဧကရာဇ်က ကောင်းကင်ဧကရာဇ်တစ်ပါးကို အမှန်တကယ် သတ်ဖြတ်နိုင်လျှင် ယခင်က သူတို့သာ လှောင်ပြောင်ခံခဲ့ရခြင်းဖြစ်သည်။ သူတို့က မယုံကြည်နိုင်ဖြစ်သွားကြပြီး ချက်ချင်း လှည့်ပြေးကြတော့သည်။
လင်းယွမ်က ယိုမျိုးနွယ်မှ ကောင်းကင်ဧကရာဇ်တစ်ပါးကို သတ်ဖြတ်နိုင်လျှင် သူတို့ကိုလည်း သတ်ဖြတ်နိုင်ပေလိမ့်မည်။
" မင်းတို့ ရောက်တောင်ရောက်လာပြီပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။
ကြောက်စရာကောင်းသော စွမ်းအားများက ပျံ့နှံ့သွားပြီး ထွက်ပြေးနေသော ကောင်းကင်ဧကရာဇ်များကို ချေမှုန်းပစ်မည့် လှိုင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကြသည်။
" အတော်လေးအမြတ်ရလိုက်တာပဲ။ " လင်းယွမ်က ယိုမျိုးနွယ်မှ ကောင်းကင်ဧကရာဇ်များကို သတ်ပြီးနောက် သူတို့၏ ဧကရာဇ်လက်နက်များအပြင် အင်မော်တယ်ဒြပ်စင်များကိုလည်း ရရှိခဲ့သည်။
နန်းတော်ထဲတွင် လူများစွာက သူတို့၏ ရှေ့မှ ဖြစ်ပျက်သမျှကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။ ယိုမျိုးနွယ်၏ ကောင်းကင်ဧကရာဇ်များက မောက်မာစွာဖြင့် ဆင်းသက်လာခဲ့ပြီး ထျန်းယွမ်ဧကရာဇ်ကို လာရောက်အသေခံခိုင်းခဲ့သည်။
ရလဒ်အနေဖြင့် ထျန်းယွမ်ဧကရာဇ်က ထွက်လာသော်လည်း သေဆုံးသွားသူမှာ ယိုမျိုးနွယ်မှ ကောင်းကင်ဧကရာဇ်များသာ ဖြစ်သည်။ ထိုအချိန်အတွင်း ပြင်းထန်သော တိုက်ပွဲလည်း မရှိခဲ့ပေ။
" ငါ အပြင်ခဏ သွားလိုက်ဦးမယ်။ " လင်းယွမ်က သူ၏ နောက်လိုက်များကို ကြည့်ပြီး ပြောလိုက်သည်။ သူက ပါဝင်ပြီးဖြစ်သဖြင့် ပြင်ပကမ္ဘာကို သန့်စင်ပစ်တော့မည်ဖြစ်သည်။
" မဟာဧကရာဇ်..." ဆံပင်ဖြူအဖိုးအိုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ " အရှင်က အမြင့်ဆုံးဧကရာဇ်ဖြစ်သွားပြီလား။ "
ရှေးဟောင်းဒဏ္ဍာရီများအရ မဟာဧကရာဇ်၏ အထွတ်အထိပ်မှာ အမြင့်ဆုံးဧကရာဇ်ဖြစ်လာခြင်းဖြစ်ပြီး ခေတ်များစွာကို လွှမ်းမိုးနိုင်ကြသည်။
" အမြင့်ဆုံးဧကရာဇ်လား။ ငါ အဲ့လိုမဟုတ်တော့တာ ကြာပြီ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
အဝါရောင်စမ်းချောင်း တားမြစ်နယ်မြေ။
အဝါရောင်စမ်းချောင်းမှ မဟာဧကရာဇ်များ၏ အမူအရာများက မယုံကြည်နိုင်ဖြစ်နေသည်။ သူတို့က ထျန်းယွမ်ဧကရာဇ်နန်းတော်မှ အခြေအနေများကို စောင့်ကြည့်နေခဲ့ပြီး ယိုမျိုးနွယ်၏ လှုပ်ရှားမှုများက သူတို့၏ အကြည့်အောက်တွင် ရှိနေသည်။
သို့သော် ယိုမျိုးနွယ်၏ ကောင်းကင်ဧကရာဇ်များက ထျန်းယွမ်ဧကရာဇ်၏ လက်ထဲတွင် ပိုးကောင်များကဲ့သို့ ချေမှုန်းခြင်း ခံခဲ့ရသည်။
အဝါရောင်စမ်းချောင်း၏ မဟာဧကရာဇ်များက တုန်လှုပ်နေကြစဉ် သူတို့၏ အမူအရာများက ရုတ်တရက် ပြောင်းလဲသွားကြသည်။ အကြောင်းမှာ မည်သည့်အချိန်ကမှန်းမသိ အဝါရောင်စမ်းချောင်း တားမြစ်နယ်မြေ၏ အပြင်ဘက်တွင် ပုံရိပ်တစ်ခု ပေါ်လာသောကြောင့် ဖြစ်သည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ထျန်းယွမ်ဧကရာဇ်ပင်ဖြစ်သည်။
" ထျန်းယွမ်ဧကရာဇ်။ " မဟာဧကရာဇ်များက သူတို့၏ စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှပ်ထားကြသည်။
သူတို့က သူတို့၏ နယ်မြေအတွင်း ရှိနေကြပြီး ထွက်ပြေးစရာနေရာမရှိပေ။ ထို့အပြင် အဝါရောင်စမ်းချောင်း တားမြစ်နယ်မြေတွင် ရှိနေသောကြောင့် သူတို့က ယုံကြည်မှုရှိနေကြပြီး ယိုမျိုးနွယ်များကဲ့သို့ အားနည်းမည်မဟုတ်ပေ။
အသက်ဆယ်ကြိမ်ရှူချိန်ကြာပြီနောက် အဝါရောင်စမ်းချောင်း တားမြစ်နယ်မြေက မြေလှန်ခံလိုက်ရပြီး မဟာဧကရာဇ်များအားလုံး သေဆုံးကာ ရတနာများနှင့် အင်မော်တယ်ဒြပ်စင်များက လင်းယွမ်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။
" အဝါရောင်စမ်းချောင်း။ " လင်းယွမ်က တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးမှ အဝါရောင်ရေများ ပန်းထွက်နေသော စမ်းချောင်းကို ကြည့်လိုက်သည်။
မဟာဧကရာဇ်များက အဝါရောင်စမ်းချောင်းထဲတွင် စိတ်လိုက်လျှင် သူတို့၏ ခန္ဓာကိုယ်က အဝါရောင်စမ်းချောင်းခန္ဓာအဖြစ် ပြောင်းလဲသွားပြီး သက်တမ်းကို သိသိသာသာ ရှည်စေနိုင်သည်။ ဘေးထွက်ဆိုးကျိုးများရှိသော်လည်း အသုံးပြုသူများ ရှိနေဆဲ ဖြစ်သည်။
" ယူသွားရမယ်။ " လင်းယွမ်က အဝါရောင်စမ်းချောင်း၏ ထူးခြားမှုကို ခံစားမိသောကြောင့် အတွင်းစကြာဝဠာထဲသို့ ထည့်သွင်းလိုက်သည်။
လီမျိုးနွယ်။
ထျန်းယွမ်ဧကရာဇ် မထွက်ပေါ်လာမီ လီမျိုးနွယ်၏ နံပါတ်တစ်မျိုးနွယ်ဖြစ်ပြီး မဟာဧကရာဇ်နှစ်ဆယ်နီးပါး ရှိနေသည်။ ထိုမဟာဧကရာဇ်နှစ်ဆယ်က အသက်ဆွဲဆန့်ထားလျှင်တောင် ထျန်းယွမ်ဧကရာဇ်က အထွတ်အထိပ်ကာလမှာပင် သူတို့ကို ရန်မစဝံ့ခဲ့ပေ။
သို့သော် ယနေ့ ပုံရိပ်တစ်ခုက လီမျိုးနွယ်ဆီသို့ ဆင်းသက်လာခဲ့သည်။ ထို့နောက်တွင် ကြောက်စရာကောင်းသော လီမျိုးနွယ်က သွေးချောင်းစီး သန့်သင်ခြင်း ခံလိုက်ရသည်။
လီမျိုးနွယ်မှ မဟာဧကရာဇ်များက တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြပြီး ခုခံရန် ကြိုးစားကြသော်လည်း အားလုံးမှာ အချည်းနှီးသာဖြစ်သည်။ ခဏအတွင်း လီမျိုးနွယ်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီး မဟာဧကရာဇ်နှစ်ဆယ်က လုံးဝ ကျဆုံးသွားခဲ့သည်။
မရဏလောကတားမြစ်နယ်မြေ။
" ထျန်းယွမ်ဧကရာဇ် ဒါတွေအားလုံးက နားလည်မှုလွဲတာပါ။ " မရဏလောကအရှင်သခင်ပေါ်လာပြီး လင်းယွမ်ကို ကြည့်ကာ တုန်ယင်စွာ ပြောလိုက်သည်။
" နားလည်မှုလွဲတာလား။ " လင်းယွမ်က မရဏလောကအရှင်သခင်ကို ကြည့်လိုက်သည်။
ထျန်းယွမ်ဧကရာဇ် အထွတ်အထိပ်ကာလတွင် မရဏလောကအရှင်သခင်က လူသားမျိုးနွယ်ကို ကာကွယ်ရေးမည်ဟု ကတိပေးခဲ့သည်။ ထိုအတွက်ကြောင့် ထျန်းယွမ်ဧကရာဇ်က ဧကရာဇ်မူလရင်းမြစ် ငါးပုံတစ်ပုံကို ပေးအပ်ခဲ့သည်။
သို့သော် လင်းယွမ် မြင်တွေ့ခဲ့ရသော အနာဂတ်အချိန်အတိုင်းအတာများတွင် ထျန်းယွမ်ဧကရာဇ်သေဆုံးသွားသောအခါ သူ၏ မူလရင်းမြစ်က ဝါးမြိုခြင်းခံခဲ့ရပြီး မရဏလောကအရှင်သခင်က လူသားမျိုးနွယ်မျိုးတုန်းသွားစေရန် လျို့ဝှက်အားပေးကူညီခဲ့သည်။
အသက်ရှူချိန်အနည်းငယ် ကြာသောအခါ မရဏလောကတားမြစ်နယ်မြေက ကမ္ဘာပေါ်တွင် မရှိတော့ပေ။
ထိုသို့ဖြင့် တာဟွမ်ရင်းမြစ်ကမ္ဘာမှ သက်ရှိအားလုံး၏ တုန်လှုပ်သော အကြည့်များအောက်တွင် အင်အားကြီးသော မျိုးနွယ်များ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြပြီး နှစ်ပေါင်းများစွာ တည်တံ့ခဲ့သော တားမြစ်နယ်မြေများကလည်း ချေမှုန်းခြင်း ခံလိုက်ရသည်။
ကောင်းကင်မြစ်ဒိုင်မန်းရှင်းအတွင်း အားကောင်းသော မြစ်ရေများက မရပ်မနား စီးဆင်းနေသည်။ လင်းယွမ်က ကောင်းကင်မြစ်ဒိုင်မန်းရှင်း၏ မူလရင်းမြစ်လည်ပတ်မှုကို နားလည်ရန် ကြိုးစားနေသည်။ သူ၏ ရှေ့တွင် ထူးခြားသော အမျှင်လေးများ လွင့်မျောနေသည်။
၎င်းမှာ တတိယရင်းမြစ်ကမ္ဘာမှ အင်မော်တယ်ဒြပ်စင်ပင်ဖြစ်သည်။ လင်းယွမ်၏ ရှေ့တွင် ဖြစ်ပေါ်နေသော အင်မော်တယ်ဒြပ်စင်က တတိယရင်းမြစ်ကမ္ဘာမှ တိုက်ရိုက်လာခြင်းမဟုတ်ဘဲ ၎င်း၏ အနှစ်သာရကို နားလည်ခြင်းမှတစ်ဆင့် ပြန်လည်စုစည်းထားခြင်းဖြစ်သည်။
ဆယ်နှစ်ကြာ လေ့လာပြီးသော်လည်း လင်းယွမ်က အံ့ဩနေရဆဲ ဖြစ်သည်။ ထို့အပြင် ကောင်းကင်မြစ်ဒိုင်မန်းရှင်းအတွင်း၌ ထိုအင်မော်တယ်ဒြပ်စင်က တည်ရှိနေဆဲ ဖြစ်သည်။ များပြားသော စွမ်းအားများ သို့မဟုတ် ရတနာများက သူတို့နှင့် သက်ဆိုင်သော ဒိုင်မန်းရှင်းများတွင်သာ တည်ရှိနိုင်သည်။
" ဒါက ပြည့်စုံလွန်းတယ်။ " လင်းယွမ်က တွေးလိုကည်။
အင်မော်တယ်ဒြပ်စင်များက အသေးငယ်ဆုံးသော အမှုန်များကို အခြေခံ ၃၃ နှင့် ဖွဲ့စည်းထားသည်။ ထိုအခြေခံ၃၃ခုက ဟန်ချက်ညီညီ ယှက်နွယ်နေကြပြီး တစ်ခုချင်းစီအနေဖြင့် အင်အားမကြီးမားသော်လည်း အရေအတွက်များစွာ စုစည်းမိလျှင် အလွှာဆယ့်သုံးသို့ ရောက်ရှိနေသော ကြောက်စရာကောင်းသော စွမ်းအားတစ်ခုဖြစ်လာသည်။
" ရုပ်ခန္ဓာရဲ့ ဆယ်ပုံတစ်ပုံကို အင်မော်တယ်ဒြပ်စင်နဲ့ ပုံဖော်ပြီးတဲ့နောက်မှာ နောက်ထပ်တစ်ပုံကို ပုံဖော်ဖို့လိုအပ်တဲ့ အချိန်နဲ့ အင်မော်တယ်ဒြပ်စင်က ပိုတိုးလာလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
" ဖြည်းဖြည်းချင်းပဲ သွားတာပေါ့။ " လင်းယွမ်၏ မျက်ပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
အလွှာဆယ့်သုံးသို့ ရောက်ရှိပြီးနောက် အချိန်က သူ့အတွက် အရေးမပါတော့ပေ။ အလွှာဆယ့်သုံး အချိန်သက်ရှိများက အနာဂတ်အချိန်အတိုင်းအတာများကို ထိုးဖောက်မြင်နိုင်ကြသည်။ သူတို့ကိုယ်တိုင်က အသေမခံသရွေ့ သေဆုံးမည်မဟုတ်ပေ။
ရင်းမြစ်ကမ္ဘာများက သူ့အတွက် များစွာအကျိုးရှိစေခဲ့သည်။ ပထမရင်းမြစ်ကမ္ဘာမှ သွေးမျိုးဆက်အမွေအနှစ်၊ ဒုတိယရင်းမြစ်ကမ္ဘာမှ မှော်စာလုံးလမ်းစဉ်နှင့် အရှင်သခင်အခွင့်အာဏာ၊ ယခု တတိယရင်းမြစ်ကမ္ဘာမှ အင်မော်တယ်ဒြပ်စင်တို့ဖြစ်သည်။