ငါ့ခြေထောက်တွေ ပျော့ခွေသွားခဲ့တာ ကြာပြီ။
Vol. 9 Ch. 82
ဖုတ်ကောင် ရုပ်ရှင်လောကတွင် အကယ်၍ ဖက်တီးပေါင်အား ဦးလေးကျိုး၏ ဒုတိယမြောက် အားကိုးရဆုံးဟု ဆိုလျှင် သူ့ထက်သာသည်ဟု မည်သူမျှ ဝံ့ဝံ့စားစား ပြောနိုင်မည်မဟုတ်ပေ။
သူသည် ပြဿနာမရှာတတ် တိုက်ခိုက်ရေးစွမ်းရည် အလွန်ကောင်းမွန်ပြီး မာနကြီးလှသည်ဆိုသော ဦးလေးကျိုးကိုပင် ခေါင်းငုံ့တောင်းပန်အောင် လုပ်နိုင်စွမ်းရှိသူဖြစ် ပေသည်။ သူသည် ဦးလေးကျိုးဘေးနားတွင် ထားရှိရန် စိတ်အချရဆုံးနှင့် အကောင်းဆုံးသော တစ်ဦးတည်းသောသူ ဖြစ်ပေ၏။
တန်ဝမ်ကျဲသည် ကျူးမိသားစု လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် တစ်စုံတစ်ဦးက သူ့ကို စောင့်ကြည့်နေသည်ဟု ခံစားလိုက်ရသည်။ သူ၏ အာရုံခံစားမှုများသည် ယခုအခါတွင် အလွန်စူးရှနေပြီး ထိုသူ၏ ရန်လိုမှုမှာလည်း သိသာထင်ရှားလှ ပေ၏။ သို့သော်လည်း သူ မော့ကြည့်လိုက်သောအခါ မရင်းနှီးသော ဆံပင်ဖြူနှင့်အဖိုးကြီးတစ်ဦးကိုသာ တွေ့လိုက်ရပေသည်။
“ပုလဲလေး... သခင်လေးရှီက မင်းကို ထပ်နှောင့်ယှက်နေပြန်ပြီလား။”
ဖက်တီးပေါင်သည် သူ၏ စေ့စပ်ထားသူလေးနှင့် နီးနီးကပ်ကပ် ကပ်၍ တိုးတိုးလေး မေးနေသည်။
တန်ဝမ်ကျဲကြောင့်သာ မဟုတ်လျှင် ဆိုင်ရှင် ကျူးဦးလေး သည် ထိုနှစ်ယောက် စကားပြောနေသည်ကို တားဆီးမိမည်ဖြစ်သော်လည်း ယခုမူ သူတို့အဆင်ပြေနေသည်ကို မြင်ရသည်မှာ ဝမ်းသာစရာဖြစ် နေရသည်။
သူသည်ဝန်ထမ်းမငှားနိုင်၍ သမီးဖြစ်သူကို မျက်နှာပြပြီး ကူခိုင်းနေရသော လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးမျှသာ ဖြစ် ပေသည်။ သူသည် အမှန်တကယ် ချမ်းသာသူမဟုတ်ဘဲ သာမန်လူများထက် အနည်းငယ် ပိုအဆင်ပြေရုံသာ ရှိသည်။
အကယ်၍ သူသာ သူဌေးကြီးတန်၏ အရှိန်အဝါကို ကပ်တွယ်နိုင်လျှင် လက်လွှတ်နိုင်မည် မဟုတ်ပေ။
လူငယ်စုံတွဲလေးသည် ချိုသာသော စကားများကို ဖလှယ်နေကြသည်။ တန်ဝမ်ကျဲက နားထောင်ရန် ရည်ရွယ်ချက်မရှိသော်လည်း သခင်လေးရှီအကြောင်း ကြားလိုက်သောအခါ အပေါ်ထပ်ရှိ သခင်လေးကို သတိရသွားသည်။
ပြီးခဲ့သည့်အကြိမ်က သူ့ကို ကိစ္စတွေ ကိုင်တွယ်ပေးခဲ့သောသူမှာလည်း မျိုးရိုးအမည် ရှီ ဖြစ်နေလေသည်။
“ဖက်တီးပေါင်.. အဲ့ဒီ သခင်လေးရှီက ဘာကောင်လဲ”
တန်ဝမ်ကျဲက ပေါ့ပေါ့ပါးပါးပင် မေးလိုက် လေသည်။
“သူက ပုလဲလေးနဲ့ လက်ထပ်ချင်လို့ လှည့်ကွက်တွေ သုံးပြီး စေ့စပ်ပွဲကို ဖျက်ခိုင်းနေတဲ့ကောင်ပါ။”
သခင်လေးရှီအကြောင်းပြောလိုက်သည်နှင့် ဖက်တီးပေါင်ကဘး အလွန် ဒေါသထွက်သွား၍ အံကြိတ်ရင်း အပေါ်ထပ်ကို လက်ညှိုးထိုးပြလိုက်သည်။
“အဲ့ဒီ ကောင်ပဲ။”
လှည့်ကွက်တွေ သုံးတာကို ဘယ်လိုလုပ် မကောင်းတဲ့အလုပ်လို့ဆိုနိုင်မည်နည်း။
တန်ဝမ်ကျဲ ဒါကို သဘောမတူပေ။ အမေ့ဗိုက်ထဲမှာကတည်းက စေ့စပ်ပေးထားသည့် ဓလေ့သည် အဆိုးဆုံးသော အစဉ်အလာဟောင်းကြီး ဖြစ်သည်ဟုပင်ထင်လေသည်။
သက်ပြင်းချလျက်...
သူ့အဖေကရောဘာကြောင့်သူ့အတွက် မယား လေး ငါး ခြောက် ခုနစ် ရှစ်ယောက်လောက် ကြိုတင် စီစဉ်မပေးခဲ့သနည်း။
ဗိုက်ထဲက စေ့စပ်ပွဲကို ကံစမ်းမဲနှိုက်ခြင်းဟုသာဆိုလျှင်သူသည် မည်သူနှင့်မျှ မစေ့စပ်ထားမိသည်ကိုပင်ကျေးဇူးတင်နေ၏။
ပုလဲလေးသည် သူမ၏ ကံစမ်းမဲမှာ ဖက်တီးပေါင်ဖြစ်၏။ သူမကံဆိုးသည်မဟုတ်လော။သို့သော်လည်း ဖက်တီးပေါင်ကတော့ အလွန်ကံကောင်းသည် ကံစမ်းမဲဖွင့်လိုက်တော့ ပုလဲလေးကို ရလိုက်သည် မဟုတ်ပါလား။
Encounters of the Spooky Kind II ထဲက သခင်လေးရှီ...
သူ့ဘေးက ဆံပင်ဖြူအဖိုးကြီးက ဦးလေးကျိုးနဲ့ သူ့တပည့်တွေကို သွေးအန်အောင် တိုက်နိုင်တဲ့ ဂူအဆိပ် မှော်ဆရာမဟုတ်လား။
သို့သော်သူက ဘာအတွက်ကြောင့်သူ့ဦးလေး နဲ့ဒါမှမဟုတ် သခင်ကြီးရန်နဲ့ လုံးဝ မတူရတာလဲ။ ဒါကြောင့်လည်း တွေ့တွေ့ချင်း မမှတ်မိတာ ဖြစ်မည်။
သူက မျက်နှာကို ပြောင်းလဲထားတာကိုး။
တန်ဝမ်ကျဲအတွေးနယ်ချဲ့နေစဉ်။
အပေါ်ထပ်မှ သခင်လေးရှီသည် ရုတ်တရက် လက်ညှိုးထိုးခံလိုက်ရသဖြင့် လည်ပင်းကို ဆန့်ကာ စကားပြောရန် ပြင်လိုက်သော်လည်း တန်ဝမ်ကျဲ၏ အကြည့်တစ်ချက်က သူ့အပေါ်ကျလာသောအခါ ချက်ချင်းပင် လည်ပင်းကို ပြန်သွင်းလိုက်ပြီး ကြမ်းတမ်းသော စကားတစ်လုံးမျှပင် မဟဝံ့တော့ပေ။
သူက သူရဲဘောကြောင်ခြင်း မဟုတ်ပါ။အစာစားနေစဉ် စကားမပြောရဟု ကွန်ဖြူးရှပ်၏ လမ်းစဉ်ကို လိုက်နာနေခြင်းသာ ဖြစ်ပေသည်။
“လက်ဖက်ရည် သောက်ရအောင်လာ”
တန်ဝမ်ကျဲသည် ဖက်တီးပေါင်၏ လက်မောင်းကို ပုတ်ကာ အပေါ်ထပ်သို့ တက်သွား၍သခင်လေးရှီနှင့် ဝေးရာစားပွဲတွင်ဝင်ထိုင်လိုက်သည်။
ဦးလေးကျိုးတောင် အဲ့ဒီမှော်ဆရာနဲ့ တိုက်ရင်း အထိနာပီးသွေးအန်ခဲ့ရတာဖြစ်၏။တန်ဝမ်ကျဲက သန်းကြွယ်သူဌေးတစ်ဦးဖြစ်၍ အိမ်ထောင်တောင် မကျသေး။ သေခြင်းအကြောင်းတရားကို သူမရှာချင်ပေ။ သူသည် မင်းစီးယပ်စ် ရဲ့ လမ်းစဉ်ကို လိုက်နာတတ်တဲ့သူ ဖြစ်ပေသည်။
သူ၏စိတ်ထဲတွင် ရုပ်ရှင်ဇာတ်လမ်းကို ပြန်လည် စဉ်းစားကြည့်သော်လည်း ဦးလေးကျိုး ဒီမှာမရှိသဖြင့် ဇာတ်လမ်းက သိပ်အရေးမကြီးတော့ပေ။
ဖက်တီးပေါင်နှင့် ပုလဲလေးသည် စေ့စပ်ထားသော်လည်း ပိုက်ဆံမရှိသဖြင့် လက်မထပ်နိုင်ကြ သေးပေ။
သခင်လေးရှီကလည်းပုလဲလေးကို လက်ထပ်ချင်နေသည်။ သူက စေ့စပ်ပွဲကိုဖျက်ဆီး၍ဆိုင်ရှင်ကျူးက သူ့သမီးကို သူ့လက်ထဲ ထည့်လာအောင် လုပ်ချင်နေ၏။
ဆိုင်ရှင်ကျူးသည် လောဘကြီးသော်လည်း သိက္ခာကိုလည်း တန်ဖိုးထားသူဖြစ်၍ သခင်လေးရှီကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြီး စိတ်ဝင်စားသော်လည်း စေ့စပ်ပွဲကိုတော့ အလွယ်တကူ မဖျက်ဝံ့ပေ။ ထို့အပြင် သမီးဖြစ်သူကလည်း ဖက်တီးပေါင်ကို ချစ်နေသဖြင့် သူက အချိန်ဆွဲထားခြင်းဖြစ်သည်။
ထို့ကြောင့် သခင်လေးရှီသည် ဖက်တီးပေါင်ကို အရှက်ခွဲရန် ဆုံးဖြတ်လိုက်သည်။ မှော်ဆရာကို မှော်အတတ်သုံးခိုင်းပြီး ဖက်တီးပေါင်၏ ဝိညာဉ်ကို ဝက်တစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ ထည့်၍ ဆိုင်ရှင်ကျူးရှေ့တွင် ဖက်တီးပေါင်ကို ရယ်စရာကောင်းအောင် လုပ်ပြပြီး စေ့စပ်ပွဲဖျက်ရန် အကြောင်းပြချက်ကို ရှာခဲ့သည်။
နောက်ဆုံးတွင် ဦးလေးကျိုးနှင့် မှော်ဆရာတို့ တိုက်ခိုက်ကြပြီး ဦးလေးကျိုးက မျှော်လင့်ထားသည့်အတိုင်း အနိုင်ရသွားခဲ့သည်။
ထိုအချိန်တွင် အနီရောင်လေး(Little Red) ဟုခေါ်သော သရဲမတစ်ဦးလည်း ရှိသေးသော်လည်း သူမက သိပ်အရေးမကြီးပေ။ .
ဟင်း.. အခွင့်သာလျှင် သူမကို သွားကြည့်ရမည်။ ဝိညာဉ်လောကထဲက အနှောင့်အယှက်တွေက ဖုတ်ကောင်အရုပ်လေးတွေ စုဆောင်းရတာ ဝါသနာပါရင်သူကလည်း သရဲမလေးတွေ စုဆောင်းတာ ပြဿနာမရှိနိုင်ဘူး မဟုတ်လား။
ရုပ်ရှင်ဇာတ်လမ်းကို ပြန်စဉ်းစားပြီးနောက် တန်ဝမ်ကျဲက စိတ်ထဲတွင် မှတ်ချက်ချလိုက်သည်ဒီလူဆိုးက တော်တော်လေးကို ရိုးရှင်းတာပဲ။
သာမန်မိန်းကလေးတစ်ယောက်ကို အတင်းအကျပ် လုယူဖို့ ဒီလောက်တောင် အလုပ်ရှုပ်ခံနေရသလား။
ဒါဟာငါတို့... မဟုတ်ဘူး... မင်းတို့ကချမ်းသာတဲ့ ဒေသခံ အာဏာရှင်တွေနဲ့ လူဆိုးသခင်လေးတွေရဲ့ သိက္ခာကို ကျဆင်းစေတာပဲ။
သို့သော် သခင်လေးရှီသည် ယခင်က သူ့ကိုမြင်လျှင် ဒူးထောက်တောင်းပန်ခဲ့သည်ကို သတိရကာ ထိုသူမှာ သူခိုးစိတ်သာရှိပြီး သတ္တိမရှိသူ ကြောက်လျှင် ဘောင်းဘီထဲ သေးထွက်မည့်သူမျိုး ဖြစ်ကြောင်း သိလိုက်သည်။
တန်ဝမ်ကျဲကဲ့သို့ ဖြောင့်မတ်သောအရာရှိတစ်ဦး မြို့ထဲတွင် ရှိနေသဖြင့် တစ်ဖက်လူက စိုးရိမ်ထိတ်လန့်နေခြင်းမှာ သဘာဝပင်ဖြစ်သည်။
“သခင်ကြီးတန်... ဘာဖြစ်လို့လဲ။”
ဖက်တီးပေါင်သည် ယနေ့ တန်ဝမ်ကျဲနောက် လိုက်ရသဖြင့် မျက်နှာပွင့်နေပြီး ယနေ့ပြီးလျှင် ဆိုင်ရှင်ကျူးက ပုလဲလေးနှင့် လက်ထပ်ပေးလိမ့်မည်ဟု ယုံကြည်နေသည်။
သူ၏ စိတ်အခြေအနေက အလွန်ကောင်းနေသဖြင့် အစားအသောက်လည်း ပိုမြိန်နေသည်။ သို့သော် စားနေရင်းနှင့် တန်ဝမ်ကျဲက တူကိုပင် မကိုင်ရသေးသည်ကို တွေ့သဖြင့် မမေးဘဲ မနေနိုင်တော့ပေ။
“ခဏနေရင် ငါ့ကို ကျူးမိသားစု... မဟုတ်ဘူး၊ အဲ့ဒီကို အရင်မသွားနဲ့ဦး။ ငါ့ကို တန်မိသားစုမြို့နယ် ရဲစခန်းကို အရင်လိုက်ပို့ပေး။”
တန်ဝမ်ကျဲ၏ စရိုက်အရ အကယ်၍ သူသည် ခြိမ်းခြောက်မှုတစ်ခုကို တွေ့ကြုံရပါက တစ်ဖက်လူက အရင်မလုပ်ခင် သူက အရင်လုပ်တတ်သူ ဖြစ်သည်။
သူသည်သရဲတွေကို လှည့်စားပြီး ဖုတ်ကောင်တွေကိုလည်း မညှာမတာ ခုတ်ထစ်ခဲ့သူဖြစ်သည်။ ယနေ့ ထိုမှော်ဆရာကို မြင်လိုက်ရခြင်းက သူ့နှလုံးသားထဲတွင် သတိပေးခေါင်းလောင်းသံကို မြည်ဟည်းစေခဲ့သည်။
တစ်ဖက်လူက သူ့ကို တိုက်ခိုက်ရန် အခွင့်အလမ်း နည်းသော်လည်း၊ အကယ်၍ တိုက်ခိုက်ခဲ့လျှင်ကော သခင်ကြီးတန်၏ အမြင်တွင် အကယ်၍’ဆိုသည်မှာ သေချာပေါက် ဖြစ်လာမည်ဟု အဓိပ္ပာယ်ရသဖြင့် သူသည် ကြိုတင်ပြင်ဆင်ရမည်ဖြစ်သည်။
သူသည် အနည်းငယ် ထိတ်လန့်၍အိပ်မပျော်ဖြစ်နိုင်ခြေ ရှိသည်။ သူ၏ စိတ်ကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် သူသည် အရင်ဦးအောင် တိုက်စစ်ဆင်ရမည်ဖြစ်သည်။
“ဟုတ်ကဲ့။”
ဖက်တီးပေါက်ကအလျင်အမြန် ခေါင်းညိတ်ကာ အစာကို ခပ်မြန်မြန်ပင် ငုံ့စားလိုက်တော့သည်။
တန်ဝမ်ကျဲသည် ပိုက်ဆံချထားခဲ့ပြီး ထရပ်လိုက်သောအခါ သခင်လေးရှီနှင့် မှော်ဆရာတို့သည် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအချိန်တွင် သခင်လေးရှီနှင့် မှော်ဆရာတို့သည် လက်ဖက်ရည်ဆိုင်မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။
“ခင်ဗျားပြောတဲ့ နည်းလမ်းက အတိအကျ ဘာလဲ”
သခင်လေးရှီက လမ်းတွင် မေးလိုက်သည်။
မှော်ဆရာက ရယ်မောလျက်
“အကယ်၍ ဖက်တီးပေါက်က လူအ ဖြစ်သွားရင် ဆိုင်ရှင်ကျူးက ဘာလုပ်မယ် ထင်သလဲ။”
“သူ စေ့စပ်ပွဲကို ချက်ချင်း ဖျက်မှာပေါ့။”
သခင်လေးရှီကစိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။
“ခင်ဗျား ဘယ်လိုလုပ်မှာလဲ”
မှော်ဆရာက
“ငါ သူ့ရဲ့ အဓိကဝိဉာည်ကို ဝက်တစ်ကောင်ရဲ့ ကိုယ်ထဲကို တိုက်ရိုက် ရိုက်ထည့်လိုက်မယ်။”
“ကောင်းတယ် ကောင်းတယ် ဟားဟား...။”
သခင်လေးရှီက အလွန်ဝမ်းသာသွားသော်လည်း ပြန်စဉ်းစားကာ ခေါင်းခါလိုက်သည်။
“ဒါပေမဲ့ အဲ့ဒီကောင်က သူဌေးကြီးတန်နောက် လိုက်နေတာ၊ လုပ်ရကိုင်ရတာ မလွယ်ဘူးး။”
သူသည် ပြီးခဲ့သည့်အကြိမ်က တန်ဝမ်ကျဲ၏ ခြိန်းခြောက်ခြင်းကို အကြီးအကျယ် ခံထားရသဖြင့် ယခုအခါတွင် တန်ဝမ်ကျဲကို မြင်လျှင်ပင် လမ်းဘေးကို ရှောင်ကွင်းသွားပြီး မပတ်သက်ဝံ့တော့ပေ။
မှော်ဆရာက “ဒါက လွယ်ပါတယ်။ အဲ့ဒီ သူဌေးကြီးတန်ရဲ့ ဝိညာဉ်ကိုပါ ဝက်ကိုယ်ထဲ ရိုက်ထည့်လိုက်ရင် ပြီးတာပဲ”
“အဲ... အဲဒါက... သူက သေနတ်ရှိတယ်လေ။”
သခင်လေးရှီသည်တန်ဝမ်ကျဲကို တကယ်ပင် မထိရဲပေ။ တန်ဝမ်ကျဲ၏ သေနတ်က အလွန်ကြောက်စရာကောင်းလှသည်ကိုသူသိ၏။
“ငါ့မှာ မှော်ပညာရှိတယ်။ ငါသာ သူ့ကို အရူးဖြစ်အောင် လုပ်လိုက်ရင် သူတို့တွေ မင်းဆီ ကိုခြေရာတောင်ခံနိုင်မှာ မဟုတ်ဘူး။”
သူတို့နှစ်ဦး စကားပြောနေစဉ် သေနတ်ကိုင်ဆောင်ထားသော ရဲနှစ်ဦးသည် ရုတ်တရက်သူတို့ရှိရာသို့လျှောက်လာလေသည်။
“သခင်လေးရှီ... ခင်ဗျားရဲ့ ပြစ်မှုတွေ ပေါ်သွားပြီ။ ကျုပ်တို့နဲ့ လိုက်ခဲ့ပါ။”
သခင်လေးရှီ “ဟမ်”
မှော်ဆရာ “ဟေ့... ငါ့ရဲ့ ငွေရှင်ကြေးရှင်က ဘယ်ရောက်သွားတာလဲ”။
ရဲစခန်းအတွင်းတန်ဝမ်ကျဲသည် ကုလားထိုင်ပေါ်တွင် ထိုင်၍ လက်ဖက်ရည်ခွက်ထဲတွင် မျောနေသော လက်ဖက်ခြောက်လေးများကို ကြည့်ရင်း သရဲမအနီရောင်လေးနှင့်တွေ့ဆုံရမည့်အကြောင်းကို သာစဉ်းစားနေလေသည်။
သူ၏ စိတ်ထဲတွင် အွန်လိုင်းသူငယ်ချင်းနှင့် တွေ့ရမည်ကို စိုးရိမ်နေသလိုမျိုး ခံစားချက်မျိုး ဖြစ်နေသည်။ အကယ်၍ သူမ သေနေတဲ့ ပုံစံက ရုပ်ဆိုးနေရင် ဘယ်လိုလုပ်မလဲဟုတွေးတောနေ၏။
အကယ်၍ သူမသာ လှပနေလျှင်တော့ အဆင်ပြေသည်။ သူ့ခြေထောက်တွေ ပျော့ခွေသွားခဲ့တာ တော်တော်ကြာပြီ မဟုတ်ပါလား။
“ဗိုလ်ကြီး... သခင်လေးရှီကို ခေါ်လာပါပြီ။”
“အရင်ဆုံး ချုပ်ထားလိုက်။ အရင်က ဘိန်းမှောင်ခိုရောင်းမှုကြောင့်သူ့ကို ရက်အနည်းငယ်လောက် ထိန်းသိမ်းထားပြီး ဝန်ခံခိုင်းလိုက်။နေဦး...သူ့ကို ဝန်ခံခိုင်းမနေနဲ့ဦး။”
အကယ်၍ သူသာ ဝန်ခံလိုက်လျှင် သူ့ကို ပြန်လွှတ်ပေးရမည် မဟုတ်ပါလား။
သခင်လေးရှီ မရှိလျှင် မည်သူမျှ ပြဿနာလာရှာမည် မဟုတ်ပေ။ အကယ်၍ မှော်ဆရာသည် သူ၏ ငွေရှင်ကြေးရှင် မရှိတော့သဖြင့် တန်းထွက်သွားလျှင်တော့ ပိုအဆင်ပြေလိမ့်မည်။
သူကထိုမှော်ဆရာမှာ သစ္စာရှိနေမည်ကိုသာ စိုးရိမ်မိသည်။ ထိုလူဆိုးတွေက ဘာဖြစ်နေကြသည် မသိပေ။ပြဿနာတက်လျှင် တကယ်ကြီးကို ပါဝင်ပတ်သက်တတ်ကြသည်။ ငွေကြေးအရ ပတ်သက်မှုဖြစ်သော်လည်း သူတို့က အသေအလဲ တိုက်ခိုက်တတ်ကြသည်။
တစ်ဖက်လူသည် သေနတ်ကျည်ဆန်ကို မကြောက်နိုင်ကြောင်းကိုလည်း သူ ထည့်တွက်ထားရသည်။ ရုပ်ရှင်ထဲတွင် သူသည် ဦးလေးကျိုးနှင့် တိုက်ခိုက်စဉ် ဗြူးဗြူးဟု အသံမြည်သော စွမ်းအင်လှိုင်းများကို ပင်ပစ်လွှတ်နိုင်ခဲ့သည်။ ထို့ကြောင့် သူ့ကို ကိုင်တွယ်ရန် ခက်ခဲနိုင်သည်ကိုသူသိသည်။
“ကျုပ်တို့ တပ်ဖွဲ့တစ်ဖွဲ့စုပြီး သူ့ကို ကျည်ဆန်တွေနဲ့ ဝိုင်းပြစ်ကြမလား။”
“ဗိုလ်ချုပ်လုံဆီက အမြောက်ကြီးကို ငှားလို့မရတာ နှမြောဖို့ကောင်းတယ်၊ မဟုတ်ရင် ပိုစိတ်ချရမှာ။”
အတင်းအကျပ် သတ်ဖြတ်ရန်မှာ မလွယ်ကူသလို စစ်ကူခေါ်ရန်မှာလည်း အချိန်အလွန်ကြာပေမည်။ သူသည် ညတွင်းချင်း ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်နေသည်။
“ပါးနပ်တဲ့ လူအနည်းငယ် ရှာလိုက်”
တန်ဝမ်ကျဲက ပြောသည်
“သခင်လေးရှီနဲ့ အတူရှိနေတဲ့ ဆံပင်ဖြူအဖိုးကြီးကို စောင့်ကြည့်ထား။ ရိပ်မိအောင် မလုပ်နဲ့။”
“ဟုတ်ကဲ့ပါ ဆရာ”
“နေဦး... ရဲတွေကို မသုံးနဲ့။”
တန်ဝမ်ကျဲသည်ဆိုင်များမှတစ်ဆင့်စောင့်ကြည့်ခြင်းနှင့်နည်းဗျူဟာကို သုံးရန် ဆုံးဖြတ်လိုက်သည်။ သူ့တွင် ဆိုင်များစွာရှိပြီး ဝန်ထမ်းများစွာလည်း ရှိသောကြောင့်လမ်းပေါ်ရှိ ပုံသေစောင့်ကြည့်ရေး ကင်မရာများသဖွယ် ဖြစ်သည်။
သူသည် မှော်ဆရာကို ရိပ်မိခြင်းမရှိစေဘဲ စနစ်တကျ စောင့်ကြည့်နိုင်သလို၊ စကားပင် လှမ်းပြောနိုင်သေးသည်။
ရက်အနည်းငယ် အတွင်းပင် မှော်ဆရာ လုပ်သမျှ အရာအားလုံးကို အစီရင်ခံစာများအဖြစ် စုစည်းပြီး ပေးပို့လာကြသည်။ အမှန်တကယ် ပြည့်စုံပြီး လစ်ဟင်းမှုမရှိသော စောင့်ကြည့်မှုပင် ဖြစ်ပေသည်။
ထိုမျှသာမက တန်ဝမ်ကျဲသည် သူ၏ ဆိုင်ဝန်ထမ်းများကို မှော်ဆရာ ဝယ်သမျှ အရာအားလုံးကို စာရင်းလုပ်ခိုင်းထားလေ့ရှိသည်။ ရရှိလာသော ပိုက်ဆံများကိုလည်း လက်နှင့် မထိဘဲ သီးသန့်ပေးပို့ခိုင်းထားသည်။
နှစ်ရက်၊ သုံးရက်ခန့် ကြာပြီးနောက် တန်ဝမ်ကျဲ၏ စားပွဲပေါ်တွင် စာရွက်စာတမ်းများ ပုံအောနေပြီဖြစ်သည်။
“ဟား... ဒီအဖိုးကြီးက ပြည့်တန်ဆာရုံတောင် သွားသေးတာပဲ! နှစ်နာရီတောင် ကြိုးစားတိုက်ခိုက်ခဲ့တာလား...”
တန်ဝမ်ကျဲ၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် ကျန်းမာရေး ဈေးဝယ်စာများကို ချက်ချင်းပင် ကောက်ကိုင် လိုက်သည်။ ထိုအထဲတွင် ကောင်းမွန်သော အရာများ ပါဝင်နေသည်။