← Chapters

အလောင်းတစ်လောင်း မွမ်းမံရန် အသုံးမပြုနိုင်ခြင်းမှာ နှမြောစရာပင်။

Vol. 9 Ch. 81

အလောင်းတစ်လောင်း မွမ်းမံရန် အသုံးမပြုနိုင်ခြင်းမှာ နှမြောစရာပင်။

Vol. 9 Ch. 81

​

သို့သော် ကံဆိုးစေတတ်သော ဖုတ်ကောင်တစ်ကောင်အကြောင်းကို ပြောမိရာမှ တန်ဝမ်ကျဲ၏ အတွေးများ ရုတ်တရက် လွင့်ပျံသွားခဲ့သည်။ ဤကြေးနီချပ်ဝတ် အလောင်းကောင်အကြောင်းမှာ အတော်လေး နားယဉ်နေသလို ရှိသည်။

​ဤသည်မှာ “The Haunted Family” ဇာတ်ကားထဲက ရှီရှောင်ပန်းနား ကြေးနီချပ်ဝတ် အလောင်းကောင် မဟုတ်ပါလော။ သူ ဒါကို သေချာပေါက် လက်လွှတ်မခံနိုင်ပေ။

​၎င်းကို ကျင့်ကြံခြင်းဆိုင်ရာ ပစ္စည်းအဖြစ် အသုံးပြုမည်ဆိုပါက ထိပ်တန်းအဆင့် ဖြစ်နေမည်မှာ အမှန်ပင်။

​သူ့အစွမ်းနှင့်ဆိုလျှင် ထိုအလောင်းကောင်ကို ရင်ဆိုင်နိုင်မည်မဟုတ်သော်လည်း အကူအညီခေါ်လိုက်မည်ဆိုပါက ပြဿနာကြီးကြီးမားမား ရှိမည်မဟုတ်ပေ။ သတင်းကောင်းတစ်ခုလည်း ရှိနေသေးသည်။ ကြေးနီချပ်ဝတ် အလောင်းကောင်နှင့် ပတ်သက်သည့် သတင်းမှာ အမှားဖြစ်သည်။

ရှီကျန့်သည် ယူနန်သို့ အလဟဿ သွားရတော့မည်ဖြစ်ရာ သူ၏ အားအကောင်းဆုံး ပြိုင်ဘက်မှာ ဖယ်ရှားပြီးသား ဖြစ်သွားပေလိမ့်မည်။

​ထို့ပြင် ဇာတ်ကားထဲတွင် ကျူးကော့ခုံဖိန်၏ အစွမ်းမှာ ထိုအလောင်းကောင်ကို ကိုင်တွယ်ရန် လုံလောက်သည်ကို သူမှတ်မိနေ၏။ အကယ်၍ ကြေးနီချပ်ဝတ် အလောင်းကောင်ကသာ ကံဆိုးမှုများ ဆက်တိုက် မသယ်ဆောင်လာခဲ့လျှင်...ဪ ဒါနဲ့ ပြောရဦးမည်။ ကျူးကော့ခုံဖိန်သည် အလွန်တော်သော ပညာပေး ဆရာတစ်ဦးလည်း ဖြစ်သည်။

​ထိုသို့ဆိုလျှင် ကျူးကော့ခုံဖိန်က ကြေးနီချပ်ဝတ် အလောင်းကောင်ကို ဖမ်းမိသည်အထိ စောင့်ပြီးမှ ထိုနေရာသို့ တိုက်ရိုက်သွားကာ အလောင်းကို ကောက်ယူလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

​ဒုတိယ ဦးလေးဘိုးဘိုးက သူ့ကို ထိုနှစ်ပေါင်းထောင်ချီ သက်တမ်းရှိသည့် ရှေးဟောင်းအလောင်းကောင်ကို သွားရောက် မနှောင့်ယှက်စေချင်ပေ။ ထို့ပြင် ကိုယ်ပိုင်ပိုင်ဆိုင်သည့် ကြေးနီချပ်ဝတ် အလောင်းကောင်ကို တောရိုင်းဖုတ်ကောင်အဖြစ် အစီရင်ခံထားခြင်းမှာ ပြဿနာတက်နိုင်သည်ဟု အဓိပ္ပာယ်ရပေသည်။ ထို့ကြောင့် တန်ဝမ်ကျဲအား ပါဝင်ပတ်သက်ခွင့်ကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့၏။ သို့မဟုတ်ပါက ထောင်စုနှစ် ကြေးနီချပ်ဝတ် အလောင်းကောင်ဖြစ်စေ ထိုလမ်းစဉ်မမှန်သော ကျင့်ကြံသူများဖြစ်စေ သူ့အပေါ် ကြင်နာကြမည်မဟုတ်ပေ။ သူတို့အားလုံးသည် ရုပ်ဆိုးရုံတင်မက စိတ်နှလုံးကလည်း ပို၍ မည်းမှောင်ကြသူများ ဖြစ်သည်။

​အပေါ်ယံတွင်တော့ တန်ဝမ်ကျဲက ရိုးရိုးသားသားပင် နာခံမည့်ပုံစံကို ရွေးချယ်ခဲ့သည်။

​သို့သော် သူလှည့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူ့အတွက် စုံစမ်းပေးမည့်သူကို ရှာတော့၏။

"​ကျူးကော့မျိုးနွယ်စုက နာမည်ကြီးမျိုးနွယ်ပဲ၊ စုံစမ်းကြည့်ရင် ရှာရလွယ်မှာပါ။"

တန်ဝမ်ကျဲသည် အရက်ချက်စက်ရုံကို စစ်ဆေးနေသည်။ စီးပွားရေး အလွန်အမင်း ကောင်းမွန်နေသည်ဟု မဆိုနိုင်သော်လည်း အမြတ်အစွန်းမှာ ပုံမှန်စီးဆင်းနေ၏။

​ရုတ်တရက် တစ်ယောက်ယောက်က သူ့ထံ လာရောက် သတင်းပို့သည်။ သူ ခေတ္တရပ်သွားကာ

“ဘုရားကျောင်းက ပြန်ဖွင့်မယ် ဟုတ်လား"

​သူ၏ ဖုတ်ကောင်ကို မကောင်း‌သောအရပ်သုံးခု နေရာရှိ ဘုရားကျောင်းတွင် မွေးမြူထားခြင်းဖြစ်သည်။

မနေ့ကပင် သူသွားရောက် စစ်ဆေးခဲ့ရာ ထိုဖုတ်‌ကောင်သည် နေ့စဉ် အတွေ့အကြုံ အမှတ် အနည်းငယ် ရရှိနေဆဲဖြစ်ကြောင်း တွေ့‌သည်။

ထိုအရာသည် ဂိမ်းထဲတွင် အလိုအလျောက် အဆင့်တက်ခြင်း အတွက် အကောင်းဆုံးနေရာ ဖြစ်နေပါလျက် သူက ဘယ်လိုလုပ်ပြီး အခြားသူကို ပေးနိုင်ပါမည်နည်း။

​ထို့ပြင် ဖုတ်ကောင် မွေးမြူသည့်နေရာ ပျောက်ကွယ်သွားပါက မကောင်းသော အရပ်တွင် အချိန်အကြာကြီး နေထိုင်ခြင်းက ဘေးဒုက္ခကို မလွဲမသွေ ဖိတ်ခေါ်ရာ ရောက်လိမ့်မည်ဖြစ်သည်။

​“ဗာတီကန်က လာတဲ့ နိုင်ငံခြား ဘုန်းကြီးတချို့ ထင်တယ်ခင်ဗျ။ အခု မြို့ထဲမှာ အရှင်သခင် တစ်ပါးအကြောင်း တရားဟောပြီး ပစ္စည်းတွေတောင် ဝေနေကြတယ်။သံသေတ္တာတွေပေါ်မှာ လက်ဝါးကပ်တိုင်တွေ ဆွဲထားပြီး ဆန်၊ ဂျုံ၊ နှံစားသီးနှံနဲ့ ဆီတွေ ဝေနေတာ။"

​“ကောင်းမှုလုပ်ဖို့ အလုအယက် ဖြစ်နေကြတာပေါ့။ ဒါဆို ငါအရင်က သုံးခဲ့တဲ့ ပိုက်ဆံတွေက အလကား ဖြစ်ကုန်တာပေါ့။"

​ထန်ဝမ်ကျဲ ထွက်ခွာတော့မည့်ဆဲဆဲတွင် သတင်းလာပို့သူမှာ အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။

​“မင်းက..."

​

“ကျွန်တော်က ဖက်တီးပေါင်ပါ သူဌေးတန်။"

​“အခုမှ မှတ်မိတော့တယ်။ မင်းက တကယ်ပဲ ကျူးအူမကြီး နဲ့ တူတာပဲ။''

​“ကျွန်တော်တို့က ဝမ်းကွဲတွေလေ။ အဲ့ဒါကြောင့် တူတာပါ။”

ဖက်တီးပေါင်က လက်နှစ်ဖက်ကို ပွတ်လိုက်ရင်း ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် သူဌေးတန်။ ကျွန်တော့်ကို ဒီအလုပ် ပေးလို့။"

​“ဒါတွေ ပြောမနေပါနဲ့။ အူမကြီးက ငါ့ကို ဦးလေးလို့ ခေါ်တာဆိုတော့ ငါတို့အားလုံးက မိသားစုတွေပါပဲ။”

တန်ဝမ်ကျဲက ဖက်တီးပေါင်၏ ပုခုံးကို ဖက်လိုက်သည်။

“မင်း ဂါထာမန္တန်တွေ သင်ဖူးလား"။

​“အရင်က ဒုတိယ ဦးလေးဘိုးဘိုးဆီမှာ အနည်းအကျဉ်းတော့ သင်ဖူးပါတယ်။”

ဖက်တီးပေါင်က တန်ဝမ်ကျဲသည် ဒုတိယ ဦးလေးဘိုးဘိုးထံတွင် တရားဝင် ပညာသင်ယူနေသူမှန်း သိထားသည်။

​သူ တန်ဝမ်ကျဲဆီတွင် အစေခံကဲ့သို့ အလုပ် ကောင်းကောင်းရနေခြင်းမှာ ကျူးအူမကြီး၏ သစ္စာရှိမှုကြောင့်ဖြစ်သည်။

​ဒုတိယ ဦးလေးဘိုးဘိုးဆီမှာ ပညာသင်ခဲ့ဖူးသည်ဟု ကြားလိုက်ရချိန်တွင် တန်ဝမ်ကျဲ၏ စိတ်ဝင်စားမှုမှာ လျော့ကျသွားတော့သည်။

​ဘုရားကျောင်းသို့ သူရောက်သွားသောအခါ မြို့သူမြို့သားများ စုဝေးကာ စည်ကားနေသည်ကို တွေ့လိုက်ရ၏။

ပစ္စည်းစုဆောင်းခြင်း ဆိုတာထက် လုယက်ခြင်းနှင့်ပင် ပိုတူနေလေသည်။

သူကတော့ သဘောတူပါသည် အခမဲ့ပေးလျှင် ယူလိုက်ရုံပင်။ သို့သော် ဤနိုင်ငံခြားသားများသည်မူ အလကားတော့ ပေးမည်မဟုတ်ပေ။

​ထို့ပြင် ဘုရားသခင်သည် လောကကြီးကို ချစ်တော်မူသည်ဟု အော်ဟစ်နေသော သာသနာပြု အချို့ကြောင့် ထိုနေရာမှာဟင်းသီးဟင်းရွက်ဈေးထက်ပင် ပို၍ ဆူညံနေတော့၏။

​တစ်ဖက်တွင် အလကားဝေ၍ စည်ကားနေသော်လည်း အလှူခံနေသော နောက်တစ်ဖက်မှာမူ အတော်လေး ခြောက်ကပ်နေ‌လေသည်။

​ထိုနေရာတွင် လူတိုင်းကို အလှူငွေထည့်ရန် တိုက်တွန်းနေသော ရင်းနှီးသည့် မျက်နှာတစ်ခုကိုလည်း တွေ့လိုက်ရသည်။

​သူမမှာ အန်နီဖြစ်ပြီး သူမကို မတွေ့ဖြစ်ခဲ့သည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သည်။

ထိုစဉ် အမျိုးသားတစ်ဦး အလှူငွေထည့်လိုက်သည်ကို တန်ဝမ်ကျဲ မြင်လိုက်ရပြီး အန်နီက ပြုံးကာ သူ့ကို အနမ်းတစ်ခု ပေးလိုက်သည်။ ထိုအမျိုးသားမှာ ပျော်ရွှင်စွာ ထွက်ခွာသွားတော့၏။

တန်ဝမ်ကျဲကို မြင်သောအခါ အန်နီက အံ့သြစွာ လက်ဝှေ့ယမ်းပြပြီး ပြေးလာခဲ့သည်။

“ဦးလေး...ဦးလေးလည်း လာလှူတာလား။"

​

ထိုသေတ္တာထဲရှိ အလှူငွေများ၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်မှာ အန်နီကြောင့် ဖြစ်ပေလိမ့်မည်ဟု တန်ဝမ်ကျဲ တိတ်တဆိတ် တွေးလိုက်မိ၏။

​သူမက ဘယ်လို သက်ရှိ ဗောဓိသတ္တ သို့မဟုတ် ရုပ်ခန္ဓာဖြင့် ကုသိုလ်ပြုနေသောသူမျိုးပါလိမ့်။

​“ဒီအတိုင်း လာကြည့်တာပါ။”

တန်ဝမ်ကျဲက ရှေ့သို့ ညွှန်ပြလိုက်သည်။

​နိုင်ငံခြား ဘုန်းတော်ကြီးများကို ပိုက်ဆံပေးခြင်းက ကိုယ့်အိမ်က ရုပ်ပွားတော်များကို အမွှေးတိုင် ပိုပူဇော်ခြင်းလောက်ပင် အကျိုးမရှိပေ။

သူတို့သည် ဤနေရာက ဘယ်သူ့နယ်မြေလဲဆိုသည်ကိုပင် မသိကြသေးပေ။

​ထိုစဉ် ဖက်တီးပေါင်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

“လမ်းဖယ်ကြပါ၊ လမ်းဖယ်ကြ။ မြို့တော်ဝန် လာနေပြီ။"

​သူသည် သူ့အခန်းကဏ္ဍထဲသို့ အတော်လေး မြန်မြန်ဆန်ဆန် စီးမျောသွားခဲ့၏။ ဆူညံနေသော မြင်ကွင်းမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

​ဘုန်းကြီးအိုတစ်ပါးက သူတို့ဆီသို့ လျှောက်လာပြီး လက်ယာလက်ဖြင့် ရင်ဘတ်နှင့် နဖူးကို လက်ဝါးကပ်တိုင်ပုံစံ ပြုလုပ်လိုက်သည်။

သူစကားမပြောမီ ရင်းနှီးသော မျက်နှာအချို့က ပြုံးရွှင်စွာ ချဉ်းကပ်လာပြီး အရင်စကားလာပြောကြ၏။

​တိုက်တိုက်ဆိုင်ဆိုင်ပင် တန်ဝမ်ကျဲက သူတို့အားလုံးကို သိနေခဲ့သည်။ သူတို့သည် ဤနယ်တစ်ဝိုက်တွင် အကောက်ကြံခြင်းနှင့် အမြတ်ထုတ်ခြင်း၌ အကျွမ်းကျင်ဆုံးသူများ ဖြစ်ကြ‌ပေသည်။

ထိုသူများမှာ ပြည့်တန်ဆာစံအိမ်ပိုင်ရှင်၊ လောင်းကစားဒိုင်ပိုင်ရှင်နှင့် အတိုးကြီးစားသူများဖြစ်ကြ၏။

​ပထမဆုံးလူက ရှေ့သို့ တက်လာသည်။

ထိုသူသည် ဒေသခံ လူမိုက်ခေါင်းဆောင်ဖြစ်ပြီး သန်မာထွားကြိုင်းသူတစ်ဦး ဖြစ်သည်။

“မြို့တော်ဝန်တန်...ဒါက ဗာတီကန်က လာတဲ့ သာသနာပြု ဘုန်းတော်ကြီးဝူပါ။ သူက ဘုရားကျောင်းကို ပြန်ဖွင့်ချင်လို့..."

​အနားတွင်ရပ်နေသော အန်နီက ထိုကြောက်စရာကောင်းသော အမျိုးသားသည် ခုနကမှ အရပ်ရှည်ပုံပေါက်သော်လည်း အခုထန်ဝမ်ကျဲ အနားသို့ ရောက်သွားသောအခါ ရုတ်တရက် အတော်လေး ပုသွားသလို ခံစားလိုက်ရသည်။

“ဒါဆို ခင်ဗျားတို့ကလည်း အဲဒီ အရှင်သခင်ဘာသာကို ကိုးကွယ်ချင်ကြတယ်ပေါ့ ဟုတ်လား။

တန်ဝမ်ကျဲက ပြောလိုက်သည်။

​“ဒါပေါ့ ဒါပေါ့။"

သူတို့အများအပြား ခေါင်းငြိမ့်လိုက်ကြ၏။

“လူတိုင်းက အဲဒါကို ယုံကြည်ကြလို့ဘုရားကျောင်းကို ပြန်ဖွင့်တာပေါ့။"

​သူတို့က ဘုန်းတော်ကြီးဝူကို လှည့်ကြည့်လိုက်ကြသည်။

​သူတို့နောက်ကွယ်မှာမည်သည့် မရိုးသားသော အစီအစဉ်များ ရှိနေသည်ကို သူ မသိသော်လည်း တစ်ခုခုတော့ အမြတ်ထွက်စရာ ရှိနေလို့သာ ယခုလို အားတတ်သရော ရှိနေကြခြင်း ဖြစ်ပေလိမ့်မည်။

​သို့သော် တန်ဝမ်ကျဲက ခေါင်းယမ်းလိုက်သည်။

“ဘုရားကျောင်းဆိုတာ တိတ်ဆိတ်တဲ့နေရာမှာပဲ ရှိသင့်တယ်။ အခုလို စည်ကားတဲ့ ဈေးဘေးမှာဆိုတာ ဘယ်လိုပုံစံပေါက်နေပြီလဲ။ ဒီလိုလုပ်ပါလား။ ခင်ဗျားတို့က မြို့ထဲက ချမ်းသာတဲ့ ကုန်သည်တွေပဲလေ။ ဘာလို့ အားလုံးစုပြီး ဘုရားကျောင်းအသစ် တစ်ကျောင်း မဆောက်ကြတာလဲ။ ဘုရားကျောင်းအသစ် ပြန်ဆောက်တာကမှ ခင်ဗျားတို့ရဲ့ စေတနာကို ပြရာရောက်မှာပေါ့။"

​သူတို့၏မျက်နှာများ ပျက်ယွင်းသွားကြသည်။ ဘုရားကျောင်းအသစ် တည်ဆောက်ခြင်းမှာ ငွေအမြောက်အမြား ကုန်ကျပေလိမ့်မည်။

သူတို့က အလှူငွေတွေကနေ အမြတ်ထုတ်ချင်ကြခြင်းဖြစ်ပြီး နိုင်ငံခြားဘုန်းတော်ကြီးက ပိုဟောနိုင်သည် ဆိုသည့်အတိုင်း နိုင်ငံခြားကုန်စည်များ ရဖို့လည်း လမ်းကြောင်းပိုသာမည်ဟု တွေးထားကြခြင်းဖြစ်သည်။

ကူညီပေးသည်ကတော့ စကားပြောရုံသက်သက်သာဖြစ်သော်လည်း သူတို့၏ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရန်တော့ အကြောင်းပြချက် မရှိကြပေ။

​ဘုန်းတော်ကြီးဝူက ပြောလိုက်သည်။

“မြို့တော်ဝန်တန် ကျုပ် ယုံကြည်တာက..."

တန်ဝမ်ကျဲက ဘုန်းတော်ကြီးဝူကို လုံးဝ လျစ်လျူရှုထားပြီး အခြားသူများကိုသာ ပြန်ကြည့်ကာ အကြံပြုလိုက်သည်။

“ဒါမှမဟုတ် ခင်ဗျားတို့ ပြန်သွားပြီး ပြန်စဉ်းစားကြည့်ကြပါလား။"

​“အာ...ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ပြန်စဉ်းစားတာ ပိုကောင်းမယ် ထင်ပါတယ်။"

​“မှန်တာပေါ့။ မြို့တော်ဝန်တန် ဒီည အချိန်ရမလား မသိဘူး။"

တန်ဝမ်ကျဲ၏ လေသံထဲတွင် ငြင်းပယ်မှုကို ကြားလိုက်ရသဖြင့် သူတို့ ငြင်းခုံရန်ပင် မတွေးရဲတော့ပေ။ အရင်က သေဆုံးမှုများ၊ ဖမ်းဆီးမှုများ၊ စစ်တပ်များအကြောင်း ပြန်စဉ်းစားမိလိုက်ကြပြီး သူတို့ ကြောက်လန့်နေကြပြီဖြစ်သည်။

​အရင်က မြို့တော်ဝန်ယဲ့ ရှိစဉ်က သူတို့ကိုယ်သူတို့ အရေးပါသူများဟု ထင်ခဲ့ကြ၏။ တန်ဝမ်ကျဲက သူတို့ကို မျက်နှာသာ လုံးဝမပေးဘဲ နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

ထိုသို့ဆိုလျှင် ဂုဏ်သိက္ခာကို မေ့ထားလိုက်ပြီးသူတို့ အမြန်လက်ရှောင်သွားခြင်းက ပိုကောင်းလိမ့်မည်။

​“ဒီက မြို့တော်ဝန်တန်...”

ဘုန်းတော်ကြီးဝူကတစ်ခုခု ပြောချင်သော်လည်း တန်ဝမ်ကျဲက သူ့ကို လုံးဝ လျစ်လျူရှုပြီး လှည့်ထွက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

​ခဏအကြာတွင် ရိုင်ဖယ်သေနတ်ကိုင်ထားသော ရဲသားနှစ်ဦး ရောက်လာပြီး ဘုရားကျောင်းဝင်ပေါက်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် တံခါးစောင့်နတ်မင်းများကဲ့သို့ မတ်တပ်ရပ်နေလိုက်ကြတော့သည်။

​“ဟူး...ထားလိုက်ပါတော့။ တခြားနေရာပဲ ရှာကြတာပေါ့။”

ဘုန်းတော်ကြီးဝူက ဆိုလိုက်သည်။

​ထိုမြို့တော်ဝန်တန်မှာ အစကတည်းက သူ့ကို စကားပြောရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူ့တွင် ပြောချင်သော သီအိုရီများ အပြည့်ရှိသော်လည်း ရိုင်ဖယ်ပြောင်းဝများက သူ့ဆီ ချိန်ထားသဖြင့် ဉာဏ်ရှိသူတိုင်း ဤနေရာ၌ သူတို့ကို မကြိုဆိုကြောင်း သိကြပေလိမ့်မည်။

​သာသနာပြုများ နောက်ထပ် ဘယ်သွားမည်ကို ခေတ္တဘေးဖယ်ထားလျှင် တန်ဝမ်ကျဲက သူတို့ကို မောင်းထုတ်လိုက်သည့် သတင်းမှာ အတင်းအဖျင်းအဖြစ် ပျံ့နှံ့သွား‌ တော့သည်။

​အချို့က ထန်ဝမ်ကျဲမှာ အရင်က လူလိုမဟုတ်တော့ဟု အံ့သြနေကြသည်။ အချို့ကတော့ သူတို့သာ ဒေါ်လာသန်းချီတဲ့ အမွေရရင် သူ့ထက်တောင် ပိုတော်အောင် လုပ်ပြနိုင်တယ်လို့ ဆိုကြသည်။

အချို့ကလည်း သူ့ရဲ့ အတိတ်က အပြုအမူတွေကို ပြန်ပြောကြတယ်။

ဥပမာ- အဆိုတော်မလေးတစ်ယောက်အတွက် ပိုက်ဆံတွေပုံအောသုံးတာ ဒါမှမဟုတ် မိန်းမပျိုလေးတွေနဲ့ သူများမယားတွေကို လိုက်ငေါ့တာမျိုးတွေပေါ့။

​သူတို့ရဲ့ စကားတွေထဲမှာ မနာလိုမှု၊ ဖုန်းဆိုးမှုနဲ့ မုန်းတီးမှုတွေ အပြည့်ပါနေတယ်။

စောစောစီးစီးသေသွားတဲ့ သန်းကြွယ်သူဌေး ဦးလေးတစ်ယောက် သူတို့မှာ မရှိတာကို မုန်းနေကြတာဖြစ်ပါလိမ့်မည်။

​သူတို့သာ သူ့နေရာမှာဆိုရင် ဒါထက်ပိုပြီး လုပ်နိုင်တယ်လို့ သူတို့ ယုံကြည်နေကြသည်။

​ကျူးမိသားစု လက်ဖက်ရည်ဆိုင်

​သခင်လေးရှီ၏ မျက်လုံးများက ပုလဲ‌လေးနောက်ဖေးမီးဖိုချောင်ထဲသို့ ပျောက်ကွယ်သွားသည်အထိ သူမ၏တင်ပါးများကိုအငမ်းမရ ကြည့်နေသည်။

​“ဆရာ၊ အဲဒီ ဘုရားကျောင်းမှာ တစ်ခုခု မှားနေတယ်လို့ ထင်လား"။

​သခင်လေးရှီ ဘေးတွင် ထိုင်နေသည်မှာ ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးဖြစ်ပြီး ဝတ်စားဆင်ယင်ပုံနှင့် ရုပ်ရည်မှာ ဒေသခံများနှင့် ကွဲပြားနေသည်။ သူက ကြိုးချည်ထားသော မျောက်ကလေးတစ်ကောင်ကိုလည်း ကိုင်ထားသည်။

​အသီးတစ်လုံးကို ယူကာ မျောက်ကလေးအား ကျွေးရင်း ဆရာက

“ဘုရားကျောင်းလား?အဲဒါက သရဲခြောက်တဲ့ အရပ် ပဲ။ အဲဒါက ကျိန်စာဖြစ်တယ်။ကောင်းချီးမဟုတ်ဘူး။ သာမန်လူတွေက အဲဒီနေရာကို ကပ်ရောဂါလို ရှောင်ကြတယ်၊ ဘယ်သူမှ အဲဒီမှာ မစုဝေးကြဘူး။"

​သခင်လေးရှီက နားမလည်နိုင်ဖြစ်နေသည်။

“ဒါဆို ထူးဆန်းတယ်ဗျ။ တန်မြည်း က ဘာလို့ အဲဒီနေရာကို အသည်းအသန် ကာကွယ်နေတာလဲ တခြားလူတွေကိုတောင် ပေးမဝင်ဘူး။"

​“တန်မြည်း”

ဆရာကဇဝေဇဝါ ဖြစ်သွားသည်။ အရင်က အကြောင်းအရာနှင့် ဆက်စပ်ကြည့်လျှင် မြို့တော်ဝန်တန်ကို ပြောနေခြင်း ဖြစ်မလား။

​“သန်းကြွယ်သူဌေးထန်ကို ပြောတာပါဗျ။”

သခင်လေးရှီက ရုတ်တရက် စိတ်ဝင်တစားဖြစ်လာသည်။သူသည် အောက်တန်းကျသော အကြောင်းအရာများကို ပြောရသည်ကို ဝါသနာပါသည်။

“ကျွန်တော် ပြည့်တန်ဆာအိမ်မှာတုန်းက အဲဒီက အမျိုးသမီးတွေ ပြောတာ ကြားဖူးတယ်၊ အဲဒီလူက မြည်းတစ်ကောင်လိုပဲတဲ့။"

​သူသည် ဘယ်ဘက်လက်မနှင့် လက်ညှိုးဖြင့် စက်ဝိုင်းပုံစံလုပ်ကာ ညာဘက်လက်ညှိုးဖြင့် ထိုးပြလိုက်ပြီး ပျင်းရိစွာ ပြောနေ၏။

“နှမြောစရာပဲ၊ သူက အခု ပြည့်တန်ဆာအိမ်တွေကို မလာတော့ဘူး။ သူ့ကို တွေ့ဖို့ အခွင့်အရေး မရသေးဘူး။ မဟုတ်ရင် သူ ဘယ်လိုတွေ စွမ်းလဲဆိုတာ ကြည့်ဖို့ ပိုက်ဆံပေးရရင်တောင် တန်ပါတယ်။"

​ဒါက ထူးဆန်းတာကို သိချင်တဲ့ စပ်စုစိတ်တစ်ခုပါ။

​

ဆရာက အမျိုးသားအချင်းချင်း နားလည်သည့် အပြုံးမျိုးကို ပြုံးပြပြီး ရှင်းပြသည်။

“ကျွန်တော်လည်း မသေချာဘူး။ ဒါပေမဲ့ သခင်လေးရှီ၊ ခင်ဗျား သူ့ကို ပြဿနာရှာချင်လို့လား။"

​သူက ပိုက်ဆံရဖို့ လာတာဖြစ်သည် ဘာမှမလုပ်လျှင် ဘယ်လိုလုပ်ပြီး အကျိုးအမြတ် ရပါမည်နည်း။

​“သူ့ကိုတော့ မဟုတ်ဘူး၊ သူ့ကို ကျွန်တော် မပတ်သက်ရဲဘူး။”

မမျှော်လင့်ဘဲသခင်လေးရှီက ချက်ချင်း ခေါင်းယမ်းလိုက်သည်။

“သူ့မှာ ပိုက်ဆံရှိတယ်၊ သေနတ်ရှိတယ်။ အခု ကျွန်တော် ပုလဲ‌လေးကိုပဲ လက်ထပ်ချင်နေတာ၊ ဒါပေမဲ့ သူမစိတ်က အဲဒီ လူဝကြီး ဖက်တီးပေါင်ဆီမှာ ရောက်နေတာ။ ပြီးတော့ ပုလဲလေးနဲ့ ဖက်တီးပေါင်က စေ့စပ်ထားတယ်။ ကံကောင်းတာက ဆရာကျူးကလည်း ဒီလက်ထပ်ပွဲကို နောင်တရနေတာ အရှိန်လေး တစ်ချက် မြှင့်ပေးဖို့ပဲ လိုတာ။"

​“အဲဒါ ဘာခက်လို့လဲ”

ဆရာကအနည်းငယ် ပြုံးလိုက်သည်။

“သူ့ကို လူကြားထဲမှာ အရှက်ကွဲအောင်လုပ်ပြီး စေ့စပ်မှုကို ဖျက်ခိုင်းလိုက်ရုံပေါ့။"

​သူက အစီအစဉ်ကို အကြံပေးလိုက်ရုံရှိသေး၊ အောက်ထပ်မှ ရယ်သံများ ထွက်ပေါ်လာသည်။

​“သူဌေးတန် ရောက်လာပြီလား။"

​“သခင်ထးတန်၊ မတွေ့ရတာ ကြာပြီနော်။"

​“မြို့တော်ဝန်တန်၊ အရင်က ကျွန်တော်တို့ ဆွေးနွေးထားတဲ့ မြေကွက်အကြောင်းကလေ..."

တန်ဝမ်ကျဲက လက်ဖက်ရည်ဆိုင်ထဲသို့ ဦးဆောင်ဝင်လာသည်ကို တွေ့ရပြီး သခင်လေးရှီနှင့် ဆရာတို့ ပြောနေသည့် အဓိကဇာတ်ဆောင် ဖက်တီးပေါင်က တန်ဝမ်ကျဲ ဘေးတွင် ခေါင်းမော့ရင်ပေါ့လျက် လိုက်ပါလာသည်။

​“အို၊ မြို့တော်ဝန်တန်၊ ဘာကိစ္စများ ရှိလို့လဲ။”

ဆရာကျူးက သူ့ကို ကြိုဆိုရန် အပြေးအလွှား လာသည်လက်နှစ်ဖက်ကို ဆုပ်ကိုင် နှုတ်ဆက်ရင်း

“ကဲ၊ ကျွန်တော့်နောက်ကနေ အပေါ်ထပ်ကို ကြွပါဦး။"

​ဆရာကျူးသည် အရင်က ဖက်တီးပေါင်ကို အထင်သေးခဲ့သော်လည်း ယခုအခါ ဖက်တီးပေါင်သည် ထန်ဝမ်ကျဲအတွက် အလုပ်လုပ်ပေးနေသည်ဟု ကြားလိုက်ရချိန်တွင် သူ၏ သဘောထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး သူ့ကို သမက်ကောင်းတစ်ယောက် အလား အလေးထား ဆက်ဆံတော့သည်။

​ဖက်တီးပေါင်သည်လည်း ထိုကဲ့သို့သော ဆက်ဆံမှုကို မမျှော်လင့်ထားသဖြင့် အနည်းငယ် မိန်းမောသွားသည်။

​သခင်လေးရှီကတော့ မနာလိုလွန်းသဖြင့် သွားကြိတ်နေမိသည်။ ဒီအတိုင်းသာ ဆက်သွားရင် စေ့စပ်ပွဲ ပျက်ဖို့နေနေသာသာ၊ ဆရာကျူးက သူ့သမီးကို ဖက်တီးပေါင်နဲ့ ချက်ချင်း လက်ထပ်ပေးဖို့တောင် စိတ်အားထက်သန်နေလိမ့်မည်။

​သူ တစ်ခုခု ထပ်ပြောချင်သော်လည်း ဆရာ၏ မျက်နှာရိပ်မျက်နှာကဲ အနည်းငယ် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။

​“ဘာဖြစ်လို့လဲ”

သခင်လေးရှီက မေးလိုက်သည်။

​ဆရာက တန်ဝမ်ကျဲကို စိုက်ကြည့်နေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ပထမထပ်မှ ထန်ဝမ်ကျဲက ၎င်းကို ခံစားမိသွားပြီး မော့ကြည့်ကာ ဆရာ၏ အကြည့်နှင့် ဆုံသွားသည်။ သူက နှုတ်ဆက်သည့်အနေဖြင့် ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်ပြီးနောက် ဆရာကျူးနှင့် ဆက်လက် စကားပြောနေသည်။

​“တန်မြ... အဲ၊ သခင်တန်လားသူက ဘာဖြစ်လို့လဲ။”

သခင်လေးရှီက အသံနှိမ့်ပြီး မေးသည်။

​ဆရာက ရုတ်တရက် အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်သည်။

“မင်းတကယ်ပဲ ပုလဲလေးကို လက်ထပ်ချင်တာလား။"

​သခင်လေးရှီက အားတက်သရော ခေါင်းညိတ်ပြသည်။

“ဒါပေါ့"

​ဆရာက အသံကို ပိုနှိမ့်လိုက်သည်။

“ဒီဖက်တီးပေါင်က သန်းကြွယ်သူဌေးထန်ကို အားကိုးနေတာ။ ကျွန်တော့်မှာ ဖက်တီးပေါင်ကို ဒီအကူအညီ လက်လွှတ်သွားအောင် လုပ်မယ့် နည်းလမ်း ရှိတယ်။"

​“တကယ်လား”

သခင်လေးရှီကဝမ်းသာအားရ ဖြစ်သွားပြီးနောက် အသံကို ပြန်နှိမ့်လိုက်သည်။

“သခင်တန်ကိုတော့ သွားမစနဲ့ဦးနော်။ ဘာနည်းလမ်း သုံးမှာလဲ။"

​ဆရာက နည်းလမ်းကို ရှင်းမပြဘဲ သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

​“ဒီလောက် သန်မာတောင့်တင်းတဲ့ ခန္ဓာကိုယ်မျိုး... အလောင်းတစ်လောင်း မွမ်းမံဖို့ အတွက် အသုံးမပြုနိုင်တာကတော့ တကယ့်ကို နှမြောစရာပဲ။”

All Chapters