← Chapters

ဘယ်သူကံဆိုးပြီး အငြိုးတေးခံရတာလဲဆိုတာကို သိချင်မိတယ်။

Vol. 9 Ch. 83

ဘယ်သူကံဆိုးပြီး အငြိုးတေးခံရတာလဲဆိုတာကို သိချင်မိတယ်။

Vol. 9 Ch. 83

“ဆရာ၊ထူးခြားတာတစ်ခုခုများ‌‌ တွေ့မိလို့လား။”

ဒုတိယဆရာဖိုးဖိုး က စာရွက်ကို အကြိမ်ကြိမ် အမြန်ဖတ်ကြည့်ပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။

“အင်း... ဒါတွေအားလုံးက ဂူ အတတ်နဲ့ ပတ်သက်တာတွေပဲ။ မင်းအတွက် ဘာမှအသုံးမဝင်ပါဘူး...ငါပဲ ဖျက်ဆီးပေးလိုက်မယ်။”

ပြောပြောဆိုဆိုနှင့် သူက စာရွက်တစ်ရွက်ကို သူ့ဝတ်ရုံထဲ ထိုးထည့်လိုက်တော့သည်။

တန်ဝမ်ကျဲ: “ဆရာ... ဆရာယူသွားတဲ့ အဲဒီတစ်ရွက်က ဆေးဖော်စပ်တဲ့ စာရင်းလေ။”

မြေအောက်ကမ္ဘာကို သွားပြီး အစီရင်ခံရတော့မယ့်အရွယ် ရောက်နေတာတောင်ကျောက်ကပ်အားဆေးကို စိတ်ဝင်စားနေသေး၏။ တကယ်ကို ရည်မှန်းချက်ကြီးမားလှတဲ့ အဖိုးပါလား။

အမျိုးသားတွေဟာ ကျောက်ကပ်အားဆေးနဲ့ ကျန်းမာရေး လမ်းကြောင်းပေါ်မှာ ထာဝရ လျှောက်လှမ်းနေကြတာပေသည်။

ဒုတိယဆရာဖိုးဖိုးက နှာခေါင်းရှုံ့ရင်း

“ဟမ်...ဟုတ်လို့လား။ငါ့မျက်စိတွေဝေဝါးနေလို့ သေချာမမြင်လိုက်ဘူး” ဟု ဆိုသည်။

သူသေချာမြင်လိုက်တာ တန်ဝမ်ကျဲသိ၏။အဲဒီစာလုံးအသေးလေးတွေကို ဖတ်ရတာ မျက်စိညောင်း‌သော်လည်းသူကတော့ အရေးကြီးဆုံးတစ်ရွက်ကို အမိအရ နှိုက်သွားလေသည်။

ထန်ဝင်ကျဲက ချက်ချင်း ပင်လေသံကိုပြောင်းလိုက်သည်။

“ဆရာ၊ အဲဒီထဲက ပါဝင်ပစ္စည်းတွေက ရှာတာအရမ်းခက်တယ်။ ကျွန်တော် ဆရာ့အပေါ် သိတတ်တဲ့အနေနဲ့ တစ်စုံတစ်ခုပြင်ဆင်ထားတာရှိတယ်။ ဒီနေ့ပဲ ဆရာ စမ်းကြည့်ချင်လား။”

သူ့ဆရာ စာရွက်ကို နှိုက်သွားမည်ကို ကြိုသိနေသဖြင့် တန်ဝမ်ကျဲက ထိုဆေးစာရင်းကို မိတ္တူကူးထားပြီးသား ဖြစ်လေ၏။

တပည့်အကြောင်း ဆရာအသိဆုံးဆိုသလို ဆရာ့အကြောင်းလည်း တပည့်က အသိဆုံးပင်ဖြစ်၏။ အားအင်ပြည့်ဝပြီး ခွန်အားတိုးစေမည့်အရာရှိလျှင် ဆရာ့ကို အရင်ပေးရမည်။ ဆေးမှားသောက်မိပြီး တန်လေး တစ်သက်လုံး အသုံးမကျဖြစ်သွားမှာကို သူ မစိုးရိမ်ပါ။ သူကြောက်တာ တစ်ခုပဲရှိသည်ခြေထောက်ပေါ် ဆီးထွက်ကျမှာကိုပင်။ ဆရာကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ခြေထောက်ပေါ် ဆီးထွက်နေကျ မို့ စိုးရိမ်စရာမလို။”

“ဒီလောက်ပြင်းတဲ့ အားဆေးကို ငါ့ကိုသတ်မလို့လား။”

ဒုတိဆရာဖိုးဖိုးကတပည့်ဖြစ်သူ၏ အကြံကို ရိပ်မိသဖြင့် မျက်စောင်းထိုးလိုက်သည်။

“ဒီဆေးက မင်းကို အန္တရာယ်မပေးနိုင်ပေမဲ့ သောက်ပြီးရင် တစ်ရက် နှစ်ရက်လောက် အိပ်ပျော်မှာမဟုတ်ဘူး။ မှောက်အိပ်လို့လည်း ရမှာမဟုတ်ဘူး။ လူကြီးတွေအတွက် အိပ်ရေးဝဖို့က အရေးကြီးတယ်။ မင်းက အရမ်းသိတတ်နေမှတော့ မင်းပဲသောက်လိုက်ပါ”

အကယ်၍ ထိုအခြေအနေနှင့် တစ်ရက် နှစ်ရက်လောက် နေရလျှင် ဆီးသွားရသည်မှာ အဆင်ပြေမည်မဟုတ်ပေ။ သွားနိုင်ခဲ့လျှင်တောင် ရေပန်းလို ဟိုဟိုဒီဒီ ပန်းထွက်နေပေလိမ့်မည်။ ဖိနပ်ပေါ် စိုတာက ထားပါဦး... လက်ပေါ် စင်လာလျှင်တော့ သည်းခံနိုင်စရာ အကြောင်းမရှိတော့ပင်။

ဆရာနှင့်တပည့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နေရာပေးနေကြသည်မှာ တကယ့်ကို ကြည်နူးစရာကောင်းသော မြင်ကွင်းပင်။

အခြေအနေက သူဖြစ်ချင်သလို ဖြစ်မလာသဖြင့် တန်ဝမ်ကျဲက အကြံပေးလိုက်သည်။

“ဒါဆို... ဘေးထွက်ဆိုးကျိုး ရှိမရှိ သိရအောင် ကျူးအူမကြီးကို အရင်ကျွေးကြည့်ရင်ရော...”

ဆရာနှင့်တပည့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တစ်ပြိုင်နက် ပြောလိုက်ကြသည်။

“အကြံကောင်းပဲ။”

အလုပ်ပြီးရုံရှိသေးသော ကျူးအူမကြီးက အိမ်ထဲမဝင်ခင်ကတည်းက အော်ဟစ်လာသည်။

“အပြင်မှာ ဖက်တီးပေါင်ကို တွေ့ခဲ့တယ်။ အထဲမှာအစ်ကိုကျဲ ရှိလား”

ကျူးအူမကြီးကအထဲဝင်လာသည်နှင့် ဒုတိယဆရာဖိုးဖိုးနှင့် တန်ဝမ်ကျဲတို့က စက္ကူရုပ်တွေကို လည်ပင်းလှည့်လိုက်သလိုမျိုး ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ကြသည်။

သူ့စိတ်ထဲ ထင်ယောင်ထင်မှား ဖြစ်တာလားမသိသော်လည်း ထိုနှစ်ယောက်၏ မျက်လုံးများမှာဝင်းခနဲ လက်သွားသည်ဟု ခံစားလိုက်ရသည်။

”ဂလု”

ကျူးအူမကြီးတံတွေးကို အနိုင်နိုင်မျိုချကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။

သို့သော် ထိုနှစ်ယောက်က တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

“ကျူးအူကြီး၊ မင်း လာတာ အတော်ပဲ။ ငါတို့မှာ မင်းစားဖို့ ကောင်းတာတစ်ခု ရှိတယ်။”

တကယ်ကို ကြောက်စရာကောင်းလှသည်။ သူတို့နှစ်ယောက်လုံးက ဘာကြောင့် မျက်နှာသေနှင့်လေသံထဲမှာလည်း မရိုးသားမှုတွေ ပါနေရသနည်း။ စကားလုံးတွေကလည်း ဘာလို့ ထပ်တူကျနေရတာလဲဟုထင်မိ၏။

ဝက်အူမကြီး မျက်နှာရှုံ့မဲ့သွားသည်။

“မစားလို့ မရဘူးလား။”

ဆရာတပည့်နှစ်ယောက်က ညီညီညာညာပင်

“မင်း ဘယ်လိုထင်လဲ”

ဝက်အူမကြီး ငိုချင်သလို ဖြစ်သွားသည်။

“စား... စားပါ့မယ်”

ဒီဆရာတပည့် နှစ်ယောက်က တကယ်ကို ကပ်စေးနှဲပြီး အငြိုးကြီးသူများ ဖြစ်သည်။ သူတို့စကားကို နားမထောင်လျှင် နောက်ပိုင်း တစ်ခုခုနှင့် အတုန့်ပြန်ခံရမည်မှာ သေချာပေ၏။

အရေးကြီးဆုံး ဆေးဝါးအကြောင်းကို ဆွေးနွေးပြီးနောက် ကျူးအူမကြီးက ဆေးကျိုရန် ဖက်တီးပေါင်နှင့်အတူ ထွက်သွားသည်။

ထို့နောက်ဆရာနှင့်တပည့်နှစ်‌ယောက်မှော်ဆရာအကြောင်းကို ပြန်အာရုံစိုက်ကြသည်။ဒုတိယဆရာဖိုးဖိုး၏ ခွဲခြမ်းစိတ်ဖြာချက်အရ ပြိုင်ဘက်မှာ ဂူအတတ်ကို အသုံးပြုသည့် အောက်လမ်းမှော်ဆရာတစ်ဦး ဖြစ်နိုင်သည်။

ဝယ်ယူထားသည့် ပစ္စည်းများကိုကြည့်လျှင်ထိုသူသည် နည်းလမ်းနှစ်မျိုးလုံးတွင် ကျွမ်းကျင်ပုံရသည်။

အသက်ကြီးလေ ဗဟုသုတစုံလေ ဖြစ်သည်။ သူကမော်ရှန်း မကောင်းဆိုးဝါးနှိမ်နင်းရေး လျှို့ဝှက်မှတ်တမ်းထက်ပင် ပိုစုံလင်နေသေးသည်။

“...အဟမ်း၊ သူက ဂမ္ဘီရလမ်းစဉ်ကို လိုက်စားတဲ့သူပဲ။ဂူအတတ်မှာတင်မကဘဲ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျင့်စဉ်တွေမှာလည်း ကျွမ်းကျင်ပုံရတယ်။”

ကျွမ်းကျင်ရုံတင်မကဘဲ ဝါရင့်ပညာရှင်တစ်ယောက်ပင် ဖြစ်နိုင်သည်။

တန််ဝမ်ကျဲသည် Encounter of the Spooky Kind IIထဲက အဖြစ်အပျက်ကို သတိရသွားသည်။ ရှောင်ဟိုင်နှင့် သရဲမလေးရှောင်ဟုန်တို့သည် လက်ချင်းထိပြီး ယန်ဓာတ် လွှဲပြောင်းပေးရုံနှင့်တင် မောဟိုက်သွားခဲ့ကြသည်။

နမ်းလိုက်လျှင်သက်တမ်းတိုသွားနိုင်ပြီး အကြာကြီးနမ်းလျှင် ချက်ချင်း သေသွားနိုင်သည်။ သို့သော် ထိုမှော်ဆရာ၏ နောက်ခံမှာရှိသည့် သခင်လေးရှီကမူ သရဲမကို တိုက်ရိုက်ပင် ရင်ဆိုင်ရဲသည်။

ခန္ဓာကိုယ် ကျန်းမာသန်စွမ်းခြင်းက အောင်မြင်မှုအတွက် အရင်းအနှီးပင်။ တန်ဝမ်ကျဲတွင် ယခုအခါ မကောင်းဆိုးဝါးများကို နှိမ်နင်းရန် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိနေပြီဖြစ်သည်။

ဒုတိယဆရာဖိုးဖိုးကစာရင်းထဲတွင် တစ်ခုခု ထူးခြားနေသည်ကို သတိထားမိသွားသည်။

ထန်ဝင်ကျဲက မေးလိုက်သည်။

“သူ ဒီပစ္စည်းတွေနဲ့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။”

ဒုတိယဆရာဖိုးဖိုးက

“သူက လူသေကောင်ကို အသက်သွင်းဖို့ ကြိုးစားနေတာ။ အသက်ရှင်နေတဲ့ လူကို သုံးပြီးတော့ပေါ့။ ငါ ဒီလို ဂူအဆိပ်သင့် နေတဲ့အလောင်းမျိုးကို မမြင်ဖူးပေမဲ့ အရိုးပျော့စေတဲ့ ပစ္စည်းတွေနဲ့ အဆိပ်တွေကို ကြည့်လိုက်ရင် အဲဒီအလောင်းက အရမ်းကို ပျော့ပျောင်းနေတယ်။ မြွေတွေလည်း အများကြီး ဝယ်ထားသေးတယ်။ဒါဟာ...အရှေ့တောင်အာရှက လျှို့ဝှက်မှော်အတတ်တစ်ခု ဖြစ်ရမယ်”

“အလောင်းကို အသက်သွင်းတာလား။”

တန်ဝမ်ကျဲ အလွန်အံ့သြသွားလေ၏။

ဆိုလိုတာက သူက ရုပ်သေးရုပ် တစ်ခုကို လက်နဲ့ ဖန်တီးနေသလိုပင်။ဂမ္ဘီရလောကက နည်းပညာသမားဖြစ်‌ပေ‌၏။ဒါပေမဲ့လည်း ဘယ်သူကံဆိုးပြီး အငြိုးတေးခံရတာလဲဆိုတာကိုတော့ မသိရသေးပေ။

“အလောင်းကို အသက်သွင်းတာ လူစည်ကားတဲ့နေရာမှာ လုပ်လို့အဆင်မပြေဘူး။ သူ နယ်ဘက်ကိုပဲ ရွေးမှာပဲ။ ပြီးတော့...”

ဒုတိဆရာဖိုးဖိုးကဆက်ပြောမည့်ဆဲဆဲမှာပင် တန်ဝမ်ကျဲက ထရပ်လိုက်ပြီး အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

တန်ဝမ်ကျဲက စကားကိုအ‌လေးထားပြောလိုက်သည်။

“ပြီးတော့ သူ အခုနောက်ပိုင်း ပစ္စည်းတွေ ဝယ်တာ အရမ်းနည်းသွားပြီ။ တစ်ခုခုတော့ရှိမယ်ထင်တယ်။ သူ ပိုက်ဆံကုန်သွားတာ ဖြစ်နိုင်သလို... အလောင်းအတွက် လူတစ်ယောက်ကို ဖမ်းဖို့ အဆင်သင့် ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ အစီအစဉ် မစခင်မှာ ကျုပ်တို့သူ့ကို အပြတ်ရှင်းရမယ်။”

“ဘာပဲလုပ်လုပ် သာမန်လူတွေကို မခေါ်သွားနဲ့။ သူက အောက်လမ်းပညာနဲ့ ဂူ ကိုပါ သိတယ်။ အဆိပ်မှာလည်း အတော်ကျွမ်းကျင်တယ်။ သာမန်လူတွေက ထိတာနဲ့ သေနိုင်သလို၊ နည်းနည်းလေး ပွန်းမိရုံနဲ့တင် ဒဏ်ရာရနိုင်တယ်။”

ထန်ဝင်ကျဲက အပြင်သို့ထွက်ရန် ပြင်နေရာမှ ရုတ်တရက် ရပ်လိုက်ပြီး နောက်ပြန်လှည့်လာသည်။

“ဆရာ... အဆိပ်မသင့်အောင် ကာကွယ်ဖို့ နည်းလမ်းကောင်းများမရှိဘူးလား။”

“မျက်နှာသုတ်ပဝါကို လူပျိုလေးတွေရဲ့ ဆီးထဲမှာ စိမ်ပြီး နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ထားလိုက်အဲ့တာကာကွယ်နည်းပဲ။”

“လူပျိုလေးဆီးက ရှာရလွယ်ပါတယ်၊ ဒါပေမဲ့...”

ထန်ဝင်ကျဲမျက်မှောင်ကြုတ်လိုက်သည်။

“အဆိပ်က အရမ်းပြင်းနေရင်ရော...”

“အဲဒါကို ငါသိတယ်”

ကျူးအူမကြီးအထဲသို့ လမ်းလျှောက်ဝင်လာ၍

“လူပျို အသက်ကြီးလေ၊ ဆီးက ပိုစွမ်းလေပဲ။”

သူတို့ရှေ့မှာတင် တစ်ယောက် ရှိနေတာပဲ မဟုတ်လား။

ဝက်အူမကြီးနှင့် တန်ဝမ်ကျဲတို့ကဒုတိယဆရာဖိုးဖိုးကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။

“ဒုတိယဆရာဖိုးဖိုး...”

“ဆရာ..”

တန်မိသားစုမြို့နှင့် မိုင်ပေါင်းရာချီ ဝေးကွာသော မြို့တစ်မြို့တွင်။

လမ်းဘေး လက်ဖက်ရည်ဆိုင်တစ်ခု၌ ပါးနပ်ပုံရသော လူငယ်တစ်ဦးက လက်ဖက်ရည်လာချပေးစဉ် အခွင့်ကောင်းယူကာ မေးလိုက်သည်။

“ကျူးကောမိသားစုအကြောင်း ကြားဖူးလား”

“ဘယ်မိသားစုလဲ။မကြားဖူးပါဘူး”

“ဒဏ္ဍာရီအရ သူတို့က ကျူးကောလျန် ရဲ့ ၁၈ ဆက်မြောက် မျိုးဆက်တွေတဲ့။ အထူးသဖြင့် ကျူးကောခုံဖိန် ပေါ့”

“ညီကိုရာ... ငါက စာမတတ်ပေမဲ့ ကျူးကောလျန်က လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင် နှစ်ထောင်ထဲက သုံးပြည်ထောင်ခေတ်က လူဆိုတာတော့ သိပါတယ်။ ငါ့မိသားစုက သုံးဆက်ရှိပြီ။ ငါ့အဖိုးတောင် အသက် ၅၀ ကျော်ပဲ ရှိသေးတယ်။ အဲဒီ ကျူးကောမိသားစုက နှစ်ပေါင်းရာချီမှ သားတစ်ယောက်ပဲ မွေးတာလား။”

“ဟားဟား... မေးကြည့်တာပါ။ သူတို့က နှစ်ပေါင်းရာချီ နေနိုင်တဲ့ နတ်ဘုရားတွေလည်း ဖြစ်နိုင်တာပဲ။”

လူငယ်ကလက်အုပ်ချီ နှုတ်ဆက်ပြီး လက်ဖက်ရည်ဖိုး ပေးလိုက်သည်။ သူတို့ကဲ့သို့ ကျူးကော့မိသားစုကို ရှာဖွေရန် စေလွှတ်ခံထားရသူ ၂၀ ခန့်ရှိပြီး အချိန်မှန် စာပြန်ပို့ကြရသည်။

တကယ်တမ်းတွင် သတင်းစုဆောင်းရတာက သိပ်မပင်ပန်းလှပါ။ သို့သော် သူစုံစမ်းလေလေကျူးကောမိသားစုဆိုသည်မှာ ကြွားလုံးတစ်ခုသာ ဖြစ်နိုင်သည်ဟု ခံစားလာရ၏။ သူ့နောက်ကွယ်တွင် သူ့ကို စောင့်ကြည့်နေသော မျက်လုံးတစ်စုံရှိနေသည်ကိုမူ သူ သတိမထားမိပေ။

နောက်ထပ် တစ်ရက်လုံး စုံစမ်းသော်လည်း ဘာမှထူးမလာသဖြင့် သူက ခေါင်းကုတ်ရင်း စာရေးရန် ပြင်လိုက်သည်။ သူက စာလုံးအများကြီး မတတ်သဖြင့် တစ်ကြောင်းတည်းသာ ရေးလိုက်သည်- “သခင်လေးတန်၊ ကျူးOခုံဖိန် ကို ရှာမတွေ့ပါ။”

လူငယ်က ကောဆိုသည့် စာလုံးကို မေ့သွားသောကြောင့် ဝိုင်းဝိုင်းလေး ဆွဲလိုက်လေသည်။ အဓိပ္ပာယ် ပေါက်မည်မှာ သေချာသည်ထင်လေ၏။

ကံကောင်းထောက်မစွာ သူက တန်မိသားစုမြို့၏ လိပ်စာကို သိသဖြင့် ရေးလိုက်ပြီး စာပို့ရန် ထွက်လာသည်။ သို့သော် လေပြင်းတစ်ချက် တိုက်လိုက်ရာ စာရွက်က သူ့လက်ထဲမှ အဝေးသို့လွင့်ထွက်သွားသည်။

“ဟေး”

သူကစာရွက်လေး တံတိုင်းအမြင့်ကြီး တစ်ခုပေါ် ကျော်သွားသည်ကို ရပ်ကြည့်နေမိသည်။

စာထဲက အကြောင်းအရာက လျှို့ဝှက်ချက်မဟုတ်သဖြင့် သူက ဂရုမစိုက်ဘဲ အထဲပြန်ဝင်ကာ နောက်တစ်စောင် ပြန်ရေးရန် ပြင်လိုက်သည်။

တံတိုင်း၏ တစ်ဖက်တွင်မူတစ်စုံတစ်ယောက်က စာကို ဖောက်ဖတ်လိုက်ပြီ ဖြစ်သည်။

“တန်မိသားစုမြို့... သခင်လေးတန်... သူက ဘာအတွက် စီနီယာအစ်ကိုကြီးအကြောင်းကို လိုက်စုံစမ်းနေတာလဲ။စီနီယာအစ်ကိုကြီး မကြာခင်မှာ ဘေးဒုက္ခတစ်ခုနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ငါထင်ထားပြီးသားပဲ။ မဖြစ်ဘူး ငါ့ရဲ့ ငယ်သူငယ်ချင်း စီနီယာအစ်ကိုကြီးအတွက် ငါ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး။”

All Chapters